"အာာာ"
ထမင်းပျော့ပျော့လေးကို ဇွန်းဖျားလေးမှာ အသာခပ်ကျွေးတော့ Han က နှာခေါင်းတချက်ရှုံ့ရင်း မျက်နှာလွှဲတယ်
"စားပါ Han ရဲ့ အစားစားမှအားရှိမှာ"
ကျွန်တော့်စကားကိုမကြားဟန်ပြုရင်း ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေတဲ့သူ့ကြောင့် ထမင်းဘယ်လိုဝင်အောင်ကျွေးရမလဲ အခက်တွေ့ပြန်တယ် Han က ကျွန်တော်ကျွေးရင်ဘယ်တော့မှမစားတာလဲ ပြသနာတစ်ခု
ဒီတော့လဲ ထုံးစံအတိုင်း Chanyeol ကိုခေါ်ရပြန်တယ်
Han က သူကျွေးမှစားတာလဲ အကျင့်တခုလိုဖြစ်နေပါရောလား
"deer ထမင်းမစားပြန်ဘူးဆို"
အခန်းထဲလူအရင်မရောက်သေးပေမယ့် အပြင်က အော်ရင်းဝင်လာတတ်တဲ့ Park Chanyeol
Chanyeol အသံကြားသည်နှင့် မပီမပြင်အပြုံးလေးနဲ့ မျက်လုံးလေးတွေ လက်ခနဲအရောင်တောင်လာတတ်တဲ့ Han
ကျွန်တော့်ကိုဆို ပြုံးရီပြဖို့မဆိုနဲ့ မျက်လုံးချင်းဆုံအောင်တောင် စိုက်မကြည့်တတ်တဲ့ Han
အခုချိန်ထိလဲ စကားတခွန်းတောင်မလိုရင် မလိုသလို ပြန်မပြောသေးတဲ့ Han
အချိန်ပြည့်နီးပါး ဘေးမှာနေပေးတဲ့ ကျွန်တော့်ထက် ထမင်းလေးလာကျွေးရုံ ညနေသူအိမ်မပြန်ခင်လေးလာတွေ့ စကားပြောရုံလုပ်တတ်တဲ့ Chanyeol ကိုဘာကြောင့် ဒီလောက်မြန်မြန်ခင်တွယ်သွားသလဲ နည်းနည်းလေးတောင်စဉ်းစားမရပေ
ခက်တယ် Han ရယ် ကိုယ့်အတွက်တော့ Han နဲ့ပတ်သတ်သမျှအရာအားလုံးဟာ အချိန်တိုင်းခက်နေတော့တာပဲ
"Sambaenim အဲ့လိုကြီး မျက်မှောင်အမြဲကျုံ့ထားမှတော့ deer ကကြောက်နေတော့မှာပေါ့ နော် သမင်လေး"
Han ကိုထမင်းခွံ့ရင်းက ရွှတ်နောက်နောက်နဲ့ Chanyeol ပြောမှ သက်ပြင်းကို ဟင်းကနဲချရင်း မျက်နှာကြောကိုလျော့ဖြစ်တယ်
"Dr.Oh လူနာအရေးကြီးလို့"
သူနာပြုအုပ်ကြီး Nam ကိုယ်တိုင်လာခေါ်ပုံထောက်ရင် တော်တော်အရေးကြီးမှန်းရိပ်မိတာကြောင့်
"Han ကိုယ်ခနသွားလိုက်ဦးမယ်နော် Chanyeol ငါစိတ်ချပါရစေ"
"မချနဲ့ဟေ့ မချနဲ့ တကယ်ပဲပိုရန်ကော"
မျက်လုံးဝိုင်းဝိုင်းများကိုဝှေ့ကနဲ မျက်စောင်းထိုးရင်း ပြောနေတဲ့ Chanyeol ကိုပြုံးပြကာ Han ကို အကြည့်တချက်နှင့်နှုတ်ဆက်ရင်း Nam ခေါ်ဆောင်ရာ operation room ဆီ အပြေးအလွှားသွားတော့
"ဒေါက်တာ ကျွန်မ အမျိုးသားကို ကယ်ပေးပါနော်"
