Official [Completed] (Zawgyi...

By nora_nono

468K 38.8K 1.2K

Cover by Windi_622❤ Official_ ချစ်သူနှစ်ယောက်ကြားမှာ အရေးကြီးတဲ့ အရာတစ်ခု ကျွန်တော့် အတွက်တော့ အရေးမကြီးဘူးထင... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20 (Park Chanyeol' pov)
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Final
Special Thanks To
Hi🙋
''
Hi ♥

Part 19

12.4K 1.1K 90
By nora_nono

Baek pov

အရာရာဟာ ပြောင်းလဲတတ်တယ်ဆိုတဲ့စကားဟာ မှန်သင့်သလောက်တော့ မှန်သည်။ ကျနော်နဲ့သူနဲ့ ဆက်ဆံရေးဟာ အများကြီးကောင်းမွန်လာခဲ့သည်။

ပိုမို နူးညံ့လာတဲ့သူဟာ မြတ်နိုးမှုတွေပိုပေးသလို ယုယမှုတွေလည်း ပိုလို့ပေးလာခဲ့သည်။

Jongin တို့ ခရီးထွက်တဲ့အချိန်ကစလို့ ကိုယ်တစ်ယောက်တည်းငေါင်နေပေမယ့် ကိုယ့်အပေါ်ပိုမိုဂရုစိုက်လာတဲ့သူကြောင့် အထီးမကျန်ခဲ့။

ခုဆိုရင် သူ့အိမ်ကို ပြောင်းနေဖြစ်ကာ အချစ်တွေလည်းပိုတိုးလာသလိုပင်။ အလုပ်သွား အလုပ်ဆင်းကိုသူကိုယ်တိုင် အကြိုအပို့လုပ်ပေးကာ နေ့ရက်တိုင်းကပျော်စရာအတိ။

ဒီလိုအချိန်က ပန်းပေါင်းစုံဖွေးဖွေးလှုပ်လှုပ် ပွင့်လန်းချိန်မို့ တစ်မြို့လုံးလှချင်တိုင်းကို လှနေတော့တာ။ သူပေးတဲ့ကြင်နာမှုတွေကြောင့် မြင်မြင်သမျှလည်း လှနေတာဖြစ်လိမ့်မည်။ လှချင်တိုင်းလှနေတဲ့ ချယ်ရီပင်တန်းတွေအောက်မှာ သူနဲ့ကျနော် အမှတ်တရဓာတ်ပုံတွေလည်းရိုက်ခဲ့ကြသည်။

ဒီနေ့လည်း အသားကင်စားချင်တယ်လို့ ဆိုလိုက်မိတဲ့ ကျနော့်စကားတစ်ခွန်းကြောင့် onlineပေါ်တွင် recommend ကောင်းကောင်းပေးခံရတဲ့ဆိုင်တွေကို မွှေနောက်ရှာကာ အဆင်ပြေဆုံးဆိုင်ကိုရွေးနေလေသည်။

တွေ့တဲ့ဆိုင်ဝင်စားရအောင်ဆိုလည်းမဟုတ် စားတဲ့အချိန်မှာတော့ အေးအေးဆေးဆေးနဲ့ အရသာကောင်းကောင်းလေးတွေသာ စားစေချင်လို့ဆိုတဲ့ သူ့စေတနာစကားမှာပီတိဖြာရသေးသည်။

သူသွားမယ်လို့ သတ်မှတ်လိုက်တဲ့ အသားကင်ဆိုင်က မြို့ထဲနဲ့အနည်းငယ်လှမ်းကာ မရောက်ဖူးတဲ့လမ်းတွေမို့လို့ နေရာကရှုတ်ထွေးနေသည်။ ဒီဆိုင်မှဒီဆိုင်ပဲဆိုတဲ့ သူကတော့ google map ဖွင့်ကာ အေးရာအေးကြောင်းပင် ရောက်အောင်သွားသည်။

သူနဲ့အတူနေမှပင် သူသည် အရာရာကို အေးအေးဆေးဆေးနဲ့ စိတ်ရှည်စွာဖြေရှင်းလေ့ရှိသောသူပင်။

