Unicode
(zawgyi below)
Taeyong's POV
ဗီရိုအပေါ်ဘက်မှာတင်ထားတဲ့ ခရီးဆောင်အိတ်ကိုကြမ်းပြင်ပေါ်ဘုန်းခနဲချလိုက်တယ်။
ပြီးတော့ ဗီရိုထဲကဝတ်မယ်လို့စိတ်ကူးထားတဲ့အင်္ကျီနဲ့ဘောင်းဘီတွေကိုအတင်းထိုးကြိတ်ထည့်လိုက်တော့တယ်
ညက အမှတ်တွေခြစ်ပြီးအိပ်ရေးတွေပျက်လို့နေ့ခင်းကအကြွေးဆပ်အိပ်လိုက်ရင်းကနေအချိန်မလောက်တော့ဘဲအခုလိုကိုးရိုးကားယားတွေဖြစ်တော့တာပဲ
ကျွန်တော်တိုင်ကပ်နာရီကိုမော့ကြည့်လိုက်တော့ ညနေ ၆ နာရီထိုးနေပြီဖြစ်တယ်
၈ နာရီကားထွက်မှာမို့ကားဂိတ်ကို၁နာရီလောက်တော့သောရောက်သင့်တယ်။ မြို့ထဲကနေကားဂိတ်ကိုသွားဖို့ရာအချိန်ကနာရီပိုင်းလောက်ယူရဦးမယ်။ ကျွန်တော်အတော်လေးကိုပြာယာခတ်နေရတယ်
ဗီရိုထဲကအဝတ်အစားတွေထိုးသိပ်ထည့်ပြီးတော့ အသုံးအဆောင်ပစ္စည်းတွေကိုထည့်ရတော့တယ်။ မနေ့ကမှဝယ်ထားတဲ့သွားပွတ်တံနဲ့သွားတိုက်ဆေးတို့ကိုကျွန်တော်အမြန်လှမ်းယူလိုက်ပြီးဘေးကပ်ကအိပ်ထဲကိုကျွတ်ကျွတ်အိတ်နဲ့ထည့်လိုက်ရသည်။
ပိုနေသေးတဲ့သွားပွတ်တံနောက်တစ်ချောင်းကိုတော့ကိုင်ထားရင်းနဲ့ကျွန်တော်ငေးကြည့်နေမိတယ်။
ကျွန်တော်ဘာ့ကြောင့်များ ၂ ချောင်းဝယ်လာခဲ့မိတာပါလိမ့်? တစ်ချောင်းဟာကျွန်တော့်အတွက်ဆိုရင်နောက်တစ်ချောင်းဟာကျွန်တော့်ရဲ့အချစ်ရဆုံးသောတပည့်လေး Jaehyun အတွက်အပိုဆောင်းပြီးဝယ်လာခဲ့တာဖြစ်တယ် ဒါပေမယ့် ကျွန်တော်ယူသွားသင့်လားလို့ပြန်တွေးမိတယ်
ကျွန်တော်ကသာသူ့အတွက်ကြည့်နေတာ
သူကကျွန်တော်မဟုတ်တဲ့ မိန်းမလှလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့ပဲကြိုးစားနေတဲ့လူပဲဖြစ်တယ်။ ဒါ့ကြောင့်သူလည်းသူ့အတွက်သွားပွတ်တံတစ်ချောင်းတော့ကောင်းကောင်းပါလာမှာပဲ
ပိုနေသောသွားပွတ်တံတစ်ချောင်းကိုကျွန်တော်စားပွဲပေါ်ပြန်တင်လိုက်သည်။
ပြီးနောက် သေသေသပ်သပ်မထည့်ထားဘဲထိုးကြိတ်ထည့်ထားတာကြောင့်ဖောင်းကားနေတဲ့ ခရီးဆောင်အိတ်ကို ကျွန်တော်လက်ကိုင်တန်းအရှည်အားဆွဲထုတ်လိုက်သည်
မေ့ခါနီးဖြစ်နေတဲ့ ကျွန်တော်အမြဲဆောင်နေကျ note book လေးကိုပါလှမ်းယူလိုက်တယ်။ အကုန်ထိုးသိပ်ထည့်ထားလို့ ပြန်မဖွင့်ရဲတော့တဲ့ ခရီးဆောင်အိတ်ထဲကိုမထည့်ဘဲဘေးဘက်အိတ်ကပ်ကလေးထဲသို့ note book လေးကိုထည့်လိုက်သည်။
အကုန်ပြင်ပြီးတော့ ၆ နာရီခွဲကျော်နေပြီဖြစ်သည်
ကျွန်တော်ပြာယာခတ်သွားပြီး ခရီးဆောင်အိတ်ကိုဘီးပြုတ်ထွက်မတတ် တရွတ်တိုက်ဆွဲတော့တယ်။
တံခါးမဖွင့်ခါနီး စားပွဲပေါ်တင်ထားတဲ့ သွားပွတ်တံနောက်တစ်ချောင်းကိုကျွန်တော်မှတ်မှတ်ရရနဲ့ယူလာခဲ့တယ်။ အကယ်၍များ ရည်းစားစာတောင်ကိုယ့်ဆရာဆီရောက်အောင်ပေးလိုက်တဲ့ နမော်နမဲ့နိုင်လွန်းသော Jung Jaehyun ဆိုသောတပည့်ကလေးများ သူ့သွားပွတ်တံမေ့ခဲ့ရင် ဆိုတဲ့အတွေးလေးနဲ့ကောက်ထည့်လာခြင်းဖြစ်တယ်
ထို့နောက် မိန်းတေချ တံခါးလော့တွေသေချာခတ်ပြီးထွက်လာခဲ့တယ်
"ဘုရာ့"
"ဘုတ်!"
