The Meaning of LOVE?

By Kookie_AyT

2.1K 184 62

> Chanyeol from EXO and SeokJin from BTS are best friends since their childhood When the two girls Soo and... More

Part 1 (intro)
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9

Part 10

149 12 3
By Kookie_AyT

Jin's pov

Soo ရယ် ... ဘာမှမဖြစ်ပါစေနဲ့။ ဘလိုတောင် ပင်ပန်းသွားလို့ ဆေးရုံပါတက်နေရတာလည်းကွာ ... စိတ်ပူလိုက်တာ။ အရေးထဲ ကားကပိတ်နေသေးတယ်

"ဆရာကြီးရေ ... မြန်မြန်လေး မောင်းပေးပါနော်။ ကျနော်မှ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ ကိစ္စလေးရှိနေလို့ပါဗျာ"

"ကောင်လေးရေ ငါလည်း မင်းမြင်တဲ့ အတိုင်းမောင်းနေတာဘဲ။ အခုဘဲ ကြည့်ဦး ပိတ်လိုက်တဲ့ကားတွေ ဘလို မောင်းရမှာလဲ။ မင်း ပြောတဲ့ ဆေးရုံ ဒီကသွားရင်တော့ သိပ်မလိုတော့ဘူး နည်းနည်းဘဲ လျှောက်ရတော့မယ်"

"ဟုတ်လားဗျာ ... ဒါဆိုလည်း ကျနော် သွားပြီ။ ရော့ ပိုက်ဆံ ပြန်မအမ်းနေနဲ့တော့ ကြာတယ်"

ကျနော်လည်း အနောက်က taxi driver ရဲ့ အော်သံတောင် မကြားနိုင်တော့ဘဲ ချက်ချင်း ပြေးထွက်လာခဲ့တယ်။ Soo ဆီ ရောက်ဖို့က အရေးကြီးတယ်လေ

"ဟော ဟဲ ... အမယ်လေး ရောက်ပြီ။ အခန်းဆီ ပြေးဦးမှ"

ဟော ... တွေ့ပါပြီဗျာ

သူမ ... Soo ... ကုတင်ပေါ်မှာ မပြစ်ကင်းမဲ့စွာ လဲလျောင်းပြီး အိပ်နေလေရဲ့။ Soo အိပ်နေတာလေးကို မြင်ဖူးချင်ပေမဲ့ ခုလို ဆေးရုံမှာတော့ မဟုတ်ရပါဘူး ... ရင်ထဲနာကျင်လိုက်တာ

ကျနော်လည်း Soo အိပ်နေတဲ့ ကုတင်လေးဆီ Soo မနိုးအောင် တိုးတိုးလေး လျှောက်ကာ သွားလိုက်တယ်။ ကုတင်ဘေးက ခုံကိုဆွဲကာ ထိုင်လိုက်ပြီး Soo မျက်နှာလေးကို အသံမထွက်ဘဲကြည့်နေလိုက်တယ် ...

"Soo ရယ် ... ဘလောက်တောင် ကြိုးစားပန်းစား လုပ်လို့ မူးလဲရတာလဲ? စိတ်ပူလိုက်တာ။ oppa လို idol တောင် ဘာမှမဖြစ်ရဘူး"

ကျနော်လည်း အရူးတယောက်လို နားမထောင်နေမှန်း သိတဲ့ Soo ကို ဆူလိုက်မိတယ် ... ပြီးတော့လည်း အရူး၁ယောက်လို သူ့ မျက်နှာလေး ကြည့်ပြီး ပြုံးနေပြန်ရော ... ပြီးတော့ ကျနော် ကိုယ်တိုင်တောင် မသိလိုက်ဘဲ Soo နဖူးလေး ကို ......

အာ ~ ကွကို ပြန်တွေးပြီး ရှက်လိုက်တာ 😶

အဲ့အချိန်မှာဘဲ ...

