Part 5

176 20 7
                                    

Chanyeol's pov

ကျနော် Suho hyung ကိုပြောပြီး manager car သော့ကို ယူကာ လေဆိပ်ကို အမြန်မောင်းလာခဲ့တယ်
ကျနော် လမ်းမှာ သူတို့လေယာဉ်မရောက်ခင် ရောက်ပါစေလို့သာ ဆုတောင်းနေမိတယ်

ဟော ... ၁ နာရီ ကျော် ၂နာရီနည်းပါးလောက်လည်း မောင်းပြီးရော လေဆိပ်ကို ရောက်လာခဲ့တယ်။
ကျနော် နောက်များကြနေမလား?
ဘေးမှာ ကားခုံပေါ်က ဦးထုပ်ကိုသာ ဆောင်းပြီး လေဆိပ်ထဲပြေးဝင်လာခဲ့တယ်

ကျနော် ပြေးရှာရင်းမောလို့ တနေရာမှာ ခဏ ရပ်လိုက်တယ်
ကျနော် ဘေးက ကျနော် ကို တယောက်ယောက် စိုက်ကြည့်နေတယ်လို့ ခံစားရလို့ လှည့်အကြည့်
သူမ ကျနော်ကို သတိထားမိသွားလို့ထင်ပါရဲ့ အံ့ဩတဲ့ ပုံစံဖြစ်သွားပြီး

" Chan ... အွန့်"

ကျနော် သူ့ပါးစပ်ကို ကျနော်လက်နဲ့ လှမ်းပိတ်လိုက်တာပါ။ ကျနော်ကို လူတွေ သတိထားမိမှာ ဆိုးလို့ရယ်
ကျနော်လည်း တိုးတိုး လေးနေပေးပါလို့ လက်ဟန်နဲ့ လုပ်ပြတော့ ခေါင်းညိပ်ပြရှာတယ်

နေဦး ... ကျနော်သူ့ကို ခုမှသေချာ ကြည့်မိတယ် ...
မြင်ဖူးနေသလိုလို ...

Aww arrr ကျနော် သိပြီ ... Soo ... Soo ရဲ့ သူငယ်ချင်း
Soo instragram မှာ တင်ထားတဲ့ ပုံထဲက တယောက်

<<   Here we come to Seoul to meet our respective yeobo, Jin and Chanyeol >>

ဒါဆို သူမက ကျနော် fan လေးပေါ့နော်
သူခမျာ ကျနော် ကို မျက်လုံးပြူးလျက် ကြည့်နေရှာတာ😂

ပြီးတော့ ကျနော် မြင်ဖူးချင်တဲ့ သူမ ... Soo သူ့ဘေးရောက်လာခဲ့တယ်

"Yoon .."

အော် ... သူ့ နာမည်က Yoon တဲ့လား ... ပြီးတော့ သူတို့ ၂ယောက် ကျနော် နားမလည်တဲ့ ဘာသာစကားနဲ့ပြောနေကြတယ်
Soo မှာ Yoon ပြောပြီး ကျနော် ကို လှည့်ပြီး လန့်သွားတယ်

ကျနော်လည်း တွေ့ချင်လွန်းလို့တာ ရောက်လာတာ တွေ့တော့လည်း ဘာပြောရမှန်းမသိ ... အဲဒါနဲ့ဘဲ

"Annyeong Soo 😊"

Soo နဲ့ သူ့ သူငယ်ချင်း Yoon ဆိုတဲ့သူ ကတော့ ကျနော် ကို မယုံနိုင်ဖွယ် တအံ့တဩနဲ့ ကြည့်နေကြတယ်

The Meaning of LOVE?Where stories live. Discover now