Unicode (zawgyi below)
Lucas' POV
ယူကရိန်းကနေ ညဘက်ကတည်းကထွက်ခဲ့ပေမယ့် ကိုရီးယားဘက်ကို ၈ နာရီ ၉ နာရီကြာမှကျွန်တော်ရောက်ခဲ့သည်။ လေယာဉ်ပေါ်မှာနေခဲ့ရတဲ့ ၈ နာရီလုံးလုံး ကျွန်တော့်စိတ်တွေကို သူ့ဆီပို့ထားခဲ့တယ်။ ဒီတစ်ခါတော့လွမ်းတယ်ဆိုတဲ့စိတ်ကလေးနဲ့မျှော်နေတာမဟုတ်တော့ဘဲ အရမ်းစိတ်ပူတယ်ဆိုတဲ့စိတ်နဲ့သူ့လက်ကိုအားရပါးရထွေးပွေ့ကိုင်ပြီးအားပေးချင်ခဲ့တာ။
မှတ်မှတ်ရရ ဒီနေ့က ၃ နှစ်ပြည့်ဖို့ ၆ လတိတိသာလိုတဲ့ရက်ဖြစ်သည်။
Jung Woo အမေပြောတဲ့ ဆေးရုံရှေ့လည်းရောက်ရော ကျွန်တော်ဆေးရုံထဲကိုတရှိန်ထိုးပြေးဝင်ခဲ့မိတယ်။ သူ့ကိုအရမ်းအားပေးချင်ခဲ့တာ။
Jung Woo ဆေးကုသမှုခံယူနေတဲ့ လူနာအခန်းရှေ့ရောက်တော့ Jung Woo အဖေကအခန်းရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ရပ်နေတာကိုတွေ့လိုက်ရတယ်။ ဒါကိုမြင်လိုက်ရတော့ကျွနိတော့်စိတ်တွေ ပိုပူပြင်းသွားရတယ်။
"သား! Lucas"
ကျွန်တော့်ရဲ့ပြေးလာတဲ့ခြေသံကြောင့် ဦးလေးကကျွန်တော့်ကိုလှည့်ကြည့်လာပြီး ကျွန်တော်နာမည်ကိုခေါ်လိုက်တယ်။ ပြီးတော့ ဘာမှမဟူတ်တော့တဲ့အတိုင်း ခေါင်းပြန်ငုံ့သွားတယ်။ ဦးလေးရဲ့မျက်နှာမှာ အပူရိပ်တွေကမြင်နေရတော့ ကျွန်တော်ရင်ထဲမှာဖော်ပြလို့မရနိုင်တဲ့အခိုးအငွေ့တွေပိုရိုက်ခတ်လာတယ်။
"Jung Woo ရော?"
ကျွန်တော်က အလောတကြီးမေးလိုက်ပေမယ့် ဦးလေးကတော့ စိတ်မကောင်းတဲ့ပဲုစံနဲ့ ဟိုဘက်ကနံရံကိုသာငေးကြည့်နေခဲ့သည်။
Jung Woo အဖေကပါဒီလိုတွေဖြစ်နေတော့ ကျွန်တော့်စိတ်တွေအရမ်းထွေပြားသွားပြီး အခန်းထဲဝင်ဖို့အခန်းတံခါးရဲ့လက်ကိုင်ကိုဆွဲကိုင်လိုက်သည်။
တံခါးလက်ကိုင်ပေါ်က ကျွန်တော့်လက်တွေကို Jung Woo အဖေက အခန်းတံခါးကိုကျွန်တော်မဖွင့်လိုက်ခင်မှာတငိ အမြန်လှမ်းဖမ်းပြီးဆွဲဖယ်ချလိုက်တယ်
ဦးလေးနဲ့ကျွန်တော်အဲ့အခါကျမှ မျက်လုံးချင်းစုံကြည့်မိခဲ့တယ်။ ဦးလေးရဲ့မျက်လုံးထဲမှာ မျက်ရည်စတွေနဲ့။
"မင်းမဝင်နဲ့"
"ဘာလို့လဲ? ဖယ်ပါ!!! ကျွန်တော် Jung Woo ကိုတွေ့ချင်တယ်"
တစ်ခါမှ ဒီလိုမယဉ်မကျေးမပြောဖူးပေမယ့် အခုတစ်ခါတော့ Jungwoo ကိုတွေ့ရဖို့ကိုတားမြစ်နေတာကြောင့် စိတ်လောပြီးခပ်ရိုင်းရိုင်းပြောမိလိုက်သည်။
"မင်းဝင်လို့မရဘူး! Jungwoo က...... မင်းကိုအခန်းထဲဝင်ခွင့်မပေးထားဘူး"
ဦးလေးဆီကဒီစကားကြားရတော့ ကျွန်တော်တင်းနေအောင်တံခါးလက်ကိုင်ကို ကိုင်ထားတဲ့လက်တွေက အသက်မဲ့သွားတဲ့ လူသေတစ်ယောက်ရဲ့လက်ပမာအထိန်းအကွပ်မရှိစွာနဲ့ပြုတ်ကျသွားတယ်
"မဖြစ်နိုင်လိုက်တာ"
ကျွန်တော် ရှုတ်ချတဲ့လေသံနဲ့စကားတစ်ခွန်းကိုထပ်ပြောလိုက်မိသည်။
ဟုတ်တယ်
ဒါမဖြစ်နိုင်ဘူး
အမြဲအရိပ်တကြည့်ကြည့်ချစ်ခဲ့ရတဲ့ ချစ်သူဆီက သူ့ဘေးနားကပ်ဖို့ကျွန်တော့်ကိုတားမြစ်ထားတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ Jungwoo ဆီက "ကျွန်တော်" ဆိုတဲ့ဒီလူသားတစ်ယောက်အတွက်အခွင်းအရေးတွေအားလုံးပေးအပ်ချင်ကိုသာကျွန်တော်အလိုရှိတာကြောင့် ဒီလိုမျိုး ပစ်ပယ်မှုနဲ့ခွင့်မပြုခြင်းတွေကိုကျွန်တော်မဖြစ်နိုင်ဆုံးသောအရာတွေအဖြစ်သာ အလိုလိုသတ်မှတ်ထားခြင်းဖြစ်သည်။
ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုတားမြစ်ထားတဲ့အရာတွေထဲမှာ "အမုန်း" ကလွဲလို့ကျန်တဲ့အရာတွေကိုကျွန်တော်လက်မခံခဲ့တာအခုချိန်ထိပါ
"သူ့ရဲ့အခုဒီလိုပုံစံကို မင်းကိုပေးမမြင်စေချင်ဘူးနဲ့တူတယ်"
သူ တရားလွန်လွန်းတယ်။
ဒါ ကျွန်တော့်အချစ်ကိုသူအလေးမထား မယုံကြည်တာပဲ။