ပါးစပ်ကလွှတ်ခနဲထွက်သွားတဲ့ ဘုရား တ သံနဲ့ လန့်ပြီးလက်ထဲကလွတ်ကျသွားတဲ့ ခရီးဆောင်အိတ်ရဲ့အသံ
ကျွန်တော့် အဆောင်အခန်းနဲ့ မနီးမဝေးမှာမတ်တပ်ရပ်နေတဲ့ Jaehyun ကိုကျွန်တော်တွေ့လိုက်ရတယ်
အမလေးးး
မဖြစ်နိုင်လိုက်တာ
ဒါ ငါသူနဲ့အတူခရီးသွားရဖို့အရမ်းစိတ်လှုပ်ရှားနေလို့ နတ်ဘုရားတစ်ပါးပါးကငါ့ကိုသနားပြီး Jaehyun အယောင်ဖန်ဆင်းပြီး လာနှစ်သိမ့်တာပဲဖြစ်လိမ့်မယ်
ကျွန်တော့်မျက်စိရှေ့က Jaehyun ကိုကျွန်တော်ငေးကြည့်နေမိသေးတယ်
ယုံမှမယုံတာ
သူကကျွန်တော့်ကိုမြင်တော့ လှောင်ပြုံးတစ်ခုကိုမသိမသာပြရင်း
"ဆရာ ကလဲ! ခရီးသွားခါနီးမှအားမရှိတော့ဘူးလား? အိတ်တောင်မနိုင်တော့ဘူး ပေး! ကျွန်တော်သယ်ပေးမယ်"
သူကျွန်တော့်ရှေ့က ဖောင်းကားနေသောခရီးဆောင်အိတ်ကိုဝှစ်ခနဲ မ လိုက်တယ်
ပြီးတော့ သူ့ရဲ့အိတ်ကိုပခုံးပေါ်တင်လိုက်တယ်
သူကအရှေ့ကထွက်သွားပေမယ့်ကျွန်တော်သော့ကိုင်ပြီးကြောင်ကြည့်နေမိတုန်း
ပခုံးပေါ်မှာအိတ်တစ်လုံး
လက်မှာလည်းအိတ်တစ်လုံး
ဘုရားသခင်
သူဟာဘယ်လိုတောင်သန်မာလိုက်တာလဲ?
ကျွန်တော်ကသာ တပည့်လေး တပည့်လေးနဲ့ထင်မှတ်ထားတာ
သူကကျွန်တော့်ထက်ကိုပိုပြီးအားကြီးပြီးထွားကျိုင်းနေတာပါလား?
ဘုရားသခင်က သူ့ကို ဂရိ ရိုမန်သူရဲကောင်းတွေရဲ့ခန္ဓာကိုယ်ကိုလက်ဆောင်ပေးထားခဲ့တာပဲ
ဘယ်လိုတောင်ယောက်ျားပီသလိုက်တာလဲ ဆရာ့တပည့်လေးရယ်...!!!!
