Ch-11

1.2K 115 9
                                    

Unicode

(zawgyi below )

Taeyong's POV

သူ့ရဲ့အအေးဗူးဖောက်သံကိုကျွန်တော်အတော်လေးရင်ခုန်သွားသလိုရှိသည်။

"ဆရာ! ဘာမှမစားတော့ဘူးလား"

"ဟင့်အင်း! ငါမဆာဘူး"

ကျွန်တော်သူ့ဘက်လှည့်ကာဖြေလိုက်မိတယ်။

Coca Cola ကို သူ့ကမောက်သောက်လိုက်တယ်။

ယောက်ျားတွေမှာသာရှိတတ်တဲ့ လည်စေ့ဆိုသောအရာသည် Coca Cola သောက်ပြီးမျိုချလိုက်တော့ အပေါ်အောက်နိမ့်ချည်မြင့်ချည်ဖြစ်သွားတာကိုကျွန်တော် ဘေးတိုက် view နဲ့အနီးကပ်ကြီးမြင်လိုက်ရတယ်

လူကစက္ကန့်ပိုင်းအတွင်းမှာကြက်သေသေသွားရတယ်

"ဘုတ်!"

တစ်စုံတစ်ရာသောအသံတစ်ခုကြားမှသာကျွန်တော်အသိပြန်ဝင်လာတယ်

အဲ့မြင်ကွင်းကိုမြင်လိုက်ရပြီး လက်ထဲမှာကိုင်ထားတဲ့ note book ပြုတ်ကျသွားတာပဲဖြစ်တယ်

ပြုတ်ကျသွားတဲ့စာအုပ်ကိုကျွန်တော်အမြန်ပြန်ကောက်လိုက်ပြီးပုံမှန်အနေအထားကိုမရမကပြန်ပြုပြင်လိုက်ရတယ်

သူ့ရဲ့ယောက်ျားပီသလွန်းတဲ့လည်စေ့တစ်လုံးရဲ့လှုပ်ရှားမှုကိုကျွန်တော် အရမ်းစိတ်လှုပ်ရှားမိသွားတာ

ဖြစ်နိုင်ရင်ရင်ဘတ်ထဲက ရွစိထိုးနေတဲ့နှလုံးကိုလွှင့်ပစ်လိုက်ချင်ပါရဲ့

ဒီဟာလေးကြောင့်ကျွန်တော်ပုံမမှန်တွေဖြစ်နေရတာ

ကျွန်တော်ဟာ သင်္ချာဆရာတစ်ယောက်ဖြစ်လို့ ဂျီသြမေတြီနည်းလမ်းတွေနဲ့ဉာဏ်စမ်းထားတဲ့သင်္ချာပုစ္ဆာတိုင်းကိုအဖြေရှာပြီးတွက်ချက်နိုင်စွမ်းရှိပေမယ့်

အချစ်နဲ့မထိတွေ့ဖူးတာကြောင့် သူ့အရှေ့မှာနှလုံးသားအလိုကိုဆန့်ကျင်ပြီး သရုပ်ဆောင်ဖို့ရာတော့ဘယ်နည်းလမ်းကိုမှကျွန်တော်ရှာမတွေ့ခဲ့ဘူး

စက်ဝိုင်းအတွင်းမည်သည့်ထိပ်ဆိုင်ထောင့်မဆို ပေါင်းလဒ်ဟာ 180• ရပေမယ့်....

1500 ပြည့်ဖို့ရာကျွန်တော့်ရဲ့အသည်းတစ်ခြမ်းဟာပေါင်းဖက်ရမယ့်အဖော်မရှိသေးဘဲဘက်ပဲ့နေတာကြောင့်....။

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now