Ch-8

1.6K 154 11
                                    

Unicode

(zawgyi below)

Taeyong's POV

next morning

ကျနော့်စားပွဲပေါ်က စာရွက်ပိုင်းလေးတစ်ခု....

📜 ဆရာ့ကို ကျနော်တောင်းပန်ပါတယ် ။ အမှန်တော့ ဆရာ့ကိုကျနော်မလေးမစားလုပ်တာမဟုတ်ပါဘူး။ ရည်းစားစာကလည်းဆရာ့ဆီဘယ်လိုရောက်သွားမှန်းမသိပေမယ့် စာကတော့ကျနော်ကိုယ်တိုင်ရေးခဲ့တာပါပဲ ကျနော်ကြိုက်ရတဲ့မိန်းကလေးဆီရေးပေမယ့် ဆရာ့ဆီရောက်သွားပြီး မခန့်လေးစားလုပ်မိတဲ့အတွက်ကျနော်တောင်းပန်ပါတယ် ဆရာ📜

ဖတ်ပြီးသားစာရွက်အပိုင်းအစကိုကျနော်လက်နဲ့လုံးချေလိုက်တယ်

ညံ့လွန်းတယ်

အကဲခတ်ဒီလောက်ပဲညံ့ရသလား?

ဒီစာက ငါ့အတွက်မဟူတ်လို့ကို မင်းကိုဒေါသထွက်နေရတာ!!! ဒါကိုအရိပ်အကဲနည်းနည်းလေးမှမသိတတ်တဲ့အပြင် တောင်းပန်စာနဲ့ငါ့ကိုပိုပြီးဒေါသထွက်အောင်လုပ်သွားပြန်ပြီ

ဒီတစ်သက် ငါ့မဟူတ်တဲ့ ဘယ်သူနဲ့မှရည်းစားမဖြစ်ပါစေနဲ့

ကျနော်ဒေါသထွက်လွန်းလို့ကျိန်စာတိုက်မိတယ်

အစမရှိဘဲ အဆုံးသတ်ရတော့မယ့် ရှေ့တိုးလို့မရတဲ့ဒီဇာတ်လမ်းထဲကတစ်ဦးတည်းသောမင်းသားကကျနော်ဖြစ်နေခဲ့ပါလား?

ဖြစ်နိုင်ရင်ကိုယ့်ဘက်ကသာ စဖွင့်ပြောလိူက်ချင်တယ် ဒါပေမယ့်လည်း ကိုယ်ဖွင့်ပြောမယ့်လူရဲ့ခံယူချက်က သူဟာကျနော့်ကိုဆရာတစ်ယောက်အနေနဲ့သတ်မှတ်ထားတာလေ

ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတစ်ယောက်နဲ့ဇာတ်လမ်းမခင်းသင့်ဘူး

ဟုတ်ပါတယ်

လောကရဲ့စည်းမျဉ်းကိုတော့လိုက်နာရမှာပဲ

ကိုယ့်အတွက်မဟုတ်တဲ့သူ့ရဲ့ရည်းစားစာ ကိုခဏခဏဖွင့်ဖတ်နေမိတာကို အရှက်အပြတ်ခံပြီးဘယ်သူ့ကိုမှ ဝန်မခံရဲဘူး

မိန်းကလေးတစ်ယောက်ကိုကြိုက်နေတဲ့ကျောင်းသားက သူ့ရဲ့ဆရာကိုကြိုက်လာမယ်တဲ့လား

hak ကျနော်အတော်ရူးတာပဲ!

မဖြစ်နိုင်တာကိုအမြဲတွေးပြီးကိုယ့်စိတ်ကိုယ်ဖြေနေတယ် ပြန်တွေးကြည့်မိရင်ကိုယ့်ကိုယ်ကိုတောင်ရှက်ဖို့ကောင်းနေတယ်

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now