Written By - KimTae_Nun
______________________________
အလွမ်းရက်တွေ ဆက်တဲ့နေ့တိုင်းမှာ အလွမ်းဇာတ်ကို တစ်ညတာအတွက် တစ်ခန်းရပ်ပေးခဲ့သည့် ကံကြမ္မာအား ကျေးဇူးတင်မိပါရဲ့။ တိုက်ဆိုင်စွာပဲ ဖေဖေ့မိတ်ဆွေဆိုတာ သူတို့မိသားစုပါတဲ့လား။
ချစ်သူ့မျက်နှာကို နောက်တစ်ဖန် ကြည့်ရှုခွင့်ရဖို့ ဘယ်လောက်များ စောင့်ဆိုင်းခဲ့ရလဲ။
ထင်မှတ်မထားတဲ့ ကြင်နာမှုတချို့နဲ့ နွေးထွေးမှုတို့ ရောက်ရှိလာချိန်ကျ ပြန်တော့
ရင်ခုန်သံစွတ်သည့် နှလုံးသားလေးဟာ မြောက်ကြွမြောက်ကြွနှင့်မို့။
ထပ်တစ်ဖန် ခံစားရသော အနမ်းနုနုဟာ ဒီရင်ကိုနွေးစေလွန်းလို့။ သူ့အတွက်တော့ အမှတ်တမဲ့ ကျွန်တော့်အတွက်တော့ သေရာပါ လက်ဆောင်ငယ်လေးတစ်ခု။
နေရောင်ခြည်အစပျိုးသော ကျွန်တော့်ရဲ့ မနက်ခင်းလေးဟာ မရင်ကနှင့်မတူ ပြည့်ဝလွန်းသော အဓိပ္ပါယ်များစွာနှင့်။
ဘာရယ်မဟုတ် မနေ့က အနမ်းလေးအား ပြန်တွေးရင်း ရင်ခုန်ကာ ပြုံးနေမိသည်။
မတော်တဆ အနမ်းလေးက ကျွန်တော့်ရင်ကို ဗြောင်းဆန်စေပြန်သည်။
တချိန်ကအနမ်းတွေလို ရင်ဖိုလှိုက်မောခြင်းများ မပါဝင်ပေမယ့်လို့ပေါ့ နွေးထွေးပါရဲ့လေ။
"သား နိုးပြီလား"
"အင်း"
"မေမေ သားဒီနေ့ ကျောင်းစောစောသွားတော့မယ် တာ့တာ"
လွယ်အိတ်လေးလွယ်ကာ ကျောင်းသို့ထွက်လာတော့ အတွေးတွေ တပွေ့တပိုက်နဲ့ပေါ့။ အဓိပ္ပါယ်မပြည့်စုံတဲ့ အနမ်းတစ်ချက်အား အယူကြီးစွာ ကျွန်တော်တပ်မက်သည်။ သူ့ဘက်မှ ရည်ရွယ်ချက်မရှိစေဘဲနှင့်လည်း ကျေနပ်သည်။
ကျွန်တော် ချစ်နေမိသေးသည်။
ကျောင်းတက်ချိန်ထက် စောလွန်းနေသည်မို့
အတန်းထဲတွင် လူအနည်းငယ်သာ ရှိသည်။
ထိုင်နေကျနေရာလေးမှာ ၀င်ထိုင်ပြီး ဘာရယ်မဟုတ် ပြတင်းပေါက်အပြင်ဖက်သို့ ငေးမိတော့ ၀ါကြင်ကြင် သစ်ရွက်လေးတို့က
လေတစ်ခါယိမ်းတိုင်း တစ်ပွင့်ကြွေနေသည်ကိုး။
ဘာလိုလိုနဲ့ ကျောင်းပြီးချိန်ကြီးတောင် နီးလာလို့ပါလား။ နီးလျက်နဲ့ပင်ဝေးသည်မက ဝေးလျက်နဲ့ပင် ဝေးရတော့မည့် ကျွန်တော့်အဖြစ်အား တွေးမိတော့ လူက ငိုချင်ချင်။ ပြီးဆုံးသွားပြီ အရာအားလုံး အဆုံးသတ်သွားပြီလို့ အကြိမ်ကြိမ်ရင်ထဲမှာ ပိတ်လှောင်ကာ အော်ဟစ်ဖူးသော်လည်း လက်တွေ့ဘ၀မှာ ကျွန်တော်ဟာ စွဲလမ်းနေသူတစ်ယောက်။