Duty coat ကိုဖမ်းဆွဲရင်းကို ရှိုက်ငိုရင်းပြောလာတဲ့ လူနာရှင်ဖြစ်ဟန်တူသော အမျိုးသမီးရယ် အမေဖြစ်သူ ခြေထောက်ကိုဖက်ထားရင် ငိုကြွေးနေသော ကလေးငယ်ရယ် မြင်ရရုံနဲ့တင် လူကအလိုလိုသနားစိတ်ကြောင့် မျက်ရည်ဝဲလာတယ်
"ကယ်ပေးပါနော် ဒေါက်တာ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါနော်"
"ကျွန်တော် ကြိုးစားပ့ါမယ်"
သူတို့ရှေ့ဆက်ရပ်နေရင် လူနာကိုအချိန်နောက်ကျသွားမှာစိုးတာကြောင့် အမြန် လူနာရှင်အမျိုးသမီးလက်ကို ဖယ်ထုတ်ပြီး အဆင်သင့်စောင့်နေတဲ့ ခွဲခန်းထဲဝင်ခဲ့တယ်။
အချိန်အနည်းငယ်နောက်ကျပြီးမှရောက်လာတဲ့ နှလုံးသွေးကြောပေါက်တဲ့ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခက်ခက်ခဲခဲ သတိကပ်ကာ အစွမ်းကုန်ကြိုးစားရင်း အချိန်ဘယ်လောက်ကြာမှန်းမသိအောင် လူနာအသက်ကိုလုယူပေးနေမိတယ်။
"သွေးလိုသေးတယ် ထပ်ချိတ်"
"Dr. လူနာက"
"တိတ်တိတ်နေ Nam ကျွန်တော်အာရုံစိုက်လို့မရဘူး"
"သွေးတွေလဲမလုံလောက်တော့ဘူး အခြေအနေက ရှေ့ဆက်ခွဲဦးမယ်ဆိုရင်~"
"Nam!! ကျွန်တော်ရအောင်ကယ်မှာ"
ဟုတ်သည် ကျွန်တော်လောဘကြီးသည် ကိုယ့်လက်ထဲရောက်လာသမျှ လူနာတိုင်းကို အသက်ရှင်စေချင်တာ ကျွန်တော့်ဆန္ဒ ခွဲစိတ်မှုတိုင်းအောင်မြင်ရမယ်ဟု သတ်မှတ်ထားတာ ကျွန်တော့်ခံယူချက်
ပိုဆိုးတာက ခွဲခန်းအပြင်ဘက်မှာ တွေ့ခဲ့ရသော မျက်ရည်ဖြိုင်ဖြိုင်ကျနေသည့် သားအမိ နှစ်ယောက်ပုံရိပ် ကိုပြန်မြင်လာတော့ ရင်ထဲနင့်ကနဲ
"Sehun nah လူနာ့နှလုံးကမခုန်တော့ဘူးလေ"
"ဟင့်အင်း သူ့နှလုံးခုန်အောင် ကျွန်တော်လုပ်နိုင်တယ်"
"တော်ပြီလေ Dr. စိတ်လျော့လိုက်ပါတော့"
မအောင်မြင်တဲ့ ခွဲစိတ်မှုမျိုး အခုမှပထမဆုံးကြုံဖူးတာမဟုတ်ပေမယ့် ဘယ်တော့မှမခိုင်တဲ့စိတ်က မျက်ရည်တို့ကိုဖန်တီးစေတယ်
မခွဲစိတ်ခင်မြင်လိုက်ရတဲ့ ကလေးငယ်ကို မျက်လုံးထဲကမထွက် ဒီကလေးတော့ နာကျင်ရတော့မယ် သိမ်ငယ်ရတော့မယ် အားကိုးစရာမရှိဘဲ အားငယ်နေရတော့မယ်
ကိုယ်တိုင်လဲ ငယ်ငယ်ထဲက မိဘတွေနဲ့ မနေခဲ့ရလို့လား တစုံတယောက်မရှိခြင်းဆိုတဲ့ လိုအပ်ချက် သောက တွေကို ကိုယ်ချင်းစာမိတယ် အခု အပြင်က ကလေးက အရမ်းကိုငယ်သေးတယ်လေ
ခေါင်းငိုက်စိုက်ရင်း အပြင်ကိုထွက်လာတော့
"ဒေါက်တာ ဒေါက်တာ ခွဲစိတ်မှုက?"
"ကျွန်တော်တောင်းပန်ပါတယ်"
အားကိုးတကြီး ဖမ်းဆုပ်ထားတဲ့ အမျိုးသမီးလက်တွေက လျောကနဲပြေကျသွားတယ်
မျက်နှာချင်းဆိုင်ဖို့တောင်သတ္တိမရှိတော့တာကြောင့် သူတို့ရှေ့က အမြန်ခြေလှမ်းကျဲတွေနဲ့ ရှောင်ထွက်ခဲ့ရင်း လူရှင်းရာ တယောက်ထဲသွားထိုင်နေကျ ခေါင်မိုးထပ်လေးကိုသာ တတ်လာမိတယ်
ဒူးနှစ်ဖက်ပေါ်တံတောင်ဆစ်တို့ကိုတင်ကာ မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ထားရင်း ဖြေးဖြေးချင်းစိတ်တို့ကိုဖြေချနေတဲ့အချိန် ပခုံးပေါ်ရောက်လာတဲ့ ခပ်ကြီးကြီးလက်ဖဝါးတစ်ခု
"Chanyeol"
"Luhan ဆီသွားလိုက်ဦးလေ သူမင်းကိုမျှော်နေတာ"
မျက်လုံးများနဲ့စကားပြောရင်း Chanyeol က Han ဆီအတင်းလွှတ်နေတယ်
"အခု Han ဘေးမှာ ဘယ်သူရှိလဲ"
"Jong In ရှိတယ် စိတ်မပူနဲ့"
"inn"
Han မျှော်နေတဲ့ဆိုတဲ့သတင်းနဲ့တင် ကုန်ခမ်းသွားတဲ့အားအင်တွေပြန်ပြည့်လာသလို စိတ်ပင်ပန်းတာတွေ အနည်းငယ်လျော့သွားတာတော့အမှန်ပင်။
ထိုင်နေရာက ထရပ်လိုက်တော့ နာရီပေါင်းများစွာ မတ်တပ်ရပ်ထားရတာကြောင့် ညောင်းကိုက်နေတာကို အခုမှသတိထားမိတယ်
"ဒီည စောစောအိပ်လိုက်နော် Sehun nah"
Chanyeol ရဲ့သတိပေးစကားကို ခေါင်းသာညိမ့်ပြပြီး Han စောင့်နေမယ့် နေရာလေးဆီသို့
"Han မအိပ်သေးဘူးလား"
ကျွန်တော်ဝင်လာတော့ Kai က
"မင်းကို သူ့မှာစောင့်နေရှာတာ"
"မဟုတ်ပါဘူး"
နှုတ်ခမ်းလေးဆူရင်း Kai ကိုပြန်ပြောလိုက်ပုံလေးက ပီဘိ ကလေးလေးသဖွယ်
"ဟုတ်ပါတယ် Chanyeol လဲပြောတယ်"
အသဲယားမိစွာ ကျွန်တော်လဲဝင်ပြောတော့ နှုတ်ခမ်းကိုကိုက်ပြရင်းက ထိုင်နေရာကနေ ကုတင်ထက် ကျွန်တော်တို့ကိုကျောပေးပြီးလှဲအိပ်ပစ်တဲ့ Han
တကယ့် ကလေးလေးဖြစ်နေပါရောလား Han ရယ်
"မင်းရောက်ပြီဆိုတော့ ငါပြန်တော့မယ် Sehunnie"
"ကျေးဇူး Kai yah"
"မလိုပါဘူး Luhan ငါပြန်ပြီနော်"
နှုတ်ဆက်ပြီး Kai ထွက်သွားတာတောင် ပြန်လှည့်မကြည့်တော့တဲ့ ကျွန်တော်ချစ်ရသူ
"Han ကိုယ့်ဘက်မလှည့်ချင်ဘူးလား"
ကုတင်ဘေးဝင်ထိုင်ရင်း လှည့်မကြည့်မှန်းသိပေမယ့် တယောက်ထဲစကားတွေပြောမိပြန်တယ်
