လက္ထဲက်န္ရွိေနေသးေသာ တစ္ေထာင္တန္
ႏွစ္ရြက္ကို က်စ္က်စ္ပါေအာင္ လိပ္။ ႀကြပ္ႀကြပ္
အိတ္တစ္ခုထဲထည့္။လြယ္လာေသာအိတ္အတြင္း
ပိုင္းတည္း တြယ္အပ္နဲ႔တြယ္သည္။
လ်န္း လုပ္သမ်ွကိုေငးရင္း ကြ်န္ေတာ္ျပံဳးေနမိ
သည္။ ခြဲခြါရေတာ့မည့္ အခ်ိန္ေတြနီးလာေလ သူ႔
ကို မေမ့သြားေစျခင္းငွာ သူ႔အျပဳအမူတိုင္းကို
စကၠန္႔မလပ္ မွတ္သားထားသည္။
"ျပန္သြားေရာင္းရေအာင္ အစ္ကို။ ငါ့ စိတ္ထဲ
ဒီေငြက သံုးမေလာက္ဘူးထင္ေနတယ္"
"ေလာက္ပါတယ္။ ဒီေန႔ည ဘုန္းႀကီးေက်ာင္းမွာ
မအိပ္ပဲ တည္းခိုဇရပ္တစ္ခုခုမွာ အိပ္ပါလား?"
"ပိုက္ဆံကုန္မွာေပါ့။ မနက္ကားစီးရမွာ ပိုက္ဆံ
မက်န္ပဲေနရင္..."
"က်န္ပါတယ္ လ်န္းရ...ဘုန္းႀကီးေက်ာင္းမွာဆို
ကို လိုက္ဝင္လို႔မရလို႔..."
ခဏေတြသြားသည္။ ပိုက္ဆံထည့္ထားေသာ
အိတ္ကို ထပ္စမ္းႀကည့္သည္။
ေဆာင္းဝင္ေနေသာ ေတာင္ေပၚျမိဳ႕သည္ေနေရာင္
ေပ်ာက္၍ အေမွာင္လြယ္၏။ လမ္းသြားလမ္းလာ
ဆိုသည္မွာ သိသိသာသာက်ဲပါးသြားျပီ။
ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္ေနေသာ သူကို
ငဲ့ကာ ငံု႕ႀကည့္ေငးေနရသည့္ ဤအခိုက္အတန္႔။
အထိအေတြ႕ဆိုသည္ကို မခံစားရသည္မွာ ႀကာေနျပီ ဆိုေသာ္လည္း... ကိုယ္သည္ သူ႔အား
ထိေတြ႔ႏိုင္စြမ္းကို စမ္းသပ္ႀကည့္ဖို႕ မရည္စူး။ မရည္စူးရက္။ ဤမိန္းမပ်ိဳေလးသည္ စိတ္ေရာ
ကိုယ္ပါ စင္ႀကယ္လြန္းသည္။
ျပံဳးရင္းေငးႀကည့္ေနရသည္ကိုပင္ ကြ်န္ေတာ္
ႀကည္ႏူး၏။
"သာသနာျပဳျဖစ္ရင္ သြားႀကည့္ခ်င္တဲ့ေနရာေတြ
အမ်ားႀကီး"
အိပ္မက္ေတြနဲ႔ တက္ႀကြေနတတ္ေသာ
ဆယ္ေက်ာ္သက္ေလးတစ္ေယာက္၏ အိပ္မက္
ကူးလူးရာ တစ္ခုျဖစ္ေနခြင့္ရသည့္ ဤဘဝကို
ခဏတာ ေက်နပ္သည္။ခ်စ္သူ၏ ခ်စ္စကားမ်ား
ထက္ အိပ္မက္ေတြသည္သာ ကြ်န္ေတာ့္အတြက္
ရင္ခုန္ဖြယ္ စကားစုမ်ား...
"စိတ္နဲ႔ လႊင့္ျပီးသြားႀကည့္ဖူးတယ္။ ခရိုေအးရွား
ဆိုတဲ့ ႏိုင္ငံေလးကို ေရာက္သြားဖူးတယ္။ အဲ့က
ဘုရားေက်ာင္းေတြက သိပ္ျပီး ခမ္းနားတယ္။
ဒါေပမယ့္ လွတဲ့ ေနရာေတြထက္
အဓိက ကေတာ့ ခ်ိဳ႕တဲ့ တဲ့ ေနရာေတြကို သြား
ခ်င္တာ။ အဲ့မွာ ကေလးေတြက သနားဖို႕ေကာင္း
တယ္။ သူတို႔ ပတ္ဝန္းက်င္က သူတို႕ကို
လူဆိုးေလးေတြျဖစ္ဖို႕ အားေပးေနသလိုပဲ။
သူတို႕ လူဆိုးေလးေတြ မျဖစ္ေအာင္ သြန္သင္
ေပးခ်င္တယ္။ စာသင္ေပးခ်င္တယ္"
ကြ်န္ေတာ္သေဘာတက်ရယ္ေတာ့ ျပန္ေမာ့ႀကည့္
သည္။ အနည္းငယ္ ဆူပြပြျဖစ္သြားေသာ ႏႈတ္ခမ္း
ပိက်ိသည္ ေဆးရံုတြင္ ကေလးေတြ အငိုတိတ္
ေအာင္ေကြ်းခဲ့ဖူးေသာ lolly popေလးနဲ႔တူ
ေနေသး၏။
"ငါျဖစ္ခ်င္တာေတြက ရယ္စရာေကာင္းေနလို႕
လားဟင္။ ငါ့မွာ က်ိန္စာေတြ မျပယ္ေသးလို႕
Father က လက္မခံေသးတာပဲ ရွိတာပါ။
တစ္ေန႔ ေန႔မွာ ငါလူေတြႀကားမွာ ျပန္ေနႏိုင္ျပီး
ဒုကၡေရာက္ေနသူေတြ ေရာဂါရေနသူေတြကို ကယ္တင္ႏိုင္မွာပါ။ဒါေႀကာင့္လည္း ငါေဆးပညာ
ကိုသင္ေနတာ...ငါက နင့္လိုစာမတတ္
လို႕လား?ငါ့ အိပ္မက္ေတြက ရယ္စရာျဖစ္..."
ေျပာေနရင္း ဝမ္နည္းမႈေႀကာင့္ အသံေတြပါ တုန္
ယင္ လာ၍ နႏၵဦးေမာ္ဆိုသည့္ ကြ်န္ေတာ္။
ဘယ္သူ႕ကိုမွ မခယ ခဲ့ဖူးေသာ ကြ်န္ေတာ္သည္
ခ်စ္ရသူကိုေတာ့ ျဖင့္ ဦးညႊတ္ေတာင္းပန္မိသည္။
ဒူးမေထာက္ေပမယ့္ ခါးတစ္ဝက္ညႊတ္ေကြးလ်က္
ခ်ိဳးႏွိမ္ျခင္းသရုပ္ျပဳကာ ခ်စ္သူ႕မ်က္ႏွာ ေမာ္ကာဖူးရင္း
"ကို...မင္း ျဖစ္ခ်င္တာေတြက ရယ္စရာေကာင္း
ေနလို႕ ရယ္တာမဟုတ္ဘူး လ်န္း။ ကို ကံေကာင္း
လြန္းတယ္ လို႕ ေတြးမိသြားလို႔ပါ...မင္းကို ရယ္
တာ မဟုတ္ဘူး။ ကို ေတာင္းပန္ပါတယ္...ငိုေတာ့
မငိုလိုက္နဲ႔ေနာ္...ကို မေခ်ာ့ဖူးလို႕ မင္းေက်နပ္ေအာင္ မေခ်ာ့မိမွာ စိုးတယ္ " ဟူ၍ တုန္တုန္ယင္ယင္ ေတာင္းပန္ခဲ့ဖူးျပီ။
"မငိုပါဘူး။"
"အမွန္ေတာ့ မင္းအိပ္မက္ေတြ စိတ္ကူးေတြကို
Fatherကို ေသခ်ာသြားေျပာျပသင့္တယ္"
ခ်က္ခ်င္းဆိုသလို ေခါင္းငံု႔သြားျပီး...
"ငါ့ကို ဒီက်ိန္စာေတြ မျပယ္ေသးသ၍ သူ သူ
ေတြ႔ရဲမွာမဟုတ္ဘူး"
ဟူ၍ ထစ္ထစ္အအ ဆိုေသာ စကားေတြသည္
ကြ်န္ေတာ့္ကို ဓားနဲ႔မႊန္းသလိုပင္။
ရင္နာတယ္ ခ်စ္သူ။ ဆြဲထားခ်င္တယ္။ တစ္သက္
မွာ တစ္ခါသာ ျဖစ္ဖူးခဲ့တဲ့ အခ်စ္ေတြနဲ႔ မင္းကို
ကိုယ္ပဲ အပိုင္သိမ္းခ်င္တာ...ဒါေပမယ့္
"မင္း တကယ္ သာသနာျပဳျဖစ္ခ်င္တာလား?
မင္း သူငယ္ခ်င္းျဖစ္ခ်င္လို႕ ျဖစ္ခ်င္တာလား?"
ေနာက္ဆံုးေမးခြန္းပဲ လ်န္း။ ေျဖလိုက္တဲ့ အေျဖ
ရဲ႕ ေနာက္မွာ မင္း နဲ႔ ငါရဲ႕ အနာဂတ္ရွိတယ္။
ေလာဘႀကီးတယ္မဆိုသာေပမယ့္ ကိုယ့္ခ်စ္သူကို
ေလာကီစည္းစိမ္ခံစားေစခ်င္တယ္။
၅၂၈ေရာစပ္ထားျပီး ငါ့သမုဒယအႏြယ္ဝင္ သစၥာ
ထပ္ခ်စ္ျခင္းတရားထဲ မင္္းကို ထည့္သိပ္ထားခ်င္
တဲ့ လူသားဆန္တဲ့ အတၱႀကီးႀကီးငါ့မွာရွိတယ္။
"ငါစိတ္နဲ႔ ငါ ျဖစ္ခ်င္တာ။ ဒီဝတ္စံုနက္ေတြထက္ Sisterဝတ္စံု ကိုပဲ ဝတ္ခ်င္ခဲ့တာ။ က်ိန္စာေတြဆိုေနတဲ့ ဒီဘဝထက္ ဘုရားသခင္ရဲ႕ ေက်းဇူးေတာ္ေတြကို ေဝမ်ွခ်င္တာ"
"Say Yes..."
အေလာသံုးဆယ္မေျပာမိရင္ မင္းကို ငါ့ဘဝထဲက
ထြက္မသြားေအာင္ လုပ္မိေတာ့မွာမိုု႕ အခုခ်က္ခ်င္းေျပာလိုက္ပါ။
"ဘာ...ဘာကို "
အဲ့လိုရိုးသားလြန္းစြာ ဆြဲေဆာင္မႈအဘိဓာန္လြတ္
အျပဳအမူေတြနဲ႔ ငါ့ကို ေလာဘမတတ္မိေစပါနဲ႔
ေတာ့ကြာ။
"Say Yes လ်န္း။ Now!"
စိတ္တြင္းမွ အသံလႈိင္းသည္ အျပင္သို႕ပင္ထြက္
လာသည္ထင္ သစ္ရြက္တစ္ခ်ိဳ႕ပင္ ထိတ္လန္႔တ
ႀကားႏွင့္ သူမ ေျခရင္းသို႕ လြင့္က်လာသည္။
"Yes~~"
ေထြးေပြ႔မႈ၏ အဆံုးတြင္ " အစ္ကို" ဆိုသည့္ အသံသည္ သူမ လည္ေခ်ာင္းထဲ၌ပင္ ျပန္လည္
ကြယ္ေပ်ာက္သည္။
အားကုန္ေျပးမိသည္။ အမိုးခြ်န္ေတြသည္ အေမွာင္ဝင္စ မိုးကုတ္စက္ဝိုင္းေအာက္ အျဖဴ
သဏၭာန္ဆိတ္ျငိမ္သက္ေနသည္။
ေမာဟိုက္တုန္ယင္ေနေသာ ခံစားခ်က္ မခံစားရ
ပါ။ ေလာင္ျမိဳက္ျခင္းသာ ျဖစ္တည္ျမဲေနသည္။
ဝတ္ျပဳေဆာင္ထဲ ဖေယာင္းတိုင္မီးထြန္းညွိေန
ေသာ Father... ေနေရာင္မက်၍ အေရာင္
မထင္ ရိပ္မတင္ေသာ ေရာင္စံုမွန္ကူကြက္
မ်ားေပၚတြင္ဖေယာင္းတိုင္၏ အရိပ္သည္
ယိမ္းႏြဲ႕ကခုန္ေန၏။
ေျခသံတရွပ္ရွပ္သည္ မိန္းကေလးတစ္ေယာက္၏
အသံျပဳေနသည္ကို ယံုမွားဖြယ္ အတိျပီးေစသည္။
"Lilly"
ကြ်န္ေတာ္တစ္ခါမွ မႀကားခဲ့ဖူးေသာ သူမ၏နာမ
တစ္ခု။ တိတိက်က်ေျပာရလွ်င္ သူမႏွင့္လိုက္ဖက္
လြန္းေသာ ပညတ္တစ္ပါးေပမို႕ အလိုလိုျပံဳးမိ
သြားသည္။
အံ့ႀသမႈႀကားမွ မထိန္းႏိုင္မသိမ္းႏိုင္နဲ႔ ေရာင္ျပန္
ဟပ္လာေသာ ထိတ္လန္႔မႈ။ နာက်င္ရျပန္ျပီေနာက္တစ္ဖန္။ ကြ်န္ေတာ့္ခ်စ္သူ
ကို အဘယ္ေႀကာင့္ ထိုသို႕ ထိတ္လန္႔ဖြယ္အျဖစ္
ျမင္ႏိုင္ရက္ႀကသည္လဲ?
"ဘယ္လိုေရာက္လာတာလဲ Lilly(လီလီ)"
သူမကြ်မ္းက်င္ေသာ ဘာသာစကားအားျမြတ္ဟ
လ်က္ ပါးျပင္ေပၚမွ စုတ္ထိုးရာမ်ားကို အာရံုစု
ႀကည့္ေနေသာ အေနာက္ႏိုင္ငံသား Father
"ကြ်န္ေတာ့္နာမည္ နႏၵဦးေမာ္ပါ"
နီေဆြးေဆြး ႏႈတ္ခမ္းလံုးေသးေသးႀကားမွ
မလိုက္မဖက္ထြက္လာေသာ ႀသရွရွနဲ႔သတၴဳ
ဓာတ္ဝင္ အသံလႈိုင္းေႀကာင့္ Father ေနာက္
တစ္လွမ္းဆုတ္သည္။
"ဘာလို႕...ဘာလို႕ Lilly ကိုယ္ထဲဝင္ေနရတာ
လဲ? Lilly ေရာ Lilly ဘာျဖစ္သြားတာလဲ?"
"သူ နာက်င္ေနတယ္။ အထီးက်န္မႈ စြန္႔ပစ္ခံရမႈ
ေတြေႀကာင့္ အရြယ္နဲ႔ မမွ်ေအာင္နာက်င္ေနရ
တယ္။ သူ႕ဝိညာဥ္ထဲထိေတာင္ ဝမ္းနည္းမႈကို
ခံစားေနရတယ္...ကြ်န္ေတာ့္ကို စကားေျပာခြင့္
ေပးပါ။ ကြ်န္ေတာ့္သူ႕ကိုယ္ထဲ ႀကာႀကာေနလို႕မရ
ဘူး"
အံ့ႀသျခင္းအေပါင္းခေညာင္းလ်က္မွ ေႏြးေထြး
ေသာ ဧည့္ဝတ္ကို ျပဳက်င့္သည္။ သံဆူးခက္သရဖူေဆာင္း ကိုယ္ေတာ္ကို အားကိုး
တႀကီး ေမာ့ႀကည့္ျပီးမွ မ်က္ႏွာခ်င္းဆိုင္မွ ကြ်န္
ေတာ့္ကို တနည္းအားျဖင့္ ကြ်န္ေတာ့ခ်စ္သူကို
ဂရုဏာႀကီးစြာ ရႈ၏။
"ကိုယ္ေတာ္ လည္း မႏွင္ရက္ခဲ့ပါဘူး။ ဒါေပမယ့္
ကတိေတြ နဲ႔ သူ႕ကို ျပန္စင္ႀကယ္ေစခ်င္ခဲ့တာ"
"သူ႔အမွား ေသးတယ္လို႔လည္း ကြ်န္ေတာ္မေျပာ
လိုဘူး။ ဒါေပမယ့္ သူ႔ဖက္ကိုလည္းႀကည့္ေပးပါ
အရြယ္မေရာက္ေသးတဲ့ အရြယ္ေလးကို ရြာျပန္လႊတ္ခဲ့ေပမယ့္ ရြာျပင္ထုတ္ခံခဲ့ရတယ္။ ရြာထဲမွာ ဖ်ားရင္နာရင္ေတာင္ သူ႔ေႀကာင့္ဆိုတဲ့ အစြဲနဲ႔ သူေနတဲ့တဲေရွ႕ ေခါစာလာပစ္ႀကတယ္။
သူဘယ္ေလာက္နာက်င္ေနရမလဲ
ေတာစပ္မွာတစ္ေယာက္တည္း
အသက္ရွင္ဖို႕ ရႈန္းကန္ေနရတဲ့ ကေလးငယ္ကို
ဘယ္လိုစိတ္မ်ိဳးနဲ႔ တစ္ေယာက္တည္းထားခ့ဲႏိုင္
မွာလဲ?"
အသံလႈိင္းတို႕ ဟိန္းထြက္သည္။ ဝိညာဥ္ပူးျခင္း
သက္ေရာက္ခ်က္အေျခခံအရ မူရင္းအသံထက္
အနည္းငယ္ ေျခာက္ျခားေနေစတာလည္း အမွန္ပင္။
"သူ႕ အိပ္မက္ေတြကိုေရာ ေမးႀကည့္ဖူးလား?"
"သူနဲ႔ Katyက သာသနာျပဳျဖစ္ခ်င္ခဲ့ႀကတာ ကိုယ္ေတာ္သိတယ္"
"ျဖစ္ခြင့္ေပးလိုက္ပါ။ သူ႕အမွားေတြရွိေနရင္
ေတာင္ သူ႕က်ိန္စာေတြ မျပယ္ေသးရင္ေတင္
သူက အႏၱရာယ္ျပဳမယ့္ ကေလးမဟုတ္ပါဘူး
ဒါ ကြ်န္ေတာ္အသိဆံုးပါ...အခု မႀကာေတာ့တဲ့ အခ်ိန္မွာ ကြ်န္ေတာ္သူ႔ကိုထားခဲ့ရေတာ့မယ္။
ကြ်န္ေတာ္သူ႕ကို စိတ္မခ်ဘူး။ ျဖစ္ႏိုင္ရင္ ကြ်န္ေတာ္သူ႕ကို ေစာင့္ေရွာက္ေပးခ်င္တာ။"
ကြ်န္ေတာ့္မ်က္လံုးမဟုတ္ေပမယ့္ ခံစားမႈေတြ
လ်ွံက်သည္ထင္။ Fatherသည္လည္း ငယ္ရာ
မွ ႀကီးေလသူမို႔ ခပ္ဖြဖြ သက္ျပင္းကိုခ်သည္။
"ကြ်န္ေတာ္ေတာင္းပန္ပါတယ္။ ကြ်န္ေတာ့္ကို
သူ ျပန္ပို႕ေပးဖို႕ ႀကိဳးစားေပးေနတယ္။ ဒါေပမယ့္
သြားရမယ့္ ခရီးအတြက္ သူ႔ကိုစိတ္မခ်ဘူး။
ဒီက တစ္ေယာက္ေယာက္ေလာက္ေစာင့္ေရွာက္
ေပးပါ။ ျပီးေတာ့...ျပီးေတာ့ သူ႕ကို တစ္ေယာက္
တည္းပစ္မထားႀကပါနဲ႔။သူ႕ကိုေစာင့္ေရွာက္ေပး
ႀကပါ"
မ်က္ရည္။ ကြ်န္ေတာ့္ပိုင္ မ်က္ဝန္းတြင္းမွ မဟုတ္
ေပမယ့္ ျဖိဳင္က်ဆင္းလာေသာ မ်က္ရည္။
ကြ်န္ေတာ္သိေနတဲ့ တျခားတစ္ဖက္တြင္လည္း
ငိုေႀကြးေနေသာ စိတ္ဝိညာဥ္ေလးတစ္ခု။
ခ်စ္ရပါေသာ ခ်စ္သူ~~ကိုယ္ မင္းကို ေလးစား
လို႕ပါ။ မင္း အိပ္မက္ေတြကို မက္ခြင့္ေပးလိုက္
တာပါ။ ကိုယ့္ အတၱထက္ မင္း အနာဂတ္ပိုလွ
ေနလို႕ပါ။
သင့္ကို တန္ဖိုးထားျမတ္ႏိုးတဲ့သူက ဘုရားနဲ႔သင့္
ဆက္ဆံေရးပ်က္သြားေအာင္ လုပ္ပါ့မလား ဆိုတဲ့
ကိုယ္ဖတ္ခဲ့ဖူးတဲ့ သမၼာက်မ္းစာလာအရလိုေပါ့။
ကိုယ္က မင္းကို ကိုယ့္ရင္ခြင္မွာ သိမ္းထားဖို႕
ထက္ မင္းယံုႀကည္ရာ ေကာင္းကင္ႏိုင္ငံကိုပဲ
မင္း ေရာက္ေအာင္သြားႏိုင္ပါေစ။
"Father ကတိေပးပါတယ္။ Lilly ကိုေစာင့္
ေရွာက္ေပးပါ့မယ္"
ႀကားေစခ်င္တယ္။ သူ အေမွ်ာ္လင့္ဆံုး စကားကို
သူ႔နား သူ႕အသိနဲ႔ ဆက္ဆက္ႀကားနာလိုက္ေစ
ခ်င္ေသာ စိတ္ေဇာအဟုန္ျဖင့္ သူ႔ခႏၶာကိုယ္ထဲမွ
ရုန္းထြက္စဥ္...
ဝုန္း ဟူေသာ လဲျပိဳသံ။
"လ်န္း..."
ေတာက္!! ေဒါသတႀကီးနဲ႔ ကိုယ့္ကိုကိုယ္ဆုတ္ျဖဲ
ပစ္လိုက္ခ်င္တယ္။ သူမ အနားဝိုင္းဝန္းကာ
သတိျပန္လည္လာေအာင္ လုပ္ႏိုင္သူထဲ ကြ်န္ေတာ္မပါ။ ကုတင္ေဖြးေဖြးထက္ ႏြမ္းလ်စြာ
လဲက်ေနသူ၏ ပါးျပင္ေအးစက္စက္တို႔အား
ေႏြးေထြးမႈ ေပးေနႀကေသာ လက္ေတြထဲ
ကြ်န္ေတာ္မပါ။
"အခ်ိန္ေတာ္ေတာ္ႀကာ ဝင္ပူးထားေတာ့ လက္ခံ
ခႏၶာကိုယ္က ေတာင့္မခံထားႏိုင္ဘူး။
လူေရာ စိတ္ဝိညာဥ္ေရာ အရမ္းအားနည္း
ေနရွာတယ္။ စိတ္မပူပါနဲ႔ သူျပန္သတိရလာမွာပါ"
ႏူးညံ့ညင္သာေသာ အသံပိုင္ရွင္ မာသာ သည္
ကြ်န္ေတာ့္ရွိေနႏိုင္မည့္ ဖက္ကို ေရွးရႈ၍ ႏွစ္သိမ့္
စကားဆိုသည္။ အမွန္ေတာ့ သူမ အႀကည့္မွား
ေနခဲ့သည္။ ကိုယ့္ခ်စ္သူတစ္ေယာက္လံုး ကုတင္
ေပၚ လွဲေနရသည့္ အျဖစ္မွာ ကြ်န္ေတာ္က ဒီအတိုင္း ရပ္ႀကည့္ေနမယ္တဲ့လား?
အိမ္ဖန္ေစာင့္တစ္ေယာက္ပမာ ခ်စ္သူ႔ကုတင္နား
ေဘး ဒူးေထာက္ေငးႀကည့္ေနရသည္။ ျပန္သတိ
ရလာခ်ိန္ ကြ်န္ေတာ့္ကိုပဲ ဦးဆံုးျမင္ေတြ႔ေစခ်င္
သည့္ အတၱ ကြ်န္ေတာ့္မွာရွိတယ္။
"အစ္ကို"
"လ်န္း..."
မ်က္ရည္စိုမ်က္ေတာင္ဖ်ားေတြ။ ဝမ္းနည္းဝမ္းသာျဖစ္ေနရွာသူေလးသည္ မာသာ
၏ ရင္ခြင္ႀကား ေခါင္းဝွက္ကာ ငိုသည္။
ေပ်ာ္ရႊင္ပါေစေတာ့ ခ်စ္သူ။ အခု မင္းတစ္ေယာက္တည္းမဟုတ္ေတာ့ပါဘူး။
တရိပ္ရိပ္ျဖတ္ေက်ာ္လာေသာ ျမင္ကြင္းတို႕ကို
ေငးလိုက္ ေႏြးေထြးစြာ ဆုပ္ကိုင္ေပးထားေသာ
မာသာ၏ လက္မ်ားကို မလႊတ္တမ္းတင္းတင္း
ျပန္ဆုပ္ကိုင္ရင္း မတ္တပ္ရပ္လ်က္ ပါလာေသာ
ကြ်န္ေတာ့္ကို ေက်းဇူးတင္ဟန္ မ်က္လံုးမ်ားျဖင့္
ေမာ့ေမာ့ႀကည့္ရသည္မွာလည္း ခဏခဏ။
ေက်းဇူးတင္ေသာ မ်က္ဝန္းႀကည္ႀကည္ေလးမ်ား
အျမတ္တႏိုး ေခါင္းေလးကို အုပ္ကိုင္မိသည္။
ကိုယ့္ ခ်စ္သူေလး ေဘးကင္းျပီေပါ့။
ျပင္ဦးလြင္...သိပ္လွတဲ့ ျမိဳ႕။ ေတာင္ေလွကားေပၚ
မွာ ပန္းမ်ိဳးစံုနဲ႔ ျမိဳ႕တည္ထားေသာဤေနရာကို
ကြ်န္ေတာ္ႏွစ္သက္သည္။
ေဆးရံုဝင္း...ရင္းႏွီးေနေသာ အေငြ႔အသက္။
ဂိတ္ေပါက္ထဲဝင္ေတာ့ ကေလးငယ္သည္ ရြံတြန္႔
တြန္႔ေလးရယ္...
မာသာကပင္ Nurse မေလးေတြကို နႏၵဦးေမာ္
ဆိုသူကို ေမးျမန္းရသည္။ အထူးခန္းတြင္း ပိုက္တန္းေပါင္းမ်ားစြာနဲ႔ ကြ်န္ေတာ့္ခႏၶာ။
နာမ္သက္သက္ကြ်န္ေတာ့္လက္ေတြကို အားေပး
သလို လာေရာက္ဆုပ္ကိုင္ေပးသည္။
"အစ္ကို အဆင္သင့္ျဖစ္ျပီလားဟင္"
ေခါင္းညိတ္ရင္းေလာင္ျမိဳက္သည္။ ျပံဳးရင္းႀကည့္
ေနသူ စိတ္တြင္း စကားမ်ားမႀကားႏိုင္ေရး
ကြ်န္ေတာ္ ႀကိဳးစားပမ္းစားဖံုးကာထားရသည္။
"ကိုယ့္ ကို ဆက္သြယ္ေနာ္ လ်န္း။ ဒီက ဆရာမ
ေတြဆီမွာ ကိုယ့္ဖုန္းနံပါတ္ေတာင္းလို႕ရတယ္"
ျပံဳးသည္။ သို႕ေပမယ့္ ႏြမ္းလ်လ်ရယ္နဲ႔ ကြ်န္ေတာ့္ကို ပေဟ႒ိဖြက္ေနေသာ အႀကည့္ေတြ
ထို႕ေနာက္ျပံဳးရင္း ခါယမ္းလိုက္ေသာ ေခါင္းနဲ႔
အျပိဳင္ မ်က္ရည္ႀကည္တစ္စက္ ကြ်န္ေတာ့္
ေျခဖမိုးေပၚ လာလြင့္စင္သည္။
"လ်န္း ဘာျဖစ္လို႕လဲ ေျပာေလ"
ေခါင္းခါသည္။ မလိမ္တတ္ပါဘဲ တစ္ခုခုကို
ဖုံးကြယ္ဖို႕ ႀကိဳးစားအားထုတ္ေနေသာ သြင္ျပင္။
ကြ်န္ေတာ့္ကို မသိေစခ်င္ေသာတစ္ခုခု ရွိေနမည္
ဆိုတာ ကြ်န္ေတာ္မသိေလာက္ေအာင္ထိ မညံ့။
အခန္းထဲဝင္ေရာက္သည္။ အတားအဆီးေဖာက္
ထြင္းႏိုင္ေသာ ဤခႏၶာျဖင့္ အိပ္ရာထက္
လဲေလ်ာင္းေနေသာ ကိုယ့္ကိုကိုယ္ ငံု႕ႀကည့္သည္
ေတာ္ေတာ္မ်ားမ်ားထိထားတာပဲ။ ဒီအတိုင္းဆို
Recover ျဖစ္လာဖို႕ ကြ်န္ေတာ္ ေတာ္ေတာ္
အခ်ိန္ယူရမည္။ ကြ်န္ေတာ့္နားတြင္ ကြ်န္ေတာ္
သိေသာသူ တစ္ေယာက္မွ ရွိမေန။ ေခါင္းေမွာက္
အိပ္ေနေသာ ခ်ာတိတ္တစ္ေယာက္သာ ရွိသည္။
မနက္အလင္းကို ဘာလို႕အိပ္ေပ်ာ္?
"ငါ လုပ္ထားတာ အစ္ကို။ သူ႔ကို အိပ္ေမြ႔ခ်ထား
တာ"
ဟုတ္သားပဲ။ ကြ်န္ေတာ့္စိတ္ထဲထိ ေဖာက္ထြင္း
ဖတ္ႏိုင္သည့္သူမ။ တစ္ဖက္သတ္ဆန္လိုက္တာ
အခု သူမ ဘာေတြေတြးေနလဲ ကြ်န္ေတာ္မသိရ
"လ်န္း...ကို႔ ကို တစ္ခုခုဖံုးကြယ္ထားတယ္မလား
မလိမ္နဲ႔ လ်န္း။"
ေခါင္းငံု႕ရင္းမွ...
"အစ္ကို သတိရလာရင္ အခုျဖစ္ခဲ့တာေတြကို
ေမ့သြားမွာ"
"ဘာ!"
ထိတ္လန္႔မႈ။ အကုန္လား??ျဖတ္ေက်ာ္ခဲ့ဖူးေသာ
ကာလေတြ။ တသြင္သြင္စီးဆင္းေနေသာ
စမ္းေခ်ာင္းေလး။ သစ္လံုးအိမ္ ေသးေသးေလး
လွပေသာ လေရာင္လႊမ္းညတစ္ည။ ေနာက္ျပီး
လ်န္း...
ေခါင္းညိတ္ျပသည္။
"အစ္ကို လ်န္း ကိုေမ့သြားမွာ"
"မ...မဟုတ္ဘူး။ အဲ့လို ျဖစ္လို႕မရဘူး လ်န္း
ကို ...ကို မင္းကို ေမ့လို႕မျဖစ္ဘူး"
တုန္လႈပ္မိသည္။ သဘာဝေဘးအႏၱရာယ္ထဲက်
ေရာက္ခဲ့ျခင္းကထက္ ပိုမိုေသာ ေျခာက္ျခားမႈ
"ကို မင္း ကို ေမ့လို႔မျဖစ္ဘူး လ်န္း။ တစ္ခုခုလုပ္
ပါ။ မင္း ကို ေမ့လို႕ မျဖစ္ဘူး!!"
"မေမ့လည္း ငါ တို႕က ေတြ႔ျဖစ္ႀကေတာ့မယ့္
လူေတြမွ မဟုတ္တာ..."
ေျပာရက္လိုက္တာ။ မင္း ကို ကိုယ္ လာမေတြ႔ႏိုင္
ေတာ့တာ မွန္တယ္။ သီလရွင္ျဖစ္မယ့္ မင္းကို
ကိုယ္စိတ္နဲ႔ေတာင္ မျပစ္မွားရက္ေတာ့တာလည္း
မွန္ေနတယ္။ ဒါေပမယ့္ မင္းကုိေတာ့ေမ့လို႕
မရဘူးေလကြာ။ ငါ့တစ္သက္တာမွာ တစ္ႀကိမ္တစ္ခါပဲ ျဖစ္ဖူးတဲ့ အခ်စ္တစ္ခုကို ေမ့ရ
ေလာက္ေအာင္ထိ ဟာကြာ...
ကန္ခ်က္ေႀကာင့္ ကြ်န္ေတာ့္ခႏၶာကို တင္ေဆာင္
ထားေသာ ကုတင္ေပါ့ေပါ့ ေနရာေရြ႔သည္။
ေမ့ေလ်ာ့ေနေသာ ကြ်န္ေတာ့္ အခြံကေတာ့ အေသေကာင္နဲ႔မျခား မလႈပ္မယွက္။
"အစ္ကို စိတ္ေလ်ာ့ပါ။ ေတာင္းပန္ပါတယ္။ အစ္ကို႔ ကို ျမင္ကုန္ေတာ့မယ္"
လက္ေမာင္းကို လာထိေသာအေတြ႔ကို ကြ်န္ေတာ္
ခံစားလို႕ရသည္။ ခ်စ္သူမ်က္ရည္ ပိုးပိုးေပါက္ေပါက္ေႀကြဆင္းေနျခင္းသည္
ႏွလံုးသားအား မိုးသီးေပါက္တို႕နဲ႔ အရွိန္ျပင္းျပင္း
ပစ္ေပါက္ေနသလိုပင္။
"ကို မင္း ကို ေမ့လို႕မျဖစ္ဘူးေလကြာ...ငါက
မင္း ကို ေမ့သြားတယ္ဆိုတာႀကီးက ဘယ္လိုမွ
လက္ခံလို႕မရဘူးေလ လ်န္းရာ"
"ဒါေပမယ့္..."
"ကိုယ့္ကို တစ္ခုခုလုပ္လိုက္ပါလား? ဟုတ္တယ္
မင္း ကိုမွတ္မိေနေအာင္ တစ္ခုခု...ဓား ဓားေရာ"
"ဘာ ဘာလုပ္မလို႕လဲ အစ္ကို..."
"အဲ့ဓားနဲ႔ ကိုယ့္ခႏၶာကိုယ္ ေပၚမွာ မင္း နာမည္
ထိုးခဲ့ပါ Lillyပဲ ျဖစ္ျဖစ္ တစ္ခုခု..."
"ဟင့္အင္း အဲ့လိုလုပ္လို႕မရဘူးေလ။ ငါ ဘယ္သူ႔
ကိုမွ နာက်င္ေအာင္ လုပ္လို႕မရဘူးေလ"
ေတာက္!
"အစ္ကို ျမန္ျမန္ဝင္လိုက္ပါေတာ့...အခ်ိန္မရွိ
ေတာ့ဘူး"
ကြ်န္ေတာ္မလႈပ္မယွက္။ ဒါ ဘယ္လိုဘဝလဲကြာ
"အစ္ကို~~"
ေမာ့ႀကည့္ရင္းမွ ကုတင္ထက္မွ ကြ်န္ေတာ့္ခႏၶာကို
ေငးစိုက္ႀကည့္၏။ ကိုယ္ပင္ျဖစ္ေသာ္လည္း
ကုတင္ထက္မွ ေကာင္ကို ကြ်န္ေတာ္မနာလို
ျဖည္းျဖည္းခ်င္းအနားတိုးလ်က္ ကြ်န္ေတာ့္ဆံပင္
ေတြကို ခပ္ဖြဖြကိုင္တြယ္သည္။ ခပ္ျပံဳးျပံဳးမ်က္ႏွာ
ေလးႏွင့္ပင္
"အစ္ကို႕ အျပင္ကခႏၶာကိုယ္က ခန္႔ညားတယ္"
ကြ်န္ေတာ့္ကို ျပန္ေမာ့ႀကည့္ျပီး
"ဒါေပမယ့္ ဝိညာဥ္က ပိုလွတယ္~~"
ဟု ခပ္တိုးတိုးဆိုသည္။
"စိတ္ခ်ပါ...အစ္ကို ငါ့ကို မေမ့ေလာက္ပါဘူး။
အစ္ကို႔ စိတ္ဝိညာဥ္ထဲထိ ငါ့ကို မွတ္မိေနရင္
ငါနဲ႔ ပတ္သတ္တာ တစ္ခုခုေလာက္ေတာ့ မွတ္မိ
ေနမွာပါ"
"မ မဟုတ္ဘူး။ ငါ မင္းနဲ႔ ပတ္သတ္သမွ် အကုန္
မွတ္မိခ်င္တာ"
ျပံဳးသည္။ ကြ်န္ေတာ္သိခ်င္သည္။ ျပန္လည္ေငး
စိုက္ႀကည့္ေနေသာ သူမ မ်က္ဝန္းေတြထဲမွ
ကြ်န္ေတာ္လိုခ်င္ေသာ အေျဖကို ရွာေဖြမိသည္။
ႀကည္လင္လြန္းလွ၍ ကိုယ့္ကိုကိုယ္ပင္ ျပန္ျမင္
လိုက္ရသည္။ နာလာရျပန္ပါျပီ။
"အစ္ကို႔ ကို ငါ မေမ့ပါဘူး။ အစ္ကို႔ ခႏၶာရုပ္ကို
ေရာ ဝိညာဥ္ကိုပါ ငါ ေမ့မွာ မဟုတ္ပါဘူး...
သြားလိုက္ပါေတာ့ အစ္ကို"
ေနာက္ဆံုးအႀကိမ္...ဒါသည္ ေနာက္ဆံုးအႀကိမ္
ေက်ာမခိုင္းရဲဘူး။ မွတ္မိသြားေအာင္ ကြ်န္ေတာ္
စူးစိုက္ႀကည့္သည္။ ဘယ္ေလာက္ႀကာမလဲ
ကြ်န္ေတာ္မသိ။ သူ႔ နာမည္ကို အထပ္ထပ္
္ေရရြတ္သည္။ ကြ်န္ေတာ္ခ်စ္လွစြာေသာ သူူ႔မ်က္လံုးႀကည္ႀကည္တို႕ကို စူးစူးနစ္နစ္ႀကည့္
ေနစဥ္... အျဖဴေရာင္ ပါးျပင္ေပၚမွ အနက္ေရာင္
စုတ္ထိုးရာတို႕ တျဖည္းျဖည္းအေရာင္မွိန္က်ေန
ျပီျဖစ္သည္။
"လ်န္း..."
"ငါ ငါ က်ိန္စာ ျပယ္ေတာ့မယ္ထင္တယ္"
သူမေနခ်င္ေသာ ဘဝႏွင့္ေနခြင့္ရေတာ့မည္။
ကြ်န္ေတာ့္ကို ကယ္တင္လိုက္၍ပင္ ။ လူသားျဖစ္
ေတာ့မည့္ ကြ်န္ေတာ့္ကို ကယ္တင္လိုက္ႏိုင္၍
က်ိန္စာတို႕ေပ်ာက္လြင့္ေတာ့မည္။
စိတ္ခ်သြားျပီေလ။ ကြ်န္ေတာ့္အခ်စ္တြင္ အတၱ
မပါဝင္ေႀကာင္းေတာ့ သူမ ႏွလံုးသားႏုႏုတြင္
အမွတ္ျပဳအလံစိုက္ထူႏိုင္ခြင့္ ရခ်င္သည္။
ေလာင္ျမိဳက္ေနေသာ ဝိညာဥ္တစ္ခုႏွင့္ နာမည္
တစ္ခုအား စြဲစြဲျမဲျမဲ ထပ္ခါထပ္ခါ ေရရြတ္ရင္း
ကြ်န္ေတာ္လဲေလ်ာင္းမိသည္။ ကြ်န္ေတာ္ မေမ့ခ်င္ဘူး။ မေမ့ခ်င္ဘူး။
လ်န္း... ကြ်န္ေတာ့္ခ်စ္သူနာမည္သည္ လ်န္း
လ်န္း...
အနည္းငယ္လႈပ္လာေသာ လက္ကေလးေတြကို
ေငးစိုက္ႀကည့္ရင္း မိန္းမပ်ိဳေလး ငိုသည္။ ျပံဳးရင္း
ငို၏။
နာက်င္ေအာင္ ဘယ္လုပ္ရက္ပါ့မလဲ အစ္ကိုရယ္
ေနာက္ျပီး ဘယ္ေမ့ေစခ်င္ပါ့မလဲ...
ဝိညာဥ္မဲ့ေနခဲ့သည့္ကာလအရွည္ႀကီးကို ျဖတ္သန္းခဲ့တာေတာင္ ခန္႔ညားေနဆဲျဖစ္ေသာ
ရုပ္သြင္နဲ႔ ဂုဏ္ရည္ႀကီးမားသူက ကိုယ့္ကိုေမ့သြား
မည္ စိုး၍ ကေလးတစ္ေယာက္လို ေဆာက္တည္ရာေတြ မဲ့ေနခဲ့လိုက္တာ။
ေက်းဇူးပါ...ခ်စ္ေပးခဲ့တဲ့ အတြက္ ေက်းဇူးပါ
စေနေန႔ ေန႔လည္ ၁၀နာရီ။
အေရးေပၚခန္းတစ္ခုတည္း ဆယ္ေက်ာ္သက္
ေကာင္ေလး၏
"လူႀကီး သတိရလာျပီ" ဆိုေသာ အသံေနာက္
လူရြယ္တစ္ဦး၏
"လ်န္း" ဟူေသာ ေခၚသံေႀကာင့္ အခန္းအျပင္
ေရာက္စ ကေလးမေလးတစ္ေယာက္၏ ေျခလွမ္း
ေလးေတြ တြန္႔ဆိုင္းခဲ့ရဖူးသည္။
ျမင့္တက္လာေသာ ႏွလံုးခုန္ႏႈန္းေတြႀကားမွ
ေငြဓားေျမာင္ေလးတစ္ခုကို က်စ္က်စ္ပါေသာ
ဆုပ္ကိုင္လ်က္သား ႏိုးထလာေသာ အမ်ိဳးသား
တစ္ေယာက္။
နႏၵဦးေမာ္ ဆိုသည့္ လူနာလက္ပတ္ေလးတစ္ခုကို
ေပ်ာက္ကြယ္သြားမည္ ဆိုးသည့္အလား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လ်က္ႏွင့္ ေဆးရံုဝင္း
ထဲမွ အေျပးတစ္ပိုင္းႏွင့္ ထြက္ေျပးေသာ
မိန္းမပ်ိဳေလး တစ္ေယာက္။
ဒီလိုပါပဲ... ဘယ္သူက ဘယ္သူ႔ကို ဘယ္လို
ခ်စ္ခဲ့ရတယ္ ဆိုတာ ေျပာခြင့္မရလိုက္ဘဲ
ေဝးကြာခဲ့ရတဲ့ ဘဝေတြအတြက္
ဘယ္သူ႔ကို စြဲခ်က္တင္ရပါ့မလဲ??
>>>>>The End<<<<<
ဟူးးးးးစာလံုးေပါင္းေတြ ေနာက္မွ ျပန္စစ္ေတာ့
မယ္။ လူလည္း ႏူးေခြသြားတာပါပဲ...
(Unicode)
/
/
/
လက်ထဲကျန်ရှိနေသေးသော တစ်ထောင်တန်
နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် လိပ်။ ကြွပ်ကြွပ်
အိတ်တစ်ခုထဲထည့်။လွယ်လာသောအိတ်အတွင်း
ပိုင်းတည်း တွယ်အပ်နဲ့တွယ်သည်။
လျန်း လုပ်သမျှကိုငေးရင်း ကျွန်တော်ပြုံးနေမိ
သည်။ ခွဲခွါရတော့မည့် အချိန်တွေနီးလာလေ သူ့
ကို မမေ့သွားစေခြင်းငှာ သူ့အပြုအမူတိုင်းကို
စက္ကန့်မလပ် မှတ်သားထားသည်။
"ပြန်သွားရောင်းရအောင် အစ်ကို။ ငါ့ စိတ်ထဲ
ဒီငွေက သုံးမလောက်ဘူးထင်နေတယ်"
"လောက်ပါတယ်။ ဒီနေ့ည ဘုန်းကြီးကျောင်းမှာ
မအိပ်ပဲ တည်းခိုဇရပ်တစ်ခုခုမှာ အိပ်ပါလား?"
"ပိုက်ဆံကုန်မှာပေါ့။ မနက်ကားစီးရမှာ ပိုက်ဆံ
မကျန်ပဲနေရင်..."
"ကျန်ပါတယ် လျန်းရ...ဘုန်းကြီးကျောင်းမှာဆို
ကို လိုက်ဝင်လို့မရလို့..."
ခဏတွေသွားသည်။ ပိုက်ဆံထည့်ထားသော
အိတ်ကို ထပ်စမ်းကြည့်သည်။
ဆောင်းဝင်နေသော တောင်ပေါ်မြို့သည်နေရောင်
ပျောက်၍ အမှောင်လွယ်၏။ လမ်းသွားလမ်းလာ
ဆိုသည်မှာ သိသိသာသာကျဲပါးသွားပြီ။
ဖြည်းဖြည်းချင်းလမ်းလျှောက်နေသော သူကို
ငဲ့ကာ ငုံ့ကြည့်ငေးနေရသည့် ဤအခိုက်အတန့်။
အထိအတွေ့ဆိုသည်ကို မခံစားရသည်မှာ ကြာနေပြီ ဆိုသော်လည်း... ကိုယ်သည် သူ့အား
ထိတွေ့နိုင်စွမ်းကို စမ်းသပ်ကြည့်ဖို့ မရည်စူး။ မရည်စူးရက်။ ဤမိန်းမပျိုလေးသည် စိတ်ရော
ကိုယ်ပါ စင်ကြယ်လွန်းသည်။
ပြုံးရင်းငေးကြည့်နေရသည်ကိုပင် ကျွန်တော်
ကြည်နူး၏။
"သာသနာပြုဖြစ်ရင် သွားကြည့်ချင်တဲ့နေရာတွေ
အများကြီး"
အိပ်မက်တွေနဲ့ တက်ကြွနေတတ်သော
ဆယ်ကျော်သက်လေးတစ်ယောက်၏ အိပ်မက်
ကူးလူးရာ တစ်ခုဖြစ်နေခွင့်ရသည့် ဤဘဝကို
ခဏတာ ကျေနပ်သည်။ချစ်သူ၏ ချစ်စကားများ
ထက် အိပ်မက်တွေသည်သာ ကျွန်တော့်အတွက်
ရင်ခုန်ဖွယ် စကားစုများ...
"စိတ်နဲ့ လွှင့်ပြီးသွားကြည့်ဖူးတယ်။ ခရိုအေးရှား
ဆိုတဲ့ နိုင်ငံလေးကို ရောက်သွားဖူးတယ်။ အဲ့က
ဘုရားကျောင်းတွေက သိပ်ပြီး ခမ်းနားတယ်။
ဒါပေမယ့် လှတဲ့ နေရာတွေထက်
အဓိက ကတော့ ချို့တဲ့ တဲ့ နေရာတွေကို သွား
ချင်တာ။ အဲ့မှာ ကလေးတွေက သနားဖို့ကောင်း
တယ်။ သူတို့ ပတ်ဝန်းကျင်က သူတို့ကို
လူဆိုးလေးတွေဖြစ်ဖို့ အားပေးနေသလိုပဲ။
သူတို့ လူဆိုးလေးတွေ မဖြစ်အောင် သွန်သင်
ပေးချင်တယ်။ စာသင်ပေးချင်တယ်"
ကျွန်တော်သဘောတကျရယ်တော့ ပြန်မော့ကြည့်
သည်။ အနည်းငယ် ဆူပွပွဖြစ်သွားသော နှုတ်ခမ်း
ပိကျိသည် ဆေးရုံတွင် ကလေးတွေ အငိုတိတ်
အောင်ကျွေးခဲ့ဖူးသော lolly popလေးနဲ့တူ
နေသေး၏။
"ငါဖြစ်ချင်တာတွေက ရယ်စရာကောင်းနေလို့
လားဟင်။ ငါ့မှာ ကျိန်စာတွေ မပြယ်သေးလို့
Father က လက်မခံသေးတာပဲ ရှိတာပါ။
တစ်နေ့ နေ့မှာ ငါလူတွေကြားမှာ ပြန်နေနိုင်ပြီး
ဒုက္ခရောက်နေသူတွေ ရောဂါရနေသူတွေကို ကယ်တင်နိုင်မှာပါ။ဒါကြောင့်လည်း ငါဆေးပညာ
ကိုသင်နေတာ...ငါက နင့်လိုစာမတတ်
လို့လား?ငါ့ အိပ်မက်တွေက ရယ်စရာဖြစ်..."
ပြောနေရင်း ဝမ်နည်းမှုကြောင့် အသံတွေပါ တုန်
ယင် လာ၍ နန္ဒဦးမော်ဆိုသည့် ကျွန်တော်။
ဘယ်သူ့ကိုမှ မခယ ခဲ့ဖူးသော ကျွန်တော်သည်
ချစ်ရသူကိုတော့ ဖြင့် ဦးညွှတ်တောင်းပန်မိသည်။
ဒူးမထောက်ပေမယ့် ခါးတစ်ဝက်ညွှတ်ကွေးလျက်
ချိုးနှိမ်ခြင်းသရုပ်ပြုကာ ချစ်သူ့မျက်နှာ မော်ကာဖူးရင်း
"ကို...မင်း ဖြစ်ချင်တာတွေက ရယ်စရာကောင်း
နေလို့ ရယ်တာမဟုတ်ဘူး လျန်း။ ကို ကံကောင်း
လွန်းတယ် လို့ တွေးမိသွားလို့ပါ...မင်းကို ရယ်
တာ မဟုတ်ဘူး။ ကို တောင်းပန်ပါတယ်...ငိုတော့
မငိုလိုက်နဲ့နော်...ကို မချော့ဖူးလို့ မင်းကျေနပ်အောင် မချော့မိမှာ စိုးတယ် " ဟူ၍ တုန်တုန်ယင်ယင် တောင်းပန်ခဲ့ဖူးပြီ။
"မငိုပါဘူး။"
"အမှန်တော့ မင်းအိပ်မက်တွေ စိတ်ကူးတွေကို
Fatherကို သေချာသွားပြောပြသင့်တယ်"
ချက်ချင်းဆိုသလို ခေါင်းငုံ့သွားပြီး...
"ငါ့ကို ဒီကျိန်စာတွေ မပြယ်သေးသ၍ သူ သူ
တွေ့ရဲမှာမဟုတ်ဘူး"
ဟူ၍ ထစ်ထစ်အအ ဆိုသော စကားတွေသည်
ကျွန်တော့်ကို ဓားနဲ့မွှန်းသလိုပင်။
ရင်နာတယ် ချစ်သူ။ ဆွဲထားချင်တယ်။ တစ်သက်
မှာ တစ်ခါသာ ဖြစ်ဖူးခဲ့တဲ့ အချစ်တွေနဲ့ မင်းကို
ကိုယ်ပဲ အပိုင်သိမ်းချင်တာ...ဒါပေမယ့်
"မင်း တကယ် သာသနာပြုဖြစ်ချင်တာလား?
မင်း သူငယ်ချင်းဖြစ်ချင်လို့ ဖြစ်ချင်တာလား?"
နောက်ဆုံးမေးခွန်းပဲ လျန်း။ ဖြေလိုက်တဲ့ အဖြေ
ရဲ့ နောက်မှာ မင်း နဲ့ ငါရဲ့ အနာဂတ်ရှိတယ်။
လောဘကြီးတယ်မဆိုသာပေမယ့် ကိုယ့်ချစ်သူကို
လောကီစည်းစိမ်ခံစားစေချင်တယ်။
၅၂၈ရောစပ်ထားပြီး ငါ့သမုဒယအနွယ်ဝင် သစ္စာ
ထပ်ချစ်ခြင်းတရားထဲ မင်းကို ထည့်သိပ်ထားချင်
တဲ့ လူသားဆန်တဲ့ အတ္တကြီးကြီးငါ့မှာရှိတယ်။
"ငါစိတ်နဲ့ ငါ ဖြစ်ချင်တာ။ ဒီဝတ်စုံနက်တွေထက် Sisterဝတ်စုံ ကိုပဲ ဝတ်ချင်ခဲ့တာ။ ကျိန်စာတွေဆိုနေတဲ့ ဒီဘဝထက် ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေကို ဝေမျှချင်တာ"
"Say Yes..."
အလောသုံးဆယ်မပြောမိရင် မင်းကို ငါ့ဘဝထဲက
ထွက်မသွားအောင် လုပ်မိတော့မှာမို့ အခုချက်ချင်းပြောလိုက်ပါ။
"ဘာ...ဘာကို "
အဲ့လိုရိုးသားလွန်းစွာ ဆွဲဆောင်မှုအဘိဓာန်လွတ်
အပြုအမူတွေနဲ့ ငါ့ကို လောဘမတတ်မိစေပါနဲ့
တော့ကွာ။
"Say Yes လျန်း။ Now!"
စိတ်တွင်းမှ အသံလှိုင်းသည် အပြင်သို့ပင်ထွက်
လာသည်ထင် သစ်ရွက်တစ်ချို့ပင် ထိတ်လန့်တ
ကြားနှင့် သူမ ခြေရင်းသို့ လွင့်ကျလာသည်။
"Yes~~"
ထွေးပွေ့မှု၏ အဆုံးတွင် " အစ်ကို" ဆိုသည့် အသံသည် သူမ လည်ချောင်းထဲ၌ပင် ပြန်လည်
ကွယ်ပျောက်သည်။
အားကုန်ပြေးမိသည်။ အမိုးချွန်တွေသည် အမှောင်ဝင်စ မိုးကုတ်စက်ဝိုင်းအောက် အဖြူ
သဏ္ဌာန်ဆိတ်ငြိမ်သက်နေသည်။
မောဟိုက်တုန်ယင်နေသော ခံစားချက် မခံစားရ
ပါ။ လောင်မြိုက်ခြင်းသာ ဖြစ်တည်မြဲနေသည်။
ဝတ်ပြုဆောင်ထဲ ဖယောင်းတိုင်မီးထွန်းညှိနေ
သော Father... နေရောင်မကျ၍ အရောင်
မထင် ရိပ်မတင်သော ရောင်စုံမှန်ကူကွက်
များပေါ်တွင်ဖယောင်းတိုင်၏ အရိပ်သည်
ယိမ်းနွဲ့ကခုန်နေ၏။
ခြေသံတရှပ်ရှပ်သည် မိန်းကလေးတစ်ယောက်၏
အသံပြုနေသည်ကို ယုံမှားဖွယ် အတိပြီးစေသည်။
"Lilly"
ကျွန်တော်တစ်ခါမှ မကြားခဲ့ဖူးသော သူမ၏နာမ
တစ်ခု။ တိတိကျကျပြောရလျှင် သူမနှင့်လိုက်ဖက်
လွန်းသော ပညတ်တစ်ပါးပေမို့ အလိုလိုပြုံးမိ
သွားသည်။
အံ့သြမှုကြားမှ မထိန်းနိုင်မသိမ်းနိုင်နဲ့ ရောင်ပြန်
ဟပ်လာသော ထိတ်လန့်မှု။ နာကျင်ရပြန်ပြီနောက်တစ်ဖန်။ ကျွန်တော့်ချစ်သူ
ကို အဘယ်ကြောင့် ထိုသို့ ထိတ်လန့်ဖွယ်အဖြစ်
မြင်နိုင်ရက်ကြသည်လဲ?
"ဘယ်လိုရောက်လာတာလဲ Lilly(လီလီ)"
သူမကျွမ်းကျင်သော ဘာသာစကားအားမြွတ်ဟ
လျက် ပါးပြင်ပေါ်မှ စုတ်ထိုးရာများကို အာရုံစု
ကြည့်နေသော အနောက်နိုင်ငံသား Father
"ကျွန်တော့်နာမည် နန္ဒဦးမော်ပါ"
နီဆွေးဆွေး နှုတ်ခမ်းလုံးသေးသေးကြားမှ
မလိုက်မဖက်ထွက်လာသော သြရှရှနဲ့သတ္ထု
ဓာတ်ဝင် အသံလှိုင်းကြောင့် Father နောက်
တစ်လှမ်းဆုတ်သည်။
"ဘာလို့...ဘာလို့ Lilly ကိုယ်ထဲဝင်နေရတာ
လဲ? Lilly ရော Lilly ဘာဖြစ်သွားတာလဲ?"
"သူ နာကျင်နေတယ်။ အထီးကျန်မှု စွန့်ပစ်ခံရမှု
တွေကြောင့် အရွယ်နဲ့ မမျှအောင်နာကျင်နေရ
တယ်။ သူ့ဝိညာဉ်ထဲထိတောင် ဝမ်းနည်းမှုကို
ခံစားနေရတယ်...ကျွန်တော့်ကို စကားပြောခွင့်
ပေးပါ။ ကျွန်တော့်သူ့ကိုယ်ထဲ ကြာကြာနေလို့မရ
ဘူး"
အံ့သြခြင်းအပေါင်းခညောင်းလျက်မှ နွေးထွေး
သော ဧည့်ဝတ်ကို ပြုကျင့်သည်။ သံဆူးခက်သရဖူဆောင်း ကိုယ်တော်ကို အားကိုး
တကြီး မော့ကြည့်ပြီးမှ မျက်နှာချင်းဆိုင်မှ ကျွန်
တော့်ကို တနည်းအားဖြင့် ကျွန်တော့ချစ်သူကို
ဂရုဏာကြီးစွာ ရှု၏။
"ကိုယ်တော် လည်း မနှင်ရက်ခဲ့ပါဘူး။ ဒါပေမယ့်
ကတိတွေ နဲ့ သူ့ကို ပြန်စင်ကြယ်စေချင်ခဲ့တာ"
"သူ့အမှား သေးတယ်လို့လည်း ကျွန်တော်မပြော
လိုဘူး။ ဒါပေမယ့် သူ့ဖက်ကိုလည်းကြည့်ပေးပါ
အရွယ်မရောက်သေးတဲ့ အရွယ်လေးကို ရွာပြန်လွှတ်ခဲ့ပေမယ့် ရွာပြင်ထုတ်ခံခဲ့ရတယ်။ ရွာထဲမှာ ဖျားရင်နာရင်တောင် သူ့ကြောင့်ဆိုတဲ့ အစွဲနဲ့ သူနေတဲ့တဲရှေ့ ခေါစာလာပစ်ကြတယ်။
သူဘယ်လောက်နာကျင်နေရမလဲ
တောစပ်မှာတစ်ယောက်တည်း
အသက်ရှင်ဖို့ ရှုန်းကန်နေရတဲ့ ကလေးငယ်ကို
ဘယ်လိုစိတ်မျိုးနဲ့ တစ်ယောက်တည်းထားခဲ့နိုင်
မှာလဲ?"
အသံလှိုင်းတို့ ဟိန်းထွက်သည်။ ဝိညာဉ်ပူးခြင်း
သက်ရောက်ချက်အခြေခံအရ မူရင်းအသံထက်
အနည်းငယ် ခြောက်ခြားနေစေတာလည်း အမှန်ပင်။
"သူ့ အိပ်မက်တွေကိုရော မေးကြည့်ဖူးလား?"
"သူနဲ့ Katyက သာသနာပြုဖြစ်ချင်ခဲ့ကြတာ ကိုယ်တော်သိတယ်"
"ဖြစ်ခွင့်ပေးလိုက်ပါ။ သူ့အမှားတွေရှိနေရင်
တောင် သူ့ကျိန်စာတွေ မပြယ်သေးရင်တေင်
သူက အန္တရာယ်ပြုမယ့် ကလေးမဟုတ်ပါဘူး
ဒါ ကျွန်တော်အသိဆုံးပါ...အခု မကြာတော့တဲ့ အချိန်မှာ ကျွန်တော်သူ့ကိုထားခဲ့ရတော့မယ်။
ကျွန်တော်သူ့ကို စိတ်မချဘူး။ ဖြစ်နိုင်ရင် ကျွန်တော်သူ့ကို စောင့်ရှောက်ပေးချင်တာ။"
ကျွန်တော့်မျက်လုံးမဟုတ်ပေမယ့် ခံစားမှုတွေ
လျှံကျသည်ထင်။ Fatherသည်လည်း ငယ်ရာ
မှ ကြီးလေသူမို့ ခပ်ဖွဖွ သက်ပြင်းကိုချသည်။
"ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ကို
သူ ပြန်ပို့ပေးဖို့ ကြိုးစားပေးနေတယ်။ ဒါပေမယ့်
သွားရမယ့် ခရီးအတွက် သူ့ကိုစိတ်မချဘူး။
ဒီက တစ်ယောက်ယောက်လောက်စောင့်ရှောက်
ပေးပါ။ ပြီးတော့...ပြီးတော့ သူ့ကို တစ်ယောက်
တည်းပစ်မထားကြပါနဲ့။သူ့ကိုစောင့်ရှောက်ပေး
ကြပါ"
မျက်ရည်။ ကျွန်တော့်ပိုင် မျက်ဝန်းတွင်းမှ မဟုတ်
ပေမယ့် ဖြိုင်ကျဆင်းလာသော မျက်ရည်။
ကျွန်တော်သိနေတဲ့ တခြားတစ်ဖက်တွင်လည်း
ငိုကြွေးနေသော စိတ်ဝိညာဉ်လေးတစ်ခု။
ချစ်ရပါသော ချစ်သူ~~ကိုယ် မင်းကို လေးစား
လို့ပါ။ မင်း အိပ်မက်တွေကို မက်ခွင့်ပေးလိုက်
တာပါ။ ကိုယ့် အတ္တထက် မင်း အနာဂတ်ပိုလှ
နေလို့ပါ။
သင့်ကို တန်ဖိုးထားမြတ်နိုးတဲ့သူက ဘုရားနဲ့သင့်
ဆက်ဆံရေးပျက်သွားအောင် လုပ်ပါ့မလား ဆိုတဲ့
ကိုယ်ဖတ်ခဲ့ဖူးတဲ့ သမ္မာကျမ်းစာလာအရလိုပေါ့။
ကိုယ်က မင်းကို ကိုယ့်ရင်ခွင်မှာ သိမ်းထားဖို့
ထက် မင်းယုံကြည်ရာ ကောင်းကင်နိုင်ငံကိုပဲ
မင်း ရောက်အောင်သွားနိုင်ပါစေ။
"Father ကတိပေးပါတယ်။ Lilly ကိုစောင့်
ရှောက်ပေးပါ့မယ်"
ကြားစေချင်တယ်။ သူ အမျှော်လင့်ဆုံး စကားကို
သူ့နား သူ့အသိနဲ့ ဆက်ဆက်ကြားနာလိုက်စေ
ချင်သော စိတ်ဇောအဟုန်ဖြင့် သူ့ခန္ဓာကိုယ်ထဲမှ
ရုန်းထွက်စဉ်...
ဝုန်း ဟူသော လဲပြိုသံ။
"လျန်း..."
တောက်!! ဒေါသတကြီးနဲ့ ကိုယ့်ကိုကိုယ်ဆုတ်ဖြဲ
ပစ်လိုက်ချင်တယ်။ သူမ အနားဝိုင်းဝန်းကာ
သတိပြန်လည်လာအောင် လုပ်နိုင်သူထဲ ကျွန်တော်မပါ။ ကုတင်ဖွေးဖွေးထက် နွမ်းလျစွာ
လဲကျနေသူ၏ ပါးပြင်အေးစက်စက်တို့အား
နွေးထွေးမှု ပေးနေကြသော လက်တွေထဲ
ကျွန်တော်မပါ။
"အချိန်တော်တော်ကြာ ဝင်ပူးထားတော့ လက်ခံ
ခန္ဓာကိုယ်က တောင့်မခံထားနိုင်ဘူး။
လူရော စိတ်ဝိညာဉ်ရော အရမ်းအားနည်း
နေရှာတယ်။ စိတ်မပူပါနဲ့ သူပြန်သတိရလာမှာပါ"
နူးညံ့ညင်သာသော အသံပိုင်ရှင် မာသာ သည်
ကျွန်တော့်ရှိနေနိုင်မည့် ဖက်ကို ရှေးရှု၍ နှစ်သိမ့်
စကားဆိုသည်။ အမှန်တော့ သူမ အကြည့်မှား
နေခဲ့သည်။ ကိုယ့်ချစ်သူတစ်ယောက်လုံး ကုတင်
ပေါ် လှဲနေရသည့် အဖြစ်မှာ ကျွန်တော်က ဒီအတိုင်း ရပ်ကြည့်နေမယ်တဲ့လား?
အိမ်ဖန်စောင့်တစ်ယောက်ပမာ ချစ်သူ့ကုတင်နား
ဘေး ဒူးထောက်ငေးကြည့်နေရသည်။ ပြန်သတိ
ရလာချိန် ကျွန်တော့်ကိုပဲ ဦးဆုံးမြင်တွေ့စေချင်
သည့် အတ္တ ကျွန်တော့်မှာရှိတယ်။
"အစ်ကို"
"လျန်း..."
မျက်ရည်စိုမျက်တောင်ဖျားတွေ။ ဝမ်းနည်းဝမ်းသာဖြစ်နေရှာသူလေးသည် မာသာ
၏ ရင်ခွင်ကြား ခေါင်းဝှက်ကာ ငိုသည်။
ပျော်ရွှင်ပါစေတော့ ချစ်သူ။ အခု မင်းတစ်ယောက်တည်းမဟုတ်တော့ပါဘူး။
တရိပ်ရိပ်ဖြတ်ကျော်လာသော မြင်ကွင်းတို့ကို
ငေးလိုက် နွေးထွေးစွာ ဆုပ်ကိုင်ပေးထားသော
မာသာ၏ လက်များကို မလွှတ်တမ်းတင်းတင်း
ပြန်ဆုပ်ကိုင်ရင်း မတ်တပ်ရပ်လျက် ပါလာသော
ကျွန်တော့်ကို ကျေးဇူးတင်ဟန် မျက်လုံးများဖြင့်
မော့မော့ကြည့်ရသည်မှာလည်း ခဏခဏ။
ကျေးဇူးတင်သော မျက်ဝန်းကြည်ကြည်လေးများ
အမြတ်တနိုး ခေါင်းလေးကို အုပ်ကိုင်မိသည်။
ကိုယ့် ချစ်သူလေး ဘေးကင်းပြီပေါ့။
ပြင်ဦးလွင်...သိပ်လှတဲ့ မြို့။ တောင်လှေကားပေါ်
မှာ ပန်းမျိုးစုံနဲ့ မြို့တည်ထားသောဤနေရာကို
ကျွန်တော်နှစ်သက်သည်။
ဆေးရုံဝင်း...ရင်းနှီးနေသော အငွေ့အသက်။
ဂိတ်ပေါက်ထဲဝင်တော့ ကလေးငယ်သည် ရွံတွန့်
တွန့်လေးရယ်...
မာသာကပင် Nurse မလေးတွေကို နန္ဒဦးမော်
ဆိုသူကို မေးမြန်းရသည်။ အထူးခန်းတွင်း ပိုက်တန်းပေါင်းများစွာနဲ့ ကျွန်တော့်ခန္ဓာ။
နာမ်သက်သက်ကျွန်တော့်လက်တွေကို အားပေး
သလို လာရောက်ဆုပ်ကိုင်ပေးသည်။
"အစ်ကို အဆင်သင့်ဖြစ်ပြီလားဟင်"
ခေါင်းညိတ်ရင်းလောင်မြိုက်သည်။ ပြုံးရင်းကြည့်
နေသူ စိတ်တွင်း စကားများမကြားနိုင်ရေး
ကျွန်တော် ကြိုးစားပမ်းစားဖုံးကာထားရသည်။
"ကိုယ့် ကို ဆက်သွယ်နော် လျန်း။ ဒီက ဆရာမ
တွေဆီမှာ ကိုယ့်ဖုန်းနံပါတ်တောင်းလို့ရတယ်"
ပြုံးသည်။ သို့ပေမယ့် နွမ်းလျလျရယ်နဲ့ ကျွန်တော့်ကို ပဟေဋ္ဌိဖွက်နေသော အကြည့်တွေ
ထို့နောက်ပြုံးရင်း ခါယမ်းလိုက်သော ခေါင်းနဲ့
အပြိုင် မျက်ရည်ကြည်တစ်စက် ကျွန်တော့်
ခြေဖမိုးပေါ် လာလွင့်စင်သည်။
"လျန်း ဘာဖြစ်လို့လဲ ပြောလေ"
ခေါင်းခါသည်။ မလိမ်တတ်ပါဘဲ တစ်ခုခုကို
ဖုံးကွယ်ဖို့ ကြိုးစားအားထုတ်နေသော သွင်ပြင်။
ကျွန်တော့်ကို မသိစေချင်သောတစ်ခုခု ရှိနေမည်
ဆိုတာ ကျွန်တော်မသိလောက်အောင်ထိ မညံ့။
အခန်းထဲဝင်ရောက်သည်။ အတားအဆီးဖောက်
ထွင်းနိုင်သော ဤခန္ဓာဖြင့် အိပ်ရာထက်
လဲလျောင်းနေသော ကိုယ့်ကိုကိုယ် ငုံ့ကြည့်သည်
တော်တော်များများထိထားတာပဲ။ ဒီအတိုင်းဆို
Recover ဖြစ်လာဖို့ ကျွန်တော် တော်တော်
အချိန်ယူရမည်။ ကျွန်တော့်နားတွင် ကျွန်တော်
သိသောသူ တစ်ယောက်မှ ရှိမနေ။ ခေါင်းမှောက်
အိပ်နေသော ချာတိတ်တစ်ယောက်သာ ရှိသည်။
မနက်အလင်းကို ဘာလို့အိပ်ပျော်?
"ငါ လုပ်ထားတာ အစ်ကို။ သူ့ကို အိပ်မွေ့ချထား
တာ"
ဟုတ်သားပဲ။ ကျွန်တော့်စိတ်ထဲထိ ဖောက်ထွင်း
ဖတ်နိုင်သည့်သူမ။ တစ်ဖက်သတ်ဆန်လိုက်တာ
အခု သူမ ဘာတွေတွေးနေလဲ ကျွန်တော်မသိရ
"လျန်း...ကို့ ကို တစ်ခုခုဖုံးကွယ်ထားတယ်မလား
မလိမ်နဲ့ လျန်း။"
ခေါင်းငုံ့ရင်းမှ...
"အစ်ကို သတိရလာရင် အခုဖြစ်ခဲ့တာတွေကို
မေ့သွားမှာ"
"ဘာ!"
ထိတ်လန့်မှု။ အကုန်လား??ဖြတ်ကျော်ခဲ့ဖူးသော
ကာလတွေ။ တသွင်သွင်စီးဆင်းနေသော
စမ်းချောင်းလေး။ သစ်လုံးအိမ် သေးသေးလေး
လှပသော လရောင်လွှမ်းညတစ်ည။ နောက်ပြီး
လျန်း...
ခေါင်းညိတ်ပြသည်။
"အစ်ကို လျန်း ကိုမေ့သွားမှာ"
"မ...မဟုတ်ဘူး။ အဲ့လို ဖြစ်လို့မရဘူး လျန်း
ကို ...ကို မင်းကို မေ့လို့မဖြစ်ဘူး"
တုန်လှုပ်မိသည်။ သဘာဝဘေးအန္တရာယ်ထဲကျ
ရောက်ခဲ့ခြင်းကထက် ပိုမိုသော ခြောက်ခြားမှု
"ကို မင်း ကို မေ့လို့မဖြစ်ဘူး လျန်း။ တစ်ခုခုလုပ်
ပါ။ မင်း ကို မေ့လို့ မဖြစ်ဘူး!!"
"မမေ့လည်း ငါ တို့က တွေ့ဖြစ်ကြတော့မယ့်
လူတွေမှ မဟုတ်တာ..."
ပြောရက်လိုက်တာ။ မင်း ကို ကိုယ် လာမတွေ့နိုင်
တော့တာ မှန်တယ်။ သီလရှင်ဖြစ်မယ့် မင်းကို
ကိုယ်စိတ်နဲ့တောင် မပြစ်မှားရက်တော့တာလည်း
မှန်နေတယ်။ ဒါပေမယ့် မင်းကိုတော့မေ့လို့
မရဘူးလေကွာ။ ငါ့တစ်သက်တာမှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖူးတဲ့ အချစ်တစ်ခုကို မေ့ရ
လောက်အောင်ထိ ဟာကွာ...
ကန်ချက်ကြောင့် ကျွန်တော့်ခန္ဓာကို တင်ဆောင်
ထားသော ကုတင်ပေါ့ပေါ့ နေရာရွေ့သည်။
မေ့လျော့နေသော ကျွန်တော့် အခွံကတော့ အသေကောင်နဲ့မခြား မလှုပ်မယှက်။
"အစ်ကို စိတ်လျော့ပါ။ တောင်းပန်ပါတယ်။ အစ်ကို့ ကို မြင်ကုန်တော့မယ်"
လက်မောင်းကို လာထိသောအတွေ့ကို ကျွန်တော်
ခံစားလို့ရသည်။ ချစ်သူမျက်ရည် ပိုးပိုးပေါက်ပေါက်ကြွေဆင်းနေခြင်းသည်
နှလုံးသားအား မိုးသီးပေါက်တို့နဲ့ အရှိန်ပြင်းပြင်း
ပစ်ပေါက်နေသလိုပင်။
"ကို မင်း ကို မေ့လို့မဖြစ်ဘူးလေကွာ...ငါက
မင်း ကို မေ့သွားတယ်ဆိုတာကြီးက ဘယ်လိုမှ
လက်ခံလို့မရဘူးလေ လျန်းရာ"
"ဒါပေမယ့်..."
"ကိုယ့်ကို တစ်ခုခုလုပ်လိုက်ပါလား? ဟုတ်တယ်
မင်း ကိုမှတ်မိနေအောင် တစ်ခုခု...ဓား ဓားရော"
"ဘာ ဘာလုပ်မလို့လဲ အစ်ကို..."
"အဲ့ဓားနဲ့ ကိုယ့်ခန္ဓာကိုယ် ပေါ်မှာ မင်း နာမည်
ထိုးခဲ့ပါ Lillyပဲ ဖြစ်ဖြစ် တစ်ခုခု..."
"ဟင့်အင်း အဲ့လိုလုပ်လို့မရဘူးလေ။ ငါ ဘယ်သူ့
ကိုမှ နာကျင်အောင် လုပ်လို့မရဘူးလေ"
တောက်!
"အစ်ကို မြန်မြန်ဝင်လိုက်ပါတော့...အချိန်မရှိ
တော့ဘူး"
ကျွန်တော်မလှုပ်မယှက်။ ဒါ ဘယ်လိုဘဝလဲကွာ
"အစ်ကို~~"
မော့ကြည့်ရင်းမှ ကုတင်ထက်မှ ကျွန်တော့်ခန္ဓာကို
ငေးစိုက်ကြည့်၏။ ကိုယ်ပင်ဖြစ်သော်လည်း
ကုတင်ထက်မှ ကောင်ကို ကျွန်တော်မနာလို
ဖြည်းဖြည်းချင်းအနားတိုးလျက် ကျွန်တော့်ဆံပင်
တွေကို ခပ်ဖွဖွကိုင်တွယ်သည်။ ခပ်ပြုံးပြုံးမျက်နှာ
လေးနှင့်ပင်
"အစ်ကို့ အပြင်ကခန္ဓာကိုယ်က ခန့်ညားတယ်"
ကျွန်တော့်ကို ပြန်မော့ကြည့်ပြီး
"ဒါပေမယ့် ဝိညာဉ်က ပိုလှတယ်~~"
ဟု ခပ်တိုးတိုးဆိုသည်။
"စိတ်ချပါ...အစ်ကို ငါ့ကို မမေ့လောက်ပါဘူး။
အစ်ကို့ စိတ်ဝိညာဉ်ထဲထိ ငါ့ကို မှတ်မိနေရင်
ငါနဲ့ ပတ်သတ်တာ တစ်ခုခုလောက်တော့ မှတ်မိ
နေမှာပါ"
"မ မဟုတ်ဘူး။ ငါ မင်းနဲ့ ပတ်သတ်သမျှ အကုန်
မှတ်မိချင်တာ"
ပြုံးသည်။ ကျွန်တော်သိချင်သည်။ ပြန်လည်ငေး
စိုက်ကြည့်နေသော သူမ မျက်ဝန်းတွေထဲမှ
ကျွန်တော်လိုချင်သော အဖြေကို ရှာဖွေမိသည်။
ကြည်လင်လွန်းလှ၍ ကိုယ့်ကိုကိုယ်ပင် ပြန်မြင်
လိုက်ရသည်။ နာလာရပြန်ပါပြီ။
"အစ်ကို့ ကို ငါ မမေ့ပါဘူး။ အစ်ကို့ ခန္ဓာရုပ်ကို
ရော ဝိညာဉ်ကိုပါ ငါ မေ့မှာ မဟုတ်ပါဘူး...
သွားလိုက်ပါတော့ အစ်ကို"
နောက်ဆုံးအကြိမ်...ဒါသည် နောက်ဆုံးအကြိမ်
ကျောမခိုင်းရဲဘူး။ မှတ်မိသွားအောင် ကျွန်တော်
စူးစိုက်ကြည့်သည်။ ဘယ်လောက်ကြာမလဲ
ကျွန်တော်မသိ။ သူ့ နာမည်ကို အထပ်ထပ်
်ရေရွတ်သည်။ ကျွန်တော်ချစ်လှစွာသော သူူ့မျက်လုံးကြည်ကြည်တို့ကို စူးစူးနစ်နစ်ကြည့်
နေစဉ်... အဖြူရောင် ပါးပြင်ပေါ်မှ အနက်ရောင်
စုတ်ထိုးရာတို့ တဖြည်းဖြည်းအရောင်မှိန်ကျနေ
ပြီဖြစ်သည်။
"လျန်း..."
"ငါ ငါ ကျိန်စာ ပြယ်တော့မယ်ထင်တယ်"
သူမနေချင်သော ဘဝနှင့်နေခွင့်ရတော့မည်။
ကျွန်တော့်ကို ကယ်တင်လိုက်၍ပင် ။ လူသားဖြစ်
တော့မည့် ကျွန်တော့်ကို ကယ်တင်လိုက်နိုင်၍
ကျိန်စာတို့ပျောက်လွင့်တော့မည်။
စိတ်ချသွားပြီလေ။ ကျွန်တော့်အချစ်တွင် အတ္တ
မပါဝင်ကြောင်းတော့ သူမ နှလုံးသားနုနုတွင်
အမှတ်ပြုအလံစိုက်ထူနိုင်ခွင့် ရချင်သည်။
လောင်မြိုက်နေသော ဝိညာဉ်တစ်ခုနှင့် နာမည်
တစ်ခုအား စွဲစွဲမြဲမြဲ ထပ်ခါထပ်ခါ ရေရွတ်ရင်း
ကျွန်တော်လဲလျောင်းမိသည်။ ကျွန်တော် မမေ့ချင်ဘူး။ မမေ့ချင်ဘူး။
လျန်း... ကျွန်တော့်ချစ်သူနာမည်သည် လျန်း
လျန်း...
အနည်းငယ်လှုပ်လာသော လက်ကလေးတွေကို
ငေးစိုက်ကြည့်ရင်း မိန်းမပျိုလေး ငိုသည်။ ပြုံးရင်း
ငို၏။
နာကျင်အောင် ဘယ်လုပ်ရက်ပါ့မလဲ အစ်ကိုရယ်
နောက်ပြီး ဘယ်မေ့စေချင်ပါ့မလဲ...
ဝိညာဉ်မဲ့နေခဲ့သည့်ကာလအရှည်ကြီးကို ဖြတ်သန်းခဲ့တာတောင် ခန့်ညားနေဆဲဖြစ်သော
ရုပ်သွင်နဲ့ ဂုဏ်ရည်ကြီးမားသူက ကိုယ့်ကိုမေ့သွား
မည် စိုး၍ ကလေးတစ်ယောက်လို ဆောက်တည်ရာတွေ မဲ့နေခဲ့လိုက်တာ။
ကျေးဇူးပါ...ချစ်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ
စနေနေ့ နေ့လည် ၁၀နာရီ။
အရေးပေါ်ခန်းတစ်ခုတည်း ဆယ်ကျော်သက်
ကောင်လေး၏
"လူကြီး သတိရလာပြီ" ဆိုသော အသံနောက်
လူရွယ်တစ်ဦး၏
"လျန်း" ဟူသော ခေါ်သံကြောင့် အခန်းအပြင်
ရောက်စ ကလေးမလေးတစ်ယောက်၏ ခြေလှမ်း
လေးတွေ တွန့်ဆိုင်းခဲ့ရဖူးသည်။
မြင့်တက်လာသော နှလုံးခုန်နှုန်းတွေကြားမှ
ငွေဓားမြောင်လေးတစ်ခုကို ကျစ်ကျစ်ပါသော
ဆုပ်ကိုင်လျက်သား နိုးထလာသော အမျိုးသား
တစ်ယောက်။
နန္ဒဦးမော် ဆိုသည့် လူနာလက်ပတ်လေးတစ်ခုကို
ပျောက်ကွယ်သွားမည် ဆိုးသည့်အလား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက်နှင့် ဆေးရုံဝင်း
ထဲမှ အပြေးတစ်ပိုင်းနှင့် ထွက်ပြေးသော
မိန်းမပျိုလေး တစ်ယောက်။
ဒီလိုပါပဲ... ဘယ်သူက ဘယ်သူ့ကို ဘယ်လို
ချစ်ခဲ့ရတယ် ဆိုတာ ပြောခွင့်မရလိုက်ဘဲ
ဝေးကွာခဲ့ရတဲ့ ဘဝတွေအတွက်
ဘယ်သူ့ကို စွဲချက်တင်ရပါ့မလဲ??
>>>>>The End<<<<<
ဟူးးးးးစာလုံးပေါင်းတွေ နောက်မှ ပြန်စစ်တော့
မယ်။ လူလည်း နူးခွေသွားတာပါပဲ...