အတန်းထဲသို့ ခြေတစ်လှမ်းချင်းလှမ်းကာ ၀င်လာသော သူ့ခြေလှမ်းများကိုလည်း မမြင်ကွယ်ရာ ပြုလိုက်မိသည်။ ကျွန်တော်ငိုမိတော့မယ် ထင်ပါရဲ့။
လေတိုက်ရင်တောင် ငိုချင်တဲ့ မီးကောင်ပေါက်အရွယ်လည်း မဟုတ်တော့ဘဲကို အသည်းနုလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည်။
အနောက်ခုံမှာ သူဝင်ထိုင်သွားတဲ့အထိ ခေါင်းငုံ့ထားရာမှ ကျွန်တော်ပြန်မမော့မိ။
မျက်နှာရှေ့သို့ လွှဲခတ်နေသော အရာတစ်ခုကြောင့် ခေါင်းငုံ့ထားရာမှ ကျွန်တော်မော့ကြည့်လိုက်မိသည်။ မျက်စိရှေ့တည့်တည့်မှာ ဝေ့၀ဲနေသော ဖုန်းလေးတစ်လုံး။ လူကို အိပ်ငွေ့ချနေသည်များ ထင်နေလားမသိ။ အနောက်ဘက်မှ Jeon Jung Kook ရဲ့ လုပ်ရပ်တွေမှန်း သိပါရဲ့လေ။ လက်ကို ခေါင်းပေါ်မှ ကျော်ကာ ဖုန်းကို လှုပ်ခါနေခြင်းကြောင့် စိတ်ပျက်စွာ စုတ်တစ်ချက်သပ်လိုက်သည်။
"တော်တော့ Jung Kook"
ဖုန်းကိုလှမ်းဖမ်းပြီး ဆုပ်ကိုင်လိုက်တာကြောင့် ဟက်ခနဲ သူရယ်ချလိုက်သည်။
"တကယ်ပြောတာလား Tae"
သူ့နှုတ်ဖျားမှ ညင်သာစွာ ထွက်ကျလာသော ကျွန်တော့်နာမည်လေးရယ်။ သူပြောသော စကားအား နားမလည်သဖြင့် အနောက်သို့ ကျွန်တော်လှမ်းကြည့်တော့ စပ်ဖြီးဖြီးမျက်နှာပေးနှင့်လူကြီး။
ကျွန်တော့်လက်ထဲမှ ဖုန်းကို မျက်စပစ်ပြတော့ ကြည့်လိုက်မိသည်။
ဘုရားရေ ဒါ...ဒါ ကျွန်တော်ပို့ထားတဲ့ စာ။
[Jung Kook!! ငါတောင်းပန်ပါတယ် အရင်ကဖြစ်ခဲ့တာတွေကို နားလည်ပေးစေချင်တယ် ပြီးတော့ ရှင်းပြစရာတွေလည်းရှိတယ် ငါအခု မင်းကို အရမ်းလွမ်းတယ်......အရမ်းချစ်တယ်]
ထိုစာကိုမြင်ပြီး ပြူးကျယ်သွားသော ကျွန်တော့်ရဲ့ မျက်ဝန်းအစုံ။ စာကိုတစ်လှည့် Jung Kook ကိုတစ်လှည့်ကြည့်ပြန်တော့ သူက ဖြီးပြဲနေသော မျက်ခွက်ကြီးနှင့်။
"ဒါ...ဒါ က ငါ...ငါ ပို့ တာ မဟုတ်ဘူး.."
"Tae မပို့ရင် ယောက္ခမကြီးက ပို့တာလား"
"မဟုတ်ပါဘူး....အဲ့ဒါက ဟို...ဟို ငါ ပြန်ဖျက်ပြီးပြီလေ"
ကျွန်တော့်စကားကိုကြားတော့ ဟက်ဟက်ပက်ပက်ကို သူရယ်နေပြန်သည်။
"Tae က message ကို delete လိုက်တာနဲ့ ကိုယ့်ဆီမရောက်ဘူးလို့ တွေးနေတာများလား ဟားဟားဟား Tae ရာ တကယ်ပါပဲ"
ကျွန်တော်အဲ့လိုထင်လိုက်မိတာလား??
Kim Tae Hyung ရာ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ။ အခုတော့ အရှက်တွေ ဗြန်းဗြန်းကွဲရော။
"Tae! Taeလို့ အဲ့မှာပြောထားတာ တကယ်ပဲလားဟင်?"
ငုံးဥသားကြီးရဲ့ တကယ်ပေါ့။ ငါက နောက်ပြီး ပို့ရမှာလား။ 3 shadows he don't knowကြ်ီိး။
"မသိဘူးကွာ လာမမေးနဲ့"
ရှက်ရှက်နဲ့ ကျွန်တော်ပြေးထွက်ခဲ့တာ အားကစားကွင်းထဲတောင် ရောက်ခဲ့ပြီ။
ဟိုအရိပ်အကဲနားမလည်တဲ့ အကောင်ကြီးကတော့ အနောက်ကတောင် လိုက်မလာဘူး။ မုန်းချင်စရာကောင်းလိုက်တာ။
"Tae!"
အနောက်ဘက်မှ သိုင်းဖက်လာသော သူ့လက်သွယ်သွယ်များ။ ခါးကိုယှက်သွယ်ထားသော သူ့လက်များအား ယောင်အစွာ ပြန်လည်ဆုပ်ကိုင်ထားမိသည်။
ပုခုံးပေါ်မေးစေ့လေးလာတင်တော့ သူ့အသက်ရှူသံယဲ့ယဲ့နှင့် လေငွေ့လေးတို့ဟာ လည်တိုင်တစ်လျှောက်ဖြတ်စီးလို့။
အား......ရင်ခုန်လိုက်တာမှ အရမ်းပဲ။
"Tae ကိုယ့်ကို ချစ်နေသေးတယ်မလားဟင်!
ကိုယ်ကတော့ Tae ကို ချစ်တုန်းပဲ အင်း....ချစ်ခဲ့ ချစ်ဆဲ ချစ်မြဲပဲ တစ်ခါမှ မမုန်းခဲ့ဘူး သိလား"
လူဆိုးကြီး လူကိုကျ အသည်းတွေ ပိုးစိုးပက်စက်ခွဲခဲ့ပြီးတော့ အခုမှ ချစ်သေးတယ်တဲ့။ လမ်းခွဲမယ်ဆိုပြီး ရုပ်တည်ကြီးနဲ့ပြောခဲ့တာ သူမဟုတ်သလိုပဲ။
"လူယုတ်မာကြီး.....မင်း မကောင်းဘူး Jeon Jung Kook ဟင့်"
ဖယ်တာလည်းမဟုတ်ပါဘဲ သူ့လက်တွေကို တွန်းနေသည်။ ချက်ချင်းကြီး ငါလည်း ချစ်ပါတယ်လို့ ပြောရမှာလား။ ဟင့်..ဝေးသေး မူအုံးမှာ။ Kim Tae Hyungတို့ image အပျက်မခံနိုင်ပါဘူး။
"မငိုနဲ့လေ Tae ရယ်!!! အင်း ကိုယ်မကောင်းခဲ့ဘူး တိတ်တော့နော် အခုကစပြီး Tae သဘောကျဖြစ်စေရမယ်နော်"
လူကိုဆွဲလှည့်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တာများ Drama ကားထဲကလိုပဲ ရိုဆန်လိုက်တာများ။
ကျွန်တော့်ရဲ့ ချစ်ကွတ်ကြီးကလေ လူနဲ့လိုက်အောင်ကို အရိုကြီးပဲတစ်လိုင်း တကယ်။ ကျွန်တော်လေ တကယ် ဒီလို ချစ်သူကြီးရထားတာ သိပ်ကံကောင်းတာပဲ။
"ချစ်တယ် Jung Kook"
"ကိုယ် ပိုပြီး ချစ်မယ်နော် Tae"
"အင်း!"
သူ့ရင်ခွင်ထဲ ခေါင်းလေးမြှုပ်သွားသည်အထိ တိုးဝင်လိုက်သည်။ ပိုလို့ တင်းကြပ်စွာ ဖက်လာသော သူ့လက်များဟာလည်း ကျွန်တော့်ရဲ့ ခါးသွယ်သွယ်ထက်မှာ လှပစွာ နေရာယူလို့။
မေးဖျားလေးကို ဆွဲမော့ပြီး အကြည့်ချင်းဆုံစေတဲ့ အခိုက်အတန့်မှာ အသက်ရှူသံတွေ ရပ်တန့်တော့မယ်ထင်။
နီးကပ်လာသော သူ့မျက်နှာပြင်ကြောင့် မျက်လုံးများမှိတ်ချလိုက်သည်။ နူးညံ့စွာ ကျရောက်လာသော သူ့နှုတ်ခမ်းများဟာ ကျွန်တော့်နှုတ်ခမ်းဖျားများထက်တွင် ရောက်ရှိလာတော့ သူ့အသက်ရှူငွေ့လေးတွေဟာလည်း နှုတ်ခမ်းထောင့်လေးများမှာ တစ်စွန်းတစ်စ ရိုက်ခတ်လျက်ပင်။ နှုတ်ခမ်းများအား နွေးထွေးစွာ ငုံထွေးလာသော သူ့ကြောင့် အသက်ရှူလို့ပင် မ၀တော့။
နှုတ်ခမ်းစပ်လေးအား နောက်ဆုံးသူနမ်းပြီး အနမ်းတစ်ခုကို အဆုံးသတ်ခဲ့သည်။
ဒါတောင်မှ တို့ကနန်း ဆိတ်ကနန်း နဲ့ နှုတ်ခမ်းတွေက မခွာချင်သေး။
"Tae အရမ်းချစ်တယ်ကွာ ဘယ်လိုလုပ်ရမလဲ"
"ဘာမှမလုပ်နဲ့ နောက်တစ်ခါ ငါ့ကို လမ်းခွဲဖို့ လာမပြောနဲ့"
"အင်းအင်း မပြောတော့ဘူး လုံးဝမပြောတော့ဘူးနော်! ကိုယ်တောင်းပန်ပါတယ် ဘာမှလည်းမစုံစမ်းပဲ Taeကို အထင်လွဲခဲ့လို့"
"အင်း...Tae လည်း တောင်းပန်တယ် မမေးသင့်တာတွေကို မေးခဲ့လို့ ဒါနဲ့လေ ချစ်ကွတ် Tae မှာလေ ဘာရည်းစားမှ မရှိခဲ့ဘူး BiBi နဲ့ကလည်း ဘာမှမဟုတ်ဘူး သိလား"
ကျွန်တော့်ပါးနှစ်ဖက်ကို မွခနဲ မွခနဲနေအောင် လာနမ်းပြီး နှာခေါင်းထိပ်လေးကို လည်း နမ်းသွားသေး။
"ဟုတ်ပါပြီး ကိုယ့်အချစ်လေးရဲ့ ကိုယ့်မှာလည်း ဘာရည်းစားမှ မရှိခဲ့ဘူး Tae က ပထမဆုံးပဲ!!
အာ့မို့ ကိုယ်က Tae ကို အရမ်းချစ်တာပေါ့"
"Tae ရောပဲ ချစ်ကွတ်ကို အရမ်းချစ်တယ် နောက်ဆို Tae မဆိုးတော့ဘူးနော် ရစ်လည်းမရစ်တော့ဘူး ပြသနာတွေလည်း မရှာတော့ဘူး ကတိပေးတယ် ကတိနော် ကတိ"
"အင်း....ကိုယ်လည်း Tae အပေါ် အထင်မလွဲတော့ဘူး Tae စိတ်ဆိုးအောင်လည်း မလုပ်တော့ဘူး Tae စိတ်တိုင်းကျအကုန်လုံးဖြစ်စေရမယ် ကတိ"
လက်သန်းနဲ့လက်မထိပြီး အကြိမ်ကြိမ်ထားရှိခဲ့သော ကျွန်တော်တို့ ကတိများကို မိုးကောင်းကင်ကြီးကပင် အသိသက်သေ။ ကျွန်တော့်ရဲ့ ချစ်ကွတ်အပေါ် ဘယ်တော့မှမဆိုးတော့ပါဘူး။ သူက ကျွန်တော့်ကိုဆို သိပ်ချစ်တာပဲ။
သူ့ပုခုံးပေါ်ခေါင်းလေးမှီကာ မျက်လုံးလေးမှိတ်ပြီး မှေးနေတုန်း နဖူးပေါ်သို့ သူလာပေးသော အနမ်းလေး။ အမေရေ ကျွန်တော် ချစ်ကွတ်ကြီးကို အရမ်းချစ်တယ် လုပ်ကြပါအုံး။
ဖယ်ခွာသွားသော သူ့မျက်နှာကို လက်နှစ်ဖက်နှင့် အတင်းဆွဲယူပြီး နှုတ်ခမ်းနှစ်ခုထိကပ်ထားလိုက်တော့ ပြူးကြောင်ကြောင်လေးနှင့် ကျွန်တော့်ရဲ့ချစ်ကွတ်။ အခုတော့ အနမ်းတွေကို ဦးဆောင်နေတာ ကျွန်တော်။ တဖြည်းဖြည်းနဲ့ ဦးဆောင်လာသာ ချစ်ကွတ်ကြီး။
အသက်ရှူမရတော့လို့ ဒင်းရဲ့ ကြက်ရင်အုံကြီးကို တဘုန်းဘုန်းထုတော့မှ လွှတ်ပေးသည်။
"ကျောင်းပြီးရင် ကိုယ် Tae ကို လက်ထပ်မယ် လက်ခံမယ်မလား?"
"အင်း.....ဆယ်ခါပြန်လက်ခံတယ် ချစ်ကွတ်
ပြောပြီတော့ မယူရဲမယူကြည့် လိုက်သတ်မှာ"
နှစ်ယောက်ပြိုင်တူ ရယ်မောမိချိန်တွင် ကောင်းကင်ကြီးဟာ ကြည်လင်တောက်ပလို့။
လွင့်ပြယ်နေသော တိမ်စိုင်တို့မှာ ကျွန်တော်တို့ရဲ့ အချစ်တွေ။ စီးဆင်းနေတဲ့ မြစ်ရေတွေမှာ ကျွန်တော်တို့ရဲ့ အကြင်နာတွေ။
နောင်ဘ၀တွေထိ တည်တံ့အုံးမယ့် သစ္စာတရားတို့နှင့် ကျွန်တော်တို့နှစ်ယောက်။
သံသရာတိုင်းမှာ လည်ပတ်နိုင်ဖို့ ဖူးစာဖက်မှာ သူတစ်ယောက်တည်းပါလေ။
တိုင်းတာမရသော အချစ်တို့နဲ့ ညနက်ခဲ့သော ကျွန်တော်တို့ညမှာ ကြယ်ရောင်တွေဟာ ထွန်းလင်းခဲ့သည်။ လမင်းကြီးဟာ တောက်ပခဲ့တယ်။ ကျွန်တော်တို့ကြောင့်လို့ ပြောရင် ဒဏ္ဏာရီဆန်မယ်။
ကမ္ဘာကြီး လှပဖို့ ကျွန်တော်တို့ တွဲလက်တွေ ခိုင်မြဲဖို့တော့လိုမယ်။
ဘာကြောင့်လဲလို့တော့ မမေးလိုက်ပါနဲ့။
သူကကျွန်တော် ကျွန်တော်ကသူ ဖြစ်ခဲ့လို့ပင်။
*Kim Tae Hyung
ချစ်ရပါသော
Jeon Jung Kook*
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ THE END ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ပါပြီ။
Happy ending လေးကို အခုမှ ရေးဖူးတာမို့ ဟာကွက်တွေ ပါကောင်းပါနိုင်တာမို့ ခွင့်လွှတ်ပေးကြပါ။
တကယ်အခုမှ ရေးဖူးတာ😂😂😂😂
တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါကြောင်း💓
LOVE YOU ALL❤❤❤❤❤
*Nun