Zawgyi>>>
"ဘယ်လိုဖြစ်တာလဲ?"
"ဟုတ်"
"ဟင့်အင်း ရပါတယ် Hyung"
"ဟင်!လက်က..."
"အဲ့..အဲ့ဒါက...ဟို.."
"Baekhyun လက်ချက်မလား?"
"ဟုတ်... "
%*&+¢^√~"
"ဟု..ဟုတ်"
*****************************
"Hyung..."
"Chan...."
"Na..nae"
"ဟုတ် သိပါတယ် hyung"
*****************************
"မင်းဘာဖြစ်နေတာလဲ?"
"Arnyi ဒီတိုင်း"
****************************
Unicode>>>
Xiumin Chanyeol ကိုကျောင်းအနောက်ဘက်က လူပြတ်တဲ့နေရာကိုခေါ်လာလိုက်ပြီး တန်းလျားတစ်ခုပေါ်ထိုင်စေသည်
"ဘယ်လိုဖြစ်တာလဲ?"
"အာ...hyung အတွက်ကော်ဖီလာပို့တာ နောက်ကျသွားလို့ပါ"
"အဲ့တာနဲ့ သူကအပြစ်ပေးတယ်ပေါ့?"
"ဟုတ်"
"သူခိုင်းတိုင်းမင်းလုပ်စရာလား!"
စိတ်တိုတိုနဲ့အော်လိုက်မိသည်...Baekhyun ခိုင်းတိုင်းလုပ်ရအောင် သူ့ကိုယ်သူမညှာတော့ဘူးလား?သူတကယ်ဒေါသထွက်မိသည် Chanyeol ဘာလို့ Baekhyun အနိုင်ကျင့်သမျှခံနေသလဲနားကိုမလည်နိုင်တော့...
Chanyeol ကျေနပ်ရင်တောင် Xiumin မကျေနပ်နိုင်ပါ...ဘာလို့လည်းဆိုတော့...သူအတွက် chanyeol ကအချစ်ဆုံးသူငယ်ချင်းလိုပဲ ညီတစ်ယောက်ဆိုလဲဟုတ်တယ်
Chanyeol ကသူ့ရဲအထီးကျန်တဲ့ဘဝမှာ နှစ်ယောက်မရှိတဲ့ ဆွေမျိုး...သူငယ်ချင်းလိုပဲ
ဟုတ်တယ် သူ Chanyeol ကိုခင်တာထက်ပိုတယ်...ဘာစကားတစ်ခွန်းမှမပြောဘဲ သူငယ်ချင်းတောင်မရှိတဲ့ ခေါင်းလေးငုံ့ထားတတ်တဲ့ သူ့ကိုသတိထားမိရာကစိတ်ဝင်စားလာသည်
နောက်တော့မှ Baekhyun ရဲ့ညီမှန်းသိလို့သူတို့သိခွင့်ရခဲ့တာ Baekhyun နှိပ်စက်သမျှငြိမ်ခံနေခဲ့တဲ့ Chanyeol ကိုသနားတာကြောင့်အမြဲကာကွယ်ပေးခဲ့မိတယ်
သူတစ်ယောက်တည်းအထီးကျန်ဖို့ဖြစ်လာတဲ့အချိန်မှာ အနားမှာရှိနေပေးခဲ့တဲ့ Yeol ကသူ့ဘဝအတွက်တော့အရေးပါသည်
သူအော်လိုက်တော့ခေါင်းလေးငုံ့ကာ မျက်လွှာလေးချထားတဲ့ Chanyeol ရယ်...သူကမအော်စဖူးအော်လိုက်တာကိုး...
"Sorry ကိုယ်စိတ်လွတ်သွားတယ်"
"ဟင့်အင်း ရပါတယ် Hyung"
"ဟင်!လက်က..."
Chanyeol လက်ကောက်ဝတ်လေးကိုယူကြည့်မိတော့ အရှိုးရာလိုမျိုးနီရဲနေကာ အသားစလေးပွန်းနေလေသည်
"ဒါခါးပတ်ရာမဟုတ်ဘူးလား?"
"အဲ့..အဲ့ဒါက...ဟို.."
"Baekhyun လက်ချက်မလား?"
"ဟုတ်... "
ခေါင်းလေးငုံ့သွားပြန်တော့ သူမနေနိုင်စွာပြုံးပြမိပြန်သည်
ဆူမှာကြောက်လို့ထင်ပါရဲ့ အဲ့ကောင်လေးသိပ်စိုးရိမ်တတ်တာပဲ
"ထားလိုက်တော့ နောက်တစ်ခါအဲ့လိုဆိုလို့ကတော့ မင်းကိုရောဟိုကောင်ကိုရော ရိုက်သတ်ပစ်ဦးမယ် ဘယ်နှယ်
%*&+¢^√~"
ပွစိပွစိပြောနေတဲ့ Xiumin ကိုကြည့်ပြီး Chanyeol ရယ်မိသည် xiumin hyung ကကျွန်တော့်အပေါ်အရမ်းကောင်းတာ...hyung တစ်ယောက်လိုဂရုစိုက်ပေးသလိုသူငယ်ချင်းတစ်ယောက်လိုရင်ဖွင့်လို့လည်းရတယ်
ငယ်ငယ်က Hyung အနိုင်ကျင့်ရင်လည်း Xiumin hyung ပဲကာကွယ်ပေးခဲ့တာအခုထိ...
