စွန်
By HunnieMon
53K 5.4K 605
လွန်၏နောက်ဆက်တွဲအချစ်စာမျက်နှာများ More
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{10}
Not April Fool
{11}
{12}
{13}
{14}
To Heaven ficbook
ဇာတ်ပေါင်းခန်း (သို့) ဇာတ်သိမ်းခန်း
{9}
2.5K 315 55
By HunnieMon
Ting~~
မီးဖိုချောင်ထဲဝယ်လာတဲ့ ပစ္စည်းတွေကို ရေခဲသေတ္တာထဲထည့်စရာရှိတာထည့် ညနေစာချက်ဖို့ပြင်ဆင်စရာရှိတာတွေ စားပွဲပေါ်အဆင်သင့်ထားရင်းအလုပ်ရှုပ်နေတုန်း အိမ်တံခါး bell သံကြားသည့်နှင့် စားပွဲပေါ်မေးလေးထောက်ကာ ကျွန်တော်လုပ်သမျှ ထိုင်ခုံနှင့်ကျကျနနထိုင်ကြည့်နေသည့် Han ကိုပဲ မခိုင်းချင်သော်ငြား အင်းး မခိုင်းရက်တာဆိုပိုမှန်မည်ထင်တယ်
"Han ဘယ်သူလာလဲသွားကြည့်ပေးပါလား"
ဟုအကူအညီတောင်းမိတော့
"အင်း"
ဟုတခွန်းသာပြောကာ ပျော်ရွှင်နေလို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေသည့် ဟန်နှင့် ခြေကို ခုန်ဆွခုန်ဆွ လျှောက်လှမ်းရင်း တံခါးပေါက်ကနေသွားကြည့်သည်
"Sehun~~ Dr.Kai ရောက်နေတာ တံခါးဖွင့်ပေးလိုက်ပြီနော်"
နောက်ဖေးက ကျွန်တော်ကြားအောင် ခပ်စူးစူးကျယ်ကျယ်လေး လှမ်းအော်နေတဲ့ Han အသံလေးကြောင့် သဘောကျမှု ရင်ထဲကလိကလိ ဖြစ်မှုကိုမထိန်းနိုင်စွာ အသံထွက်အောင်တချက်ရီမိတယ်
"နေကောင်းတယ်နော် Luhan"
"ဟုတ် Luhan က Dr. တို့ကိုမျှော်နေတာ"
"ဟုတ်လား Sehun ကြီးနဲ့နေရတာ ပျင်းနေလို့လား"
"ဟင့်အင်း အဲ့လိုလဲမဟုတ်ပါဘူး"
တယောက်တခွန်း အပြန်အလှန် စကားပြော နှုတ်ဆက်နေတဲ့ အသံတွေနားထောင်ပြီး Han လူတိုင်းနှင့် တရင်းတနှီးနေတတ်လာတာလေးကို ဝမ်းမြောက်ရပြန်တယ် အဲ ဒါပေမယ့် နဂိုထဲက သူတို့နဲ့ကျ ရင်နှီးပြီး အခုမှကျွန်တော့်ကိုခင်တွယ်လာတာမဟုတ်လား
"Sehun ကအနောက်မှာ လာလေ Dr."
"Dr. လို့မခေါ်ပါနဲ့တော့ Luhan ရယ် သူငယ်ချင်းလို Kai လို့ပဲခေါ်တော့ ဒါဆေးရုံလဲမဟုတ်တော့ဘဲနဲ့"
Han ခေါင်းညိမ့်ပြလိုက်လားတော့မသိ ပြန်ဖြေသံတော့ဘာမှမကြားရ
"Sehunnie ဒီမှာ ငါစားစရာတွေဝယ်လာသေးတယ်"
"ဘာလို့ဝယ်လာတာလဲ ငါတို့လဲဈေးသွားထားသေးတာ များကုန်ပြီ"
"Luhan လူများတဲ့နေရာတွေလိုက်ရဲပြီပေါ့"
"အင်း"
Kai ဝယ်လာတာတွေကြည့်ရုံရှိသေး
"Hello Deer"
တံခါး bell တောင်မတီးဘဲ ကိုယ့်အိမ် ကိုယ့်ရာလိုဝင်ချလာတဲ့ Chanyeol အသံကိုကြားရင်ပဲ Han တယောက် မျက်နှာတခုလုံးဝင်းကနဲ
"Dr.Chan?"
အိမ်ရှေ့ကိုအပြေးလေးပြန်ထွက်သွားပြန်တဲ့ Han
သူလေး Chanyeol ကိုတော့သိပ်တွယ်တာရှာတာ
Chanyeol လာတာကို Han ကပျော်သွားသလောက် Kai ကတော့မသိမသာ မျက်နှာပျက်သွားတာကို မြင်မိသော်ညား ကြားမဝင်ချင်တဲ့ဆန္ဒကြောင့် ဘာမှမမေးမိ
"ကိုယ် Deer အတွက် Pizza ဝယ်ခဲ့တယ် ဟောဒီမှာ အအေးတွေရော ကိုယ့်သမင်လေး Oh Sehun အိမ်ရောက်မှစားစရာမရှိဖြစ်နေမှာစိုးလို့"
Chanyeol လက်ထဲမှ Pizza ဘူးကို လွှဲယူကာ ဧည့်ခန်းကစားပွဲပေါ်မှာပဲ ဖွင့်စားဖို့ပြင်နေတဲ့ Han ကြောင့်
"Han အဲ့လိုမစားရဘူးလေ နေဦး ကိုယ်လာလုပ်ပေးမယ်"
စင်ပေါ်က tissue လိပ်တလိပ်နှင့်ပန်းကန်ခွက်ယောက်တို့ကိုယူကာ Han ဆီအမြန်သွားရင်း Han ဘေးနားကပ်ထိုင်လိုက်ကာ လက်ချောင်းသွယ်သွယ်တို့ပေါ် ပေရေနေသော ဆီအချို့ကို tissue လေးနှင့် သုတ်ပေးမိတော့ မျက်တောင်မခတ်အောင် အရွှန်းသားကြည့်နေတဲ့ Han မျက်ဝန်းလှလှတွေနဲ့ တချက်မော့အကြည့်မှာဆုံတယ်
"မုန့်စားတာပဲ လက်ပေမှာပေါ့ ဒီ Sehun နှယ် ပိုကိုပိုလွန်းတယ်"
မျက်စောင်းကိုဝင့်ကာ ဝင့်ကာ ရှေ့ကထိုင်ပြောနေသော Chanyeol ကြောင့် ရှက်ရမ်းရမ်းကာ Han လက်လေးတွေလွှတ်ပေးပြီး အသင့်ယူလာတဲ့ ပန်းကန်ပြားလေးထဲ Pizza တစိတ်ကိုထည့်ပေးကာ ဇွန်းနဲ့ခရင်းတပ်ပေးတော့
"Sehun ကအရင်လိုခွံမကျွေးတော့ဘူးလား"
မျက်နှာငယ်လေးနှင့် ခပ်တိုးတိုးထွက်လာတဲ့ Han အသံလေးနောက်မှာ ကျွန်တော့်ပီတိတွေ ထိန်းမနိုင်သိမ်းမနိုင်အောင်ဖြာကနဲ
"မဟုတ်ပါဘူး Han ရဲ့ ခွံ့ကျွေးမှာပေါ့ Han များကိုယ့်ဘာသာစားချင်နေမလားလို့ပါ"
"အစကတော့ ကိုယ့်ဟာကိုယ် လက်နဲ့စားမလို့ပဲ Sehun ကလက်မပေစေချင်ဘူးဆိုတော့"
နှုတ်ခမ်းလေး တထော်ထော်နှင့်ဖြေရှင်းချက်ပေးနေတဲ့ Han
"ဟုတ်ပါပြီဗျာ"
နှစ်ယောက်တစ်ကမ္ဘာ ဖြစ်နေတဲ့ကျွန်တော် အခုမှ တခြားလူတွေသတိရတော့ Kim Kai ကအခုထိမီးဖိုချောင်ထဲကထွက်မလာသေးသလို Chanyeol ကလဲ ကျွန်တော်တို့ကိုမျက်နှာလွှဲကာ အခန်းကိုမမြင်ဘူးသလိုလှည့်ပတ်ကြည့်နေတယ်
"ဟိုလေ Chanyeol အနောက်မှာ Kai တယောက်ထဲ မင်းသွားကူပေးလိုက်ပါလား ငါလုပ်လက်စတန်းလန်းတွေဒီအတိုင်းထားခဲ့ရလို့"
"အော် အင်း"
မသွားချင်သွားချင် ထသွားတဲ့ Chanyeol ကြောင့် ဘာရယ်မဟုတ်တချက်ပြုံးမိတယ်။
Sehun ထုတ်ထားခဲ့သမျှ အသီးအရွက်တို့ကို ရေဆေးပြီး မုန်လာဥနီတို့ကို တဒေါက်ဒေါက်လှီးနေတဲ့ Kai အသံတိတ်စွာဝင်လာတဲ့ Chanyeol ကိုမြင်တော့ လန့်ကနဲဖြစ်ကာ ဓါးသွားကချော်လို့လက်ကိုသွားရှတယ်
"အ့"
"ဟာ Jong"
ဓါးရှရာတို့မှ သွေးတစက်စက်စီးကျလာတာကိုမြင်တော့ Chanyeol ပြာကနဲ Kai ရှေ့ရောက်သွားကာ လက်ညှိုးလေးကိုဆွဲယူပြီး
"သတိထားမလုပ်ဘူး Jong ရာ လာရေတချက်ဆေးရအောင်"
ဘေစင်အောက်ကိုလက်ချောင်းလေးကိုင်ထိုးပေးကာ ရေဆေးပေးပြီးနောက်
"ငြိမ်ငြိမ်လေး ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်နေ"
Kai လက်လေးကိုထောင်ခိုင်းထားကာ သူက အရှေ့ပြေးထွက်သွားတဲ့ Chanyeol
စက္ကန့်အနည်းငယ်အကြာမှ Kai ဆီဆေးဘူးကိုင်ကာပန်ရောက်လာပြီး ရုပ်တည်ကြီးနဲ့ လက်ညှိုးက မဖြစ်စလောက်အနာလေးကို ပတ်တီးစည်းပေးနေတယ်
"ရှရာက သေးသေးလေးကို"
အလိုမကျစွာ Kai ဆူပွပွပြောတော့
"အထွန့်မတတ်နဲ့ Jong Innie မင်းဒဏ်ရာကသေးသေးလေးပေမယ့် ငါ့ရင်ထဲမှာ အကြီးကြီးထူပူသွားတာမင်းမသိဘူး"
ဆူဆောင့်အော်ပြောလိုက်တဲ့ Chanyeol ရဲ့တခါမှမမြင်ဘူးတဲ့ပုံရိပ်ကို Kai တအံ့တသြစိုက်ကြည့်နေမိတယ်
"Sehun အိမ်မို့လို့ဆေးတွေအဆင့်သင့်ရှိတာပေါ့ တခြားမှာ အခုလိုမင်းဂရုမစိုက်ရင် ဘယ်ကအမြန်ဆေးရမလဲ ငါမရှိရင်ရော မင်းဘယ်လိုလုပ်မလဲ"
"Chan ဒါလေးကဘာမှမဟုတ်ဘူးလေ"
သတိပေးသလို Kai ပြောမှ သတိပြန်ကပ်သလို ငြိမ်ကျသွားတဲ့ Chanyeol
"sorry Jong"
"ဘာအတွက်လဲ"
အဖြေစကားမပြောဘဲ ဆေးတွေကောက်သိမ်းနေတဲ့ Chan ကြောင့် Kai စိတ်မရှည်တော့
"မင်းဘာကို sorry ပြောတာလဲ ဟင် Park Chanyeol"
နာမည်အပြည့်အစုံတပ်အော်လိုက်တဲ့ Kai အသံကြားမှ
"မင်းကို အားနာလို့ မင်းမကြိုက်ဘူးထင်တာတွေလုပ်မိလို့"
"ငါ ငါ~~"
ဘယ်လိုစကားများထပ်ထွက်လာမလဲ မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့ Chanyeol ရယ် မိမိစကားကို ဘယ်လိုဆက်ပြောရမလဲမသိလို့ကြောင်အနေတဲ့ Kai ရဲ့ အကြည့်ချင်းဆုံ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်တာက
"Kai ခုနကမင်းလက်ထိသွားတာလား Chanyeol ဆေးဘူးယူတာတွေ့လိုက်တယ်"
"ဟင် အင်း နဲနဲပါ"
ကျွန်တော့်အသံကြားမှ ပြန်လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ Kai တို့နှစ်ယောက်
"သွား သွား Kai မင်းအရှေ့မှာဘဲသွားနေတော့ ငါနဲ့ Chanyeol ပဲဆက်လုပ်လိုက်တော့မယ်"
ပတ်တီးဖြူ သေးသေးလေးစည်းထားတဲ့ လက်လေးကိုတကြည့်ကြည့်နဲ့ Kai မီးဖိုချောင်ထဲကထွက်သွားမှ ချက်စရာရှိတာ ကြော်စရာရှိတာအကုန် Chanyeol နဲ့အတူတူလုပ်လိုက်ကြတယ်
"ဝါးးး ဟင်းတွေအများကြီးပဲ"
စားပွဲပေါ်အသင့်ပြင်ဆင်ထားတဲ့ ဟင်းလျာပေါင်းများစွာကိုကြည့်ရင်း Han မှာ သရေမကျရုံတမယ် ပါးစပ်တပြင်ပြင်
"လာလေ Han ထိုင် "
ကျွန်တော့်ဘေးနားက ခုံမှာထိုင်ခိုင်းလိုက်ရင်း
"ကိုယ့်ထည့်ပေးမယ်နော်"
ဟင်းတမျိုးဆီ အမျိုးစုံအောင် ထည့်ပေးလိုက်ပြီး
"ကိုယ် ခွံပေးရဦးမလား"
"ဟင့်အင်း Sehun လဲဗိုက်ဆာရောပေါ့ အားလုံးအတူတူစားမယ်လေ"
Han စကားအဆုံးမှာ အားလုံးပြိုင်တူ ပြုံးမိရင်း ညစာစားချင်းအမှုကိုပြုခဲ့ကြတယ်
"Ahh ဒီအတိုင်းကြီးပြီးသွားရမှာ နှမြောစရာကြီး သောက်စရာလေးနဲ့သိမ်းလိုက်ရင် ရှယ်ပဲ အဲဒါကြောင့် ဟောဒီ့က Chan က အဆင်သင့်ဝယ်ခဲ့တာ tan tan"
Han ကိုပြောသော အအေးဘူးတွေဆိုသည်မှာ တကယ်တော့ Chan လှည့်ပြောထားတဲ့ Beer ဘူးတွေ
"Chanyeol မင်းမနက် Duty ရှိတယ်မှတ်လား မသောက်နဲ့တော့"
"နဲနဲပဲလေ နဲနဲပဲ တယောက်တဘူးပဲသောက်မယ်လေ Seonbaenim"
"Kai မင်း Chan ကိုမင်းပဲပြော"
အထွန့်တတ်ကာ ချွဲပြနေသော Chanyeol ကို Kai လက်လွှဲမိတော့
"သောက်ပါစေ ငါလဲနဲနဲမူးချင်တယ်"
Kai ရဲ့ထောက်ခံချက်အဆုံးမှာ Cool ဆိုပြီး ဘူးတွေသွားယူတဲ့ Chan ဒီအခြေအနေက သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအဓိပ္ပာယ်ရှိနေမလဲ ကျွန်တော်မသိပါ ကျွန်တော်သိသည်က Han
"Han ကအအေးပဲသောက်ရမယ်နော်"
"သိပါတယ်"
လက်မခံချင်သလိုဟန်နှင့်ဆိုပေမယ့် ကျွန်တော့်စကားကို နာခံပေးတဲ့ Han
"လိမ္မာလိုက်တာ"
သူ့ဆံပင်လေးကို ဖွရင်းပြောတော့ တည်တည်ငြိမ်ငြိမ်အပြုံးနှင့် ငြိမ်ခံနေပြန်တယ်
ပြောတော့တဘူးဆိုပေမယ့် ဟိုအရင်က ဆေးကျောင်းတတ်တုန်းကအကြောင်းတွေပြန်ပြောကြရင်း သောက်ကြရင်းနဲ့ ရေချိန်ကိုက်လာတော့ ကိုယ်ဘာတွေပြောမိလဲ ကိုယ့်ကိုကိုယ်တောင်မသိကြတော့သည်အထိ
ဧည့်ခန်းထဲမှာ ဝိုင်းထိုင်ကြရင်းသောက်နေတာဖြစ်သည့်အတွက် Han ကကျွန်တော့်ဘေးမှာ ကျွန်တော်တို့ဘေးမှာ နားထောင်ရင်းရှိနေဆဲ မူးလာသည့်အရှိန်ကို မထိန်းချင်တော့သော ကျွန်တော် ဘေးက Han ပေါင်ပေါ် ခေါင်းအုံးကလှဲချပစ်မိသည်
"ကိုယ်ခန အိပ်ဦးမယ်နော် Han"
ဟု သတိတရ လျှာလေးအာလေးနှင့် ခွင့်တောင်းမိတော့
"Hun ကအခုထိမသောက်နိုင်သေးဘူးပဲ"
ဟူသော အသံလေးကို ဆူဆူညံညံ ရန်ဖြစ်နေကြတာလား စကားပြောနေကြပဲလား မသိသည့် Kai နှင့် Chanyeol အသံတို့ကြားမှ ကြားမိသလိုလိုတော့ရှိလိုက်ပါသေးရဲ့။
****************
(ကတိတည်စွာနှင့် update ပေးလိုက်သည်)
Continue Reading
You'll Also Like
526K 70.5K 58
558K 64.2K 44
Love Story From Defulo (Series-2) Complete
17.2K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
154K 8.2K 17
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။