ကျနော်ကတော့ တစ်ယောက်တည်းတွေးချင်ရာတွေးကာ ကြိတ်ခံစားလေ့ရှိသောသူမျိုးပင်။

လာရတာအလုပ်ရှုပ်ပေမယ့် အသားကင်ဆိုင်လေးကိုရောက်တော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ စိတ်ကျေနပ်စရာကောင်းသည်။

အသားတွေဒိုင်ခံကင်ပေးကာ ကျနော်ကတော့ အားရပါးရစားပေးသည်။ စိတ်ရှည်တတ်တဲ့ချစ်သူက ချစ်ဖို့ကောင်းလွန်းသည်။

သူ့အိမ်မှာအိပ်တဲ့ညတွေတိုင်းဟာ စိတ်လှုပ်ရှား ရင်ခုန်ပျော်ရွှင်စရာအတိ။ အချစ်နွံထဲ မျောပါသွားမိတိုင်း စွဲဆောင်မှုအားကောင်းလွန်းသော သူ့အထိအတွေ့ အယုအယကြားရုန်းမထွက်ချင်။ ညတိုင်းဟာစည်းချက်ကျကျ လှုပ်ရှားနေတဲ့ အချစ်ခရီးမှာ နာကျင်မှုရောယှက်နေပေမယ့် သာယာမှုကတော့ နတ်ပြည်ရောက်နေသလိုပင်။

အရမ်းချစ်တာပဲ ကိုကိုရာ.....

........................................................................

ခရီးကပြန်ရောက်လာတဲ့ Kyungsooကတွေ့ချင်တယ်လို့ဆိုလို့ သူ့ရုံးနားကကော်ဖီဆိုင်မှာ ရောက်နေခြင်း။ သူကတော့ site ထဲသွားရမယ်လို့ မနက်ကပြောသွားသည်မို့ ရုံးမှာမရှိနိုင်။

Kyungsooရဲ့ ခရီးသွားအတွေ့အကြုံတွေနားထောင်ရင်း Kyungsoo ပြောတဲ့စကားတစ်ခွန်းကြောင့် စိတ်လေးသွားမိသည်ကတော့ အမှန်ပင်။

'ံရုံးကလူတွေပြောတာတော့ ငါတို့ခရီးသွားတည်းက မင်းHyungက ကောင်မလေးတစ်ယောက်နဲ့တွဲသွားတွဲလာ လုပ်နေတယ် Clientလည်းမဟုတ်ဘူး ရှယ်ရာရှင်လည်းမဟုတ်ဘူးကွ မနေ့ကငါတောင်သူတို့နှစ်ယောက်ကို တွေ့လိုက်တာ တော်တော်ရင်းနှီးတယ်နဲ့တူတယ် မင်းသိရအောင်လို့ပြောပြတာ' ဆိုတဲ့ Kyungsoo စကားတွေက နားထဲမှာအထပ်ထပ်ကြားယောင်နေသည်။

ဖုန်းဆက်ပီးမေးလိုက်ချင်ပေမယ့် သူအလုပ်ရှုပ်နေမှာဆိုတဲ့အသိကြောင့် ဆန္ဒကိုချိုးနှိမ်မိသည်မှာ အခါခါ။

တစ်နေ့လုံး အလွှဲလွှဲ အချော်ချော်ဖြစ်နေသည့် ကျနော်က သူ့ဖုန်းဆက်တဲ့အခါမှ စိုးရိမ်မှု အနည်းငယ်လျော့ကျတော့သည်။

ဟုတ်တယ် မနက်ကထိကျနော်အပေါ် ချစ်ခင်ယုယနေသေးတာပဲ။ အိမ်ရောက်မှပွင့်ပွင့်လင်းလင်းမေးရမယ်။ Jamesစဉ်းစားထားခိုင်းသည့် ကိစ္စလည်း သူနဲ့တိုင်ပင်ရအုံးမယ်လေ။