အရင်က hyung နဲ့ xiumin hyung ကသူငယ်ချင်းတွေပါ...ဒါပေမဲ့ နောက်ပိုင်းတဖြည်းဖြည်းသူတို့ဆက်ဆံရေးကျဲလာတယ် Xiumin hyung ကလဲကျွန်တော့်ကိုတွေ့ချင်မှသာ တစ်ခါတစ်လေအိမ်လာတာ
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကသူတို့အကြီးအကျယ်ရန်ဖြစ်ကြတယ် ဘာကြောင့်ရန်ဖြစ်လဲမသိပေမဲ့ အဲ့ထဲကမတည့်တော့တာအခုထိပဲလေ...
"တခြားနေရာတွေရော ရိုက်ထားသေးလား?"
"ဟု..ဟုတ်"
"ကျစ် အိမ်ရောက်ရင်ဆေးသောက်နော် အခု hyung မှာဆေးမပါလာလို့"
"ဟုတ် ကျေးဇူးတင်ပါတယ် hyung"
ကျွန်တော်တို့နှစ်ယောက်ပြိုင်တူပြုံးလိုက်ကြရင်း hyung ကကျွန်တော့်ဆံပင်လေးတွေကိုလာဖွသည်...
ကျွန်တော်ကတော့ငြိမ်သက်နေမိရုံသာ
သူတို့နှစ်ယောက်လုံးသတိမထားမိလိုက်သည် တန်းလျားနဲ့မလှမ်းမကမ်းမှာရပ်နေတဲ့ လူတစ်ယောက်ရဲ့အကြည့်စူးစူးကို...
*****************************
"Hyung..."
အတန်းထဲပြန်ဝင်လာတော့ hyung ကြည့်တဲ့အကြည့်ကြောင့် အနေရခက်စွာရှောင်လွှဲမိတယ်...hyung ဒေါသထွက်နေတဲပုံပေါက်နေတာကြောင့်လည်း ပါတာပေါ့
"Chan...."
မလှမ်းမကမ်းမှ hyung ခေါ်သံကြောင့် ကျွန်တော် hyung ရှေ့ခေါင်းလေးငုံ့ကာရပ်နေမိသည်
"ဘာ...ဘာခိုင်းစရာရှိလို့လဲဟင်?"
"ညနေမင်းပြန်ရောက်တဲ့အချိန်ကစပြီး အိမ်မှာဒူးထောက်နေရမယ် ငါပြန်လာမှမင်းထရမယ်"
"Na..nae"
"ရပြီ သွားတော့...အာ ခိုင်းတဲ့အတိုင်းမလုပ်ရင် ဘာလုပ်မလဲသိတယ်နော်"
"ဟုတ် သိပါတယ် hyung"
Chanyeol ပြန်လှည့်ထွက်လာပြီး ထိုင်ခုံပေါ်စိတ်အားလျော့စွာထိုင်ချမိသည် hyung အိမ်ပြန်နောက်ကျဦးမယ်ဆိုတာသူသိသည်
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...hyung ခိုင်းတာပဲကို သူလုပ်သင့်သည်မဟုတ်လား??
ခဏနေတော့ hyung ထထွက်သွားတယ် သူ့သူငယ်ချင်း sehun လဲပါသွားသည်ဆိုတော့ သေချာတာက bar တစ်ခုမှာ hyung သွားသောက်တော့မည်ဆိုတာ...
*****************************
"Baekhyun...တော်တော့ အရမ်းမသောက်နဲ့"
Sehun စကားကိုနားမထောင်ပဲ Baekhyun နောက်တစ်ခွက်ထပ်မော့လိုက်သည် ပူပြင်းပြင်းအရသာက သူ့ကိုမထိရောက်ပါ...
"မင်းဘာဖြစ်နေတာလဲ?"
"Arnyi ဒီတိုင်း"
"ဘာဒီတိုင်းလဲ မျက်နှာကမိုးပြိုတော့မလိုဖြစ်နေပြီ"
"အင်း...ငါတစ်ခုတွေးနေမိတာရှိလို့ပါ ငါအိမ်ပြန်တော့မယ်"
"ငါလိုက်ပို့ပေးမယ် မင်းကားမောင်းနိုင်မှာမဟုတ်ဘူး"
"ရတယ် ငါအဲ့လောက်မမူးသေးပါဘူး"
လက်ပြကာကားပေါ်တက်သွားတဲ့ Baekhyun ကိုကြည့်ရင်း sehun ခေါင်းကုတ်သည်...ပြောတော့သာမမူးဘူး လူကယိုင်နေသည်မဟုတ်လား??
****************************