ကျွန်တော်စိတ်ထဲကနေတင်းခနဲဖြစ်သွားတယ်။
သူ့ကို လက်ဆောင်ဘူးအဖြစ်ပေးအပ်ထားတဲ့ အချစ် တွေထဲမှာ သစ္စာ ကိုပါလက်ဆောင်ချည်တဲ့ကြိုးလိုမျိုးတစ်ခါတည်းပိတ်လှောင်ပြီး ချည်ထားတယ်ဆိုတာကိုသူမသိခဲ့တာပဲဖြစ်မည်။
သူဘာပဲဖြစ်နေဖြစ်နေ အမြဲချစ်နေမယ်ဆိုတဲ့ ကျွန်တော် သစ္စာတရားတွေကို သူစကားသက်သက်အဖြစ်သာနားထောင်ခဲ့ဟန်တူသည်။
"Seoul မြို့ထဲဝင်ဖို့ ၇ မိုင်လောက်အလိုမှာ ကားတာယာတွေကအပူလွန်ကဲပြီး ကွဲထွက်သွားတာ တဲ့။ အဲ့ဒါကြောင့် ကားမှောက်တာလို့ပြောတယ်"
လှပတဲ့ကံတရားမဟုတ်ဘဲ အနက်ရောင်ကံတရားက ကျွန်တော့်ချစ်သူရဲ့နောက်ကျောကိုတုပ်နှောင်ခဲ့တာကြောင့် ကျွန်တော်ရင်နာနာနဲ့ နှုတ်ခမ်းတစ်ချက်ဖိကိုက်လိုက်မိသည်။
"ကားကမီးပါလောင်သွားတာ Driver ကအမြန်ထွက်ပြီး ကားထဲကလူတွေကိုအမှီကယ်လို့ Jungwoo ရော သူ့သူငယ်ချင်းတွေရော အသက်မသေတာပဲကျေးဇူးတင်ရမယ်"
ပြောရင်းပြောရင်းနဲ့ ဦးလေးရဲ့အသံတွေ စပြီးတုန်ယင်လာတာတွေကို ကျွန်တော်နည်းနည်းသတိထားလိုက်မိသည်။
"အခုသူဘယ်လိုနေ......ဟင့်အင်း.... စောနက အန်တီပြောတော့ Jungwoo အခြေအနေကစိုးရိမ်ရတယ်ဆို?"
ကျွန်တော်မေးလိုက်တော့ ဦးလေးကမျက်နှာကိုကွယ်လိုက်တဲ့အနေနဲ့ခေါင်းတစ်ချက်ငုံ့သွားပြီး
"ဆေးရုံစစတင်ချင်းတုန်းကတော့ ဒဏ်ရာတွေမှအများကြီးပဲ ဦးလေးတောင်မကြည့်ရက်လို့ ရှောင်နေရတယ်... သွေးကွက်တွေမှနည်းတာမဟုတ်ဘူး အခုထိမျက်လုံးထဲကမထွက်သေးဘူး"
စိတ်မာတဲ့ယောက်ျားတစ်ယောက်ဖြစ်လို့သာ မျက်ရည်ကျမလာခဲ့ပေမယ့် မျက်ရည်စတို့ကြားက တုန်နေတဲ့အသံကိုအတင်းထိန်းချုပ်ရင်းပြောနေခဲ့တာအရမ်းသိသာလွန်းသည်။
"အခုတော့ Jungwoo ကအခန်းထဲမှာသတိရနေပါပြီ။ ဦးလေးတို့က coma ဝင်မှာကိုကြောက်နေခဲ့တာ ဒါပေမယ့် အချိန်တော်တော်ကြာတော့ပြန်သတိရလာတယ်"
ဦးလေးက သူ့ရဲ့ထိန်းပြောနေရတဲ့အသံတွေကိုခဏရပ်တန့်လိုက်တယ်
"ဒါပေမယ့်....."
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"ဒါပေမယ့်..... အောက်ပိုင်းသေသွားတယ်.... သူ့ခြေထောက်တွေလှုပ်ရှားလို့မရတော့ဘူး..."
ထိုစကားတစ်ခွန်းကိုပြောလိုက်ပြီးတဲ့နောက်မှာ ဦးလေးရဲ့ အတင်းထိန်းချုပ်ထားတဲ့မျက်ရည်တွေစီးကျလာတယ်။
ကျွန်တော့်ရဲ့လက်တွေလည်း တုန်လှုပ်သွားတယ်။ နှုတ်ခမ်းပေါ်ကပါးလွှာတဲ့ အရေပြားတွေ အေးစက်ပြီးခြောက်သွေ့သွားတာကို ကျွန်တော်ရုတ်တရက်ခံစားလိုက်ရသည်။
"ပြီးတော့ ပိုဆိုးတာက.... "
ကျွန်တော် ဘာဖြစ်လို့လဲ လို့ ဦးလေးကိုဆက်မမေးနိုင်တော့လောက်အောင်ကိုတုန်လှုပ်နေခဲ့တာ။ ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော်လျှာဖျားကအကြောတွေကိုသောကမီးကလောင်မြှိုက်လိုက်လို့လောင်ကျွမ်းပြီးစကားလုံးတွေထွက်မလာခဲ့တော့တာဖြစ်သည်။
"ပိုဆိုးတာက..... Jungwoo က ကားအရှေ့ခန်းမှာထိုင်တဲ့လူဖြစ်တော့ ကားမှောက်ပြီးကားမီးလောင်တော့ သူ့ရဲ့မျက်လုံးကိုမီးဟပ်သွားတယ်... သူ.... အခု.... အမြင်အာရုံလည်းမရှိတော့ဘူး..."
မျက်ရည်ကတားဆီးမရတော့ ဦးလေးရဲ့အသံတွေလည်းတုန်ခါလွန်းနေသလို ကျွန်တော့်ရဲ့မျက်ဝန်းအိမ်တွေလည်းကြောက်လန့်မှုတွေနဲ့အတူလှုပ်ရှားလာတယ်။ ဝဲတက်လာဖူးတဲ့မျက်ရည်စတွေက ကျွန်တော်ချစ်ရသူရဲ့ဒုက္ခတွေကြောင့်ပါတဲ့....
ထပ်ကျလာတော့မယ့်မျက်ရည်တွေကို ကျွန်တော်တားဆီးချင်လို့ လူနာအခန်းတံခါးဘေးက နံရံကိုကျောနဲ့မှီလိုက်ပြီး မျက်လုံးတွေကိုလက်နဲ့အုပ်ပြီးပိတ်ထားလိုက်မိသည်။
"ကလေး.... ရယ် ......"
ကျွန်တော်အရမ်းချစ်လွန်းလို့ သူ့ကိုချစ်စနိုးနဲ့ခေါ်တဲ့ နာမ်စားလေးတစ်ခုကို ရင်နာနာနဲ့ခေါ်လိုက်မိသည်။ နာကျင်မှုအပြည့်နဲ့ခေါ်လိုက်မိတဲ့သူ့နာမည်လေးတစ်ခု ထွက်သွားတဲ့ကျွန်တော့်နှုတ်ခမ်းတွေဟာအက်ကွဲသွားခဲ့တယ်။ သူ့နာမ်စားကိုကျွန်တော်ခေါ်လိုက်တဲ့အချ်န်မှာ နှမြောမှုတစ်စိတ်တစ်ပိုင်းပါနေခဲ့တယ်။
လက်နဲ့အုပ်ပြီးထိန်းထားတဲ့ကြားက မျက်ရည်တွေက ကျွန်တော့်လက်ဖဝါးကိုကျော်ဖြတ်ပြီး ပါးပြင်အထိရောက်အောင်ကိုစီးကျလာခဲ့တယ်။ မျက်ရည်ဆိုတဲ့အရာကိုကျွန်တော်မုန်းလွန်းလို့ သူ့ကိုအပြင်ဘက်ထိအခုလိုစီးကျဖို့ဘယ်တုန်းကမှ ကျွန်တော်အခွင့်အရေးမပေးခဲ့သလို သတ္တိတွေလည်းမငှားခဲ့ဘူး
အခုတော့ ရင်ထဲကနှလုံးသားက နာကျင်မှုတွေနဲ့ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ နှလုံးသားရဲ့အရှုံးကိုအားကိုးယူပြီးသတ္တိရှိရှိ ပါးပြင်ပေါ်အထိစီးကျလာတဲ့မျက်ရည်တွေကို ကျွန်တော်မခုခံနိုင်တော့ပါဘူး။
နယ်ကျွံလာတဲ့ ဒီမျက်ရည်တွေကို စစ်ကူခေါ်ပေးနေတာက ကျွန်တော်အယုံကြည်ရဆုံးနှလုံးသားကဖြစ်နေလို့ ကျွန်တော်လက်နက်တွေထပ်မစုဆောင်းချင်တော့ဘူး။
နှလုံးသားက နာကျင်မှုကိုစစ်ကူအနေနဲ့ခေါ်ပေးနေခဲ့လို့ ကျွန်တော်ဒီလောက်ထိခံစားနေရတာပေါ့...
အချစ်စစ်လွန်းတော့ နာကျင်မှုကိုနှလုံးသားကခေါ်ပြီး သစ္စာဖောက်တတ်တာ သဘာဝပဲလား?
သူ့ကိုတွေ့ခွင့်မရှိတဲ့ ဘဝမှာကျွန်တော်နေထိုင်ဖို့အရမ်းခက်ခဲတာထက် သူ့ရဲ့ဒုက္ခနဲ့ကံဆိုးမှုတွေကိုဘေးကနေထိုင်ကြည့်ပေးနေရတာက ကျွန်တော့်အတွက်ပိုခက်ခဲစေတယ်..
Lucas' POV End
**************
Jungwoo's POV
အခု ကျွန်တော့်အရှေ့မှာဘာမှရှိမနေတော့ဘူး
အမေပြောတဲ့ပုံအရဆိုရင် အခုကျွန်တော်ဆေးရုံ လူနာခန်းထဲက ကုတင်ပေါ်မှာထိုင်နေတာနေမှာ
ခံစားမှုအရဆိုရင် ခေါင်းအုံးတွေကို ကျွန်တော့်နောက်ကျောမှာခုထားရင်းကုတင်ပေါ်မှာထိုင်နေတာနေမှာ...
အခု တကယ်ကို ကျွန်တော့်အရှေ့မှာဘာမှမရှိတော့ဘူး။
ဘယ်မှာအဆုံးသတ်မယ်ဆိုတာကိုမသိတဲ့ အမှောင်ထုနက်နက်ကြီးကလွဲလို့ ဘာမှမရှိတော့တာ အမှန်ပါ...
အရင်တစ်ခါ အမေကပြောဖူးတယ်....
"မျက်စိအဆုံး နားအရှုံး" တဲ့
ကျွနိတော့်မှာအခု အမှောင်ထုနက်နက်ကလွဲရင် အလင်းတစ်စက်ကလေးတောင်ပေးမြင်ခွင့်မပြုတော့တဲ့ မျက်လုံးကိုပိုင်ဆိုင်ထားရပြီဆိုတော့ ကျွန်တော့်ဘဝဆုံးနေပြီပေါ့နော်....
ဟင့်အင်း
ကျွန်တော်အမှောင်ထုကိုကြောက်ပေမယ့် ဒီအမှောင်ထုထဲမှာပဲပြေးလွှားပြီး သူ့ကိုဖက်လိုက်ချင်တာ။ ဒါပေမယ့် မြေပြင်နဲ့ထိတွေ့ခွင့်မပြုတော့တဲ့ ကျွနိတော့်ခြေထောက်တွေကို ကျွန်တော်မေ့နေမိပြန်တယ်
အားယူပြီးလှုပ်ရှားပေမယိ့ ကြိုးစားမှုဟာတကယ်ကိုအချည်းနှီးသာဖြစ်ခဲ့တယ်။ လှုပ်ရှားမှုလုံးဝမရှိတော့တဲ့ ကျွန်တော့်ခြေထောက်တွေကိုမုန်းတယ်။
သူ့လိုက်လာတာကို ထွက်ပြေးလို့မရတော့တဲ့ကျွန်တော့်ခြေထောက်တွေကိုမုန်းတယ် သူ့ဆီပြေးသွားပြီးဖက်ခွင့်မပြုတော့တဲ့ကျွန်တော့်ခြေထောက်တွေကိုမုန်းတယ်
သူ့မျက်နှာကိုမြင်တွေ့ခွင့်မပေးတော့တဲ့ ကျွန်တော်မျက်လုံးတွေကိုမုန်းတယ်။
အခုအချိန်မှာ အမုန်းဆုံးက ကျွန်တော်ပဲ...
"Jungwoo ရော??!!"
