Icy Puppy 🐢

By CHANBAEK_UNIQUE

10.6K 1.3K 247

Two short ChanBaek Fanfiction More

Icy Puppy 🐢 γ€Šfinal》

Icy Puppy 🐢 γ€Š1》

5.8K 600 76
By CHANBAEK_UNIQUE

" တကယ်တော့ 0 ဆိုတာတန်ဖိုးမရှိဘူး ထင်ရပေမယ့် ကိန်းဂဏန်းတွေရဲ့ တန်ဖိုးက သူပါမှ ပိုပို မြင့်လာတာကွ !!
ဥပမာ ပိုက်ဆံ လိုပေါ့ကွာ ... "

" အဲ့တော့ ~~ ? "

အားသွန်ခွန်စိုက် စိတ်ခွန်အားရအောင် ပြောပြနေသည့် Chanyeol မှာ သူ့ရှေ့က ထိုင်ကာ နားထောင်နေသည့် Kai ဆီမှ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာသည့် စကားတစ်ခွန်းကြောင့် ရှေ့ဆက်ရမည့် စကားတွေ ပျောက်ရှသွားသည်...
ထို့အတူ ပြောနေသည်ကို စိတ်မဝင်စား Game မှာ အာရုံရောက်နေသည့် Oh Sehun ကြောင့် ရှိစုမဲ့စု အင်အားတွေ ပျောက်ရှ ~~~....

သုံးစားမရတဲ့ကောင်တွေ !!

" ဘာဖြစ်ရမှာလဲ ?? ဒါ ငါ့ဘဝနဲ့ အတူတူပဲကွ .. ငါ့ကို လူတွေက 0 လို့ထင်ချင်ထင်ကြမယ် တကယ်တော့ ငါရှိမှ သူတို့တန်ဖိုးမြင့်မယ်ဆိုတာ နလပိန်းတုန်းတွေက မသိဘူး !! "

" သောက်ပိုတွေမပြောပါနဲ့ကွာ ...
Gameဆော့ရတာအာရုံနောက်တယ်...
မင်းဘာကိုဆိုလိုချင်တာလဲ ငါတို့နားမလည်ဘူး ... ကိုယ့်ဘာသာ စောင့်စရာရှိတဲ့လူကို ပါးစပ်ပိတ်ပြီး စောင့်နေ !! "

Sehun စကားကကြောင့် ဒေါသထွက်ရပေမယ့် ... သူတို့လို နလပိန်းတုန်းတွေက ပြောလည်း နားမလည်တဲ့ကောင်တွေဆိုတော့ စိတ်သာလျော့လိုက်သည်..

ဒီနေ့ကျမှ ဘာလို့နောက်ကျနေရတာလဲ?
အခန်းဝဆီ မျှော်ကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချမိသည်..
မျက်နှာလေးကိုမြင်ချင်နေပြီ ~~

မျှော်ကြည့်နေသည့် အချိန်မှာပင် မြင်ကွင်းထဲပထမဦးစွာ ဝင်လာသည့်
ပုပုသေးသေးအရိပ်ကလေးကြောင့် ရင်ခုန်သံလှိုက်ခနဲ ~~
ဖြူဥဖွေးဆွတ်နေသည့် မျက်နှာလေး
ရင်ကိုအေးမြစေတာမှ ရေခဲပြင်အလား ~
တစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်ပဲ တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး သူ့ခုံနေရာလေးမှာ ဝင်ထိုင်လိုက်တယ် ဆိုရင်ပဲသူ့ဆီလွှားခနဲပြေးသွားမိသည်..

" Baek Hyunee ~~ "

စားပွဲလေးပေါ် မေးလေးထောက်ပြီး အစွမ်းကုန်ပြုံးဖြီးကာ ချိုသာချွဲပစ်အီစိမ့် နေသည့် အသံလေး ပြုလိုက်တော့ သူ့အကြည့်တွေ ဆိုက်ရောက်လာသည်...

