ကကြိုးရုပ်

Galing kay Fire_puppy

487K 17.7K 1.3K

သူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကွိုးဆှဲရာကပွရမဲ့အရုပျလေးတ... Higit pa

ကကြိုးရုပ် -1
ကကြိုးရုပ် -2
ကကြိုးရုပ် -3
အပိုင်းတို
ကကြိုးရုပ် -4
ကကြိုးရုပ် -5 (+)
ကကြိုးရုပ် -6
ကကြိုးရုပ် -7 (+)
ကကြိုးရုပ် -8
ကကြိုးရုပ် -9
ကကြိုးရုပ် -10 (+)
ကကြိုးရုပ် -11
ကကြိုးရုပ် -12
ကကြိုးရုပ် -13 (+)
ကကြိုးရုပ် -14
ကကြိုးရုပ် -15
ကကြိုးရုပ် -16
ကကြိုးရုပ် -17
ကကြိုးရုပ် -19
ကကြိုးရုပ် -20
ကကြိုးရုပ် -21(+)
ကကြိုးရုပ် -22
ကကြိုးရုပ် -23 (+)
ကကြိုးရုပ် -24
ကကြိုးရုပ် -25
ကကြိုးရုပ် -26(final)
E.X.T.R.A
Hi

ကကြိုးရုပ် -18

13.4K 609 57
Galing kay Fire_puppy

Zawgyi>>>




"နိုးပြီလား"

"ဟု...ဟုတ်"




"ဘယ်သွားဦးမလို့လဲ"

"အာ...ညစာချက်ရဦးမယ်လေ"





"ကျွန်တော်သက်သာပါတယ်"






"ဟုတ်"


"Chan..."














****************************


"Hyung ရပြီ"


"H..hyung..."

"Shuu ငြိမ်ငြိမ်နေ"



"ဘာဖြစ်လို့လဲ?"


"ဘာလို့..."



"ဘာလို့မနေတတ်တာလဲ?"

"ကြောက်...ကြောက်လို့"

"ဘယ်သူ...ကိုယ့်ကို?"

"ဟု..ဟုတ်"



"ဗျာ?ဟို...ဟို.."




"မေးနေတယ်လေ Chan"




"H..hyung :-( "


Baekhyun တစ်ယောက်



"Chan အသည်းယားတယ်ကွာ"

"ဗျာ!"



"............"







"ပြော...ဘာလို့ငိုတာလဲ?"




"ဟု..ဟုတ်"

"ဘာဆိုင်လို့လဲ Chan ရာ"




"အဲ့...အဲ့လိုမဟုတ်ဘူးလေ"






****************************

Unicode>>>

Chan နိုးလာချိန်တွင် အိမ်ကိုပြန်ရောက်နေပြီဖြစ်သည် Hyung သူ့ကိုကုတင်ပေါ်တင်ပေးထားတာဖြစ်မည် အဝတ်စားတွေလဲ လဲပေးထားတယ်

အချိန်ကိုကြည့်တော့ ည ၇နာရီ...သူအတော်အိပ်ပျော်သွားသည်ပဲ...
အယ်!Hyung အတွက်ဘာမှလဲမလုပ်ပေးရသေးဘူး Hyung ဗိုက်ဆာနေတော့မှာပဲ...

Chan တွေးနေတုန်းတံခါးဖွင့်ကာ ဝင်လာတဲ့ Hyung ကြောင့်ထထိုင်လိုက်မိတယ်...

"နိုးပြီလား"

"ဟု...ဟုတ်"

သူဝတ်ပေးထားသော ဆွယ်တာပန်းနုရောင်လက်ရှည်လေးနဲ့
ဘောင်းဘီတိုလေးကိုဝတ်ထားတဲ့ Chan...တစ်ဖက်ကိုဖိအိပ်ထားသည်ကြောင့် ဖြူစွတ်သောအသားရည်တွင် ပါးဖောင်းဖောင်းလေးရဲကာနေသည်...

ဘယ်လိုတောင် အသည်းယားဖို့ကောင်းတာလဲ?

Baekhyun ငေးကြည့်နေတုန်း
Chan အိပ်ယာမှထလိုက်ကာအပြင်ထွက်ဖို့လုပ်သည်မို့ Baekhyun ကအလိုမကျသလိုကြည့်မိတယ်

"ဘယ်သွားဦးမလို့လဲ"

"အာ...ညစာချက်ရဦးမယ်လေ"

"ထားလိုက်တော့ ခေါက်ဆွဲပြုတ်ပဲစားမယ်"

"ခေါက်ဆွဲပြုတ်တွေက Hyung ဗိုက်အောင့်လိမ့်မယ်"

Chan ရဲ့စိတ်ပူသလိုစကားလေးကြောင့် Baekhyun ရယ်သည်...သူရယ်တာကြောင့်ပဲ ကောင်လေးပိစိကဘာဖြစ်လို့လဲဆိုတဲ့ ပုံစံလေးနဲ့ပြန်ကြည့်တယ်

"ကိုယ့်အတွက်စိတ်ပူမနေပဲ မင်းအတွက်သာစိတ်ပူပါ..."

"ကျွန်တော်သက်သာပါတယ်"

Chan နှုတ်ခမ်းလေးမဲ့ကာပြောနေပုံအရ သူဗိုက်အောင့်မှာအတော်စိုးရိမ်သည်ထင်သည် Baekhyun လဲ အူကြောင်ကြောင်ကောင်လေးအား စချင်လာတာနဲ့ ကောင်လေးနားနားကပ်ကာ နားရွက်ကိုလျှာဖြင့်သပ်လိုက်ရင်း...

"အခုသက်သာလဲ တော်ကြာနာချင်ရင်နာဦးမှာ"

သူ့စကားကြောင့် ပါးပြင်လေးရဲရဲတွတ်သွားကာ အယောင်ယောင်အမှားမှားအကြည့်လွှဲသည့် ပိန်းဥလေး....

"Haha...ထားလိုက်တော့ ခေါက်ဆွဲပြုတ်ပဲစားမယ်"

ရယ်ကာပြောသော Hyung ကို Chan အံ့သြသလိုလေးစိုက်ကြည့်နေမိသည်...
Hyung သူ့ကိုစနောက်သွားတာလား??

"ဟုတ်"

Baekhyun စကားကြောင့်ကောင်လေးခေါင်းငြိမ့်ပြသည် Chan ကချစ်စရာကောင်းလွန်းလို့ စနောက်နေမိတာတော့ဝန်ခံပါရစေ...

"Chan..."

စာရေးခုံရှေ့တွင်ထိုင်ကာစာတကုပ်ကုပ်လုပ်နေတဲ့ ပန်းနုရောင်ကောင်လေးရဲ့ အနောက်မှာရပ်ကာ ကိုယ်လုံးသေးသေးလေးကိုသိုင်းဖက်လိုက်ပြီး ပခုံးပေါ်မေးတင်လိုက်တော့ ကောင်လေးပိစိ ကျောက်ရုပ်လေးလို...

"လိုသေးလား?စာတွေပြီးဖို့...."

"ဟုတ် နည်းနည်းပဲလိုတော့တယ် H..hyung ဘာခိုင်းစရာရှိလို့လဲဟင်"

"ဟင့်အင်း...ဒီတိုင်းလေးသာငြိမ်ငြိမ်နေပေး"

Chan ခေါင်းငြိမ့်ပြမိသည်လားမသိပါ...Hyung ရင်ခွင်ထဲရောက်နေတယ်ဆိုတဲ့အသိက သူ့ရင်ကိုဗြောင်းသက်စေတယ်...

ဖက်ထားရင်းလည်းငြိမ်ငြိမ်မနေပဲ ဆွယ်တာလေးကိုဖြဲကာ လည်ပင်းသားလေးတွေအား စုပ်လိုက်နမ်းလိုက် kiss mark တွေပေးနေသောကြောင့် Chan ပခုံးလေးတွန့်နေလေသည်...

"အ့ Hyung...စာ..စာတွေမပြီးသေးလို့ပါ"

Chan တောင်းဆိုသလိုလေးပြောတော့ Baekhyun ထံမှ ခပ်ဟဟရယ်သံကိုကြားလိုက်ရသည်...
ထို့နောက် Chan နဖူးလေးကိုခပ်ဖွဖွတောက်ကာ...

"နမ်းရုံပဲနမ်းတာပါကွာ"

Baekhyun ပြောလိုက်မှ ကောင်လေးငြိမ်သက်သွားကာ အသံမကြားရတော့ပေ...

စာကိုစိတ်ဝင်တစားလုပ်နေတဲ့ကောင်လေးကို Baekhyun ဘေးကသာထိုင်ကြည့်နေမိတယ် စာအုပ်ထဲသာခေါင်းနှစ်ထားသော Chan ကြောင့် Baekhyun စာအုပ်တစ်အုပ်သာဖြစ်ချင်လာမိတယ်...

Chan မို့လို့သာ ထိုစာထဲစိတ်ဝင်စားတယ်
အဲ့ဒါကြောင့်လဲ Roll.1 အမြဲရတာ အခုတောင်သူကြောင့်စာကောင်းကောင်းမလိုက်နိုင်ပေမဲ့ ရအောင်ပြန်ကူးပြီးကျက်တာရယ်

Baekhyun ကတော့ စာမြင်ရင်ခေါင်းမူးလို့ ဝေးဝေးကရှောင်သည်လေ...

****************************

မီးဖိုချောင်ထဲတွင် တလှုပ်လှုပ်နှင့် ခေါက်ဆွဲပြုတ်နေသောကောင်လေးကို Baekhyun စားပွဲပေါ်လက်ထောက်ကာ စိုက်ကြည့်နေမိတယ်...

"Hyung ရပြီ"

ခေါက်ဆွဲပန်းကန်လေးချပေးသော ကောင်လေးကို လက်မှဆွဲကာပေါင်ပေါ်ထိုင်စေတော့ မျက်လုံးလေးပြူးကာစိုက်ကြည့်နေတဲ့ကောင်လေး...

"H..hyung..."

"Shuu ငြိမ်ငြိမ်နေ"

ကောင်လေးပိစိရဲ့ ခါးသွယ်သွယ်မှထိန်းဖက်ကာ ကိုယ်လုံးလေးအားရင်ခွင်အပြည့်ထွေးပွေ့ထားရင်း ခေါက်ဆွဲအေးဆေးစားနေတဲ့ Baekhyun ...

သူ့ရင်ခွင်ထဲက Chan ကတော့ မျက်နှာလေးရဲကာ နှုတ်ခမ်းလေးကအလိုမကျစွာ ငိုမဲ့မဲ့ဖြစ်နေလေသည်...

"ဘာဖြစ်လို့လဲ?"

"ဟို..ဟို Hyung အောက်ချပေးပါလားဟင်?"

"ဘာလို့..."

"ကျွန်...ကျွန်တော်မနေတတ်လို့"

Chan မျက်နှာငယ်လေးနဲ့ပြောနေသည်မို့ Baekhyun ပိုစချင်လာသည်...

"ဘာလို့မနေတတ်တာလဲ?"

"ကြောက်...ကြောက်လို့"

"ဘယ်သူ...ကိုယ့်ကို?"

"ဟု..ဟုတ်"

Chan ကြောက်နေတဲ့ပုံလေးကတကယ်ကိုအသည်းယားစရာကောင်းသည် လက်ချောင်းသွယ်သွယ်လေးတွေက Baekhyun ပခုံးမှအင်္ကျီစကိုဆွဲဆုပ်ထားကာ နှုတ်ခမ်းပါလေးတွေလဲတုန်ရီလျက်...

"ကိုယ့်ကိုဘာလို့ကြောက်တာလဲ?"

"ဗျာ?ဟို...ဟို.."

Chan အထစ်ထစ်လေးဖြစ်နေပုံအရ ဖြေရခက်နေဟန်ရှိတာကြောင့် Baekhyun နှုတ်ခမ်းပါးတို့ကကိုယ်တိုင်တောင်မသိဘဲ ပြုံးနေမိတယ်...

လူတစ်ယောက်ကိုနေရခက်အောင် စနောက်ရတာပျော်စရာကောင်းမှန်း သူမသိခဲ့...
မဟုတ်ဘူး.. Chan ကိုစရတာပိုပျော်ဖို့ကောင်းသည်

Chan အခုဖြစ်နေတဲ့ပုံလေးကိုကြည့်ကာ Baekhyun ရယ်ချင်တာကိုမနည်းထိန်းနေရသည်မလား??

"မေးနေတယ်လေ Chan"

Hyung အသံမာကာပြောနေသည်မို့ Chan မျက်ရည်လေးတွေဝဲတက်လာသည် ကြောက်လို့ပါဆို Hyung က ဖြေရခက်တဲ့မေးခွန်းတွေပဲမေးနေတယ်

Chan Hyung ကိုတကယ်ကြောက်သည် ဘာလို့ကြောက်တာလဲမေးရင်တော့ သူမဖြေတတ်ပါ...ငယ်ငယ်ထဲကအပြစ်ရှာပြီးရိုက်တတ်တဲ့ Hyung ကိုကြောက်တာမဆန်း...

သို့သော်...Hyung ကိုမုန်းရမည့်အစား ချစ်နေတာကလွဲရင် သူအကြောက်ရဆုံးသူက Hyung တစ်ယောက်သာ...

"H..hyung :-( "

Chan မျက်နှာလေးမှာဇီးသီးလောက်သာရှိတော့သည် မျက်ရည်လေးတွေလဲဝဲကာ သူ့ရင်ခွင်ထဲတိုးဝင်လာပြန်တယ်

Baekhyun တစ်ယောက်
Chan လုပ်နေတဲ့ ပုံလေးကြောင့်အသည်းယားနေရသည် ကြောက်တယ်သာပြောတယ် ရင်ခွင်ထဲအတင်းတိုးဝင်နေသည်မဟုတ်လား??

ကောင်လေးပိစိရဲ့ နှုတ်ခမ်းပါးနုနုလေးအား အသည်းယားစွာငုံခဲလိုက်တော့ မျက်လုံးလေးပြူးနေပြန်တဲ့ကောင်လေး...

အား!မင်းကိုယ့်ကိုပြုစားနေတာလား Chan ရာ...

"Chan အသည်းယားတယ်ကွာ"

"ဗျာ!"

သူပြောလိုက်တဲ့စကားကြောင့် ရင်ခွင်ထဲကမော့ကြည့်လာတဲ့ Chan...ထို့နောက် တရှုံ့ရှုံ့ငိုတော့သည်...

"ဟာ..ဟေ့ ဘာလို့ငိုတာတုန်း"

"............"

ဘာမှမပြောပဲငိုသာငိုနေတဲ့ Chan ကြောင့် Baekhyun ခေါင်းကုတ်သည်...အရင်လိုနှိပ်စက်တာလဲမဟုတ် ဆူလဲမဆူရပါပဲ ငိုနေတဲ့ကောင်လေးကြောင့်နားကိုမလည်တော့...

ဘယ်လိုချော့ရမှန်းလဲမသိတာကြောင့် ပိုဆိုးသည်လေ...

"Chan ဘာဖြစ်တာတုန်းကွာ မငိုနဲ့ တိတ်"

သူပြောမှပိုဆိုးကာငိုလေသော Chan ကြောင့် Baekhyun ဆံပင်တွေတောင် ထောင်လာသလို...
လူတစ်ယောက်ငိုတာကိုချော့ရတာ ဒီလောက်စိတ်ညစ်ရသည်မှန်းလဲသူမသိခဲ့...

"Chan!မငိုနဲ့တော့လို့ ကိုယ်ပြောနေတယ်"

အနည်းငယ်အသံမာလိုက်ကာ အာဏာသုံးမှအငိုတိတ်သွားတဲ့ကောင်လေး...ဘယ်လိုဟာလေးမှန်းကိုမသိ...

"ပြော...ဘာလို့ငိုတာလဲ?"

ဆံပင်လေးတွေအားသပ်တင်ရင်းမေးတော့ ရှိုက်သံလေးတွေကြားကပြောလာတဲ့ ကောင်လေးစကား...

"H..hyung ကဒီနေ့ပုံမှန်မဟုတ်ဘူး ကျွန်တော့်ကိုလဲစတယ် ပြီး..ပြီးတော့စကားချိုချိုသာသာလဲပြောတယ် ကျွန်တော်ငိုတော့လဲချော့တယ် "

"မင်းငိုတာအဲ့ဒါကြောင့်ပေါ့"

"ဟု..ဟုတ်"

"ဘာဆိုင်လို့လဲ Chan ရာ"

"မ..မသိဘူး Hyung အဲ့လိုကြီးဆက်ဆံနေတာကြောက်...ကြောက်တယ်"

Baekhyun ကိုယ့်နဖူးကိုယ်သာပြန်ရိုက်မိတော့တယ်...အကောင်းနဲ့လဲနူးနူးညံ့ညံ့ဆက်ဆံပေးရတယ် ကြောက်လို့တဲ့...

"အဲ့ဒါဆိုနေ့တိုင်းရိုက်နေရမှာလား?"

"အဲ့...အဲ့လိုမဟုတ်ဘူးလေ"

ခေါင်းလေးခါကာခါးခါးသီးသီးငြင်းသည့် ကောင်လေးက အရိုက်ခံရမှာတော့ အတော်ကြောက်ရှာသည်...Baekhyun ဘယ်လိုဟာလေးကို ယူထားမိလဲမသိတော့...

"ဟူး...ထားပါတော့ ကိုယ်ပဲမှားပါတယ်ကွာ အခုအေးအေးဆေးဆေးစားတော့...ခေါက်ဆွဲတွေပွကုန်မယ်"

"အောက်...အောက်ဆင်းလို့မရဖူးလား"

မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် မေးလာသောကောင်လေးအား Baekhyun နှုတ်ခမ်းမဲ့ပြလိုက်သည်...

"လုံးဝပဲ Chan..ဒီတိုင်းစား"

****************************

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

766K 28.4K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
49.5K 1.7K 92
"I might go any second...but my love won't..." Falling in love is easy. But getting your love ain't that easy. Even if your love wants you as much as...
41.6K 2.4K 23
"why do you look messy?" "You did this to me Jungkook"
12.3K 1.6K 27
-ქოლგა? -ქოლგა. -უპასუხა მან. ისტორია,რომელიც დაიწყო ქოლგით, კაცმა არ იცის რით გაგრძელდება ან დასრულდება ის.😏💘 ცხოვრებისეული ისტორია კონკიაზე, რ...