"ဒီနေ့ ကိုယ့်ခွဲစိတ်မှုမအောင်မြင်ဘူး"
"ကိုယ်အရမ်းညံ့တယ်နော် အဟက်"
"ပြီးတော့ လူနာရှင်တွေကိုလဲနှစ်သိမ့်စကားတောင်မပြောနိုင်ခဲ့ဘူး ကိုယ့်ထက်သူတို့ကပိုခံစားရမှာပဲကို"
"ကလေးလေးက ၁၀ နှစ်လောက်ပဲရှိသေးတာ ကိုယ်လေ~~"
အခုမှ အားလုံးကိုရင်ဖွင့်စကားပြောမိလို့လား တချိန်လုံးတင်းထား ထိန်းထားခဲ့ရတဲ့ မျက်ရည်တွေက မတားဆီးနိုင်စွာ ကျဆင်းလာတယ်
ကုတင်ဘေးပေါ်ကို မျက်နှာငုံ့ချရင်း စိတ်လွတ်ကိုယ်လွတ် ငိုချမိတော့ ကျွန်တော့ဆံပင်ပေါ်ပွတ်သတ်လာတဲ့ လက်ဖဝါးနုနုတွေ
အငိုမျက်နှာကို Han မမြင်စေချင်တော့ ငိုလို့ဝသွားမှာ မျက်ရည်တွေသုတ်တာ နှာခေါင်းတချက်ရှုံ့ရင်း Han မျက်နှာကိုစိုက်ကြည့်မိတယ်
"Han ညစာ စားပြီးလား ကိုယ်တော့ဗိုက်ဆာနေပြီ"
"မစားရသေးဘူး"
လိုလိုချင်ချင် စကားပြန်ပြောတဲ့သူ့ကြောင့် လူကအလိုလိုကြည်နူးလျက်သား
"ဒါဆို အတူတူစားကြမယ်လေ ကိုယ် ထမင်းဘူး လှမ်းမှာလိုက်မယ် ဒီတခေါက် အပြင်စာစားကြတာပေါ့"
ခေါင်းညိမ့်ပြတဲ့ Han ကိုသဘောကျစွာ ခေါင်းလေးတချက်ပုတ်တော့ နှုတ်ခမ်းဆူပြန်တယ် ချစ်ဖို့အရမ်းကောင်းတာပဲ Han ရယ်
ပါဆယ် ထမင်းနှစ်ဘူးရောက်လာတော့ စားပွဲလေးကို Han ရှေ့ချ ကာ အဆင်သင့်ပြင်လိုက်တယ်
"ကိုယ်ခွံ့ကျွေးတာ စားမယ်မှတ်လား"
မျှော်လင့်ချက်လေးနဲ့ ခပ်တိုးတိုးမေးတော့
"ဆေးရုံဆင်းပေးမယ်ဆို စားမယ်"
အော် သူလေးက အပေးအယူတောင် လုပ်နိုင်နေပြီတဲ့လား Han အခြေအနေ သိသိသာသာ အများကြီးတိုးတတ်လာတာပဲ ဘာမှ မမှတ်မိသေးတာကလွဲရင်ပေါ့
"Han ဆေးရုံကအရမ်းဆင်းချင်နေပြီလား စိတ်ချနော် ကိုယ် Kai ကိုမရရအောင်ပြောပေးမယ်"
ကျွန်တော့်အဖြေကိုသဘောကျစွာ Han ကပီပီပြင်ပြင်ရီမောရင်း
"ကျွေးတော့လေ ဗိုက်ဆာပြီ"
"ဟုတ်ကဲ့ပါဗျာ"
ပြန်ဆုံတွေ့ပြီးကာမှပထမဆုံးအကြိမ် နှစ်ယောက်အတူတူစားဖြစ်တဲ့ ထမင်းဝိုင်းလေးက သိပ်ကိုနွေးထွေးလွန်းလှပါတယ် Han ရယ်။
(ယောရောဘွန်းးးး အာညော် အားလုံးကိုကျေးဇူးလဲတင် လွမ်းလဲလွမ်းနေတာသိလား)