ရင်ခုန်သံမညာကြေး Or Peraya's...

By Samantha_DoubleM

105K 7.3K 629

Krist နဲ့ Singto တို့ရဲ့ real life နဲ့ နီးစပ်တဲ့ fics လေးတစ်ပုဒ်ကို စိတ်ကူးယဉ်ဖန်တီးထားပါတယ်။ Peraya လေးတွေအတ... More

Part 1 (z + u)
Part - 2 (Z+U)
Part - 3 (Z+ U)
Part - 4 (Z+U)
Part - 5 (z+u)
Part - 6 (z+u)
အပိုင္​း - ၇ (z+u)
အပိုင္​း - ၈ (z+u)
အပိုင်း - ၉ (Z+U)
အပိုင်း - ၁၀ (z+u)
အပိုင်း - ၁၁ (z+u)
အပိုင်း - ၁၂ (z+u)
အပိုင်း - ၁၃ (z+u)
အပိုင်း - ၁၄ (z+u)
အပိုင်း - ၁၅ (z+u)
အပိုင်း - ၁၆ (z+u)
အပိုင်း - ၁၇(A) (z+u)
အပိုင်း - ၁၇ (B)(z+u)
အပိုင်း - ၁၈(A) (z+u)
အပိုင်း - ၁၉ (z+u)
အပိုင်း - ၂၀ (z+u)
အပိုင်း - ၂၁ (z+u)
Peraya's Dream (not a chapter)
Bonus Chapter - 1
Bonus chap - 2 (Unicode)
Bonus chap - 2 (Zawgyi)
Peraya As One (U+Z)
A Perfect Match (Unicode)
A Perfect Match (Zawgyi)

အပိုင်း - ၁၈(B) (z+u)

3.5K 250 5
By Samantha_DoubleM

Part - B (u)

ဆုပေးပွဲစင်ပေါ်မှာ Krist ထုံးစံအတိုင်း Krist ကပဲ အရင် ကျေးဇူးတင်စကားပြောလိုက်သည်။ သူပြီးတော့ Sing အလှည့်ပေါ့။ Krist လက်ထဲကို ဆုကို လှမ်းပေးလိုက်ပြီး Singto ကျေးဇူးတင်စကား စပြောသည်။ ကျေးဇူးတင်စကားကို စိတ်ရင်းအပြည့်ဝဆုံးနဲ့ အပေါ်လွင်ဆုံး ပြောနိုင်ဖို့ Sing စကားလုံးတွေ ရှာဖွေနေသည်။

"ကျွန်တော်တို့ကို ဒီနေ့ထိခေါ်ဆောင်ပေးလာတဲ့ Sotus နဲ့ Sotus S the series ကို အရင်ဆုံးကျေးဇူးတင်ပါရစေ...။ ကျွန်တော် နောက်ဆုံးကျေးဇူးတင်ချင်တဲ့သူက ..."
ပြောရင်းနဲ့ Krist ကို လှမ်းကြည့်တော့ သူ့ကို မကြည့်နေဘဲ ခေါင်းလေးအောက်ငုံ့နေသည်။ Kit စိတ်ကောက်နေတုန်းမှန်းသိတော့ သူ ပြုံးနေမိသည်။ စိတ်ကောက်နေတဲ့ ချစ်သူလေးပုံစံက အရမ်းချစ်ဖို့ကောင်းနေတာကိုး။

"Krist က ကျေးဇူးတင်ရမယ့် သူတွေအကုန်ကို ပြောသွားပြီးပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်တော်ကျေးဇူးတင်ချင်တဲ့သူက Krist ပါ..."
Sing က အဲ့လို ပြောမယ်မထင်ထားလို့ Krist အံ့သြနေပြီး ခေါင်းငုံ့ရာကနေ မော့ကြည့်လာသည်။ သူ့ကိုခေါင်းငြိမ့့်ပြပြီး ကျေးဇူးတင်စကားကို ဆက်လိုက်သည်။

"ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ဂရုတစိုက်နဲ့ ဖေးဖေးမမရှိခဲ့လို့ ဒီဆုကို ရခဲ့တာပါ...ပြီးတော့ ဒီနှစ်ရဲ့ အကောင်းဆုံးဆုရအောင် vote ပေးတဲ့ fan တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"

လက်ခုပ်သံတွေကြားမှာ သူ့ ကလေးလေး Kit ရဲ့ မျက်နှာလေးကို ငေးကြည့်ပြီး ပြုံးနေမိသည်။ Singto က အချစ်ကို ပါးစပ်ကနေ ထုတ်မပြောဘဲ အမူအရာတွေကတစ်ဆင့် သိစေချင်တဲ့သူမလား။ အခုလို သူ ချစ်ရတဲ့သူကို တခုတ်တရနဲ့ စင်ပေါ်မှာ Kit ကို ကျေးဇူးတင်စကားပြောနိုင်လိုက်လို့လည်း Singto သူ့ကိုယ်သူ ကျေနပ်မိသည်။ စင်အောက်ကို အဆင်းနားမှာ မီးအရောင်က မှောင်ပျပျလေးဖြစ်နေလို့ Kit ရဲ့ လက်သန်းလေးကို Singto အသာလှမ်းကိုင်လိုက်သည်။ Kit က သူ့ကို လှမ်းမကြည့်ပေမယ့် လက်ကိုတော့ မဖြုတ်ချပေ...။ ဒီလောက်ဆို ကလေးလေးစိတ်ပြေစပြုနေပြီဆိုတာ သူ နားလည်လိုက်သည်။

🌞💞🌝

"ဇာတ်လမ်းထဲက ဇာတ်ကောင်ရဲ့ ရင်းနှီးမှုတွေက အပြင်ဘဝကို သက်ရောက်မိတာရှိလား"
Reporter တွေရဲ့ မေးခွန်းကို နားထောင်ပြီး ဘာကိုမေးချင်နေပြီဆိုတာ Kit သိလိုက်သည်။ ထုံးစံအတိုင်း သူနဲ့ Prae ဘာလို့ ပြတ်သွားလဲဆိုတာကိုပဲ မေးကြမှာ...။ တစ်ခါတစ်လေမှာ Reporter တွေရဲ့မေးခွန်းတွေဟာ Fan တွေ FM မှာ မေးတာတွေလောက်တောင် ပညာသားမပါဘူးလို့ Kit ထင်မိသည်။

