RED TEAR ( Completed )
By Dororo_Chen
24.7K 1.9K 129
အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... More
1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 ( Final)
4
699 56 0
By Dororo_Chen
မျက်လုံးနှစ်လုံးစပွင့်ပြီဆိုတာနဲ့ အရင်ဆုံး နံရံမှာကပ်ထားတဲ့နာရီကို လှမ်းကြည့်လိုက်သည်။
အိပ်ရာထပြီဆိုတာနဲ့ အလိုလိုနေရင်း မျက်လုံးတွေက နာရီဆီ ရောက်နေတတ်တာ အကျင့်တစ်ခု ဖြစ်နေပြီမလား။
နေ့လယ်​​လောက်​က အိပ်​ထားသည်​မလို့ ​နေ့ခင်းနှစ်​နာရီ..U.K. မှာ​တော့ မနက်​ခင်6း:00၀န်းကျင်​သာရှိဦးမည်​။
Kaiကို ဖုန်းဆက်နှိုးရမယ် ဒီကောင်ထဦးမှာ မဟုတ်သေးဘူး။
Kaiဆီကို ဖုန်းခေါ်လိုက်ပေမဲ့ ဘယ်လောက်မှ မပြောလိုက်ရ စကားစကို ဖြတ်ပြီး Kaiက ကျောင်းအကြောင်းပြောလာကာ ဖုန်းချဖို့လုပ်နေလို့ ကိုယ့်ဘက်ကအရင်ပဲ ချပစ်လိုက်သည်။ Park Chanyeol ကို ဒီလိုမျိုး လာလုပ်လို့ မရဘူး Kim Kai။
"ဘာ ကျောင်းပြောင်းမကျသေးတာလဲ…ဟွန်း မင်းအကြောင်းမသိခက်မယ် Kim Kai ရဲ့"
တော်ပါပြီ ဒီကနေပြောနေလို့လည်း သူကြားမှာမှ မဟုတ်တာ ပြန်လာမှတွေ့မယ်
ရေချိုးခန်းထဲ ဝင်လာတော့လည်း မနက်စောစောစီးစီး ဒေါသဖြစ်စရာက အဆင်သင့်။
အရေးပေါ် Bellကို နှိပ်လိုက်တော့ ချက်ချင်း အခန်းထဲရောက်လာတဲ့ အိမ်ဖော်တွေထဲက တစ်ယောက်။
"ဒီနေ့ ရေချိုးခန်း အပြင်အဆင်ကို တာဝန်ယူတာဘယ်သူလဲ"
"ကျွန်မပါ …သခင်လေး"
ရုပ်ကလေးကြည့်တော့ သနားစရာလေးနဲ့ အလုပ်ကျသေချာမလုပ်ဘူး
"မင်းကို အလုပ်ထုတ်လိုက်ပြီ "
"ရှင်......ကျွန်မ ဘာအမှားလုပ်မိလို့လဲ သခင်လေး"
ကောင်မလေးက ဘာမှနားမလည်စွာ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ကို ကြည့်လာသည်။
ခက်တာက ကျနော်ဆိုတဲ့ Park Chanyeol က လူတွေကို သနားတတ်ရိုး ထုံးစံမရှိတာပဲ။
"ဒီသွားတိုက်တံကို မင်းဝယ်လာတာမဟုတ်ဘူးလား"
လက်ထဲက အနီရောင်သွားတိုက်တံကို ထောင်ပြပြီး ကောင်မလေးကို မေးလိုက်တော့
"သခင်လေးက သွားတိုက်တံကို သုံးပြီးသား ပြန်မသုံးဘူးဆိုလို့ အသစ်ဝယ်လာခဲ့တာပါ"
အကြောင်းပြချက်တွေဆိုတာ အမုန်းဆုံးအရာ။
"အသစ်ဝယ်လာလို့ ပြောနေတာ မဟုတ်ဘူး ငါက သုံးပြီးသား ပြန်မသုံးတတ်ဘူး အဲဒါမှန်တယ်လေ … မင်းကို အလုပ်ထုတ်တာ ဝယ်လာတဲ့အရောင်ကို မကြိုက်လို့"
"နောက်မဖြစ်အောင် ဆင်ခြင်ပါ့မယ် သခင်လေး… ကျွန်မကို အလုပ်မထုတ်ပါနဲ့နော် …တောင်းပန်ပါတယ် ကျွန်မအလုပ်ပြုတ်ရင် အိမ်ကမိသားစုတွေ အားလုံးဒုက္ခရောက်ကုန်မှာ"
မျက်ရည်တွေနဲ့ တောင်းပန်နေတဲ့ အိမ်အကူကောင်မလေးကို ကြည့်ပြီး စိတ်ပျက်မိရဲ့…သူဒီလို လုပ်နေလို့လည်း ဘာမှမထူးဘူး သူ့ကို အလုပ်ထုတ်မှာပဲ …ကျနော်က ကျနော် မကြိုက်တာ လုပ်တဲ့သူတွေဆို တစ်စက်လေးမှ ခွင့်မလွှတ်တတ်တဲ့သူ… အခုလည်းကြည့် မုန်းပါတယ်ဆိုတဲ့ အနီရောင်ကိုမှ ရွေးပြီးဝယ်လာခဲ့တယ်
"ငါရှေ့မှာလာငိုပြနေလို့လည်း အပိုပဲ မင်းကိုမနစ်နာအောင် လုပ်အားခတစ်နှစ်စာ ရှင်းပေးလိမ့်မယ် ဒီကနေအခုချက်ချင်းထွက်သွား"
ကောင်မလေးထွက်သွားပြီးတာနဲ့ ဒီတစ်ရက်ကိုတော့ ကိုယ်မကြိုက်တဲ့ သွားတိုက်တံနဲ့ပဲ နှစ်ပါးသွားလိုက်ရသည်။
