RED TEAR ( Completed )

By Dororo_Chen

24.7K 1.9K 129

အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 ( Final)

2

1.2K 78 4
By Dororo_Chen

အပြင်သွားဖို့အတွက် အဝတ်အစားလဲပြီး အိမ်အောက်ထပ် ဆင်းလာတော့

"သားရေ ...အစောကြီး ဘယ်သွားမလို့လဲ တခါတလေများ ကိုယ့်မိဘတွေနှင့်အတူတူ မနက်စာစားဖို့ စိတ်မကူးတော့ဘူးလား"

Ommaရဲ့ စကားကြောင့် အပြင်သွားဖို့ ပြင်နေတဲ့ ခြေလှမ်းတွေရပ်တန့်သွားပြီး ထမင်းစားပွဲဝိုင်းထိုင်နေတဲ့ Omma နှင့် Appaကို စူပုပ်ပုပ်ပြန်ကြည့်နေလိုက်တယ်

"သားမှ အိမ်မှာ မစားတတ်တာ ...ဆိုင်မှာပဲ သွားစားလိုက်မယ်"

ကျနော်ပြောလိုက်တဲ့ စကားကြောင့် သူတို့ မျက်နှာမကောင်းတာ သိလိုက်ပေမဲ့ မတတ်နိုင်ဘူး ဒီလို ဆန္ဒပြမှ အိမ်ကမိဘတွေက KOREA ပြန်ဖို့ စဉ်းစားပေးမှာ။ မဟုတ်ရင်တော့လား ခွင့်ပြုဖို့ အဝေးကြီး။

"သားက ဒီမှာပဲ ကျောင်းတက်ခိုင်းလို့ စိတ်ဆိုးနေတာလား ဒါကလည်း သားဘဝနောင်ရေးအတွက် Ommaတို့က စီစဉ်ပေးရတာပါ သားရယ် "

တစ်ခါလာလည်း ဒီစကားပဲ။ သိတယ် ဒီစကားတွေပဲ အက်ကြောင်းထပ်အောင်ပြောပြီး ဒီမှာပဲကျောင်းဆက်တက်ပါဆိုပြီး နားချကြဦးမှာ။

"သားလည်း သိပါတယ် Appaရဲ့ လုပ်ငန်းတွေက ဒီမှာပဲ အခြေစိုက် လုပ်ကိုင်နေတာမလား... KOREA မှာက ရုံးခွဲ နည်းနည်းပဲရှိတာ နောင်တချိန် Appa လုပ်ငန်း တွေကို သားပဲဦးစီးလုပ်ကိုင်ရမှာ...ဒီတော့ ဒီမှာက သားရှိနေမှ ဖြစ်မယ်လေ "

Appa ရော Ommaရော တစ်လေသံတည်းပဲ။

ကျနော့်ဘက်လည်း ဝင်ခံစားပေးကြမှပေါ့။ မတရားလိုက်တာ။

သူတို့ဘက်က ကြည့်မယ်ဆိုရင်တော့U.K. မှာဆိုရင် TOP 10 ဝင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး...5 star အဆင့်ရှိတဲ့ Hotel ကြီးတွေ ...Shopping Mall တွေ Club တွေ Factory အမြောက်အမြားကို ပိုင်ဆိုင်ထားပြီး
အခုထက်ထိလည်း စီးပွားရေးလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့သူ...ဒါကြောင့် တစ်ဦးတည်းသောသားဖြစ်တဲ့ ကျနော့်ကို လုပ်ငန်းတွေမှာ ဦးစီးပြီး လွှဲပြောင်းလုပ်ကိုင် စေချင်တာ နားလည်ပါတယ် ...။

ဒါပေမဲ့ ကျနော့်အတွက်တော့ U.K.က Seoulမှာ နေရသလို ပျော်ရွှင်မှုတွေမရှိတာတော့ အမှန်ပဲ ...နောက်ပြီး Chanyeolနှင့်အတူတူ ကျောင်းတက်ချင်တာလည်း ပါတာပေါ့။

"ဘာပဲဖြစ်ဖြစ် သားကို KOREA မှာ ကျောင်းတက်ဖို့ ခွင့်ပြုပေးပါနော် Appa...Chanyeolနှင့်အတူတူ ကျောင်းတက်ချင်တယ် ဒီမှာနေရတာ စိတ်မွန်းကျပ်တယ် "

ဂျစ်ကန်ကန်ပြောလိုက်တော့ Appaက နားလည်မှုအပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ နွေးထွေးစွာ ကြည့်လာရင်း

" Yeol lay ရဲ့ မိဘတွေကိုယ်တိုင်ကလည်း သူတို့သားကို ဒီပို့ဖို့ စီစဉ်နေကြပြီပဲမလား...သားကလည်း ဒီမှာပဲ သူနှင့်အတူတူတက်ပေါ့...Appaစကား နားထောင်ဟုတ်ပြီလား"

"သားက KOREA မှာပဲ ကျောင်းတက်ချင်တာ သားဘွဲ့ရပြီးရင် Appa လုပ်ငန်းတွေကို အကောင်းဆုံးကြိုးစားပြီး ဦးစီးလုပ်ဆောင်ပေးမှာပါ... ကတိပေးပါတယ်နော်... ဒါကြောင့် သားကို ဟိုမှာပဲ ကျောင်းတက်ဖို့ ခွင့်ပြုပေးဖို့ တစ်ခုပဲ တောင်းဆိုတာပါ..."

