SENTIMENTAL(Zawgyi/UNICODE)

Od Valborga_Park

44.8K 5K 982

​ေပက်င္​းၿမိဳ႕က​ေ႐ွး​ေဟာင္​းျခံရယ္​.....။ လြမ္​း​ေမာဖြယ္​ေတးသြား​​ေတြရယ္​.....။ အထီးက်န္​​လူသားရယ္​.....။ ဗီလ... Viac

SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL
SENTIMENTAL

SENTIMENTAL

2K 302 69
Od Valborga_Park

❄12❄

ျပႆ      နာမ်ားႏွင္​့ စိတ္​မခ်မ္​း​ေျမ့ဖြယ္​...
​ေန႔ရက္​မ်ားက..စတင္​လို႔လာခ့ဲၿပီ။...

ျဖစ္​ရပ္​ (၁)

ဘယ္​က သတင္​းၾကားၿပီး...ဘယ္​လို...
​ေရာက္​ခ်လာခ့ဲမွန္​းမသိ​ေသာ..ပါးပါး...။

...

တံခါးကို...မနားတမ္​း​ေခါက္​သည္​့..
အသံ​ေၾကာင္​့...သူ..အိပ္​မႈန္​စုံမႊားျဖင္​့..
ထထိုင္​လိုက္​သည္​။...

​​ေဘးတြင္​႐ွိ​ေသာ...အခ်စ္​က...
အသံ​ေတြၾကား၍လားမသိ။..

မ်က္​လုံးမွိတ္​လ်က္​...မ်က္​ႏွာ​ေလး႐ႈံ့မ့ဲ​ေန
သည္​။..

" အခ်စ္​...ျပန္​အိပ္​..။​ေအာက္​ထပ္​က..
တံခါးလာ​ေခါက္​တာ​ေနမွာ။ကြၽန္​​ေတာ္​
ၾကည္​့႐ွင္​းလိုက္​မယ္​။"

"အင္​း.."

ဘယ္​သူကမ်ား...အခ်စ္​အိပ္​မရ​ေအာင္​...
တံခါးကို အသည္​းအသန္​​ေခါက္​​ေနပါလိမ္​့။..

အလိုက္​ကမ္​းဆိုးမသိတ့ဲ...​ေအာက္​က..
မိန္​းမႀကီးပဲ​ေနမွာ...

တံခါးဖြင္​့လိုက္​သည္​ႏွင္​့...သူ႔​ေမး႐ိုး​ေပၚ
က်လာသည္​့...လက္​သီးခ်က္​​ေၾကာင္​့...သူ
ဖိနပ္​ခြၽတ္​တြင္​လဲက်သြားသည္​။.....

"ပါး...ပါး.."

ပါးပါးက...သူ႔ကို...​ေဒါသထြက္​စြာႏွင္​့...
စိုက္​ၾကည္​့​ေနသည္​။....

" မင္​း ​ေျပာ​ေတာ့​ေဆး​ေက်ာင္​းတက္​​ေနတယ္​ဆို!
ကဲ...​ေျပာစမ္​း!!ဒါ​ေဆး​ေက်ာင္​းလား!!"

"ပါး..ပါး...ကြၽန္​​ေတာ္​႐ွင္​း..႐ွင္​းျပ..ပါ့မယ္​။
လာ..အျပင္​မွာ...​ေျပာၾကမယ္​​ေလ​ေနာ္​..ပါးပါး"

အခ်စ္​ကို မသိ​ေစခ်င္​တာ​ေၾကာင္​့...
သူ...ပါးပါးကို..အ​ေလာတႀကီး...
အျပင္​သို႔ဆြဲထုတ္​မိသည္​။...

"ဘယ္​မွာလဲ...မင္​းအ​ေကာင္​!!!!"

ပါးပါး၏...​ေအာ္​သံ​ေၾကာင္​့ အခ်စ္​
ထြက္​လာသည္​။...

"ဟြန္​း.."

သြားၿပီ။ သူ ​ေနာက္​က်သြားခ့ဲၿပီ။...

အခ်စ္​က...သူ႔ကိုတလွည္​့...ပါးပါးကိုတလွည္​့...
ၾကည္​့လ်ွက္​...

"အခ်စ္​...အထဲျပန္​ဝင္​..."

ခြပ္​!!

"အ!!!"

​ေနာက္​တစ္​ခါ ထပ္​ထိုးခံလိုက္​ရ​ေသာ...
သူ၏...​ေမး႐ိုး...

ပူထူကာ...လဲက်သြားျပန္​သည္​။..

ထို႔​ေနာက္​ ပါးပါးက...သူ႔အ​ေပၚတက္​ခြ
ကာ...မနားတမ္​းထိုးသည္​။...

အရြယ္​ႀကီးလာသည္​့ပါးပါး လက္​စက..
မျပင္​း​ေသာ္​လည္​း..ပါးပါး ​ေဒါသ​ေတြကို..
လက္​သီးခ်က္​မ်ားမွ...တစ္​ဆင္​့ခံစားရ၏။

ဒီ​ေလာက္​​ေတာ့ သူ​ေသခ်ာ​ေပါက္​ခံရမည္​
လို႔ တြက္​ၿပီးသား။...

" ငါ...​ေသသြားတ့ဲ မင္​းအ​ေမကို
ဘယ္​လိုမ်က္​ႏွာျပရမလဲ..ဟင္​!!!"

ခြပ္​!!!

"ငါ သားကဒီႏွစ္​ဆို ဆရာဝန္​ျဖစ္​ၿပီလို႔...
လူတကာကို လိုက္​​ေျပာထားတာ!!!
ဒါကို...မင္​းက ငါ့ကိုလိမ္​ၿပီး..ဒီမွာ...
​ေပ်ာ္​​ေနတယ္​​ေပါ့။..အ​ေဖျဖစ္​တ့ဲငါ့ကို...
နည္​းနည္​း​ေလးမွ င့ဲမၾကည္​့တ့ဲ​ေကာင္​!!"

ခြပ္​!!!

" ​ေမြးရက်ိဳးမနပ္​တဲ့​ေကာင္​!!!
မင္​း ​ေကာင္​​ေလးတစ္​​ေယာက္​ကို...
ႀကိဳက္​ပါတယ္​ဆိုတုန္​းကလဲ ငါလက္​ခံခ့ဲတယ္​!!
​ေယာက်ာ္​း​ေလး​ေတြ အမ်ားႀကီး႐ွိတ့ဲၾကားက
ဘာလို႔ သူမ်ားလူကို မွ သြား​ေရြးတာလဲ!!!"

​ေနပါဦး။ အခ်စ္​က...သူမ်ားလူဆိုတာ..
ဘယ္​လိုလုပ္​သိတာပါလိမ္​့။..

ခြပ္​!!!

"အန္​ကယ္​ရယ္​!! ​ေတာ္​ပါ​ေတာ့!!
ဟြန္​း...​ေသသြားလိမ္​့မယ္​။ အဲ့ဒီအစား...
ကြၽန္​​ေတာ္​့ကိုပဲ ထိုးပါ!!!"

ပါးပါး လက္​​ေမာင္​းကိုကိုင္​ဆြဲၿပီး...
ငိုယို​ေတာင္​းပန္​​ေနသည္​့ အခ်စ္​...

အခ်စ္​ကို ​ေဘးဖယ္​​ေနဖို႔​ေျပာခ်င္​​ေသာ္​ျငား...
ခံတြင္​းထဲတြင္​ ျပည္​့​ေန​ေသာ ​ေသြးမ်ားႏွင္​့
ထိုးခံရသည္​့ ဒဏ္​ရာမ်ား​ေၾကာင္​့...
ပါးစပ္​​ေတာင္​မဟႏိုင္​။...

"မင္​း ​ေဘးဖယ္​​ေန။ ဒါငါတို႔သားအဖ
ၾကားက...ကိစၥ ။"

" ကြၽန္​​ေတာ္​​ေတာင္​းပန္​ပါတယ္​...အန္​ကယ္
ရယ္​!! ​ဟြန္​း ကိုလႊတ္​​ေပးပါ.."

ပါးပါး သူ႔ကို ဆြဲ​ေဆာင္​့ကာထူသည္​။...

"အဟြတ္​!! အဟြတ္​!!"

"ဟြန္​း...ဟြန္​း ရရဲ႕လား...ဟင္​!!"

"အင္​း.."

တကယ္​က မရ...နာက်င္​​ေနသည္​။..

ပါးပါး ကိုၾကည္​့လိုက္​သည္​့အခါ...
ပါးပါး ငို​ေနသည္​။..

သူ႔အ​ေပၚ ယူၾကံဳးမရ ျဖစ္​မႈ..႐ွက္​ရြံ ့မႈ..
မယုံႏိုင္​မႈမ်ားႏွင္​့ ၾကည္​့လ်က္​။..

" ငါနဲ႔ ျပန္​လိုက္​မလား...။ ငါ့သားအျဖစ္​က
စြန္​႔လႊတ္​တာခံမလား!!! ​​ေရြး!!"

"ပါး...ပါး...ကြၽန္​​ေတာ္​က...ပါးပါးသား​ေလ..
တစ္​ခါ​ေလာက္​....တစ္​ခါ​ေလာက္​ပဲ...
ကြၽန္​​ေတာ္​တို႔ကို..နားလည္​​ေပးလို႔...မရဘူးလား။"

"ဝူ႐ွီရႊင္​း မင္​း ႐ူး​ေနၿပီ!!!!! သိလား!!!
မင္​း ႀကိဳက္​လို႔ရတ့ဲ​ေကာင္​​ေလး​ေတြ...
အမ်ားႀကီးထဲကမွ...ဘာလို႔ ပိုင္​႐ွင္​႐ွိၿပီးသား...
လူကို​ေရြးတာလဲ.!!!"

" ပါး ပါးကို အ့ဲ​အ​ေၾကာင္​း​ေတြ...
ဘယ္​သူ​ေျပာတာလဲ"

"မင္​း ဒါ​ေတြသိစရာမလိုဘူး။..ခု
မင္​း​ေရြးရမွာ...ငါနဲ႔ ျပန္​လိုက္​ခ့ဲမလား။
ငါသားအျဖစ္​ကစြန္​႔လႊတ္​ခံမလား။.."

က်င္းထဲ...က်ပ္​ထဲ​ေရာက္​​ေနသည္​့...
အ​ေျခအ​ေန...

အခ်စ္​က...သူ႔ကို ျပန္​လိုက္​သြားဖို႔...​​ေျပာ
ေနသ​ေယာင္​။...

မျဖစ္​ဘူး​ေလ အခ်စ္​ရယ္​။...

သူ မ႐ွိဘဲ အခ်စ္​ဘယ္​လို႐ွင္​သန္​မလဲ။...
ခက္​ခဲတ့ဲ ပတ္​ဝန္​းက်င္​ၾကားထဲ...
အခ်စ္..မ်က္​ႏွာငယ္​​ေန႐ွာမွာ...

" ဟြန္​း ျပန္​....ျပန္​လိုက္​သြားပါ...
ငါ့..ငါ့​ေၾကာင္​့နဲ႔ မင္​းတို႔ဆက္​ဆံ​ေရး...
ပ်က္​စီးမခံပါနဲ႔..."

ဟင္​့အင္​း...သူျပန္​မလိုက္​ပါ။...

မိဘဆိုတာ..စိတ္​တိုတုန္​းခဏ...
စိတ္​လိုက္​မာန္​ပါ​ေျပာတာပါ...

တကယ္​ မလုပ္​ရက္​ပါ။..

အထူးသျဖင္​့ ပါးပါး။..

ပါးပါးက စိတ္​​ေပ်ာ့သည္​။...

သူဟာ...မိန္​းက​ေလး​ေတြ စိတ္​မဝင္​စားဘဲ..​
​ေယာက်ာ္​း​ေလးတစ္​​ေယာက္​ကို ခ်စ္​မိပါတယ္​
လို႔ ...ပါးပါးဆီ ဝန္​ခံတုန္​းက​ေတာင္​...
လက္​ခံ​ေပးခ့ဲသည္​ပဲ။...

အခု စိတ္​ဆိုး​ေနတုန္​းမို႔လို႔ပါ။...

"ပါးပါးက ကြၽန္​​ေတာ္​့ဘဝမွာ အခ်စ္​ဆုံးပါ။
ဒါ​ေပမ့ဲ ကြၽန္​​ေတာ္​ အခ်စ္​ကိုလဲခ်စ္​တယ္​။...
ႏွစ္​​ေယာက္​စလုံးက ကြၽန္​​ေတာ္​့ဘဝမွာ
အ​ေရးႀကီးဆုံးပဲ။ ဒါ​ေၾကာင္​့ ကြၽန္​​ေတာ္​့ကို
မ​ေရြးခ်ယ္​ခိုင္​းပါနဲ႔။.."

"​ လူမိုက္​​ေကာင္​!!! ငါ့မွာ မင္​းလိုသားမ်ိဳး
မ႐ွိဘူး။...ငါ​ေသရင္​​ေတာင္​လာမၾကည္​့နဲ႔!!"

ပါးပါး ဆင္​းသြားသည္​အထိ..သူထို
​ေနရာမွာတင္​ ရပ္​လ်က္​...

"အန္​ကယ္​!!! အန္​ကယ္​!!! ခဏ​ေလး
​ေနပါဦး!!"

လွမ္​း​ေခၚ​ေနသည္​့...အခ်စ္​ကို သူ..တားလိုက္​
သည္​။...

"​ေနပါ​ေစ။ အခ်စ္​..."

"မင္​း အ႐ူးလား ဝူ႐ွီ႐ႊင္​း!!! ငါက..ငါက
ဘာ​ေတြမ်ား အ​ေရးပါ​ေနလို႔လဲ!!!
မင္​း အ​ေဖ​ေနာက္​ကို လိုက္​သြားသင္​့တာ။
အခု...အခု​ေတာ့ ငါက..သူမ်ားမိသားစုကို
ဖ်က္​စီးမိၿပီ!!"

"ပါးပါးက ခဏစိတ္​ဆိုးတာ...
မယုံရင္​ၾကည္​့​ေန..​ေနာက္​၁လဆို...
သူဒီကိုထပ္​​ေရာက္​လာလိမ္​့မယ္​။..."

"မင္​းကြာ!!"

"ကြၽန္​​ေတာ္​မွ...အခ်စ္​နဲ႔ မခြဲႏိုင္​တာ..."

"ဟြန္​း ရယ္​.."

သူအခ်စ္​ကို...တင္​းက်ပ္​စြာ...
ဖက္​ထားလိုက္​သည္​။...

တကယ္​က...ပါးပါးသည္​ စိတ္​ဆိုး​ေျပလြယ္​သူ
မဟုတ္​ခ့ဲပါ။...

ထို​ေန႔ၿပီးသည္​့​ေနာက္​...ရပ္​ကြက္​ထဲတြင္​...
သူတို႔အ​ေၾကာင္​း...သို႔​ေလာသို႔​ေလာႏွင္​့
ပ်ံ ့ႏွံ ့ လာခ့ဲသည္​။

တခ်ိဳ႕က ရြံ႐ွာသည္​့ အၾကည္​့မ်ား...
တခ်ိဳ႕က​ေတာ့ ပုံမွန္​အတိုင္​းသာ...
ဆက္​ဆံသည္​။...

တခ်ိဳ႕က်​ေတာ့လဲ သူတို႔ကို ရြဲ႔သလို...
​ေစာင္​းသလိုလို...ထစ္​​ေငါ့လာၾက၏..

သို႔​ေသာ္​...ဦး​ေလးဟုန္​သည္​...သူတို႔ဘက္​က
ရပ္​တည္​​ေပးခ့ဲသည္​။...

❄❄❄❄

ျဖစ္​ရပ္​(၂)...

ဟြန္​း​ နဲ႔ ကိုကို တို႔၏ long coat ျပႆ      နာ...

....

ထို​ေန႔က ကိုကို သည္​ သူဝယ္​​ေပး​ေသာ..
နက္​ျပာ​ေရာင္​ long coatဝတ္​ကာ...
သူ..အိမ္​​ေ႐ွ႕သို႔ ​ေရာက္​ခ်လာျပန္​သည္​။...

တိုက္​ဆိုင္​စြာပင္​ ဟြန္​းသည္​လဲ..
ထိုမနက္​၌...သူဝယ္​​ေပးသည္​့..
Long coatကို အလုပ္​သို႔ ဝတ္​သြား၏...

"ကိုယ္​နဲ႔ လိုက္​ရဲ႕လားဆူး..."

ဦး​ေလး ဟုန္​​၏ ဆိုင္​အတြင္​း...
မတ္​တတ္​ရပ္​၍..ကိုယ္​ကိုတစ္​ပတ္​လွည္​့
ကာ ​ေမး​ေသာ ကိုကို​ေၾကာင္​့...
သူ႔မွာ...ရယ္​ရခက္​..​ေဒါသထြက္​ရခက္​။...

ဦး​ေလးဟုန္​ကလဲ...သူတို႔ကိုမ်က္​​ေတာင္​
မခတ္​တမ္​းၾကည္​့၏...

ဘာ​ေတြကိုမ်ား​ေမ်ွာ္​လင္​့​ေနတာလဲ...
ကိုကိုရယ္​။...

" လိုက္​ပါတယ္​။...​ေျပာစရာဒါပဲမလား။
ကြၽန္​​ေတာ္​ သြား​ေတာ့မယ္​။.."

"​ေန...​ေနပါဦး...ဆူးရယ္​..ထိုင္​ပါဦး"

ဟင္​း။ သူ သက္​ျပင္​းသာခ်လိုက္​မိသည္​။..

ဒီအခ်ိန္​ ဟြန္​းက အလုပ္​တစ္​ခုၿပီးလို႔
အိမ္​ျပန္​လာတတ္​သည္​့အခ်ိန္​၊...

ကံ​ေကာင္​း​ေထာက္​မ လို႔...ဟြန္​းမ​ေတြ႔ပါ​ေစနဲ႔

"​ေရာ့!!ဆူး...လိုလိုမယ္​မယ္​ ယူထား"

အျဖဴ ​ေရာင္​စာအိတ္​​ေလးကို...သူလက္​ထဲ
တယုတယထည္​့​ေပးသည္​။..

ဟင္​!!
ကိုကို႔လက္​​ေတြ​ေအး​စက္​ေနတယ္​။

" လက္​​ေတြ ဘာလို႔​ေအး​ေနတာလဲ ကိုကို.."

ကိုကို႔လက္​ကို မလႊတ္​​ေသးဘဲ..
ကိုင္​ထားမိ၏။..

ကိုကို႔မ်က္​ႏွာတြင္​...ပီတိအျပဳံးကိုျမင္​မွ..
သူ ​ေယာင္​နန ျဖင္​့ လက္​လႊတ္​ခ်မိသည္​။..

"ဒီရက္​ပိုင္​း ​နည္​းနည္​း​ ​ေနမ​ေကာင္​း
လို႔ပါ ဆူးရဲ႕"

"​ေဆး​ေသာက္​​ေလဗ်ာ!!"

ကိုကိုက..အ​ေၾကာအားနည္​းတတ္​သည္​။...

အထူးသျဖင္​့ ရာသီအကူးအ​ေျပာင္​းဆို...
လက္​ဖ်ား​ေျခဖ်ား​ေတြ​ေအးစက္​ၿပီး...
အ​ေၾကာမ​ေလ်ွာက္​​ေတာ့...

အရင္​တစ္​ခ်ိန္​က...ကိုကို...ထိုသို႔ျဖစ္​ခ်ိန္​တိုင္​း
သူ...ညမအိပ္​ဘဲ ကိုကို႔ ​ေျခ​ေထာက္​​ေတြကို
ႏွိပ္​​ေပးတတ္​သည္​။...

အခု သူ မ႐ွိ​ေတာ့...ဘယ္​သူလုပ္​​ေပး​ေနလဲ။..

*ကိုကိုရယ္​...က်န္​းမာ​ေရး ဂ႐ုစိုက္​မွ​ေပါ့။
အနားမွာ ကြၽန္​​ေတာ္​မွ မ႐ွိ​ေတာ့ဘဲ*

"ဒီ ပိုက္​ဆံ​ေတြ ကြၽန္​​ေတာ္​မလိုဘူး။...
ျပန္​ယူသြား။ ကြၽန္​​ေတာ္​ အခုလုပ္​တ့ဲ..
အလုပ္​က ​ေငြလုံ​ေလာက္​တယ္​။"

"အ​ေရး​ေပၚသုံးလို႔ရ​ေအာင္​ ယူထား​ေလ။"

"​ေတာ္​ပါ​ေတာ့!!ကိုကို..ဘယ္​အခ်ိန္​ထိ..
ကြၽန္​​ေတာ္​့ကို အျပစ္​႐ွိသလိုခံစားရ​ေအာင္​
လုပ္​​ေနမွာလဲ..."

သူ႔အသံမာသြား​ေတာ့မွ..ကိုကိုမ်က္​လႊာ
ခ်သြားသည္​။...

" အ့ဲလိုျဖစ္​ဖို႔ကိုယ္​မရည္​ရြယ္​ပါဘူး။
ကိုယ္​ ဒီအတိုင္​း...မင္​းကို မပင္​ပန္​း​ေစခ်င္​႐ုံ
သက္​သက္​ပါ။..."

ကိုကို ​ေျပာင္​းလဲသြားသည္​။...

အရင္​က သူ စိတ္​​ေကာက္​လ်ွင္​...
ဘယ္​​ေတာ့မွ မ​ေခ်ာ့တတ္​သည္​့ ကိုကို...

သူ အျပစ္​လုပ္​မိလ်ွင္​...​ေအာ္​​ေငါက္​​တတ္​​ေသာ
ကိုကို...

အရင္​က..ကိုကိုသည္​..ႏူးည့ံညင္​သာသည္​့သူ
မဟုတ္​။..

အခုက်မွ ဘာလို႔ တျခားလူတစ္​​ေယာက္​
လို​ေျပာင္​းလဲသြားရတာလဲ။...

အျပဳ အမူ၊ စကားအ​ေျပာအဆို အကုန္​လုံးပဲ။

​သူ႔ကို ျပဳ လုပ္​ခ့ဲတာ​ေတြအတြက္​...
​ေနာင္​တရလို႔မ်ားလား။...

ဒါမွမဟုတ္​...

သူ႔ကိုျပန္​ရဖို႔ သက္​သက္​..အသုံးျပဳ​ေနသည္​့
ပရိယာယ္​ မ်ားလား။...

"ျပန္​​ပါေတာ့ ကိုကို"

"ဦး​ေလး ဟုန္​​ေရ...ဖက္​ထုပ္​ႏွစ္​ပြဲ​ေပးပါ
ပါဆယ္​​ေနာ္​..."

ဆိုင္​ဝ မွ အသံ​ေၾကာင္​့ သူ႔ ႏွလုံးခုန္​သံ
​ေတြ ရပ္​တန္​႔သြားသည္​။...

ဟြန္​း.....ဒီဘက္​လွည္​့မလာပါ​ေစနဲ႔။

ဘယ္​လိုလုပ္​ရပါ့။...ဟြန္​း...ကိုကို႔ ကို ​ေတြ႔လို႔
မျဖစ္​ဘူး။...

သူ႔ ဆု​ေတာင္​းသည္​ မျပည္​့လိုက္​ပါ။...

႐ွီရႊင္​းက သူ႔ကိုျမင္​ၿပီး...အနားသို႔​ေလ်ွာက္​
လာသည္​။...

ကိုကို႔ ကို....ျမင္​လိုက္​သည္​့အခါ...

​ေဒါသရိပ္​မ်ားတက္​လာ​ေသာ...ဟြန္​း
မ်က္​ဝန္​းတစ္​စုံ...

" ခင္​..ဗ်ား....ခင္​ဗ်ား!! ဘာလာလုပ္​တာလဲ!!"

ဟြန္​း အသံ​ေၾကာင္​့ ဆိုင္​အတြင္​းမွ...
လူတစ္​ခ်ိဳ႕ က ကြက္​ၾကည္​့ကြက္​ၾကည္​့။...

" ဟြန္​း...ငါ..ငါ ႐ွင္​းျပမွာမို႔လို္​့...လာျပန္​
ၾကရ​ေအာင္​။...ကိုကိုလဲ ျပန္​ပါ​ေတာ့!!"

ဟြန္​းက...ဂ႐ုမစိုက္​အား။...

ကိုကို႔ကိုသာ...ဝါးစားမတတ္​ၾကည္​့​ေနသည္​။..

ကိုကို က​ေတာ့ ဟြန္​းကို ျမင္​တာ​ေတာင္​
အျပဳံးမပ်က္​။...

မျဖစ္​ဘူး။ ဒီအတိုင္​းသာဆို...ဟြန္​းကို
အားလုံးက လူဆိုးလို႔ အျမင္​​ေစာင္​းကုန္​
လိမ္​့မယ္​!!!

" ဟြန္​း ...လာ...ျပန္​ရ​ေအာင္​..."

ဟြန္​းကို အတင္​းဆြဲ​ေသာ္လည္​း...
ဟြန္​းက...ထို​ေနရာမွမ​ေရြ႔ဘဲ...ကိုကို႔​ေကာ္​လံ
အက်ႌစကို ဆြဲ​​ေဆာင္​့သည္​။..

"​ေျပာ!!! ခင္​ဗ်ား ဘာလာလုပ္​တာလဲ!!
ခင္​ဗ်ား ကြၽန္​​ေတာ္​့အ​ေဖကို သြား​ေထာင္​တာလဲ
ခင္​ဗ်ားပဲမလား။"

ကိုကိုက ျပဳံးျပဳံး​ေလးသာ...

" ကိုယ္​မင္​းကို လက္​မပါဘူး​ေနာ္​။..
​ေကာင္​​ေလး။..."

"ဟြန္​း...လႊတ္​စမ္​း...အ့ဲဒီလက္​..."

ဟြန္​းလက္​ကို...ကိုကို႔​ေကာ္​လံစမွဆြဲျဖဳတ္​​
​ေသာ္​လဲ မျပဳတ္​။..

လူတိုင္​းက ဟြန္​းကို အထင္​​ေသးသလို
ၾကည္​့ကုန္​ၾကၿပီ။..

ဒါကိုကို တမင္​ၿငိမ္​ခံ​ေနတာ...

ပတ္​ဝန္​းက်င္​တြင္​ ကိုကိုက...လူႀကီးလူ​ေကာင္​း
ျဖစ္​ၿပီး...

ဟြန္​းကို လူမိုက္​လို႔ထင္​သြား​ေအာင္​လုပ္​​ေနတာ

အရင္​က ကိုကိုဆို...အသားထိတာနဲ႔
တစ္​ဖက္​လူက ​ေခါင္​းကြဲၿပီးသား။..

"ဟြန္​း ငါလႊတ္​လို႔​ေျပာ​ေနတယ္​​ေလ။!!"

"အခ်စ္​ ၿငိမ္​ၿငိမ္​​ေန!!!"

"ခင္​ဗ်ားကို​ေမး​ေနတယ္​​ေလ!!!
​ေျဖ​ေလ!!"

"မင္​း​ေျပာတာ ကိုယ္​တစ္​ခုမွမသိဘူး။
​ေကာင္​​ေလး။ ကိုယ္​့အဆင္​့က...
႐ွိသမ်ွ...လူနဲ႔​ေတြ႔လိမ္​့မယ္​လို႔ထင္​​ေနတာလား
ၿပီး​ေတာ့ မင္​း ကိုယ္​့ coat​ေပၚက လက္​ဖယ္​​ေပး။
ဒီcoatက
ဆူး ​ေပးထားတ့ဲ လက္​​ေဆာင္​ဆို​ေတာ့..
ကိုယ္​က တန္​ဖိုးထားလို႔ပါ။"

"ကိုကို!!"

ဒါ ကိုကို...သက္​သက္​ညစ္​တာ..
အသိသာႀကီး...

ဟြန္​းက ခႏၶာ ကိုယ္​​ေပၚက coatကို
အခုမွ သတိထားမိကာ

​ေဂ်ာင္​ဆူးကို မယုံႏိုင္​စြာႏွင္​့ၾကည္​့လာသည္​။

ရစ္​သီလာသည္​့မ်က္​ရည္​စမ်ား..

" ခင္​ဗ်ား!!!"

ဟြန္​းက...ကိုကို႔ကို ထိုးရန္​လက္​ရြယ္​လုိက္​
သည္​့အခါ...

​ေျဖာင္​း!!!

လည္​ထြက္​သြားသည္​့ ဟြန္​းပါးျပင္​။

ကိုကို႔ ​ေကာ္​လံမွ ​ေလ်ွာက်သြားသည္​့
လက္​မ်ား။...

ကိုကိုသည္​...သူ႔ကို အ့ံျသကာၾကည္​့
လာသည္​။...

*ဟုတ္​တယ္​။ ကိုကို...။
ကိုကို႔​ေၾကာင္​့ ကြၽန္​​ေတာ္​ ဟြန္​းကို
႐ိုက္​လိုက္​မိတာ...မဟုတ္​ရင္​..
ပတ္​ဝန္​းက်င္​က...ဟြန္​းကိုအထင္​မွား
ကုန္​​ေတာ့မယ္​။...*

"ဟြန္​း...ငါ...ငါ အ့ဲလိုမရည္​ရြယ္​ပါဘူး။ဟြန္​း"

ဟြန္​းက...နာနာက်င္​က်င္​ရယ္​သည္​။...

"ဟက္​...မတန္​ခဲ့ဘူးပဲ..."

ထို႔​ေနာက္​ ...ဟြန္​းဆိုင္​ျပင္​သို႔
ထြက္​သြားသည္​။...

ထြက္​မသြားခင္​...ျမင္​လိုက္​ရသည္​့...
ဟြန္​း မ်က္​ရည္​​ေၾကာင္​့...သူ...ဟြန္​း
​ေနာက္​ကို စိုးရိမ္​တႀကီး​ေျပးလိုက္​မိသည္​။...

" ဟြန္​း...ဆယ္​ဟြန္​း.."

"ခင္​ဗ်ား ကြၽန္​​ေတာ္​့​ေနာက္​ မလိုက္​လာနဲ႔။!!"

ခင္​ဗ်ားတ့ဲလား...ဒီတစ္​ခါ...ဟြန္​း..
သူ႔ကို နာၾကည္​းသြားပုံပဲ။...

ၿပီး​ေတာ့ ဝတ္​ထားသည္​့ long coatကို
ခပ္​ၾကမ္​းၾကမ္​းဆြဲခြၽတ္​ကာ...
​ေျမျပင္​​ေပၚသို႔...​ေဆာင္​့ၿပီး ပစ္​ခ်သည္​။...

ထို႔​ေနာက္​...coatကို..လက္​ညွိဳးထိုးကာ

"အ့ဲဒီ coat ကို ခင္​ဗ်ား ဟာ ခင္​ဗ်ား
ဘာပဲလုပ္​လုပ္​ ႀကိဳက္​တာသာလုပ္​!!!
ကြၽန္​​ေတာ္​့ မ်က္​စိ​ေ႐ွ႕ ​ေပၚမလာ​ေစနဲ႔"

"ဟြန္​း ငါ ႐ွင္​းျပတာနား​ေထာင္​ပါဦး!!"

"ခု..ကြၽန္​​ေတာ္​့႐ုပ္​က..ခင္​ဗ်ား​ေျပာတာ
နား​​ေထာင္​ႏိူင္​တ့ဲ ႐ုပ္​လား။!!"

ဟြန္​း မ်က္​လုံး​ေတြ ရဲတြတ္​​ေနသည္​။...

စကားသံတို႔သည္​လည္​း..ငိုသံ​ေၾကာင္​့
ျပတ္​​ေတာင္​း...ျပတ္​​ေတာင္​းသာၾကားရ၏..

ဟြန္​း...​ေျခလွမ္​းတို႔က ​ေ႐ွ႕ဆက္​ရန္​ျပင္​သည္​။...

" မသြားပါနဲ႔...ဟြန္​း..."

သူ...ဟြန္​း ​ေက်ာျပင္​ကို...အ​ေျပးဖက္​တြယ္​မိ
သည္​။...

လွမ္​းၾကည္​့​ေနသည္​့...လူတစ္​ခ်ိဳ႕၏...
မ်က္​လုံး​ေတြကိုလဲ...သူမ႐ွက္​ႏိုင္​။..

အခ်ိန္​က လင္​း​ေနတာလား...​ေမွာင္​​ေနတာလား
မသဲကြဲ​ေတာ့...

အ႐ွင္​းဆုံးက..အခု​ေန​ေျမၿပိဳရင္​​ေတာင္​...
သူ...ဂ႐ုမစိုက္​အားပါ။...

ဟြန္​းက သူ႔အတြက္​အ​ေရးႀကီးသည္​။...

ဟြန္​း စိတ္​​ေျပ​​ေအာင္​​ေခ်ာ့ဖို႔လိုအပ္​​ေနသည္​။

သူ...ဟြန္​းအ​ေပၚ အျပစ္​ေတြ
အမ်ားႀကီး႐ွိသည္​၊...

" ကြၽန္​​ေတာ္​ ခင္​ဗ်ားနားကထြက္​မသြားႏိုင္​တာ
ခင္​ဗ်ားသိပါတယ္​။ ဒို​ေဂ်ာင္​ဆူး။..ခု​ေတာ့
ကြၽန္​​ေတာ္​ ခင္​ဗ်ား ႐ွိတ့ဲ​ေနရာက...
ခဏ​ေလာက္​​ေတာ့ ထြက္​သြားခ်င္​တယ္​!"

" ဟြန္​း...​ေတာင္​းပန္​ပါတယ္​။"

သူ...တဖြဖြ​ေတာင္​းပန္​​ေသာ္​လည္​း...
ဟြန္​း...သူ႔ကိုလွည္​့မၾကည္​့ဘဲထြက္​သြား
ခ့ဲပါသည္​။...

ဟြန္​း​ေက်ာျပင္​​ေပ်ာက္​ကြယ္​သြားသည္​
အထိ...သူ...​ေငးၾကည္​့​ေနမိ၏...

ထိုအခ်ိန္​တြင္​...သူ႔ကို ရပ္​ၾကည္​့​ေန​ေသာ...
တစ္​စုံတစ္​​ေယာက္​လဲ ႐ွိ​ေန၏...

❄❄❄❄

ျဖစ္​ရပ္​ (၃)...

​​​ေဂ်ာင္​ဆူးထံ...​ေပးပို႔သူ အမည္​မပါဘဲ...
​ေရာက္​႐ွိလာသည္​့ ..ပါဆယ္​ဘူး။..
ႏွင္​့...
ဓာတ္​ပုံတစ္​ခ်ိဳ႕...

.....

သူ႔ထံ...ပထမဦးဆုံး...
​ေရာက္​႐ွိလာသည္​့ ဓာတ္​ပုံမ်ားက...
ၾကည္​ၾကည္​လင္​လင္​​ေတာ့မ႐ွိပါ။...

အ​ေဝးတစ္​​ေနရာမွ...ခက္​ခက္​ခဲခဲ..
႐ုိက္​ယူထားသည္​့ ပုံမ်ားျဖစ္​သည္​။..

ပုံပန္​း ႑ာန္​အရ...ဟြန္​းျဖစ္​ႏိုင္​​ေသာ္​လည္​း...
သိပ္​မသဲကြဲ။

ဘာလုပ္​​ေနမွန္​းလဲ မသဲကြဲ...

ဒုတိယ​ေရာက္​႐ွိလာသည္​က...
ပါဆယ္​ဘူး။...

ဝူ႐ွီရႊင္​း အမည္​ႏွင္​့ ​ေရာက္​႐ွိလာသည္​့
အတြက္​....သူ..ထိုဘူးကိုဖြင္​့ၾကည္​့လိုက္​သည္​။

ဘူးထဲမွာ...ဘာမွမပါ။...

စာရြက္​​ေခါက္​​ေလးတစ္​ရြက္​သာ။..

//ဒီ​ေန႔ည တည္​​ေနရာ​ေျပာင္​းသြားၿပီ။
ခါတိုင္​း တံတား​ေအာက္​ပဲ..
Eagle //

ဟြန္​း...ဘာ​ေတြလုပ္​​ေနပါလိမ္​့။

သူ သံသယျဖစ္​လာသည္​။...

ဟြန္​းစိတ္​အ​ေႏွာင္​့အယွက္​ျဖစ္​မွာစိုးလို႔
မ​ေမးမိ​ေပမယ္​့...

ဒီတ​ေလာ ဟြန္​း မူမမွန္​တာ...သူသတိထား
မိသည္​။..

အခုဆို...ဟြန္​းက အခ်ိန္​ပိုင္​းအလုပ္​
အမ်ားႀကီး႐ွိ​ေတာ့တာမဟုတ္​။...

မနက္​ပိုင္​းသတင္​းစာပို႔တာလဲ မ႐ွိ​ေတာ့။
ပစၥည္​းပို႔သည္​့ အလုပ္​လဲထြက္​လိုက္​ၿပီ။..

Club ႏွင္​့ coffee ဆိုင္​မွာသာလုပ္​​ေတာ့
သည္​။...

သူ႔ကိုလဲ အလုပ္​မလုပ္ခိုင္​း​ေတာ့လို႔...
ညပိုင္​း...စား​ေသာက္​ဆိုင္​မွာ တ​ေယာမတီး
ျဖစ္​​ေတာ့။...

ဒါ​ေပမ့ဲ ဟြန္​းက ​ေငြ ပိုသုံးႏိုင္​လာသည္​။

ၿပီး​ေတာ့ ညဘက္​ဆို...သန္​း​ေခါင္​​ေက်ာ္​မွ..
​ေျခဖြကာ ထြက္​သြားတတ္​ၿပီး..

မနက္​ မိုးမ​ေသာက္​ခင္​ ျပန္​လာတတ္​သည္​။

ထိုသို႔ မထြက္​သြားခင္​..ဟြန္​းဆီသို႔..
အျမဲ ဖုန္​း 1call ဝင္​လာတတ္​သည္​။...

"အခ်စ္​...တံခါးဖြင္​့..."

ဟြန္​းျပန္​လာတာ​ေၾကာင္​့...သူ ပါဆယ္​ဘူးကို
ပုံမပ်က္​​ေအာင္​ ျပန္​ပိတ္​လိုက္​သည္​။...

" ဘာ​ေတြဝယ္​လာျပန္​တာလဲ။ ဟြန္​း.."

"​ေျသာ္​ အခု..ေဆာင္​း​ေရာက္​ခါနီးၿပီ​ေလ။
အခ်စ္​ရဲ႕..အ့ဲဒါ​ေၾကာင္​့ heater ​​ေလး
ဝယ္​လာတာ...discount ခ်ထားတာ​ေတြ႔လို႔။"

Discountသာ​ေျပာ​တာ...heaterက
နည္​းနည္​း​ေလး နာမည္​ရ​ေနတ့ဲ တံဆိပ္​ထဲက။

"မင္​းဆီ ပါဆယ္​​ေရာက္​လာတယ္​ဟြန္​း"

ဟြန္​းမ်က္​ႏွာပ်က္​ယြင္​းသြားသည္​။..

"အခ်စ္​ဖြင္​့ၾကည္​့​ေသးလား။"

"ဟင္​့အင္​း..."

သူ...ဘူးကို ကမ္​း​ေပးလိုက္​​ေတာ့...
ဟြန္​း...ခ်က္​ခ်င္​းပင္​..​ေဖာက္​ၾကည္​့သည္​။..

ထို႔​ေနာက္​...စာရြက္​​ေခါက္​ကို...
အမိႈက္​ပုံးထဲ...လုံးၿပီးလႊတ္​ပစ္​သည္​။..

"ဘယ္​ကပို႔တာလဲ ။ဟြန္​း.."

"မဟုတ္​ပါဘူး။ ​မွားပို႔တာပါ။..."

"ဝူ႐ွီရႊင္​းဆိုတ့ဲ နာမည္​နဲ႔​ေရာက္​လာတာ...
အ့ဲဒီဘူးက..."

"​ေအာ္​...အခ်စ္​ရယ္​...ဒီအတိုင္​းတိုက္​ဆိုင္​
တာျဖစ္​မွာပါ။...အခ်စ္​လဲ သိသားပဲ...
ထ်န္​က်င္​းမွာ..ကြၽန္​​ေတာ္​နဲ႔ သိတ့ဲသူမွ မ႐ွိတာ။
ကြၽန္​​ေတာ္​ ​ေရသြားခ်ိဳးဦးမယ္​..."

သူ႔စကားကိုျဖတ္​ခ်ၿပီး​ေနာက္​...
​ေရခ်ိဳးခနိးထဲ...ခပ္​ျမန္​ျမန္​ဝင္​သြား​သည္​။

အင္​း။ သူ...ဒီည...ဟြန္​း​ေနာက္​ကို...
လိုက္​​ေခ်ာင္​းမည္​။...

မဟုတ္​ရင္​ ဟြန္​းအ​ေပၚသံသယစိတ္​နဲ႔
သူ...အိပ္​​ေပ်ာ္​မွာမဟုတ္​။...

.
.
.

ဟင္​့အင္​း...အခုထိ...သူျမင္​ခ့ဲရသည္​့
ျမင္​ကြင္​းကို...အိပ္​မက္​ပါလို႔ထင္​​ေနတုန္​း။

သူ ​ေျခ​ေထာက္​က ​ေခ်ာ္​လဲဒဏ္​ရာ​ေၾကာင္​့
နာမ​ေနခ့ဲရင္​...သူ..ဒါကို...အိပ္​မက္​ဟုသာ..
တထစ္​ခ်ယုံမိ​ေနမွာ...

သူ ဝမ္​းနည္​းလာသည္​။...

သူ႔​ေၾကာင္​့..ဒီက​ေလး ပ်က္​စီး​ေနၿပီ။...

သူ႔​ေၾကာင္​့..​ေဆး​ေက်ာင္​းသား​ေလးက...
တရားမဝင္​အလုပ္​​ေတြ လုပ္​တတ္​​ေနၿပီ။...

ဟြန္​း ျပန္​မ​ေရာက္​ခင္​...သူအျမန္​ျပန္​လာ
ၿပီး​ေနာက္​...အိပ္​ယာ​ေပၚတြင္​...အ႐ုပ္​တစ္​႐ုပ္​
လို​ထိုင္​​ေနမိသည္​။...

နာက်င္​လြန္​းလို႔ ႐ူးမတတ္​ျဖစ္​​ေနၿပီ။...

ငိုဖို႔ရာ..မ်က္​ရည္​မထြက္​...

အနည္​းငယ္​ၾကာၿပီး​ေနာက္​....ဟြန္​း...
ဝင္​လာသည္​...

အဝတ္​အစားမလဲဘဲ...ထိုင္​​ေနသည္​့...
သူ႔ကို ျမင္​သည္​့အခါ လန္​႔သြားသည္​
ထင္​သည္​။...

" အခ်စ္​....ဘာ..ဘာလုပ္​​ေနတာလဲ"

သူ...ဟြန္​းအနားသို႔...​ေလ်ွာက္​သြားၿပီး..
ဟြန္​း...ဂ်ာကင္​အနက္​ထဲမွ...​ေငြအထပ္​လိုက္​
ကို အတင္​းႏႈိက္​ထုတ္​လိုက္​သည္​။..

ဟြန္​းက...သူ႔လက္​ကို....အတင္​းတားသည္​။..

"ဘာလုပ္​တာလဲ အခ်စ္​...ကြၽန္​​ေတာ္​​ေမး​တာ
​ေျဖဦး.."

"အ့ဲဒီ​ေငြ​ေတြ ငါမလိုခ်င္​ဘူး!!! အခုခ်က္​ခ်င္​း
လႊင့္​ပစ္​။မင္​း ...​ေမွာင္​ခိုလုပ္​ၿပီး...ရတ့ဲ
​ေငြ​ေတြ ငါမလိုဘူး...!!! "

ထို​ေငြမ်ားႏွင္​့ ဟြန္​းကိုပစ္​​ေပါက္​လိုက္​သည္​။

အခန္​းထဲတြင္​ ​​ေငြစကၠဴ မ်ားက ပ်ံ ့က်ဲလ်က္​။...

" အခ်စ္​...!!"

" မင္​းကို ​ေမွာင္​ခိုလုပ္​ဖို႔​ေျပာဖူးလား!!!"

"အခ်စ္​ တိုးတိုး​ေျပာ...ဒါလူအိပ္​ခ်ိန္​ႀကီး..."

သူ႔နားသို႔လာကာ...သူ႔ပါးစပ္​ကိုလာပိတ္​သည္​။..

တကယ္​က...လူအိပ္​ခ်ိန္​ကို..စိတ္​ပူတာမဟုတ္​။

​သူ႔အ​ေၾကာင္​း​ေတြ သိမွာစိုးလို႔...
​ေဂ်ာင္​ဆူးကို ပါးစပ္​ပိတ္​တာ...

​ေဂ်ာင္​ဆူး ​ေဒါသ​ေတြက..ဟြန္​းအ​ေပၚ..
စု​ေပါင္​းလာၿပီး...

ဟြန္​းရင္​ဘတ္​ကို...တဘုန္​းဘုန္​း ႏွင္​့
ထုကာ...႐ႈိက္​ႀကီးတငင္​ငို​ေႂကြး၏...

" အခ်စ္​ စိတ္​ထိန္​း​ေလ။...!! အခ်စ္​!!"

မသိ...သူမသိ။...အခု​ေလာ​ေလာဆယ္​...
သူ...​ေပါက္​ကြဲခ်င္​​ေနတာပဲသိသည္​။...

မိမိကိုယ္​ကိုစိတ္​ပ်က္​မႈ...အားငယ္​မႈ​ေတြက..
စိတ္​ထဲ ဝင္​​ေရာက္​လာ​ေလ...
သူ...ဟြန္​းရင္​ဘတ္​ကို...အားျပင္​းျပင္​းႏွင္​့
ထု႐ုိက္​မိ​ေလ...

"အခ်စ္​ရယ္​...!! ကြၽန္​​ေတာ္​​ေျပာျပပါ့မယ္​..
အရင္​ အခ်စ္​စိတ္​ထိန္​း....ဟုတ္​ၿပီလား!!"

သူ႔ကို တြန္​းလွဲကာ...ဟြန္​းက​အေပၚမွ...
တက္​ဖိၿပီး လက္​မ်ားကို ခ်ဳပ္​ထားသည္​။...

သို႔​ေသာ္​ သူ၏ငို​ေကြၽးမႈက...မရပ္​တန္​႔

က​ေလးတစ္​ဦးလို...​ေခ်ာ့​ေလ ငို​ေလ
ျဖစ္​လာသည္​။...

"အခ်စ္​!! မငိုနဲ႔​ေတာ့...ကြၽန္​​ေတာ္​...
အ့ဲအလုပ္​​ေတြ မလုပ္​​ေတာ့ဘူး..
ဟုတ္​ၿပီလား။...တကယ္​ ကတိ​ေပးတယ္​။..
အခ်စ္​မႀကိဳက္​တာ...မလုပ္​ဘူး။တိတ္​...တိတ္​
​ေတာ့...​ေနာ္​...အခ်စ္​..."

သူ႔မ်က္​ရည္​ကို...
တယုတယသုတ္​​ေပး​ေန​ေသာ...ထိုလက္​အစုံထံ
တြင္​...ယုံၾကည္​မႈကို ထပ္​မံအပ္​ႏွင္​းမိပါ၏။.

❄❄❄❄

Thank for your reading...

UNICODE

❄12❄

ပြဿနာများနှင့် စိတ်မချမ်းမြေ့ဖွယ်...
နေ့ရက်များက..စတင်လို့လာခဲ့ပြီ။...

ဖြစ်ရပ် (၁)

ဘယ်က သတင်းကြားပြီး...ဘယ်လို...
ရောက်ချလာခဲ့မှန်းမသိသော..ပါးပါး...။

...

တံခါးကို...မနားတမ်းခေါက်သည့်..
အသံကြောင့်...သူ..အိပ်မှုန်စုံမွှားဖြင့်..
ထထိုင်လိုက်သည်။...

ဘေးတွင်ရှိသော...အချစ်က...
အသံတွေကြား၍လားမသိ။..

မျက်လုံးမှိတ်လျက်...မျက်နှာလေးရှုံ့မဲ့နေ
သည်။..

" အချစ်...ပြန်အိပ်..။အောက်ထပ်က..
တံခါးလာခေါက်တာနေမှာ။ကျွန်တော်
ကြည့်ရှင်းလိုက်မယ်။"

"အင်း.."

ဘယ်သူကများ...အချစ်အိပ်မရအောင်...
တံခါးကို အသည်းအသန်ခေါက်နေပါလိမ့်။..

အလိုက်ကမ်းဆိုးမသိတဲ့...အောက်က..
မိန်းမကြီးပဲနေမှာ...

တံခါးဖွင့်လိုက်သည်နှင့်...သူ့မေးရိုးပေါ်
ကျလာသည့်...လက်သီးချက်ကြောင့်...သူ
ဖိနပ်ချွတ်တွင်လဲကျသွားသည်။.....

"ပါး...ပါး.."

ပါးပါးက...သူ့ကို...ဒေါသထွက်စွာနှင့်...
စိုက်ကြည့်နေသည်။....

" မင်း ပြောတော့ဆေးကျောင်းတက်နေတယ်ဆို!
ကဲ...ပြောစမ်း!!ဒါဆေးကျောင်းလား!!"

"ပါး..ပါး...ကျွန်တော်ရှင်း..ရှင်းပြ..ပါ့မယ်။
လာ..အပြင်မှာ...ပြောကြမယ်လေနော်..ပါးပါး"

အချစ်ကို မသိစေချင်တာကြောင့်...
သူ...ပါးပါးကို..အလောတကြီး...
အပြင်သို့ဆွဲထုတ်မိသည်။...

"ဘယ်မှာလဲ...မင်းအကောင်!!!!"

ပါးပါး၏...အော်သံကြောင့် အချစ်
ထွက်လာသည်။...

"ဟွန်း.."

သွားပြီ။ သူ နောက်ကျသွားခဲ့ပြီ။...

အချစ်က...သူ့ကိုတလှည့်...ပါးပါးကိုတလှည့်...
ကြည့်လျှက်...

"အချစ်...အထဲပြန်ဝင်..."

ခွပ်!!

"အ!!!"

နောက်တစ်ခါ ထပ်ထိုးခံလိုက်ရသော...
သူ၏...မေးရိုး...

ပူထူကာ...လဲကျသွားပြန်သည်။..

ထို့နောက် ပါးပါးက...သူ့အပေါ်တက်ခွ
ကာ...မနားတမ်းထိုးသည်။...

အရွယ်ကြီးလာသည့်ပါးပါး လက်စက..
မပြင်းသော်လည်း..ပါးပါး ဒေါသတွေကို..
လက်သီးချက်များမှ...တစ်ဆင့်ခံစားရ၏။

ဒီလောက်တော့ သူသေချာပေါက်ခံရမည်
လို့ တွက်ပြီးသား။...

" ငါ...သေသွားတဲ့ မင်းအမေကို
ဘယ်လိုမျက်နှာပြရမလဲ..ဟင်!!!"

ခွပ်!!!

"ငါ သားကဒီနှစ်ဆို ဆရာဝန်ဖြစ်ပြီလို့...
လူတကာကို လိုက်ပြောထားတာ!!!
ဒါကို...မင်းက ငါ့ကိုလိမ်ပြီး..ဒီမှာ...
ပျော်နေတယ်ပေါ့။..အဖေဖြစ်တဲ့ငါ့ကို...
နည်းနည်းလေးမှ ငဲ့မကြည့်တဲ့ကောင်!!"

ခွပ်!!!

" မွေးရကျိုးမနပ်တဲ့ကောင်!!!
မင်း ကောင်လေးတစ်ယောက်ကို...
ကြိုက်ပါတယ်ဆိုတုန်းကလဲ ငါလက်ခံခဲ့တယ်!!
ယောကျာ်းလေးတွေ အများကြီးရှိတဲ့ကြားက
ဘာလို့ သူများလူကို မှ သွားရွေးတာလဲ!!!"

နေပါဦး။ အချစ်က...သူများလူဆိုတာ..
ဘယ်လိုလုပ်သိတာပါလိမ့်။..

ခွပ်!!!

"အန်ကယ်ရယ်!! တော်ပါတော့!!
ဟွန်း...သေသွားလိမ့်မယ်။ အဲ့ဒီအစား...
ကျွန်တော့်ကိုပဲ ထိုးပါ!!!"

ပါးပါး လက်မောင်းကိုကိုင်ဆွဲပြီး...
ငိုယိုတောင်းပန်နေသည့် အချစ်...

အချစ်ကို ဘေးဖယ်နေဖို့ပြောချင်သော်ငြား...
ခံတွင်းထဲတွင် ပြည့်နေသော သွေးများနှင့်
ထိုးခံရသည့် ဒဏ်ရာများကြောင့်...
ပါးစပ်တောင်မဟနိုင်။...

"မင်း ဘေးဖယ်နေ။ ဒါငါတို့သားအဖ
ကြားက...ကိစ္စ ။"

" ကျွန်တော်တောင်းပန်ပါတယ်...အန်ကယ်
ရယ်!! ဟွန်း ကိုလွှတ်ပေးပါ.."

ပါးပါး သူ့ကို ဆွဲဆောင့်ကာထူသည်။...

"အဟွတ်!! အဟွတ်!!"

"ဟွန်း...ဟွန်း ရရဲ့လား...ဟင်!!"

"အင်း.."

တကယ်က မရ...နာကျင်နေသည်။..

ပါးပါး ကိုကြည့်လိုက်သည့်အခါ...
ပါးပါး ငိုနေသည်။..

သူ့အပေါ် ယူကြုံးမရ ဖြစ်မှု..ရှက်ရွံ့မှု..
မယုံနိုင်မှုများနှင့် ကြည့်လျက်။..

" ငါနဲ့ ပြန်လိုက်မလား...။ ငါ့သားအဖြစ်က
စွန့်လွှတ်တာခံမလား!!! ရွေး!!"

"ပါး...ပါး...ကျွန်တော်က...ပါးပါးသားလေ..
တစ်ခါလောက်....တစ်ခါလောက်ပဲ...
ကျွန်တော်တို့ကို..နားလည်ပေးလို့...မရဘူးလား။"

"ဝူရှီရွှင်း မင်း ရူးနေပြီ!!!!! သိလား!!!
မင်း ကြိုက်လို့ရတဲ့ကောင်လေးတွေ...
အများကြီးထဲကမှ...ဘာလို့ ပိုင်ရှင်ရှိပြီးသား...
လူကိုရွေးတာလဲ.!!!"

" ပါး ပါးကို အဲ့အကြောင်းတွေ...
ဘယ်သူပြောတာလဲ"

"မင်း ဒါတွေသိစရာမလိုဘူး။..ခု
မင်းရွေးရမှာ...ငါနဲ့ ပြန်လိုက်ခဲ့မလား။
ငါသားအဖြစ်ကစွန့်လွှတ်ခံမလား။.."

ကျင်းထဲ...ကျပ်ထဲရောက်နေသည့်...
အခြေအနေ...

အချစ်က...သူ့ကို ပြန်လိုက်သွားဖို့...ပြော
နေသယောင်။...

မဖြစ်ဘူးလေ အချစ်ရယ်။...

သူ မရှိဘဲ အချစ်ဘယ်လိုရှင်သန်မလဲ။...
ခက်ခဲတဲ့ ပတ်ဝန်းကျင်ကြားထဲ...
အချစ်..မျက်နှာငယ်နေရှာမှာ...

" ဟွန်း ပြန်....ပြန်လိုက်သွားပါ...
ငါ့..ငါ့ကြောင့်နဲ့ မင်းတို့ဆက်ဆံရေး...
ပျက်စီးမခံပါနဲ့..."

ဟင့်အင်း...သူပြန်မလိုက်ပါ။...

မိဘဆိုတာ..စိတ်တိုတုန်းခဏ...
စိတ်လိုက်မာန်ပါပြောတာပါ...

တကယ် မလုပ်ရက်ပါ။..

အထူးသဖြင့် ပါးပါး။..

ပါးပါးက စိတ်ပျော့သည်။...

သူဟာ...မိန်းကလေးတွေ စိတ်မဝင်စားဘဲ..
ယောကျာ်းလေးတစ်ယောက်ကို ချစ်မိပါတယ်
လို့ ...ပါးပါးဆီ ဝန်ခံတုန်းကတောင်...
လက်ခံပေးခဲ့သည်ပဲ။...

အခု စိတ်ဆိုးနေတုန်းမို့လို့ပါ။...

"ပါးပါးက ကျွန်တော့်ဘဝမှာ အချစ်ဆုံးပါ။
ဒါပေမဲ့ ကျွန်တော် အချစ်ကိုလဲချစ်တယ်။...
နှစ်ယောက်စလုံးက ကျွန်တော့်ဘဝမှာ
အရေးကြီးဆုံးပဲ။ ဒါကြောင့် ကျွန်တော့်ကို
မရွေးချယ်ခိုင်းပါနဲ့။.."

" လူမိုက်ကောင်!!! ငါ့မှာ မင်းလိုသားမျိုး
မရှိဘူး။...ငါသေရင်တောင်လာမကြည့်နဲ့!!"

ပါးပါး ဆင်းသွားသည်အထိ..သူထို
နေရာမှာတင် ရပ်လျက်...

"အန်ကယ်!!! အန်ကယ်!!! ခဏလေး
နေပါဦး!!"

လှမ်းခေါ်နေသည့်...အချစ်ကို သူ..တားလိုက်
သည်။...

"နေပါစေ။ အချစ်..."

"မင်း အရူးလား ဝူရှီရွှင်း!!! ငါက..ငါက
ဘာတွေများ အရေးပါနေလို့လဲ!!!
မင်း အဖေနောက်ကို လိုက်သွားသင့်တာ။
အခု...အခုတော့ ငါက..သူများမိသားစုကို
ဖျက်စီးမိပြီ!!"

"ပါးပါးက ခဏစိတ်ဆိုးတာ...
မယုံရင်ကြည့်နေ..နောက်၁လဆို...
သူဒီကိုထပ်ရောက်လာလိမ့်မယ်။..."

"မင်းကွာ!!"

"ကျွန်တော်မှ...အချစ်နဲ့ မခွဲနိုင်တာ..."

"ဟွန်း ရယ်.."

သူအချစ်ကို...တင်းကျပ်စွာ...
ဖက်ထားလိုက်သည်။...

တကယ်က...ပါးပါးသည် စိတ်ဆိုးပြေလွယ်သူ
မဟုတ်ခဲ့ပါ။...

ထိုနေ့ပြီးသည့်နောက်...ရပ်ကွက်ထဲတွင်...
သူတို့အကြောင်း...သို့လောသို့လောနှင့်
ပျံ့နှံ့ လာခဲ့သည်။

တချို့က ရွံရှာသည့် အကြည့်များ...
တချို့ကတော့ ပုံမှန်အတိုင်းသာ...
ဆက်ဆံသည်။...

တချို့ကျတော့လဲ သူတို့ကို ရွဲ့သလို...
စောင်းသလိုလို...ထစ်ငေါ့လာကြ၏..

သို့သော်...ဦးလေးဟုန်သည်...သူတို့ဘက်က
ရပ်တည်ပေးခဲ့သည်။...

❄❄❄❄

ဖြစ်ရပ်(၂)...

ဟွန်း နဲ့ ကိုကို တို့၏ long coat ပြဿ      နာ...

....

ထိုနေ့က ကိုကို သည် သူဝယ်ပေးသော..
နက်ပြာရောင် long coatဝတ်ကာ...
သူ..အိမ်ရှေ့သို့ ရောက်ချလာပြန်သည်။...

တိုက်ဆိုင်စွာပင် ဟွန်းသည်လဲ..
ထိုမနက်၌...သူဝယ်ပေးသည့်..
Long coatကို အလုပ်သို့ ဝတ်သွား၏...

"ကိုယ်နဲ့ လိုက်ရဲ့လားဆူး..."

ဦးလေး ဟုန်၏ ဆိုင်အတွင်း...
မတ်တတ်ရပ်၍..ကိုယ်ကိုတစ်ပတ်လှည့်
ကာ မေးသော ကိုကိုကြောင့်...
သူ့မှာ...ရယ်ရခက်..ဒေါသထွက်ရခက်။...

ဦးလေးဟုန်ကလဲ...သူတို့ကိုမျက်တောင်
မခတ်တမ်းကြည့်၏...

ဘာတွေကိုများမျှော်လင့်နေတာလဲ...
ကိုကိုရယ်။...

" လိုက်ပါတယ်။...ပြောစရာဒါပဲမလား။
ကျွန်တော် သွားတော့မယ်။.."

"နေ...နေပါဦး...ဆူးရယ်..ထိုင်ပါဦး"

ဟင်း။ သူ သက်ပြင်းသာချလိုက်မိသည်။..

ဒီအချိန် ဟွန်းက အလုပ်တစ်ခုပြီးလို့
အိမ်ပြန်လာတတ်သည့်အချိန်၊...

ကံကောင်းထောက်မ လို့...ဟွန်းမတွေ့ပါစေနဲ့

"ရော့!!ဆူး...လိုလိုမယ်မယ် ယူထား"

အဖြူ ရောင်စာအိတ်လေးကို...သူလက်ထဲ
တယုတယထည့်ပေးသည်။..

ဟင်!!
ကိုကို့လက်တွေအေးစက်နေတယ်။

" လက်တွေ ဘာလို့အေးနေတာလဲ ကိုကို.."

ကိုကို့လက်ကို မလွှတ်သေးဘဲ..
ကိုင်ထားမိ၏။..

ကိုကို့မျက်နှာတွင်...ပီတိအပြုံးကိုမြင်မှ..
သူ ယောင်နန ဖြင့် လက်လွှတ်ချမိသည်။..

"ဒီရက်ပိုင်း နည်းနည်း နေမကောင်း
လို့ပါ ဆူးရဲ့"

"ဆေးသောက်လေဗျာ!!"

ကိုကိုက..အကြောအားနည်းတတ်သည်။...

အထူးသဖြင့် ရာသီအကူးအပြောင်းဆို...
လက်ဖျားခြေဖျားတွေအေးစက်ပြီး...
အကြောမလျှောက်တော့...

အရင်တစ်ချိန်က...ကိုကို...ထိုသို့ဖြစ်ချိန်တိုင်း
သူ...ညမအိပ်ဘဲ ကိုကို့ ခြေထောက်တွေကို
နှိပ်ပေးတတ်သည်။...

အခု သူ မရှိတော့...ဘယ်သူလုပ်ပေးနေလဲ။..

*ကိုကိုရယ်...ကျန်းမာရေး ဂရုစိုက်မှပေါ့။
အနားမှာ ကျွန်တော်မှ မရှိတော့ဘဲ*

"ဒီ ပိုက်ဆံတွေ ကျွန်တော်မလိုဘူး။...
ပြန်ယူသွား။ ကျွန်တော် အခုလုပ်တဲ့..
အလုပ်က ငွေလုံလောက်တယ်။"

"အရေးပေါ်သုံးလို့ရအောင် ယူထားလေ။"

"တော်ပါတော့!!ကိုကို..ဘယ်အချိန်ထိ..
ကျွန်တော့်ကို အပြစ်ရှိသလိုခံစားရအောင်
လုပ်နေမှာလဲ..."

သူ့အသံမာသွားတော့မှ..ကိုကိုမျက်လွှာ
ချသွားသည်။...

" အဲ့လိုဖြစ်ဖို့ကိုယ်မရည်ရွယ်ပါဘူး။
ကိုယ် ဒီအတိုင်း...မင်းကို မပင်ပန်းစေချင်ရုံ
သက်သက်ပါ။..."

ကိုကို ပြောင်းလဲသွားသည်။...

အရင်က သူ စိတ်ကောက်လျှင်...
ဘယ်တော့မှ မချော့တတ်သည့် ကိုကို...

သူ အပြစ်လုပ်မိလျှင်...အော်ငေါက်တတ်သော
ကိုကို...

အရင်က..ကိုကိုသည်..နူးညံ့ညင်သာသည့်သူ
မဟုတ်။..

အခုကျမှ ဘာလို့ တခြားလူတစ်ယောက်
လိုပြောင်းလဲသွားရတာလဲ။...

အပြု အမူ၊ စကားအပြောအဆို အကုန်လုံးပဲ။

သူ့ကို ပြု လုပ်ခဲ့တာတွေအတွက်...
နောင်တရလို့များလား။...

ဒါမှမဟုတ်...

သူ့ကိုပြန်ရဖို့ သက်သက်..အသုံးပြုနေသည့်
ပရိယာယ် များလား။...

"ပြန်ပါတော့ ကိုကို"

"ဦးလေး ဟုန်ရေ...ဖက်ထုပ်နှစ်ပွဲပေးပါ
ပါဆယ်နော်..."

ဆိုင်ဝ မှ အသံကြောင့် သူ့ နှလုံးခုန်သံ
တွေ ရပ်တန့်သွားသည်။...

ဟွန်း.....ဒီဘက်လှည့်မလာပါစေနဲ့။

ဘယ်လိုလုပ်ရပါ့။...ဟွန်း...ကိုကို့ ကို တွေ့လို့
မဖြစ်ဘူး။...

သူ့ ဆုတောင်းသည် မပြည့်လိုက်ပါ။...

ရှီရွှင်းက သူ့ကိုမြင်ပြီး...အနားသို့လျှောက်
လာသည်။...

ကိုကို့ ကို....မြင်လိုက်သည့်အခါ...

ဒေါသရိပ်များတက်လာသော...ဟွန်း
မျက်ဝန်းတစ်စုံ...

" ခင်..ဗျား....ခင်ဗျား!! ဘာလာလုပ်တာလဲ!!"

ဟွန်း အသံကြောင့် ဆိုင်အတွင်းမှ...
လူတစ်ချို့ က ကွက်ကြည့်ကွက်ကြည့်။...

" ဟွန်း...ငါ..ငါ ရှင်းပြမှာမို့လို့်...လာပြန်
ကြရအောင်။...ကိုကိုလဲ ပြန်ပါတော့!!"

ဟွန်းက...ဂရုမစိုက်အား။...

ကိုကို့ကိုသာ...ဝါးစားမတတ်ကြည့်နေသည်။..

ကိုကို ကတော့ ဟွန်းကို မြင်တာတောင်
အပြုံးမပျက်။...

မဖြစ်ဘူး။ ဒီအတိုင်းသာဆို...ဟွန်းကို
အားလုံးက လူဆိုးလို့ အမြင်စောင်းကုန်
လိမ့်မယ်!!!

" ဟွန်း ...လာ...ပြန်ရအောင်..."

ဟွန်းကို အတင်းဆွဲသော်လည်း...
ဟွန်းက...ထိုနေရာမှမရွေ့ဘဲ...ကိုကို့ကော်လံ
အင်္ကျီစကို ဆွဲဆောင့်သည်။..

"ပြော!!! ခင်ဗျား ဘာလာလုပ်တာလဲ!!
ခင်ဗျား ကျွန်တော့်အဖေကို သွားထောင်တာလဲ
ခင်ဗျားပဲမလား။"

ကိုကိုက ပြုံးပြုံးလေးသာ...

" ကိုယ်မင်းကို လက်မပါဘူးနော်။..
ကောင်လေး။..."

"ဟွန်း...လွှတ်စမ်း...အဲ့ဒီလက်..."

ဟွန်းလက်ကို...ကိုကို့ကော်လံစမှဆွဲဖြုတ်
သော်လဲ မပြုတ်။..

လူတိုင်းက ဟွန်းကို အထင်သေးသလို
ကြည့်ကုန်ကြပြီ။..

ဒါကိုကို တမင်ငြိမ်ခံနေတာ...

ပတ်ဝန်းကျင်တွင် ကိုကိုက...လူကြီးလူကောင်း
ဖြစ်ပြီး...

ဟွန်းကို လူမိုက်လို့ထင်သွားအောင်လုပ်နေတာ

အရင်က ကိုကိုဆို...အသားထိတာနဲ့
တစ်ဖက်လူက ခေါင်းကွဲပြီးသား။..

"ဟွန်း ငါလွှတ်လို့ပြောနေတယ်လေ။!!"

"အချစ် ငြိမ်ငြိမ်နေ!!!"

"ခင်ဗျားကိုမေးနေတယ်လေ!!!
ဖြေလေ!!"

"မင်းပြောတာ ကိုယ်တစ်ခုမှမသိဘူး။
ကောင်လေး။ ကိုယ့်အဆင့်က...
ရှိသမျှ...လူနဲ့တွေ့လိမ့်မယ်လို့ထင်နေတာလား
ပြီးတော့ မင်း ကိုယ့် coatပေါ်က လက်ဖယ်ပေး။
ဒီcoatက
ဆူး ပေးထားတဲ့ လက်ဆောင်ဆိုတော့..
ကိုယ်က တန်ဖိုးထားလို့ပါ။"

"ကိုကို!!"

ဒါ ကိုကို...သက်သက်ညစ်တာ..
အသိသာကြီး...

ဟွန်းက ခန္ဓာ ကိုယ်ပေါ်က coatကို
အခုမှ သတိထားမိကာ

ဂျောင်ဆူးကို မယုံနိုင်စွာနှင့်ကြည့်လာသည်။

ရစ်သီလာသည့်မျက်ရည်စများ..

" ခင်ဗျား!!!"

ဟွန်းက...ကိုကို့ကို ထိုးရန်လက်ရွယ်လိုက်
သည့်အခါ...

ဖြောင်း!!!

လည်ထွက်သွားသည့် ဟွန်းပါးပြင်။

ကိုကို့ ကော်လံမှ လျှောကျသွားသည့်
လက်များ။...

ကိုကိုသည်...သူ့ကို အံ့သြကာကြည့်
လာသည်။...

*ဟုတ်တယ်။ ကိုကို...။
ကိုကို့ကြောင့် ကျွန်တော် ဟွန်းကို
ရိုက်လိုက်မိတာ...မဟုတ်ရင်..
ပတ်ဝန်းကျင်က...ဟွန်းကိုအထင်မှား
ကုန်တော့မယ်။...*

"ဟွန်း...ငါ...ငါ အဲ့လိုမရည်ရွယ်ပါဘူး။ဟွန်း"

ဟွန်းက...နာနာကျင်ကျင်ရယ်သည်။...

"ဟက်...မတန်ခဲ့ဘူးပဲ..."

ထို့နောက် ...ဟွန်းဆိုင်ပြင်သို့
ထွက်သွားသည်။...

ထွက်မသွားခင်...မြင်လိုက်ရသည့်...
ဟွန်း မျက်ရည်ကြောင့်...သူ...ဟွန်း
နောက်ကို စိုးရိမ်တကြီးပြေးလိုက်မိသည်။...

" ဟွန်း...ဆယ်ဟွန်း.."

"ခင်ဗျား ကျွန်တော့်နောက် မလိုက်လာနဲ့။!!"

ခင်ဗျားတဲ့လား...ဒီတစ်ခါ...ဟွန်း..
သူ့ကို နာကြည်းသွားပုံပဲ။...

ပြီးတော့ ဝတ်ထားသည့် long coatကို
ခပ်ကြမ်းကြမ်းဆွဲချွတ်ကာ...
မြေပြင်ပေါ်သို့...ဆောင့်ပြီး ပစ်ချသည်။...

ထို့နောက်...coatကို..လက်ညှိုးထိုးကာ

"အဲ့ဒီ coat ကို ခင်ဗျား ဟာ ခင်ဗျား
ဘာပဲလုပ်လုပ် ကြိုက်တာသာလုပ်!!!
ကျွန်တော့် မျက်စိရှေ့ ပေါ်မလာစေနဲ့"

"ဟွန်း ငါ ရှင်းပြတာနားထောင်ပါဦး!!"

"ခု..ကျွန်တော့်ရုပ်က..ခင်ဗျားပြောတာ
နားထောင်နိူင်တဲ့ ရုပ်လား။!!"

ဟွန်း မျက်လုံးတွေ ရဲတွတ်နေသည်။...

စကားသံတို့သည်လည်း..ငိုသံကြောင့်
ပြတ်တောင်း...ပြတ်တောင်းသာကြားရ၏..

ဟွန်း...ခြေလှမ်းတို့က ရှေ့ဆက်ရန်ပြင်သည်။...

" မသွားပါနဲ့...ဟွန်း..."

သူ...ဟွန်း ကျောပြင်ကို...အပြေးဖက်တွယ်မိ
သည်။...

လှမ်းကြည့်နေသည့်...လူတစ်ချို့၏...
မျက်လုံးတွေကိုလဲ...သူမရှက်နိုင်။..

အချိန်က လင်းနေတာလား...မှောင်နေတာလား
မသဲကွဲတော့...

အရှင်းဆုံးက..အခုနေမြေပြိုရင်တောင်...
သူ...ဂရုမစိုက်အားပါ။...

ဟွန်းက သူ့အတွက်အရေးကြီးသည်။...

ဟွန်း စိတ်ပြေအောင်ချော့ဖို့လိုအပ်နေသည်။

သူ...ဟွန်းအပေါ် အပြစ်တွေ
အများကြီးရှိသည်၊...

" ကျွန်တော် ခင်ဗျားနားကထွက်မသွားနိုင်တာ
ခင်ဗျားသိပါတယ်။ ဒိုဂျောင်ဆူး။..ခုတော့
ကျွန်တော် ခင်ဗျား ရှိတဲ့နေရာက...
ခဏလောက်တော့ ထွက်သွားချင်တယ်!"

" ဟွန်း...တောင်းပန်ပါတယ်။"

သူ...တဖွဖွတောင်းပန်သော်လည်း...
ဟွန်း...သူ့ကိုလှည့်မကြည့်ဘဲထွက်သွား
ခဲ့ပါသည်။...

ဟွန်းကျောပြင်ပျောက်ကွယ်သွားသည်
အထိ...သူ...ငေးကြည့်နေမိ၏...

ထိုအချိန်တွင်...သူ့ကို ရပ်ကြည့်နေသော...
တစ်စုံတစ်ယောက်လဲ ရှိနေ၏...

❄❄❄❄

ဖြစ်ရပ် (၃)...

ဂျောင်ဆူးထံ...ပေးပို့သူ အမည်မပါဘဲ...
ရောက်ရှိလာသည့် ..ပါဆယ်ဘူး။..
နှင့်...
ဓာတ်ပုံတစ်ချို့...

.....

သူ့ထံ...ပထမဦးဆုံး...
ရောက်ရှိလာသည့် ဓာတ်ပုံများက...
ကြည်ကြည်လင်လင်တော့မရှိပါ။...

အဝေးတစ်နေရာမှ...ခက်ခက်ခဲခဲ..
ရိုက်ယူထားသည့် ပုံများဖြစ်သည်။..

ပုံပန်း ဏ္ဍာန်အရ...ဟွန်းဖြစ်နိုင်သော်လည်း...
သိပ်မသဲကွဲ။

ဘာလုပ်နေမှန်းလဲ မသဲကွဲ...

ဒုတိယရောက်ရှိလာသည်က...
ပါဆယ်ဘူး။...

ဝူရှီရွှင်း အမည်နှင့် ရောက်ရှိလာသည့်
အတွက်....သူ..ထိုဘူးကိုဖွင့်ကြည့်လိုက်သည်။

ဘူးထဲမှာ...ဘာမှမပါ။...

စာရွက်ခေါက်လေးတစ်ရွက်သာ။..

//ဒီနေ့ည တည်နေရာပြောင်းသွားပြီ။
ခါတိုင်း တံတားအောက်ပဲ..
Eagle //

ဟွန်း...ဘာတွေလုပ်နေပါလိမ့်။

သူ သံသယဖြစ်လာသည်။...

ဟွန်းစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့
မမေးမိပေမယ့်...

ဒီတလော ဟွန်း မူမမှန်တာ...သူသတိထား
မိသည်။..

အခုဆို...ဟွန်းက အချိန်ပိုင်းအလုပ်
အများကြီးရှိတော့တာမဟုတ်။...

မနက်ပိုင်းသတင်းစာပို့တာလဲ မရှိတော့။
ပစ္စည်းပို့သည့် အလုပ်လဲထွက်လိုက်ပြီ။..

Club နှင့် coffee ဆိုင်မှာသာလုပ်တော့
သည်။...

သူ့ကိုလဲ အလုပ်မလုပ်ခိုင်းတော့လို့...
ညပိုင်း...စားသောက်ဆိုင်မှာ တယောမတီး
ဖြစ်တော့။...

ဒါပေမဲ့ ဟွန်းက ငွေ ပိုသုံးနိုင်လာသည်။

ပြီးတော့ ညဘက်ဆို...သန်းခေါင်ကျော်မှ..
ခြေဖွကာ ထွက်သွားတတ်ပြီး..

မနက် မိုးမသောက်ခင် ပြန်လာတတ်သည်။

ထိုသို့ မထွက်သွားခင်..ဟွန်းဆီသို့..
အမြဲ ဖုန်း 1call ဝင်လာတတ်သည်။...

"အချစ်...တံခါးဖွင့်..."

ဟွန်းပြန်လာတာကြောင့်...သူ ပါဆယ်ဘူးကို
ပုံမပျက်အောင် ပြန်ပိတ်လိုက်သည်။...

" ဘာတွေဝယ်လာပြန်တာလဲ။ ဟွန်း.."

"သြော် အခု..ဆောင်းရောက်ခါနီးပြီလေ။
အချစ်ရဲ့..အဲ့ဒါကြောင့် heater လေး
ဝယ်လာတာ...discount ချထားတာတွေ့လို့။"

Discountသာပြောတာ...heaterက
နည်းနည်းလေး နာမည်ရနေတဲ့ တံဆိပ်ထဲက။

"မင်းဆီ ပါဆယ်ရောက်လာတယ်ဟွန်း"

ဟွန်းမျက်နှာပျက်ယွင်းသွားသည်။..

"အချစ်ဖွင့်ကြည့်သေးလား။"

"ဟင့်အင်း..."

သူ...ဘူးကို ကမ်းပေးလိုက်တော့...
ဟွန်း...ချက်ချင်းပင်..ဖောက်ကြည့်သည်။..

ထို့နောက်...စာရွက်ခေါက်ကို...
အမှိုက်ပုံးထဲ...လုံးပြီးလွှတ်ပစ်သည်။..

"ဘယ်ကပို့တာလဲ ။ဟွန်း.."

"မဟုတ်ပါဘူး။ မှားပို့တာပါ။..."

"ဝူရှီရွှင်းဆိုတဲ့ နာမည်နဲ့ရောက်လာတာ...
အဲ့ဒီဘူးက..."

"အော်...အချစ်ရယ်...ဒီအတိုင်းတိုက်ဆိုင်
တာဖြစ်မှာပါ။...အချစ်လဲ သိသားပဲ...
ထျန်ကျင်းမှာ..ကျွန်တော်နဲ့ သိတဲ့သူမှ မရှိတာ။
ကျွန်တော် ရေသွားချိုးဦးမယ်..."

သူ့စကားကိုဖြတ်ချပြီးနောက်...
ရေချိုးခနိးထဲ...ခပ်မြန်မြန်ဝင်သွားသည်။

အင်း။ သူ...ဒီည...ဟွန်းနောက်ကို...
လိုက်ချောင်းမည်။...

မဟုတ်ရင် ဟွန်းအပေါ်သံသယစိတ်နဲ့
သူ...အိပ်ပျော်မှာမဟုတ်။...

.
.
.

ဟင့်အင်း...အခုထိ...သူမြင်ခဲ့ရသည့်
မြင်ကွင်းကို...အိပ်မက်ပါလို့ထင်နေတုန်း။

သူ ခြေထောက်က ချော်လဲဒဏ်ရာကြောင့်
နာမနေခဲ့ရင်...သူ..ဒါကို...အိပ်မက်ဟုသာ..
တထစ်ချယုံမိနေမှာ...

သူ ဝမ်းနည်းလာသည်။...

သူ့ကြောင့်..ဒီကလေး ပျက်စီးနေပြီ။...

သူ့ကြောင့်..ဆေးကျောင်းသားလေးက...
တရားမဝင်အလုပ်တွေ လုပ်တတ်နေပြီ။...

ဟွန်း ပြန်မရောက်ခင်...သူအမြန်ပြန်လာ
ပြီးနောက်...အိပ်ယာပေါ်တွင်...အရုပ်တစ်ရုပ်
လိုထိုင်နေမိသည်။...

နာကျင်လွန်းလို့ ရူးမတတ်ဖြစ်နေပြီ။...

ငိုဖို့ရာ..မျက်ရည်မထွက်...

အနည်းငယ်ကြာပြီးနောက်....ဟွန်း...
ဝင်လာသည်...

အဝတ်အစားမလဲဘဲ...ထိုင်နေသည့်...
သူ့ကို မြင်သည့်အခါ လန့်သွားသည်
ထင်သည်။...

" အချစ်....ဘာ..ဘာလုပ်နေတာလဲ"

သူ...ဟွန်းအနားသို့...လျှောက်သွားပြီး..
ဟွန်း...ဂျာကင်အနက်ထဲမှ...ငွေအထပ်လိုက်
ကို အတင်းနှိုက်ထုတ်လိုက်သည်။..

ဟွန်းက...သူ့လက်ကို....အတင်းတားသည်။..

"ဘာလုပ်တာလဲ အချစ်...ကျွန်တော်မေးတာ
ဖြေဦး.."

"အဲ့ဒီငွေတွေ ငါမလိုချင်ဘူး!!! အခုချက်ချင်း
လွှင့်ပစ်။မင်း ...မှောင်ခိုလုပ်ပြီး...ရတဲ့
ငွေတွေ ငါမလိုဘူး...!!! "

ထိုငွေများနှင့် ဟွန်းကိုပစ်ပေါက်လိုက်သည်။

အခန်းထဲတွင် ငွေစက္ကူ များက ပျံ့ကျဲလျက်။...

" အချစ်...!!"

" မင်းကို မှောင်ခိုလုပ်ဖို့ပြောဖူးလား!!!"

"အချစ် တိုးတိုးပြော...ဒါလူအိပ်ချိန်ကြီး..."

သူ့နားသို့လာကာ...သူ့ပါးစပ်ကိုလာပိတ်သည်။..

တကယ်က...လူအိပ်ချိန်ကို..စိတ်ပူတာမဟုတ်။

သူ့အကြောင်းတွေ သိမှာစိုးလို့...
ဂျောင်ဆူးကို ပါးစပ်ပိတ်တာ...

ဂျောင်ဆူး ဒေါသတွေက..ဟွန်းအပေါ်..
စုပေါင်းလာပြီး...

ဟွန်းရင်ဘတ်ကို...တဘုန်းဘုန်း နှင့်
ထုကာ...ရှိုက်ကြီးတငင်ငိုကြွေး၏...

" အချစ် စိတ်ထိန်းလေ။...!! အချစ်!!"

မသိ...သူမသိ။...အခုလောလောဆယ်...
သူ...ပေါက်ကွဲချင်နေတာပဲသိသည်။...

မိမိကိုယ်ကိုစိတ်ပျက်မှု...အားငယ်မှုတွေက..
စိတ်ထဲ ဝင်ရောက်လာလေ...
သူ...ဟွန်းရင်ဘတ်ကို...အားပြင်းပြင်းနှင့်
ထုရိုက်မိလေ...

"အချစ်ရယ်...!! ကျွန်တော်ပြောပြပါ့မယ်..
အရင် အချစ်စိတ်ထိန်း....ဟုတ်ပြီလား!!"

သူ့ကို တွန်းလှဲကာ...ဟွန်းကအပေါ်မှ...
တက်ဖိပြီး လက်များကို ချုပ်ထားသည်။...

သို့သော် သူ၏ငိုကျွေးမှုက...မရပ်တန့်

ကလေးတစ်ဦးလို...ချော့လေ ငိုလေ
ဖြစ်လာသည်။...

"အချစ်!! မငိုနဲ့တော့...ကျွန်တော်...
အဲ့အလုပ်တွေ မလုပ်တော့ဘူး..
ဟုတ်ပြီလား။...တကယ် ကတိပေးတယ်။..
အချစ်မကြိုက်တာ...မလုပ်ဘူး။တိတ်...တိတ်
တော့...နော်...အချစ်..."

သူ့မျက်ရည်ကို...
တယုတယသုတ်ပေးနေသော...ထိုလက်အစုံထံ
တွင်...ယုံကြည်မှုကို ထပ်မံအပ်နှင်းမိပါ၏။.

❄❄❄❄

Thank for your reading...

Pokračovať v čítaní

You'll Also Like

22.2K 2.9K 35
ကစားပြဲ တစ္ခုမွာ အႏိုင္အရႈံးဆိုတာ အၿမဲ ဒြန္တြဲေနတယ္။ ကစားပွဲ တစ်ခုမှာ အနိုင်အရှုံးဆိုတာ အမြဲ ဒွန်တွဲနေတယ်။ 🚫Warnning Male preganacy 🚫 စတင္သည့္ရက္...
68.8K 3.9K 9
Louis likes to skateboard through empty walk ways. Harry likes to keep a first aid kit in his bag. Their worlds collide, literally. (Uni AU) Transla...
22.2K 1.2K 24
draken had a complicated feelings for mikey, he didn't know if he likes him. one day a girl asked mikey out for a date. it somehow breaks his heart
50.8K 5.8K 13
Sehun & LuHan အခ်စ္​စစ္​ရဲ႕ စြမ္​းအားက ဘယ္​​ေလာက္​ထိ ႀကီးမားႏုိင္​မလဲ?