ပိုဆိုးသည်က အခုမေးခွန်းကို သူ့ကို မမေးဘဲ P'Sing ကို မေးလိုက်တာပင်...။ P'Sing မျက်နှာကို Kit တစ်ချက်ခိုးကြည့်လိုက်သည်။ P'Sing ကတော့ မျက်နှာမပျက်ဘဲ စကားတွေပြန်ဖြေနေသည်။ ဒါပေမယ့် P စိတ်ထဲမှာ တစ်မျိုးတော့ ခံစားသွားရမှာ သေချာသည်။ P က သူ့မျက်နှာမှာ ဘာကိုမှ ထုတ်ပြမှာမဟုတ်...။

သူနဲ့ P'Sing ဒီလောက်ထိ ခရီးအရှည်ကြီးလျှောက်လာခဲ့ကြတာ တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုအကြောင်းကြောင့်နှင့်မှ အထိခိုက်မခံနိုင်ပေ။ Reporter တွေရဲ့ မေးခွန်းတွေက တစ်ခါတစ်ရံ အမေးမတတ်သည့့်အခါမျိုးဆို ခပ်ပြင်းပြင်းထိုးနှက်နေသည်နှင့်ပင် တူတတ်သည်။ သူတို့လို အနုပညာရှင်တွေ ဘဝဟာ ဘယ်လိုများ အပြစ်တင်ကဲ့ရဲ့ခံဖို့ စောင့်နေကြရသလဲလို့ တစ်ခါတစ်လေ Kit ထင်မိသည်။ ပရိသတ်တွေကတော့ အဲ့လိုမဟုတ်...။ Fan တွေက သူနဲ့ P'Sing အပေါ် အမြဲနားလည်မှု အပြည့်နဲ့ ချစ်ခင်ပေးဖို့ အသင့်ရှိနေကြသည်။ ဒါကြောင့့်လည်း Kit က Fan တွေကို အရမ်းချစ်မိတာပင်။

"Kit နဲ့ သူ့ကောင်မလေးပြတ်သွားတာ Sing ကြောင့် တစ်စိတ်တစ်ပိုင်းပါနေလား။" အတွေးတွေကို ပြတ်တောက်စေတဲ့ အဲဒီ့မေးခွန်းကြောင့် Kit မျက်နှာ အနည်းငယ်ပျက်သွားသည်။ ဒီလူတွေ ဘာကို အတည်ပြုချင်နေလဲဆိုတာ သူ တွေးမရဖြစ်မိသည်။ သူတို့နှစ်ယောက်ချစ်နေကြပြီဆိုတာကို အတည်ပြုစေချင်နေတာလား။

"ကျွန်တော့်အစ်ကိုကို အဲ့လို မမေးကြပါနဲ့... ကျွန်တော့်ရဲ့ ကိုယ်ပိုင် စိတ်ခံစားချက်ကြောင့် ကျွန်တော်တို့ဘာသာ အေးအေးဆေးဆေးပဲ ပြီးဆုံးလိုက်ကြတာပါ။ P'Sing နဲ့ ဘာမှမဆိုင်ပါဘူး။"
သူ့အသံက အနည်းငယ်စိတ်ရှုပ်သွားဟန်ပေါက်သွားလားဆိုတာကို သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဖြေလိုက်မိသည်။ သူ့အပြုအမူကို reporter တွေလည်း သဘောပေါက်သွားကြသလားမသိ...။ တခြားမေးခွန်းတွေပြောင်းမေးလိုက်သည်။

မေးခွန်းတွေကို ပြန်စဉ်းစားမိတိုင်း Kit မျက်နှာက ပိုပြီး စူပုပ်ပုပ်ဖြစ်လာမိသည်။ ဓာတ်ပုံရိုက်ဖို့ တန်းစီကြတော့လည်း P'Sing က စကားလာပြောတာကို ကိုယ်အတွေးနဲ့ကိုယ် မကြားဘဲ ဖြစ်သွားလို့ P မျက်နှာတည်သွားသည်။ ဒီနေ့ P က သူ့ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေလို့ စိတ်ကောက်ပေမယ့်လည်း နည်းနည်း ရင်ခုန်နေသည်။ တစ်ခါတစ်လေဆို P က သူ့ကို အဲ့လိုပဲ တစိမ့်စိမ့်ကြီး ကြည့်နေတတ်သည်။ P အဲ့လိုကြည့်တိုင်းလည်း သူ့ရင်တွေက ပုံမှန်ထက်ပိုပြီးခုန်နေကျပင်...။

Fan တွေနဲ့ တွေ့တော့ ခုနက ပြဿနာတွေကို မေ့ပြီး Kit ပျော်နေမိသည်။ သူတို့နဲ့ဆို P'Sing အကြောင်းတွေလည်း ပြောခွင့်ရသလို... P'Sing သိစေချင်တဲ့ သူ့ခံစားချက်တွေကိုလည်း Fan တွေက တစ်ဆင့် P ဆီ ပြောခိုင်းလို့ ရသည်လေ...။ သူတို့တွေအတွက် ရှင်သန်နေရတာက တကယ့်ကို ပျော်စရာ ကမ္ဘာကြီးပင်...။ သူတို့လေးတွေ ပေးထားတဲ့ Fandom နာမည် Peraya ဆိုတာလေးကို Kit အရမ်းပဲ မြတ်နိုးမိသည်။

🌞💞🌝

"ဒီနေ့အတော်ပျော်နေတယ် ဟုတ်လား Sing...? ပါးစပ်ကို မစေ့ဘူး ..."
ကားမီးပွိုင့်ခဏမိနေလို့ Sing ဘက်ကို ကြည့်ပြီး မေးလိုက်သည်။ အချစ်ဟာ လူကို ပြောင်းလဲစေတယ်ဆိုတာ သူမ Sing ကို ကြည့်ရင်း မယုံချင်လည်း ယုံချင်ခဲ့ရပါပြီ။

"Owiii P'Nongnham... ကားမောင်းတာ လမ်းကို ကြည့်ပါ P ရ... ကျွန်တော့်ကို မကြည့်နဲ့"

အဲ့လိုလေးပြန်ပြောတာတောင် သူ့ရဲ့ သဘောကျတဲ့ အတွေးစကို ရပ်မရလို့ ပါးစပ်က သွား၃၂ချောင်းပေါ်အောင် ဖြဲလျက်သားပင်။ P'Jane က ဂျပန်ကို အလုပ်ကိစ္စနဲ့ သွားနေတုန်းမို့လို့ Sing ကို သူမပဲ အကြိုအပို့် လုပ်ပေးနေရသည်။

ဒီလောက်တောင် ပင်ပန်းနေတဲ့ ကြားက ပြုံးနေနိုင်တာ တကယ်ပဲ အချစ်ရဲ့စွမ်းအားတွေလားလို့ သူမ အံ့သြနေမိသည်။ ဒီနေ့ဆို Sing က တစ်နေကုန်ကျောင်းတက်ပြီးမှ အခု ဆုပေးပွဲကို တက်ခဲ့တာ...။ ပင်ပန်းနေပေမယ့် တစ်ချက်ကလေးမှ မညည်းပဲ အပြုံးမပျက်နေနိုင်တဲ့ လူငယ်တစ်ယောက်ရဲ့ အားမာန်ကလည်း တကယ့်ကို လေးစားစရာပင်။

ပုံမှန်ဆို အားငယ်တတ်တဲ့ ကလေးက အခုတော့ တကယ့်ကို တည်ငြိမ်ရင့်ကျက်တဲ့ လူငယ်လေးဖြစ်လာတဲ့အထိ အချစ်ဆိုတဲ့ စွမ်းအားက လူတစ်ယောက်အပေါ် အဆင့်ဆင့်သက်ရောက်လာပုံကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီမဟုတ်လား။

"Kit က ဒီနေ့ ချစ်စရာလေးနော်..."
ဒါဟာ Sing လို စကားနည်းတဲ့လူဆီက မအောင့်နိုင်လွန်းလို့ ထုတ်ပြောလာတဲ့ စကား...။

"အမလေးဟဲ့... မနေ့ကလည်းတွေ့ပြီးသားကို ... ပိုပြီ"

"အဲ့လိုပြောတာမဟုတ်ဘူး P ရဲ့ ...။ ဒီနေ့ စိတ်ကောက်နေတာလေးက ချစ်စရာလေး... ကြောင်ရိုင်းလေးလိုပဲ... အသည်းယားဖို့ကောင်းလို့"
ပြောရင်းနဲ့ သူ့ဘာသာ အသည်းတယားယားဖြစ်ပြီး ရယ်နေသည်။

"အေးပါ... နောက်တော့ ကြောင်ကုတ်မှ မငိုနဲ့"

"မငိုပါဘူး... ကျွန်တော့် ကြောင်လေးက ကျွန်တော့်ကို ဘယ်တော့မှ မကုတ်ဘူး... ဘာလို့လဲဆိုတော့ သူက ကြောင်လိပ်လေးလေ... လက်သည်းမရှိဘူး... ချစ်တတ်တဲ့ နှလုံးသားပဲ ရှိတယ်"
Sing ပြောတဲ့စကားတွေ ကြားပြီး သူမပါ အသည်းယားမိနေသည်။ သူချစ်နေတဲ့ Krist ဆိုတာကလည်း တကယ့် ချစ်စရာကောင်းတဲ့ ကလေးလေးပင်။

Singကတော့ ပြောချင်ရာပြောပြီး IG မှာ ပိုစ့်တင်နေသည်။ IG ဆိုမှ ခုနကကြည့်ခဲ့တဲ့ video file တစ်ခုကို သူမ သတိရသွားသည်။ သူတို့ချင်း စိတ်ကောက်နေကြတယ်ဆိုပြီး fan တွေတင်တဲ့ video file တွေကြည့်ပြီး သူမ စိုးရိမ်နေခဲ့တာ...။ အခုကျတော့လည်း သူတို့ မဟုတ်တဲ့အတိုင်းပင်။ ကလေးတွေရဲ့အချစ်က တကယ့်ကို ဖြူစင်ကြသည်။ အထူးသဖြင့် Sing ရဲ့အချစ်တွေက ပြည့်ဝလေးနက်လွန်းသည်။ အပြစ်မတင်ရက် အပြစ်မမြင်ရက်ဘဲ တစိမ့်စိမ့်ချစ်နေတဲ့ သူပုံစံက တကယ့်ကို အချစ်ရဲ့သူရဲကောင်းလို ပြီးပြည့်စုံနေတာပင်။ အနည်းငယ် စိတ်မအေးမိသည်ကတော့ ရှိသည်။ ရှိဆို ... ဟိုမင်းသမီးလေးရဲ့ မျက်လုံးတွေကိုလည်းfan တွေတင်တဲ့ video ထဲကနေ သူမ နည်းနည်းတော့ ရိပ်စားမိလိုက်သည်။ ပြဿနာတွေ မဖြစ်အောင် သူတို့်ထိန်းနိုင်မည်ဟုပဲ မျှော်လင့်နေမိသည်။

🌞💞🌝

P ကို လိပ်လေးအကြောင်းပြောပြပြီး သတိရစိတ်တွေ တိုးလာတာနဲ့ IG မှာ ပိုစ့်တင်ဖို့ လုပ်မိသည်။ ကားနားကို လိုက်ပို့ပြီး ခါတိုင်းလို ခပ်ကြာကြာမဖက်ဘဲ အဝေးကနေ လက်လေးပြပြီး fan တွေနဲ့ တွေ့ဖို့ လှည့်ထွက်သွားတာကို ကြည့်ရင် လိပ်လေး အချော့ခံချင်နေသေးမှန်း သိသာသည်လေ။

'Thank you for the Best Couple Reward from Line TV and for every vote.'
Reward လို့ရေးအပြီးမှာ သူ ပြုံးမိလိုက်သည်။ Kongpob လိုမျိုး ခပ်ညစ်ညစ် reward တောင်းရင် ကောင်းမလားလို့
တွေးပြီး ရယ်လိုက်မိသေးသည်။ P ကတော့ ရုတ်တရက် ထရယ်တဲ့ သူ့ကို ခေါင်းခါပြီး လှမ်းကြည့်သည်။ ပါးစပ်ကလည်း "ငပေါ ကျနေတာပဲ"လို့ တိုးတိုးပြောလိုက်သေးသည်။

'And thanks to my wife ...'
ရေးလိုက်ပြီးမှ မကောင်းဘူးဆိုပြီး my wife ဆိုတာကို ပြန်ဖျက်လိုက်ရသည်။ စဉ်းစားစမ်း... ဘယ်လို စာကြောင်းက ချစ်သူလေးအတွက် အချစ်တွေကို ပြသရာရောက်မလဲ...။
Kit ကတော့ သတ္တိရှိသူပီပီ Reporter တွေရဲ့ အမေးကို သေချာလေးဖြေခဲ့သည်မဟုတ်လား။

"အခုလိုမျိုး Sing နဲ့ တတွဲတွဲနေပြီး ကားရိုက်တာက Krist ရဲ့ အနာဂတ်အချစ်ရေးအပေါ် ထိခိုက်မှာ မစိုးရိမ်ဘူးလား" Reporter ရဲ့အမေးကို ပြန်တွေးရင်း ခုနက သူ ထိတ်လန့်မိတာကို သတိရသွားသည်။

"လုံးဝမစိုးရိမ်ပါဘူး.. ကျွန်တော့်ကို ယောကျာ်းမဆန်ဘူးပဲ ထင်ထင်... ခြောက်နေတယ်ပဲ ထင်ထင်... ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် P'Sing နဲ့ အတူတူ အခုလိုလေး နေရတာကို ပျော်တယ်..."
ကလေးလေးရဲ့ သတ္တိရှိတဲ့ စကားတွေကို ပြန်ကြားယောင်မိတော့ Sing မျက်ရည်ပင် ဝဲတက်လာမိသည်။ သူက Kit ကို ပြောမပြတတ်အောင် ချစ်မိနေပြီးသားမဟုတ်လား။

'And thanks to you standing right beside me just like what I said on the stage'
စာသားဖြည့်ရေးပြီးတာနဲ့ သူ့ IG မှာ သိပ်ချစ်ရတဲ့ Kit ကို Tag တွဲပြီး ပိုစ့်တင်လိုက်သည်။

ပြီးတော့ Kit ဆီ မက်ဆေ့ချ်ပို့လိုက်သည်။ ကားထဲမှာတော့ ကလေးလေးကြိုက်တဲ့ "Something Just like this" သီချင်းလေးက Sing ရင်ခုန်နှုန်းကို အရှိန်မြှင့်ပေးနေလေသည်။

🌞💞🌝

အိမ်ပြန်ရောက်တော့ Kit အတော်ပင် ပင်ပန်းနေပြီ။ စိတ်မောရတာက ပိုဆိုးသည်လေ။ P'Sing ပို့ထားတဲ့ စာကို ဖွင့့်မကြည့်ဘဲ တမင် လျစ်လျူရှုပြီး IG ဝင်ကြည့်လိုက်သည်။

'Thanks to you standing right beside me just like what I said on the stage'

ရုတ်တရက် ဖုန်းကို ရင်ဘတ်ပေါ်တင်ပြီး အရူးလို သူ ပြုံးမိသည်။ သူသိပ်ချစ်ရတဲ့ P က သူ့ကို ဒီလို ကျေးဇူးတင်စကားလေးနဲ့ ချော့သည်လေ...။ ကြည်နူးမှု တိမ်တိုက်တွေထဲ သူ့ရင်ခုန်သံတွေ ကျယ်လွန်းလို့ ပေါက်ထွက်ကုန်ပြီလားမသိ။ မျက်နှာတောင် ဖိန်းတိန်းရှိန်းတိန်းဖြစ်နေသည်။

"ချစ်လိုက်တာ P'Sing ရယ်"လို့ ပြောပြီး သူ့ P ကို အလစ်ခိုးနမ်းပစ်ချင်မိသည်။ အဲ့လိုခိုးနမ်းရင် P'Sing က အူကြောင်ကြောင်ရုပ်လေးနဲ့ သူ့ကို ပြန်ကြည့်မည်လေ။ ထို အူကြောင်ကြောင်လူသားလေးကို သူ အရမ်းချစ်မိနေပြီ။

စိတ်ကောက်ပြေပြီမို့လို့ P'Sing ပို့ထားတဲ့ စာလေးကို ဖွင့်ကြည့်လိုက်သည်။ ရင်ခုန်သံတွေက အရှိန်ပြင်းပြင်းခုတ်မောင်းလာတဲ့ ရထားသံအလား။

'Thank you My wife 😘... Stop Sulking or I'll run to you for getting my reward 😉'

🌞💞🌝 Part - B 🌞💞🌝

Part - B (z)

ဆု​ေပးပြဲစင္​​ေပၚမွာ Krist ထံုးစံအတုိင္​း Krist ကပဲ အရင္​ ​ေက်းဇူးတင္​စကား​ေျပာလိုက္​သည္​။ သူၿပီး​ေတာ့ Sing အလွည္​့​ေပါ့။ Krist လက္​ထဲကို ဆုကို လွမ္​း​ေပးလိုက္​ၿပီး Singto ​ေက်းဇူးတင္​စကား စ​ေျပာသည္​။ ​ေက်းဇူးတင္​စကားကို စိတ္​ရင္​းအျပည္​့ဝဆံုးနဲ႔ အ​ေပၚလြင္​ဆံုး ​ေျပာႏိုင္​ဖို႔ Sing စကားလံုး​ေတြ ႐ွာ​ေဖြ​ေနသည္​။

"ကြၽန္​​ေတာ္​တို႔ကို ဒီ​ေန႔ထိ​ေခၚ​ေဆာင္​​ေပးလာတဲ့ Sotus နဲ႔ Sotus S the series ကို ​အရင္​ဆံုး​ေက်းဇူးတင္​ပါရ​ေစ...။ ကြၽန္​​ေတာ္​ ​ေနာက္​ဆံုး​ေက်းဇူးတင္​ခ်င္​တဲ့သူက ..."
​ေျပာရင္​းနဲ႔ Krist ကို လွမ္​းၾကည္​့​ေတာ့ သူ႔ကို မၾကည္​့​ေနဘဲ ​ေခါင္​း​ေလး​ေအာက္​ငံု႔​ေနသည္​။ Kit စိတ္​​ေကာက္​​ေနတုန္​းမွန္​းသိ​ေတာ့ သူ ျပံဳး​ေနမိသည္​။ စိတ္​​ေကာက္​​ေနတဲ့ ခ်စ္​သူ​ေလးပံုစံက အရမ္​းခ်စ္​ဖို႔​ေကာင္​း​ေနတာကိုး။

"Krist က ​ေက်းဇူးတင္​ရမယ္​့ သူ​ေတြအကုန္​ကို ​ေျပာသြားၿပီးၿပီဆို​ေတာ့ ​ေနာက္​ဆံုးအ​ေနနဲ႔ ကြၽန္​​ေတာ္​​ေက်းဇူးတင္​ခ်င္​တဲ့သူက Krist ပါ..."
Sing က အဲ့လို ​ေျပာမယ္​မထင္​ထားလို႔ Krist အံ့ျသ​ေနၿပီး ​ေခါင္​း​ငံု႔ရာက​ေန ​ေမာ့ၾကည္​့လာသည္​။ သူ႔ကို​ေခါင္​းၿငိမ့္​့ျပၿပီး ​ေက်းဇူးတင္​စကားကို ဆက္​လိုက္​သည္​။

"ကြၽန္​​ေတာ္​တို႔ တစ္​​ေယာက္​ကို တစ္​​ေယာက္​ ဂ႐ုတစိုက္​နဲ႔ ​ေဖး​ေဖးမမ႐ွိခဲ့လို႔ ဒီဆုကို ရခဲ့တာပါ...ၿပီး​ေတာ့ ဒီႏွစ္​ရဲ႕ အ​ေကာင္​းဆံုးဆုရ​ေအာင္​ vote ​ေပးတဲ့ fan ​ေတြ အားလံုးကိုလည္​း ​ေက်းဇူးတင္​ပါတယ္​"

လက္​ခုပ္​သံ​ေတြၾကားမွာ သူ႔ က​ေလး​ေလး Kit ရဲ႕ မ်က္​ႏွာ​ေလးကို ​ေငးၾကည္​့ၿပီး ျပံဳး​ေနမိသည္​။ Singto က အခ်စ္​ကို ပါးစပ္​က​ေန ထုတ္​မ​ေျပာဘဲ အမူအရာ​ေတြကတစ္​ဆင္​့ ​သိ​ေစခ်င္​တဲ့သူမလား။ အခုလို သူ ခ်စ္​ရတဲ့သူကို တခုတ္​တရနဲ႔ စင္​​ေပၚမ​ွာ Kit ကို ​ေက်းဇူးတင္​စကား​ေျပာႏိုင္​လိုက္​လို႔လည္​း Singto သူ႔ကိုယ္​သူ ​ေက်နပ္​မိသည္​။ စင္​​ေအာက္​ကို အဆင္​း​နားမွာ မီးအ​ေရာင္​က ​ေမွာင္​ပ်ပ်​ေလးျဖစ္​​ေနလို႔ Kit ရဲ႕ လက္​သန္​း​ေလး​ကို Singto အသာလွမ္​းကိုင္​လိုက္​သည္​။ Kit က ​သူ႔ကို လွမ္​းမၾကည္​့​ေပမယ္​့ လက္​ကို​ေတာ့ မျဖဳတ္​ခ်​ေပ...။ ဒီ​ေလာက္​ဆို က​ေလး​ေလးစိတ္​​ေျပစျပဳ​ေနၿပီဆိုတာ သူ နားလည္​လိုက္​သည္​။

🌞💞🌝

"ဇာတ္​လမ္​းထဲက ဇာတ္​​ေကာင္​ရဲ႕ ရင္​းႏွီးမႈ​ေတြက အျပင္​ဘဝကို သက္​​ေရာက္​မိတာ႐ွိလား"
Reporter ​ေတြရဲ႕ ​ေမးခြန္​းကို နား​ေထာင္​ၿပီး ဘာကို​ေမးခ်င္​​ေနၿပီဆိုတာ Kit သိလိုက္​သည္​။ ထံုးစံအတုိင္​း သူနဲ႔ Prae ဘာလို႔ ျပတ္​သြားလဲဆိုတာကိုပဲ ​ေမးၾကမွာ...။ တစ္​ခါတစ္​​ေလမ​ွာ Reporter ​ေတြရဲ႕​ေမးခြန္​း​ေတြဟာ Fan ​ေတြ FM မွာ ​ေမးတာ​ေတြ​ေလာက္​​ေတာင္​ ပညာသားမပါဘူးလို႔ Kit ထင္​မိသည္​။

ပိုဆိုးသည္​က အခု​ေမးခြန္​းကို သူ႔ကို မ​ေမးဘဲ P'Sing ကို ​ေမးလိုက္​တာပင္​...။ P'Sing မ်က္​ႏွာကို Kit တစ္​ခ်က္​ခိုးၾကည္​့လိုက္​​သည္​။ P'Sing က​ေတာ့ မ်က္​ႏွာမပ်က္​ဘဲ စကား​ေတြျပန္​​ေျဖ​ေနသည္​။ ဒါ​ေပမယ္​့ P စိတ္​ထဲမွာ တစ္​မ်ဳိး​ေတာ့ ခံစားသြားရမွာ ​ေသခ်ာသည္​။ P က သူ႔မ်က္​ႏွာမွာ ဘာကိုမွ ထုတ္​ျပမွာမဟုတ္​...။

သူနဲ႔ P'Sing ဒီ​ေလာက္​ထိ ခရီးအ႐ွည္​ႀကီး​ေလွ်ာက္​လာခဲ့ၾကတာ တစ္​​ေယာက္​ႏွင္​့တစ္​​ေယာက္​ ဘယ္​လိုအ​ေၾကာင္​း​ေၾကာင္​့ႏွင္​့မွ အထိခိုက္​မခံႏိုင္​​ေပ။ Reporter ​ေတြရဲ႕ ​ေမးခြန္​း​ေတြက တစ္​ခါတစ္​ရံ အ​ေမးမတတ္​သည့္​့အခါမ်ဳိးဆို ခပ္​ျပင္​းျပင္​းထိုးႏွက္​​ေနသည္​ႏွင္​့ပင္​ တူတတ္​သည္​။ သူတို႔လို အႏုပညာ႐ွင္​​ေတြ ဘဝဟာ ဘယ္​လိုမ်ား အျပစ္​တင္​ကဲ့ရဲ႕ခံဖို႔ ​ေစာင္​့​ေနၾကရသလဲလို႔ တစ္​ခါတစ္​​ေလ Kit ထင္​မိသည္​။ ပရိသတ္​​ေတြက​ေတာ့ အဲ့လိုမဟုတ္​...။ Fan ​ေတြက သူနဲ႔ P'Sing အ​ေပၚ အျမဲနားလည္​မႈ အျပည္​့နဲ႔ ခ်စ္​ခင္​​ေပးဖို႔ အသင္​့႐ွိ​ေနၾကသည္​။ ဒါ​ေၾကာင့္​့လည္​း Kit က Fan ​ေတြကို အရမ္​းခ်စ္​မိတာပင္​။

"Kit နဲ႔ သူ႔​ေကာင္​မ​ေလးျပတ္​သြားတာ Sing ​ေၾကာင္​့ တစ္​စိတ္​တစ္​ပိုင္​းပါ​ေနလား။" အ​ေတြး​ေတြကို ျပတ္​​ေတာက္​​ေစတဲ့ အဲဒီ့​ေမးခြန္​း​ေၾကာင္​့ Kit မ်က္​ႏွာ အနည္​းငယ္​ပ်က္​သြားသည္​။ ဒီလူ​ေတြ ဘာကို အတည္​ျပဳ​ခ်င္​​ေနလဲဆိုတာ သူ ​ေတြးမရျဖစ္​မိသည္​။ သူတို႔ႏွစ္​​ေယာက္​ခ်စ္​​ေနၾကၿပီဆိုတာကို အတည္​ျပဳ​ေစခ်င္​​ေနတာလား။

"ကြၽန္​​ေတာ္​့အစ္​ကိုကို အဲ့လို မ​ေမးၾကပါနဲ႔... ကြၽန္​​ေတာ္​့ရဲ႕ ကိုယ္​ပိုင္​ စိတ္​ခံစားခ်က္​​ေၾကာင္​့ ကြၽန္​​ေတာ္​တို႔ဘာသာ ​ေအး​ေအး​ေဆး​ေဆးပဲ ၿပီးဆံုးလိုက္​ၾကတာပါ။ P'Sing နဲ႔ ဘာမွမဆိုင္​ပါဘူး။"
သူ႔အသံက အနည္​းငယ္​စိတ္​႐ႈပ္​သြားဟန္​​ေပါက္​သြားလားဆိုတာကို သူကိုယ္​တိုင္​ပင္​ သတိမထားမိဘဲ ​ေျဖလိုက္​မိသည္​။ သူ႔အျပဳအမူကို reporter ​ေတြလည္​း သေဘာ​ေပါက္​သြားၾကသလားမသိ...။ တျခား​ေမးခြန္​း​ေတြ​ေျပာင္​း​ေမးလိုက္​သည္​။

​ေမးခြန္​း​ေတြကို ျပန္​စဥ္​းစားမိတိုင္​း Kit မ်က္​ႏွာက ပိုၿပီး စူပုပ္​ပုပ္​ျဖစ္​လာမိသည္​။ ဓာတ္​ပံု႐ိုက္​ဖို႔ တန္​းစီၾက​ေတာ့လည္​း P'Sing က စကားလာ​ေျပာတာကို ကိုယ္​အ​ေတြးနဲ႔ကိုယ္​ မၾကားဘဲ ျဖစ္​သြားလို႔ P မ်က္​ႏွာတည္​သြားသည္​။ ဒီ​ေန႔ P က သူ႔ကို မ်က္​စိ​ေဒါက္​​ေထာက္​လိုက္​ၾကည္​့​ေနလို႔ စိတ္​​ေကာက္​​ေပမယ္​့လည္​း နည္​းနည္​း ရင္​ခုန္​​ေနသည္​။ တစ္​ခါတစ္​​ေလဆို P က သူ႔ကို အဲ့လိုပဲ တစိမ္​့စိမ္​့ႀကီး ၾကည္​့​ေနတတ္​သည္​။ P အဲ့လိုၾကည္​့တိုင္​းလည္​း သူ႔ရင္​​ေတြက ပံုမွန္​ထက္​ပိုၿပီးခုန္​​ေနက်ပင္​...။

Fan ​ေတြနဲ႔ ​ေတြ႔​ေတာ့ ခုနက ျပႆနာ​ေတြကို ​ေမ့ၿပီး Kit ​ေပ်ာ္​​ေနမိသည္​။ သူတို႔နဲ႔ဆို P'Sing အ​ေၾကာင္​း​ေတြလည္​း ​ေျပာခြင္​့ရသလို... P'Sing သိ​ေစခ်င္​တဲ့ သူ႔ခံစားခ်က္​​ေတြကိုလည္​း Fan ​ေတြက တစ္​ဆင္​့ P ဆီ ​ေျပာခိုင္​းလို႔ ရသည္​​ေလ...။ သူတို႔​ေတြအတြက္​ ႐ွင္​သန္​​ေနရတာက တကယ္​့ကို ​ေပ်ာ္​စရာ ကမ႓ာႀကီးပင္​...။ သူတို႔​ေလး​ေတြ ​ေပးထားတဲ့ Fandom နာမည္​ Peraya ဆိုတာ​ေလးကို Kit အရမ္​းပဲ ျမတ္​ႏိုးမိသည္​။

🌞💞🌝

"ဒီ​ေန႔အ​ေတာ္​​ေပ်ာ္​​ေနတယ္​ ဟုတ္​လား Sing...? ပါးစပ္​ကို မ​ေစ့ဘူး ..."
ကားမီးပြိဳင္​့ခဏမိ​ေနလို႔ Sing ဘက္​ကို ၾကည္​့ၿပီး ​ေမးလိုက္​သည္​။ အခ်စ္​ဟာ လူကို ​ေျပာင္​းလဲ​ေစတယ္​ဆိုတာ သူမ Sing ကို ၾကည္​့ရင္​း မယံုခ်င္​လည္​း ယံုခ်င္​ခဲ့ရပါၿပီ။

"Owiii P'Nongnham... ကား​ေမာင္​းတာ လမ္​းကို ၾကည္​့ပါ P ရ... ကြၽန္​​ေတာ္​့ကို မၾကည္​့နဲ႔"

အဲ့လို​ေလးျပန္​​ေျပာတာ​ေတာင္​ သူ႔ရဲ႕ သ​ေဘာက်တဲ့ အ​ေတြးစကို ရပ္​မရလို႔ ပါးစပ္​က သြား၃၂​ေခ်ာင္​း​ေပၚ​ေအာင္​ ျဖဲလ်က္​သားပင္​။ P'Jane က ဂ်ပန္​ကို အလုပ္​ကိစၥနဲ႔ ​သြား​ေနတုန္​းမို႔လို႔ Sing ကို သူမပဲ အႀကိဳအပို္႔ လုပ္​​ေပး​ေနရသည္​။

ဒီ​ေလာက္​​ေတာင္​ ပင္​ပန္​း​ေနတဲ့ ၾကားက ျပံဳး​ေနႏိုင္​တာ တကယ္​ပဲ အခ်စ္​ရဲ႕စြမ္​းအား​ေတြလားလို႔ သူမ အံ့ျသ​ေနမိသည္​။ ဒီ​ေန႔ဆို Sing က တစ္​​ေနကုန္​​ေက်ာင္​းတက္​ၿပီးမွ အခု ဆု​ေပးပြဲကို တက္​ခဲ့တာ...။ ပင္​ပန္​း​ေန​ေပမယ္​့ တစ္​ခ်က္​က​ေလးမွ မညည္​းပဲ အျပံဳးမပ်က္​​ေနႏိုင္​တဲ့ လူငယ္​တစ္​​ေယာက္​ရဲ႕ အားမာန္​ကလည္​း တကယ္​့ကို ​ေလးစားစရာပင္​။

ပံုမွန္​ဆို အားငယ္​တတ္​တဲ့ က​ေလးက အခု​ေတာ့ တကယ္​့ကို တည္​ၿငိမ္​ရင္​့က်က္​တဲ့ လူငယ္​​ေလးျဖစ္​လာတဲ့အထိ အခ်စ္​ဆိုတဲ့ စြမ္​းအားက လူတစ္​​ေယာက္​အ​ေပၚ အဆင္​့ဆင္​့သက္​​ေရာက္​လာပံုကို သူမ မ်က္​ျမင္​ကိုယ္​​ေတြ႔ ၾကံဳခဲ့ရၿပီမဟုတ္​လား။

"Kit က ဒီ​ေန႔ ခ်စ္​စရာ​ေလး​ေနာ္​..."
ဒါဟာ Sing လို စကားနည္​းတဲ့လူဆီက ​မ​ေအာင္​့ႏိုင္​လြန္းလို႔ ထုတ္​​ေျပာလာတဲ့ စကား...။

"အမ​ေလးဟဲ့... ​မ​ေန႔ကလည္​း​ေတြ႕ၿပီးသားကို ... ပိုၿပီ"

"အဲ့လို​ေျပာတာမဟုတ္​ဘူး P ရဲ႕ ...။ ဒီ​ေန႔ စိတ္​​ေကာက္​​ေနတာ​ေလးက ခ်စ္​စရာ​ေလး... ​ေၾကာင္​႐ိုင္​း​ေလးလိုပဲ... အသည္​းယားဖို႔​ေကာင္​းလို႔"
​ေျပာရင္​းနဲ႔ သူ႔ဘာသာ အသည္​းတယားယားျဖစ္​ၿပီး ရယ္​​ေနသည္​။

"​ေအးပါ... ​ေနာက္​​ေတာ့ ​ေၾကာင္​ကုတ္​မွ မငိုနဲ႔"

"မငိုပါဘူး... ကြၽန္​​ေတာ္​့ ​ေၾကာင္​​ေလးက ကြၽန္​​ေတာ္​့ကို ဘယ္​​ေတာ့မွ မကုတ္​ဘူး... ဘာလို႔လဲဆို​ေတာ့ သူက ​ေၾကာင္​လိပ္​​ေလး​ေလ... လက္​သည္​းမ႐ွိဘူး... ခ်စ္​တတ္​တဲ့ ႏွလံုးသားပဲ ႐ွိတယ္​"
Sing ​ေျပာတဲ့စကား​ေတြ ၾကားၿပီး သူမပါ အသည္​းယားမိ​ေနသည္​။ သူခ်စ္​​ေနတဲ့ Krist ဆိုတာကလည္​း တကယ္​့ ခ်စ္​စရာ​ေကာင္​းတဲ့ က​ေလး​ေလးပင္​။

Singက​ေတာ့ ေျပာခ်င္​ရာ​ေျပာၿပီး IG မွာ ပိုစ္​့တင္​​ေနသည္​။ IG ဆိုမွ ခုနကၾကည္​့ခဲ့တဲ့ video file တစ္​ခုကို သူမ သတိရသြားသည္​။ သူတို႔ခ်င္​း စိတ္​​ေကာက္​ေနၾကတယ္​ဆိုၿပီး fan ​ေတြတင္​တဲ့ video file ​ေတြၾကည္​့ၿပီး သူမ စိုးရိမ္​​ေနခဲ့တာ...။ အခုက်​ေတာ့လည္​း သူတို႔ မဟုတ္​တဲ့အတိုင္​းပင္​။ က​ေလး​ေတြရဲ႕အခ်စ္​က တကယ္​့ကို ျဖဴစင္​ၾကသည္​။ အထူးသျဖင္​့ Sing ရဲ႕အခ်စ္​​ေတြက ျပည္​့ဝ​ေလးနက္​လြန္​းသည္​။ အျပစ္​မတင္​ရက္​ အျပစ္​မျမင္​ရက္​ဘဲ တစိမ္​့စိမ္​့ခ်စ္​​ေနတဲ့ သူပံုစံက တကယ္​့ကို အခ်စ္​ရဲ႕သူရဲ​ေကာင္​းလို ၿပီးျပည္​့စံု​ေနတာပင္​။ အနည္​းငယ္​ စိတ္​မ​ေအးမိသည္​က​ေတာ့ ႐ွိသည္​။ ႐ွိဆို ... ဟိုမင္​းသမီး​ေလးရဲ႕ မ်က္​လံုး​ေတြကိုလည္​းfan ​ေတြတင္​တဲ့ video ထဲ​က​ေန သူမ နည္​းနည္​း​ေတာ့ ရိပ္​စားမိလိုက္​သည္​။ ျပႆနာ​ေတြ မျဖစ္​​ေအာင္​ သူတို္႔ထိန္​းႏိုင္​မည္​ဟုပဲ ​ေမွ်ာ္​လင္​့​ေနမိသည္​။

🌞💞🌝

P ကို ​လိပ္​​ေလးအ​ေၾကာင္​း​ေျပာျပၿပီး သတိရစိတ္​​ေတြ တိုးလာတာနဲ႔ IG မွာ ပိုစ္​့တင္​ဖို႔ လုပ္​မိသည္​။ ကားနားကို လိုက္​ပို႔ၿပီး ခါတိုင္​းလို ခပ္​ၾကာၾကာမဖက္​ဘဲ အ​ေဝးက​ေန လက္​​ေလးျပၿပီး fan ​ေတြနဲ႔ ​ေတြ႔ဖို႔ လွည္​့ထြက္​သြားတာကို ၾကည္​့ရင္​ လိပ္​​ေလး အ​ေခ်ာ့ခံခ်င္​​ေန​ေသးမွန္​း သိသာသည္​​ေလ။

'Thank you for the Best Couple Reward from Line TV and for every vote.'
Reward လို႔​ေရးအၿပီးမွာ သူ ျပံဳးမိလိုက္​သည္​။ Kongpob လိုမ်ဳိး ခပ္​ညစ္​ညစ္​ reward ​ေတာင္​းရင္​ ​ေကာင္​းမလားလို႔
​ေတြးၿပီး ရယ္​လိုက္​မိ​ေသးသည္​။ P က​ေတာ့ ႐ုတ္​တရက္​ ထရယ္​တဲ့ သူ႔ကို ​ေခါင္​းခါၿပီး လွမ္​းၾကည္​့သည္​။ ပါးစပ္​ကလည္​း "င​ေပါ က်​ေနတာပဲ"လို႔ တိုးတိုး​ေျပာလိုက္​​ေသးသည္​။

'And thanks to my wife ...'
​ေရးလိုက္​ၿပီးမွ မ​ေကာင္​းဘူးဆိုၿပီး my wife ဆိုတာကို ျပန္​ဖ်က္​လိုက္​ရ​သည္​။ စဥ္​းစားစမ္​း... ဘယ္​လို စာ​ေၾကာင္​းက ခ်စ္​သူ​ေလးအတြက္​ အခ်စ္​​ေတြကို ျပသရာ​ေရာက္​မလဲ...။
Kit က​ေတာ့ သတၱိ႐ွိသူပီပီ Reporter ​ေတြရဲ႕ အ​ေမးကို ​ေသခ်ာ​ေလး​ေျဖခဲ့သည္​မဟုတ္​လား။

"အခုလိုမ်ဳိး Sing နဲ႔ တတြဲတြဲ​ေနၿပီး ကား႐ိုက္​တာက Krist ရဲ႕ အနာဂတ္​အခ်စ္​​ေရးအ​ေပၚ ထိခိုက္​မွာ မစိုးရိမ္​ဘူးလား" Reporter ရဲ႕အ​ေမးကို ျပန္​​ေတြးရင္​း ခုနက သူ ထိတ္​လန္​႔မိတာကို သတိရသြားသည္​။

"လံုးဝမစိုးရိမ္​ပါဘူး.. ကြၽန္​​ေတာ္​့ကို ​ေယာက်ာ္​းမဆန္​ဘူးပဲ ထင္​ထင္​... ​ေျခာက္​​ေနတယ္​ပဲ ထင္​ထင္​... ကြၽန္​​ေတာ္​ ဂ႐ုမစိုက္​ပါဘူး။ ကြၽန္​​ေတာ္​ P'Sing နဲ႔ အတူ​တူ အခုလို​ေလး ​ေနရတာကို ​ေပ်ာ္​တယ္​..."
က​ေလး​ေလးရဲ႕ သတၱိ႐ွိတဲ့ စကား​ေတြကို ျပန္​ၾကား​ေယာင္​မိ​ေတာ့ Sing မ်က္​ရည္​ပင္​ ဝဲတက္​လာ​မိသည္​။ သူက Kit ကို ​ေျပာမျပတတ္​​ေအာင္​ ခ်စ္​မိ​ေနၿပီးသားမဟုတ္​လား။

'And thanks to you standing right beside me just like what I said on the stage'
စာသားျဖည္​့​ေရးၿပီးတာနဲ႔ သူ႔ IG မွာ သိပ္​ခ်စ္​ရတဲ့ Kit ကို Tag တြဲၿပီး ပိုစ္​့တင္​လိုက္​သည္​။

ၿပီး​ေတာ့ Kit ဆီ မက္​​ေဆ့ခ်္​ပို႔လိုက္​သည္​။ ကားထဲမွာ​ေတာ့ က​ေလး​ေလးႀကိဳက္​တဲ့ "Something Just like this" သီခ်င္​း​ေလးက Sing ရင္​ခုန္​ႏႈန္​းကို အ႐ွိန္​ျမႇင္​့​ေပး​ေန​​ေလသည္​။

🌞💞🌝

အိမ္​ျပန္​​ေရာက္​​ေတာ့ Kit အ​ေတာ္​ပင္​ ပင္​ပန္​း​ေနၿပီ။ စိတ္​​ေမာရတာက ပိုဆိုးသည္​​ေလ။ P'Sing ပို႔ထားတဲ့ စာကို ဖြင့္​့မၾကည္​့ဘဲ တမင္​ လ်စ္​လ်ဴ႐ႈၿပီး IG ဝင္​ၾကည္​့လိုက္​သည္​။

'Thanks to you standing right beside me just like what I said on the stage'

႐ုတ္​တရက္​ ဖုန္​းကို ရင္​ဘတ္​​ေပၚတင္​ၿပီး အ႐ူးလို သူ ျပံဳးမိသည္​။ သူသိပ္​ခ်စ္​ရတဲ့ P က သူ႔ကို ဒီလို ​ေက်းဇူးတင္​စကား​ေလးနဲ႔ ​ေခ်ာ့သည္​​ေလ...။ ၾကည္​ႏူးမႈ တိမ္​တိုက္​​ေတြထဲ သူ႔​ရင္​ခုန္​သံ​ေတြ က်ယ္​လြန္​းလို႔ ​ေပါက္​ထြက္​ကုန္​ၿပီလားမသိ။ မ်က္​ႏွာ​ေတာင္​ ဖိန္​းတိန္​း႐ွိန္​းတိန္​းျဖစ္​​ေနသည္​။

"ခ်စ္​လိုက္​တာ P'Sing ရယ္​"​လို႔ ​ေျပာၿပီး သူ႔ P ကို အလစ္​ခိုးနမ္​းပစ္​ခ်င္​မိသည္​။ အဲ့လိုခိုးနမ္​းရင္​ P'Sing က အူ​ေၾကာင္​​ေၾကာင္​႐ုပ္​​ေလးနဲ႔ သူ႔ကို ျပန္​ၾကည္​့မည္​​ေလ။ ထို အူ​ေၾကာင္​​ေၾကာင္​လူသား​ေလးကို သူ အရမ္​းခ်စ္​မိ​ေနၿပီ။

စိတ္​​ေကာက္​​ေျပၿပီမို႔လို႔ P'Sing ပို႔ထားတဲ့ စာ​ေလးကို ဖြင္​့ၾကည္​့လိုက္​သည္​။ ရင္​ခုန္​သံ​ေတြက အ႐ွိန္​ျပင္​းျပင္​းခုတ္​​ေမာင္​းလာတဲ့ ရထားသံအလား။

'Thank you My wife 😘... Stop Sulking or I'll run to you for getting my reward 😉'

🌞💞🌝 Part - B 🌞💞🌝

Part ... B ကို ​ေအာင္​ျမင္​စြာ ရပ္​တန္​႔ၿပီးပါ​ေၾကာင္​း...

အရင္​က အပိုင္​း ၁၁ ဆီ ျပန္​​ေရး​ေတာ့မယ္​​ေနာ္​...

အ​ေၾကာင္​းအမ်ဳိးမ်ဳိး​ေၾကာင္​့ update ၾကာ​ေနခဲ့တာကို ခြင္​့လႊတ္​​ေပးၾကပါ 🙏 <Death Note ထဲ​ေတာင္​ ထည္​့ခ်င္​​ေနၾကၿပီလို႔ ၾကားသိရသည္​>

​အ​ေပ်ာ္​​ေလး​ေတြ အတူမွ်​ေဝရင္​း Sing နဲ႔ Krist ကို ပိုပိုခ်စ္​​ေပးၾကရ​ေအာင္​​ေနာ္​...

THANKS FOR EVERYTHING PERAYA FAMILY 💞

#Sam2bArtist

Continue Reading

You'll Also Like

127K 11.3K 39
Jeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠
66.6K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
234K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
46.5K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...