ပြန်လာရင် ချယ်ရီကိတ်လေးယူခဲ့အုံး စားချင်လို့ဆိုတဲ့ နေလည်ကသူကဖုန်းဆက်ပြောတော့ ကိတ်ဘူးလေးသယ်ကာ သူ့အိမ်ကိုပြန်လာခဲ့သည်။

သူကတော့ရောက်အုံးမည်မဟုတ်။ ခဏနေမှ  လာမကြိုနဲ့တော့လို့ သူ့ဆီဖုန်းဆက်ပြောလိုက်တော့မယ်။

သူ့အိမ်ရောက်တော့ ကိတ်ဘူးလေးကို စားပွဲပေါ်တင်ကာ ညစာဝယ်လာတဲ့ဟင်းတွေကို ပန်းကန်ထဲပြောင်းထည့်ကာ သူလာရင်အဆင်သင့်စားဖို့ပြင်ထားလိုက်သည်။

တီ~တီ~တီ~တီ

ဟော...သူပြန်လာပီ တံခါးပေါက်password ဖွင့်သံ ကြားရသည်။ ဝင်လာတည်းက စကားပြောသံကြားရ၍ ဖုန်းပြောနေတာထင်သည်။

ဟင်းပွဲထည့်နေတာတွေ လက်စသပ်လိုက်ရင်း ကိတ်ဘူးလေးကို မီးဖိုခန်းအဝင်ဝက ရေခဲသေတ္တာထဲထည့်ရန်ပြင်လိုက်ရင်း သူကိုနှုတ်ဆက်ဖို့လှည့်အကြည့် ရှိုက်သံတိုးတိုးကလွှင့်ပျံ့လာလေသည်။

ကျနော်ကို နောက်ကျောပေးထားတဲ့ သူက ကျနော်ရှိနေမှန်း မသိပေမယ့် သူ့လက်တစ်ဖက်က သူ့ရှေ့ကမိန်းမတစ်ယောက်ရဲ့ ပုခုံးပေါ်တင်ကာ ကျန်လက်တစ်ဖက်က ထိုမိန်းမရဲ့ မျက်ရည်တွေကိုတယုတယသုတ်ပေးနေသည်။

သူ့မျက်နှာကို ထိုမိန်းမမျက်နှာနဲ့ အညီငုံ့ကာ ခပ်တိုးတိုးချော့နေတဲ့သူက နူးညံ့လွန်းနေသည်။

ထိုမိန်းမကို ကျနော်ကောင်းကောင်းသိသည်။ သူ့အချစ်ဦး Rosy!

ထိပ်တိုက်တွေ့တဲ့အခြေအနေက အရင်လိုရှောင်လွှဲလို့မရ။ ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး လက်ထဲကကိတ်မုန့်ဘူးကို ကြမ်းပြင်သို့ ပစ်ချလိုက်မိသည်။

"Park Chanyeol!!!!!''

ကျနော့်အော်ခေါ်သံအပီးမှာ သူက အလန့်တကြားလှည့်ကြည့်လာသည်။

"Hyung ကဘာလဲ ကျနော်ကို ဘယ်လိုသတ်မှတ်နေတာလဲ ကျနော်ကအရုပ်လား Hyungလိုအပ်တဲ့အချိန်မှသုံးတဲ့ အရုပ်လားလို့ !!!''

"Baek တော်စမ်း! !''

"Hak ဘာလဲ မှန်တာပြောလို့ထိသွားတာလား! "

"မင်းမသိဘဲ လျှောက်မပြောနဲ့ Baekhyun''

"ဘာကိုမသိရမှာလဲ  သူက Hyungရဲ့ တန်ဖိုးထားရတဲ့ အချစ်ဦး Rosy မလား? Minhoဆိုတဲ့ တစ်ယောက်နဲ့ Hyungနဲ့ပြောတာတွေလဲ အကုန်ကြားပီးသား....
ဘာလဲ Hyungတို့်နှစ်ယောက်ပြန်တွဲနေတာလား? အဲဒါဆို ပွင့်ပွင့်လင်းလင်းပြော....''

"Byun Baekhyun! !!  မင်းပါးစပ်ပိတ်ထား! !!''