ပါးစပ်အပြင်ဘက်သို့ထွက်ချင်သလိုရှိနေတဲ့ လျှာကိုပြန်လိပ်သိမ်းပြီး ကိုယ့်နှဖူးကိုယ်ပြန်ရိုက်ကာ အရှေ့ကထွက်သွားတဲ့ Jaehyun နောက်ကိုကျွန်တော် ရပ်နေရာမှအမြန်လိုက်ရတော့သည်။
အဆောင်အောက်ကိုရောက်တော့
သူကိုယ်တိုင်ပဲ Taxi တစ်စီးကိုအမြန်ငှားလိုက်တယ်
စောနကသူ့ရဲ့ယောက်ျားပီသတဲ့အမူအရာနဲ့ခန္ဓာကိုယ်ကိုကျွန်တော်မြင်ပြီး ရူးမတတ်ကြွေဆင်းနေပေမယ့် ခပ်တင်းတင်းဆရာတစ်ယောက်ရဲ့မျက်နှာနဲ့အမူအရာကိုအတင်းဖမ်းထားရတယ်
ဘယ်လောက်ပဲရင်ခုန်ခုန် ဆရာတစ်ယောက်ရဲ့မာနကိုတော့ထိန်းထားသင့်တယ်ထင်ပါရဲ့
Jaehyun ကငှားပြီးသား Taxi ရဲ့အနောက်ဘက်တံခါးရွက်ကိုဧည့်ကြိုလိုအဆင်သင့်ဖွင့်ပေးထားတာကိုကျွန်တော်မြင်လိုက်ရတော့ စိတ်ထဲမှာအနည်းငယ်ဖုထစ်သွားတယ်
ခရီးသွားတဲ့ကားပေါ်မှာလည်းနာရီပေါင်းများစွာလောက်သူနဲ့အတူထိုင်ရဦးမှာကို အခုကတည်းက Taxi ထဲမှာအတူမထိုင်ချင်ပါဘူး
ဒါကတော့ ဆရာ့သိက္ခာကိုကျွန်တော်ပြန်ဆယ်တဲ့အနေနဲ့ငြင်းချင်မိတာဖြစ်တယ်
"ငါအရှေ့မှာထိုင်မှာ"
"aww ဆရာရယ်! တံခါးတောင်ဖွင့်ပြီးနေမှတော့အနောက်မှပဲထိုင်လိုက်ပါတော့! ကားထွက်ဖို့အချိန်ကအရမ်းနီးနေပြီဆရာရဲ့"
ဟုတ်တယ်
ကားထွက်ဖို့အချိန်ကိုကျွန်တော်တို့မီအောင်ပြေးလိုက်နေရတာ။ အခုလိုအလျင်လိုနေတဲ့အချိန်မှာ အရှေ့မှာထိုင်မယ် အနောက်မှာထိုင်မယ်ဆိုပြီးငြင်းနေဖို့မသင့်ဘူးထင်တယ်
ကျွန်တော်နှုတ်ခမ်းတစ်စုံကိုတင်းနေအောင်စေ့လိုက်ရင်း သူအဆင်သင့်ဖွင့်ပေးထားတဲ့အနောက်ဘက်ကိုသာဝင်ထိုင်လိုက်ရတယ်
ဒီလိုနဲ့ ဟိုလမ်းကြား ဒီလမ်းတို တို့ကိုကားမောင်းသမားကြီးကအမြန်နည်းနဲ့ဖြတ်မောင်းလာပေးတဲ့ skill ကြောင့်ကျွန်တော်တို့တွေ 8:05 မှာကားဂိတ်ကိုရောက်တယ်။
၈ နာရီကားထွက်ချိန်မို့ ၅ မိနစ်တောင်နောက်ကျနေပြီဖြစ်တာကြောင့်ကျွန်တော်အနည်းငယ်ပြာယာခတ်မိတယ်။ ကျွန်တော်လည်းပြာယာခတ်နေသလို Jaehyun လည်းအလောသုံးဆယ်ရိုက်နေပုံရတယ်။ သူ့ရဲ့ ကားနောက်ဖုံးကခရီးဆောက်အိတ်၂အိတ်ကိုဖြတ်ခနဲထမ်းသယ်ကာ ကားနံပါတ်နဲ့ကားကိုရှာပြီး ကားနားကိုအမြန်ရောက်သွားပုံတွေကိုကျွန်တော်အနောက်ကနေသာကြောင်ငေးပြီးကြည့်နေမိတယ်။
သူ့ပုံစံဟာကျွန်တော်ထင်သလိုအလောသုံးဆယ်ရိုက်နေတာမဟုတ်ဘဲ တည်တည်ငြိမ်ငြမ်နဲ့ အမြန်လှုပ်ရှားသွားတာပဲဖြစ်တယ်။
ကျွန်တော်ဆရာတစ်ယောက်ထက်တောင်သူဟာရင့်ကျက်နေပုံပေါ်တယ်။
နမော်နမဲ့နိုင်တယ်လို့ကျွန်တော်ထင်ခဲ့မိတဲ့ တပည့်တစ်ယောက်ကအစစအရာရာဦးဆောင်နေတာကိုကျွန်တော်မြင်လိုက်ရတော့ .....
သူ့ရဲ့ရည်းစားစာကျွန်တော့်ဆီမှားရောက်လာတာဟာ သူ့ရဲ့ရှားပါးလွန်းတဲ့နမော်နမဲ့နိုင်မိခြင်းသာဖြစ်ပြီး ဒါဟာကံကြမ္မာလည်းဖြစ်လိမ့်မည်။ ကျွန်တော်အချစ်နဲ့တွေ့ရဖို့အကြောင်းဖန်လာတဲ့ကံကြမ္မာပေါ့....
"ဆရာ ကျွန်တော်လက်မှတ်ပြပြီးပြီ ဆရာကားပေါ်တက်နှင့်တော့။ ကျွန်တော်အိတ်တွေကို ထည့်ပြီးရင်တက်လာခဲ့မယ်"
ကျွန်တော်ဘာမှမပြောဘဲခေါင်းညိတ်ပြကာကားပေါ်သာအရင်တက်လာခဲ့တယ်
တော်သေးတယ်။ ကားမထွက်သေးတာပဲ
လက်မှတ်ဖြတ်ထားတဲ့ထိုင်ခုံမှာကျွန်တော်ဝင်ထိုင်လိုက်ပြီး ခဏကြာတော့ Jaehyun လည်းကားပေါ်တက်လာတယ်။
"ဆရာ"
"?"
