Stephanotis

By mhuu99

10.1K 1.2K 20

This fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထ... More

Author's Note
Stephanotis Ch-1
Stephanotis ch-2
Stephanotis Ch-3
Stephanotis Ch-4
Stephanotis Ch-5
Stephanotis Ch-6
Stephanotis Ch-7
Stephanotis Ch-8
Stephanotis Ch-10
Stephanotis Ch-11
Stephanotis Ch-12 (Final Part)

Stephanotis Ch-9

528 83 2
By mhuu99

Unicode (zawgyi below)

Lucas' POV

Jungwoo နားမှာကျွန်တော်အမြဲနေပြီး အားပေးလာခဲ့တာ (၁) လနီးပါးလောက်ရှိလာပြီဖြစ်သည်။ ကျွန်တော့်စိတ်တွေအရမ်းရှုပ်ထွေးပြီးပြာယာခတ်နေခဲ့တာလည်း (၁) လလောက်ရှိပြီဖြစ်သည်။ စာရွက်အထပ်ထပ်ကိုကြည့်ရင်း list တွေကိုကြည့်ရင်း ဖုန်းတွေတောက်လျှောက်ဆက်မေးနေတာတွေကလည်း နေ့ရက်မပြတ်ဘဲ (၁) လလောက်ရှိပြီဖြစ်သည်။ ဟုတ်နိုးနိုးနဲ့မျှော်လင့်ချက်အထပ်ထပ်တွေနဲ့ ဟိုဆေးရုံသွားလိုက် ဟိုဌာနသွားလိုက်နဲ့ မအားခဲ့ရတာကလည်း (၁) လလောက်ရှိပြီဖြစ်သည်။

ဖုန်းနံပါတ်တွေဗလပွဖြစ်နေတဲ့ စာရွက်တွေကို ကျွန်တော် အိပ်ရာပေါ်ကနေပြန်စုလိုက်ပြီး ခုံပေါ်ပြန်ပစ်တင်လိုက်သည်။

ဆေးရုံဖုန်းနံပါတ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းရေးဌာနတွေရဲ့ဖုန်းနံပါတ်တိုင်းကို ကျွန်တော်နေ့တိုင်းဖုန်းဆက်ခေါ်ခဲ့ဖူးတယ်။

သူ့အတွက်မျက်ကြည်လွှာလေးများရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့။

သူမကြားနိုင်လောက်တဲ့နေရာကနေကျွန်တော်အမြဲဖုန်းဆက်ပြီးလိုက်စုံစမ်းနေခဲ့သလို..

သူ့ကိုခဏခဏထားသွားတယ်လို့သူထင်နေတဲ့အချိန်မှာ သူ့အတွက် မျက်ကြည်လွှာလေးရဖို့ ဆေးရုံတိုင်းကိုပြေးသွားနေရသလို လှူဒါန်းရေးဌာနတိုင်းကိုလည်းသွားနေရတာတွေ....

ကျွန်တော်ဇွဲကောင်းကောင်းနဲ့ရှာခဲ့ပေမယ့် "မရှိသေးပါဘူး" ဆိုတဲ့ တူညီတဲ့စကားလုံးတိုင်းကိုကျွန်တော်မကြားချင်တဲ့အဆုံးနားထောင်ခဲ့ရတယ်။

"ရရင်ကျွန်တော့်ကိုဆက်သွယ်ပါ" ဆိုတဲ့အမှာစကားနဲ့အတူကျွန်တော့်နာမည်နဲ့ဖုန်းနံပါတ်ကို ရောက်ရာနေရာတိုင်းကစာရွက်တိုင်းမှာချချရေးပေးခဲ့ရတာတွေ...

ကျွန်တော် သူ့ကိုဒီလိုဘဝမျိုးမှာမထားချင်တော့ဘူး...

"အချစ်မှာမျက်စိမရှိဘူး" လို့ပြောကြပေမယ့် နှလုံးသားမှာတော့မျက်စိရှိလို့ရတယ်မဟုတ်လား?

အမှောင်ကမ္ဘာထဲမှာ ခံစားချက်တွေနစ်မွန်းနေတဲ့ သူ့နှလုံးသားကို ကျွန်တော်ဆွဲထုတ်ပေးချင်လှပြီ။ ကျွန်တော့်ကိုချစ်တဲ့ သူ့ရဲ့အချစ်တွေကို သူ့နှလုံးသားကလွတ်လွတ်လပ်လပ်ခံစားပါစေ...

ကျွန်တော့်မှာ ဒီစိတ်ကလေးပဲရှိတယ်...

(၁) လလောက်ဆက်တိုက်ရှာလို့မှ ကိုရီးယားဘက်မှာ မရတော့ ကျွန်တော်နည်းနည်းတော့စိတ်ဓာတ်ကျမိသည်။

ကံတရားကလည်းတစ်ခါတစ်ရံမှာ လူသားတွေထက်တောင်ရက်စက်တတ်တယ်။

ဒီလောက်ထိဖြူစင်လွန်းတဲ့ ကလေးတစ်ယောက်ကိုမှ ဒီလိုရက်စက်မှုကြီးတွေကိုရက်ရက်ရောရောပေးခဲ့တယ် တဲ့

ကျွန်တော်လေယာဉ်လက်မှတ်ဌာနတစ်ခုကို ကျွန်တော့်ဇာတိမြို့ဖြစ်တဲ့ ဟောင်ကောင်ကိုသွားဖ်ု့ ဆက်သွယ်လိုက်မိသည်။

Jungwoo ကတော့ ကျွန်တော်သူ့ဘေးနားမှာမနေဘဲ ခရီးထွက်သွားတယ်ဆိုပြီး စိတ်ဆိုးနေတော့မှာပဲ ။

သူစိတ်ဆိုးရင်တော့ ကျွန်တော်ပြန်ချော့ဖို့အသင့်ဖြစ်နေပေမယ့် သူနာကျင်ရင်တော့ သူ့ခံစားချက်တွေကိုလိုက်သိမ်းယူရတာအင်မတန်ခက်ခဲလွန်းလို့ ဖြစ်နိုင်ရင် သူ့ကိုနတ်ဆေးရည်နဲ့အမြန်ပြန်ကောင်းစေချင်တာပဲသိတယ်။

အရာအားလုံးကို အချောသပ်ခဲ့ပြီးခါမှ သစ်သားအနာဟောင်းကိုပြန်လာထိုးသလို ဆုံစည်းခါနီးမှာမှ ကံတရားကလမ်းလွှဲလိုက်လို့ ကျွန်တော်ရော သူရော နာကျင်မှုတွေထပ်တူခံစားခဲ့ကြရတယ်...