ခွင့်မပြုပေးရင် အခုပဲ ချုံးပွဲချ ငိုတော့မဲ့ပုံစံနဲ့ တောင်းဆိုလေတော့မှ

"OK !...သားကတိကိုတော့ သားတည်ပါစေ... ဒါပေမဲ့ ဒီမှာ နောက်ထပ်တော့ နှစ်လလောက် Appa တို့နှင့်အတူတူ ထပ်နေပေးပါဦးကွာ...ရုတ်တရက်ကြီးဆိုတော့ သားနဲ့မခွဲချင်သေးဘူး"

Appaက မျက်နှာလေးညှိုးကျသွားပြီး တောင်းဆိုလိုက်သည်။ တစ်ခါတလေမှာ အရမ်းချစ်ခံရတာကလည်း မကောင်းဘူးနော်။

"ဟုတ်တယ် Omma တို့ မှာ ဒီသားလေးပဲရှိတာ...သားက ဟိုမှာ ကျောင်းတက်မှာဆိုတော့ အကြာကြီး ခွဲနေရမှာ ...Ommaတို့ကို အချိန်နည်းနည်းတော့ပေးပါ သားရယ်"

ဟုတ်ပါတယ်။ ငယ်ငယ်တည်းက အခုချိန်ထိ ကျနော်မှ သူတို့နှင့်အကြာကြီး ခွဲမနေဖူးတာ။

"ဒါဆို နှစ်လပြည့်ရင် ကျောင်းပြောင်းယူပြီး KOREAကို ပြန်မှာနော်...Appa ကကျောင်းပြောင်းဖို့ အတွက် ထောက်ခံချက်ရအောင် လုပ်ပေး"

"Appa တာဝန်ယူပါတယ် စိတ်ချပါ... သားကို ချစ်လို့သာ ခွင့်ပြုပေးလိုက်ရတာ ...အရင်လိုတော့ အရမ်းမဆိုးကြနဲ့ Yeol_lay ကိုလည်း သားက ကြည့်ပြီး ဘေးကနေထိန်းပေး ပြောသာပြောရတာ မင်းတို့နှစ်ယောက်တော့ မြင်ယောင်ပါသေးတယ်"

ခေါင်းလေးတခါခါနဲ့ ကျနော့်ကို ခုထိ စိတ်မချသေးတဲ့ Appa။

"Omma သားကို စိတ်မချပါဘူးကွယ် သားက သွားချင်နေလို့သာ ပေးသွားရတာ "

ကလေးလည်း မဟုတ်တဲ့ဟာကိုကွာ။ သွားတောင်မသွားရသေးဘူး ကျနော့်မိဘတွေက စိတ်မချဘူးဆိုတာချည်းပဲ။

"သားအသက်က အခု 18နှစ် ရှိသွားပြီ ...စိတ်မချရအောင်က ကလေးလည်းမဟုတ်တော့ဘူး... ဒီတော့ စိတ်မပူပါနဲ့ သားနှင့် Chanyeolက Appaနှင့် Ommaတို့ထင်သလောက်လည်း ဆိုးမနေပါဘူး "

စူပုပ်ပုပ်လေး ပြန်ပြောလိုက်သည်။
တစ်ကယ်ပါပဲ လူကို လူဆိုးကြီးဖြစ်အောင် ပြောနေကြတာ။

"ကဲပါ အပြောနဲ့မပြီးဘူး ...အလုပ်နဲ့သက်သေပြ ဟုတ်ပြီလား... ခွင့်ပြုပါတယ်လို့ ပြောပြီးပြီးပဲကို "

"ဒါကြောင့် Ommaရော Appaရော နှစ်ယောက်လုံးကို ချစ်နေရတာ"

ကလေးတစ်ယောက်လို ခုန်ပေါက်လိုက်ပြီး အပြင်ထွက်မစားတော့ပဲ အရင်လိုပဲ မနက်စာစားနေကျ နေရာမှာ ပြန်ထိုင်လိုက်တယ် ...စိတ်ဆိုးပြေပြီဆိုတဲ့ သဘောပေါ့။

"ဒါဆို အစက Ommaတို့ကို စိတ်ဆိုးနေတာပေါ့လေ အခုမှပဲ သူလိုချင်တာရသွားလို့ ပြောင်းလဲသွားလိုက်တာ တတ်လည်းတတ်နိုင်တဲ့ Wuri ကလေးလေး ဒါလေးပဲ ချစ်နေရတာ"

