တရေးနိုးလာချိန် ရင်ခွင်ထဲက နွေးထွေးမှုလေးကို တသိမ့်သိမ့်ကြည်နူးရင်းငုံ့ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ Han
အနက်ရောင် suit ကိုတောင်မလဲနိုင်ဘဲ ကျွန်တော့်ဘေးတင်အိပ်ပျော်သွားတာ သူရောဘယ်လောက်တောင်ပင်ပန်းထားလို့ပါလိမ့်
Accident ဖြစ်တုန်းကဆုံးသွားတဲ့ အမေကို အခုမှကောင်းကောင်းမှတ်မိပြီး သွားနှုတ်ဆက်တာဖြစ်ရမည်။ မနေ့ထဲကထွက်သွားတာဆိုတော့ တညလုံးရော ဘယ်မှာသွားနေနေခဲ့တာလဲတွေးရင်း မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်တို့ကို ယုယုယယ သပ်တင်ပေးမိတယ်။
စားပွဲတင်နာရီလေးကိုလှမ်းကြည့်မိတော့ နေ့ခင်း ၁ နာရီ။
ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဆိုတာလဲရှိနေသေးတော့ အိပ်ပျော်နေဆဲ Han နှဖူးလေးကို ခပ်ဖွဖွအကြင်နာပေးကာ ဆေးရုံသွားဖို့ပြင်ဆင်လိုက်တယ်
"Hun ဘာလုပ်နေတာလဲ"
ခေါင်းထဲမကြည်တာကြောင့် Black coffee ခါးခါးကို သံပုရာသီးချဉ်ချဉ်ထည့်ဖျော်နေချိန် အနောက်ကနေခါးကိုသိုင်းဖက်ရင်းမေးခွန်းထုတ်လာတဲ့ Han
"နိုးပြီလား ကိုယ်ဆေးရုံသွားရဦးမှာမို့ Han အိမ်မှာနားရင်းနေခဲ့နော်"
ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ရင်း Han ပါးပြင်နုနုကိုလှမ်းကိုင်ကာအဖြေပေးလိုက်တော့ မျက်မှောင်ကြုံ့ပြီး ဖက်ထားတဲ့လက်တို့ကိုရုတ်သိမ်းသွားတယ်
"လူကဖြင့် နေမကောင်းဘဲနဲ့ မသွားရပါဘူး"
"ကိုယ်နေကောင်းပါတယ် Han ရဲ့"
ကျွန်တော့်စကားဆုံးတာနဲ့ နှဖူးပေါ်ရောက်လာတဲ့ လက်ဖဝါးသေးသေး
"ဟာ ကိုယ်တွေပူနေတာကို မသွားနဲ့ Hun ရာ"
အဆုံးသတ်မှာချွဲနွဲ့နွဲ့လေးပြောလိုက်တဲ့ Han အသံကြောင့် ကြည်နူးမှုတွေက ရင်ထဲပန်းတွေပွင့်သွားသလို ဖြာကနဲ
"အဟား ကိုယ်က ဆရာဝန်ပါ Han ရဲ့ ကိုယ်ဆေးလဲသောက်ပြီးသွားပြီ အခုခေါင်းကြည်သွားအောင် coffee သောက်မလို့ ကိုယ်အဆင်ပြေပါတယ် Han ရဲ့"
ကိုယ့်ဟာကိုနေမကောင်းတာဘာမှမဖြစ်ပေမယ့် Han ကိုတမင်စိတ်ပူအောင်များလုပ်မိသလား အားနာမိပြန်တယ်
"ဘာလဲ အဲ့မျက်နှာက မဟုတ်မှ Hun မင်းအရင်ကအကျင့်အတိုင်း အရေးမပါတာတွေတွေးနေပြန်ပြီမှတ်လား"
"မဟုတ်ပါဘူး Han ရာ နောက်ကျနေပြီ ကိုယ်သွားတော့မယ်"
အေးသွားပြီဖြစ်တဲ့ coffee ကိုအမြန်မော့သောက်လိုက်ရင်း နှုတ်ဆက်စကားပြောတော့
"ရပါတယ် သွားလေ သွားရမှာပေါ့နော် Dr.Oh က အလုပ်လစ်လို့ဘယ်ဖြစ်မလဲ"
ရွဲ့သလိုလိုလေသံနဲ့ချက်ချင်းသွားခိုင်းပြန်တဲ့ Han စိတ်ကောက်သွားတာသိပေမယ့် အချိန်မရှိတော့တာကြောင့် အသဲယားစွာ ပါးကို ဖျက်ကနဲ အကြင်နာပေးရင်း ပြေးထွက်ခဲ့တယ်။
Han တော့မသိ ကျွန်တော်တော့ ရင်တွေခုန်နေတာ ပေါက်ကွဲထွက်မတတ်ဘဲ။
ဆေးရုံထဲဝင်ခါနီးမှ အလိုလိုအပြုံးပန်းဝေနေတဲ့ မျက်နှာကို မနည်းတည်အောင် ပြန်ထိန်းခဲ့ရသလို နားထဲမှာ Han ရဲ့  ချစ်တယ် ဆိုတဲ့စကားသံလေးကြားယောင်နေမိတာကို အတင်းခေါင်းခါရင်း ခနဖယ်ထုတ်နေခဲ့တယ် ရူးလောက်အောင်ပြုစားတတ်လွန်းပါတယ် Han ရယ်။
"Chanyeol"
"ဟာ Sehun မလာတော့ဘူးဆို ဘယ်လိုဖြစ်လို့"
"မင်းနေ့ရောညရော ပင်ပန်းနေမှာစိုးလို့"
"မပင်ပန်းပါဘူး နည်းနည်းလေးတောင်မပင်ပန်းဘူး"
အရင်နဲ့မတူ အရမ်းတွေတတ်ကြွလန်းဆန်းနေတဲ့ Chanyeol ကိုသေချာကြည့်တော့ နှုတ်ခမ်းတကိုက်ကိုက် လျှာတသပ်သပ်နဲ့ ဒီနေ့မှဘာဖြစ်နေရတာလဲ
"မင်းနေမကောင်းဘူးလား Sehun"
"ကောင်းတယ် ထားတော့ ဒီနေ့ operation ဝင်စရာရှိတာတွေပြော ပြီးရင်မင်းပြန်လိုက်တော့"
"Thank You Sambaenim"
Chanyeol ကိုပြန်လွှတ်လိုက်ပြီး အလုပ်ထဲစိတ်နှစ်ရင်း တနေ့လုံးအချိန်ကဘယ်လိုကုန်သွားမှန်းပင်မသိလိုက်
ည ၈ နာရီလောက် operation room ထဲကထွက်ခဲ့ပြီးတော့ လူကနွမ်းနေပြီ ခနနားဖို့ ရုံးခန်းဆီသွားတော့ reception မှာ သူနာပြုလေးတွေရယ် Nam ရယ်နှင့် ဘာတွေပြောမှန်းမသိ ပွဲကျနေသော Han
Han ဟာလေ အတိတ်ကိုမှတ်မိသွားတာနဲ့ အရင်က ခပ်ဆိုးဆိုးအကျင့်လေးတွေက အလိုလိုပြန်ပေါ်လာတော့တာပဲ
"Han ဘာလာလုပ်တာလဲ"
တမင် လေသံမာမာနဲ့မေးလိုက်ပေမယ့် Han ကတော့ မျက်နှာတချက်မပျက်ဘဲ လေသံအေးလေးနဲ့
"လွမ်းလို့လာတွေ့တာပေါ့"
Han စကားကြားတော့ တခိခိနဲ့ရီသံတွေက စီကနဲ လူကြီးဖြစ်တဲ့ Nam တောင်ရီချင်တာကိုမနည်းထိန်းနေရပုံ
"လာခဲ့ Han "
ဆွဲခေါ်လိုက်တဲ့ လက်ကိုအတင်းလွှတ်ချနေတဲ့ Han ဘာဖြစ်ချင်နေတာပါလိမ့်
"အဖြေလာတောင်းတာ"
အဆက်အစပ်မရှိထွက်လာတဲ့စကားက ထူးထူးဆန်းဆန်းမို့ ချက်ချင်းနားမလည်ပြန်
"ဘာကိုပြော? အာ Han ရာ"
နားထဲထပ်ကြားယောင်လာပြန်တဲ့ ချစ်တယ် ဆိုတဲ့အသံကြောင့် ရုတ်တရက်ရှက်သွားသည်ဆိုရမလား လူအများရှေ့မို့ မျက်နှာပူကနဲ
"မသိဘူးနော် အဲ့အဖြေမကြားရမချင်း ငါဒီနားက တဖဝါးမှမရွေ့ဘူး"
"မဆိုးနဲ့လေ Han ရာ ဒါကိုယ့်လုပ်ငန်းခွင်ကြီး"
ကလေးဆိုးလိုဆိုးနေတဲ့မျက်နှာလေးက ချက်ချင်းညှိုးကျသွားပြန်တော့ စိတ်ထဲမကောင်း
"မင်းကအရင်အတိုင်းပဲ Hun"
ဝဲတတ်လာတဲ့မျက်ရည်တွေက Han မျက်ဝန်းထဲအပြည့်
"မငိုနဲ့လေ Han ရယ် ကိုယ်စိတ်မကောင်းအောင်"
"အဲ့လိုနဲ့ မင်းငါ့ကိုပစ်ထားခဲ့ဦးမှာပဲ Hun အရင်လိုပဲ အရင်လိုပဲ မင်းကသတ္တိမရှိဘူး မင်းငါ့ကိုထားသွားဦးမှာပဲ"
ဒေါသနဲ့ပြောပြီး လှည့်ထွက်သွားဖို့လုပ်နေတဲ့ Han ကြောင့် အမြန် လက်ကိုလှမ်းဆွဲကာ အကြည့်ချင်းစုံစေပြီး
"ကိုယ်မင်းကို အရမ်းချစ်တယ် Han"
"အရင်ထက် ပိုတဲ့အချစ်တွေနဲ့ချစ်တာ"
"ကိုယ်မင်းကို နောက်ထပ် လက်လွှတ်လိုက်ရမယ်ဆို ကိုယ်သေလောက်အောင်နာကျင်ရမှာ"
"ဒါတွေ Han သိတယ်မှတ်လား ဟင် Han"
လှိုက်မောနေတဲ့ရင်ဘက်ကြီးကြောင့် စကားတခွန်းနဲ့တခွန်းကို အချိန်ယူပြီးပြောနေရတာအားမရ
Han မျက်ဝန်းတွေကိုစေ့စေ့ကြည့်ပြီး အဖြေရှာရတာတမော
ခုနကလို မျက်ရည်ဝဲနေဆဲပဲဆိုပေမယ့် အကြည့်တွေကတော့ အရောင်မတူ ကျွန်တော့်စိတ်ထင် ဒီတခါက Han ဝမ်းသာလို့ဝဲတတ်လာတဲ့မျက်ရည်တွေများလား?
"Hun ငါမင်းကိုယုံကြည်ပါရစေ"
လေးလေးနက်နက်စကားတခွန်းနဲ့အတူ လည်ပင်းကနေသိုင်းဖက်လာပြီး ပတ်ဝန်းကျင်ကိုမျက်ကွယ်ပြုကာ Han ကျွန်တော့်နှုတ်ခမ်းပါးများကို တရှိုက်မက်မက်နမ်းယူတော့တယ်။
Han အနမ်းတွေက လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကလို ကျွန်တော့်ကိုမူးမိုက်စေဆဲပဲ။
************
"Jong!!"
အိမ်ပြန် တရေးအိပ် ရေမိုးချိုးပြီးတာနဲ့ Chanyeol တယောက် Jong In ကိုကြိုဖို့ပြန်ထွက်လာခဲ့တယ်
အခုရောက်လဲရောက်ရော ရှေ့တည့်တည့်ကလျှောက်လာတဲ့ Jong In က သူ့ကိုမြင်မှ အနောက်ပြန်လှည့်သွားသည်
"Jong Innie!!"
ဆေးရုံထဲပြန်ဝင်ဖို့လုပ်နေတဲ့ Jong In ရှေ့ကိုအပြေးပိတ်ရပ်လိုက်တော့ မျက်နှာကိုမော့မကြည့်ဘဲ
"ဘယ်လိုဖြစ်နေတာလဲ အော်ကျယ် အော်ကျယ်နဲ့ လမ်းဖယ်ပေး"
"ဘာလို့ပြန်ဝင်တာလဲ"
မျက်နှာချင်းမဆိုင်ရဲလောက်အောင် အရှက်သည်းနေတဲ့ Jong In ကို Chanyeol အရပ်အမြင့်ကြီးနဲ့အပေါ်ကစီးကြည့်နေရတာ ရင်ထဲကလိကလိကိုဖြစ်လို့
"မဝင်ပါဘူး အိမ်ပြန်မလို့ပါ"
"ရော် အခု မင်း ဆေးရုံထဲပြန်ဝင်နေတာလေ Jong ရဲ့"
"အာ အော် အဲဒါက ဖုန်း ဟုတ်တယ် ဖုန်းမေ့ကျန်ခဲ့လို့"
"ဟုတ်လား"
စကားတွေတောင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ Jong ကိုစချင်လွန်းစွာ Chayeol အိပ်ကပ်ထဲက ဖုန်းကိုနှိပ်ခေါ်တော့ တတီတီမြည်လာတာ Jong coat ထဲက
အယောင်ယောင်အမှားမှားနဲ့ဖုန်းထုတ်ကြည့်ပြီး contact name 'Chan' ကိုမြင်တော့
"Yrr Park Chanyeol မင်း မင်းငါ့ကိုလာကစားနေတာလား"
စိတ်တိုပြီးခုန်ဆွခုန်ဆွဖြစ်နေတဲ့ Jong In ကို Chanyeol အသဲယားစွာ ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်တယ်
"aigoo ကိုယ့် ဝက်ဝံပေါက်လေး စိတ်တိုနေပြီပဲ
ကိုယ်က Jong ကို ကစားစရာလား ကစားမယ်ဆိုရင်တောင်အရမ်းချစ်တဲ့အရုပ်လေးနဲ့မို့ကစားတာသိလား"
"အား လွှတ် ဖယ်"
ပါးကိုဆွဲထားတဲ့လက်နှစ်ဖက်ကို အတင်းဖယ်ခိုင်းနေတာကြောင့် လွှတ်ပေးလိုက်တော့
"ကိုယ် ဘယ်ထိစောင့်ရမှာလဲ"
"ဘာကိုလဲ"
မသိချင်ယောင်ဆောင်ပြနေတဲ့ ဝက်ဝံပေါက်ကို အမြင်ကပ်စွာ Chanyeol အသံကျယ်ကြီးနဲ့ထအော်လိုက်တယ်
"ဟောဒီက Park Chanyeol ကို Kim Jong In ခေါ် Kai က ချစ်တယ်ဆိုတဲ့အဖြေကိုစောင့်နေတာပါလို့"
"ဟာာ shit Channie မင်း မင်း အရှက်ကိုမရှိဘူး နားကားစုတ်ကြီး"
ခေါင်းကြီးငုံ့ပြီး အပြင်ဘက်ကို ပြေးထွက်သွားတဲ့ Jong In ကို Chanyeol သဘောကျစွာကြည့်ရင်း တဟားဟားအော်ရီလို့မဆုံး
Jong In ပါးစပ်က ချစ်တယ် မပြောသေးပေမယ့် သူ့ကိုချစ်နေမှန်း Park Chanyeol ကသိထားပြီးသားပါလေ။