My Love

By yurifanficaddict

192K 6.5K 1.4K

နင်ဟာငါ့အတွက်ခိုလှုံရာအိမ်လေးပါ...... နင်ဟာငါ့အတွက်နေရောင်ခြည်ထက်တောက်ပတဲ့သူပါ နင်ဟာငါ့အတွက် လေပြေလေးလိုအေးမြ... More

My Love
My Love-1
My Love-2
My Love-3
My Love-4
My Love -5
My Love-6
My Love -7
My Love-8 (R)
My Love -9
My Love-10
My Love-11
My Love - 12
My Love-13
My Love- 15
My Love-16
My Love- 17
My Love - 18
My Love- 19
My Love-20
My Love-21
My Love-22
My Love-23 (R)
My Love -24
My Love -25
My Love-26
My Love-27
My Love - 28
My Love-29
My Love-30
My Love-31
My Love-32
My Love- 33
My Love-34
My Love-35
My Love

My Love-14

4.3K 179 50
By yurifanficaddict

Tae နောက်ဆုံးရထားအသံကိုတောင်ကြားနေရတာမို့...ဒီနေ့လည်းစိတ်ပျက်စွာခုံတန်းလေးကနေထပြီး ထွက်လာခဲ့မိသည်။

လမ်းကလျှောက်သာနေရသည်...မူးလိုက်တာ ခေါင်းတစ်ခုလုံးမူးနောက်လာတာမို့ အချိန်မှီထိုင်ချလိုက်မလို့လုပ်ပေမဲ့
မထိန်းထားနိုင်တော့တဲ့ခန္တာကိုယ်နဲ့အတူလေပေါ်တွင်ဝဲလွင့်ရင်း

လက်ကသံလမ်းနဲ့ရိုက်မိတာမို့ နာတော့မှ အသိပြန်ဝင်လာရာ

Man-မိန်းကလေး...မိန်းကလေး
သတိထားဦးလေ...မြန်မြန် ဦးကိုလက်ကမ်းပေး

ငါဘယ်ရောက်နေတာလဲ မူးနေတဲ့ခေါင်းကိုလက်နဲ့ဖိရင်း...ငါအောက်ပြုတ်ကျလာတာနဲ့တူတယ်
အပေါ်ကနေလည်း တက်လာဖို့လှမ်းခေါ်သံတွေကြားနေရသည်
Tae ရထားသံလမ်းပေါ်မှာ ထချင်ပေမဲ့ထလို့မရ....အားမရှိတဲ့ခြေထောက်တွေက ဦးနှောက်ရဲ့ခိုင်းစေချက်ကိုငြင်းဆန်နေသည်။

စင်္ကြန်လမ်းမှာရှိတဲ့လူတွေကလည်း.....
ရထားလာနေပြီမြန်မြန်လုပ်ကြပါဦး...ကလေးမ လက်ကမ်းပေးပါ...မြန်မြန်ကမ်းပေး

Tae's mind-ငါဒီလိုသေလို့မရသေးဘူးလေ.......Miyoung ကိုစောင့်ရဦးမှာကို....

Tae အားကုန်သုံးကာထလာပေမယ်....နားထဲကိုရထားအော်သံတွေဆူလောင်စွာဝင်လာတဲ့ခဏ

.
Fany အတော်ဝေးဝေးကနေ Tae ကိုစောင့်ကြည့်နေမိတာတစ်လျှောက်လုံးပါဘဲ....
သူ့ရဲ့အားပြတ်စွာငူငူငေါင်ငေါင်ထိုင်နေတဲ့ ကျောပြင်ကိုငေးကြည့်ကာ သနားလိုက်တာ
နဂိုကတည်းကလူကသေးသေးလေးကို အခုတော့ပိုလို့တောင်သေးသွားသေးသည်။

သူထပြီးပြန်လျှောက်လာပါပြီ...

ဟမ်...Fany ကြည့်နေတုန်းမှာပင် သူမူးလဲသွားသည်။
သူလဲလဲချင်း အဝေးကနေကသောကမျောပြေးထွက်လာပေမဲ့....လမ်းခုလတ်မှာတင် ဘုရားတမိသွားသည်။
ဘူတာထဲဆိုက်တဲ့ရထားကလည်း ဝင်လာပြီလေ..
ပြီးတော့သူနဲ့ဆန့်ကျင်ဘက်အရပ်ကရထားကလည်းဝင်လာတော့မယ် မြင်နေရပြီ....

.
Taeyeon ဆူညံလွန်းတဲ့ရထားသံကြောင့်အရာရာကပြီးဆုံးသွားပြီလို့မှတ်ယူမိပေမဲ့

Fany ရထားနဲ့တဲတဲလေးလိုတော့တဲ့သူ့နားခုန်ဆင်းကာ ပွေ့ဖက်ထားရင်းလှဲချလိုက်ပြီးတင်းကြပ်စွာဖက်ထားရင်း

Tae's mind-နွေးလိုက်တာ....
တစ်ကိုယ်လုံးကိုသိမ်းပြီးဖက်ထားတဲ့တစ်ယောက်သောသူရဲ့ရင်ခွင်ကို အားကိုးတကြီးပြန်လည်သိုင်းဖက်ကာ......
မျက်ရည်တွေကျလာမိသည်။
အရူးမလေး အခုမှပေါ်လာတယ်
ငါ့ရဲ့ Miyoung

Fany-ငါရှိတယ် Taeyeon.... ငြိမ်ငြိမ်နေမလှုပ်နဲ့...
ပြောရင်း hoodie ကိုခေါင်းထိလုံအောင်ခြုံကာ သူ့က်ုပြန်ဖက်ထားလိုက်မိသည်။

Tae's mind-အရူးမပြောပြန်ပြီ 'ငါရှိတယ်တဲ့' အဲ့စကားလေးကြားရဖို့ရင်တွေနာလိုက်ရတာ...အဲ့စကားလေးကြားရဖို့မျှော်လိုက်ရတာ

Fany ဆန့်ကျင်ဘက်နှစ်ခုလုံးကလာနေကြတဲ့ရထားနဲ့ချိတ်မိမသွားအောင် သူ့အပေါ်ကနေမိုးပေးထားလျက် ရတဲ့နေရာလွတ်လေးမှာ နှစ်ယောက်သားပူးကပ်စွာနေရင်း

သူ့ကိုမလှုပ်ဖို့ပြောကာ...သူ့မျက်နှာကြည့်မိတော့
မျက်ရည်တွေကျကာ ငိုနေတဲ့သူ့ရဲ့မျက်ဝန်းနက်နက်တွေကြောင့်.......

Fany's mind-Mianae
Tae's mind-ဘာကိုလဲ
Fany's mind-နင်ငိုနေရပြီလေ
Tae's mind-အခုကပျော်လို့ငိုနေတာလေ

Fany သူ့နဖူးပေါ်နှုတ်ခမ်းလေးတင်းကြပ်စွာဖိကပ်ထားရင်း

Fany's mind-တောင်းပန်တယ်..ငါအရမ်းချစ်မိသွားလို့တစ်ကိုယ်ကောင်းဆန်မိသွားတယ်
Tae's mind-ငါကောဘဲတောင်းပန်တယ်...ငါလည်းငါဖြစ်ချင်တာဘဲဦးစားပေးပြီးတစ်ကိုယ်ကောင်းဆန်မိတယ်

Both's mind-အရမ်းချစ်မိသွားလို့ပါ

.

ဆူညံစွာဖြတ်သန်းနေတဲ့ရထားနဲ့ အေးချမ်းစွာခုန်နေတဲ့နှလုံးသားနှစ်စုံဟာ အနှေးပြကွက်တွေအလား.......

Fany နမ်းနေရာကခွာပြီး....သူ့ရဲ့မျက်နှာနုနုကိုပြန်ကြည့်ရင်းပြုံးကာ....

Fany's mind-Taeyeon na...နင်သိလား..ငါဒီလောက်ထိစိတ်အေးချမ်းတာမခံစားရဖူးဘူး
Tae's mind -ငါ့ကြောင့်လားဟင်!
Fany's mind-အင်း...ဟုတ်တယ်...အေးချမ်းတယ်..နင့်ရင်ခွင်က
ဘယ်လိုတင်စားပြောရပါ့မလဲ
'Taeyeon na နင်ကငါ့အတွက်အိမ်လေးနဲ့တူတယ်လို့ပြောရမလား
ဘာလို့လဲဆိုတော့ နင်ရှိနေရင် ငါလုံခြုံမှုကိုခံစားရတယ်

နင်ကငါ့အတွက်ဆိုရင်နေရောင်ခြည်ထက်ပိုတောက်ပတဲ့သူဆိုတာကောသိရဲ့လား
နင်ရောက်လာမှငါ့ရဲ့အမှောင်ကမ္ဘာလေးမှာ...အလင်းရောင်ဝင်လာတယ်..အဲ့ဒါလည်းငါအသိဆုံးဘဲ

နင်ကငါ့အတွက် လေပြေလေးလိုအေးမြစေသူလို့တင်စားရင်ကောယုံမှာလား..ဟင်......😁
ငါ့ရဲ့ဘဝအမောတွေက နင့်ရဲ့ဖြူစင်တဲ့အပြုံးအောက်မှာအကုန်ပျောက်ကွယ်သွားတယ်လေ...

Taeyeon na ..နင်ကငါ့အတွက် စမ်းချောင်းလေးထက်တောင်ပိုပြီး ကြည်လင်တောက်ပနေတဲ့သူတစ်ယောကဆိုလည်းဟုတ်တယ်
..........အဲ့ဒါကြောင့်ပါ.... အဲ့ဒါကြောင့်ဘဲ ငါ့လိုညစ်ပတ်နေတဲ့သူနဲ့ပက်သက်မိလို့နင်ညစ်ပေသွားမလား....ငါကြောက်ပါတယ်

အားလုံးခြုံပြောရရင်
နင်သာမရှိရင်.....ငါ့အတွက်ဘာမှအဓိပ္ပါယ်မရှိဘူး'

Fany သူ့မျက်နှာကိုလက်နဲ့ညှင်ညှင်သာသာကိုင်ကာ...ပြုံးရင်းကြည့်နေမိသည်။

Taeyeon ပြုံးနေကာသူ့ရဲ့အင်္ကျီကိုလွတ်ထွက်သွားမှာစိုးသည့်အလားစုပ်ကိုင်ထားရင်း

Tae's mind-နင်စကားတတ်လိုက်တာ...
ငါ့အတွက်နင့်ရဲ့ဖြစ်တည်မှုကကော..ဘယ်လိုပြန်တင်စားပေးရမလဲ....ဒီလိုဆိုရင်ကော..ဒီလိုငါခံစားရတယ်ဆိုရင်....🙂
နင်ဟာငါအသက်ရှင်နေရတဲ့တစ်ခုတည်းသောအကြောင်းပြချက်ပါ.............အဲ့ဒါကြောင့်ဘဲချစ်တယ်...အရမ်းချစ်ရတယ်ငါ့ချစ်သူ..နင့်ကို

Tae's mind-အဲ့လိုဆိုရင် ငါတို့အခုကစပြီးမခွဲတော့ဘူးနော် Miyoung...ကတိ
Tae လက်ကိုသူ့လက်နားထိုးပေးကာ ....ကတိတောင်းနေမိသည်။

Fany မျက်ရည်များကျလာရင်း
Fany's mind-အင်း....ကတိ
ငါတို့မခွဲတော့ဘူး
သူ့လက်လေးကိုဆုပ်ထားရင်း...................😅

'ဟူး.............'ရထားနှစ်စင်းရဲ့သံပြိုင်ဟစ်အော်သံတွေကြားမှာ တစ်ယောက်လက်တစ်ယောက်ကိုင်ကာမျက်နှာမှာအပြုံးပန်းတွေပွင့်ရင်းမျက်ဝန်းထက်ကမျက်ရည်စက်တွေနဲ့အတူတိတ်ဆိတ်ရာဆီသို့အလည်ရောက်သွားကြလေသည်။

......

ရုံစောင့်-ဘာဖြစ်ကုန်ပြီလဲမသိဘူး ကြည့်ကြပါဦး....

အားလုံးကအခုမှဝိုင်းဆင်းလာပြီး...မှောက်လျက်သားမေ့နေတဲ့ Fany တို့နှစ်ယောက်ကိုလှုပ်နှိုးတဲ့သူကနှိုး...ဆေးရုံကားခေါ်တဲ့သူကခေါ်နဲ့..ဘူတာရုံလေးထဲမှာပျားပန်းခတ်မျှရှုပ်ရှုက်ခတ်ကုန်ကြသည်။

သေပြီလားမသိဘူး....အသက်ရှုစမ်းဦး
ရှုတယ်..ရှုတယ်

လူချင်းခွဲကြပါဦး...
အား.......လက်ဖြုတ်လို့မရဘူးဟ..တအားဆုပ်ထားကြတယ်

ဆေးရုံကားကဆရာဝန်တွေပါ
ဖြုတ်ကြည့်ပါဦး.........ရိုးရိုး accident မှာအဲ့လိုမဖြစ်တတ်ပါဘူး...

ဖြည်လို့မရတဲ့အဆုံးလက်ချင်းတွဲလျက်ဆေးရုံသို့ခေါ်သွားရလေသည်။

.
Fany ကတော့ဆေးရုံကားပေါ်တင်ပြန်နိုးလာပြီး..
နိုးနိုးချင်း Tae ကိုရှာကြည့်တော့ ဘေးနားမှာ လဲလျောင်းနေတာကြောင့်စိတ်အေးသွားမိသည်။

.
ဆံပင်ရှည်ရှည်ကောင်မလေးပန်းကောင်ဂါဝန်ကိုဝတ်ပြီးတော့ Tae ကိုလက်ကမ်းနေသည်။
Mi...Miyoung?...တကယ်...နင်လား..ငါနင့်ကိုမြင်ရတယ်ဟ
Tae ပျော်ရွှင်စွာသူ့ဆီလက်ကမ်းလိုက်တဲ့ခဏ...အငွေ့တွေလိုပျောက်ကွယ်သွားတဲ့ Miyoung ကြောင့်အံ့အားင့်ကာထိတ်လန့်သွားပြီး....
ဘယ်ရောက်သွားတာလဲ

မှုန်ဝါးနေတဲ့တောလမ်းထဲမှာ Taeyeon Miyoung နောက်ပြေးလိုက်ရင်း..တစ်စတစ်စပြေးရင်းသူနဲ့ကိုယ်ကြားကဝေးလာတဲ့အကွာအဝေးကြောင့်....
သံကုန်အော်ကာ...

"Miyoung na....မသွားပါနဲ့.....မသွားပါနဲ့....အသက်ရှုပ်ရပ်မတက်ပြေးလိုက်နေပေမဲ့....ဘယ်လိုပြေးပြေးမမှီ

Tae ကိုသူငိုရင်းလှည့်ကြည့်ကာဆက်ပြေးနေတော့.......သူ့ဆီကိုလက်ကမ်းကာ.....မောဟိုက်စွာအားကုန်သုံးပြီးကျနေတဲ့မျက်ရည်တွေကိုသုတ်ရင်းသူ့နောက်ကိုပြေးလိုက်နေပေမဲ့.....တစ်စတစ်စနဲ့သေးလာတဲ့သူ့ရဲ့ကျောပြင်က အစက်အပြောက်လေးအနေနဲ့သာရှိတော့သည်။

မြေပြင်မှာဒူးထောက်ကျကာ အော်ငိုနေမိတာမှ...
မသွားပါနဲ့...Miyoung na... ငါ့ကိုမထားခဲ့ပါနဲ့.....မသွားပါနဲ့......မထားခဲ့ပါနဲ့လို့"

...

Fany Tae ကို ရေပတ်တိုက်ပေးဖို့အခန်းထဲဝင်လာရာ........သူတစ်ကိုယ်လုံးရုန်းကန်နေပြီးပါးစပ်ကနေလည်းမပီမသ စကားတွေပြောနေကာ ပါးပြင်ပေါ်မှာလည်းမျက်ရည်တွေစီးကျနေလိုက်တာ.....

တစတစနဲ့အသံကပိုပီသလာမှ...'Miyoung na....ငါ့ကိုမထားခဲ့ပါနဲ့..မသွားပါနဲ့.....အား.....ပြန်လာပေးပါ..မသွားပါနဲ့...Miyoung ya'

Fany Taeyeon ရဲ့လက်ကိုအတင်းဆုပ်ထားပေးပြီးသူ့ဆံပင်တွေကိုသပ်ကာ...Taeyeon...ငါဒီမှာလေ...ငါဒီမှာလေ...

ရုန်းရင်းဆန်ခတ် အရေးပေါ်ဘဲလ်ကိုလည်းနှိပ်ရင်း သူ့ကိုလည်းလှုပ်နှိုးရင်းနဲ့...
ငါမသွားဘူး..ငါဘယ်မှမသွားဘူး Taeyeon သတိထားဦးလေ....

Tae ကိုတစ်စုံတစ်ယောက်ကအားပြင်းပြင်းနဲ့လှုပ်ယမ်းနေတော့မှ ..အိမ်မက်ဆိုးကနေလွန်မြောက်ကာနိုးလာပြီး
ဖက်ထားပေးတဲ့လက်မောင်းကိုဆုပ်ကိုင်ကာ..

"mi..Miyoung လား......"

Fany-'ဟုတ်တယ်..ငါလေ..ငါဘယ်မှမသွားဘူး

Tae သူမှန်းလည်းသေချာရော...သူ့လက်မောင်းကိုအတင်းဖက်ကာ....ငိုရင်း..မသွားနဲ့ငါနားမှာဘဲနေ..ငါ့နားကနေဘယ်မှမသွားနဲ့ငါ့ကိုမထားခဲ့ပါနဲ့
တောင်းပန်ပါတယ်

Fany မျက်ရည်ဝိုင်းလာရင်း....သူ့ခေါင်းလေးကို တင်းကြပ်စွာနမ်းထားပြီးရင်ထဲထည့်ထားကာ...ငါမသွားတော့ပါဘူး....နင့်နားကငါ့နေရာအမှန်လေ...နင့်ကိုထားပြီးငါဘယ်သွားနေရတော့မှာလဲ
မငိုနဲ့တိတ်တော့.....
မငိုနဲ့..ပင်ပန်းနေလိမ့်မယ်Taeyeon......
ငါဘယ်မှမသွားတော့ဘူး

ဆရာဝန်တွေ အခန်းထဲကိုအပြေးအလွှားရောက်လာကာ...သူ့ကိုနေကောင်းမကောင်းစစ်ဆေးဖို့ Fany ဖယ်ပေးရာ....
Taeyeon ကိုခွာသွားတဲ့သူ့ကိုအတင်းပြန်ဆွဲထားပြီး..'ဘယ်မှမသွားဘူးဆို😨'

Fany-ဆရာဝန်တွေလာပြီ နင့်ကိုစမ်းသပ်ပေးမယ်လေ...နင်နေမကောင်းဘူး
ငါနင့်လက်ကိုမလွှတ်ဘူး...အဲ့လိုလုပ်နော်....

Tae ကိုအတင်းပြောမှ သူ့ကိုလွှတ်ပေးကာနေရာကထစေပေမဲ့ စမ်းသပ်နေစဉ်တစ်လျှောက်လုံး Miyoung လက်ကိုမလွှတ်တမ်းကိုင်ထားကာ...သူတို့စမ်းသပ်သမျှခံကာမေးသမျှဖြေပေးနေရသည်

.
Dr-အားပြတ်သွားတာပါ..ဘာမှမဖြစ်ဘူး
နှစ်ရက်သုံးရက်နေလို့ အားပြန်ပြည့်ရင်ဆင်းလို့ရပြီ
.

Tae ကတော့သတိလည်ပြီးနောက်နေ့ဘဲတောင်းဆင်းနေတော့သည်လေ။
အဲ့ဒါကြောင့်ဘဲသူ့ကိုအိမ်ပြန်ခေါ်ခဲ့ရပြီး အိမ်မှာဘြဲပုစုနေရသည်။

Fany သူ့ဆံမြိတ်လေးကိုနားနောက်ထည့်ပေးပြီး...သူ့ကိုခရုဆန်ပြုတ်ထပ်ခွံကာ.....နင်သတိမေ့နေတာ နှစ်ရက်တောင်
ဘာလို့လူကအဲ့လိုပစ်ကျအောင် အစာငတ်ခံနေရတာလဲ
အခုကြည့်လေ...သေးသေးလေးဘဲကျန်တော့တယ်

Tae ကိုဆန်ပြုတ်တိုက်လိုက်ပါးစပ်ကနေစက်သေနတ်ပစ်လိုက်လုပ်နေတဲ့ သူ့ကိုမျက်မှောင်ကြုံ့ကာ...အဲ့ဒါနင့်ကြောင့်လေ...အကုန်နင်လုပ်တာ...မပြောမဆိုနဲ့ပျောက်သွားတာနင်လေ....ဘာလို့ငါ့ကိုလာပြောနေတာလဲ

Fany-မပြောလို့ရမလား......နင်ကအရိုးဘဲကျန်တော့တာလေ.....ဘာဘဲဖြစ်နေနေ ထမင်းတော့စားပေါ့

Tae-ဘာလဲ...သူမှားပြီးငါ့ကိုလာဆူနေတယ်....
Daebak....အံဩလွန်းလို့ ပါးစပ်တောင်စိမရတော့ဘူး
😃😊🙂🙂🙂🙂🙂😏

Fany ဆန်ပြုတ်ကိုမှုတ်ပေးရင်း...ရယ်နေကာ.....
စားမြန်မြန်....နင်ဝလာမှငါကချစ်မှာ

Tae-Ya Hwang Miyoung!
Wae.....Wae?....အရင်ကတော့ဘယ်လိုနေ နေအကုန်ချစ်လှပါချည်ရဲ့ဆို
အခုငါကရုပ်လေးနည်းနည်းဆိုးရုံရှိသေးတယ်....အဲ့လိုအပြောတွေရောက်လာပြီလား.....နင်တကယ်..ကယ် 😌

နှုတ်ခမ်းကိုဆူကာ ပါးနှစ်ဖက်လုံးနီရဲနေရင်းရန်တွေ့နေတဲ့ Taeyeon ကိုကြည့်ကာ...ပွစိပွစိပြောနေတဲ့သူ့နှုတ်သီးလေးကို ဖွဖွလှမ်းကိုက်လိုက်ကာငုံထားမှ.... ရန်တွေ့နေတာရပ်သွားတော့သည်။

အတန်ကြာငုံထားပြီးမှလွှတ်ပေးကာ....🙂...ရုပ်ကလေးသာဆိုးသွားတာ အရသာလေးကတော့မပြောင်းဘူးဟ

😡 Tae မှုန်ကုတ်ကုတ်မျက်နှာပြောင်းထားရင်း..ဝုန်းကနဲ့ကုတင်ပေါ်လှဲချလိုက်ပြီး စောင်ခြုံလိုက်ကာ သူ့ကိုကျောခိုင်းထားမိသည်။

Fany ကိုကျောပေးနေတဲ့ သူ့ဆံပင်တွေကိုသပ်ရင်း...wae?...စိတ်ကောက်တာလား...

Tae စကားမပြောဘဲ သူ့လက်ကိုပုတ်ချကာမျက်စိမှိတ်ထားပြီးအိပ်နေရာ

Fany- ပြီးတာဘဲ..ငါပန်ကန်သိမ်းပြီးလက်ဆေးဦးမယ်

Tae's mind-အမြင်ကပ်လိုက်တာ.....ချော့မယ်မရှိဘူး..တကယ်ထသွားတယ်....သိမယ်..ငါ့နားကပ်လို့ရမလားကြည့်လေ၊ နောက်တော့မှ Taeyeon na အနားနားကပ်ပါရစေလို့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ပြောရမယ်..😕

Fany လက်ဆေးကာကိုယ်လက်သန့်ပြီးသူ့နားပြန်လာပြီး
သူ့နားထဲကိုလေမှုတ်ထည့်ရင်း..Yeokbo အိပ်ပြီလား

Fany ကုတင်ပေါ်တက်ကာ သူ့နားတိုးအိပ်တော့ ဟိုကတွန်းထုတ်နေသည်။ဘယ်ရမလဲ ဒီကလည်းသူ့ခါးကိုဖက်ထားတာပင်

Tae-မလာနဲ့...အဲ့မှာဘဲအိပ်

Fany ကိုစူပုပ်ပုပ်နဲ့ပြောနေတော့
ငုတ်တုတ်ထထိုင်ကာ....ဒီဘက်လား...အဝေးကြီးဘဲ
နင်အလယ်နည်းနည်းတိုး

Tae ငါကဘယ်သူစိတ်ချမ်းသာအောင်တိုးပေးရမှာလဲ
သူ့ကိုယ်ကိုလက်နဲ့တွန်းကာ...အစွန်းထိပို့ပြီး
ခလယ်မှာဖက်တုံးထားကာ...နင်လာရဲလာကြည့်သိမယ်
နင်တိုးလာရင်အောက်ဆင်းအိပ်ရမှာ...ဟင်း

Fany အေးပါနင့်ဖက်တုံးကြီးငါမကျော်ပါဘူး..နင်အလယ်နည်းနည်းတိုးအိပ်ပြုတ်ကျနေလိမ့်မယ်

Tae -နင့်အပူပါလား

Fany-နင်ကငါ့မိန်းမလေ...အဲ့တော့ငါ့အပူဘဲပေါ့

Tae-ငါနင့်ကိုယူထားရသေးလို့လား...နင့်မိန်းမလို့ပြောရအောင်...အသားကယူတတ်တယ်.....

Fany-အင်းပါ ငါ့ကိုနင်မယူဘူးဆိုလည်းရပါတယ်

Tae's mind-ငါအဲ့လိုပြောတာမှမဟုတ်တာကို

Fany-ရပါတယ်....😞😔😏😏.....နင်အိပ်တော့
ငါအစွန်းနားမှာဘဲအိပ်ပါ့မယ်
နင့်အသားကိုလက်နဲ့တောင်မထိပါဘူး... 😞😔😒😏😏😜😚

Tae's mind-ဘာဖြစ်တာလဲဟ...ဒုက္ခဘဲအမူလွန်သွားပြီ

Fany လှဲကာအိပ်သံကြားရတော့ Tae လည်းလှဲအိပ်လိုက်ပြီး...သူ့ဘက်ကိုကျောခိုင်းထားပေမဲ့နည်းနည်းချင်းတိုးပြီး

👉......👉....👉...သူ့ကိုသွားတို့တော့

Fany ရုပ်ကပြုံးဖြီးဖြီးကြီးပေမဲ့....အသံတိုးလေးကိုတမင်လုပ်ကာ...ဘာလိုလို့လဲဟင် Taeyeon

Tae -လက်ကိုထုတ်ပြီး သူ့ဆီပေးကာ....နင့်လက်...

Fany-ငါ့လက်လား?...ဘာလုပ်မလို့လဲ 😏😝😀

Tae-ပေးစရာရှိတာပေး

Fany လက်ကိုသူ့ထဲထည့်ပေးတော့....
ဆွဲကိုင်ကာ သူ့ခါးကိုဖက်ထားစေပြီး
Tae-ဒီလိုနေလို့ရတယ်... ဟိုဘက်အရမ်းမတိုးနဲ့ဦးပြုတ်ကျနေမယ်

Fany 😂😂😂😂....အသံတိမ်လေးလုပ်ကာ
အဲ့လိုဆိုရင် အလယ်ကဟာကြီးငါဖယ်လိုက်မယ်နော် Taeyeon
ငါခုလုခုလုဖြစ်လို့ပါ..နော် Taeyeon na.......... Taeyeon လို့

Tae-ဖယ်ဟာ....

Fany ဝမ်းသာအားရဖက်တုံးကြီးကိုဖယ်ပြီး သူ့ပါးကိုဝုန်းခနဲနမ်းကာ...'နဂိုကတည်းကအဲ့လိုလိမ္မာလေ မိန်းမရဲ့... မွစ်..မွစ်'

Tae ကိုဖက်နမ်းနေတဲ့သူ့ကိုကန်ထုတ်ရင်းသူ့ဘက်လှည့်ကာပါးမှာပေနေတဲ့တံတွေးတွေကိုသုတ်ရင်း.... အား Hwang Miyoung....

Fany ကိုရန်တွေ့မယ့်သူ့ကိုအတင်းဖက်ထားကာလှဲချပြီး.......လာပါအိပ်ရအောင်..ကလေးကလိမ္မာလိုက်တာမှ
နင်အနားယူဖို့လိုတယ်...လာအိပ်မယ်....သူ့ခြေထောက်တွေကိုဒူးနဲ့ညှပ်ကာချုပ်ထားပြီး တစ်ကိုယ်လုံးကိုသိမ်းဖက်ကာ.......သူ့ပါးကိုနမ်းလိုက်ပြီး
အတင်းရုန်းနေတဲ့ Taeyeon ကိုဒီတစ်ခါတကယ်တည်ကြည်တဲ့အသံနဲ့..... 'ချစ်တယ်'

Tae ရုန်းနေရင်းနဲ့ရုတ်တရတ် 'ချစ်တယ်'..... ဘာလဲဟ....😡😠😕😟😔😞😒😌🙂😊😆😄
ရုန်းနေတာတောင်မေ့သွားကာ.....သူ့ရင်ခွင်ထဲမှာလိမ်လိမ်မာမာငြိမ်နေမိတော့

Fany သူ့ကိုပွေ့ဖက်ထားကာ...နင်ဘယ်ကအားတွေရှိလို့ အသားကုန်ထုတ်သုံးနေရတာလဲ Taeyeon ya
နင်နေမကောင်းမဖြစ်ရဘူးလေ..မြန်မြန်ကောင်းလာမှဖြစ်မယ်
နင်နေမကောင်းရင် ငါစိတ်မကောင်းဘူး
သိလား အရူးလေးရဲ့
ပြောရင်းသူ့ကိုရင်ထဲပိုထည့်ထားမိပြီး သူ့ဆံပင်တွေကိုနမ်းကာ.......ငြိမ်နေမိသည်။

Tae ကိုခွကာဖက်ထားပြီး....စိုးရိမ်စွာပြောနေတဲ့ သူ့ကြောင့်...😊
အဲ့စကားတွေနဂိုကတည်းကပြောလိုက်ရင်ရနေပြီကို.ဟင်း

Fany သူ့ကိုထပ်တိုးဖက်လိုက်ပြီး...အိပ်မယ်..အိပ်တော့
လာ...Tae လက်ကိုယူကာ မိမိကျောကိုဖက်ထားစေရင်း.....
မွစ်....နဖူးလေးကိုညင်သာစွာနမ်းရင်းပြုံးနေမိသည်။

Tae လည်းဖက်ထားတဲ့ သူ့ကျောပြင်လေးကိုပိုတိုးလို့ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲမှာ ပြုံးရင်းအိမ်မက်တိုင်းပြည်ဆီသို့အလည်သွားမိသည်လေ။

.

ကျယ်လောင်တဲ့အသံနဲ့'Miyoung...Miyoung...အင့်ဟင်း....Miyoung....ဝုန်း....'

Fany မီးဖိုခန်းမှာ... သူ့ဖို့စွတ်ပြုတ်လုပ်နေတုန်းသူ့အခန်းဆီကနေ ပစ္စည်းပစ္စယတိုက်မိသံတွေကျယ်လောင်စွာကြားရတော့...မြန်မြန်ပြေးသွားရာ....Tae ကအခန်းတံခါးကနေပြေးထွက်လာပြီး...Miyoung na....😫
ဘယ်နားမှာမှန်းသိလို့ခေါ်တာမဟုတ်ဘဲ...သွေးရူးသွေးတန်းနဲ့ကိုခေါ်နေတော့

Fany-Tae....Tae ဘာဖြစ်တာလဲ
အပြေးသွားပြီးသူ့ကိုဆွဲထားကာမေးနေတော့
သူကပျောက်သွားမှာစိုးသည့်အလား....တင်းတင်းလက်ကိုဆုပ်ပြီး တစ်ကိုယ်လုံးကိုဖက်ကာ.....

Tae သူ့ရင်ထဲရောက်မှ အသက်ကောင်းကောင်းပြန်ရှူမိပြီး.......
Tae-'တော်သေးတယ်....နင်ရှိနေသေးတယ်...အား..မောလိုက်တာ
တော်ပါသေးတယ်.... ကြောက်လိုက်ရတာ တကယ်ဖြစ်နေတဲ့အတိုင်းဘဲ'

ခြေထောက်တွေအခုမှခွေကျသွားပြီး......ငါထပ်မက်ပြန်ပြီ 😧 Miyoung na......အဲ့အိမ်မက်ကြီးဘဲ...ကြောက်လိုက်တာ

.....
ဒီမနက်
Tae မနက်အိပ်မောကျနေတုန်း....ဆေးရုံမှာမက်တဲ့အိပ်မက်အတိုင်းဘဲမို့အလန့်တကြားနိုးလာပါတယ်ဆိုမှ....ဘေးကသူ့နေရာကိုစမ်းကြည့်တော့ လွတ်နေတာကြောင့်.......ဟမ်!..Miyoung....တ..တကယ်မရှိတော့တာလား...တကယ်ကြီးမရှိတော့တာလား.....
အီး..ဟီး...ထားခဲ့ပြန်ပြီနဲ့တူတယ်...😢😢😢😭
ကုတင်ပေါ်ကကုန်းရုန်းထကာ အပြေးအလွှားသူ့ကိုရှာရင်း........Miyoung na kajima

.........

Fany ပျောက်လို့လိုက်ရှာပြီးတစ်ကိုယ်လုံးချွေးတွေနဲ့ရွှဲကာ မျက်ရည်တွေလည်းကျနေတဲ့သူ့ကိုအသာအယာ ချွေးနဲ့မျက်ရည်တွေသုတ်ပေးပြီး.....စိတ်မကောင်းစွာကြည့်နေမိသည်။
သူ့ကိုထူပေးတော့...အ..arpha....

စောနကမမြင်မစမ်းနဲ့ ပြေးထွက်လာတော့ အခန်းထဲကမှန်တင်ခုံနဲ့တိုက်မိတာ.. အခုမှနာလာတော့သည်။

Fany သူ့ညဝတ်ဘောင်းဘီ ကိုမကြည့်တော့...သူ့ဒူး ပွန်းကာ သွေးတွေစို့နေပြီ.....aish..Taeyeon ရယ် ဒုက္ခပါဘဲ...နင်နော်......နာလိုက်မယ့်ဖြစ်ချင်း
သူ့ကိုယ်လုံးကိုပွေ့ကာ ဆိုဖာပေါ်ထိုင်စေရင်း သူ့ခြေထောက်ကိုစားပွဲပေါ်တင်ထားစေကာ.....
ငါဆေးထည့်ပေးမယ်...
Fany ဆေးယူဖို့သွားမယ်ဆိုတာတောင်...လက်မခံဘဲ လက်ကိုဆုပ်ထားပြီးခေါင်းယမ်းပြနေတော့

Fany-ဘယ်လိုအိမ်မက်ဘဲမက်မက် Taeyeon
ငါနင့်နားကနေဘယ်မှမသွားဘူး...နင့်နားမှာဘဲနေမယ်...နင်နဲ့ဘဲနေမယ်

Tae ငိုမဲ့မဲ့ရုပ်နဲ့....ငါ့အိမ်မက်မှာနင်လေ..ငါငိုပြီးမသွားဖို့တားတာတောင်မရဘူး
နင်ငါ့ကိုကျောခိုင်းသွားတယ်....နင့်နဲ့ဝေးဝေးသွားတာ...အစက်လေးဘဲကျန်တော့တဲ့အထိဘဲ
ငါပြေးလိုက်လေ နင်နဲ့ဝေးလေဘဲ...ငါလဲကျတာတောင်နင်ဂရုမစိုက်ဘူး
😭

Fany -Taeyeon na. .နင်နဲ့ဝေးတဲ့ဆီ ငါမသွားဘူးလို့....
နင်နဲ့ဝေးဖို့ကံတရားကအကြောင်းဖန်လာဖို့တောင်မရှိစေရဘူး.....သိလား.....
အခုတော့ဆေးထည့်မှဖြစ်မယ်...

.

Fany သူ့ခြေရင်းမှာထိုင်ကာသေချာဆေးထည့်ပေးပြီးနောက်
သူ့ရဲ့ပေါင်ပေါ်ခေါင်းမှီအိပ်ကာ......
Taeyeon နင်နေလို့ဘယ်လိုနေသေးလဲအခုခြေထောက်ကော....နင့်ကျန်းမာရေးရော

Tae-တော်တော်ကောင်းသွားပြီ...Miyoung

Fany-အဲ့လိုဆိုရင် အခုငါတို့ဆေးရုံသွားကြမယ်
လာ.......အိုး မေ့သွားလို့...မလာနဲ့ထိုင်နေ
ငါဘဲစီစဉ်မယ်

.....

Tae-Miyoung na....နင်ဆေးခန်းသွားတာကလည်း
ဘာတွေသယ်လာလို့အဲ့လောက်ကြာနေရတာလဲ
လိုက်စမ်းကြည့်တော့ သူကျောပိုးအိတ်က...?
နင့်အိတ်ကလည်းအကြီးကြီးဘဲ...ဘာတွေထည့်ထားတာလဲ

Fany-လိုရမယ်ရ 😁

.

Dr-နေကောင်းသွားပါပြီ....ဘာမှမဖြစ်ဘူး
အားဆေးဘဲမှန်မှန်သောက်ပေးရင်ရပြီ

Both-gomasimitha

.

Fany ကားမောင်းရင်းသူ့လက်ကိုဆုပ်ကိုင်ထားကာ...
နင်ငါ့ နောက်လိုက်မယ်မှတ်လား

Tae-???..ငါ passport တွေအကုန် ဆိုလ်းမှာကျန်ခဲ့တယ်
နင့်ပစ္စည်းတွေလည်းအိမ်မှာဘဲကို....အခုသွားလို့ရလို့လား

Fany-မဟုတ်သေးဘူး...အဲ့နေရာမဟုတ်သေးဘူး...စောင့်နေပါငါနင့်ကိုခေါ်သွားမယ့်နေရာကို

.

Fany ya...ဘယ်ခေါ်လာတာလဲ

Fany-အင်း camp ချတဲ့နေရာကိုခေါ်လာတာ

Tae-ဘာလို့ဒီကိုတကူးတကလာတာလဲ..ဟိုအိမ်မှာလည်းဘယ်သူမှမရှိဘဲနဲ့

Fany-သူ့လက်ကိုဆွဲ ကိုင်လိုက်ရင်း...Tae ya
ငါတို့ဒီမှာနေရအောင်.....ပိုက်ဆံပြတ်တဲ့အထိ

Tae-ဟမ်!....ပိုက်ဆံပြတ်တဲ့အထိ?
ငါ့မှာ တစ်ပြားမှပါမလာဘူး Miyoung ya

Fany-စိတ်မပူနဲ့ငါပါတယ် 😁😁
ပိုက်ဆံကုန်မှပြန်မယ်...
ဟိုအိမ်မှာဆိုရင် နင်နဲ့သိတဲ့လူတွေရှိတယ်..ငါနဲ့သိတဲ့လူတွေလည်းရှိတယ်
ဒီမှာဆိုရင်...နင်နဲ့ငါဘဲရှိတယ်
လာ....ကားပေါ်တက်ရအောင်(camp car)

...

Tae ညဘက်ကြီးယောင်နေရင် Fany ဖက်ထားပေးပြီး...သူ့ကိုအိပ်ပျော်အောင်ပြန်သိပ်ပေးရင်းသီချင်းလေးညဉ်းနေပေးမိသည်။

Tae မနက်လင်းတာနဲ့မွေ့ရာပေါ်ကသူ့နေရာကိုရှာရင်သူ့ကိုမတွေ့ပါ သို့သော်...ကားအိမ်လေးကကျဉ်းတာကြောင့် သူမနက်စာချက်နေတဲ့အသံကနားထဲကိုတန်းဝင်လာတာမို့..... ပြုံးကာပြန်နှပ်ရင်းသူခေါ်တာကိုစောင့်နေမိသည်။

Fany သူ့ဖင်ကိုသွားရိုက်ရင်း...ထတော့နေမြင့်နေပြီ

Tae-နည်းနည်းလောက်ထပ်အိပ်ပါရစေ
အား....မလုပ်နဲ့ထပြီ....အေးတယ်...မပက်နဲ့အဲ့ရေတွေနဲ့...😁😁😁😁😁

.

Fany သူ့လက်ကိုဆွဲပြီး camp ဝင်းထဲကစမ်းချောင်းလေးဆီသွားကာ.....
လာထိုင်......

Tae-woww...Hwang Miyoung တော်လိုက်တာ.....နင်ငါးလည်းမျှားတတ်တာလား၊ငါလည်းမျှားဖူးချင်နေတာ.........gomawayaw
ဒီလိုမနက်ခင်းလေးမှာနင်နဲ့အတူငါးမျှားရတာကောင်းလိုက်တာ

Fany ငါးစာတပ်ပေးရင်းနဲ့..😁... မကောင်းနဲ့..............ဟီး.ဟီး.....နင်ငါးမမိရင်ငါတို့နေ့လည်စာစားဖို့မရှိဘူး
အဲ့တော့မိအောင်ကြိုးစား

Tae-ဟမ်........တကယ်
ငါအခုမှမျှားတာလေ

Fany-ငါးကိုသာရအောင်မျှား............စကားမများနဲ့ 😁
ပြီးရင်ရော့ ကော်ဖီပူလေးသောက်
ငါမနက်စာပြင်ပြီးရင်ခေါ်မယ် 😝

Tae ထိုင်ခုံမှာမှီရင်းစောင်ပါးလေးခြုံကာနေပူစာလှုံပြီး...သူနဲ့ဘေးချင်းကပ်ထိုင်လျက်
ကောင်းလိုက်တာနော်.. လေလေးက
ပြီးတော့တော်တော်သာယာတယ်

Fany-😁..သဘောကျလားဟင်

Tae-အင်း

Fany သူ့မျက်နှာကိုသေချာစိုက်ကြည့်နေမိပြီး...သူပျော်တယ်ဆိုလို့ကြည်နူးနေမိသည်။

Tae-Ahh...........ငါးမိနေပြီ....omo.........omo....လေးတယ်ဟ...........အားဟ...Miyoung လုပ်ပါဥိး

Fany-Tae.......ဆွဲလေ....ဆွဲ.........
သူ့ကိုကူဆွဲရင်း..ငါးနဲ့လူနဲ့နပန်းလုံးနေတာ..😲

...

Fany-စားလေ...
Tae-မစားရက်ဘူး
Fany-အဲ့ငါးဘဲရှိတာကို
Tae-😭....စောနကမှအကောင်းအတိုင်းရှိတဲ့ငါးလေး..အခုအိုးထဲမှာ....
Fany-အရသာရှိတာကို Tae ကလည်း
Tae-mianae Unnie ဗိုက်ဆာလို့နော် ...စားလိုက်တော့မယ်

တုန်တုန်ချိချိနဲ့ သူ့ရဲ့အပြောမှာ Fany သဘောတွေကျရင်း
....ဟား..ဟား.....
Tae-ဘာရယ်နေတာလဲ
Fany-No....မရယ်ပါဘူး Taeyeon ကလည်း..
Tae-နင်နော် ငါမစားဘဲနေမှာ
Fany-အဲ့လိုမလုပ်ပါနဲ့စားပါဟယ်...miane... miane....ရော့မှုတ်ပေးမယ်...သတိထားပူတယ်

Tae-အား..ပူတယ်ဟ
သူလာခွံတဲ့ငါးကို မှုတ်ကာစားရင်း
အင်း....နင်ဟင်းချက်လက်ရာကတော့ 👍
ငါမိန်းမယူတာတော်တယ်

Fany ပူလို့ဗလောင်းဗထွး မှုတ်လိုက်စားလိုက်လုပ်နေရင်း....စကားတွေလည်းပြောနေတဲ့သူ့ပါးကိုဖက်နမ်းပြီး....
Aigoo....ချစ်ဖို့ကောင်းလိုက်တာ...😁😁😁 Taeyeon ရယ်

Tae-နင်ကဟင်းတွေနဲ့ဟ....

Fany-လာပါ...Tae ကလည်း popo ပေးချင်လို့

😁😁😁👭👯👯👯👯😃😄😁

.....
ပျော်စရာ Camp car လေးထဲမှာဖြစ်သလိုနေလာလိုက်တာ...နှစ်လတောင်ကျော်လာပြီ
Fany နဲ့ Taeyeon ဝယ်စရာလေးတွေထွက်ဝယ်....
အဝတ်တွေကိုစုကာ နှစ်ယောက်သားတဟီးဟီးတဟားဟားနဲ့ ရယ်စရာတွေပြောကာလျှော်ရင်း.....နေပူပူမှာဖြန်လှန်းပြီးရင် သစ်ပင်အရိပ်အောက်မှာသွားပြီးထိုင်ကာ အမောဖြေနေတတ်ကြသည်
Camp ဝန်းထဲကခူးခွင့်ပေးတဲ့အသီးတွေလည်းလိုက်ခူးပြီး......စလိုက်နောက်လိုက်နဲ့ ပြန်လာတဲ့လမ်းတစ်လျှောက်စားစရာတွေထုတ်စားပြီး...camp အိမ်လေးဆီပြန်လာကာ...ဟင်းချက်စားကြသည်။
ညရောက်ရင် Fany ကစာအုပ်ဖတ်ပြတတ်ပြီး.....Tae ကနားထောင်ကာအိပ်နေတတ်တာကမြင်နေကြမြင်ကွင်းလေးလို
နှစ်ယောက်သားမိုးမမြင်လေမမြင်ပျော်နေလိုက်ကြတာ...ပြီးဆုံးခြင်းဆိုတာဘာမှန်းမသိတဲ့ကလေးတွေလို

...

ညဘက်ကြီး
Fany သူ့ကိုဖက်ထားကာ....Taeyeon အိပ်ပြီလား
Tae-ပြောလေ
Fany-နင်မျက်စိခွဲဦးလေ
Tae-အေး...ခွဲရမှာပေါ့
Fany-ငါတို့ဆိုလ်းကိုပြန်ချိန်တန်ပြီနော်
Tae ထ ထိုင်ကာ...နင်နော်ငါအိမ်မက်ဆိုးတွေမက်အောင်မလုပ်နဲ့
Fany သူ့ကိုပြန်ဆွဲချပြီး....ထပ်ဖက်ထားကာ
မဟုတ်ဘူးလေ...နင်လည်းမျက်စိခွဲ
ငါလည်းသွားဖို့ထပ်စီစဉ်
ပြီးရင် အတူတူထွက်သွားမယ်လေ.....

Tae-သူ့ကိုဖက်ထားပြီး
ငါထပ်ယုံမယ်နော်....Miyoung

Tae-Miyoung!....ငါ့ကိုအကုန်ပြောပြ...နင့်အကြောင်းတွေအသေးစိတ်သိချင်တယ်

Fany သူ့မျက်နှာကိုညအမှောင်ထဲကအလင်းရောင်ပြပြထဲမှာရမ္မက်ဆန်ဆန်ကြည့်ရင်းအသက်ရှုသံတွေကပြင်းလာသည်။
Tae လည်းသိသည်.. သူ့ရဲ့လှိုက်ဖိုနေတဲ့ရင်အစုံက ဘာကိုလိုနေတယ်ဆိုတာ ပြောပြနေသလို
Fany သူ့နှုတ်ခမ်းဆီတိုးသွားပြီး........
.

Aish...Miyoung......ah.....ah
.
.
.
.
To be continue




Continue Reading

You'll Also Like

298K 10.8K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
230K 37.7K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
547K 24.6K 28
ကိုယ် crushနေတဲ့ ကောင်မလေးက ကိုယ့်ကို ချစ်ကြောင်းဖွင့်ပြောသောအခါ (Both Zawgyi amd Unicode)
303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်