***************

(၁) လကြာရင်ရပါမယ်ဆိုတဲ့ ဆင်တူလက်စွပ်ကိုသွားရွေးပြီးချင်းချင်း ကျွန်တော်ဆေးရုံကိုအမြန်ပြန်ခဲ့တယ်။ ဆင်တူလက်စွပ်ဗူးလေးကိုကိုင်ထားရင် တစ်ခုခုလိုအပ်နေသလိုကျွန်တော်ခံစားလိုက်ရတယ်။ လွန်ခဲ့တဲ့ (၁) လကမှာခဲ့တဲ့လက်စွပ်တောင်ရနေပြီဖြစ်ပေမယ့် ကျွန်တော်ရော Jungwoo ရောလိုအပ်နေတဲ့မျက်ကြည်လွှာကအခုထက်ထိမရသေးဘူးဖြစ်နေတာကြောင့်ပဲ...

အခန်းထဲဝင်တော့ Jungwoo ကိုညစာခွံ့ကျွေးနေတဲ့ Noona အပြင် ဦးလေးရော အန်တီရောကိုပါ လူစုံအောင်တွေ့လိုက်ရသည်

Jungwoo ကျွန်တော်ရောက်လာတာကိုအာရုံမရခင် အန်တီ့ကို အခန်းထဲကနေခဏထွက်ခဲ့ဖို့ လက်ယက်ခေါ်လိုက်တယ်။

"ဘာဖြစ်လို့လဲ သား"

"ကျွန်တော် မနက်ဖြန်လောက်ဟောင်ကောင်ကိုသွားမလို့"

ကျွန်တော်ပြောလိုက်တော့ အန်တီ့ဆီကအံ့သြတဲ့အမူအရာတွေသိသိသာသာထွက်လာတယ်

Jungwoo ကကျွန်တော့်ကိုဒီလောက်လိုအပ်နေတဲ့အချိန်မှာ Jungwoo နားမှာမနေဘဲ ဟောင်ကောင်ကိုသွားမယ်? ဆိုတဲ့အမူအရာမှန်းကျွန်တော်ချက်ချင်းသိလိုက်ရတယ်

"ကိုရီးယားဘက်မှာ ရှာတာ အချိန်လည်းကြာနေပြီ! ကျွန်တော်ဟောင်ကောင်ဘက်မှာသွားရှာကြည့်ချင်တယ်"

ကျွန်တော်ကရှင်းပြလိုက်တော့ အန်တီက ခေါင်းသာညိတ်ပြသည်။

ကြည့်ရတာသူလည်းတဖြည်းဖြည်းမျှော်လင့်ချက်မဲ့လာတဲ့အနေအထားမှာရှိတယ်

"အကယ်၍ ဟောင်ကောင်ဘက်မှာမရခဲ့ရင်...."

အန်တီကကျွန်တော့်ကို မတည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့သည်။

"ကျွန်တော်ကိုယ်တိုင် Jungwoo အတွက်မျက်ကြည်လွှာအလှူရှင်လုပ်မယ်"

ကျွန်တော့်စကားအဆုံးမှာ အန်တီက ခြောက်ခြားစွာနဲ့ကျွန်တော့်လက်ကိုကိုင်လာတယ်

"သားရယ်.... အဲ့လိုတော့မလုပ်ပါနဲ့။ သားအဲ့လိုတွေးတာအရမ်းမှားတယ်နော်"

"ကျွန်တော် ..... Jungwoo ကိုဒီလိုဘဝမှာကြာကြာမထားချင်ဘူး ....."

"အန်တီလက်ခံမယ်များထင်နေလား?"

အန်တီက ဒေါသတကြီးအမူအရာတွေနဲ့စကားကိုဆက်လာတော့ကျွန်တော်အနည်းငယ်အံ့သြသွားတယ်

"Jungwoo ကအန်တီ့သားဖြစ်နေလို့ Jungwoo ဘက်ကပဲတစ်ဖက်သက်လုံးဝမတွေးခဲ့ဘူး။ Jungwoo ကိုချစ်ပေးတဲ့ မင်းကိုလည်း အန်တီသားအရင်းလိုချစ်တယ် သားတစ်ယောက်ကဒီလိုဖြစ်နေတဲ့အချိန်မှာနောက်သားတစ်ယောက်ကိုမျက်မမြင်ဘဝထဲရောက်ဖို့အန်တီတွန်းအားမပေးသလို လက်လည်းမခံနိုင်ဘူး။ မင်းဒီလိုလုပ်လိုက်လို့ရော Jungwoo ကပျော်နိုင်မယ်ထင်နေလား?"

အန်တီ့ရဲ့နောက်ဆုံးမေးခွန်းကိုပြန်ဖြေဖို့ကျွန်တော်တွေဝေပြီးငိုင်ကျခဲ့ရတယ်

"အရင်တစ်ခါက မင်းတို့အတူ Night out ထွက်တုန်း လူရမ်းကားအုပ်စုနဲ့တွေ့ပြီးရန်ဖြစ်ခဲ့ကြတာကို အန်တီမှတ်မိသေးတယ်။ အဲ့နေ့ကတည်းက Jungwoo မင်းကိုအဆက်အသွယ်မလုပ်လို့ဆိုပြီး မင်းတောင်အိမ်အထိလိုက်လာသေးတယ်လေ... မင်းကိုအဆက်အသွယ်မလုပ်တဲ့ ရက်ပိုင်းတွေမှာ Jungwoo ကအခန်းထဲကနေမထွက်ဘဲကြိတ်ငိုနေခဲ့တာတွေ အန်တီအကုန်သိတယ်။ သူ့ကြောင့်မင်းဒဏ်ရာရပါတယ်ဆိုပြီး ယူကျုံးမရဖြစ်ခဲ့တာတွေ....."

"......."

"ဒဏ်ရာသေးသေးလေးနဲ့တောင်ဒီလောက်ခံစားနေရရင် သူ့ကြောင့်မင်းမျက်လုံးတွေကွယ်ခဲ့ရပါတယ်ဆိုရင် Jungwoo ဘယ်လောက်တောင်နာကျင်ရမလဲဆိုတာမင်းနည်းနည်းမှစဉ်းစားမိဘူးလား"

ကျွန်တော်လက်ထဲမှာကိုင်ထားတဲ့ ဆင်တူလက်စွပ်ဗူးအနီရောင်လေးကို လျော့တိလျော့ရဲနဲ့မနည်းကိုင်ထားလိုက်ရတယ်

ကျွန်တော် စိတ်မနိုင်တော့မှုကြောင့် မတ်မတ်မရပ်နိုင်တော့ဘဲ ခြေလှမ်းတစ်လှမ်းအနောက်ဆုတ်မိကာ ကိုယ်တစ်ချက်ယိုင်သွားခဲ့တယ်။

"လက်စွပ်ဗူးမလား"

အန်တီက ကျွန်တော့်လက်ထဲက အနိရောင်ဗူးကိုကြည့်ပြီးမေးလာတယ်

"nae"

"မင်းကို Jungwoo စောင့်နေတော့မှာ! အခန်းထဲဝင်တော့ ! အန်တီတို့ပြန်တော့မယ်။ အန်တီပြောခဲ့တာတွေကိုမင်းလုံးဝမမေ့ပါနဲ့"

ကျွန်တော်ခေါင်းသာညိတ်ပြလိုက်ပြီး အခန်းထဲကိုခပ်လေးလေးနဲ့ဝင်သွားလိုက်သည်။ ကျွန်တော် အခန်းထဲဝင်ပြီးတော့ အန်တီတို့ကလည်း အိမ်ပြန်ဖို့အခန်းထဲကနေထွက်သွားခဲ့ကြတယ်

"Lucas လား"

ကျွန်တော်အသံမပေးရသေးပါဘဲနဲ့ Jungwoo ကတပ်အပ်မေးလာခဲ့တယ်

သူကျွန်တော့်ကိုမျှော်နေခဲ့တာ....

ကျွနိတော်သူ့ဘေးကနေမရှိတော့တဲ့ စက္ကန့်ပိုင်းအချိန်လေးကနေ စက္ကန့်ပေါင်းထောင်သောင်းများစွာအထိကို သူကျွန်တော့်ကိုမျှော်နေခဲ့တာ...

ကျွန်တော်သူ့ဆီလာတဲ့ ခြေသံတွေကိုသူအမြဲနားစွင့်နေခဲ့တာ...

ကျွန်တော့်ရဲ့ခြေသံတွေကို သူအမြဲမျှော်နေခဲ့တာ

ကျွန်တော့်ရဲ့ခြေသံကိုတောင်အလွတ်မှတ်ထားနိုင်တဲ့ ကလေးတစ်ယောက်ကို ကျွန်တော်ထပ်ပြီးနာကျင်မှုတွေမခံစားစေချင်တော့ဘူး!

"ညစာကောင်းကောင်းစားရဲ့လား ကလေး"

မဆီမဆိုင်သောမေးခွန်းကို ကျွန်တော်မေးလိုက်မိပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်သိချင်နေတာက ဒါမှမဟုတ်ခဲ့တာ။

"နာကျင်ပြီးမွန်းကြပ်နေခဲ့ရတာဘယ်လောက်ကြာခဲ့ပြီလဲ ကလေးရယ် ကိုယ့်ကိုပြောချလိုက်စမ်းပါ ခံစားနေရသမျှတွေ ကိုယ်ပါအတူလိုက်နာကျင်ချင်လွန်းလို့ ဒီလိုမင်းမသိဘဲနဲ့ မင်းရဲ့ခံစားချက်တွေကိုနှိုက်ယူပြီးလိုက်နာကျင်နေရတာအားမရတော့လို့ပါ" ဆိုပြီးပြောပစ်လိုက်ချင်တာ...

ဒါပေမယ့် ကျွနိတော်ပြောမထွက်ခဲ့ဘူး

သူ့ကိုမျက်ရည်မကျစေချင်လို့ပေါ့....

ကျွန်တော်သူ့ဘေးမှာထိုင်ပြီး သူ့လက်ကိုကိုင်လိုက်တော့ သူ့အပြုံးလေးကိုအားမရစွာနဲ့မြင်လိုက်ရတယ်။ ပွင့်လန်းချိန်မတန်သေးလို့ ပွင့်ဖတ်နည်းနည်းသာဟနေတဲ့ ပန်းတစ်ပွင့်လို သူ့အပြုံးတွေကလည်း ချိုမြိန်မှုတွေမပြည့်ခဲ့ဘူး

"ကိုယ်... လက်စွပ် order တင်လိုက်တာဒီနေ့ပဲရလာတယ်"

ကျွန်တော်ပြောလိုက်တော့ သူ့ရဲ့အပြုံးတွေပျောက်သွားပြီး နှုတ်ခမ်း ၂ လွှာကအနည်းငယ်ဟသွားတယ်

"ဘယ်တုန်းက... မင်းဘာလို့ .... ဒါတွေလျှောက်လုပ်နေရတာလဲ...."

"မင်းကငါ့အတွက်တစ်ယောက်တည်းဆိုတာ အတည်ပြုထားချင်လို့ပါ...."

ကျွန်တော်ဘက်ကစကားပြောလိုက်ပေမယ့် သူကတော့တုန့်ပြန်ခြင်းတွေမရှိခဲ့ဘူး

Lucas' POV End

***************

Jungwoo's POV

"မင်းကငါ့အတွက်တစ်ယောက်တည်းဆိုတာ အတည်ပြုထားချင်လို့ပါ...."

ကျွန်တော့်ရဲ့လက်တွေကိုသူဆွဲယူလိုက်ပြီး ဘယ်ဘက်လက်သန်းကြွယ်ကို လက်စွပ်ကလေးစွပ်ပေးလိုက်တယ်။

"ငါနဲ့လိုက်လား..ဟင်"

ကျွန်တော်နာကျင်မှုတွေနဲံအတူမေးလိုက်တော့

"ကလေးကြိုက်မယ့်ပုံစံလေးပဲဝယ်ခဲ့တာပဲ မလိုက်ဘဲနေမလား"

ခံစားနေရတဲ့နာကျင်မှုတွေထဲကနေ ကြည်နူးမှုလေးတစ်ချို့ကို ကျွနိတော့်နှလုံးသားရဲ့အရေပြားတွေကထိတွေ့လိုက်မိသည်။

ကျန်တဲ့လက်တစ်ဖက်နဲ့ သူလက်စွပ်ဝတ်ပေးလိုက်တဲ့လက်သူကြွယ်ကို ပွတ်သက်ပြီးစမ်းလိုက်မိသည်။

လက်ထပ်လက်စွပ်ဆိုရင် အဖြတ်အဆက်တွေမပါဘဲနဲ့ ရိုးရိုးရှင်းရှင်းလေးလုပ်ရတယ်လို့ အမေတစ်ခါပြောဖူးတာကိုကျွန်တော်သတိရလိုက်သည်။

ဒါပေမယ့် စမ်းကြည့်လိုက်တော့ ရွှေကွင်းတစ်ကွင်းတည်းလုပ်လာတာမဟုတ်ဘဲ အဖုအထစ်လေးတွေကိုကျွန်တော်ခံစားလိုက်ရတယ်

ဘေးနားမှာ ပြောင်ချောမနေတဲ့ အနားလေးတွေ။

အလယ်မှာက ထိတွေ့စမ်းလို့ရတဲ့ဖုဖုလုံးလုံးအရာလေး

မမြင်ရပေမယ့်ကျွန်တော်ဝတ်ထားတဲ့ လက်ထပ်လက်စွပ်လေးကိုတော့မြတ်နိုးစွာထိတွေ့စမ်းသပ်နေမိသည်။

"အလယ်က ဘာလေးလဲ ဟင်? စိန်ပွင့်လေးလား"

"inn ဟုတ်တယ်။ ဘေးက ခြယ်လေးတွေလိုက်မှုန်ထားတာ"

လက်စွပ်လေးကိုစမ်းနေရင်း ကျွန်တော့်ရင်ထဲကအရမ်းနာကျင်လာတာကိုသတိထားလိုက်မိသည်။

ကျွန်တော်ဟာ ပျော်ရွှင်မှုကိုတောင်နာကျင်ရင်းနဲ့ခံစားနေရတဲ့လူသားတစ်ယောက်ထက်ဘာမှမပိုတော့ဘူးလား?

"ကိုယ်လည်းဝတ်ထားတယ် စမ်းကြည့်"

Lucas လက်ရွှေ့ပေးတဲ့နေရာကိုစမ်းကြည့်လိုက်တော့လည်း ကျွန်တော်ဝတ်ထားတဲ့လက်စွပ်နဲ့ပုံဏ္ဍာန်တူတယ်။

သူ့ကို ကျွန်တော့်ရဲ့နှလုံးသားတစ်ခုလုံးနဲ့သာမက သွေးကြောမျှင်လေးတွေကနေကိုချစ်ခဲ့ရတာကြောင့် မမြင်မတွေ့ရတဲ့အခုလိုအချိန်မှာ ကျွန်တော့်နှလုံးသားရဲ့အချိုးအကွေ့ထောင့်နေရာလေးတွေကအစအရမ်းနာကျင်နေရပြီဖြစ်သည်။

ကျွန်တော်နှုတ်ခမ်းကိုနာနာကိုက်ထားတဲ့ကြားက မျက်ရည်တွေစီးကျလာမိတယ်

နာကျင်ရလွန်းလို့ ရှင်သန်မှုဆိုတာကိုတောင်ကျွန်တော်မသိခဲ့တော့တာ အချိန်တွေကြာမြင့်ခဲ့ပါပြီ

"ကလေးရယ်.... * sob*"

ကျွန်တော့်မျက်ရည်ကိုသုတ်ပေးနေရင်းက ကျွန်တော့်ရင်ထဲကမဟုတ်တဲ့ အခြားနှလုံးသားတစ်ခုဆီကရှိုက်သံတစ်ခုကိုကျွန်တော်ကြားလိုက်ရတယ်။

"မငိုရဘူး! မင်းဘယ်လောက်ထိတောင်ခံစားလိုက်ရသလဲဟင်"

သူငိုနေပေမယ့်အသံတွေကိုထိန်းပြီး ကျွန်တော့်ကိုမေးနေတာကိုသိတယ်။

"ငါ... ငါ ..... မင်းနဲ့အတူနေချင်ခဲ့တာ.. *sob* ... ဒါပေမယ့်ဆန္ဒတွေပြည့်တဲ့အချိန်မှာ ... ငါ့ကို လောကကြီးကပစ်ပယ်ထားတဲ့အချိန်... ကိုရောက်နေခဲ့ပြီ *sob* ... မင်းဘာကြောင့် ငါ့လို... မပြည့်စုံတဲ့လူကိုမှ .... ခေါင်းမာမာနဲ့ရွေးခဲ့ရတာလဲ.... အရာအားလုံးကိုအသစ်က.... *sob*. ပြန်စခွင့်ရရင် ..... မင်းရဲ့အချစ်တွေကိုငါရှောင်ဖယ်ခဲ့ပါ့မယ် ....*sob*. "

" ပြည့်စုံတာတွေ မပြည့်စုံတာတွေငါမသိဘူး ,... ငါသိတာ မင်းကိုငါသိပ်ချစ်တယ် .... မင်းရဲ့အမှောင်ထဲကမထွက်နိုင်သေးတဲ့ အခုဘဝကိုတောင်.... ငါသိပ်ချစ်တယ်.... Jungwoo ...."

ကျွန်တော် သူ့ရဲ့လက်အကုအညီနဲ့ သူ့ရဲ့ဂုတ်ပိုးနားမှာသိုင်းဖက်ရင်း ငိုချလိုက်မိသည်။

သူ့ဆီက ရှိုက်သံအချို့ကိုလည်းကျွန်တော်ကြားနေရတယ်။

" အမှောင်ထဲမှာနေနေရလို့ ငါအလင်းကိုအရမ်းတောင့်တနေပြီလို့မင်းထင်နေလား?? *sob* .... ဒါပေမယ့် အမှောင်ထုထဲက ....*sob* .... အလင်းတန်းတစ်ခုကိုငါမြတ်နိုးတယ် ... ဒါဟာ ငါ မင်းကိုချစ်နေရတဲ့အကြောင်းရင်းတစ်ခုပဲ..."

Jungwoo's POV End




Zawgyi ver

Lucas' POV

Jungwoo နားမွာကၽြန္ေတာ္အၿမဲေနၿပီး အားေပးလာခဲ့တာ (၁) လနီးပါးေလာက္ရွိလာၿပီျဖစ္သည္။ ကၽြန္ေတာ့္စိတ္ေတြအရမ္းရႈပ္ေထြးၿပီးျပာယာခတ္ေနခဲ့တာလည္း (၁) လေလာက္ရွိၿပီျဖစ္သည္။ စာရြက္အထပ္ထပ္ကိုၾကည့္ရင္း list ေတြကိုၾကည့္ရင္း ဖုန္းေတြေတာက္ေလွ်ာက္ဆက္ေမးေနတာေတြကလည္း ေန႔ရက္မျပတ္ဘဲ (၁) လေလာက္ရွိၿပီျဖစ္သည္။ ဟုတ္ႏိုးႏိုးနဲ႔ေမွ်ာ္လင့္ခ်က္အထပ္ထပ္ေတြနဲ႔ ဟိုေဆး႐ုံသြားလိုက္ ဟိုဌာနသြားလိုက္နဲ႔ မအားခဲ့ရတာကလည္း (၁) လေလာက္ရွိၿပီျဖစ္သည္။

ဖုန္းနံပါတ္ေတြဗလပြျဖစ္ေနတဲ့ စာရြက္ေတြကို ကၽြန္ေတာ္ အိပ္ရာေပၚကေနျပန္စုလိုက္ၿပီး ခုံေပၚျပန္ပစ္တင္လိုက္သည္။

ေဆး႐ုံဖုန္းနံပါတ္ေတြနဲ႔ ကိုယ္အဂၤါအစိတ္အပိုင္းလွဴဒါန္းေရးဌာနေတြရဲ႕ဖုန္းနံပါတ္တိုင္းကို ကၽြန္ေတာ္ေန႔တိုင္းဖုန္းဆက္ေခၚခဲ့ဖူးတယ္။

သူ႔အတြက္မ်က္ၾကည္လႊာေလးမ်ားရမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔။

သူမၾကားႏိုင္ေလာက္တဲ့ေနရာကေနကၽြန္ေတာ္အၿမဲဖုန္းဆက္ၿပီးလိုက္စုံစမ္းေနခဲ့သလို..
သူ႔ကိုခဏခဏထားသြားတယ္လို႔သူထင္ေနတဲ့အခ်ိန္မွာ သူ႔အတြက္ မ်က္ၾကည္လႊာေလးရဖို႔ ေဆး႐ုံတိုင္းကိုေျပးသြားေနရသလို လွဴဒါန္းေရးဌာနတိုင္းကိုလည္းသြားေနရတာေတြ....

ကၽြန္ေတာ္ဇြဲေကာင္းေကာင္းနဲ႔ရွာခဲ့ေပမယ့္ "မရွိေသးပါဘူး" ဆိုတဲ့ တူညီတဲ့စကားလုံးတိုင္းကိုကၽြန္ေတာ္မၾကားခ်င္တဲ့အဆုံးနားေထာင္ခဲ့ရတယ္။

"ရရင္ကၽြန္ေတာ့္ကိုဆက္သြယ္ပါ" ဆိုတဲ့အမွာစကားနဲ႔အတူကၽြန္ေတာ့္နာမည္နဲ႔ဖုန္းနံပါတ္ကို ေရာက္ရာေနရာတိုင္းကစာရြက္တိုင္းမွာခ်ခ်ေရးေပးခဲ့ရတာေတြ...

ကၽြန္ေတာ္ သူ႔ကိုဒီလိုဘဝမ်ိဳးမွာမထားခ်င္ေတာ့ဘူး...

"အခ်စ္မွာမ်က္စိမရွိဘူး" လို႔ေျပာၾကေပမယ့္ ႏွလုံးသားမွာေတာ့မ်က္စိရွိလို႔ရတယ္မဟုတ္လား?
အေမွာင္ကမ႓ာထဲမွာ ခံစားခ်က္ေတြနစ္မြန္းေနတဲ့ သူ႔ႏွလုံးသားကို ကၽြန္ေတာ္ဆြဲထုတ္ေပးခ်င္လွၿပီ။ ကၽြန္ေတာ့္ကိုခ်စ္တဲ့ သူ႕ရဲ႕အခ်စ္ေတြကို သူ႕ႏွလုံးသားကလြတ္လြတ္လပ္လပ္ခံစားပါေစ...
ကၽြန္ေတာ့္မွာ ဒီစိတ္ကေလးပဲရွိတယ္...

(၁) လေလာက္ဆက္တိုက္ရွာလို႔မွ ကိုရီးယားဘက္မွာ မရေတာ့ ကၽြန္ေတာ္နည္းနည္းေတာ့စိတ္ဓာတ္က်မိသည္။

ကံတရားကလည္းတစ္ခါတစ္ရံမွာ လူသားေတြထက္ေတာင္ရက္စက္တတ္တယ္။
ဒီေလာက္ထိျဖဴစင္လြန္းတဲ့ ကေလးတစ္ေယာက္ကိုမွ ဒီလိုရက္စက္မႈႀကီးေတြကိုရက္ရက္ေရာေရာေပးခဲ့တယ္ တဲ့

ကၽြန္ေတာ္ေလယာဥ္လက္မွတ္ဌာနတစ္ခုကို ကၽြန္ေတာ့္ဇာတိၿမိဳ႕ျဖစ္တဲ့ ေဟာင္ေကာင္ကိုသြားဖ္ု႔ ဆက္သြယ္လိုက္မိသည္။

Jungwoo ကေတာ့ ကၽြန္ေတာ္သူ႕ေဘးနားမွာမေနဘဲ ခရီးထြက္သြားတယ္ဆိုၿပီး စိတ္ဆိုးေနေတာ့မွာပဲ ။

သူစိတ္ဆိုးရင္ေတာ့ ကၽြန္ေတာ္ျပန္ေခ်ာ့ဖို႔အသင့္ျဖစ္ေနေပမယ့္ သူနာက်င္ရင္ေတာ့ သူ႔ခံစားခ်က္ေတြကိုလိုက္သိမ္းယူရတာအင္မတန္ခက္ခဲလြန္းလို႔ ျဖစ္ႏိုင္ရင္ သူ႔ကိုနတ္ေဆးရည္နဲ႔အျမန္ျပန္ေကာင္းေစခ်င္တာပဲသိတယ္။

အရာအားလုံးကို အေခ်ာသပ္ခဲ့ၿပီးခါမွ သစ္သားအနာေဟာင္းကိုျပန္လာထိုးသလို  ဆုံစည္းခါနီးမွာမွ ကံတရားကလမ္းလႊဲလိုက္လို႔ ကၽြန္ေတာ္ေရာ သူေရာ နာက်င္မႈေတြထပ္တူခံစားခဲ့ၾကရတယ္...

***************

(၁) လၾကာရင္ရပါမယ္ဆိုတဲ့ ဆင္တူလက္စြပ္ကိုသြားေရြးၿပီးခ်င္းခ်င္း ကၽြန္ေတာ္ေဆး႐ုံကိုအျမန္ျပန္ခဲ့တယ္။ ဆင္တူလက္စြပ္ဗူးေလးကိုကိုင္ထားရင္ တစ္ခုခုလိုအပ္ေနသလိုကၽြန္ေတာ္ခံစားလိုက္ရတယ္။ လြန္ခဲ့တဲ့ (၁) လကမွာခဲ့တဲ့လက္စြပ္ေတာင္ရေနၿပီျဖစ္ေပမယ့္ ကၽြန္ေတာ္ေရာ Jungwoo ေရာလိုအပ္ေနတဲ့မ်က္ၾကည္လႊာကအခုထက္ထိမရေသးဘူးျဖစ္ေနတာေၾကာင့္ပဲ...

အခန္းထဲဝင္ေတာ့ Jungwoo ကိုညစာခြံ႔ေကၽြးေနတဲ့ Noona အျပင္ ဦးေလးေရာ အန္တီေရာကိုပါ လူစုံေအာင္ေတြ႕လိုက္ရသည္

Jungwoo ကၽြန္ေတာ္ေရာက္လာတာကိုအာ႐ုံမရခင္ အန္တီ့ကို အခန္းထဲကေနခဏထြက္ခဲ့ဖို႔ လက္ယက္ေခၚလိုက္တယ္။

"ဘာျဖစ္လို႔လဲ သား"

"ကၽြန္ေတာ္ မနက္ျဖန္ေလာက္ေဟာင္ေကာင္ကိုသြားမလို႔"

ကၽြန္ေတာ္ေျပာလိုက္ေတာ့ အန္တီ့ဆီကအံ့ၾသတဲ့အမူအရာေတြသိသိသာသာထြက္လာတယ္
Jungwoo ကကၽြန္ေတာ့္ကိုဒီေလာက္လိုအပ္ေနတဲ့အခ်ိန္မွာ Jungwoo နားမွာမေနဘဲ ေဟာင္ေကာင္ကိုသြားမယ္? ဆိုတဲ့အမူအရာမွန္းကၽြန္ေတာ္ခ်က္ခ်င္းသိလိုက္ရတယ္

"ကိုရီးယားဘက္မွာ ရွာတာ အခ်ိန္လည္းၾကာေနၿပီ! ကၽြန္ေတာ္ေဟာင္ေကာင္ဘက္မွာသြားရွာၾကည့္ခ်င္တယ္"

ကၽြန္ေတာ္ကရွင္းျပလိုက္ေတာ့ အန္တီက ေခါင္းသာညိတ္ျပသည္။
ၾကည့္ရတာသူလည္းတျဖည္းျဖည္းေမွ်ာ္လင့္ခ်က္မဲ့လာတဲ့အေနအထားမွာရွိတယ္

"အကယ္၍ ေဟာင္ေကာင္ဘက္မွာမရခဲ့ရင္...."

အန္တီကကၽြန္ေတာ့္ကို မတည္ၿငိမ္တဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနခဲ့သည္။

"ကၽြန္ေတာ္ကိုယ္တိုင္ Jungwoo အတြက္မ်က္ၾကည္လႊာအလွဴရွင္လုပ္မယ္"

ကၽြန္ေတာ့္စကားအဆုံးမွာ အန္တီက ေျခာက္ျခားစြာနဲ႔ကၽြန္ေတာ့္လက္ကိုကိုင္လာတယ္

"သားရယ္.... အဲ့လိုေတာ့မလုပ္ပါနဲ႔။ သားအဲ့လိုေတြးတာအရမ္းမွားတယ္ေနာ္"

"ကၽြန္ေတာ္ ..... Jungwoo ကိုဒီလိုဘဝမွာၾကာၾကာမထားခ်င္ဘူး ....."

"အန္တီလက္ခံမယ္မ်ားထင္ေနလား?"

အန္တီက ေဒါသတႀကီးအမူအရာေတြနဲ႕စကားကိုဆက္လာေတာ့ကၽြန္ေတာ္အနည္းငယ္အံ့ၾသသြားတယ္

"Jungwoo ကအန္တီ့သားျဖစ္ေနလို႔ Jungwoo ဘက္ကပဲတစ္ဖက္သက္လုံးဝမေတြးခဲ့ဘူး။ Jungwoo ကိုခ်စ္ေပးတဲ့ မင္းကိုလည္း အန္တီသားအရင္းလိုခ်စ္တယ္ သားတစ္ေယာက္ကဒီလိုျဖစ္ေနတဲ့အခ်ိန္မွာေနာက္သားတစ္ေယာက္ကိုမ်က္မျမင္ဘဝထဲေရာက္ဖို႔အန္တီတြန္းအားမေပးသလို လက္လည္းမခံႏိုင္ဘူး။ မင္းဒီလိုလုပ္လိုက္လို႔ေရာ Jungwoo ကေပ်ာ္ႏိုင္မယ္ထင္ေနလား?"

အန္တီ့ရဲ႕ေနာက္ဆုံးေမးခြန္းကိုျပန္ေျဖဖို႔ကၽြန္ေတာ္ေတြေဝၿပီးငိုင္က်ခဲ့ရတယ္

"အရင္တစ္ခါက မင္းတို႔အတူ Night out ထြက္တုန္း လူရမ္းကားအုပ္စုနဲ႔ေတြ႕ၿပီးရန္ျဖစ္ခဲ့ၾကတာကို အန္တီမွတ္မိေသးတယ္။ အဲ့ေန႔ကတည္းက Jungwoo မင္းကိုအဆက္အသြယ္မလုပ္လို႔ဆိုၿပီး မင္းေတာင္အိမ္အထိလိုက္လာေသးတယ္ေလ... မင္းကိုအဆက္အသြယ္မလုပ္တဲ့ ရက္ပိုင္းေတြမွာ Jungwoo ကအခန္းထဲကေနမထြက္ဘဲႀကိတ္ငိုေနခဲ့တာေတြ အန္တီအကုန္သိတယ္။ သူ႔ေၾကာင့္မင္းဒဏ္ရာရပါတယ္ဆိုၿပီး ယူက်ံဳးမရျဖစ္ခဲ့တာေတြ....."

"......."

"ဒဏ္ရာေသးေသးေလးနဲ႔ေတာင္ဒီေလာက္ခံစားေနရရင္ သူ႔ေၾကာင့္မင္းမ်က္လုံးေတြကြယ္ခဲ့ရပါတယ္ဆိုရင္ Jungwoo ဘယ္ေလာက္ေတာင္နာက်င္ရမလဲဆိုတာမင္းနည္းနည္းမွစဥ္းစားမိဘူးလား"

ကၽြန္ေတာ္လက္ထဲမွာကိုင္ထားတဲ့ ဆင္တူလက္စြပ္ဗူးအနီေရာင္ေလးကို ေလ်ာ့တိေလ်ာ့ရဲနဲ႔မနည္းကိုင္ထားလိုက္ရတယ္

ကၽြန္ေတာ္ စိတ္မႏိုင္ေတာ့မႈေၾကာင့္ မတ္မတ္မရပ္ႏိုင္ေတာ့ဘဲ ေျခလွမ္းတစ္လွမ္းအေနာက္ဆုတ္မိကာ ကိုယ္တစ္ခ်က္ယိုင္သြားခဲ့တယ္။

"လက္စြပ္ဗူးမလား"

အန္တီက ကၽြန္ေတာ့္လက္ထဲက အနိေရာင္ဗူးကိုၾကည့္ၿပီးေမးလာတယ္

"nae"

"မင္းကို Jungwoo ေစာင့္ေနေတာ့မွာ! အခန္းထဲဝင္ေတာ့ ! အန္တီတို႔ျပန္ေတာ့မယ္။ အန္တီေျပာခဲ့တာေတြကိုမင္းလုံးဝမေမ့ပါနဲ႔"

ကၽြန္ေတာ္ေခါင္းသာညိတ္ျပလိုက္ၿပီး အခန္းထဲကိုခပ္ေလးေလးနဲ႔ဝင္သြားလိုက္သည္။ ကၽြန္ေတာ္ အခန္းထဲဝင္ၿပီးေတာ့ အန္တီတို႔ကလည္း အိမ္ျပန္ဖို႔အခန္းထဲကေနထြက္သြားခဲ့ၾကတယ္

"Lucas လား"

ကၽြန္ေတာ္အသံမေပးရေသးပါဘဲနဲ႔ Jungwoo ကတပ္အပ္ေမးလာခဲ့တယ္
သူကၽြန္ေတာ့္ကိုေမွ်ာ္ေနခဲ့တာ....
ကၽြနိေတာ္သူ႕ေဘးကေနမရွိေတာ့တဲ့ စကၠန္႔ပိုင္းအခ်ိန္ေလးကေန စကၠန္႔ေပါင္းေထာင္ေသာင္းမ်ားစြာအထိကို  သူကၽြန္ေတာ့္ကိုေမွ်ာ္ေနခဲ့တာ...
ကၽြန္ေတာ္သူ႔ဆီလာတဲ့ ေျခသံေတြကိုသူအၿမဲနားစြင့္ေနခဲ့တာ...
ကၽြန္ေတာ့္ရဲ႕ေျခသံေတြကို သူအၿမဲေမွ်ာ္ေနခဲ့တာ

ကၽြန္ေတာ့္ရဲ႕ေျခသံကိုေတာင္အလြတ္မွတ္ထားႏိုင္တဲ့ ကေလးတစ္ေယာက္ကို ကၽြန္ေတာ္ထပ္ၿပီးနာက်င္မႈေတြမခံစားေစခ်င္ေတာ့ဘူး!

"ညစာေကာင္းေကာင္းစားရဲ႕လား ကေလး"

မဆီမဆိုင္ေသာေမးခြန္းကို ကၽြန္ေတာ္ေမးလိုက္မိေပမယ့္ တကယ္တမ္းက်ေတာ့ ကၽြန္ေတာ္သိခ်င္ေနတာက ဒါမွမဟုတ္ခဲ့တာ။

"နာက်င္ၿပီးမြန္းၾကပ္ေနခဲ့ရတာဘယ္ေလာက္ၾကာခဲ့ၿပီလဲ ကေလးရယ္ ကိုယ့္ကိုေျပာခ်လိုက္စမ္းပါ ခံစားေနရသမွ်ေတြ ကိုယ္ပါအတူလိုက္နာက်င္ခ်င္လြန္းလို႔  ဒီလိုမင္းမသိဘဲနဲ႔ မင္းရဲ႕ခံစားခ်က္ေတြကိုနိႈက္ယူၿပီးလိုက္နာက်င္ေနရတာအားမရေတာ့လို႔ပါ" ဆိုၿပီးေျပာပစ္လိုက္ခ်င္တာ...

ဒါေပမယ့္ ကၽြနိေတာ္ေျပာမထြက္ခဲ့ဘူး
သူ႔ကိုမ်က္ရည္မက်ေစခ်င္လို႔ေပါ့....

ကၽြန္ေတာ္သူ႔ေဘးမွာထိုင္ၿပီး သူ႔လက္ကိုကိုင္လိုက္ေတာ့ သူ႔အျပံဳးေလးကိုအားမရစြာနဲ႔ျမင္လိုက္ရတယ္။ ပြင့္လန္းခ်ိန္မတန္ေသးလို႔ ပြင့္ဖတ္နည္းနည္းသာဟေနတဲ့ ပန္းတစ္ပြင့္လို သူ႔အျပံဳးေတြကလည္း ခ်ိဳၿမိန္မႈေတြမျပည့္ခဲ့ဘူး

"ကိုယ္... လက္စြပ္ order တင္လိုက္တာဒီေန႔ပဲရလာတယ္"

ကၽြန္ေတာ္ေျပာလိုက္ေတာ့ သူ႔ရဲ႕အျပံဳးေတြေပ်ာက္သြားၿပီး နႈတ္ခမ္း ၂ လႊာကအနည္းငယ္ဟသြားတယ္

"ဘယ္တုန္းက...  မင္းဘာလို႔ .... ဒါေတြေလွ်ာက္လုပ္ေနရတာလဲ...."

"မင္းကငါ့အတြက္တစ္ေယာက္တည္းဆိုတာ အတည္ျပဳထားခ်င္လို႔ပါ...."

ကၽြန္ေတာ္ဘက္ကစကားေျပာလိုက္ေပမယ့္ သူကေတာ့တုန္႔ျပန္ျခင္းေတြမရွိခဲ့ဘူး

Lucas' POV End

***************

Jungwoo's POV

"မင္းကငါ့အတြက္တစ္ေယာက္တည္းဆိုတာ အတည္ျပဳထားခ်င္လို႔ပါ...."

ကၽြန္ေတာ့္ရဲ႕လက္ေတြကိုသူဆြဲယူလိုက္ၿပီး ဘယ္ဘက္လက္သန္းႂကြယ္ကို လက္စြပ္ကေလးစြပ္ေပးလိုက္တယ္။

"ငါနဲ႔လိုက္လား..ဟင္"

ကၽြန္ေတာ္နာက်င္မႈေတြနဲံအတူေမးလိုက္ေတာ့

"ကေလးႀကိဳက္မယ့္ပုံစံေလးပဲဝယ္ခဲ့တာပဲ မလိုက္ဘဲေနမလား"

ခံစားေနရတဲ့နာက်င္မႈေတြထဲကေန ၾကည္ႏူးမႈေလးတစ္ခ်ိဳ႕ကို ကၽြနိေတာ့္ႏွလုံးသားရဲ႕အေရျပားေတြကထိေတြ႕လိုက္မိသည္။

က်န္တဲ့လက္တစ္ဖက္နဲ႔ သူလက္စြပ္ဝတ္ေပးလိုက္တဲ့လက္သူႂကြယ္ကို ပြတ္သက္ၿပီးစမ္းလိုက္မိသည္။

လက္ထပ္လက္စြပ္ဆိုရင္ အျဖတ္အဆက္ေတြမပါဘဲနဲ႔ ႐ိုး႐ိုးရွင္းရွင္းေလးလုပ္ရတယ္လို႔ အေမတစ္ခါေျပာဖူးတာကိုကၽြန္ေတာ္သတိရလိုက္သည္။

ဒါေပမယ့္ စမ္းၾကည့္လိုက္ေတာ့ ေရႊကြင္းတစ္ကြင္းတည္းလုပ္လာတာမဟုတ္ဘဲ အဖုအထစ္ေလးေတြကိုကၽြန္ေတာ္ခံစားလိုက္ရတယ္

ေဘးနားမွာ ေျပာင္ေခ်ာမေနတဲ့ အနားေလးေတြ။
အလယ္မွာက ထိေတြ႕စမ္းလို႔ရတဲ့ဖုဖုလုံးလုံးအရာေလး

မျမင္ရေပမယ့္ကၽြန္ေတာ္ဝတ္ထားတဲ့ လက္ထပ္လက္စြပ္ေလးကိုေတာ့ျမတ္ႏိုးစြာထိေတြ႕စမ္းသပ္ေနမိသည္။

"အလယ္က ဘာေလးလဲ ဟင္? စိန္ပြင့္ေလးလား"

"inn ဟုတ္တယ္။ ေဘးက ျခယ္ေလးေတြလိုက္မႈန္ထားတာ"

လက္စြပ္ေလးကိုစမ္းေနရင္း ကၽြန္ေတာ့္ရင္ထဲကအရမ္းနာက်င္လာတာကိုသတိထားလိုက္မိသည္။

ကၽြန္ေတာ္ဟာ ေပ်ာ္ရႊင္မႈကိုေတာင္နာက်င္ရင္းနဲ႔ခံစားေနရတဲ့လူသားတစ္ေယာက္ထက္ဘာမွမပိုေတာ့ဘူးလား?

"ကိုယ္လည္းဝတ္ထားတယ္  စမ္းၾကည့္"

Lucas လက္ေရႊ႕ေပးတဲ့ေနရာကိုစမ္းၾကည့္လိုက္ေတာ့လည္း ကၽြန္ေတာ္ဝတ္ထားတဲ့လက္စြပ္နဲ႔ပုံ႑ာန္တူတယ္။

သူ႔ကို ကၽြန္ေတာ့္ရဲ႕ႏွလုံးသားတစ္ခုလုံးနဲ႔သာမက ေသြးေၾကာမွ်င္ေလးေတြကေနကိုခ်စ္ခဲ့ရတာေၾကာင့္ မျမင္မေတြ႕ရတဲ့အခုလိုအခ်ိန္မွာ ကၽြန္ေတာ့္ႏွလုံးသားရဲ႕အခ်ိဳးအေကြ႕ေထာင့္ေနရာေလးေတြကအစအရမ္းနာက်င္ေနရၿပီျဖစ္သည္။

ကၽြန္ေတာ္နႈတ္ခမ္းကိုနာနာကိုက္ထားတဲ့ၾကားက မ်က္ရည္ေတြစီးက်လာမိတယ္

နာက်င္ရလြန္းလို႔ ရွင္သန္မႈဆိုတာကိုေတာင္ကၽြန္ေတာ္မသိခဲ့ေတာ့တာ အခ်ိန္ေတြၾကာျမင့္ခဲ့ပါၿပီ

"ကေလးရယ္.... * sob*"

ကၽြန္ေတာ့္မ်က္ရည္ကိုသုတ္ေပးေနရင္းက ကၽြန္ေတာ့္ရင္ထဲကမဟုတ္တဲ့ အျခားႏွလုံးသားတစ္ခုဆီကရိႈက္သံတစ္ခုကိုကၽြန္ေတာ္ၾကားလိုက္ရတယ္။

"မငိုရဘူး! မင္းဘယ္ေလာက္ထိေတာင္ခံစားလိုက္ရသလဲဟင္"

သူငိုေနေပမယ့္အသံေတြကိုထိန္းၿပီး ကၽြန္ေတာ့္ကိုေမးေနတာကိုသိတယ္။

"ငါ... ငါ ..... မင္းနဲ႔အတူေနခ်င္ခဲ့တာ.. *sob* ... ဒါေပမယ့္ဆႏၵေတြျပည့္တဲ့အခ်ိန္မွာ ... ငါ့ကို ေလာကႀကီးကပစ္ပယ္ထားတဲ့အခ်ိန္... ကိုေရာက္ေနခဲ့ၿပီ *sob* ... မင္းဘာေၾကာင့္ ငါ့လို... မျပည့္စုံတဲ့လူကိုမွ .... ေခါင္းမာမာနဲ႔ေရြးခဲ့ရတာလဲ.... အရာအားလုံးကိုအသစ္က.... *sob*. ျပန္စခြင့္ရရင္ ..... မင္းရဲ႕အခ်စ္ေတြကိုငါေရွာင္ဖယ္ခဲ့ပါ့မယ္ ....*sob*. "

" ျပည့္စုံတာေတြ မျပည့္စုံတာေတြငါမသိဘူး ,... ငါသိတာ မင္းကိုငါသိပ္ခ်စ္တယ္ .... မင္းရဲ႕အေမွာင္ထဲကမထြက္ႏိုင္ေသးတဲ့ အခုဘဝကိုေတာင္.... ငါသိပ္ခ်စ္တယ္.... Jungwoo ...."

ကၽြန္ေတာ္ သူ႔ရဲ႕လက္အကုအညီနဲ႔ သူ႔ရဲ႕ဂုတ္ပိုးနားမွာသိုင္းဖက္ရင္း ငိုခ်လိုက္မိသည္။
သူ႔ဆီက ရိႈက္သံအခ်ိဳ႕ကိုလည္းကၽြန္ေတာ္ၾကားေနရတယ္။

" အေမွာင္ထဲမွာေနေနရလို႔ ငါအလင္းကိုအရမ္းေတာင့္တေနၿပီလို႔မင္းထင္ေနလား?? *sob* .... ဒါေပမယ့္ အေမွာင္ထုထဲက ....*sob* .... အလင္းတန္းတစ္ခုကိုငါျမတ္ႏိုးတယ္ ... ဒါဟာ ငါ မင္းကိုခ်စ္ေနရတဲ့အေၾကာင္းရင္းတစ္ခုပဲ..."

Jungwoo's POV End

Continue Reading

You'll Also Like

18.5K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
9.2M 647K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...
272K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
7.6K 546 10
🎶မင္​း​ေၾကာင္​့ျဖစ္​တည္​လာတဲ့ ငါ့ရဲ႕ ရင္​ခုန္​သံ သံစဥ္​ေ​တြဟာ ငါတို႔အသက္​အရြယ္​ေ​တြ ​ေျပာင္​းလဲသြားရင္​​ေတာင္​ စည္​းခ်က္​လြဲသြားမွာ မဟုတ္​သလို 🎶 🏊...