Soo's pov

ကျမလည်း ညက သင်တန်းပေးတဲ့ စာတွေ မပြီးလို့ ဆက်တိုက် ထိုင်လုပ်လိုက်တာ ... မဟုတ်ရင် မနက်ဖြန်မှာ ဆရာမ က စာမပြီးသေးလို့ဆိုပြီး သင်တန်းမှာ အချိန်ပို နေခိုင်းဦးမှာလေ ... မနက်ဖြန်တော့ နေလို့ မဖြစ်ဘူး။ Seok Jin oppa နဲ့ ချိန်းထားတာကိုး ... oppa ဘာလို့ချိန်းထားဆိုတာ အရမ်းကို သိချင်နေမိတယ် ... စဉ်းစားရင်းနဲ့ ရင်တွေတောင် ခုန်တာရော ... ဟီး ~ မသိရင် ရည်းစားနဲ့ သွားတွေ့တာကျနေတာဘဲ

"စိတ်ထိန်း Soo ရယ်" ကွကို သတိပေးလိုက်တယ်

ဒါပေမဲ့လည်း ကံဆိုးချင်တော့ကား ညမအိပ်ဘဲ စာလုပ်လိုက်လို့ထင်ပါရဲ့ သင်တန်း အပြန် လူက ဘလိုမှ မခံစားနိုင်တော့ဘဲ မူးလဲသွားရော

အဲလိုနဲ့ ဆေးရုံလည်း ရောက်ရော သတိပြန်လည်လာတဲ့ အချိန်မှာ Yoon က ကျမဘေးမှာ စောင့်နေလေရဲ့

"Soo ရေ သက်သာပြီလား ~ နင်မှာလည်း မဖြစ်စဖူး ငါ ဘယ်လောက် စိတ်ပူသွားရလည်း သိလား။ ညက အဲတာကြောင့် ပြောတာ စောစော အိပ်ပါလို့။ ခုတော့ ကြည့်ဦး တွေ့လား နင်ဟာလေ ငါ့စကားဆို *+^";(#&$&!"

အော် Yoon တယောက်လည်း အမေကြီးကျနေတာဘဲ ... ကျမနိုးလာတာနဲ့ ဘေးနားကနေ ပွစိပွစိနဲ့ ဆူရော။ သူလည်း တော်တော် စိတ်ပူသွားရှာမှာဘဲ Yoon လို သူငယ်ချင်းမျိုးရတာ ကံကောင်းလိုက်တာ ဆိုပြီး ကွကို တွေးကာ ပြုံးလိုက်တယ် ...

"YAAA Soo ... ဒီက ပြောနေတာကို သူက ပြုံးနိုင်သေးတယ်နော်"

"အေးပါ Yoon ရယ် ... နင်ဟာလေ အဘွားကြီးကျနေတာဘဲ ပွစိပွစိနဲ့"

"အမယ် ဘာ ပွစိပွစိလည်း"

"ဟုတ်ပါပြီ အခုငါမှ မဖြစ်တော့ပါဘူး နားလိုက်ရင်ရပါပြီ"

"အေး ... ဆရာဝန်ကလည်း မနက်ဖြန် မနက်ဆို ဆေးရုံဆင်းလို့ရပြီတဲ့"

"Imm ... အဲ ... ဒါနဲ့ ခုညရောက်နေပြီလား"

"အေးလေ ... ၇နာရီထိုးဖို့ ၅မိနစ် လောက်ဘဲလိုတော့တာ"

"ဟာ သွားပါပြီ"

"ဘာလို့"

"Seok Jin oppa လေ"

"အော် အေ ... ငါလည်း မေ့နေတာ နင့်ကို fansign မှာ ပြောတဲ့ဟာ"

"အေးဟာ ... ဒုက္ခဘဲ စိတ်ညစ်တယ်"

"ငါ အခု အဲကို သွားလိုက်မယ်။ နင်တော့ သွားမယ် စိတ်မကူးနဲ့ မိန်းမ။ ကိုယ့် အခြေအနေ ကိုယ်ကြည့်"

"အေးပါ Yoon ရယ် ကျေးဇူးပါဟာ"

"မလိုပါဘူး ... ဒါဆို သွားပြီ အနားယူလိုက်ဦး"

"အင်းပါ"

အဲဒါနဲ့ ကျမလည်း တရေးပြန် အိပ်လိုက်တယ်

ခဏနေလည်း ကျရော ကျမဘေး တယောက်ယောက် ရှိနေသလို ခံစားရတယ်။ ကျမလည်း ဒီတိုင်းဘဲ ငြိမ်နေလိုက်တယ်။ Yoon မဟုတ်တာတော့ သေချာပါတယ်။ ဆရာဝန် များ round လှည့်တာလား? ကျမလည်း မျက်လုံးမှိတ်နေပြီး နားစွင့်နေလိုက်တယ်။ ခဏနေလည်းကျရော စကားပြောသံကြားလိုက်တယ် ... အဲ စကားက ကျမကို ကြက်သီတွေ ထသွားစေလောက်တာ