ကျနော်နားရောက်လာတဲ့သူက ဒေါသတော်တော်ထွက်နေတယ်ထင်ပ...

'Yeol ငါရှင်းပြလိုက်မယ်'

"ဘာမှရှင်းပြစရာ မလိုဘူး Rosy! !''

"ဟုတ်တယ် ရှင်းပြစရာမလိုဘူး သူ့ဘဝမှာ ကျနော်ဆိုတာ ဘယ်နေရာမှအရေးမပါဘူး ရည်းစားဟောင်းဖြစ်တဲ့ ခင်ဗျားလောက်တောင် အရေးမပါဘူး...အစကတည်းက ချစ်တယ်လို့ တစ်ခွန်းမပြောခဲ့ဘူးသလို ခုချိန်ထိလည်းမပြောဖူးဘူး...လူကြားထဲလဲ Official မတွဲဖူးဘူး... ကျနော်ဖြစ်တည်မှုကို သူ့ပတ်ဝန်းကျင်ကသူတွေ သိမှာ အရမ်းကြောက်တဲ့သူ... ကျနော်ကသာ သူ့ကိုချစ်လွန်းလို့ တွယ်ကပ်နေမိတာ.... သူ့အတွက်ကျနော်ဆိုတာ ဘာမှမဟုတ်ဘူး...

ကစားစရာသက်သက်ပဲ!!!!!''

မျက်ရည်တစ်စက်မကျဘဲ အံကြိတ်ပီးပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် ချီးကျူးမိသည်။

"Baek! !''

"စိတ်ချပါ ခင်ဗျားဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်...''

ပြောချင်တာတွေပြောလိုက်ရလို့ ကျေနပ်မိပေမယ့် ရင်ထဲပေါ့မသွား သူ့အိမ်ကပြေးထွက်လာခဲ့ပေမယ့် သူကတော့ ကြောင်ကြောင်ကြီးရပ်ကျန်နေခဲ့သည်။

လက်ထဲကဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို ဖိနှိပ်လိုက်သည်။

'Hello.. '

"ဟုတ်ကဲ့ James ကျနော် Baekhyun ပါ ခင်ဗျားနဲ့လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပီ မနက်ဖြန်တခါတည်းလိုက်ခဲ့ပါမယ်... ကျနော် Jamesဆီ အခုလာခဲ့လိုက်မယ် ဆွေးနွေးကြတာပေါ့.....ဟုတ်...လာခဲ့ပါမယ်..''

ပြောပီးပီးခြင်း လက်ထဲကဖုန်းကို လမ်းပေါ်ပစ်ပေါက်လိုက်သည်။ အကုန်လုံးကို အဆက်ဖြတ်ပီး ထွက်သွားတော့မယ်။ ပြန်ပြေလည်လိုက် သံသယဖြစ်လိုက်နဲ့ အချိန်မကုန်ချင်တော့ ။

စိတ်ချ Park Chanyeol ခင်ဗျားနားကနေထွက်သွားမှာ......

ကျနော့်ကို အသုံးချတာ ဒီလောက်ဆိုလုံလောက်ပါပီ......

ခင်ဗျားအရမ်းချစ် အရမ်းတန်ဖိုးထားတဲ့ သူမနဲ့ ပျော်ရွှင်ပါစေ.......

...................,....................................................

မကြာခင် PCY' pov နဲ့ပြန်လာခဲ့ပါမယ်
Thank you all😚❤

Unicode

Continue Reading

You'll Also Like

170K 13.7K 69
ခေတ်အဆက်ဆက်ရဲ့ယဉ်ကျေးမှုက တစ်ဦးအပေါ်ထားတဲ့တစ်ဦးရဲ့ချစ်ခြင်းမေတ္တာဖြစ်မယ်ဆိုရင် ငါ့ခေတ်ရဲ့ယဉ်ကျေးမှုက မင်းအပေါ်ထားတဲ့ အနိုင်ယူလိုစိတ် တွေပဲ ဖြစ်စေရမယ်
446K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest