စွန်

By HunnieMon

53K 5.4K 605

လွန်၏နောက်ဆက်တွဲအချစ်စာမျက်နှာများ More

{1}
{2}
{3}
{4}
{5}
{6}
{7}
{9}
{10}
Not April Fool
{11}
{12}
{13}
{14}
To Heaven ficbook
ဇာတ်ပေါင်းခန်း (သို့) ဇာတ်သိမ်းခန်း

{8}

2.6K 320 19
By HunnieMon

"လာလေ Han"

ဆေးရုံးကဆင်းခဲ့ပြီး ကျွန်တော့်အိမ်ကိုခေါ်ခဲ့တော့ တလမ်းလုံးကြည်လင်နေတဲ့မျက်နှာလေးက မသိမသာညှိုးနေကာ အိမ်ထဲဝင်ဖို့တွန့်ဆုတ်နေတာကြောင့် သူ့လက်ဖဝါးလေးကိုအသာဆုပ်ကိုင်ရင်း ခေါ်တော့မှ ခေါင်းလေးညိမ့်ကာ အိမ်ထဲရို့ရို့လေးလိုက်ဝင်လာတယ်

" ဒါကဧည့်ခန်း Han ပျင်းရင်ဒီအခန်းထဲမှာ TV ကြည့်လို့ရတယ် ဟိုဘက်မှာက စာအုပ်စင် Han ကြိုက်တဲ့စာအုပ်ယူဖတ်လို့လဲရတယ် အနောက်ဘက်မှာ ထမင်းစားခန်း အဲ့ထဲမှာရှိတဲ့စားစရာမှန်သမျှ Han ယူစားလို့ရတယ်"

ပြောရင်းဆိုရင်းရေခဲသေတ္တာကိုဖွင့်ပြလိုက်တော့ Han ကခွိကနဲ တချက်ရီတယ်
ရေဘူးတွေသာ တန်းဆီနေအောင်ထည့်ထားတဲ့ ဘာစားစရာမှမရှိသော ဗလာနတ္ထိရေခဲသေတ္တာကြီး

အရှက်ပြေလည်ချောင်းရှင်းရင်း

"အဟမ်း ကိုယ်မအားလို့ အိမ်လဲသိပ်မပြန်ဖြစ်တာနဲ့ ဘာမှမရှိတာ လာ အပေါ်ထပ်ကိုလိုက်ပြမယ်"

ဒီနေရာကအမြန်ထွက်ချင်ဇောနဲ့ စကားလွှဲတော့

"Sehun shi"

ခပ်တိုးတိုးလေးထွက်လာတဲ့ခေါ်သံကြောင့်တအံ့တသြ

"အင်း ပြော Han"

"ဟို ဒီလောက်အသေးစိတ်လိုက်မပြလဲရတယ် ဒီအိမ်က ကျွန်တော့်အတွက် အဲ့လောက်မစိမ်းပါဘူး"

"ဘယ်လို"

ဒီအိမ်ကို မစိမ်းဘူးဆိုတဲ့စကားကြောင့် ကျွန်တော်နောက်တကြိမ်အံ့သြရပြန်တယ် မဟုတ်မှ သူအရင်ကလာခဲ့ဖူးတာတွေကိုမှတ်မိနေလေသလား

"ဘာလို့လဲတော့မသိဘူး ဒါမယ့် စိတ်ထဲမှာရောက်ဖူးသလိုလိုပဲ"

အရိုးခံအတိုင်း စဉ်းစဉ်းစားစားပြောနေပုံကိုမြင်ပြန်တော့ ကိုယ့်စိတ်အတိုင်းဆွဲခေါ်လာတဲ့ သံသယတွေကို လျော့လိုက်ပြီး

"အင်းး ဟိုးအရင်က Han ဒီကိုရောက်ဖူးတယ်"

"ဟုတ်လား"

မျက်မှောင်လေးကျုံ့ပြီးစဉ်းစားနေပုံက ကျွန်တော့်အတွက်အသဲယားလာစေတာကြောင့်

"aigoo စဉ်းစားမနေပါနဲ့တော့ နောက်တဖြေးဖြေးသတိရလာမှာပေါ့ ဟုတ်တယ်မှတ်လား"

အတောက်ပဆုံးအပြုံးတပွင့်နဲ့ လိမ္မာလွန်းစွာခေါင်းတွေချည်းညိမ့်ပြနေပြန်တယ်

နှုတ်ကသာ Han ကိုပြန်သတိရလာမှာပေါ့ ပြောရတာ ကျွန်တော့်စိတ်ထဲတော့ အခုလိုလေး Han ကလေးလေးတယောက်လိုပြုမူနေတာလေးကို ပိုမြတ်နိုးနေမိတယ်

မလှပတဲ့ အတိတ်ဆိုးတွေကိုမမှတ်မိတော့လဲဖြစ်တယ် Han ကိုယ်ကမင်းကို မင်းဖြစ်နေတဲ့အတွက်ကို တန်ဖိုးထားချစ်မြတ်နိုးနေရတာမို့လို့
သတ္တိမဲ့စွာရှောင်ပြေးခဲ့တဲ့အတိတ်တွေအစားလဲ ကိုယ်အဆပေါင်းများစွာ ဂရုစိုက်ပေးပြီး အနားမှာအမြဲရှိနေပေးမှာမို့လို့ ဒီအတိုင်း ကိုယ်နဲ့အတူရှိနေပေးရင်ကို ကိုယ်ကျေနပ်နေပြီ Han ရယ်။

"Han နားလိုက်ဦးလေ ပင်ပန်းနေမှာပေါ့ လာ"

ပါးစပ်ကလဲပြောရင်း လက်ကလေးကိုတခါဆွဲကာ အိပ်ခန်းလေးထဲခေါ်လာပြီး သူ့အတွက်အဆင်သင့်ပြင်ဆင်ပေးထားတဲ့ အပြင်ပတ်ဝန်းကျင်ကိုလှမ်းကြည့်လို့ရစေမယ့် ပြတင်းပေါက်ဘေးက ကုတင်လေးပေါ်ထိုင်စေလိုက်တယ်

"ခနဖြစ်ဖြစ် အိပ်လိုက်လေ Han
Han တယောက်ထဲမဟုတ်ဘူးမကြောက်နဲ့ ဟိုဘက်က အိပ်ရာတွေ့လား အဲဒါကိုယ့်နေရာ အလယ်မှာ ကိုယ့်စာအုပ်စင်တခုပဲခြားတယ် ဘာမှမကြောက်နဲ့နော်"

Han လိုစိတ်ပိုင်းဆိုင်ရာထိခိုက်ထားတဲ့လူတယောက်ကို တယောက်ထဲလွှတ်ထားဖို့ လွပ်လွပ်လပ်လပ်နေစေဖို့စိတ်မချတာကြောင့် အရာရာအနုစိတ်ကြိုစီစဉ်ထားရတယ်

"Han နားတော့လေ ကားစီးထားရတာပင်ပန်းနေမှာပေါ့"

"အင်းး ဒါနဲ့ ဟို"

တခုခုပြောဖို့တွန့်ဆုတ်နေပြီးမှ

"ဒီမှာ Sehun shi နဲ့ကျွန်တော် နှစ်ယောက်ထဲနေရမှာလား"

"အင်းလေ ဘာလို့လဲ Han ရဲ့"

ခေါင်းကိုတချက်ကုတ်လိုက်ပြီး

"Dr. Chan တို့ Kai တို့မလာဘူးလားလို့ပါ"

ကြည့်ရတာ Han က နှစ်ယောက်ထဲမို့နေရခက်နေဟန်တူသည် အခုစကားပြောတာတောင် မျက်လုံးချင်းမဆုံပြန်

"အော် လာမှာပေါ့ Kai ကတနေ့တခေါက်လာကြည့်မယ် Chanyeol ကတော့ အားရင်အားသလိုကိုလာနေမှာ"

ထိုအခါမှ စိတ်ကျေနပ်သွားဟန်နှင့်

"အင်း ဒါဆို ကျွန်တော်အိပ်ပြီနော်"

ပြောပြောဆိုဆို ကျွန်တော့်ကိုကျောပေးကာ စောင်လေးခြုံရင်း အိပ်ဟန်ပြင်လိုက်တော့ အလိုက်တသိ အခန်းထဲကထွက်လာပြီး ဆေးပညာစာအုပ်တအုပ်ကို တမေ့တမောထိုင်ဖတ်နေချိန် ဖုန်းဝင်လာတော့ Chanyeol ဆီက

"Hello ပြော"

"Deer အဆင်ပြေရဲ့လား အခုဘာလုပ်နေလဲ"

"Han အိပ်နေတယ် အဆင်ပြေပါတယ် မင်းတို့ကိုတော့မေးနေတယ်"

"Jong In မလာဘူးလား"

"ညနေတော့ဝင်လာမယ်ပြောတယ် မင်းရော?"

တဖက်ကအသံခနတိတ်သွားပြီးမှ

"Jong လာမယ်ဆို ငါမလာတော့ပါဘူး မနက်မှပဲလာတော့မယ်"

"Chanyeol"

"အင်း"

"မင်းတို့ဘာဖြစ်ထားလဲ ငါသေချာတော့မသိဘူး ဒါပေမယ့် မင်းအခုလိုရှောင်မနေသင့်ဘူးလို့တော့ထင်တယ် ညနေလာခဲ့ပါ ငါတို့စောင့်နေမယ်"

တိတိကျကျ မသိပေမယ့် တနေ့က Chanyeol ပြောဖူးတဲ့စကားကို သဘောပေါက်သလိုလိုတော့ရှိသည် သူ့စိတ်ကို ကျွတ်တော်သိနေတယ်ဆိုလဲ မမှားဘူးပေါ့

Chanyeol နှင့်ဖုန်းပြောပြီး Han ဆီသတိတရ စိတ်မချစွာသွားကြည့်မိတော့ သူကနိုးတောင်နိုးနေပြီ
ပြတင်းပေါက်တံခါးတွေကိုဖွင့်ကာ ဘောင်ပေါ်မေးလေးထောက်ပြီး အခန်းပြင်ကိုငေးကြည့်နေတယ် လေအေးတွေကတိုက်နဲ့ Han ရယ် အအေးမိတော့မှာပဲ

"Han လေတိုက်မခံနဲ့လေ"

စိတ်မြန်စွာ ပြတင်းတံခါးတွေသွားပိတ်တော့ စိတ်တိုသွားသလို နှုတ်ခမ်းကိုကိုက်ရင်း လူကိုစောင်ကြည့်တယ်

"ဆောင်းလေက အေးတယ် Han ရဲ့ Han ဖျားမှာစိုးလို့ ကိုယ်ကစိတ်ပူလို့ အော် ဒါနဲ့ ညနေကျရင် Kai တို့လာမယ်သိလား"

ခုနက စူပုတ်ထားတာသူမဟုတ်တဲ့အတိုင်း သူရင်းနှီးရသူတွေလာမယ်ဆိုတော့ မျက်နှာလေးကိုဝင်းသွားတာများ Oh Sehun တို့ မနာလိုချင်စရာ ကျွန်တော့်ကိုတော့စိတ်ကောက်ပြီး ဟိုနှစ်ယောက်နာမည်ကြားတာနဲ့ ပျော်သွားတယ်ဆိုတော့ ကျွန်တော်မကျေမနပ်ဖြစ်မိတာ သိပ်တော့လွန်မယ်မထင်

ဂြီ~~

"အဲ"

ကျွန်တော်အတွေးလွန်နေချိန်ကြားလိုက်ရတဲ့အသံက Han ဆီမှ

"Han ဗိုက်ဆာနေပြီပဲ ဒီနေ့တော့ကိုယ်တို့အပြင်မှာပဲသွားစားရအောင်"

ရှက်သွားပုံရတဲ့ Han က သူ့ဗိုက်လေးသူပုတ်ကာ ခေါင်းငုတ်ရင်း ပွစိပွစိဘာတွေရွတ်နေမှန်းမသိ တကယ့်ကလေးလေး

"ပြီးရင်ကိုယ်တို့ ဈေးသွားဝယ်ကြမလား ညနေကျရင် Chanyeol တို့လဲလာမှာဆိုတော့ မုန့်တခုခုလုပ်စားကြမလား"

"ဘာလုပ်စားမှာလဲ"

စိတ်မဝင်စားဟန်ဆောင်ကာ လေသံအေးလေးနဲ့ပြန်ပြောနေတဲ့ Han

"ကိုယ်လဲမသိဘူး ဈေးသွားရင်းမှစဉ်းစားမယ်လေ ဘယ်လိုလဲ လိုက်မှာလား"

"လိုက်မှာ"

"ok ဒါဆို ခနနေသွားကြမယ်"

ဆေးရုံကအခန်းလေးတခုထဲမှာ နှစ်ချီအောင်တယောက်ထဲနေခဲ့ရတဲ့ Han ကိုပြင်ပပတ်ဝန်းကျင်နဲ့ထဲထိတွေ့ဆက်ဆံပေးချင်တာကြောင့် အခုလိုအပြင်ခေါ်ထုတ်မိခြင်းပင်

နီးနီးနားနားပဲသွားမှာဖြစ်တာကြောင့် နှစ်ယောက်ဘေးချင်းကပ်လမ်းလျှောက်ရင်း Han မျက်နှာလေးကို သိသိသာသာတမျိုး မသိမသာတဖုံ ငေးငေးကြည့်ရသည်။

Han ကတော့ လမ်းတလျှောက်သူ့အတွက်အသစ်အဆန်းမြင်ကွင်းမှန်သမျှကိုကြည့်ကာ တပြုံးပြုံး

"Sehun shi ဟိုဟာဘာလေးတွေလဲ"

"အဲဒါလား သကြားမုန့် အချိုမုန့်တမျိုးပဲ Han ရဲ့ Han လုပ်ကြည့်မလား"

"အင်း"

လမ်းထောင့်လေးမှာ အဘိုးအိုတယောက်ထိုင်ရောင်းနေသော ပုံစံမျိုးစုံဖော်ယူလို့ရသည့် ကိုယ်တိုင်လုပ်ယူ၍ရသည့် မုန့်လေးကို Han မှာမျက်ဝန်းတွေတလက်လက်နှင့် သဘောအကျကြီးကျနေတာ သူဗိုက်ဆာတာတောင်မေ့သွားပုံရသည်။

တခုစလုပ်သည် ကျိုးသွားသည် သို့သော် သူဇွဲမလျော့ ကျိုးကြေသွားတဲ့မုန့်ကို ပါးစပ်ထဲထိုးထည့်ပြီး ထပ်ခါထပ်ခါ မရမချင်းလုပ်သည် နဲနဲများလာတော့ သူ့ပါးစပ်လေးမဆံ့တော့

"ရော့ ဝိုင်းစားပေးဦး"

ဘေးက ငုတ်တုပ်ထိုင်ကြည့်နေသော ကျွန်တော့်ပါးစပ်ထဲပါ အတင်းထိုးကျွေးပြန်သည် ကြာတော့ ကျွန်တော်ထိုင်ရတာညောင်းလာသည်

"Han ကိုယ်လုပ်ကြည့်ရမလား"

"ဟင်းး လုပ်လေ "

သက်ပြင်းချရင်းက သူလုပ်နေတာမရသ၍သုန်သုန်မှုန်မှုန်နှင့် ကျွန်တော့်ကိုလုပ်စေသည် သူ့မျက်နှာလေးမှာတော့ ကျွန်တော်လဲလုပ်တတ်မှာမဟုတ်ဘူးဟူသည့်မူနှင့်

"ဟာာ ကြယ်လေးရသွားပြီ"

ကျွန်တော်လုပ်ပေးသော ကြယ်ပုံစံမုန့်ချပ်အပြားလေးကို မြင်တော့ ထခုန်မတတ် Han ပျော်သွားလေရဲ့

"Sehun shii က အရမ်းတော်တာပဲ"

"ဟားဟား ဟုတ်ပါပြီ စိတ်ကျေနပ်ပြီလား ဒါဆိုသွားရအောင်"

ကြယ်မုန့်အပြားလေးကိုတကြည့်ကြည့်လုပ်ရင်း ကျွန်တော့်နောက်ကပ်ပြီးလိုက်လာတဲ့ Han ရယ် သူပျော်အောင်လုပ်ပေးလိုက်ရလို့ အကျေနပ်ကြီးကျေနပ်နေတဲ့ မျက်နှာပိုးမသေတဲ့ ကျွန်တော်ရယ် ဒီနေ့လေးက သိပ်ကိုလှပခဲ့တယ်။

ဈေးထဲရောက်တော့ လူအရမ်းများလို့ သူနဲနဲကြောက်ပုံရသည် ကျွန်တော့်လက်မောင်းကိုလာဆွဲကာ မျက်နှာအောက်ချရင်း ဘာမှကိုမကြည့်ဘဲ လိုက်လာလေရဲ့ သူလေးမထိတ်လန့်စေရန် အလို့ငှာ ကျွန်တော်လဲ သူ့လက်ဖျားအေးအေးလေးများအား ကျန်လက်တဖက်နဲ့ ဖွဖွဆုပ်ကိုင်ရင်း ဈေးဝယ်ခဲ့ကြလေတယ်။

Continue Reading

You'll Also Like

10.2M 600K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
558K 64.2K 44
Love Story From Defulo (Series-2) Complete
2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
92.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]