အခန်းအပြင်ဘက်ကနေ ခပ်သဲ့သဲ့လာတဲ့အသံကိုကြားလိုက်ရတော့ ကျွနိတော်ခေါင်းအုံးကိုမှီပြီးထိုင်နေတဲ့ကျောပြင်တစ်ချက်မတ်သွားတယ်
သူရောက်လာပြီထင်တယ်
ကျွန်တော် နှုတ်ခမ်းကိုတစ်ချက်ထိကိုက်လိုက်မိသည်။
သူ့ကို ကျွန်တော့်ကိုမြင်တွေ့ခွင့်မပေးထားတာ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်တယ်။
ကျွန်တော့်ရဲ့ယိမ်းယိုင်နေတဲ့အခြေအနေတွေကိုသူ့ကိုပေးမမြင်စေချင်ဘူး။ ကျွန်တော့်ရဲ့ချို့ယွင်းမှုတွေကိုသူမြင်သွားရင် ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေ အောက်တစ်ထစ်လောက်လျော့သွားမှာကအစ ကျွန်တော်အရမ်းကြောက်နေခဲ့လို့ပဲဖြစ်တယ်။
ကျွန်တော်သူ့ကိုမြင်တွေ့ခွင့်မရှိရင် သူ့ကိုလည်းကျွန်တော့်ကိုမြင်တွေ့ဖို့အခွင့်အရေးမပေးနိုင်ဘူး
သူအချစ်လျော့သွားမှာကို တွေးမိတိုင်းရင်မှာအမြဲတစေဗလောင်ဆူနေရသူမို့ အခုလိုအခြေအနေမှာ သူ့ကိုဘယ်လိုမှ ကျွန်တော်နဲ့တွေ့ခွင့်မပေးချင်ဘူး
"အပြင်မှာ Lucas ရောက်နေပြီထင်တယ်"
အမေကပါပြောလာတော့ ကျွန်တော်လက်သီးတွေကိုတင်းနေအောင်ဆုပ်လိုက်မိသည်။
လှုပ်ရှားလို့မရတဲ့ခြေထောက်နဲ့ မမြင်ရတဲ့မျက်လုံးတွေကိုသာကျွန်တော်အရမ်းနာကျည်းခဲ့ရတယ်
"သူ့ကိုဘယ်နည်းနဲ့မှပေးဝင်ခွင့်မပြုနဲ့နော် အမေ"
ကျွန်တော် နှလုံးသွေးယိုစိမ့်အောင် အောင့်တက်နေလျက်က အမေ့ကိုထပ်သတိပေးလိုက်မိသည်။
"သားရယ်..."
အမေ့ရဲ့ခေါ်သံမှာ ငိုသံဝဲသွားသည်။
"သူလည်း သားကိုစိုးရိမ်စိတ်တွေနဲ့တွေ့ချင်မှာပေါ့"
"ဟင့်အင်း"
"........."
"ကျွနိတော့်ရဲ့ ဒီပုံစံကို သူ့ကိုမြင်ခွင့်မပေးနိုင်ဘူး အမေ!!!!"
ကျွန်တော်ဒေါသပါသွားလို့ အသံအနည်းငယ်မာသွားတယ်
"အမှန်အတိုင်းပြောရရင် သူ့အချစ်တွေ သားအပေါ်မှာအရင်လိုမထားနိုင်တော့မှာကိုမလိုလားဘူး"
ကျွန်တော်လက်နှစ်ဖက်နဲ့မျက်နှာကို အုပ်ရင်းပြောလိုက်မိသည်။ လက်ချောင်းလေးတွေနဲံစမ်းလိုက်မိတာက ကျွန်တော့်မျက်လုံးတစ်စုံကိုအထပ်ထပ်ပတ်ထားတဲ့ ပတ်တီးတွေသာဖြစ်သည်။
"အင်းပါ ..... အရှေ့မှာမင်းအဖေလည်းရှိနေတာပဲ သူမဝင်လာနိုင်လောက်ပါဘူး"
"အခန်းတံခါးကို လော့(ခ်) ချထားတယ်မဟုတ်လား"
"အင်း။ ချထားတယ်"
အဖေတားရုံလောက်နဲ့ဖြုံမှာမဟုတ်တဲ့ Lucas ရဲ့စိတ်ကိုသိနေလို့ အခန်းတံခါး lock ချထားလားဆိုတာကို အမေ့ကိုသေချာအောင်မေးလိုက်ခြင်းဖြစ်သည်။
ဒီလိုနေ့ရက်မျိုးတွေလည်း အရမ်းချစ်ရတဲ့ သူနဲ့ကျွန်တော့်ကြားမှာရှိသေးတာပဲလား???
ဒီလိုနေ့ရက်တွေဟာ ခဲနဲ့ရေးထားတဲ့ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ခဲ့မယ်ဆိုရင် ခဲဖျက်နဲ့ဖျက်ပြီး အစဖျောက်ပစ်လိုက်ချင်ပါရဲ့.......
ကိုယ် အရမ်းကြောက်ပြီးနာကျင်ရလွန်းလို့ပါ....
ချစ်သူ .......
Jungwoo's POV End
Zawgyi ver
Lucas' POV
ယူကရိန္းကေန ညဘက္ကတည္းကထြက္ခဲ့ေပမယ့္ ကိုရီးယားဘက္ကို ၈ နာရီ ၉ နာရီၾကာမွကၽြန္ေတာ္ေရာက္ခဲ့သည္။ ေလယာဥ္ေပၚမွာေနခဲ့ရတဲ့ ၈ နာရီလုံးလုံး ကၽြန္ေတာ့္စိတ္ေတြကို သူ႔ဆီပို႔ထားခဲ့တယ္။ ဒီတစ္ခါေတာ့လြမ္းတယ္ဆိုတဲ့စိတ္ကေလးနဲ႔ေမွ်ာ္ေနတာမဟုတ္ေတာ့ဘဲ အရမ္းစိတ္ပူတယ္ဆိုတဲ့စိတ္နဲ႔သူ႔လက္ကိုအားရပါးရေထြးေပြ႕ကိုင္ၿပီးအားေပးခ်င္ခဲ့တာ။
မွတ္မွတ္ရရ ဒီေန႔က ၃ ႏွစ္ျပည့္ဖို႔ ၆ လတိတိသာလိုတဲ့ရက္ျဖစ္သည္။
Jung Woo အေမေျပာတဲ့ ေဆး႐ုံေရွ႕လည္းေရာက္ေရာ ကၽြန္ေတာ္ေဆး႐ုံထဲကိုတရွိန္ထိုးေျပးဝင္ခဲ့မိတယ္။ သူ႔ကိုအရမ္းအားေပးခ်င္ခဲ့တာ။
Jung Woo ေဆးကုသမႈခံယူေနတဲ့ လူနာအခန္းေရွ႕ေရာက္ေတာ့ Jung Woo အေဖကအခန္းေရွ႕မွာ စိတ္ပ်က္လက္ပ်က္နဲ႔ရပ္ေနတာကိုေတြ႕လိုက္ရတယ္။ ဒါကိုျမင္လိုက္ရေတာ့ကၽြနိေတာ့္စိတ္ေတြ ပိုပူျပင္းသြားရတယ္။
"သား! Lucas"
ကၽြန္ေတာ့္ရဲ႕ေျပးလာတဲ့ေျခသံေၾကာင့္ ဦးေလးကကၽြန္ေတာ့္ကိုလွည့္ၾကည့္လာၿပီး ကၽြန္ေတာ္နာမည္ကိုေခၚလိုက္တယ္။ ၿပီးေတာ့ ဘာမွမဟူတ္ေတာ့တဲ့အတိုင္း ေခါင္းျပန္ငုံ႕သြားတယ္။ ဦးေလးရဲ႕မ်က္ႏွာမွာ အပူရိပ္ေတြကျမင္ေနရေတာ့ ကၽြန္ေတာ္ရင္ထဲမွာေဖာ္ျပလို႔မရႏိုင္တဲ့အခိုးအေငြ႕ေတြပို႐ိုက္ခတ္လာတယ္။
"Jung Woo ေရာ?"
ကၽြန္ေတာ္က အေလာတႀကီးေမးလိုက္ေပမယ့္ ဦးေလးကေတာ့ စိတ္မေကာင္းတဲ့ပဲုစံနဲ႔ ဟိုဘက္ကနံရံကိုသာေငးၾကည့္ေနခဲ့သည္။
Jung Woo အေဖကပါဒီလိုေတြျဖစ္ေနေတာ့ ကၽြန္ေတာ့္စိတ္ေတြအရမ္းေထြျပားသြားၿပီး အခန္းထဲဝင္ဖို႔အခန္းတံခါးရဲ႕လက္ကိုင္ကိုဆြဲကိုင္လိုက္သည္။
တံခါးလက္ကိုင္ေပၚက ကၽြန္ေတာ့္လက္ေတြကို Jung Woo အေဖက အခန္းတံခါးကိုကၽြန္ေတာ္မဖြင့္လိုက္ခင္မွာတငိ အျမန္လွမ္းဖမ္းၿပီးဆြဲဖယ္ခ်လိုက္တယ္
ဦးေလးနဲ႔ကၽြန္ေတာ္အဲ့အခါက်မွ မ်က္လုံးခ်င္းစုံၾကည့္မိခဲ့တယ္။ ဦးေလးရဲ႕မ်က္လုံးထဲမွာ မ်က္ရည္စေတြနဲ႔။
"မင္းမဝင္နဲ႔"
"ဘာလို႔လဲ? ဖယ္ပါ!!! ကၽြန္ေတာ္ Jung Woo ကိုေတြ႕ခ်င္တယ္"
တစ္ခါမွ ဒီလိုမယဥ္မေက်းမေျပာဖူးေပမယ့္ အခုတစ္ခါေတာ့ Jungwoo ကိုေတြ႕ရဖို႔ကိုတားျမစ္ေနတာေၾကာင့္ စိတ္ေလာၿပီးခပ္႐ိုင္း႐ိုင္းေျပာမိလိုက္သည္။
"မင္းဝင္လို႔မရဘူး! Jungwoo က...... မင္းကိုအခန္းထဲဝင္ခြင့္မေပးထားဘူး"
ဦးေလးဆီကဒီစကားၾကားရေတာ့ ကၽြန္ေတာ္တင္းေနေအာင္တံခါးလက္ကိုင္ကို ကိုင္ထားတဲ့လက္ေတြက အသက္မဲ့သြားတဲ့ လူေသတစ္ေယာက္ရဲ႕လက္ပမာအထိန္းအကြပ္မရွိစြာနဲ႔ျပဳတ္က်သြားတယ္
"မျဖစ္ႏိုင္လိုက္တာ"
ကၽြန္ေတာ္ ရႈတ္ခ်တဲ့ေလသံနဲ႔စကားတစ္ခြန္းကိုထပ္ေျပာလိုက္မိသည္။
ဟုတ္တယ္
ဒါမျဖစ္ႏိုင္ဘူး
အၿမဲအရိပ္တၾကည့္ၾကည့္ခ်စ္ခဲ့ရတဲ့ ခ်စ္သူဆီက သူ႕ေဘးနားကပ္ဖို႔ကၽြန္ေတာ့္ကိုတားျမစ္ထားတယ္ဆိုတာဘယ္လိုမွမျဖစ္ႏိုင္ဘူး။ Jungwoo ဆီက "ကၽြန္ေတာ္" ဆိုတဲ့ဒီလူသားတစ္ေယာက္အတြက္အခြင္းအေရးေတြအားလုံးေပးအပ္ခ်င္ကိုသာကၽြန္ေတာ္အလိုရွိတာေၾကာင့္ ဒီလိုမ်ိဳး ပစ္ပယ္မႈနဲ႔ခြင့္မျပဳျခင္းေတြကိုကၽြန္ေတာ္မျဖစ္ႏိုင္ဆုံးေသာအရာေတြအျဖစ္သာ အလိုလိုသတ္မွတ္ထားျခင္းျဖစ္သည္။
ကၽြန္ေတာ့္ခ်စ္သူက ကၽြန္ေတာ့္ကိုတားျမစ္ထားတဲ့အရာေတြထဲမွာ "အမုန္း" ကလြဲလို႔က်န္တဲ့အရာေတြကိုကၽြန္ေတာ္လက္မခံခဲ့တာအခုခ်ိန္ထိပါ
"သူ႔ရဲ႕အခုဒီလိုပုံစံကို မင္းကိုေပးမျမင္ေစခ်င္ဘူးနဲ႔တူတယ္"
သူ တရားလြန္လြန္းတယ္။
ဒါ ကၽြန္ေတာ့္အခ်စ္ကိုသူအေလးမထား မယုံၾကည္တာပဲ။
ကၽြန္ေတာ္စိတ္ထဲကေနတင္းခနဲျဖစ္သြားတယ္။
သူ႔ကို လက္ေဆာင္ဘူးအျဖစ္ေပးအပ္ထားတဲ့ အခ်စ္ ေတြထဲမွာ သစၥာ ကိုပါလက္ေဆာင္ခ်ည္တဲ့ႀကိဳးလိုမ်ိဳးတစ္ခါတည္းပိတ္ေလွာင္ၿပီး ခ်ည္ထားတယ္ဆိုတာကိုသူမသိခဲ့တာပဲျဖစ္မည္။
သူဘာပဲျဖစ္ေနျဖစ္ေန အၿမဲခ်စ္ေနမယ္ဆိုတဲ့ ကၽြန္ေတာ္ သစၥာတရားေတြကို သူစကားသက္သက္အျဖစ္သာနားေထာင္ခဲ့ဟန္တူသည္။
"Seoul ၿမိဳ႕ထဲဝင္ဖို႔ ၇ မိုင္ေလာက္အလိုမွာ ကားတာယာေတြကအပူလြန္ကဲၿပီး ကြဲထြက္သြားတာ တဲ့။ အဲ့ဒါေၾကာင့္ ကားေမွာက္တာလို႔ေျပာတယ္"