အကြည့်ချင်းဆုံ ရင်ခုန်ရမည့်အစား~~
ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို ~~
သူ့အကြည့်တွေက အရမ်းကိုအေးစက်လှသလို ...
သူ့အပြုအမူတွေကလည်း အေးတိအေးစက်နိုင်လှတယ်...
ဒါကလည်း လူတိုင်းကို ဆက်ဆံတတ်တဲ့ သူ့အကျင့်လေ ~~
ဒါကလည်း ကျွန်တော့နှလုံးသားကို ရေခဲရိုက်သိမ်းပိုက် လိုက်တဲ့ အချက်တွေပဲပေါ့ ....

လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီးစားပွဲပေါ်မေးထောက်ထား သည့်လက်ကိုဖုန်းခနဲဖြတ်ရိုက်လိုက်
ကာ..

" ဖယ်တော့ .. Sam လာတော့မယ် "

ဘယ်လောက်ပဲ အေးတိအေးစက်နိုင်ပေမယ့် နားဝင်ချိုစေတဲ့အသံလေးကို ကြားလိုက်ရပြီမလို့တစ်နေ့တာအတွက်ခွန်အားတွေရခဲ့ပြီ !!! အဟိ ~~
ချစ်သူအလိုကျသူ့ရှေ့ကနေထွက်မ
သွားခင် အဝေးကနေပဲ ပါးပြင်လေးကို
မွ ခနဲအသံထွက်ကာ အနမ်းလေးပေး လိုက်တော့ ဘေးခုံက သူတွေက မှတ်ချက်ပေးလာတယ် ~~~

" သောက်ခွက်ပြောင်တဲ့ .. နှာဘူး "

အဟင်း .. ဟင်း စိတ်မဆိုးပါဘူး ~
မနာလိုလို့ ပြောကြတာပဲ ဒီက Park Chanyeol ကြီးက သဘောထားပြည့်ပြည့်ဝဝနဲ့ နားလည်တာပေါ့ ...

တိုက်ပွဲတစ်ရာအောင်နိုင်ပြီးပြန်လာ သောစစ်သူကြီးပုံစံနှင့်လမ်းလျှောက်
လာသည့်Park Chanyeolကို သောက်မြင်ကတ်လွန်းလို့ Kai တစ်ယောက် သူ့အနားက အဖြတ် တင်ပါးကို ဆောင့်ကန်လိုက်လေသည်..
ခံရတဲ့သူကတော့ ပြုံးပြုံးကြီးနဲ့ ...

" တက္ကသိုလ်ဝင်တန်းဖြေဖို့ နီးလာပြီ ဆိုတော့ Sam ကတော့မင်းတို့အားလုံး ကို ပိုပြီးကြိုးစားစေချင်တယ်...
အမှတ်ကောင်းတဲ့သူက ကောင်းသလို ဆက်ကြိုးစားပြီး... အမှတ်မကောင်းတဲ့သူတွေက တက္ကသိုလ်ကောင်းကောင်း ရဖို့ အစွမ်းကုန်ကြိုးစားရမယ် ...
ဟိုကောင် Park Chanyeol !! ငါပြောတာကြားလား ?? "

ဆုံးမစကားတွေထဲ ကြားက ကပ်ပါလာသည့် အမည်နာမကြောင့် အတန်းထဲက လူတွေအကုန်လုံး Chanyeol ရှိရာဆီ အကြည့်တို့ ရောက်လာသည်...
အဲ့ထဲမှာBaek Hyunပါမလာသော ကြောင့် Chanyeol စိတ်မကောင်းဖြစ်နေမိသည်...
ဒါကို ဆရာက သူပြောတာ လွန်သွားပြီ ထင်ပြီး အားနာစွာနှင့်

" မင်းက Sam တပည့်တွေထဲက တစ်ယောက်ပဲ .. မင်းကိုကောင်းစေချင် လို့ပြောနေရတာ ... Baek Hyun ကို အားမကျဘူးလား !! သူ့လို စံပြကျောင်းသား မဖြစ်တောင် သူ့ကို အတုယူရမယ်လေ ... ကြားလား ?"

" Nae Sam !!!! ကျွန်တော် ကြိုးစားပါ့မယ် "

Baek Hyun နာမည်ပါလာသည်နှင့် Chanyeol အားတက်သရောနှင့် ဝမ်းပန်းတသာ ပြန်ဖြေလေသည်..
ဆရာကတော့ သူ့စကားကြောင့် အားတက်သွားကာ ထောက်ခံသည်ဟု ထင်မိပြီး Chanyeol ကိုကြည့်ကာ ကျေနပ်နေလေသည်..

