Part 10

149 12 3
                                    

Jin's pov

Soo ရယ် ... ဘာမှမဖြစ်ပါစေနဲ့။ ဘလိုတောင် ပင်ပန်းသွားလို့ ဆေးရုံပါတက်နေရတာလည်းကွာ ... စိတ်ပူလိုက်တာ။ အရေးထဲ ကားကပိတ်နေသေးတယ်

"ဆရာကြီးရေ ... မြန်မြန်လေး မောင်းပေးပါနော်။ ကျနော်မှ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ ကိစ္စလေးရှိနေလို့ပါဗျာ"

"ကောင်လေးရေ ငါလည်း မင်းမြင်တဲ့ အတိုင်းမောင်းနေတာဘဲ။ အခုဘဲ ကြည့်ဦး ပိတ်လိုက်တဲ့ကားတွေ ဘလို မောင်းရမှာလဲ။ မင်း ပြောတဲ့ ဆေးရုံ ဒီကသွားရင်တော့ သိပ်မလိုတော့ဘူး နည်းနည်းဘဲ လျှောက်ရတော့မယ်"

"ဟုတ်လားဗျာ ... ဒါဆိုလည်း ကျနော် သွားပြီ။ ရော့ ပိုက်ဆံ ပြန်မအမ်းနေနဲ့တော့ ကြာတယ်"

ကျနော်လည်း အနောက်က taxi driver ရဲ့ အော်သံတောင် မကြားနိုင်တော့ဘဲ ချက်ချင်း ပြေးထွက်လာခဲ့တယ်။ Soo ဆီ ရောက်ဖို့က အရေးကြီးတယ်လေ

"ဟော ဟဲ ... အမယ်လေး ရောက်ပြီ။ အခန်းဆီ ပြေးဦးမှ"

ဟော ... တွေ့ပါပြီဗျာ

သူမ ... Soo ... ကုတင်ပေါ်မှာ မပြစ်ကင်းမဲ့စွာ လဲလျောင်းပြီး အိပ်နေလေရဲ့။ Soo အိပ်နေတာလေးကို မြင်ဖူးချင်ပေမဲ့ ခုလို ဆေးရုံမှာတော့ မဟုတ်ရပါဘူး ... ရင်ထဲနာကျင်လိုက်တာ

ကျနော်လည်း Soo အိပ်နေတဲ့ ကုတင်လေးဆီ Soo မနိုးအောင် တိုးတိုးလေး လျှောက်ကာ သွားလိုက်တယ်။ ကုတင်ဘေးက ခုံကိုဆွဲကာ ထိုင်လိုက်ပြီး Soo မျက်နှာလေးကို အသံမထွက်ဘဲကြည့်နေလိုက်တယ် ...

"Soo ရယ် ... ဘလောက်တောင် ကြိုးစားပန်းစား လုပ်လို့ မူးလဲရတာလဲ? စိတ်ပူလိုက်တာ။ oppa လို idol တောင် ဘာမှမဖြစ်ရဘူး"

ကျနော်လည်း အရူးတယောက်လို နားမထောင်နေမှန်း သိတဲ့ Soo ကို ဆူလိုက်မိတယ် ... ပြီးတော့လည်း အရူး၁ယောက်လို သူ့ မျက်နှာလေး ကြည့်ပြီး ပြုံးနေပြန်ရော ... ပြီးတော့ ကျနော် ကိုယ်တိုင်တောင် မသိလိုက်ဘဲ Soo နဖူးလေး ကို ......

အာ ~ ကွကို ပြန်တွေးပြီး ရှက်လိုက်တာ 😶

အဲ့အချိန်မှာဘဲ ...

Soo's pov

ကျမလည်း ညက သင်တန်းပေးတဲ့ စာတွေ မပြီးလို့ ဆက်တိုက် ထိုင်လုပ်လိုက်တာ ... မဟုတ်ရင် မနက်ဖြန်မှာ ဆရာမ က စာမပြီးသေးလို့ဆိုပြီး သင်တန်းမှာ အချိန်ပို နေခိုင်းဦးမှာလေ ... မနက်ဖြန်တော့ နေလို့ မဖြစ်ဘူး။ Seok Jin oppa နဲ့ ချိန်းထားတာကိုး ... oppa ဘာလို့ချိန်းထားဆိုတာ အရမ်းကို သိချင်နေမိတယ် ... စဉ်းစားရင်းနဲ့ ရင်တွေတောင် ခုန်တာရော ... ဟီး ~ မသိရင် ရည်းစားနဲ့ သွားတွေ့တာကျနေတာဘဲ

You've reached the end of published parts.

⏰ Last updated: Nov 26, 2017 ⏰

Add this story to your Library to get notified about new parts!

The Meaning of LOVE?Where stories live. Discover now