Stephanotis Ch-5

539 85 0
                                    

Unicode (zawgyi below)

Lucas' POV

ကျွန်တော်အိပ်ရာပေါ်မှာသာ ခြေပစ်လက်ပစ်နဲ့လှဲချလိုက်မိသည်။

လည်ပင်းမှာတင်နေတဲ့ neck tie အနီကိုဖြည်းဖြည်းချင်းဖြည်လိုက်မိတော့ သူ့ရဲ့လည်ပင်းနုနုလေးတွေကိုကိုင်လိုက်ရတဲ့အတိုင်း လှစ်ခနဲခံစားလိုက်ရတယ်

သူပေးခဲ့တဲ့အနီရောင် neck tie လေးကိုကျွန်တော်အငမ်းမရဆုပ်ကိုင်ထားမိသည်။ ဝဲတက်လာတဲ့မျက်ရည်တွေကြောင့် ပြတင်းပေါက်ကတစ်ဆင့်မြင်နေရတဲ့အပြင်လောကကြီးဘက်ကိုလှည့်ကြည့်လိုက်သည်

အကုန်လုံး

အရာအားလုံး ကျွန်တော့်အမှားတွေကြီး

၃ နှစ်ပြည့်တဲ့အထိစောင့်ပါလို့ပြောမိခဲ့တဲ့ ကျွန်တော်လျှာကို ကျွန်တော်သာပြန်ဖြတ်ပစ်လိုက်ချင်တာပဲ။ ကျွန်တော်သာအချိန်မဆွဲခဲ့ရင် Jungwoo ကဒီလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ဘူး။

ကျွန်တော်သာသူပြောခဲ့သလို အတူနေပြီးသူ့ဘေးမှာအမြဲရှိနေခဲ့မယ်ဆိုရင် ကျွန်တော် သူ့ကိုကာကွယ်နိုင်ဦးမှာ... မကာကွယ်နိုင်ခဲ့ရင်တောင် သူရော ကျွန်တော်ရော ဒီလိုအဖြစ်ဆိုးကိုလက်တွဲရင်းနဲ့အတူကြုံရမှာ။ အခုတော့ သူတစ်ယောက်တည်းကိုခံစားခိုင်းထားရသလိုဖြစ်နေပြီး ကျွန်တော်ကလက်လွတ်ရုန်းထွက်ခဲ့သလိုဖြစ်နေခဲ့ပြီ

ကျွန်တော် သူ့လိုဖြူစင်လွန်းတဲ့လူတစ်ယောက်ကိုချစ်ဖို့အတွက် ကျွန်တော့်မှာလိုအပ်ချက်တွေရှိနေသေးတာကြောင့် အခုလိုကွက်လပ်တွေဖြစ်ကုန်တာ။

ကျွန်တော်အရမ်းချစ်တဲ့ ကောင်လေးတစ်ယောက် ဒီလောက်ထိခံစားနေရတာတွေကို ကျွန်တော်နားနဲ့ကြားလိုက်ရုံနဲ့ ကိုယ့်ဘဝပါဓားစက်အောက်ရောက်သွားသလိုအရမ်းခံစားရတယ်။

အစည်းအဝေးခန်းထဲကထွက်ကတည်းက တစ်ချက်ပဲကြည့်မိတဲ့ ဖုန်းကိုအခုထက်ထိပြန်မကြည့်ဖြစ်တော့။

အခုတော့ သူ့ပုံလေးတွေအလွမ်းပြေပြန်ကြည့်ချင်လို့ ဖုန်းကိုထုတ်လိုက်မိသည်။

SMS Icon မှာ noti လေးပြနေတာကြောင့်အထဲကိုဝင်ကြည့်လိုက်တော့ Jungwoo ဆီကစာတိုဖြစ်နေတာကြောင့် ကျွန်တော့်မျက်ဝန်းတွေမတည်မငြိမ်ဖြစ်သွားရတယ်

Stephanotis Where stories live. Discover now