**********
Dae Won အထက်တန်းကျောင်းမှာ
Byun Baek Hyun ဆိုရင် မသိတဲ့လူ မရှိသလို Park Chanyeol ဆိုရင်လည်း မသိသူ နည်းပါးလှသည်..

Baek Hyun က တစ်ကျောင်းလုံး ပထမဆိုသည့်အပြင် စံပြကျောင်းသားအဖြစ်ပါ လူတကာ အားကျရသည့်သူ ....
Chanyeol ဆိုတဲ့ ကျွန်တော်ကတော့
ရှည်လျားတဲ့အရပ် ချောမော ခန့်ညားတဲ့ မျက်နှာတော် တို့ကြောင့် မိန်းကလေးတိုင်း သဘောကျရတဲ့သူ..
စာနဲ့ ပတ်သက်ပြီးBaek Hyun နဲ့တော့ ဆန့်ကျင်ဘက် ...
တစ်ကျောင်းလုံး နောက်ပိတ်ဆုံး ဆိုသည့် နေရာက ကျွန်တော့အတွက်လားထင်ရ လောက်သည်.. ...

ဆရာတွေကြားမှာလည်း ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ဆုံးမနေကျ စကားတစ်ခွန်းရှိတယ်

"Byun Baek Hyun လိုလုပ်
Park Chanyeol လို မလုပ်နဲ့တဲ့ "

ဘယ်လိုပုံစံနဲ့ပင် ပြောနေပါစေ Baek Hyun နဲ့ အတူ ယှဉ်တွဲဖော်ပြ ခံရတဲ့ အတွက် ကျေနပ်မိတယ်...

" Baek Hyun အမှတ်က Seoul တက္ကသိုလ်ကိုလျှောက်လို့ရတယ်တဲ့ ..
သူကလည်း စိတ်ဝင်စားတဲ့ပုံပဲ .. မင်းဘယ် လိုလုပ်မလဲ? "

Kai ရဲ့စကားက တကယ်ကို စဉ်းစား စရာ ~~
စဉ်းစားရင်း ရင်ထဲ စိုးရိမ်မှုနှင့်အတူ မွန်းကြပ်လာသည်..
ဘယ်နှလမှ မလိုတော့သည့် စာမေးပွဲ အတွက် ပြင်ဆင်ထားခြင်းလည်း ကျွန်တော့မှာ မရှိ ...
အောင်ဖို့အနိုင်နိုင်ဖြစ်နေသည့် အခြေအနေမှာတောင် ကိုယ့်ဘဝရှေ့ရေးအတွက် ခေါင်းထဲမရှိ
Baek Hyun တစ်ယောက်သာ ခေါင်းထဲရှိသည်..

စာမေးပွဲသာကျခဲ့ရင် Baek Hyun နဲ့ ဝေးရမယ့်အပြင် တွေ့ရဖို့လည်း ခက်ခဲသွားနိုင်တယ်..

" ငါဘယ်လိုလုပ်ရမလဲ ? "

" လုပ်မရတော့ဘူးလေ .. အစကတည်းက Baek Hyun ရူး ရူးနေပြီး စာမှ သေချာမလုပ်တာ..
ဟိုက သောက်ဖတ်လုပ်တာလည်း မဟုတ်ပဲနဲ့ "

" လုပ်ပါတယ် .. ငါ့ကိုစကားပြန်ပြောတယ်လေ "

" ထွက်သွားတို့ .. ရူးနေလားတို့ ..
ဒါပဲလေ သောက်ရူးရဲ့ ... ကောင်းကောင်းမွန်မွန် ဘယ်နှခါ ပြောဖူးလို့လဲ ? "

Sehun စကားက တကယ်ကို အရှိုက်ထိစေသည့်အတွက်ကြောင့် Chanyeol တစ်ယောက်မှိုင်တွေသွားသည်...

မြင်မြင်ချင်းချစ်မိသွားတဲ့puppyလေးအနားသုံးနှစ်လုံးလုံး တွယ်ကပ်ပြီး ရင်ထဲက အချစ်တွေကို သူသိစေဖို့ အမျိုးမျိုးကြိုးစားပေမယ့် အချိန်တိုင်း ကန်ထုတ်ခံရမြဲသာ..

