Stephanotis
Von mhuu99
10.1K 1.2K 20
This fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထ... Mehr
Author's Note
Stephanotis Ch-1
Stephanotis ch-2
Stephanotis Ch-4
Stephanotis Ch-5
Stephanotis Ch-6
Stephanotis Ch-7
Stephanotis Ch-8
Stephanotis Ch-9
Stephanotis Ch-10
Stephanotis Ch-11
Stephanotis Ch-12 (Final Part)
Stephanotis Ch-3
652 91 0
Von mhuu99
3
Unicode (zawgyi below)
Lucas' POV
*continuation of flashback
သူရော ကျွန်တော်ရော သဲပြင်ပေါ်လဲကျသွားပြီး အရမ်းပြေးထားရလို့ ၂ ယောက်လုံးမောဟိုက်သံတွေပါနေခဲ့တယ်။
မောဟိုက်သံတွေကြားက ကျွန်တော့်ဘက်လှည့်လာပြီး သဘောတွေကျပြီးရယ်တာများ သူ့နောက်ကရိုက်လာတဲ့လှိုင်းလုံးကိုတောင်မရှောင်နိုင်ဘူး။
ကမ်းစပ်နားမှာ ကျွန်တော်တို့ ၂ ယောက်အိပ်ရာပေါ်မှာအိပ်နေသလိုမျိုး လှဲချပစ်လိုက်မိတာကြောင့် ရိုက်ခတ်လာတဲ့ လှိုင်းရေက သူရော ကျွန်တော်ရောကို လာရောက်ထိခတ်ပြီးပုတ်ခတ်သွားတယ်။
ကျွန်တော်တို့ ၂ ယောက်လုံးရေစိုသွားတော့ ထပ်ပြီးသဘောကျလို့တဟားဟားနဲ့ထပ်ရယ်ကြမိသေးတယ်။ လှိုင်းရေကြောင့်စိုသွားတဲ့သူ့ဆံပင်လေးတွေကိုကျွန်တော်သပ်တင်ပေးလိုက်ပြီး သူ့ကိုပြုံးကြည့်တော့ ကျွန်တော့်နှာခေါင်းပေါက်ထဲကိုလက်ထိုးထည့်ပြီး လူကိုကစားလိုက်သေးတယ်။
အသားကုန်ပြေးထားလို့ ၂ ယောက်လုံးမောနေကြတော့ ကျွန်တော်တို့ပစ်လှဲချလိုက်တဲ့ ကမ်းစပ်နေရာမှာပဲ ငုတ်တုတ်ထိုင်ရင်း အမောဖြေနေလိုက်ကြသည်။
သူစပြေးတာက ကမ်းစပ်အလယ်လောက်ကဆိုတော့ ကျွန်တော်တို့ရပ်လိုက်တဲ့နေရာက အစွန်ဘက်တော့ကျသွားတယ်။
ကမ်းစပ်အလယ်မှာတုန်းက ပင်လယ်ကြီးကလွဲရင်ဘာမှမမြင်ရပေမယ့် ဘေးဘက်နားရောက်တော့ သစ်ပင်နဲ့ ကျောက်ခဲလေးတချို့ကိုမြင်လာရတယ်။
ကျွန်တော့်ဘက်မှာရှိနေတဲ့ သစ်ပင်တွေကြားကနေထိုးထိုးထောင်ထောင်နဲ့ပေါက်နေတဲ့ ပန်းပွင့်သေးသေးလေးတွေကို Jung woo ကစိတ်ဝင်စားသွားဟန်ရှိသည်။
"အဲ့လိုပန်းလှလှလေးတွေက ဒီလိုအပင်တွေကြားမှာလည်းပေါက်နိုင်တာပဲလား"
သူကလက်ညှိုးထိုးပြီးမေးလာတာကြောင့် သူလက်ညွှန်ရာဘက်ကိုကျွန်တော်လှည့်ကြည့်လိုက်မိသည်။
Jung Woo ပြောသလိုပဲ ပန်းပွင့်သေးသေးလေးတွေက အစိမ်းရောင်သစ်ပင်တွေကြားမှာပေါက်နေတာမြင်လိုက်ရတော့ ကျွန်တော်တောင်စိတ်ဝင်စားသွားရတယ်
Jung Woo ကလှလို့ပန်းတွေကိုကြိုက်သွားပေမယ့် ကျွန်တော်ကတော့ ဒီပန်းတွေနဲ့ပတ်သက်ပြီးနည်းနည်းအကျယ်ချဲ့တွေးလိုက်မိသည်။