လွပတဲ့ကံတရားမဟုတ္ဘဲ အနက္ေရာင္ကံတရားက ကၽြန္ေတာ့္ခ်စ္သူရဲ႕ေနာက္ေက်ာကိုတုပ္ေႏွာင္ခဲ့တာေၾကာင့္ ကၽြန္ေတာ္ရင္နာနာနဲ႔ နႈတ္ခမ္းတစ္ခ်က္ဖိကိုက္လိုက္မိသည္။
"ကားကမီးပါေလာင္သြားတာ Driver ကအျမန္ထြက္ၿပီး ကားထဲကလူေတြကိုအမွီကယ္လို႔ Jungwoo ေရာ သူ႔သူငယ္ခ်င္းေတြေရာ အသက္မေသတာပဲေက်းဇူးတင္ရမယ္"
ေျပာရင္းေျပာရင္းနဲ႔ ဦးေလးရဲ႕အသံေတြ စၿပီးတုန္ယင္လာတာေတြကို ကၽြန္ေတာ္နည္းနည္းသတိထားလိုက္မိသည္။
"အခုသူဘယ္လိုေန......ဟင့္အင္း.... ေစာနက အန္တီေျပာေတာ့ Jungwoo အေျခအေနကစိုးရိမ္ရတယ္ဆို?"
ကၽြန္ေတာ္ေမးလိုက္ေတာ့ ဦးေလးကမ်က္ႏွာကိုကြယ္လိုက္တဲ့အေနနဲ႔ေခါင္းတစ္ခ်က္ငုံ႔သြားၿပီး
"ေဆး႐ုံစစတင္ခ်င္းတုန္းကေတာ့ ဒဏ္ရာေတြမွအမ်ားႀကီးပဲ ဦးေလးေတာင္မၾကည့္ရက္လို႔ ေရွာင္ေနရတယ္... ေသြးကြက္ေတြမွနည္းတာမဟုတ္ဘူး အခုထိမ်က္လုံးထဲကမထြက္ေသးဘူး"
စိတ္မာတဲ့ေယာက္်ားတစ္ေယာက္ျဖစ္လို႔သာ မ်က္ရည္က်မလာခဲ့ေပမယ့္ မ်က္ရည္စတို႔ၾကားက တုန္ေနတဲ့အသံကိုအတင္းထိန္းခ်ဳပ္ရင္းေျပာေနခဲ့တာအရမ္းသိသာလြန္းသည္။
"အခုေတာ့ Jungwoo ကအခန္းထဲမွာသတိရေနပါၿပီ။ ဦးေလးတို႔က coma ဝင္မွာကိုေၾကာက္ေနခဲ့တာ ဒါေပမယ့္ အခ်ိန္ေတာ္ေတာ္ၾကာေတာ့ျပန္သတိရလာတယ္"
ဦးေလးက သူ႕ရဲ႕ထိန္းေျပာေနရတဲ့အသံေတြကိုခဏရပ္တန္႔လိုက္တယ္
"ဒါေပမယ့္....."
"ဒါေပမယ့္ ဘာျဖစ္လို႔လဲ"
"ဒါေပမယ့္..... ေအာက္ပိုင္းေသသြားတယ္.... သူ႔ေျခေထာက္ေတြလႈပ္ရွားလို႔မရေတာ့ဘူး..."
ထိုစကားတစ္ခြန္းကိုေျပာလိုက္ၿပီးတဲ့ေနာက္မွာ ဦးေလးရဲ႕ အတင္းထိန္းခ်ဳပ္ထားတဲ့မ်က္ရည္ေတြစီးက်လာတယ္။
ကၽြန္ေတာ့္ရဲ႕လက္ေတြလည္း တုန္လႈပ္သြားတယ္။ နႈတ္ခမ္းေပၚကပါးလႊာတဲ့ အေရျပားေတြ ေအးစက္ၿပီးေျခာက္ေသြ႕သြားတာကို ကၽြန္ေတာ္႐ုတ္တရက္ခံစားလိုက္ရသည္။
"ၿပီးေတာ့ ပိုဆိုးတာက.... "
ကၽြန္ေတာ္ ဘာျဖစ္လို႔လဲ လို႔ ဦးေလးကိုဆက္မေမးႏိုင္ေတာ့ေလာက္ေအာင္ကိုတုန္လႈပ္ေနခဲ့တာ။ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ ကၽြန္ေတာ္လွ်ာဖ်ားကအေၾကာေတြကိုေသာကမီးကေလာင္ႃမွိဳက္လိုက္လို႔ေလာင္ကၽြမ္းၿပီးစကားလုံးေတြထြက္မလာခဲ့ေတာ့တာျဖစ္သည္။
"ပိုဆိုးတာက..... Jungwoo က ကားအေရွ႕ခန္းမွာထိုင္တဲ့လူျဖစ္ေတာ့ ကားေမွာက္ၿပီးကားမီးေလာင္ေတာ့ သူ႔ရဲ႕မ်က္လုံးကိုမီးဟပ္သြားတယ္... သူ.... အခု.... အျမင္အာ႐ုံလည္းမရွိေတာ့ဘူး..."
မ်က္ရည္ကတားဆီးမရေတာ့ ဦးေလးရဲ႕အသံေတြလည္းတုန္ခါလြန္းေနသလို ကၽြန္ေတာ့္ရဲ႕မ်က္ဝန္းအိမ္ေတြလည္းေၾကာက္လန္႔မႈေတြနဲ႔အတူလႈပ္ရွားလာတယ္။ ဝဲတက္လာဖူးတဲ့မ်က္ရည္စေတြက ကၽြန္ေတာ္ခ်စ္ရသူရဲ႕ဒုကၡေတြေၾကာင့္ပါတဲ့....
ထပ္က်လာေတာ့မယ့္မ်က္ရည္ေတြကို ကၽြန္ေတာ္တားဆီးခ်င္လို႔ လူနာအခန္းတံခါးေဘးက နံရံကိုေက်ာနဲ႔မွီလိုက္ၿပီး မ်က္လုံးေတြကိုလက္နဲ႔အုပ္ၿပီးပိတ္ထားလိုက္မိသည္။
"ကေလး.... ရယ္ ......"
ကၽြန္ေတာ္အရမ္းခ်စ္လြန္းလို႔ သူ႔ကိုခ်စ္စႏိုးနဲ႔ေခၚတဲ့ နာမ္စားေလးတစ္ခုကို ရင္နာနာနဲ႔ေခၚလိုက္မိသည္။ နာက်င္မႈအျပည့္နဲ႕ေခၚလိုက္မိတဲ့သူ႔နာမည္ေလးတစ္ခု ထြက္သြားတဲ့ကၽြန္ေတာ့္နႈတ္ခမ္းေတြဟာအက္ကြဲသြားခဲ့တယ္။ သူ႔နာမ္စားကိုကၽြန္ေတာ္ေခၚလိုက္တဲ့အခ်္န္မွာ ႏွေျမာမႈတစ္စိတ္တစ္ပိုင္းပါေနခဲ့တယ္။
လက္နဲ႔အုပ္ၿပီးထိန္းထားတဲ့ၾကားက မ်က္ရည္ေတြက ကၽြန္ေတာ့္လက္ဖဝါးကိုေက်ာ္ျဖတ္ၿပီး ပါးျပင္အထိေရာက္ေအာင္ကိုစီးက်လာခဲ့တယ္။ မ်က္ရည္ဆိုတဲ့အရာကိုကၽြန္ေတာ္မုန္းလြန္းလို႔ သူ႔ကိုအျပင္ဘက္ထိအခုလိုစီးက်ဖို႔ဘယ္တုန္းကမွ ကၽြန္ေတာ္အခြင့္အေရးမေပးခဲ့သလို သတၱိေတြလည္းမငွားခဲ့ဘူး
အခုေတာ့ ရင္ထဲကႏွလုံးသားက နာက်င္မႈေတြနဲ႔ရႈံးနိမ့္ခဲ့ၿပီျဖစ္သည္။ ႏွလုံးသားရဲ႕အရႈံးကိုအားကိုးယူၿပီးသတၱိရွိရွိ ပါးျပင္ေပၚအထိစီးက်လာတဲ့မ်က္ရည္ေတြကို ကၽြန္ေတာ္မခုခံႏိုင္ေတာ့ပါဘူး။
နယ္ကၽြံလာတဲ့ ဒီမ်က္ရည္ေတြကို စစ္ကူေခၚေပးေနတာက ကၽြန္ေတာ္အယုံၾကည္ရဆုံးႏွလုံးသားကျဖစ္ေနလို႔ ကၽြန္ေတာ္လက္နက္ေတြထပ္မစုေဆာင္းခ်င္ေတာ့ဘူး။
ႏွလုံးသားက နာက်င္မႈကိုစစ္ကူအေနနဲ႔ေခၚေပးေနခဲ့လို႔ ကၽြန္ေတာ္ဒီေလာက္ထိခံစားေနရတာေပါ့...
အခ်စ္စစ္လြန္းေတာ့ နာက်င္မႈကိုႏွလုံးသားကေခၚၿပီး သစၥာေဖာက္တတ္တာ သဘာဝပဲလား?
သူ႔ကိုေတြ႕ခြင့္မရွိတဲ့ ဘဝမွာကၽြန္ေတာ္ေနထိုင္ဖို႔အရမ္းခက္ခဲတာထက္ သူ႔ရဲ႕ဒုကၡနဲ႔ကံဆိုးမႈေတြကိုေဘးကေနထိုင္ၾကည့္ေပးေနရတာက ကၽြန္ေတာ့္အတြက္ပိုခက္ခဲေစတယ္..
Lucas' POV End
**************
Jungwoo's POV
အခု ကၽြန္ေတာ့္အေရွ႕မွာဘာမွရွိမေနေတာ့ဘူး
အေမေျပာတဲ့ပုံအရဆိုရင္ အခုကၽြန္ေတာ္ေဆး႐ုံ လူနာခန္းထဲက ကုတင္ေပၚမွာထိုင္ေနတာေနမွာ
ခံစားမႈအရဆိုရင္ ေခါင္းအုံးေတြကို ကၽြန္ေတာ့္ေနာက္ေက်ာမွာခုထားရင္းကုတင္ေပၚမွာထိုင္ေနတာေနမွာ...
အခု တကယ္ကို ကၽြန္ေတာ့္အေရွ႕မွာဘာမွမရွိေတာ့ဘူး။
ဘယ္မွာအဆုံးသတ္မယ္ဆိုတာကိုမသိတဲ့ အေမွာင္ထုနက္နက္ႀကီးကလြဲလို႔ ဘာမွမရွိေတာ့တာ အမွန္ပါ...
အရင္တစ္ခါ အေမကေျပာဖူးတယ္....
"မ်က္စိအဆုံး နားအရႈံး" တဲ့
ကၽြနိေတာ့္မွာအခု အေမွာင္ထုနက္နက္ကလြဲရင္ အလင္းတစ္စက္ကေလးေတာင္ေပးျမင္ခြင့္မျပဳေတာ့တဲ့ မ်က္လုံးကိုပိုင္ဆိုင္ထားရၿပီဆိုေတာ့ ကၽြန္ေတာ့္ဘဝဆုံးေနၿပီေပါ့ေနာ္....
ဟင့္အင္း
ကၽြန္ေတာ္အေမွာင္ထုကိုေၾကာက္ေပမယ့္ ဒီအေမွာင္ထုထဲမွာပဲေျပးလႊားၿပီး သူ႔ကိုဖက္လိုက္ခ်င္တာ။ ဒါေပမယ့္ ေျမျပင္နဲ႔ထိေတြ႕ခြင့္မျပဳေတာ့တဲ့ ကၽြနိေတာ့္ေျခေထာက္ေတြကို ကၽြန္ေတာ္ေမ့ေနမိျပန္တယ္
အားယူၿပီးလႈပ္ရွားေပမယိ့ ႀကိဳးစားမႈဟာတကယ္ကိုအခ်ည္းႏွီးသာျဖစ္ခဲ့တယ္။ လႈပ္ရွားမႈလုံးဝမရွိေတာ့တဲ့ ကၽြန္ေတာ့္ေျခေထာက္ေတြကိုမုန္းတယ္။
သူ႔လိုက္လာတာကို ထြက္ေျပးလို႔မရေတာ့တဲ့ကၽြန္ေတာ့္ေျခေထာက္ေတြကိုမုန္းတယ္ သူ႔ဆီေျပးသြားၿပီးဖက္ခြင့္မျပဳေတာ့တဲ့ကၽြန္ေတာ့္ေျခေထာက္ေတြကိုမုန္းတယ္
သူ႔မ်က္ႏွာကိုျမင္ေတြ႕ခြင့္မေပးေတာ့တဲ့ ကၽြန္ေတာ္မ်က္လုံးေတြကိုမုန္းတယ္။
အခုအခ်ိန္မွာ အမုန္းဆုံးက ကၽြန္ေတာ္ပဲ...
"Jungwoo ေရာ??!!"
အခန္းအျပင္ဘက္ကေန ခပ္သဲ့သဲ့လာတဲ့အသံကိုၾကားလိုက္ရေတာ့ ကၽြနိေတာ္ေခါင္းအုံးကိုမွီၿပီးထိုင္ေနတဲ့ေက်ာျပင္တစ္ခ်က္မတ္သြားတယ္
သူေရာက္လာၿပီထင္တယ္
ကၽြန္ေတာ္ နႈတ္ခမ္းကိုတစ္ခ်က္ထိကိုက္လိုက္မိသည္။
သူ႔ကို ကၽြန္ေတာ့္ကိုျမင္ေတြ႕ခြင့္မေပးထားတာ ကၽြန္ေတာ္ကိုယ္တိုင္ပဲျဖစ္တယ္။
ကၽြန္ေတာ့္ရဲ႕ယိမ္းယိုင္ေနတဲ့အေျခအေနေတြကိုသူ႔ကိုေပးမျမင္ေစခ်င္ဘူး။ ကၽြန္ေတာ့္ရဲ႕ခ်ိဳ႕ယြင္းမႈေတြကိုသူျမင္သြားရင္ ကၽြန္ေတာ့္အေပၚထားတဲ့ သူ႕ရဲ႕အခ်စ္ေတြ ေအာက္တစ္ထစ္ေလာက္ေလ်ာ့သြားမွာကအစ ကၽြန္ေတာ္အရမ္းေၾကာက္ေနခဲ့လို႔ပဲျဖစ္တယ္။
ကၽြန္ေတာ္သူ႔ကိုျမင္ေတြ႕ခြင့္မရွိရင္ သူ႔ကိုလည္းကၽြန္ေတာ့္ကိုျမင္ေတြ႕ဖို႔အခြင့္အေရးမေပးႏိုင္ဘူး
သူအခ်စ္ေလ်ာ့သြားမွာကို ေတြးမိတိုင္းရင္မွာအၿမဲတေစဗေလာင္ဆူေနရသူမို႔ အခုလိုအေျခအေနမွာ သူ႔ကိုဘယ္လိုမွ ကၽြန္ေတာ္နဲ႔ေတြ႕ခြင့္မေပးခ်င္ဘူး
"အျပင္မွာ Lucas ေရာက္ေနၿပီထင္တယ္"
အေမကပါေျပာလာေတာ့ ကၽြန္ေတာ္လက္သီးေတြကိုတင္းေနေအာင္ဆုပ္လိုက္မိသည္။
လႈပ္ရွားလို႔မရတဲ့ေျခေထာက္နဲ႔ မျမင္ရတဲ့မ်က္လုံးေတြကိုသာကၽြန္ေတာ္အရမ္းနာက်ည္းခဲ့ရတယ္
"သူ႔ကိုဘယ္နည္းနဲ႔မွေပးဝင္ခြင့္မျပဳနဲ႔ေနာ္ အေမ"
ကၽြန္ေတာ္ ႏွလုံးေသြးယိုစိမ့္ေအာင္ ေအာင့္တက္ေနလ်က္က အေမ့ကိုထပ္သတိေပးလိုက္မိသည္။
"သားရယ္..."
အေမ့ရဲ႕ေခၚသံမွာ ငိုသံဝဲသြားသည္။
"သူလည္း သားကိုစိုးရိမ္စိတ္ေတြနဲ႔ေတြ႕ခ်င္မွာေပါ့"
"ဟင့္အင္း"
"........."
"ကၽြနိေတာ့္ရဲ႕ ဒီပုံစံကို သူ႔ကိုျမင္ခြင့္မေပးႏိုင္ဘူး အေမ!!!!"
ကၽြန္ေတာ္ေဒါသပါသြားလို႔ အသံအနည္းငယ္မာသြားတယ္
"အမွန္အတိုင္းေျပာရရင္ သူ႔အခ်စ္ေတြ သားအေပၚမွာအရင္လိုမထားႏိုင္ေတာ့မွာကိုမလိုလားဘူး"
ကၽြန္ေတာ္လက္ႏွစ္ဖက္နဲ႔မ်က္ႏွာကို အုပ္ရင္းေျပာလိုက္မိသည္။ လက္ေခ်ာင္းေလးေတြနဲံစမ္းလိုက္မိတာက ကၽြန္ေတာ့္မ်က္လုံးတစ္စုံကိုအထပ္ထပ္ပတ္ထားတဲ့ ပတ္တီးေတြသာျဖစ္သည္။
"အင္းပါ ..... အေရွ႕မွာမင္းအေဖလည္းရွိေနတာပဲ သူမဝင္လာႏိုင္ေလာက္ပါဘူး"
"အခန္းတံခါးကို ေလာ့(ခ္) ခ်ထားတယ္မဟုတ္လား"
"အင္း။ ခ်ထားတယ္"
အေဖတား႐ုံေလာက္နဲ႔ျဖံဳမွာမဟုတ္တဲ့ Lucas ရဲ႕စိတ္ကိုသိေနလို႔ အခန္းတံခါး lock ခ်ထားလားဆိုတာကို အေမ့ကိုေသခ်ာေအာင္ေမးလိုက္ျခင္းျဖစ္သည္။
ဒီလိုေန႔ရက္မ်ိဳးေတြလည္း အရမ္းခ်စ္ရတဲ့ သူနဲ႔ကၽြန္ေတာ့္ၾကားမွာရွိေသးတာပဲလား???
ဒီလိုေန႔ရက္ေတြဟာ ခဲနဲ႔ေရးထားတဲ့ဇာတ္လမ္းတစ္ပုဒ္သာျဖစ္ခဲ့မယ္ဆိုရင္ ခဲဖ်က္နဲ႔ဖ်က္ၿပီး အစေဖ်ာက္ပစ္လိုက္ခ်င္ပါရဲ႕.......
ကိုယ္ အရမ္းေၾကာက္ၿပီးနာက်င္ရလြန္းလို႔ပါ....
ခ်စ္သူ .......
Jungwoo's POV End