"Soo ရယ် ... ဘလောက်တောင် ကြိုးစားပန်းစား လုပ်လို့ မူးလဲရတာလဲ? စိတ်ပူလိုက်တာ။ oppa လို idol တောင် ဘာမှမဖြစ်ရဘူး" တဲ့

အဲဒါ ကျမထင်တာ မမှားဘူးဆို Jin oppa ရဲ့ အသံ မဟုတ်လား ... ဘုရားရေ ~ ကျမ အဖျား များ တက်ပြီး ကယောက်ကချားတွေ ဖြစ်နေတာလား 😳

ဟာ ဟာ ... သူ .. သူ ... ကျမ နဖူးကို အရင် လက်နဲ့စမ်းကာ ပြီး . ပြီးတော့ ... ကျမ နဖူးကို ... နမ်းလိုက်တာလား? နှုတ်ခမ်းသားတစုံရဲ့ နွေးထွေးသွားတဲ့ အထိအတွေ့ ကျမ နဖူးမှာ ခံစားလိုက်ရတယ်

ကျမလည်း မနေနိုင်တော့ဘဲ မျက်လုံးဖွင့်လိုက်တော့ ... သေချာတာပေါ့ ဘေးမှာ Jin oppa ထိုင်နေတာ မျက်နှာကြီးလည်း နီရဲလို့

"အော် Soo .... Soo နိုး..နိုးပြီလား"

"Jin oppa ... ဘာလာလုပ်တာတုန်း"

"Soo ကို စိတ်...စိတ်ပူလို့ လိုက်လာတာ"

"ဘာလို့ စကားတွေ ထစ်ပြီး မျက်နှာနီနေတာလဲ။ Soo ဆီက အဖျားများ ကူးသွားတာလား"

"အာ ... မဟုတ်ရပါဘူး။ ဒီအတိုင်း ပူလာလို့"

Seok Jin oppa ရှက်နေတာကိုက ... ဟီးဟီး ... ကျမလည်း ကျမ မသိခဲ့သလိုဘဲ နေလိုက်တယ်။ မဟုတ်ရင် အဲဘိုးတော်ကြီး အရှက်လွန်ပြီး သေမလားမသိ 😆 air con နဲ့အေးနေတာကိုလည်း ပူလို့တဲ့ ... kekeke gwiyeowoo 🙈

"Oppa ပြန်ရင်ပြန်တော့လေ ... Soo က ဘာမှမဖြစ်ပါဘူး ကောင်းသွားပါပြီ။ မနက်ဆို ဆေးရုံဆင်းလို့ရပြီ"

"မပြန်သေးပါဘူး ... Soo နဲ့ စကားတွေပြောချင်သေးတာ"

ကျမ မျက်နှာတွေ နီနေပြီလား မသိ ... ရှက်လာပြီ

"အဖျားတွေပြန်တက်လာတာလား? မျက်နှာတွေ နီနေပြီ Soo ရေ ပါး၂ဖက် ရဲနေတာဘဲ"

ဆိုပြီး ကျမ ပါးကို ချစ်ဖို့ကောင်းတယ်ဆိုပြီ ချစ်သူတွေ ချစ်စနိုးနဲ့ လုပ်သလို ကျမပါးကို ဆွဲလိုက်တယ် ... အမယ်လေး အဲဒါမှ ပိုရဲလာမှာပေါ့ Seok Jin ရဲ့😳

"အာ ... ဒါနဲ့ Yoon ကော?"

"အော် ... Soo သူငယ်ချင်းလား။ စိတ်မပူနဲ့။ သူအခု Chanyeol နဲ့ တူတူရှိနေတာ။ သူတို့ကြည့်ရတာလည်း တမျိုးဘဲနော် သိလား Soo"

"  ဘာ ... Yoon က Chanyeol နဲ့? ဘလိုတွေဖြစ်ပြီး ..."