ဒီလိုမျိုး အချစ်ခံရလို့လည်း Kim Kai ဆိုတဲ့ ကျနော်က အမြဲ မိဘတွေ အပေါ် နွဲ့ဆိုးဆိုးပြီး ဗိုလ်ကျတတ်ပါတယ် ကျနော်လိုချင်တာမရရင် အတူတူ ထမင်းဝိုင်း မထိုင်ပဲ ဆန္ဒပြပါတယ် ဒီလောက်ဆို ကျနော့်မိဘတွေကလည်း ရိပ်မိပါပြီ သူတို့ကို ကျနော်စိတ်ဆိုးနေပြီဆိုတာကိုပေါ့ နောက်ဆုံးတော့လည်း ကျနော်ဖြစ်ချင်တာကို လိုက်လျောပေးလိုက်ရတာပဲမလား။

" Car Show Room ဘက်သွားကြည့်ဦးမယ်နော် Appa... ဒီဇိုင်းအသစ်ဝင်တယ်လို့ ညက ဖုန်းဆက်ထားလို့"

စားသောက်နေရင်းက ညက အကြောင်းကြားထားတာ သတိရလာတာနဲ့ Appaဆီက ခွင့်တောင်းလိုက်သည်။

"သားသဘောပဲ သားလုပ်ချင်တာလုပ်...Appa တို့က ဘယ်တုန်းက ကန့်ကွက်ဖူးလို့လဲ သွားကြည့်လေ သားကြိုက်ရင် တခါတည်းယူလာခဲ့... "

ကျနော့်ရဲ့ မိဘတွေက ဒီလိုပဲ။ ဘာအတွက်နဲ့မှ ကျနော့်ကို ဘယ်တုန်းကမှ မငြိုငြင်ခဲ့တဲ့သူတွေ။ Chanyeolလို သူငယ်ချင်းကောင်းတစ်ယောက် ... အစစအရာရာ နောက်ကနေ အကုန်ဖြည့်ဆည်းပေးတဲ့ ကျနော့်ရဲ့မိဘတွေ... သူတို့ရှိနေရုံနဲ့ ကျနော့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ခဲ့ဖူးတယ်။ ကျနော် အလိုအပ်ဆုံး အရာတစ်ခု မတွေ့ရှိချိန် ဒါမှမဟုတ် ကျနော် တန်ဖိုးထားရတဲ့ အရာတစ်ခု မဆုံးရှုံးခင်ကပေါ့။

..............................................................................

"ဒီဘက်ကို ကြွပါ "

အဝင်ဝမှာ ဆီးကြိုနေတဲ့ အရောင်းဝန်ထမ်းကောင်လေးက ကားတွေထားရှိသည့်ဘက် ခေါ်သွားသည်။

အကြိမ်ကြိမ်ရောက်ဖူးပြီးသားမလို့ ကြည့်လိုက်တာနဲ့ အသစ်အဟောင်းဆိုတာ ခွဲခြားတတ်ပြီးသား။ ခက်တာက မြင်လိုက်ရတဲ့ ကားအသစ်ရဲ့အရောင်။ ဘာလို့ဆို Chanyeolက အနီရောင်မှ မကြိုက်ပဲ။ကိုယ့်အတွက်ဝယ်ရင် Chanyeol အတွက်ပါ ဝယ်ရဦးမယ်မလား။

"အသစ်ဝင်လာတာ ဒါမလား...Engine ကလည်း တော်တော်ဆွဲနိုင်မဲ့ပုံ နောက်ပြီး Solar နဲ့ဆိုတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှာလည်း မပူရဘူး ဒါနဲ့ နောက်ထပ်တစ်စီးရှိသေးလား"

"ဒါက Limit နဲ့ထုတ်တာ ဒီတစီးပဲ Kai အတွက် ချန်ထားပေးတာ မဟုတ်ရင် ဒီအစီးလည်း ပါပြီးနေပြီ"

တစ်စီးပဲ ကျန်တော့တယ်...မထူးပါဘူးလေ... Chanyeolက ဒီလိုပုံစံမျိုးတွေကြိုက်တတ်တာဆိုတော့။

ကျနော့် အနေနဲ့ သဘောတော့ကျပေမဲ့ Chanyeol မွေးနေ့ကလည်း နီးလာပြီမလား။ သူ့ကိုပဲ ဦးစားပေးရမှာ။ အရောင်အတွက်တော့ သိပ်ပြဿနာမရှိလောက်ပါဘူး။ သူက ကျနော်ပေးတာဆို ဘယ်လိုအရာနေနေ တန်ဖိုးထားလိမ့်မယ်ဆိုတာ ကျိန်းသေပဲ။

"ကျေးဇူးပါ... ဒါကို ပို့နေကျ KOREAကိုပဲ သွင်းပေးနော်...Park Company ကိုပဲ သိတယ်မလား...ဖြစ်နိုင်ရင် 27 ကွက်တိလောက် K ကို ရောက်စေချင်တယ် "

" ရက်တွေလိုသေးတာပဲ...ကျနော်တို့ဘက်က သေချာ စီစဉ်ပေးပါ့မယ် "

" စိတ်ချမယ်နော်"

Car Show Roomကနေ Chanyeol အတွက် ကားအသစ်တန်ဖိုး ငွေချေပြီးတာနဲ့ ပြန်ထွက်လာခဲ့လိုက်သည်။

ဘဝဟာ ဘာလိုလိုနဲ့ ပျင်းရိဖွယ်ကောင်းလာတယ်။
ကျနော့်အတွက်တော့ ဒီနေရာက သူငယ်ချင်းပဲ မရှိလို့လားမသိ ပျော်ရွှင်မှု ဆိုတာ မြူတမှုန်မှတောင် ရှာမတွေ့။

သူငယ်ချင်းမထားရတာကလည်း Chanyeolကြောင့်။ Chanyeolက ငယ်ငယ်လေးတည်းက ဘယ်အရာနေနေ သူများနဲ့မျှဝေခံစားရတာကို သဘောမကျတဲ့သူ သူတစ်ယောက်တည်းပဲ အပိုင်လိုချင်တာ။ ကျနော့်ကိုလည်း သူကလွဲရင် ဘယ်သူငယ်ချင်းမှ မထားရဘူးတဲ့လေ။

ဘယ်နေရာရာရောက်ရောက် Kim Kai အတွက် Park Chanyeol ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ပဲရှိရမယ်။ ထားချင်ရင်တော့ ရည်းစားပဲထားခွင့်ပေးမယ်။ သူငယ်ချင်းတော့မရဘူးတဲ့။

ကျနော်ကိုယ်တိုင်လည်း သူပြောတာကို မငြင်းမိခဲ့ဘူး... ဘာလို့လဲဆိုတော့ သူလိုပဲ ကျနော်လည်း မျှဝေခံစားရတာမကြိုက်ဘူး ...သူ့အတွက် သူငယ်ချင်းကလည်း ကျနော် တစ်ယောက်ပဲရှိတာမလား...ဒါဆို လုံလောက်ပါပြီ နောက်ထပ် သူငယ်ချင်းဆိုတာ သူ့အတွက်ရော ကျနော့်အတွက်ရော မလိုအပ်တော့ပါဘူး။

.................................................................................

ကားကို လာနေကျBAR တစ်ခုရှေ့ထိုးရပ်လိုက်တော့
ကားရပ်တာနဲ့ BARထဲက ခပ်ဟော့ဟော့ အဖြူမလေးတွေ ကျနော့်နား ပျားတွေလို ဝိုင်းအုံလာသည်။

ထိုအထဲကမှ ကျနော်နှင့်မကြာသေးခင်က တွဲခဲ့ကြတဲ့ Kayti ဆိုတဲ့ ကောင်မလေးက အားလုံးရှေ့ သူအပိုင်ဆိုသည့်ပုံစံနဲ့ ဝင့်ကြွားစွာ ခါးကို တွယ်ဖက်လာသည်။

ဘာမှပြောချင်စိတ်မရှိသေးတာနဲ့ Wine ငှဲ့ပေးနေတဲ့ Waiterလေးဆီပဲ လျှောက်လာခဲ့သည်။

" ကို Kaytiကလွဲရင် တခြားသူတွေအရေးပေးတာ ငေးတာ Kayti မကြိုက်ဘူး "

ခါးကို ဖက်ထားတဲ့ ကောင်မလေးစကားကြောင့် ပြုံးလိုက်မိရင်း

"တစ်ခြားသူတွေ မကြည့်ရအောင် ကိုယ်က မျက်စိမမြင်တဲ့သူမှ မဟုတ်ပဲ"

"အခုတောင် ကို့ကိုဆို လူတိုင်းသဲသဲလှုပ်နေကြတာ စိတ်မချပါဘူး...ကို့ကို ချစ်လွန်းတော့လည်း ကိုနှင့်ပတ်သက်တဲ့အရာအားလုံး Kaytiတစ်ယောက်ပဲ အပိုင်ရချင်တာ"

မြန်မြန်ရှင်းမှပဲ မဟုတ်ရင် ခွာလို့ရမဲ့ပုံမပေါ်ဘူး။

ဒါကတော့ ကျနော်လို လူတယောက်ကို ကောင်မလေးတွေ တန်းတန်းစွဲဖြစ်နေတာ မဆန်းပါ။ လိုချင်ရင် ကြိုက်တာကို ဆွဲယူကောက်တွဲလို့ ရပေမဲ့ အခွင့်ရေးတော့မယူတတ်။ အခုလိုခြေချုပ်မိနေမဲ့ပုံစံမျိုးဆိုရင်တော့

"Bye ... Kayti မင်းကို ကိုယ်စိတ်ကုန်သွားပြီ "

ပြောပြီး လက်ဖျောက်တချက်တီးလိုက်တာ နဲ့ BAR က လုံခြုံရေးတွေရောက်လာပြီး Kayti ကို BAR အပြင်ဆွဲထုတ်သွားသည်။ ဒီ Barကလည်း ကျနော့် Appaရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပေါ့။

အစတည်းက ငါက ဘယ်လိုကောင်မျိုးလဲဆိုတာ မင်းသိထားသင့်တယ် Kayti။

BAR မှာ တစ်ယောက်တည်းသောက်ပြီး ည 6:00 လောက်မှပဲ အိမ်ကိုပြန်ရောက်လာခဲ့တယ်

Chanyeolကိုတော့ ကျောင်းပြောင်းမကျသေးလို့ စုံစမ်းစရာရှိတယ်ပြောထားပြီး BARမှာ သွားကဲနေတာသာ သိရင်တော့ ကောင်းကောင်းဆဲပေးမှာ အသေအချာပဲ။

သတိရနေတုန်းရှိသေး Messages ဝင်လာပေါ့ ဒီကောင် အသက်ရှည်ဦးမယ်။

* ကျောင်းကိစ္စက အဆင်ပြေလား ငါသိပါတယ် မင်း Appa ကိုလွှဲပြီး အပြင်မှာ ကဲပြန်လာတာမို့လား

ဒီကောင့်ဗိုက်ထဲ ပုဏ္ဏားလေးရှိတယ်ထင်တယ်

*ဟား ဟား...မင်း ဘယ်လိုသိလဲ

ပြန်ပို့လိုက်တော့

*မမေ့နဲ့လေ ငါက Park Chanyeol... မင်းအကြောင်း မပြောလည်း အကုန်သိပြီးသား

*ကျောင်းပြောင်းက နောက် နှစ်လလောက် စောင့်ရဦးမှာ Appa က အခု မသွားခိုင်းသေးဘူး

*ငါ စောင့်နေပါ့မယ် ဟိုမှာ မင်းမဒီတွေနဲ့ နည်းနည့်လျော့ကဲ KOREA ပြန်လာလို့ကတော့ အနောက်နိုင်ငံက အကျင့်ဆိုးတွေ သယ်မလာနဲ့ ငါ့လက်ချက်မိမယ်

အဲလို အဘိုးကြီးနဲ့တူနေလို့ ဒီကောင် အခုထိရည်းစားမရသေးတာ

*အေးပါ ပြန်ရောက်ရင်တော့ တစ်ကယ်ချစ်တဲ့သူ တစ်ယောက်တည်းပဲ အတည် တွဲမှာပါ

*မင်းတော့ ဖွန်ကြောင်ဖို့ပဲ စဉ်းစားနေ ငါလို ကင်းကင်းရှင်းရှင်း နေစမ်းပါ

အရေးထဲ သူ မစွံတာကို နာမည်ကောင်းလာယူနေသေးတယ်

*ဘယ်သူမှ ကြိုက်သူမရှိတာလေးပါ ထည့်ပြောပါ အစ်ကိုတော်

သေချာသည် ဒီ message မြင်ပြီး သွေးတက်သွားမဲ့ Park Chanyeol ... အတွေးထဲမှာတင် ရယ်စရာကောင်းနေသေးသည်။

*Yarr ဝက်ဝံပေါက်စ... မင်းမသိပဲနဲ့ Yeol ah... Chanyeol ah နဲ့ လူတိုင်းပါးစပ်ဖျားမှာ မကြားချင်မှအဆုံးနော်

*တော်ရုံသတ်လည်းသေပါတယ် Yodaရယ်...နားရွက်တွေနဲ့တောင် ဖိသတ်စရာမလိုတော့ဘူး...ငါအခုတောင် လေပိပြီး သေချင်လာပီ ဟား ဟား

* စိတ်ဆိုးတယ်ကွာ... မလွမ်းတော့ဘူး ... ပြန်မလာနဲ့

Chanyeolရဲ့ ချစ်စရာကောင်းတဲ့အထဲ အခုလိုပုံစံတွေလည်းပါတယ်...ပြောနေရင်းတောင် လွမ်းလာပြီ...

*စိတ်ကြီးပဲနော်...ဒီက တစ်နေကုန် သူ့အတွက် မွေးနေ့လက်ဆောင်ပို့ပေးဖို့ စီစဉ်နေရလို့ ပင်ပန်းလာတာ ခုတော့ သူက ပြောရက်တာ

ဒီလောက်ဆို ဟိုဘက်က Park Chan ပျာယာတွေခတ်နေလောက်ပြီ

*Bear လေးက ချစ်ဖို့ကောင်းလိုက်တာ...ဒီဘက်က ကိုကြီးကစတာပါ ...လက်ဆောင်လေးမျှော်နေတယ်နော်

သူပို့တဲ့ စာဖတ်ရင်း တစ်ချက်တော့ရယ်မိသေး။

ဒီကောင်ဟာလေ တစ်ကယ်တတ်လည်းတတ်နိုင်သူ

*Chanyeol...ငါမနက်ဖြန် ဖုန်းဆက်မယ် ဒါပဲ...ခုပင်ပန်းလို့ အိပ်တော့မယ်"

* OK...BYE ငါရောပဲ...Good Luck Chingu

*မင်းမပြောလည်း ငါက Lucky Boy ပါပဲ
ဆိုပြီး ပြန် Reply လုပ်လိုက်တော့
Chanyeol က ကျနော့်ကို လျှာထုတ်ပြတဲ့ sticker ပုံပို့ကာ လိုင်းပေါ်က ဦးအောင်ဆင်းသွားသည်။

သူ အခုထိ ကလေးတုန်းက အကျင့်မပျောက်သေးဘူးပဲ။

တစ်ခုခုဆို စပြီးထားခဲ့သူက သူပဲဖြစ်ရမယ် ကျန်ရစ်တော့ မဖြစ်စေရဆိုတဲ့ အထာနဲ့။

ကလေးဆန်တဲ့သူ့ရဲ့ အပြုအမူကြောင့် ကျနော်သဘောကျပြီး ရယ်လိုက်မိသည်။

ဒီကောင်က အမြဲအဲလိုပဲ ကျွန်တော့်ကို နည်းနည်းလောက် ကျောလိုက်ရပြီး လှောင်လိုက်ရမှ နေသာထိုင်သာရှိတဲ့သူ

...................................................................

Nov 27
*********

ညပိုင်း ရေမြန်မြန်ချိုး အဝတ်စားလဲပြီး Chanyeolဆီ ဖုန်းဆက်ဖို့အတွက် အိပ်ရာပေါ် ပစ်တင်ထားတဲ့ ဖုန်းကို ကောက်ကိုင်လိုက်သည်။

မနေ့ညက K စံတော်ချိန်နှင့် 12:00 ကွက်တိ Video Call ခေါ်ပြီး wish ထားရတာအားမရသေးလို့ မနက်ထပ်ပြန်ဆက်တာ။

ဒီနေ့ အချစ်ဆုံးသူငယ်ချင်းကြီး Chanyeol birthday ဆိုတော့ မနက်ခင်းထဲက ဝီရိယတွေ ကောင်းနေခဲ့တာ။

ကြည့်ဝင်နေရဲ့သားနဲ့ မကိုင်ဘူး။

ခဏကြာမှ ဟိုဘက်ကကိုင်လိုက်တာနဲ့

"Chanyeol အစုတ်ပလုတ်ကောင်...ခေါ်နေတာ ကြာလှပြီ ခုမှကိုင်တာလား..."

Chanyeolဘက်က အိပ်ရေးမဝသလို လေသံနဲ့

"မနေ့ညက နှိပ်စက်ထားတာ အားမရသေးလို့ မနက်အစောကြီး လာနှိုးပြန်ပြီလား"

"အေး...ဟုတ်တယ် ...ဟိုရက်တွေက မင်းကြောင့် ငါအိပ်ရေးပျက်သွားလို့ လက်စားပြန်ချေတာ"

Chanyeol အကြောင်းသိပြီးသားမလို့ တမင်မခံချင်အောင် စလိုက်တော့

"အော်... ဒီလိုကြေးလား မင်းက"

ထင်သည့်အတိုင်း ကိုယ်တော်ချော စကောက်တော်မူဖို့ လမ်းစရှာနေပြီ။

"မဟုတ်ပါဘူးကွာ စတာပါ ...မွေးနေ့မှာ စောစောမထမှာ စိုးလို့ စေတနာနဲ့ နှိုးပေးတာ... ပြောတော့ဖြင့် မနက် အစောကြီးထမယ် ပြောပြီး အခုချိန်ထိ အိပ်နေတယ် "

"AH...ဟုတ်သားပဲ ...ထပြီ ထပြီ ... ကလေးစုတ်လေး...ဒါပဲ Appa နှင့် Omma ဆီက မွေးနေ့လက်ဆောင် သွားကြည့်လိုက်ဦးမယ်"

" Yarr...ဟေ့ကောင် ငါပို့ပေးတဲ့ လက်ဆောင်ကို အရင်ကြည့်နော်"

ဒီကောင့်အကြောင်းသိလို့ အခုလိုစောစောထပြီး ပြောရတာ။ ဘာနေနေ ပထမပဲဖြစ်ချင်တယ်။ ဒုတိယမဖြစ်ချင်ဘူး။ လူတွေက ပထမကိုပဲ စိတ်ဝင်စားကြလို့။

"OK ...OK ... Baby Bear ဝက်ဝံပေါက်စက Ever No.1 ပဲ ရပြီလား "

"ရပြီ Yodaနားကားကြီး..."

"ဟာ...ငါ့ကို အဲလိုမခေါ်နဲ့ ပြောထားတယ်လေ...Kim Kai"

ဒီတစ်ခါတော့ သူ့စကားမဆုံးခင် ကိုယ့်ဘက်ကအရင်ဖုန်းချလိုက်ပြီး ကျိတ်ပြုံးနေလိုက်တယ်။

Chanyeolဒေါသတွေ ထွက်ပြီး ပေါက်ကွဲ နေမဲ့ပုံ မြင်ယောင်မိသေးရဲ့။

..............................................................................

ကျနော်ကတော့ ထုံးစံအတိုင်း တနေ့တာကို ကျောင်းနှင့် BAR တလှည့်စီ ဖြတ်သန်းရင်း အိမ်ပြန်ရောက်လာခဲ့သည်။

မနက်​မိုး​လင်းခါနီး အချိန်​မ​တော်

သီးသန့်ထားတဲ့ Ph RTသံ ထွက်​​ပေါ်လာကာ အဆက်မပြတ် မကိုင်မချင်းခေါ်နေသည်။

ဒီကောင် စလိုက်​တာ အတည်ထင်ပြီး ပြန်လက်စားချေနေတာလား။


"ငါ အိပ်ပျော်​​နေတာ..Chanyeol ... ဘာလို့ ခုမှလာဆက်တာလဲ "

"ငါချစ်တတ်သွားပြီထင်တယ်"

"BORR..."

တစ်ခါမှ Chanyeol ဆီက ဒီလိုစကားမျိုး မကြားဖူးတော့ အလန့်တကြား အော်လိုက်မိသည်။

"တိုးတိုးအော်ပါ လိပ်ပြာလွင့်တော့မှာပဲ...Phoneထဲ မလို့သာပေါ့"

မအော်ပဲနေနိုင်ပါ့မလား...တစ်သက်နဲ့ တစ်ကိုယ် ဒီလေသံ ဒီစကားမျိုး Park Chanyeolဆီက ယောင်လို့တောင် ထွက်လာခဲ့တာမှ မဟုတ်တာ။

"သူ့နာမည်က ဘယ်သူတဲ့လဲ ချောလား မင်းနဲ့ဘယ်လိုတွေ့တာလဲ "

Chanyeol စိတ်ဝင်စားတဲ့သူဆိုတော့ ဘယ်လို ပုံစံမျိုးလဲ သိချင်လာတာနဲ့ မေးခွန်းတွေသာ မရပ်မနား မေးလိုက်မိသည်။

"များလိုက်တဲ့မေးခွန်းတွေကွာ... တစ်ခုချင်းစီပြောပြပါ့မယ် ...ကြိုပြောမယ်နော် ငါပြောတာတွေ နားထောင်တာတော့ နားထောင်လို့ရတယ်... စိတ်နဲ့တောင် ယောင်လို့ မပစ်မှားနဲ့ဒါပဲ"

သေနာလေး...အခုမှ မမြင်ဖူး မူးမြစ်ထင်ပြီး ငယ်သူငယ်ချင်းကြီးကို ကက်ကက်လန်အောင် ပြောနေလိုက်တာများ အနားသာရှိနေရင် လည်ပင်းကိုထညှစ်ပစ်ချင်စရာ။

"အမလေး မင်းအကြောင်းသိပြီးသား စိတ်နဲ့လည်းမပစ်မှားဘူး ကိုယ်နဲ့လည်းမပစ်မှားဘူး အထာတွေကိုင်မနေနဲ့ ပြောမှာသာပြော"

"နာမည်က DD တဲ့ ငါပေးထားတာ ဟား ဟား သူများနဲ့ မတူချင်လို့ ... သူ့မျက်လုံးလေးတွေက ကလေးလေးလိုပဲ ဖြူစင်တယ် ...ပုံစံလေးကလည်း ချစ်စရာကောင်းတယ်...ရယ်လိုက်ရင်အသည်းပုံ နှုတ်ခမ်းလေးနဲ့ ... သူ့မျက်လုံးလေးတွေနဲ့ ငါ့ကိုစကြည့်တုန်းကဆိုလေ အသည်းယားလိုက်တာ...အရောင်လေးတွေ တလက်လက်နဲ့...ဘယ်လောက် တောက်ပလဲဆိုရင် ညဘက် ကြယ်လေးတွေတောင် အရှုံးပေးရလိမ့်ဦးမယ်"

လူကို မမြင်ရဘူးဆိုပြီး Chanyeolဆိုတဲ့ကောင် ထရိုက်ပစ်ချင်လာအောင် သိပ် Ro ပြနေတာပဲ။

"မင်းတင်စားနေတာ များသွားပြီ ကဗျာဆရာလည်း မဟုတ်ပဲ ဖွဲ့နွှဲ့ပြမနေနဲ့ ပြောစရာရှိတာဆက်ပြော"

"ငါပြောတာ လိုတောင်လိုသေးတယ် ငါတင်စားတာနည်းသေးတယ် ကြယ်တွေသာ စကားပြောတတ်ရင် ငါ့ DD လေးကို ကြည့်ပြီး မင်းအလှကို ငါတို့ အရှုံးပေးပါတယ်လို့ ပြောရလောက်အောင်အထိ ရှင်းပြီလား"

"ဘာ ငါ့DDလေး ဟုတ်လား Chanyeol မင်းအရင်က Chanyeol ဟုတ်ပါတယ်နော်...လူစားထိုးခံထားရတာလား"

"Ha Ha...မင်းပြောသလိုပဲ အရင်က Chanyeol မဟုတ်တော့ဘူး အခုက DDလေးရဲ့ Chanyeol ဖြစ်သွားပြီ"

DDဟုတ်လား... အလကား အပိုတွေ... Chanyeolဆိုတဲ့ကောင် မထားတော့လည်း မထားလို့။ တွေ့မဲ့တွေ့တော့လည်း လူကိုအမြင်ကတ်အောင် ပြောပြတတ်တယ်။

"ဘယ် ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတွေ လာရွတ်ပြနေတာလဲ"

"တစ်ကယ်ခံစားချက်တွေဟ...သူ့ကို စတွေ့လိုက်ရချိန် ရင်ခုန်သံတွေက ထိန်းချုပ်မရအောင် ဆူညံလာတယ် သူပြုံးပြလိုက်တာခဏလေးဆို ခဏလေးပါပဲ...ဒါပေမဲ့ အဲဒီခဏလေးအတွင်း သူ့အပြုံးက ဘယ်လောက်လှလဲဆိုရင် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီး အရာရာအားလုံး ငါမေ့သွားတဲ့အထိ မျက်လုံးထဲ သူ့အပြုံးတစ်ခုပဲ လွှမ်းမိုးသွားခဲ့တာ"

"တစ်သက်နဲ့တကိုယ် Mr.Chan ဆီက မကြားဖူးတာတွေ နားထောင်နေရတယ် ... အစ်ကို ဆေးမှား သောက်လာတာလား"

"တော်ပြီ မင်းက ငါ့အချစ်တွေကို ဟာသလုပ်တယ် မပြောတော့ဘူး"

တစ်ကယ်ကို စိတ်ထိခိုက်သွားတဲ့လေသံနဲ့။

ကျနော်ဒီတော့မှ လန့်သွားပြီး ပျာပျာသလဲ

"စတာပါ မင်းအချစ်ဦးကို ငါက ဟာသလုပ်ပါ့မလား ဆက်ပြော"

နောက်များဆို ဒီတစ်ယောက်နဲ့ပတ်သက်ပြီး သူ့ကို စကားနဲ့တောင် မစပဲနေမှရမယ်... ပုံစံကြည့်ရတာ ဆေးမမှီတော့ဘူးထင်တယ်

"သူက ငါ့ကို ပြန်ချစ်ပါ့မလား Kai...ငါက သူ့ကို ငါ့ဘေးနားပဲအမြဲ ခေါ်ထားချင်တာ...ဒီလိုမျိုး တွေးဖူးတာ ဘဝမှာ ပထမဆုံးအကြိမ်ပဲ"

"မင်းလုပ်နိုင်မှာပါ ... Fighting ... Chanyeol...မင်းအတွက် ငါက အဆင်သင့်ပဲ လိုတဲ့အကူညီသာပြော "

"အေးပါ ကျေးဇူးကွာ...မင်းလည်း ဆက်အိပ်တော့...အချိန်မတော်နှိုးပြီး ငါရင်ဖွင့်ပေးတာ နားထောင်ပေးလို့ တစ်ကယ်ကျေးဇူးတင်တာပါ"

ထူးထူးဆန်းဆန်း ဒီကောင် ဒီည ဘာတွေဖြစ်နေတာလဲ။

"ငါတို့ကြားမှာ ကျေးဇူးဆိုတာမလိုပါဘူး...မင်းသာ အိပ်ပျော်အောင်အိပ်...DD အကြောင်း သိပ်စဉ်းစားမနေနဲ့ဦး"

ဖုန်းချပြီးတာနဲ့ Chanyeolအတွက် စိတ်ထဲကနေပဲ ဆုတောင်းပေးလိုက်မိသည်။

Chanyeolချစ်တဲ့သူ Chanyeol ကို အမြန်ဆုံး ပြန်ချစ်ပေးနိုင်ဖို့ပေါ့ ...Chanyeolလိုလူကို မြင်မြင်ချင်းချစ်လာအောင် ပြုစားနိုင်တယ် ဆိုတော့ DD ဆိုတဲ့ ကောင်မလေးရဲ့ အရည်ချင်းက မသေးဘူးပဲ။

......................................................................

T.B.C.

Continue Reading

You'll Also Like

1.1M 50.4K 21
Pairing : Chanbaek Language : English **Yaoi** Baekhyun and Chanyeol were in a relationship before Chanyeol did debut.Chanyeol broke up with Baekhyun...
11.6K 1.1K 14
Update secedule - February restart ပါဗျ။ ငါ့အတွက် ရွေးချယ်ခွင့်တွေနောက်ထပ်ရှိလာမယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုက မင်းတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ.........
234K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...