"ရော့! ဆရာ့အိတ်ထဲကထွက်ကျလာတဲ့ Note book ကလေး! ကျွန်တော်ပြန်ကောက်လာတာ"
Jaehyun ပေးလာတဲ့ note book ကိုကျွန်တော်လှမ်းယူလိုက်ပြီး တော်သေးပါရဲ့ ဆိုပြီးစိတ်ထဲကနေသာသက်ပြင်းချလိုက်မိတယ်
ဘာလို့လဲဆိုတော့ အစွဲအလန်းကြီးသူတစ်ယောက်ပီပီကျွန်တော်ဒီ note book လေးကိုကိုင်လာတာ ၄ နှစ်ကျော်ပြီဖြစ်သလိုဘယ်သွားသွားကိုယ်နဲ့မခွာအမြဲဆောင်ထားတတ်လို့ပဲ
"gomawo"
သူ့ဘက်က ပါးချိုင့်တွေပေါ်အောင်ပြန်ပြုံးပြလာတယ်
ရင်ဘတ်ထဲကဘာမှန်းမသိတဲ့တက်ဆောင့်မှုကိုကျွန်တော်တံတွေးနဲ့အတူမရမကပြန်မျိုချလိုက်ရတယ်။
သူ့ကို ကျေးဇူးတင်စကားပြောပြီးမှ ဒါဟာဒီနေ့သူ့ကိုကျွန်တော်အချိုသာဆုံးပြောမိတဲ့ပထမဆုံးစကားတစ်ခွန်းဖြစ်တာကိုကျွန်တော်ပြန်သတိထားလိုက်မိတယ်။ သူ့ကိုတွေ့ကတည်းကမျက်နှာတည်မျက်နှာထားနဲ့ တင်းမာနေအောင်ဟန်ဆောင်ထားရတာအခုထိပဲလေ
Jaehyun ကကျွန်တော့်ဘေးမှာဝင်ထိုင်လိုက်တော့ ကျွန်တော့်ရဲ့အသက်ရှူလမ်းကြောင်းထဲခဲဖျက်တစ်စဝင်သွားသလိုဖြစ်သွားရတယ်။ ခရီးသွား express ကားဖြစ်တာကြောင့် air con ကဖွင့်ထားတာအပြင်းဆုံးနဲ့အအေးဆုံးပဲ။ ကျွန်တော်ကအတွင်းဘက်မှာထိုင်တာကြောင့် air con လေကခေါင်းပေါ်ကိုတိုက်ရိုက်လာထိနေတယ်။
သူ့ကြောင်းမွန်းကြပ်မှုတွေကိုဒီ air con လေကနေပဲကျွန်တော်ဖြေလျှော့တဲ့အနေနဲ့အတင်းရှူသွင်းနေမိတယ်
ခဏကြာတော့ ဝန်ဆောင်မှုအဖြစ် မိန်းကလေးဝန်ထမ်း၂ယောက်လောက်က အအေးနဲ့မုန့်တို့ကိုလိုက်ဝေတော့တယ်။
ထိုမိန်းကလေးပေးသော အအေးနဲ့မုန့်ရောကို မစားချင်သေးတာကြောင့်အရှေ့က စကာကွက်လိုအိတ်ကလေးထဲကျွန်တော်ပစ်ထည့်ထားလိုက်တယ်
"clickkk!"
အသက်ရှူပြွန်ကိုလက်နဲ့ညှစ်ကိုင်လိုက်သလိုတင်းသွားတာကြောင့် အပေါ်ကလွှင့်နေတဲ့ air con လေကိုကျွန်တော်တစ်ချက်အဝရှူလိုက်ရသည်။
သူ့ရဲ့အအေးဗူးဖောက်သံကိုတောင် ကျွန်တော့်နှလုံသားကလိုက်ရင်ခုန်နေမိတာ ရူးကြောင်ကြောင်တော့နိုင်လွန်းတယ်
Taeyong's POV End
Zawgyi ver
Taeyong's POV
ဗီ႐ိုအေပၚဘက္မွာတင္ထားတဲ့ ခရီးေဆာင္အိတ္ကိုၾကမ္းျပင္ေပၚဘုန္းခနဲခ်လိုက္တယ္။
ၿပီးေတာ့ ဗီ႐ိုထဲကဝတ္မယ္လို႔စိတ္ကူးထားတဲ့အက်ႌနဲ႔ေဘာင္းဘီေတြကိုအတင္းထိုးႀကိတ္ထည့္လိုက္ေတာ့တယ္
ညက အမွတ္ေတြျခစ္ၿပီးအိပ္ေရးေတြပ်က္လို႔ေန႔ခင္းကအေႂကြးဆပ္အိပ္လိုက္ရင္းကေနအခ်ိန္မေလာက္ေတာ့ဘဲအခုလိုကိုး႐ိုးကားယားေတြျဖစ္ေတာ့တာပဲ