ရေချိုးပြီး ခါးစည်းသဘက်ပက်ကာ အပြင်ထွက်လာတော့
designer တစ်ယောက်က အဆင်သင့်စောင့်ကြိုနေပြီးသား။
မနေ့က designerကိုတော့ မကြိုက်လို့ နေ့ချင်းပဲ အလုပ်ထုတ်လိုက်သည်။
"သခင်လေး Chanအတွက် မနေ့က အသစ်ဝင်လာတဲ့ design တွေပဲ ယူလာခဲ့တာပါ ကြိုက်ရဲ့လားမသိဘူး"
ယူကြည့်လိုက်တော့ စိတ်ကြိုက်ပုံစံ ဖြစ်နေတာနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး
" ဒါနဲ့ လိုက်နာစရာတွေ ပြောထားရဦးမယ်…No.1 ဘယ်ဝတ်စုံနေနေ တစ်ခါဝတ်ပြီးရင် ပြန်မဝတ်တတ်ဘူး ဒါကြောင့် တစ်နေ့တစ်ထည် အသစ်စီစဉ်ပေးရမယ်
No.2 အနီရောင်ကို မကြိုက်ဘူး အရောင်ကို အနီမပါတာ ရွေးချယ်ပေးပါ
No.3 ဒီဇိုင်းဆင်တူရှိနေတာ မကြိုက်ဘူး ဘယ်သူနဲ့မှ မတူတဲ့ design အသစ်တွေ ဖန်တီးပေးရမယ် အထူးသဖြင့် cute designတွေထက် smart ဖြစ်စေမဲ့ designမျိုးကို ပိုသဘောကျတယ် ဒါပဲ Are you ok? "
"ဟုတ်…ကျွန်မအတတ်ဆုံး ကြိုးစားပေးပါ့မယ် "
…………………………………………………………………
"သား ဝီရိယတွေ ကောင်းလှချည်လား"
မနက်အစောကြီး မနိုးစဖူး နိုးနေလို့ဖြစ်မယ်။
ထမင်းစားပွဲဝိုင်းကနေ ဆီးကြိုပြီး နှုတ်ဆက်လာတဲ့ Appaကို ပြုံးပြပြီး လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်တယ်
Ommaကလည်း အပြုံးနုနုလေးတွေနဲ့ ကျနော့်ကို ပြုံးပြနေကာ
"ပြောစမ်းပါဦး ဘာအစီအစဉ်တွေ ရှိနေပြန်ပြီလဲ"
"ဘာမရှိပါဘူး Omma … သား ညက အစောကြီး အိပ်ပျော်သွားလို့ မနက်အစောကြီး နိုးနေတာ"
Appaက ကော်ဖီတစ်ငုံသောက်လိုက်ပြီး
"သားမနေ့ကဝတ်တဲ့ဝတ်စုံရော"
"Appaကလည်း သားက တခါဝတ်ပြီး ပြန်မှမဝတ်တတ်တာ သိမ်းထားနေပါ့မလား မရှိတော့ဘူး"
"သားမသိမ်းထားလည်း Ommaသိမ်းထားပါတယ် ခက်တာက Ommaဘယ်လောက်သိမ်းသိမ်း သားဝတ်တဲ့ အဝတ်စားတွေဆို  Ommaတို့ အသိုင်းဝိုင်းက လုပ်ငန်းရှင်တွေရဲ့ သမီးတွေပေါ့ Ommaဆီက လာလာတောင်းတယ်… မပေးချင်ဘူး ပြောလည်းမရဘူး… ကြိုက်တဲ့ဈေးနဲ့ရောင်းပါ ဝယ်ဆိုလည်း ဝယ်ပါ့မယ်နဲ့ "
"Appa သူငယ်ချင်းရဲ့သားတွေကလည်း လာလာပြောကြတယ် ကုန်တိုက်မှာ Park Chanyeol  ဝတ်တဲ့ Design မျိုးတွေကို သီးသန့်ပြန်တင်ပေးပါလားတဲ့"
ကျနော်ဆိုတဲ့ Chanyeol လုပ်သမျှ Idol လည်း မဟုတ်ရပါပဲ လူတွေက ဘာလို့ လိုက်စိတ်ဝင်စားနေကြမှန်းမသိ
"ပြီးတော့ Appaတို့လုပ်ငန်း ကြော်ငြာတွေမှာ သားကို Model လုပ်ခိုင်းဖို့ ရှယ်ယာ​ဝင်တွေက အကြံပေးနေကြတယ် သား ဘယ်လိုသဘောရလဲ"
လာပြန်ပြီ လုံးဝရှုပ်ရှုပ်ယှက်ယှက်တွေ။
"တခြား Model တွေပဲ ငှားလိုက်ပါ သား ဒါတွေ ဝါသနာ မပါဘူး"
"သားက Model တွေ ထက်ပိုပြီး လူတွေ စိတ်ဝင်စားခံနေရလို့ ပြောရတာလေ သားကို မသိတဲ့သူဆိုတာလည်း ခပ်ရှားရှား…နောက်ပြီး အခု သားဝတ်တဲ့ အဝတ်အစားတွေတောင် ဒီလောက်ထိ စိတ်ဝင်စားခံနေရရင် သားသာ Modelလုပ်ပေးကြည့်ပါလား… Appaတို့ Companyက ထုတ်တဲ့ designတွေအားလုံး ဒီထက်ပိုပြီး ရောင်းအားမြင့်လာမှာ"
" စဉ်းစားကြည့်ဦးမယ်… အဆင်ပြေ မပြေ "
အခုလို Idol တွေထက်တောင် ပိုပြီး နာမည်ကျော်ကြားနေရတဲ့ အကြောင်းရင်းတွေကတော့ Appaကိုယ်တိုင်က Koreaနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်နေတော့ သူ့ရဲ့သားဖြစ်တဲ့ ကျနော့်ကိုလည်း တော်တော်များများက Park groupရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူအဖြစ် တွဲပြီး သတိပြုမိလာကြတယ်လေ
အဓိက နာမည်ကြီးရတဲ့အချက်က ချမ်းသာကြွယ်ဝမှုတွေထက် Idolတွေတောင် ကျနော့်ကို တွေ့ရင် မငေးပဲ မနေနိုင်လောက်အောင် ချောမောလှပတဲ့ မျက်နှာ ဆွဲဆောင်မှုရှိပြီး ပြည့်စုံတဲ့ အချိုးအစားကျလှတဲ့ ခန္ဓာကိုယ် … ဒါမှမဟုတ်  အရပ်ရှည်နေတဲ့အတွက် ဘယ်အဝတ်အစား ဝတ်ဝတ်  ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး လူအများကြားမှာ ထင်ပေါ်နေတတ်တဲ့အချက်တွေလည်း ပါတာပေါ့
ကိုယ့်ကိုယ်မို့ မြှောက်ပြောတာ မဟုတ်ဘူးနော် ကျနော်နဲ့ တွေ့တဲ့ လူတိုင်း အနည်းဆုံး နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်ကြဘူး
သတင်းတွေမှာလည်း အမြဲလိုလို fashion နဲ့ ပတ်သက်ပြီး smartကျသူအဖြစ် ဖော်ပြခြင်းခံရလေ့ရှိပါတယ်
ဒါကြောင့်မလို့လည်း Park Chanyeolဆိုတဲ့ ကျနော့်ကိုဆို လူတိုင်း သတိထားမိပြီး မသိသူမရှိတာတော့ အဆန်းမဟုတ်ပါ …သမက်တော်ချင်လို့ လာကမ်းလှမ်းကြတဲ့ လုပ်ငန်းရှင်သူဌေး ဆိုတာတွေလည်း အမြောက်အမြားပါပဲ ဒါပေမဲ့ ကျနော်ကလက်မခံလို့ Omma တို့ အမြဲမျက်နှာပျက်ရတာများသည်။
ဘာလို့ဆို ကျနော်က တစ်ခြားသူဌေးသားတွေလိုမျိုး မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်တွဲ Club တွေသွား အပေါင်းအသင်းတွေနဲ့နေ…ကိုယ်လောက် မချမ်းသာတဲ့သူတွေကို အနိုင်ကျင့် အားအားနေ ရန်ဖြစ်နေတဲ့သူမဟုတ်ဘူး
ဘယ်မိန်းကလေးနဲ့မှလည်း မရှုတ်တတ်သလို သူငယ်ချင်းဆိုလို့လည်း Kim Kai တစ်ယောက်ပဲရှိတယ်
ကောင်မလေးတွေအတွက်တော့ ကျနော်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပါပဲ…ဒါပေမဲ့ တစ်ယောက်မှတော့ အနားမကပ်ရဲကြ… ဒီကိစ္စတွေနဲ့ပတ်သက်ရင် ခါးခါးသည်းသည်းဖြစ်ပြီး လုံးဝအကပ်မခံတော့ သူတို့အတွက် ကျနော်က မြွေလိုပဲ အဆိပ်ပြင်းတယ်တဲ့။
.....................................................................
ကျောင်းထဲကို ဝင်လာပြီး ကားပါကင်ထိုးလိုက်တာနဲ့ တစ်ကျောင်းလုံး ပွတ်လောရိုက်သွားခဲ့သည်။
ဒီကျောင်းက Korea ရဲ့ Best Private  School ဖြစ်သလို  သာမန်လူတွေမတက်နိုင်ဘဲ လုပ်ငန်းရှင်အသိုင်းအဝိုင်းကြီးထဲက လူတွေသာ တက်ရောက်ခွင့်ရတဲ့ ကျောင်းတစ်ကျောင်းပါ
Scholar ပေးတာမျိုးတွေတော့ ရှိပေမဲ့ အရမ်းတော်မှပဲ ဒီကျောင်းကို တက်ခွင့်ရတာပါ
ကျနော်ကတော့ ဒီကျောင်းရဲ့ Special Class မှာ တက်ရပါတယ်
Special class ဆိုသည့်အတိုင်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ Top စာရင်းဝင်တွေပဲ တက်ခွင့်ရသည့်အတန်းမျိုး
ဒီကျောင်းရဲ့ ဒါရိုက်တာက ကျနော့် Appa ဆိုတော့ ကျောင်းရဲ့ကျောင်းအုပ်ကစ ကျနော်နဲ့ပတ်သက်ရင် အသေးစိတ်ကအစ အမှားလုပ်မိမှာစိုးပြီး ပျာယာခတ်နေခဲ့သည်။
တစ်ကယ်တော့ ကျနော့်ရဲ့ ဒီဘဝကြီးကို သဘောမကျဘူး။ အစစ်အမှန်တွေမရှိတဲ့ လူတွေရဲ့ အပေါ်ယံသကာရည်လောင်းနေသမျှ သိသိကြီးနဲ့ ငြိမ်ခံနေရသလိုပေါ့။
ကျောင်းထဲကို ဝင်လာတဲ့ လမ်းတစ်လျှောက်မှာဆို
"သူလာပြီ တစ်နေ့တစ်မျိုး လူကိုမရိုးအောင် သတ်နိုင်တာ"
"အားလုံး လမ်းရှောင်ထားကြနော်…သူက သူသွားမဲ့ လမ်းမှာ ပိတ်ရပ်နေတာ မကြိုက်ဘူး"
"သူဒီနေ့ဝတ်လာတဲ့ Design သာ ဆိုင်တွေမှာ ပြန်တင်ကြည့် အရင်ဆုံး သွားဝယ်မှာ"
"နောက်ကျသွားပြီ ဒါတွေက အကန့်အသတ်နဲ့မလို့ ကြိုမှာထားရတာ…မထုတ်ခင်က sold out ပြီးသား "
"သူ့ချစ်သူဖြစ်ခွင့်ရလို့ကတော့ ဒီနေ့သေဆို သေလို့ရပြီ"
"အဲဒါ ငါ့ဟာ…ပစ်မှားမနေကြနဲ့"
"တိတ်စမ်း လုမနေနဲ့ နင်တို့ ရုပ်တွေမှန်ထဲအရင်ပြန်ကြည့် သူက ငါ့လို ကောင်မလေးပဲ စိတ်ဝင်စားမှာ"
မှတ်ချက်မျိုးစုံပေးနေတဲ့ လူတွေစကားကို မကြားသလိုသာ နေလိုက်ပြီး အတန်းဘက်ကိုသာ တည့်တည့် လျှောက်လာခဲ့သည်။ ဘယ်သူ့ကိုမှလည်း မကြည့်တတ်သလို ဘယ်အရာကိုမှလည်း စိတ်မဝင်စားဘူး။
အတန်းထဲရောက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသက ငယ်ထိပ်ထိဆောင့်တက်လာသည်။
ကျနော့်ထိုင်နေကျထိုင်ခုံရဲ့ ဘေးခုံအလွတ်မှာ ထိုင်နေတဲ့ ကောင်လေး တစ်ယောက်။
အဲနေရာက Kim Kai တစ်ယောက်အတွက်ပဲ ရည်စူးထားတဲ့နေရာ။
ကိုယ်တန်ဖိုးထားတဲ့သူတစ်ယောက်အတွက် သတ်မှတ်ထားတဲ့နေရာကို တစ်ခြားသူတစ်ယောက်က အလွယ်တကူ ဝင်ယူသွားတာလောက် ခံပြင်းတာမရှိ။
"မင်းဘယ်သူလဲ… ဘယ်ကကောင်လဲ "
မေးလိုက်ပြီး ဂုတ်ကနေဆွဲထုတ်ကာ သုံးချက်လောက်ဆက်တိုက် ပစ်ထိုးလိုက်တော့ အထိုးခံရတဲ့သူက အောက်ကိုလဲကျသွားကာ ပြန်မထနိုင်တော့သလို ဘေးနားကကြည့်နေကြသူတွေလည်း တစ်ယောက်မှ ဝင်မဆွဲရဲကြ။
ကိုယ့်နေရာကို စိတ်လျော့ပြီးထိုင်လိုက်တော့မှ လဲကျသွားတဲ့သူကို ကျောင်းသားတစ်ယောက်လာထူပြီး ကျနော့်ကို မဝံ့မရဲ ကြည့်ကာ
"ကျွန်တော့် သူငယ်ချင်းအတွက် တောင်းပန်ပါတယ်"
တောင်းပန်ပါတယ်…လုပ်ချင်တာလုပ်ပြီးမှ တောင်းပန်ပါတယ်ဆိုတာ အမုန်းဆုံးစကားတွေထဲ ထိပ်ဆုံးကပါတယ်
"ငါ့ဘေးနားက ထိုင်ခုံကို ဘယ်သူမှ ထိုင်ခွင့်မရှိဘူးဆိုတာ မင်းမပြောထားဘူးလား"
"ပြောပါတယ် သူက ထိုင်စရာနေရာ မရှိတော့လို့ ခဏဆိုပြီး ထိုင်လိုက်တာပါ… နောက်လုံးဝ မဖြစ်စေရပါဘူး "
"မသေမချင်းမှတ်ထား ဒီကျောင်းမှာ နေမယ် ဒီအတန်းထဲမှာတက်နေတယ်ဆိုရင် ငါလာတဲ့လမ်းရှေ့မှာ ပိတ်မရပ်မိဖို့နှင့် ငါ့ဘေးက ထိုင်ခုံမှာ မထိုင်မိဖို့ သတိထား ငါ့ရဲ့ဘေးဆိုတာ ငါချစ်တဲ့သူတွေ အတွက်ပဲထားတာ တွေ့ရာလူ ထိုင်ခိုင်းဖို့ မဟုတ်ဘူး"
"……"
အထိုးခံရတဲ့ ကောင်လေးက သူ့သူငယ်ချင်းကို အသာလေးတွဲခေါ်ပြီးတော့ အတန်းထဲက ထွက်သွားသည်အထိ အခဲမကျေစွာ လိုက်ကြည့်မိသေးသည်။
ကျနော့်ကိုသာ တစ်ကျောင်းလုံးက လူတွေ သိနေတာ ကျနော်ကတော့ တစ်ကျောင်းလုံးမပြောနဲ့ ဆယ့်ငါးယောက်လောက်ပဲရှိတဲ့ အတန်းထဲက လူတွေတောင်မသိ…အခုထွက်သွားတဲ့ နှစ်ယောက်အပါအဝင်ပေါ့။
စာသင်ချိန်ပြီးရင်လည်း အိမ်ကိုပဲ တန်းပြန်လာဖြစ်ခဲ့တာများသည်။
ဒီလိုနဲ့ ဘဝတွေကို ဖြတ်သန်းလာတာ နေသားကျနေပါပြီ။
တခါတလေ  Kaiကို လွမ်းမိတာကလွဲရင်ပေါ့။
..................................................................
မနက်အစောကြီး အိပ်လို့ကောင်းတုန်းရှိသေးတယ် ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ Little Bearတဲ့။
ကိုယ့်မွေးနေ့ကို ကိုယ့်ထက် Kaiဆိုတဲ့ကောင်က ပိုပြီးဝီရိယကောင်းနေခဲ့တယ်လေ…။
ည 12:00 လောက်ကလည်း Video Call ခေါ်wishပြီးပြီ ခုလည်း ထပ်ဆက်ပြန်ပြီ။
ဘာမဟုတ်ဘူး အမြဲတမ်းပထမဖြစ်ချင်တဲ့ အကျင့်အတိုင်း သူများကို အကျပ်ကိုင်ပြီး သူပေးတဲ့ မွေးနေ့လက်ဆောင် အရင်ကြည့်ဖို့ ပြောရင်း …ဟွန့်…တစ်ကယ်တမ်းကျ မသိခက်မယ် ဟိုတစ်ခါ သူ့အစောကြီးနှိုးထားလို့ လက်စားပြန်ချေတာများ။
………………………………………………………………
"Happy Birthday Chanyeollie"
ကျနော့်မွေးနေ့ကို မွေးနေ့ဂုဏ်ပြုစကား ပြောပေးလာသည့် Appaကြောင့် မနက်ခင်းလေးက လှပသက်ဝင်သွားခဲ့သည်။
"Gomawor Appa "
"ဘာလိုလိုနဲ့ သားလေး တောင် အရွယ်ရောက်လာပြီပဲ"
Ommaကကျနော့်ကို ကြည့်ပြီး ချစ်မဝသေးတဲ့ ပုံစံနဲ့ ပြောလာတော့ ရှက်ပြီးရယ်လိုက်ရင်း Kaiပြောသည့် မွေးနေ့လက်ဆောင်ကို တစ်ချက်သတိရသွားကာ
"သားအတွက် Birthday Present ရောက်မလာဘူးလား"
Appa က ကျနော်မေးလိုက်တာကို ချက်ချင်း သဘောပေါက်သွားသည့်ပုံစံဖြင့်
"သား Kai ပို့ပေးတာလား ရောက်နေပြီလေသား…အိမ်ရှေ့မှာ သွားကြည့်လိုက်"
Appa ပြောပြီးတာနဲ့ အိမ်ရှေ့ပြေးထွက်လာခဲ့သည့်။
ဒီနေ့မနက်ခင်းက လက်ဆောင်ကိုမြင်လိုက်ရချိန် ပြည့်စုံသွားပြီလို့တောင် ပြောလို့ရသည်အထိ
ကျနော့်အတွက် Kai လက်ဆောင်ပေးတဲ့ ကားက ထခုန်မိမတတ် ဝမ်းသာလုံးဆို့စေခဲ့တာလေ။ အတိုင်းမသိ လိုချင်နေမိခဲ့တဲ့ အရာတစ်ခုဆိုလည်းဟုတ်သည်။
ဒီကားက အကန့်အသတ်နဲ့ထုတ်ထားတာဖြစ်လို့ ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်း ဝယ်စီးလို့မရတဲ့အရာ။
ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာတော့ ကျနော်တစ်ယောက်ပဲစီးနိုင်မှာဖြစ်လို့ ဘယ်အရာကိုမဆို တစ်ယောက်ထဲပဲ မူပိုင်ဖြစ်ချင်ပြီး ဘယ်သူနဲ့မှ မတူချင်သလို သူများနဲ့ မျှဝေခံစားရတာမကြိုက်တဲ့ ကျနော့်အတွက် ဒီကားက အကောင်းဆုံး မွေးနေ့လက်ဆောင် ဆိုတာ ငြင်းမရခဲ့။
တစ်ခုပဲ…အနီရောင်ဖြစ်နေတာ ခက်သည်။  ဘယ်လောက်ပဲ အနီရောင်မုန်းမုန်း ချစ်ရတဲ့သူတွေကပေးရင်တော့ တစ်ကယ် သဘောကျပါသည်။
Kai Ah…ငါ ဒီကားကို တစ်ကယ် သဘောကျတာပါကွာ လက်ဆောင်အတွက် ကျေးဇူးပါ သူငယ်ချင်း
အိမ်ထဲပြန်ဝင်လာတော့ Appaနဲ့ Ommaဆီက နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုက အဆင်သင့်ဖြစ်နေပြီးသား
"သားရဲ့ ကားအသစ်လေးနဲ့ Appaနှင့်Ommaတို့ပေးမဲ့ မွေးနေ့လက်ဆောင်ကို သွားကြည့်ရအောင်" ဆိုလိုက်တာကြောင့် ကားကို Appaလမ်းညွှန်တဲ့ အတိုင်းမောင်းလာကာ ပန်းခြံတစ်ခုရှေ့ အရောက် လမ်းပြမှုက အဆုံးသတ်သွားသည်။
"သား ပန်းခြံထဲကို မောင်းလေ"
ပန်းခြံထဲကို မောင်းလာခဲ့တော့လည်း မြင်မြင်သမျှတိုင်းဟာ စိတ်လှုပ်ရှားဖွယ်အတိပါလား။
ပန်းပေါင်းစုံစိုက်ပျိုးထားပြီး ရှားပါးတဲ့ ပန်းမျိုးတွေထိပါ ရှာဖွေ စိုက်ပျိုးထားပုံရသည့် ထိုပန်းခြံက တစ်ခြားပန်းခြံတွေထက်လည်း နှစ်ဆလောက် ကျယ်ဝန်းပါသေးသည်။
