Stephanotis ch-2

836 100 0
                                    

2

Unicode (zawgyi below)

2

Lucas' POV

ယူကရိန်းသွားဖို့လေဆိပ်ဖြတ်ပြီးတဲ့နောက်မှာ ကျွန်တော်လေယာဉ်ပေါ်မှာ နေရာယူလိုက်သည်။

📱ငါလေယာဉ်ပေါ်ရောက်နေပြီ📱

Jungwoo ဆီဖုန်းမပိတ်ရခင် ကျွန်တော်စာတိုတစ်စောင်ပို့လိုက်မိသည်။

သူမမေးရင်တောင် ကျွန်တော်ဘာလုပ်နေလဲဆိုတာကိုသံတော်ဦးတင်လိုက်မှနေသာထိုင်သာရှိတတ်တာကလည်း ကျွန်တော့်ကိုယ်စောင့်နတ်တောင်မှ Jungwoo ကိုမနာလိုရတဲ့အချက်ဖြစ်သည်။

လေယာဉ်စထွက်ပြီး သတ်မှတ်အမြင့်ပေရောက်သွားတော့မှ တိမ်ဖွေးဖွေးတစ်ချို့ကိုမြင်လိုက်ရတော့ Madagascar သွားတုန်းက သူ့စိတ်ကြိုက် တိမ်တွေကိုလိုက်ငေးကြည့်ပေးနေရတာလေးကိုပြန်သတိရမိသေးသည်။

Seoul မှာသာတွေ့ကြပြီး Seoul မှာသာချစ်ခဲ့ကြပေမယ့် သူရော ကျွန်တော်ရော Madagascar ကိုပိုချစ်ကြသည်။ Andovoke Bay လို့ပြောရင်ပိုမှန်လိမ့်မယ်။ ကျွန်တော်တို့ ၂ ယောက်လုံး ပိုက်ဆံသုံးနိုင်ကြတဲ့အနေအထားမှာရှိကြတဲ့သူတွေဖြစ်တယ်။ အလုပ်မရှိရင်မတင့်တယ်ဘူး လို့သတ်မှတ်မိတာကြောင့် ကျွန်တော်က အဖေ့ကုမ္ပဏီကိုလိုက်ဦးစီးပေးပြီး သူကတော့ electronic ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ မန်နေဂျာလုပ်နေသူဖြစ်တယ်။

ဒါ့ကြောင့်လည်း ကိုယ်ပိုင်ဝင်ငွေရှိကြလို့ နိုင်ငံခြားခရီးစဉ်တွေကို ကျွန်တော်တို့ ၂ ယောက်မကြာခဏသွားဖြစ်ကြတယ်။ သွားဖူးသမျှခရီးစဉ်တွေထဲမှာမှ Andovoke Bay ကတော့အမှတ်ရစရာအကောင်းဆုံးဖြစ်သည်။

Andovoke Bay ကသူပထမဆုံးသွားဖူးတဲ့ကမ်းခြေခရီးစဉ်ဖြစ်လို့ သူရင်အခုန်ရဆုံးနဲ့ အပျော်ဆုံးခရီးစဉ်ဖြစ်ခဲ့လို့ အမှတ်တရတွေအများကြီးရှိခဲ့တဲ့ နေ့ရက်တွေဖြစ်ခဲ့ရတယ်။

Andovoke Bay ကိုသွားတဲ့ ၅ ရက်ခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော်နဲ့သူ စကားတွေအများကြီးပြောခဲ့ကြတယ်။ သူ့အပြုံးတွေကိုကျွန်တော်တစိမ့်စိမ့်ကြည့်ခွင့်ရခဲ့သလို သူရော ကျွန်တော်ရောရဲ့ရယ်သံတွေဟာလည်း ပင်လယ်လှိုင်းတွေကြားထဲမှာပျံ့နှံ့ခဲ့ဖူးတယ်။ သူ့ကြည်နူးမှုတွေကို ကျွန်တော်တစ်စိတ်တစ်ပိုင်းတောင်ဖဲ့မယူခဲ့ဘဲနဲ့ သူ့ကိုကြည့်နေရတာနဲ့တင်ကျွန်တော်လည်းအလိုလိုပြုံးတတ်လာတယ်။

Stephanotis Where stories live. Discover now