လူတွေနဲ့မတူတဲ့အချက်တွေအများကြီးပန်းတွေမှာရှိတယ်။
လူအားလုံးရဲ့ကဲ့ရဲ့ခြင်းတွေကြောင့် ငုပ်လျှိုပြီး ကိုယ့်အထင်အမြင်တွေကို လူကြားထဲထုတ်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ လူတွေဒီလောကမှာတစ်ပုံကြီး။
ပန်းတွေကျတော့ သူတို့ဟာ လူသိများတဲ့ပန်းမဟုတ်ရင်တောင် သူတို့ပိုင်ထားတဲ့အလှနဲ့အပြင်ပန်းသွင်ပြင်တွေကို မငုပ်လျှိုကြဘဲ ရဲရဲဝံ့ဝံ့ပွင့်လန်းကြတယ်။
Jung Woo နဲ့ကျွန်တော်တို့ လူကြားလည်းမရှောင် ကိုယ့်အချစ်ရေးကိုလည်းမဖုံးကွယ်ဘဲ သူ့စိတ်ကို ကိုယ်ဘဲအရေးစိုက် ၊ ကိုယ့်စိတ်ကိုသူဘဲဂရုစိုက်ပြီးနေကြတဲ့အချိန်တစ်ခုမှာ...
ဘေးပတ်ဝန်းကျင်ကရိုက်ခတ်လာတဲ့ ရွံရှာစက်ဆုပ်တဲ့အကြည့်တွေ ၊ မလိုမုန်းထားတဲ့စကားတွေကို ကျွန်တော်တို့မြင်ခဲ့ရတယ်၊ ကြားခဲ့ရတယ်။
ဒီစကားလုံးကြမ်းကြမ်းတွေအောက်မှာ ပန်းတွေလိုကိုယ့်အလှနဲ့ကိုယ်ရဲဝံ့စွာပွင့်လန်းမနေတော့ဘဲ ပြန်ငုပ်လျှိုသွားခဲ့တာက ကျွန်တော်မဟုတ်ဘဲ Jung woo သာဖြစ်ခဲ့တယ်။
"လမ်းခွဲရအောင်" ဆိုတဲ့စကားကို သူ့နှလုံးသားအလိုမပါဘဲနဲ့ ဘေးလူတွေရဲ့စိတ်သဘောထားကိုဂရုစိုက်ပြီးပြောလာတဲ့ Jung Woo ကိုအဲ့အချိန်တုန်းကအရမ်းဒေါသထွက်ခဲ့တာ။ သူချစ်တဲ့ကျွန်တော့်ကိုတောင်ထားပြီး သူနဲ့တောင်မသိတဲ့လူတွေရဲ့စကားကိုအလေးစိုက်နေတာတွေကိုကျွန်တော်အရမ်းဒေါသထွက်ခဲ့တာ။
မရမကပြန်ပြီး နားသွင်းစကားတွေအထပ်ထပ်ပြောပြီးချည်ထားလို့သာ ကျွန်တော်တို့ရဲ့ချစ်သက်တမ်းက ၂ နှစ်ကျော်ခဲ့တာဖြစ်တယ်။
ကျွန်တော် အရမ်းနူးညံ့ပြီးသိမ်မွေ့တဲ့ပန်းတွေရဲ့သတ္တိကိုလေးစားပြီး အတိတ်ကမှတ်ဉာဏ်ကိုဆင့်ခေါ်နေချိန်မှာ ကျွန်တော့်ဘေးက Jung Woo က ပန်းတွေပွင့်နေတဲ့နားကိုထထွက်ပြီးပြေးသွားတယ်။
သူအရမ်းသိချင် ကိုင်ချင်နေတဲ့ ပန်းသေးသေးလေးတွေကို ၄ ၅ ပွင့်လောက်ခူးလာပြီး ကျွန်တော်ထိုင်နေတဲ့ဆီကိုပြန်ပြေးလာတယ်။
သူလက်ဖဝါးပေါ်မှာ သူခူးလာတဲ့ ပန်းပွင့်သေးသေးလေးတွေကိုတင်လိုက်ပြီး
"Yaaa ဒီမှာကြည့်စမ်း အနီးကပ်ကြည့်တော့လည်းလှတယ်ဟ။ အဝေးကကြည့်တော့လည်း အစိမ်းရောင်တွေကြားမှာ အဖြူရောင်ပြောက်ကျားကွက်လေးတွေရောက်နေသလိုဖြစ်နေလို့ လှတာပဲ"
ကျွန်တော်ဘာရယ်မဟုတ် တစ်ချက်ပြုံးလိုက်ပြီး JungWoo လက်ဖဝါးပေါ်က အဖြူရောင်ပန်းပွင့်သေးသေးလေးတွေကို ကိုင်မလို့ရွယ်လိုက်သည်။ ချိန်ရွယ်လိုက်စဉ်မှာပဲ ပင်လယ်ဘက်ကလာတဲ့လေအေးကြမ်းတစ်ချက်ကြောင့် သူ့လက်ဖဝါးပေါ်က ပန်းပွင့်လေးတွေကအဝေးကိုလွင့်ထွက်သွားတယ်။
"ahh. လွင့်သွားြပ်ီ"
သဲပြင်ဘက်ကိုလွင့်သွားတဲ့ အဖြူရောင်ပန်းတွေကို Jungwoo ကလိုက်ကောက်မလို့ထတော့ ကျွန်တော်သူ့လက်ကိုလှမ်းဆွဲလိုက်သည်
"ကိုယ်အသစ်လိုက်ခူးပေးမယ် လာ!"
မလှမ်းမကမ်းမှာမြင်နေရတဲ့ အဖြူရောင်ပန်းသေးသေးလေးတွေပေါင်နေတဲ့ သစ်ပင်အုပ်ဘက်ဆီကျွန်တော် သူနဲ့အတူလာခဲ့ပြီး သူကြည့်ချင်တဲ့အဲ့ပန်းလေးတွေကိုခူးပေးလိုက်တယ်။
ပန်းလေးတွေက အဖြူရောင်သာရှိပြီးတကယ်သေးသေးလေးတွေ။
လက်ကလေးနဲ့ဖိကြည့်ရင် ရေမြှုပ်လိုမျိုး မာသလိုလိုပျော့ပျော့သလိုလိုလေး။
နှင်းဆီပန်းတို့ ကာနေရှင်းပန်းတို့လို့ ပွင့်ဖတ်များများနဲ့အရောင်အစုံအလင်နဲ့ပွင့်နေတာမဟုတ်ပေမယ့် အဖြူရောင်ပဲရှိပြီးသေးသေးလေးတွေပွင့်နေတဲ့ ဒီပန်းတွေက ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးအောင်လှနေသည်။
"ရပြီလား ဒီလောက်ဆို?"
ကျွန်တော့်လက်တစ်ဆုပ်စာလောက်ရအောင်ခူးပြီး Jungwoo ကိုပြလိုက်သည်။
"ရပြီ! သူတို့လေးတွေကိုင်လို့ကောင်းတော့ ငါကိုင်ကြည့်ချင်လို့လိုက်ခူးတာ ဟိးး"
ဟုတ်တော့လည်းဟုတ်တယ်
ပန်းလေးတွေက မျက်စိအေးအောင်လှပေမယ့် အထိအတွေ့ဘက်မှာတော့ဆွဲဆောင်အားကောင်းသည်။
"လာ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ငါတို့နေ့လည်စာထပ်စားရအောင်"
သူနဲ့ကျွန်တော် ဒီကမ်းစပ်မှာ ပြေးလိုက်လွှားလိုက်နဲ့အချိန်ဖြုန်းနေတာဘယ်အချ်န်လောက်ရှိနေမှန်းမသိပေမယ့်ကြာနေပြီဆိုတော့ခံစားမိတယ်။
ကျွန်တော်တို့စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်လိုက်ကြပြီး သူရော ကျွန်တော်ရောစားချင်တာတွေအရင်မှာလိုက်ကြသည်။
Andovoke Bay က ရေနဲ့ပတ်သက်ရင် ရေလွှာစီးတာအပါအဝင်အခြားစွန့်စားခန်းတွေကိုတပျော်တပါးဖွင့်လို့ရတာကြောင့် လူစည်တတ်ပေမယ့် ကျွန်တော်တော့ လူတွေသိပ်မတွေ့ရသလ်ုပဲ
စောနကပင်လယ်ဘက်မှာတော့ လူအနည်းငယ်ရှင်းတယ်။ စားသောက်ဆိုင်ဘက်လည်းရောက်ရော လူပါးလိုက်တာမှ။ အခုကျွန်တော်တို့ဝင်လိုက်တဲ့စားသောက်ဆိုင်မှာဆိုရင် ကျွန်တော်တို့ကလွဲရင်ကျန်တဲ့လူဆိုလို့ စားပွဲထိုးလောက်ပဲရှိတယ်။
ပင်လယ်ဘက်ကိုငေးရင်း ဇိမ်ခံစားချင်တာကြောင့် စားသောက်ဆိုင်ထဲမဝင်ဘဲ အပြင်ဘက်အမိုးလေးတွေနဲ့ပြင်ထားတဲ့စားပွဲခုံတွေထဲကတစ်ခုကိုသာ ကျွန်တော်တို့ရွေးပြီးထိုင်လိုက်ကြတယ်
"ahhh Are these the flowers picked from the trees near the sea?"
Jung Woo ကအစားအစာတွေလာမချခင် စောနကခူးလာတဲ့ပန်းတွေကို လက်ဖျားလေးနဲ့တို့တို့ပြီးကိုင်နေတာကိုမြင်တဲ့ စားပွဲထိုးလေးတစ်ယောက်က ကျွန်တော်တို့ကိုမေးခွန်းထုတ်လာသည်။
"ah. yes"
Jung Woo ကသာစားပွဲထိုးလေးကိုပြန်ဖြေလိုက်သည်။
"Do you like these?"
"I like the feeling of touching these flowers. What kind of flowers are these?"
"It is called Stephanotis. You can find these only in Madagascar."
"ah."
Madagascar မှာပဲတွေ့ရတတ်တဲ့ ဒီရိုးရိုးရှင်းရှင်းပန်းလေးတွေက Stephanotis တဲ့
မထူးဆန်းပေမယ့် ရိုးရှင်းလွန်းလို့ ကျွန်တော်တစ်ချက်တည်းနဲ့မှတ်မိလိုက်သည်။
"Lucas"
"huh?"
"ငါတို့တွေ ဘယ်တော့မှအတူနေရမှာလဲ?"
သူ့မေးခွန်းတစ်ခုကို ကျွန်တော်ကြောင်အမ်းနေမိတာဒါပထမဆုံးအကြိမ်သာဖြစ်သည်။ အခုလည်းသူနဲ့အတူရှိနေတာပဲလေ ဆိုပြီးအတွေးကြောင်မိပေမယ့် သူ့မေးခွန်းနောက်ကွယ်က ဆိုလိုရင်းကိုလိုက်ရှာဖွေစဉ်းစားမိတော့ ကျွန်တော်ရင်ထဲမှာ ဝမ်းနည်းသလိုလိုပျော်သလိုလိုကြီးဖြစ်သွားသည်။
မိဘတွေကလည်းခွင့်ပြုထားတဲ့အချစ်ရေးတစ်ခုဖြစ်တာကြောင့် သူ့ရဲ့ "ဘယ်တော့အတူနေရမှာလဲ?" ဆိုတဲ့မေးခွန်းဟာ "ဘယ်တော့လက်ထပ်မှာလဲ?" လို့တစ်ဖက်လမ်းနဲ့သွယ်ဝိုက်မေးလာတဲ့အမေးဖြစ်တာကိုကျွန်တော်ချက်ချင်းရိပ်မိလိုက်သည်။
"၃ နှစ်ပြည့်ရင်"
သူ Stephanotis ပန်းပွင့်လေးတွေကိုလက်နဲ့ဆော့နေရင်းတစ်ချက်ပြုံးလိုက်သည်။
သူ့အပြုံးကလှပေမယ့် အရင်လိုအနုပညာမဆန်တာကြောင့် ကျွန်တော့်ရင်ထဲတစ်ချက်နာကျင်သွားရသည်။
"တကယ်ပြောတာ! ငါမင်းကိုလက်တွဲဖို့ရွေးချယ်ခဲ့တာပဲ ။ အချိန်နည်းနည်းပဲစောင့်ပေး ငါတို့ချစ်သက်တမ်း ၃ နှစ်ပြည့်ရင် ငါတို့အတူနေရအောင် ငါကိုယ်တိုင်စွမ်းဆောင်မှာ"
သူ့ရဲ့မေးခွန်းတစ်ခုဟာ Andovoke Bay ကိုလည်ပတ်ခဲ့သမျှမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ပျော်ရွှင်မှုတွေကြားက နာကျင်မှုတစ်ခုသာဖြစ်ခဲ့သည်။
သူ့မေးခွန်းကိုကျွန်တော်အမြဲသတိရနေသလို အဲ့မေးခွန်းကြောင့်လည်း ကျွန်တော်အမြဲတစေကြိုးစားနေမိတာဖြစ်တယ်။
အဲ့မေးခွန်း သူ့နှုတ်ခမ်းကထွက်ခဲ့တဲ့အချိန်ကစပြီး အရင်ကကျွန်တော်အမှုမဲ့အမှတ်မဲ့ဆွဲကိုင်ခဲ့တဲ့သူ့လက်တွေကို သေသေချာချာတွဲခေါ်ခဲ့ပြီး သူ့ရဲ့လက်သူကြွယ်ကိုငေးကြည့်ရင်း သူ့ရဲ့လက်အတိုင်းကို သူမသိအောင် လိုက်မှတ်တတ်ခဲ့တယ်။
အဲ့မေးခွန်းကိုကျွန်တော်ကြားခဲ့ရတဲ့အချိန်ကစပြီး ၃ နှစ်မပြည့်သေးခင်မှာ သူကျွန်တော့်ဘေးကနေအကြောင်းတစ်ခုခုကြောင့်ထွက်သွားမှာကိုတွေးတွေးပြီးကြောက်လာတတ်ခဲ့တယ်။
အဲ့မေးခွန်းကြောင့် ကျွန်တော်နာကျင်လိုက်ရတဲ့အချိန်ကစပြီး သူနဲ့ပတ်သက်သမျှအရာအားလုံးကို အမှတ်တရအနေနဲ့မကျန်ခဲ့ဘဲ လက်ရှိပျော်ရွှင်မှုတွေအနေနဲ့ပဲကျွန်တော်ဘေးမှာကျန်ရှိနေအောင် အမျိုးမျိုးဖန်တီးတတ်ခဲ့တယ်။
အဲ့မေးခွန်းကိုသူမေးနေတုန်းက သူ့အပြုံးအသက်မဲ့ခဲ့တာကိုမြင်ခဲ့တဲ့အချိန်ကစပြီး သူ့ကိုအရင်ကတထက်ပျော်အောင် ၊ အမြဲပြုံးနေအောင် ပိုပြီးဂရုစိုက်လာခဲ့တယ်။
ကျွန်တော့်စိတ်တွေပြာယာခတ်သွားစေတဲ့သူ့မေးခွန်းတစ်ခုကို Andovoke Bay မှာကြားခဲ့ပြီးတဲ့တစ်ခဏမှာ သူ့ရဲ့ယုံကြည်မှုတွေ ကျွန်တော့်ဆီကနှုတ်ယူသွားမှာကိုလည်းစိုးရိမ်ခဲ့ဖူးတယ်။
၃ နှစ်ပြည့်ဖို့ ကျွန်တော်လက်ချိုးရေတတ်ခဲ့သလို 3 နှစ်ပြည့်မယ့်ရက်ကိုလည်း ပြက္ခဒိန်ကစာရွက်တွေကိုအထပ်ထပ်အခါခါလှန်ပြီး အမြန်ရောက်ရင်ကောင်းမှာပဲလို့တွေးခဲ့ဖူးတယ်....
*Flashback End
*************
In Ukarine
ယူကရိန်းမှာ အစည်းအဝေးတက်ပြီး စိတ်ပျော်စရာတစ်ခုကိူကြုံလိုက်ရတယ်
project တစ်ခုကို ဟိုဘက်ကလက်ခံလိုက်လို့ငွေဝင်မယ့်ကိန်းဖြစ်နေတာကြောင့်
အဓိကအကြောင်းရင်းကတော့ ဒီ project ကအမြတ်ငွေက JungWoo နဲံကျွန်တော်နေရဖို့အတွက်အိမ်တစ်လုံးကောင်းကောင်းဝယ်လို့ရနိုင်တာကြောင့်ပဲဖြစ်သည်။
အစည်းအဝေးပြီးပြီးချင်း silent လုပ်ထားတဲ့ အိတ်ထဲကဖုန်းကိုထုတ်လိုက်တော့ korea ဘက်က missed call တွေအများကြီးကို ကျွန်တော်တွေ့လိုက်ရတော့အရမ်းလန့်သွားတယ်။
JungWoo ဆီကမဟုတ်ဘဲ Jungwoo အမေဆီကဖြစ်တော့ ထူးဆန်းတယ်ဆိုပြီးလို့တွေးမိတာထက် ဟိုဘက်မှာတစ်ခုခုဖြစ်နေပြီထင်တယ် လို့အရင်တွေးလိုက်မိသည်။
အစည်းအဝေးပြီးရင် Jungwoo Seoul မြို့ထဲဝင်နေပြီလားမေးမလို့စိတ်ကူးထားပေမယ့် အခုအရမ်းများနေတဲ့ Jungwoo အမေရဲ့ missed call တွေကိုသာအရင်ပြန်ဆက်သွယ်ဖို့လိုအပ်နေတာကြောင့် call back button ကိုကျွန်တော်နှိပ်လိုက်ရသည်။
"Yeobosaeyooo"
"သားရေရရ! JungWoo Jungwoo လေ..."
ငိုသံတွေနှောပြီးပြောလာတဲ့ ကျွန်တော့်ကလေးနာမည်ကို ၂ ခါလောက်ကြားလိုက်ရတော့ ကျွန်တော်ချက်ချင်းပူထူသွားသည်။
"JungWoo အမြန်လမ်းမှာကားမှောက်လို့.... အခု.... အခုဆေးရုံတင်ထားရတယ်..... စိုးရိမ်ရတယ်....... သားရဲ့ အန်တီဘာလုပ်ရမှန်းမသိတော့ဘူး...."
"ကျွန်တော်အခု အမြန်လေယာဉ်နဲ့ပြန်ခဲ့မယ်"
လူကြီးတွေကိုတော့ သေချာမနှုတ်ဆက်နိုင်ဘဲ bow တစ်ချက်လုပ်ပြကာ အမြန်ပြေးထွက်လာခဲ့သည်။
မျှော်မိခါမှ သူက စိုးရိမ်စရာတစ်ခုခုဖြစ်သွားတယ်တဲ့လား????
ဘယ်သူမှအပြစ်မရှိပေမယ့် ကျွနိတော်အရမ်းမုန်းမိတယ်။
"စိုးရိမ်ရတယ်" ဆိုတဲ့ ဟိုဘက်က ငိုသံအပြည့်နဲ့စကားကိုကျွနိတော်အရမ်းကြောက်ခဲ့တယ်။
သူဘာမှမဖြစ်ပါစေနဲ့....လို့သာဆုတောင်းရင်း...
Lucas' POV End
Zawgyi ver
Lucas' POV
*continuation of flashback
"ahh. လွင့်သွားပြ်ီိ"
"ရပြီလား ဒီလောက်ဆို?"
ဟုတ်တော့လည်းဟုတ်တယ်
သူနဲ့ကျွန်တော် ဒီကမ်းစပ်မှာ ပြေးလိုက်လွှားလိုက်နဲ့အချိန်ဖြုန်းနေတာဘယ်အခ်ျန်လောက်ရှိနေမှန်းမသိပေမယ့်ကြာနေပြီဆိုတော့ခံစားမိတယ်။
"ah. yes"
"Do you like these?"
"ah."
"Lucas"
"huh?"
"၃ နှစ်ပြည့်ရင်"
*Flashback End
*************
In Ukarine
ယူကရိန်းမှာ အစည်းအဝေးတက်ပြီး စိတ်ပျော်စရာတစ်ခုကိုကြုံလိုက်ရတယ်
"Yeobosaeyooo"
Lucas' POV End
Weiterlesen
Das wird dir gefallen
266K 46.9K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
7.6K 546 10
🎶မင်း​ကြောင့်​ဖြစ်​တည်​လာတဲ့ ငါ့ရဲ့ ရင်​ခုန်​သံ သံစဉ်ေ​တွဟာ ငါတို့အသက်​အရွယ်ေ​တွ ​ပြောင်းလဲသွားရင်​​တောင်​ စည်းချက်​လွဲသွားမှာ မဟုတ်​သလို 🎶 🏊...
64.8K 16.8K 58
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
1.4K 92 9