သူ့စိတ်ထဲမှာ ကျွန်တော်ရော ရှိပါ့မလား ?

" Sam နဲ့ ဆွေးနွေးကြည့်ပေါ့.. တစ်ခုခုတော့ မင်းအတွက်ထူးမှာပါ .. "

တစ်သက်လုံးကြားလာခဲ့တဲ့ Kai ရဲ့ စကားတွေထဲမှာ ဒီစကားက အသုံးအဝင်ဆုံး ဖြစ်လာခဲ့သည်..

" ကြိုးစားရင် ရနိုင်ပါသေးတယ်... Seoul တက္ကသိုလ်ကို ဝင်ဖို့ကတော့~
ဟင်းး ဒါကြောင့် ငါပြောခဲ့တာပေါ့..
စာလုပ်ပါ စာလုပ်ပါ ဆိုတာ ... Guide ကောင်းကောင်းတစ်ယောက် ရှာရင် ရှာကြည့် အကူအညီလိုရင်လည်း ဆရာ့ကိုပြောပေါ့ အတတ်နိုင်ဆုံး ကူညီပေးမယ် ... Korea မှာ University ကောင်းတာတွေရှိပါတယ် Seoul တက္ကသိုလ်မှ မဟုတ်ဘူးလေ .. "

Sam ကတော့ အတတ်နိုင်ဆုံး နှစ်သိမ့် အားပေးစကားဆိုပေမယ့် သူ
Baek Hyun နဲ့အတူ တက်ချင်တာလေ ..
" Nae... ကျွန်တော့ကို ခွင့်ပြုပါဦး ~~ "
အားအင်ခ်ျိနဲ့စွာနှင့် ခေါင်းငိုက်ဆိုက်ကာ
ဆရာများ နားနေခန်းမှ ထွက်လာသည့် Chanyeol ကိုမြင်သည်နှင့်
Baek Hyun စိတ်ရှုပ်မိသည်...
အရူး ကောင်နဲ့မှ တိုးရတယ်လို့!!

သူထင်ထားသည်က သူ့ကိုမြင်သည်နဲ့ အနားပြေးလာကာ စပ်ဖြီးဖြီးလုပ်ပြီး
ကျပ်မပြည့်တဲ့ စကားတွေ လာပြောမယ် ထင်ထားခဲ့ပေမယ့်
အနားဖြတ်လျှောက်သွားစဉ်မှာ တစ်ချက်ပဲ ကြည့်ပြီး ဆက်လျှောက်သွားသည်မလို့
Baek Hyun အံ့အားသင့်မိသည်..
မျက်နှာမကောင်းတာလည်းသတိထားမိလိုက်တယ်~~

" ဘာဖြစ်လို့ပါလိမ့် ? "

****************

ခါတိုင်း ဖလန်းလန်းထနေသည့် Park Chanyeol တစ်ကောင် လဒမှိုင် မှိုင်နေလေတော့ ဘေးက Sehun နဲ့ Kai နေရတာ မသက်မသာ ဖြစ်နေလေသည်...

" Yahh !! မင်း ဘာဖြစ်နေတာလဲ ? "

" အေးလေ လဒကြီး လင်ပူမိတာ ကျနေတာပဲ "

နှစ်ယောက်ဆီက စကားကြောင့် သက်ပြင်းချပြီး မှန်ပြတင်းပေါက်ကနေ တစ်ဆင့် ကျောင်းလယ်က ကွင်းပြင်ကိုသာ ငေးမောကြည့်နေမိသည်...

" Park Chanyeol ~~ "

ကြားလိုက်ရသည့် အသံလေးကြောင့် Chanyeol တစ်ယောက် အံ့ဩတကြီးနဲ့ အသံလာရာဆီ လှည့်ကြည့်လာသည်...
သူ့ရဲ့ Baek Hyunee !!!

" အပြင်မှာ စကားခဏ ပြောရအောင် "

သူ့ပုံစံအတိုင်း အေးတိအေးစက်ပြောပြီး ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ Chanyeol မှာ မတ်တပ်အေးခဲ ကျန်ခဲ့သည်...

" ဟေ့ကောင် သွားလေ !!! "

ဘေးကနှစ်ယောက် ဝိုင်းအော်မှ အသိစိတ်ကပ်ပြီး Baek Hyun နောက်ပြေးလိုက်သွားလေသည်...

လူရှင်းသည့် နေရာမှာ နံရံကိုမှီကာရပ်နေသည့် သူနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တော့ သူ့ထက် အရပ်မြင့်သည့် ကျွန်တော့အား မော့ကြည့်လာသည်..

" Sam ကပြောတယ် အခုအတိုင်း ဆက်သွားရင်မင်းအခြေအနေမကောင်းဘူးတဲ့ ... ငါ့ကိုပြောခိုင်းလိုက်တယ် "

တကယ် ရှက်ဖို့ကောင်းလွန်းပါတယ် !
ဘာလို့ သူ့ကို မှသွားပြောရတာလဲ ?
ရှက်လွန်းလို့ ခေါင်းငုံ့ပြီးသာနေမိသည်..

"အတန်းခေါင်းဆောင်တစ်ယောက် အနေနဲ့ပြောရတာမလို့ တခြားစိတ်မဝင်နဲ့...မင်းအကူအညီလိုရင်ငါစာပြပေးနိုင်တယ် "

" ဘယ်လို ? "

မထင်မှတ်ထားသည့်စကားကြောင့် ငေါက်ခနဲခေါင်းမတ်လာသည့် ကျွန်တော့ကို သူကတော့ အေးဆေးစွာ ကြည့်နေသည်..

" လိုမှပါ .. မလိုလည်း ... "

" Arnii !!!! လိုတယ် !!
အရမ်းလိုတယ် !! Baek Hyunee ကူညီပါကွာ နော် .. မင်းမှမကယ်ရင်
ငါဘဝကြီး အဆုံးသတ်သွားမှာ !!! "

ပျာပျာသလဲ puppy eyes ကြီးတွေနဲ့ သနားစဖွယ်တောင်းပန်တော့ သူ့ မျက်ခုံးအစုံ တွန့်ချိုးသွားတယ်...

" အပိုတွေ လုပ်မနေနဲ့ .. ညနေ ကျောင်းဆင်းရင် ကျောင်းရှေ့မှာ စောင့်နေ ... "

တစ်ခွန်းသာပြောပြီးလှည့်ထွက်သွား သည့် ကျောပြင်သေးသေးကို ကြည့်ရင်း အိမ်မက်လား တကယ်လား ဝေခွဲမရဖြစ်နေသည်..

ပါးကို ခတ်ဆတ်ဆတ်ရိုက်လိုက်တော့ စပ်ဖျင်းဖျင်းခံစားမှုကြောင့် ထိန်းမနိုင် သိမ်းမရ ဝမ်းသာစွာ ထခုန်မိသည်..

အိမ်မက်မဟုတ်ဘူးပဲ !!! ㅠ.ㅠ

ပျော်ရွှင်မှုတွေ ဆို့တက်လာပြီး
စိတ်နှလုံးသား နူးညံ့သိမ်မွေ့လွန်းတဲ့
Chanyeol မှာ မျက်ရည်ဝဲကာ ကြည်နူးနေလေရဲ့ ..

အဲ့နေ့ကစပြီး Baek Hyunee ကသူ့ရဲ့ guide ကလေး ဖြစ်လာတော့တာပေါ့ ..

~~~~~~~~~~~• I P •~~~~~~~~~

One short ရေးမလို့ပဲ လက်ဖွာတဲ့ ကိုယ့်အကျင့်ကြောင့်
2 short ဖြစ်သွားမယ် 😁😁....

နောက်တစ်ပိုင်းကဘယ်အချိန် up ဖြစ်မလဲတော့ မသိသေးဘူးပေါ့နော် ..

အချိန်ပေး ဖတ်ရှုပေးတဲ့ Reader nim တို့ကို ကျေးဇူးတင်ရှိကြောင်းး ~~ 😙😙😙

Continue Reading

You'll Also Like

1.3M 67.3K 59
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
1.5M 132K 45
✫ 𝐁𝐨𝐨𝐀 𝐎𝐧𝐞 𝐈𝐧 π‘πšπ­π‘π¨π«πž π†πžπ§'𝐬 π‹π¨π―πž π’πšπ πš π’πžπ«π’πžπ¬ ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...