"ဒါ သားကို ပေးမဲ့လက်ဆောင်လား"
"ဒါပေါ့ သားအတွက် သီးသန့်လုပ်ပေးတာ … သားက သူများနဲ့ အတူတူ မခံစားချင်ဘူးမလား"
"တစ်ခြားပန်းခြံတွေက လူတိုင်းဝင်ထွက်လို့ရတယ် …ဒါကတော့ သားအတွက်ပဲ…သားပဲပိုင်တယ် သားခွင့်ပြုချက်မရရင် ဘယ်သူမှ လာခွင့်မရှိ"
Omma နှင့် Appa က အပြုံးပန်းတွေ ဝေဆာနေတဲ့ မျက်နှာနှင့် ပြိုင်တူဖြေပေးလာကြသည်။
"Kai ပြန်လာရင် ဒီပန်းခြံကို ခေါ်ပြပြီးကြွားရမယ် သူသားကို မနာလိုနေတော့မှာပဲ"
ပြောလိုက်တော့ Appaက အံ့သြစွာ ကြည့်လိုက်ရင်း
"Wow…Appa သားက Kai ကို ဒီပန်းခြံထဲ ဝင်ခွင့်ပြုတယ်ပေါ့"
"သားချစ်တဲ့သူတွေပဲ ခွင့်ပြုတာပါ …Appaရယ် Ommaရယ် Kaiရယ်ဒါပဲ… နောက်တစ်ယောက်ကတော့ ဒီပန်းပင်တွေကို စောင့်ရှောက်ပေးမဲ့ လူတစ်ယောက်ကိုပဲ ခွင့်ပြုမှာ"
Ommaက ကျနော်ပြောနေပုံလေးကို သဘောကျစွာ ပြုံးကြည့်လိုက်ရင်း
"ဟုတ်ပါပြီ … ဒါနဲ့ ဒီပန်းခြံနာမည်ကို SKY HEAVEN လို့ ပေးထားတယ်နော်…သားကြိုက်ရဲ့လား"
"နာမည်လေးက လှလိုက်တာ…Omma နှင့် Appa ကို ဒါကြောင့် အရမ်းချစ်တာပဲ "
ပြောပြီး နှစ်ယောက်စလုံးကို ဖက်ကာ ပါးတွေနမ်းလိုက်သည်။
ကျနော့်မိဘတွေက ကျနော်တန်ဖိုးအထားရဆုံးဖြစ်သလို ကျနော့်အလိုကို ဖြည့်ဆည်းပေးနိုင်ဆုံးလူသားတွေပဲ။
ကျနော့်မွေးနေ့မှာပဲ ဘဝမှာတန်ဖိုးအထားရဆုံး နောက်ထပ် လက်ဆောင် တစ်ခုထပ်ရလိုက်ပါသေးသည်။
ဒါက ကျောင်းဆင်းအပြန်မထင်မှတ်ပဲ သတိထားမိသွားတဲ့ Coffee Shopလေး တစ်ခု။
အဲဒီဆိုင်ထဲမှာပဲ ကျွန်တော့် နှလုံးသားအတွက် လက်ဆောင်တခုရှိနေခဲ့တာလေ။
Coffee ဆိုင်နာမည်လေးက FOREST ဆိုသလိုပဲ ဆိုင်ကို တောအုပ်လေးနဲ့တူအောင် ဖန်တီးထားတယ်။ ဆိုင်အတွင်းနံရံတွေပေါ်မှာ ရေတံခွန်တွေ ငှက်လေးတွေ သစ်ပင်လေးတွေ တောရိုင်းပန်းလေးတွေ ဆွဲထားတာ တစ်ကယ့် တောအုပ်လေးထဲကို ရောက်နေသလိုပဲ ခံစားရစေတယ်လေ။
"ကြွပါ ခင်ဗျာ"
အသံလာတဲ့ဘက်ကို မော့ကြည့်လိုက်တော့ ကျနော့်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေခဲ့သည့် ကောင်လေးတစ်ယောက်။
အံ့သြသွားတဲ့ပုံစံက အရမ်းကိုဖြူစင်လွန်းနေကာ တစ်ကြိမ်တစ်ခါမှ တစ်စုံတစ်ယောက်ကြောင့် နိုးထခြင်း မရှိခဲ့ဖူးသည့် ရင်ခုန်သံတို့ဟာ ရုတ်ချည်းမြန်ဆန်လာခဲ့တဲ့အထိပါပဲ ။
နောက်မှ အံ့သြသွားသည့် ကောင်လေးက အသိပြန်ဝင်လာသလိုနဲ့ ကျနော့်ကိုပြုံးပြလိုက်သည်။
လှလိုက်တဲ့ နှုတ်ခမ်းတွေ သူပြုံးပြလိုက်တဲ့အချိန် လှပစွာပုံပေါ်လာသည့် အသည်းပုံ နှုတ်ခမ်းလွှာနှင့်အတူ လိုက်ပြုံးနေခဲ့သည့် မျက်ဝန်းတောက်တောက်လေးတွေ
အရာရာမေ့သွားမိသည်အထိ သတိလက်လွတ်ငေးမောသွားရတဲ့ ကောင်လေးရဲ့ အပြုံးတွေ
သူ့ဆီမှာ ပထမဆုံးအကြိမ် ဘာဆိုဘာမှအိနြေ္ဒမဆည်နိုင်လောက်တဲ့အထိကို နစ်မျောမိခဲ့တာပါ ။
အတိအကျပြောရမယ်ဆို Park Chanyeol.ဆိုတဲ့ သံမဏိနှလုံးသားပိုင်ရှင် ကောင်လေးတစ်ယောက် FOREST ဆိုင်က waiterလေးရဲ့ အပြုံးတစ်ပွင့် အောက်မှာ နှလုံးသားတစ်ခုလုံး အပူပေးခံလိုက်ရသလို လှလှပပ အရည်ပျော်ကျသွားခဲ့ရပါသည်။
"ခုနက ရုတ်တရက်တွေ့လိုက်ရတော့ မထင်ထားလို့ အကြာကြီး စိုက်ကြည့်မိတာ ရိုင်းသလိုဖြစ်သွား တောင်းပန်ပါတယ်"
ကောင်လေးက ချက်ချင်းပဲ ကျနော့်ကို အားနာသလိုနဲ့ တောင်းပန်စကားဆိုလာသည်။
ဒါပေါ့ ကျနော်လို နာမည်ကြီး တစ်ယောက်ကို ဒီကောင်လေး မမျှော်လင့်ဘဲ တွေ့လိုက်ရတော့ အံ့သြသွားမှာပေါ့။
သူတောင်းပန်နေတာကို ခေါင်းတစ်ချက်ညိမ့်ပြီး ပြုံးပြလိုက်ကာ လွတ်နေတဲ့ဝိုင်းတစ်ခုစီ သွားထိုင်လိုက်ရင်း Strawberry တစ်ခွက်မှာလိုက်တော့ ချက်ချင်းပဲ မှတ်လိုက်ကာ အနားကထွက်သွားသည်။
သူလေးထွက်သွားတာနဲ့ ဆိုင်တာဝန်ခံဆီ ဖုန်းဆက်လိုက်ရင်း မကြာခင် ရိုမန့်ဖြစ်လာမဲ့ အချိန်လေးအတွက် ကြိုတင် ရင်ခုန်မိသည်။
ခဏအကြာမှာ ကောင်လေးက ကျနော့်ရှေ့ Strawberry ခွက်ချပေးပြီး ပြန်အလှည့်
"ဒီနေ့ ဆိုင်ကို Kyung Soo ပဲ ပိတ်လိုက်တော့နော် အလုပ်သမားတွေလည်း ပြန်သွားကြပြီ Hyung သွားစရာရှိသေးလို့ အပြင်သွားလိုက်ဦးမယ်"
ဆိုလိုက်သည့် ဆိုင်ရဲ့မန်နေဂျာစကားကြောင့် ခြေလှမ်းတွေ ရပ်သွားသည်။
ကြောင်တောင်တောင်လေး ဖြစ်သွားရှာသည့် သူ့ပုံစံလေးက သိပ်ကို အူယားစရာကောင်းလွန်းနေသည်။
ဆိုင်မန်နေဂျာနှင့် ဧည့်သည်တွေ ထပြန်သွားတာ နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ အထူးအဆန်းလိုက်ကြည့် နေလိုက်တာ
ကျနော်ကတော့ သူ့မျက်နှာလေးကိုပဲ ချစ်လွန်းလို့ အသဲတယားယား စောင့်ကြည့်နေလိုက်သည်။
"ဘာလို့ ပြန်သွားကြတာလဲ ဒီအချိန်က လူစည်နေကြ အချိန်လေ"
တိုးတိုးလေး သူရွတ်လိုက်တော့
"ဒီမှာ မပြန်သေးတဲ့ ဧည့်သည်တစ်ယောက် ကျန်ပါသေးတယ်"
"Nae "
သူ့အဖြေက ခုနကလို တက်ကြွခြင်းကင်းနေပြီး အားမရှိတော့သည့် အသံ။
Manager ပြောသွားတာတော့ သူ့နာမည်က Kyung Soo ဆိုလားပဲ
"ဒီနေရာမှာလာထိုင်"
ဆိုပြီး သူ့လက်ကို ကျနော်ဆွဲလိုက်ကာ ကျနော်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်စေလိုက်သည်။
ဘယ်လောက်ပဲကြည့်ကြည့် ရှေ့ကကောင်လေးကို ကြည့်မဝ ဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ။ အိမ်ကို ခေါ်သွားလို့လည်းမရ။
ကျနော်စိုက်ကြည့်နေတာ အနေရခက်လို့ထင်တယ် မျက်နှာလေး အောက်ငုံ့သွားတယ် နားလေးတွေဆို နီရဲလို့။
ဒါပေမဲ့ အကြည့်မလွှဲပါဘူး  ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေလိုက်တယ် ။
သူကလည်းသူပါပဲ အနေရခက်လာပြီး လက်တွေကို ဆော့နေတာတောင် ကလေးလေးအတိုင်းပဲ ဘာလို့များ ဒီလောက်အထိ မျက်နှာမလွှဲချင်ရလောက်အောင် ချစ်ဖို့ကောင်းနေရတာပါလိမ့်။
"ကျွန်တော့်ကို ကြည့်နေတာ နှစ်နာရီကြာသွားပါပြီ ဟိုလေ မကျေနပ်တာများ ရှိလို့လား ဒါမှမဟုတ် ဖျော်ပေးထားတဲ့ Strawberry က မကောင်းလို့လား"
အဲလောက်ကြာသွားပြီလား သတိမထားမိလိုက်ဘူး ငေးကောင်းနေတာနဲ့။
နေပါဦး သူက ကြည့်နေတာကို တစ်ချိန်လုံး အချိန်မှတ်နေတာများလား
" နာရီလိုက်မှတ်နေတာတော့ မဟုတ်ပါဘူးနော်..."
"မဟုတ်ပါဘူး...အနောက်မှာ နာရီရှိနေလို့ "
လှည့်ကြည့်လိုက်တော့ သူပြောသလိုပဲ အနောက်က နံရံမှာ နာရီတွေ့လိုက်ရတယ်။
ဒါပေမဲ့ Park Chanyeolပဲဟာ မသိချင်ယောင်ဆောင်ပြီး ဆက်ကြည့်ပစ်လိုက်တာပေါ့။
အပြင်မှာလည်း တော်တော်မိုးချုပ်လာပါပြီ ဒါပေမဲ့  ဂရုမစိုက်။
ကျနော်သိတာ ရှေ့မှာ ကြောက်ရွံ့စွာ ထိုင်နေတဲ့ Kyung Soo ဆိုတဲ့ကောင်လေးပဲ။
"အားတော့နာပါတယ် Park Chanyeol shi…ဆိုင်ပိတ်ချိန်ရောက်ပါပြီ ပုံမှန် ည 11:00ဆို ဆိုင်ပိတ်ပါတယ်"
သူ့ဘက်က သတိပေးသလို ပြောလာတော့မှ  ကျနော် ဘယ်လောက်ထိ အငမ်းလွန်နေလဲဆိုတာ ကိုယ့်ကို သတိထားမိလာသည်။
ဆိုင်ကို ရောက်နေတဲ့ ညနေ 4:00 လောက်ကနေ အခု 11:00 အထိ ဆိုတော့ ကျနော် ဘယ်လောက်ကြာအောင် သူ့ကို ငေးကြည့်နေမိလဲတော့ မသိတော့ဘူး …ဒါကိုတောင် အခုထိ ခဏလေးထင်နေတုန်းပဲ။
"ပြန်ရတော့မှာလား ဆက်နေလို့မရဘူးလား"
အတွန့်တက်လိုက်မိလေတော့
"Park Chanyeol shi …မကျေနပ်တာရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပါ နောက်မဖြစ်အောင် ဆင်ခြင်ပါ့မယ် အခုလို ကျွန်တော့်ကို စိုက်ကြည့်နေတာ အနေရခက်လို့ပါ"
"ဟုတ်တယ် ငါမင်းကို မကျေနပ်ဘူး
ဘာလို့ မင်းက ငါ့နာမည်သိနေပြီး ငါက မင်းနာမည်မသိရတာလဲ"
သူ့ပုံစံလေး အသည်းယားလို့ တမင်စလိုက်တော့ သူက တစ်ကယ်ထင်လာပြီး မျက်လုံးပြူးလာကာ
" Do Kyung Soo ပါ… Waeyo ? "
ကျနော့်ကို ချက်ချင်း သူ့နာမည် ပြောလိုက်သည်။
"Arr…OK … My DD…Bye see you "
"My DD "
သူက ပါးစပ်လေး မဟတဟပွင့်လာပြီး မပွင့်တပွင့် သံယောင်လိုက်ရွတ်လိုက်သေးသည်။
"ဘာလို့လဲ…မကြိုက်ဘူးလား ဒီနာမည်…ခေါ်လို့ မရဘူးလား"
"ရပါတယ် Chanyeol ကြိုက်သလိုခေါ်ပါ … "
"ကိုယ်ကတော့ Chanyeolလို့ ခေါ်တာ မကြိုက်ဘူး… နောက်တစ်ခါတွေ့ရင်  ကိုယ့်ကို Yeollie လို့ပဲ ခေါ်နော်…
ဒါဆို ပြန်တော့မယ်"
တားမလားလို့ ပြောမိပါတယ် ပြန်ရလိုက်တာ "Nae"တဲ့
ကျနော်ကသာ မပြန်ချင်ဖြစ်နေတာ သူကတော့ ကျနော့်ကို ဘယ်အချိန်တည်းက ပြန်စေချင်နေခဲ့လဲမသိ။
…………………………………………………………………
အိမ်ပြန်ရောက်လာတော့ Ommaတို့က Birthday Cakeနဲ့ အသင့်စောင့်နေခဲ့တယ် မွေးနေ့ရက်ဖြစ်နေလို့လားမသိ နောက်ကျတယ်တော့ မပြော။
Birthday Cakeလှီးတော့လည်း DDလေးရဲ့ မျက်နှာပေါ်လာလို့ မခွဲပဲ အကြာကြီး Cakeကို ကြည့်ပြီးပြုံးနေလိုက်တာ  Appaက လက်တို့သတိပေးမှ အသိဝင်လာပြီး မျက်စိမှိတ်ခွဲလိုက်ရသည်။
ကျနော် ရူးသွားပြီထင်တယ် ဒီည အိပ်မပျော်တော့မှာ သေချာနေပြီ သူက ကျနော့်နှလုံးသားလေးကို ခဏလေးနဲ့ သိမ်းပိုက်သွားနိုင်တဲ့ မှော်ဆရာလေးပဲ။
ကိုယ့်အခန်းထဲ ပြန်ရောက်မှ အိပ်ရာပေါ်လှဲချရင်း Kaiဆီ ဖုန်းဆက်ရင်ဖွင့်လိုက်ရမှ အနည်းငယ်နေသာထိုင်သာ ရှိလာသည်။
Kaiကတော့ ထင်နေမှာပဲ ကျနော်ရူးသွားခဲ့ပြီလို့။
တစ်ကယ်လည်း Do Kyung Sooဆိုတဲ့ကောင်လေး ကြောင့် အချစ်ရူးဖြစ်နေပြီ ထင်ပါတယ်။
.....................................................................
Chanyeol ရာ … အဲလောက်ထိပဲ ချစ်ခဲ့လား။
နောက်စာမျက်နှာတွေ ဆက်မဖတ်နိုင်လောက်အောင် ရင်တစ်ခုလုံးဟာ စုတ်ပြတ်သတ်နေခဲ့လျက်။
ဘာပဲဖြစ်ဖြစ် အခု Do Kyung Soo ဆိုတဲ့သူ့ရဲ့ဆိုင်ကို ကျနော် သိနေပြီပဲ… မကြာခင် Chanyeolအတွက် စတင်လှုပ်ရှားတော့မှာပါ။
Chanyeol ခံစားခဲ့ရတဲ့ အတိုင်း သူပြန်ခံစားရအောင်လုပ်မှာ နှစ်လအတွင်း သူက Chanyeolကို ကျနော့်ဘေးက ဆွဲထုတ်သွားခဲ့သလိုမျိုး ကျနော်ကလည်း နှစ်လအတွင်း သူ့ကို Chanyeolဆီ အရောက်ပြန်ပို့ပေးမှာ။
~~~~~~~~~~T B C~~~~~~~~~
Continue Reading
You'll Also Like
43.9K 4.3K 21
အရာအားလုံးဆုံးရှုံးပြီး ​နောက်ဆုံးမှာ ပြန်လည်​မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်​ထောင်ဖက်အဖြစ်နဲ့ ~~~
3.5K 543 13
ကိုကိုနဲ့ သဲငယ်ဇာတ်လမ်းလေးပါနော် သဲငယ်ကကိုကိုကိုဘယ်လိုတွေ ဂျစ်တိုက်မလဲ... ကိုကိုကရော သဲငယ်ကို ဘယ်လိုတွေ အလိုလိုက်မလဲ ဆိုတာကို ဒီficလေးမှာဖတ်လို့ရပါတယ...
819K 37.9K 60
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
40.7K 3.6K 17