"စိတ်မပူပါနဲ့ ... Chanyeol နဲ့ Yoon ကို ကိုယ်ကိုတိုင် အပ်ထားခဲ့ပြီး ထွက်လာတာ။ Yeol က စိတ်ချရပါတယ်"

"Chanyeol oppa နဲ့ သိတယ်လား"

"မသိမှနေရော oppa နဲ့ Yeol နဲ့က ငယ်ပေါင်းကြီးဖော်တွေလည်း ... ကျောင်းလည်းတူတူဘဲ တက်ခဲ့ကြတာ oppa တို့က မွေးနေ့တောင် ၁ပတ်ဘဲကွာတာကိုး"

"သိသားဘဲ"

"ဘာသိတာလဲ"

"မွေးနေ့၁ပတ်ဘဲ ကွာတယ်ဆိုတာ"

"အမယ် Soo က Chanyeol ကိုလည်းကြိုက်တယ်ပေါ့"

"ကြိုက်တာပေါ့ ... အရပ်ကလည်း အရှည်ကြီး နားရွက်လေးကလည်း ကားလို့ အပြင်မှာ ပိုတောင် ချစ်ဖို့ကောင်းသေး"

ကျမလည်း ပြောပြီး Seok Jin oppa ကို ကြည့်လိုက်တော့ မျက်နှာကြီးက စူပုပ်လို့။ တခုခုကို အလိုမကျ သလိုလိုနဲ့ J သွားတာများလား 😶

"ဒါပေမယ့် ကြိုက်တာချင်းတော့ မတူဘူးလေ"

"ဟင် Soo ... ဘာကို ပြောချင်တာလည်း"

"အာာ ... ဘာမှမဟုတ်ဘူး"

"ပြောပါ Soo ရယ်"

**(ဖုန်းမြည်သံ <Jin's awake)*

" oppa သီချင်းဘဲ 😮"

"Eeeee ခဏနော်... Soo ဖုန်းကိုင်လိုက်ဦးမယ်"

.......
Yoon's pov

ကျမလည်း Chanyeol ရင်ခွင်ထဲ ရောက်နေတာကို မေ့နေတာ ... ၂ယောက်လုံးလည်း သတိလက်လွတ်တွေ ဖြစ်နေကြတာ ... အဲဒါ နဲ့ ကျမလည်း အရင်ဆုံး သူ့ ရင်ခွင်ထဲက ထွက်လာလိုက်တယ်

"တောင်း ... တောင်းပန်ပါတယ်"

"Arrrrgh ရပါတယ်"

"သွားလိုက်ဦးမယ်နော် ဒါဆို"

"Yoon !!!"

ဟာ ... သူ ကျမလက်ကို ထပ်ဆွဲပြန်ပြီ။ ကျမလည်း ရင်တွေ ပေါက်ကွဲတော့မယ်

"Na...Nae?"

"Yoon အခု အားလား"

"မအားဘူး ... Soo ဆီ ပြန်ရဦးမယ်"

"Oppa လည်း လိုက်ခဲ့မယ်လေ"

"မလိုက်ရပါဘူး"

"Wae? Oppa အခု ပျင်းလို့ Yoon သွားတဲ့နောက် လိုက်လာမှာ ... Yoon သွားချင်တဲ့ဆီသွား heehee"

ဟာ ... ဆေးရုံမှာလည်း jin oppa ရှိနေတာဘဲ စိတ်တော့ မပူရလောက်ပါဘူး

"နေဦး ဒါဆို ... ဖုန်းဆက်လိုက်ဦးမယ်"

"ဟုတ်ပါပြီဗျာ"

*on phone*

"Yoon ပြောလေ"

"Soo ရေ ... အခု Jin oppa ရှိတယ်မလား နင့်ဘေးမှာ"

"အေး ရှိတယ် နင်ကော ခုဘယ်မှာလဲ"

"ငါအခု အပြင် ခဏသွားမလို့ဟ ... Jin ကို နင့်ကို ခဏ စောင့်ရှောက်ပေးပါလို့ပြောလိုက် တာတာ့"

"ဟဲ့ နင် Chanyeol နဲ့ ......"

**တီးတီး**

ကျမလည်း Soo ပြောတာကို မစောင့်တော့ဘဲ ဖုန်းကျလိုက်တယ်။

"ကဲ Chanyeol sshi ... ဘယ်သွားချင်လည်း ရပြီ သွားလို့😒"

"Heehee Yoon လိုက်မယ်ဆိုတာ သိပြီးသား "

"😒"

"မျက်စောင်းတွေ အဲလောက် မကျွေးပါနဲ့ကွာ ... oppa skate မစီးရတာကြာပြီ သွားရအောင်"

"Yoon မစီးတတ်"

"သင်ပေးမှာပေါ့ လာပါ လိုက်ခဲ့"

ဟော် ... သူ ကျမလက်ကို ထပ်ဆွဲပြီး ခေါ်သွားပြန်ပြီ 😶

______
Continue ~ 😗

Continue Reading

You'll Also Like

587K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
292K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
948K 108K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
7.7K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot