ကျေးဇူးတင်လွှာ

15.9K 1.8K 108
                                    

ကျေးဇူးတင်လွှာလို့ ခေါင်းစဉ်တပ်ထားပေမယ့်
တောင်းပန်စာလို့ ပြောရမယ်ဆိုရင် ပိုမှန်မည်
ထင်ရဲ့။

အားလုံးစိတ်မောခဲ့ရတယ်နော်...တကယ်စိတ်မ
ကောင်းပါဘူး။ တစ်ဆက်တည်း သူ့ကိုချစ်ပေး
ကြ၊ သူ့ဖြစ်တည်မှုကို ထပ်တူတန်ဖိုးထားပေး
ကြလို့ အကြိမ်ကြိမ်မျက်ရည်ကျမိသည်အထိ
ကြည်နူးခဲ့ရပါတယ်။

စိတ်မောစရာတွေ ဘာလို့ ရေးရတာလဲ ဆုငယ်
ရယ်လို့ မေးခဲ့တယ်။ ဘာလို့လည်း ကိုယ်မပြော
တတ်ဘူး။ သူ ဆိုတဲ့ လူ ရဲ့ သီးသန့် Mini ကို
ရေးမယ်ဆိုတာ ဇာတ်လမ်းကို plotချတည်းက
စဉ်းစားထားခဲ့တာပါ။  သူချစ်ခဲ့တဲ့
လူဟာ ဘယ်လိုလူမျိုးလဲဆိုပြီး မျက်လုံးတွေမှိတ်
ရည်မှန်းလိုက်တည်းက ဖြူစင်ကြည်လင်တဲ့
မျက်လုံးတွေနဲ့ သူ့ထက် အများကြီးငယ်တဲ့
ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ကိုပဲ
မြင်ယောင်လာတယ်။

အဲ့ မိန်းကလေးက သူနဲ့ ဘာဆိုဘာမှ မတူတဲ့
အခြေအနေမျိုးမှာ သူ့ကိုတွေ့ခဲ့တယ်လို့ပဲ စိတ်ထဲထင်လာခဲ့တယ်။

သူ့လို မျိုးရိုးဂုဏ်ကြီးတဲ့ လူက တောစပ်လေးမှာ
တစ်ကိုယ်တည်းနေခဲ့ရတဲ့ ကလေးမလေးကို ချစ်
ခဲ့ဖူးတယ်။

သူ့လို ပညာတွေတတ်တဲ့ လူတစ်ယောက်က
မြန်မာစာတောင် မပေါင်းဖတ်တတ်တဲ့ ကလေးမ
ကိုချစ်ခဲ့ဖူးတယ်။

သူလို လူတကာရှိန်ရတဲ့ လူက သူ့ကို နင်နဲ့ ငါနဲ့
ပြောခဲ့တဲ့ ကလေးမလေးကိုတော့ ကြည်ဖြူခဲ့
တယ်

အခုခေတ် ရွှေကိုရွှေနဲ့ ထပ်မှ မြတ်တယ်ရယ်လို့
သတ်မှတ်ထားကြတဲ့ အသိုင်းအဝိုင်းတွေထဲ
သူကတော့ အချစ်ကို အရိုးရှင်းဆုံး ချစ်ခဲ့တယ်။
ကွဲပြားမှုတွေ ခြားနားမှုတွေကို မကြည့်ဘဲ ဒီအတိုင်း အချစ်ဟာ အချစ်ပဲ။ အနိမ့်အမြင့် အလွှာအပိုင်း အခြားတွေဟာ သူ့အတွက်ဘာမှ
အရေးမပါဘူးဆိုတာကို ပြသခဲ့တာပါ။

သူဟာ အဲ့လိုလူမျိုးပါ။ ထက်ထက်မြတ်မြတ်နဲ့
သူဟာ မိန်းကလေးတစ်ယောက်ကို ရယူပိုင်ဆိုင်
ဖို့ မကြိုးစားခဲ့ပါဘူး။ သူ့ထက် အစစအရာရာ
နိမ့်ကျနေတဲ့ မိန်းကလေးကိုတောင် သူ
လေးလေးစားစားချစ်ခဲ့တဲ့ ပုံရိပ်ကို ချပြတဲ့နေရာမှာကိုယ် တို့ နှလုံးသားတွေ
ရင်းနှီးလိုက်ရတယ်ပေါ့။

SOULWhere stories live. Discover now