ကၽြန္ေတာ္တိုင္ကပ္နာရီကိုေမာ့ၾကည့္လိုက္ေတာ့ ညေန ၆ နာရီထိုးေနၿပီျဖစ္တယ္
၈ နာရီကားထြက္မွာမို႔ကားဂိတ္ကို၁နာရီေလာက္ေတာ့ေသာေရာက္သင့္တယ္။ ၿမိဳ႕ထဲကေနကားဂိတ္ကိုသြားဖို႔ရာအခ်ိန္ကနာရီပိုင္းေလာက္ယူရဦးမယ္။ ကၽြန္ေတာ္အေတာ္ေလးကိုျပာယာခတ္ေနရတယ္
ဗီ႐ိုထဲကအဝတ္အစားေတြထိုးသိပ္ထည့္ၿပီးေတာ့ အသုံးအေဆာင္ပစၥည္းေတြကိုထည့္ရေတာ့တယ္။ မေန႔ကမွဝယ္ထားတဲ့သြားပြတ္တံနဲ႔သြားတိုက္ေဆးတို႔ကိုကၽြန္ေတာ္အျမန္လွမ္းယူလိုက္ၿပီးေဘးကပ္ကအိပ္ထဲကိုကၽြတ္ကၽြတ္အိတ္နဲ႔ထည့္လိုက္ရသည္။
ပိုေနေသးတဲ့သြားပြတ္တံေနာက္တစ္ေခ်ာင္းကိုေတာ့ကိုင္ထားရင္းနဲ႔ကၽြန္ေတာ္ေငးၾကည့္ေနမိတယ္။
ကၽြန္ေတာ္ဘာ့ေၾကာင့္မ်ား ၂ ေခ်ာင္းဝယ္လာခဲ့မိတာပါလိမ့္? တစ္ေခ်ာင္းဟာကၽြန္ေတာ့္အတြက္ဆိုရင္ေနာက္တစ္ေခ်ာင္းဟာကၽြန္ေတာ့္ရဲ႕အခ်စ္ရဆုံးေသာတပည့္ေလး Jaehyun အတြက္အပိုေဆာင္းၿပီးဝယ္လာခဲ့တာျဖစ္တယ္ ဒါေပမယ့္ ကၽြန္ေတာ္ယူသြားသင့္လားလို႔ျပန္ေတြးမိတယ္
ကၽြန္ေတာ္ကသာသူ႔အတြက္ၾကည့္ေနတာ
သူကကၽြန္ေတာ္မဟုတ္တဲ့ မိန္းမလွေလးတစ္ေယာက္ရဲ႕အခ်စ္ကိုရဖို႔ပဲႀကိဳးစားေနတဲ့လူပဲျဖစ္တယ္။ ဒါ့ေၾကာင့္သူလည္းသူ႔အတြက္သြားပြတ္တံတစ္ေခ်ာင္းေတာ့ေကာင္းေကာင္းပါလာမွာပဲ
ပိုေနေသာသြားပြတ္တံတစ္ေခ်ာင္းကိုကၽြန္ေတာ္စားပြဲေပၚျပန္တင္လိုက္သည္။
ၿပီးေနာက္ ေသေသသပ္သပ္မထည့္ထားဘဲထိုးႀကိတ္ထည့္ထားတာေၾကာင့္ေဖာင္းကားေနတဲ့ ခရီးေဆာင္အိတ္ကို ကၽြန္ေတာ္လက္ကိုင္တန္းအရွည္အားဆြဲထုတ္လိုက္သည္
ေမ့ခါနီးျဖစ္ေနတဲ့ ကၽြန္ေတာ္အၿမဲေဆာင္ေနက် note book ေလးကိုပါလွမ္းယူလိုက္တယ္။ အကုန္ထိုးသိပ္ထည့္ထားလို႔ ျပန္မဖြင့္ရဲေတာ့တဲ့ ခရီးေဆာင္အိတ္ထဲကိုမထည့္ဘဲေဘးဘက္အိတ္ကပ္ကေလးထဲသို႔ note book ေလးကိုထည့္လိုက္သည္။
အကုန္ျပင္ၿပီးေတာ့ ၆ နာရီခြဲေက်ာ္ေနၿပီျဖစ္သည္
ကၽြန္ေတာ္ျပာယာခတ္သြားၿပီး ခရီးေဆာင္အိတ္ကိုဘီးျပဳတ္ထြက္မတတ္ တရြတ္တိုက္ဆြဲေတာ့တယ္။
တံခါးမဖြင့္ခါနီး စားပြဲေပၚတင္ထားတဲ့ သြားပြတ္တံေနာက္တစ္ေခ်ာင္းကိုကၽြန္ေတာ္မွတ္မွတ္ရရနဲ႔ယူလာခဲ့တယ္။ အကယ္၍မ်ား ရည္းစားစာေတာင္ကိုယ့္ဆရာဆီေရာက္ေအာင္ေပးလိုက္တဲ့ နေမာ္နမဲ႔ႏိုင္လြန္းေသာ Jung Jaehyun ဆိုေသာတပည့္ကေလးမ်ား သူ႔သြားပြတ္တံေမ့ခဲ့ရင္ ဆိုတဲ့အေတြးေလးနဲ႔ေကာက္ထည့္လာျခင္းျဖစ္တယ္
ထို႔ေနာက္ မိန္းေတခ် တံခါးေလာ့ေတြေသခ်ာခတ္ၿပီးထြက္လာခဲ့တယ္
"ဘုရာ့"
"ဘုတ္!"
ပါးစပ္ကလႊတ္ခနဲထြက္သြားတဲ့ ဘုရား တ သံနဲ႔ လန္႔ၿပီးလက္ထဲကလြတ္က်သြားတဲ့ ခရီးေဆာင္အိတ္ရဲ႕အသံ
ကၽြန္ေတာ့္ အေဆာင္အခန္းနဲ႔ မနီးမေဝးမွာမတ္တပ္ရပ္ေနတဲ့ Jaehyun ကိုကၽြန္ေတာ္ေတြ႕လိုက္ရတယ္
အမေလးးး
မျဖစ္ႏိုင္လိုက္တာ
ဒါ ငါသူနဲ႔အတူခရီးသြားရဖို႔အရမ္းစိတ္လႈပ္ရွားေနလို႔ နတ္ဘုရားတစ္ပါးပါးကငါ့ကိုသနားၿပီး Jaehyun အေယာင္ဖန္ဆင္းၿပီး လာႏွစ္သိမ့္တာပဲျဖစ္လိမ့္မယ္
ကၽြန္ေတာ့္မ်က္စိေရွ႕က Jaehyun ကိုကၽြန္ေတာ္ေငးၾကည့္ေနမိေသးတယ္
ယုံမွမယုံတာ
သူကကၽြန္ေတာ့္ကိုျမင္ေတာ့ ေလွာင္ျပံဳးတစ္ခုကိုမသိမသာျပရင္း
"ဆရာ ကလဲ! ခရီးသြားခါနီးမွအားမရွိေတာ့ဘူးလား? အိတ္ေတာင္မႏိုင္ေတာ့ဘူး ေပး! ကၽြန္ေတာ္သယ္ေပးမယ္"
သူကၽြန္ေတာ့္ေရွ႕က ေဖာင္းကားေနေသာခရီးေဆာင္အိတ္ကိုဝွစ္ခနဲ မ လိုက္တယ္
ၿပီးေတာ့ သူ႕ရဲ႕အိတ္ကိုပခုံးေပၚတင္လိုက္တယ္
သူကအေရွ႕ကထြက္သြားေပမယ့္ကၽြန္ေတာ္ေသာ့ကိုင္ၿပီးေၾကာင္ၾကည့္ေနမိတုန္း
ပခုံးေပၚမွာအိတ္တစ္လုံး
လက္မွာလည္းအိတ္တစ္လုံး
ဘုရားသခင္
သူဟာဘယ္လိုေတာင္သန္မာလိုက္တာလဲ?
ကၽြန္ေတာ္ကသာ တပည့္ေလး တပည့္ေလးနဲ႔ထင္မွတ္ထားတာ
သူကကၽြန္ေတာ့္ထက္ကိုပိုၿပီးအားႀကီးၿပီးထြားက်ိဳင္းေနတာပါလား?
ဘုရားသခင္က သူ႔ကို ဂရိ ႐ိုမန္သူရဲေကာင္းေတြရဲ႕ခႏၶာကိုယ္ကိုလက္ေဆာင္ေပးထားခဲ့တာပဲ
ဘယ္လိုေတာင္ေယာက္်ားပီသလိုက္တာလဲ ဆရာ့တပည့္ေလးရယ္...!!!!
ပါးစပ္အျပင္ဘက္သို႔ထြက္ခ်င္သလိုရွိေနတဲ့ လွ်ာကိုျပန္လိပ္သိမ္းၿပီး ကိုယ့္ႏွဖူးကိုယ္ျပန္႐ိုက္ကာ အေရွ႕ကထြက္သြားတဲ့ Jaehyun ေနာက္ကိုကၽြန္ေတာ္ ရပ္ေနရာမွအျမန္လိုက္ရေတာ့သည္။
အေဆာင္ေအာက္ကိုေရာက္ေတာ့
သူကိုယ္တိုင္ပဲ Taxi တစ္စီးကိုအျမန္ငွားလိုက္တယ္
ေစာနကသူ႔ရဲ႕ေယာက္်ားပီသတဲ့အမူအရာနဲ႔ခႏၶာကိုယ္ကိုကၽြန္ေတာ္ျမင္ၿပီး ႐ူးမတတ္ေႂကြဆင္းေနေပမယ့္ ခပ္တင္းတင္းဆရာတစ္ေယာက္ရဲ႕မ်က္ႏွာနဲ႔အမူအရာကိုအတင္းဖမ္းထားရတယ္
ဘယ္ေလာက္ပဲရင္ခုန္ခုန္ ဆရာတစ္ေယာက္ရဲ႕မာနကိုေတာ့ထိန္းထားသင့္တယ္ထင္ပါရဲ႕
Jaehyun ကငွားၿပီးသား Taxi ရဲ႕အေနာက္ဘက္တံခါးရြက္ကိုဧည့္ႀကိဳလိုအဆင္သင့္ဖြင့္ေပးထားတာကိုကၽြန္ေတာ္ျမင္လိုက္ရေတာ့ စိတ္ထဲမွာအနည္းငယ္ဖုထစ္သြားတယ္
ခရီးသြားတဲ့ကားေပၚမွာလည္းနာရီေပါင္းမ်ားစြာေလာက္သူနဲ႔အတူထိုင္ရဦးမွာကို အခုကတည္းက Taxi ထဲမွာအတူမထိုင္ခ်င္ပါဘူး
ဒါကေတာ့ ဆရာ့သိကၡာကိုကၽြန္ေတာ္ျပန္ဆယ္တဲ့အေနနဲ႔ျငင္းခ်င္မိတာျဖစ္တယ္
"ငါအေရွ႕မွာထိုင္မွာ"
"aww ဆရာရယ္! တံခါးေတာင္ဖြင့္ၿပီးေနမွေတာ့အေနာက္မွပဲထိုင္လိုက္ပါေတာ့! ကားထြက္ဖို႔အခ်ိန္ကအရမ္းနီးေနၿပီဆရာရဲ႕"
ဟုတ္တယ္
ကားထြက္ဖို႔အခ်ိန္ကိုကၽြန္ေတာ္တို႔မီေအာင္ေျပးလိုက္ေနရတာ။ အခုလိုအလ်င္လိုေနတဲ့အခ်ိန္မွာ အေရွ႕မွာထိုင္မယ္ အေနာက္မွာထိုင္မယ္ဆိုၿပီးျငင္းေနဖို႔မသင့္ဘူးထင္တယ္
ကၽြန္ေတာ္နႈတ္ခမ္းတစ္စုံကိုတင္းေနေအာင္ေစ့လိုက္ရင္း သူအဆင္သင့္ဖြင့္ေပးထားတဲ့အေနာက္ဘက္ကိုသာဝင္ထိုင္လိုက္ရတယ္
ဒီလိုနဲ႔ ဟိုလမ္းၾကား ဒီလမ္းတို တို႔ကိုကားေမာင္းသမားႀကီးကအျမန္နည္းနဲ႔ျဖတ္ေမာင္းလာေပးတဲ့ skill ေၾကာင့္ကၽြန္ေတာ္တို႔ေတြ 8:05 မွာကားဂိတ္ကိုေရာက္တယ္။
၈ နာရီကားထြက္ခ်ိန္မို႔ ၅ မိနစ္ေတာင္ေနာက္က်ေနၿပီျဖစ္တာေၾကာင့္ကၽြန္ေတာ္အနည္းငယ္ျပာယာခတ္မိတယ္။ ကၽြန္ေတာ္လည္းျပာယာခတ္ေနသလို Jaehyun လည္းအေလာသုံးဆယ္႐ိုက္ေနပုံရတယ္။ သူ႔ရဲ႕ ကားေနာက္ဖုံးကခရီးေဆာက္အိတ္၂အိတ္ကိုျဖတ္ခနဲထမ္းသယ္ကာ ကားနံပါတ္နဲ႔ကားကိုရွာၿပီး ကားနားကိုအျမန္ေရာက္သြားပုံေတြကိုကၽြန္ေတာ္အေနာက္ကေနသာေၾကာင္ေငးၿပီးၾကည့္ေနမိတယ္။
သူ႔ပုံစံဟာကၽြန္ေတာ္ထင္သလိုအေလာသုံးဆယ္႐ိုက္ေနတာမဟုတ္ဘဲ တည္တည္ၿငိမ္ျငမ္နဲ႔ အျမန္လႈပ္ရွားသြားတာပဲျဖစ္တယ္။
ကၽြန္ေတာ္ဆရာတစ္ေယာက္ထက္ေတာင္သူဟာရင့္က်က္ေနပုံေပၚတယ္။
နေမာ္နမဲ့ႏိုင္တယ္လို႔ကၽြန္ေတာ္ထင္ခဲ့မိတဲ့ တပည့္တစ္ေယာက္ကအစစအရာရာဦးေဆာင္ေနတာကိုကၽြန္ေတာ္ျမင္လိုက္ရေတာ့ .....
သူ႔ရဲ႕ရည္းစားစာကၽြန္ေတာ့္ဆီမွားေရာက္လာတာဟာ သူ႔ရဲ႕ရွားပါးလြန္းတဲ့နေမာ္နမဲ့ႏိုင္မိျခင္းသာျဖစ္ၿပီး ဒါဟာကံၾကမၼာလည္းျဖစ္လိမ့္မည္။ ကၽြန္ေတာ္အခ်စ္နဲ႔ေတြ႕ရဖို႔အေၾကာင္းဖန္လာတဲ့ကံၾကမၼာေပါ့....
"ဆရာ ကၽြန္ေတာ္လက္မွတ္ျပၿပီးၿပီ ဆရာကားေပၚတက္ႏွင့္ေတာ့။ ကၽြန္ေတာ္အိတ္ေတြကို ထည့္ၿပီးရင္တက္လာခဲ့မယ္"
ကၽြန္ေတာ္ဘာမွမေျပာဘဲေခါင္းညိတ္ျပကာကားေပၚသာအရင္တက္လာခဲ့တယ္
ေတာ္ေသးတယ္။ ကားမထြက္ေသးတာပဲ
လက္မွတ္ျဖတ္ထားတဲ့ထိုင္ခုံမွာကၽြန္ေတာ္ဝင္ထိုင္လိုက္ၿပီး ခဏၾကာေတာ့ Jaehyun လည္းကားေပၚတက္လာတယ္။
"ဆရာ"
"?"
"ေရာ့! ဆရာ့အိတ္ထဲကထြက္က်လာတဲ့ Note book ကေလး! ကၽြန္ေတာ္ျပန္ေကာက္လာတာ"
Jaehyun ေပးလာတဲ့ note book ကိုကၽြန္ေတာ္လွမ္းယူလိုက္ၿပီး ေတာ္ေသးပါရဲ႕ ဆိုၿပီးစိတ္ထဲကေနသာသက္ျပင္းခ်လိုက္မိတယ္
ဘာလို႔လဲဆိုေတာ့ အစြဲအလန္းႀကီးသူတစ္ေယာက္ပီပီကၽြန္ေတာ္ဒီ note book ေလးကိုကိုင္လာတာ ၄ ႏွစ္ေက်ာ္ၿပီျဖစ္သလိုဘယ္သြားသြားကိုယ္နဲ႔မခြာအၿမဲေဆာင္ထားတတ္လို႔ပဲ
"gomawo"
သူ႔ဘက္က ပါးခ်ိဳင့္ေတြေပၚေအာင္ျပန္ျပံဳးျပလာတယ္
ရင္ဘတ္ထဲကဘာမွန္းမသိတဲ့တက္ေဆာင့္မႈကိုကၽြန္ေတာ္တံေတြးနဲ႔အတူမရမကျပန္မ်ိဳခ်လိုက္ရတယ္။
သူ႔ကို ေက်းဇူးတင္စကားေျပာၿပီးမွ ဒါဟာဒီေန႔သူ႔ကိုကၽြန္ေတာ္အခ်ိဳသာဆုံးေျပာမိတဲ့ပထမဆုံးစကားတစ္ခြန္းျဖစ္တာကိုကၽြန္ေတာ္ျပန္သတိထားလိုက္မိတယ္။ သူ႔ကိုေတြ႕ကတည္းကမ်က္ႏွာတည္မ်က္ႏွာထားနဲ႔ တင္းမာေနေအာင္ဟန္ေဆာင္ထားရတာအခုထိပဲေလ
Jaehyun ကကၽြန္ေတာ့္ေဘးမွာဝင္ထိုင္လိုက္ေတာ့ ကၽြန္ေတာ့္ရဲ႕အသက္ရွဴလမ္းေၾကာင္းထဲခဲဖ်က္တစ္စဝင္သြားသလိုျဖစ္သြားရတယ္။ ခရီးသြား express ကားျဖစ္တာေၾကာင့္ air con ကဖြင့္ထားတာအျပင္းဆုံးနဲ႔အေအးဆုံးပဲ။ ကၽြန္ေတာ္ကအတြင္းဘက္မွာထိုင္တာေၾကာင့္ air con ေလကေခါင္းေပၚကိုတိုက္႐ိုက္လာထိေနတယ္။
သူ႔ေၾကာင္းမြန္းၾကပ္မႈေတြကိုဒီ air con ေလကေနပဲကၽြန္ေတာ္ေျဖေလွ်ာ့တဲ့အေနနဲ႔အတင္းရွဴသြင္းေနမိတယ္
ခဏၾကာေတာ့ ဝန္ေဆာင္မႈအျဖစ္ မိန္းကေလးဝန္ထမ္း၂ေယာက္ေလာက္က အေအးနဲ႔မုန္႔တို႔ကိုလိုက္ေဝေတာ့တယ္။
ထိုမိန္းကေလးေပးေသာ အေအးနဲ႔မုန္႔ေရာကို မစားခ်င္ေသးတာေၾကာင့္အေရွ႕က စကာကြက္လိုအိတ္ကေလးထဲကၽြန္ေတာ္ပစ္ထည့္ထားလိုက္တယ္
"clickkk!"
အသက္ရွဴႁပြန္ကိုလက္နဲ႔ၫွစ္ကိုင္လိုက္သလိုတင္းသြားတာေၾကာင့္ အေပၚကလႊင့္ေနတဲ့ air con ေလကိုကၽြန္ေတာ္တစ္ခ်က္အဝရွဴလိုက္ရသည္။
သူ႔ရဲ႕အေအးဗူးေဖာက္သံကိုေတာင္ ကၽြန္ေတာ့္ႏွလုံသားကလိုက္ရင္ခုန္ေနမိတာ ႐ူးေၾကာင္ေၾကာင္ေတာ့ႏိုင္လြန္းတယ္
Taeyong's POV End