" ~~The One~~ I Love "《✔Compl...

By Baekyeolliehyun04

133K 9.9K 605

Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More

1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan

32-ကျွန်တော်ချစ်တဲ့~~သူ~~

5.2K 286 20
By Baekyeolliehyun04

platformပေါ်၌ လမ်းလျှောက်နေသော
Baekhyun, Chanyeol မေမေ၏စကားများ
ပြန်ကြားယောင်ကာ သက်ပြင်းချမိလိုက်သည်။

Chanyeolမေမေနဲ့ CEO. Wuနဲ့က ငယ်ချစ်ဦးတွေ… မျိုးရိုးစဉ်ဆက်ချမ်းသာလာတဲ့
Wuမိသားစုက သာမာန်လူတဲ့စားဖြစ်တဲ့Chanyeolမေမေနဲ့
သဘောမတူခဲ့ဘူး… ဒါကြောင့် CEO. Wuကို
အဆင့်တူမိန်းကလေးတစ်ဦးနဲ့ လက်ထပ်စေပြီး
Wu Yifanကိုမွေးလာတယ်။

Chanyeolမေမေကလည်း သူမကိုငယ်ငယ်တည်းက တိတ်တခိုးချစ်နေသည့် အိမ်နီးချင်းအကိုParkနဲ့
လက်ထပ်ပြီးChanyeolကိုမွေးခဲ့တယ်။ Chanyeolဖေဖေဆုံးသွားတော့ သားအမိနှစ်ယောက်တည်း ရုန်းကန်ရင်းစာတော်တဲ့Chanyeolကြောင့်
L.Aမှာ တက္ကသိုလ်တက်ရန် Scholarရခဲ့ပြီး
သူမရဲ့ငယ်ချစ်ဦးဖြစ်တဲ့ CEO. Wuနဲ့ပြန်တွေ့
တော့ Chanyeolကိုအချိန်ပိုင်းအလုပ်မလုပ်စေပဲ
ထောက်ပံ့ပေးခဲ့တယ်။

တစ်နေ့မှာတော့ Chanyeolက အရက်တွေမူးပြန်လာပြီး L.Aကထွက်သွားပါရစေ တောင်းဆိုတာကြောင့်
CEO. Wuကပဲ တစ်ခြားသွားပြီးကျောင်းတက်စေခဲ့တယ်။ ဒီလိုနဲ့Chanyeolမေမေနဲ့ CEO. Wuက လက်ထပ်ဖြစ်ခဲ့တာ…

"ဒါဆို အန်ကယ်Wuက Chanyeolတို့ ကျေးဇူးရှင်ပေါ့!!"

Baekhyunခြေလှမ်းတွေရပ်သွားကာ ခပ်တိုးတိုးရေရွတ်မိသည်။ CEO. Wu၏ ကျေးဇူးရှိနေလို့ Chanyeol လက်ထပ်ပွဲကိုမငြင်းခဲ့မှန်း Baekhyunနားလည်သွားသည်။

"Park Chanyeolအရူးကောင်!!"

ရုတ်တရက်မြည်လာသောPhသံကြောင့် Baekhyun phထည့်ထားသည့် ဘောင်းဘီအိတ်ကိုနှိုက်လိုက်သည်။
Phနံပတ်စိမ်းဖြစ်နေသည်ကြောင့် တစ်ခဏတာ
တွေဝေပြီးမှ phဖြေလိုက်မိ၏။

"Hello, Byun Baekhyunပြောနေပါတယ်!!"

~~~~~

"ဒါဆိုကျွန်တော်က လက်ထပ်ပွဲကို နောက်ဆုတ်ပေးရမယ်ပေါ့!!"

Coffeခွက်ကို စားပွဲပေါ်ချလိုက်ရင်းပြောလာ
သော Baekhyunအသံကြောင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးသက်ပြင်းချလာသည်။

"အန်တီသားကိုနားလည်ပါတယ်!! ဒါပေမယ့်
အန်တီသားကလည်း သားမှသားဖြစ်နေတော့!!"

"ကျွန်တော်Sehunကို နားလည်အောင်ပြောပြပြီးပါပြီ။ သူကလည်းကျွန်တော့်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး
အထွန့်တက်တာမရှိပါဘူး…"

သူမကသက်ပြင်းချသည်။ မိုးလင်းလျှင်အိမ်ကထွက်သွားသည်။ ပြီးလျှင်မိုးချုပ်မှပြန်လာကာ အခန်းထဲကထွက်မလာသည့်သားဟာ ထမင်းလည်းမစားချေ။ တစ်ခါတစ်လေအခန်းတွင်းမှ ရှိုက်သံသဲ့သဲ့လည်း ကြားနေရတာမို့ မနေနိုင်တော့သည့်သူမမှာ Baekhyunအကြောင်းစုံစမ်းကာ ရှေ့မျက်နှာနောက်ထားပြီးတောင်းဆိုရသည်
အထိ…

"အန်တီသားလေးက ကောင်မလေးတွေ
တစ်ယောက်ပြီးတစ်ယောက်တွဲတာအန်တီ
သိပါတယ်။ ပျက်သွားတိုင်းလည်းခပ်အေးအေးပဲ…
ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ချစ်လာရတဲ့သားဆိုးလေးမို့ အန်တီတို့လည်း
မဆူရက်ခဲ့ဘူး… ဒါပေမယ့်အခုတလော
သားလေးလိမ်မာလာတယ်။ ကောင်မလေးတွေနဲ့လည်း အဆက်အသွယ်ဖြတ်တယ်။ တစ်ခါတစ်လေphထဲက ကောင်လေးတစ်ယောက်ပုံကြည့်ပြီး ပြုံးနေတတ်တာ…"

သားအကြောင်းပြောနေသော သူမမျက်နှာ၌
ဝမ်းနည်းရိပ်များလှိုက်တက်လာသည်ကို
Baekhyunမြင်လိုက်ရသည်။

"ဟိုတလောက ညသန်းခေါင်ကြီးသားလေးဆီ
phလာတယ်လေ… သူအသည်းအသန်ပြေးထွက်သွားပြီးတော့
နောက်တစ်နေ့ညရောက်မှ မူးပြီးပြန်ရောက်လာတာ… အဲ့ဒီနောက်အမြဲပြုံးရွှင်နေတတ်တဲ့ ကလေးမျက်နှာက ခပ်တည်တည်ဖြစ်လာတယ်… ဒါကိုကြည့်ပြီး
သားတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့မှန်းအန်တီ
နားလည်ပါတယ်"

စကားအရှည်ကြီးပြောပြီးနောက် သူမကသက်ပြင်းထပ်ချရင်း Baekhyunအား
အားနာစွာကြည့်လာသည်။

"အန်တီတောင်းဆိုတာပါ။ သားလေးကိုနည်းနည်းလောက်တော့ စဉ်းစားပေးပါ"

"ကျွန်တော်တောင်းပန်ပါတယ်အန်တီ… ဒါဆိုပြန်ခွင့်ပြုပါဦး"

ရိုင်းသွားမှန်းသိသော်ငြား Baekhyunစိတ်ရှုပ်
စွာ ထိုင်နေရာCafeဆိုင်တွင်းမှ ထထွက်လာခဲ့သည်။

အစောနကလေးတင် Chanyeolမေမေကို
သူကိုယ်တိုင်ချိန်းပြီး အကြောင်းစုံမေးခဲ့တာ…
ပြီးတော့ Sehunအမေက phဆက်ပြီးတွေ့ဖို့တောင်းဆိုတယ်။

Baekhyunစိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်မိ
သည်။ စိတ်ရှုပ်ရှုပ်နဲ့ လမ်းပင်မလျှောက်ချင်တော့
သည်မို့ နီးစပ်ရာကားမှတ်တိုင်တွင် ဝင်ထိုင်လိုက်သည်။

"သူတို့တွေကြားထဲ ငါအရှုပ်ထုပ်များဖြစ်နေပြီလား??"

~~~~~

"လက်ထပ်ပွဲဖျက်ဖို့ ငါပြောလိုက်ပါ့မယ်…"

"…………"

"ဟင့်အင်း!! ရပါတယ် မင်းမငြင်းနိုင်တာငါ
နားလည်တယ်… အခုလည်းနောက်မကျသေး
ဘူးထင်တာပဲ ငါတို့စေ့စပ်တာတောင် မလုပ်ရသေးဘူးလေ…"

"…………"

"ပြီးတော့…… ငါ့အမေမင်းကို အတင်းအကြပ်လမ်းခွဲခိုင်းခဲ့တာလည်း ငါတောင်းပန်ပါတယ်… မင်းသူမကိုနားလည်ပေးမယ်မလား??"

"……"

"အင်း!! ဒါပဲနော်… good night yeol!!"

"good night baek!! ပြီးတော့ကျေးဇူးပါပဲ…"

Baekhyunအိမ်ပြန်သည့် လမ်းတစ်လျှောက် Chanyeolနှင့် phပြောလာခဲ့သည်။ Chanyeolကလည်းကျေးဇူးတင်ကြောင်း…
သူပြောခဲ့မိတာတွေအတွက် တောင်းပန်သည်။ သူငယ်ချင်းကောင်းအဖြစ်
နေကြမည်ဟု ပြောလာတာမို့… Baekhyunလည်းသဘောတူစွာ phချလိုက်သည်။

Baekhyunသည်လည်း လောလောဆယ်ဦးလေးအိမ်မှာနေနေသည်မို့
L.Aကမိဘနှစ်ပါးကလည်း မိမိလက်ထပ်ပွဲကြောင့် ဦးလေးအိမ်မှာခဏလာနေရသည်။ Baekhyunလက်ထပ်ပွဲဖျက်ရန် တောင်းပန်ကြည့်မည်။ မရလျှင်chanyeolကိုပါ
တောင်းပန်ခိုင်းမည်။

Sehunနှင့်တစ်ညတာ ကုန်ဆုံးပြီးဖြစ်သော
မိမိခန္ဓာကိုယ်ကြောင့်လည်း Chanyeolကို
အားနာသည်။ Wu Yifanနှင့် Chanyeolချစ်ခြင်းကိုလည်း မခွဲချင်… မိဘတွေနောက်ထား သူတို့တိတ်တိတ်လေး
ခိုးချစ်လို့ရနေသည်ပဲ…

ထို့အပြင် မိမိအပေါ်တွယ်တာရှာသော Sehunအပေါ်လည်း စိတ်မကောင်းဖြစ်မိတာမို့… Baekhyunအားတင်းကာ အိမ်passwordရိုက်လိုက်သည်။

"Baekhyun oppaလာဦး လာဦး…"

အိမ်ထဲရောက်ရောက်ချင်း လက်ကိုအတင်းလာ
ဆွဲကာ TVရှေ့ခေါ်သွားသော တစ်ဝမ်းကွဲညီမဖြစ်သူ So Yong…

"ဘာလဲကွာ!! ပြော"

Baekhyunက စိတ်ရှုပ်သလိုမေးတော့ သူမက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် TVကိုလက်ညှိုးပြလာသည်။

"Wu Group၏ သားကြီး Wu Chanyeolနှင့်
BY Group၏ တစ်ဦးတည်းသား Byun Baek Hyunတို့၏ လက်ထပ်ပွဲကို မနက်ဖြန်မနက်10တွင် xxxx Hotelမှာ……"

TVမှ Announcer၏အသံကြောင့် Baekhyunကြောင်အသွားရသည်။

"ဒါဆိုညီမလေး ကိုနဲ့ယူလို့ရပြီပေါ့နော်!! အမလေးWu Yifanရဲ့ နောက်ဆုံးတော့ရှင်
ကျွန်မကိုပဲယူရမှာပဲ!!"

ရည်းစားဟောင်းဖြစ်သူ Yifanတနေသောညီမ
ဖြစ်သူအား Baekhyunစိတ်ပျက်စွာကြည့်
လိုက်သည်။

"appaတို့ရော??"

"အခန်းထဲမှာoppa!"

Baekhyun မိဘတွေရှိရာ အခန်းဆီသို့
လျှောက်သွားလိုက်သည်။

~~~~~

"မနက်က Mr. Wuက phဆက်ပြီး လက်ထပ်ပွဲကို အမြန်စီစဉ်ချင်တယ်ပြောတယ်…
သဘောသာတူပေးပါ မနက်ဖြန်အဆင့်သင့်
ဖြစ်အောင် သူတာဝန်ယူမယ်ဆိုလို့… ommတို့ကလည်း သားchanyeolကို ဘယ်လောက်ချစ်ခဲ့လည်းဆိုတာသိနေတော့
လက်ခံလိုက်မိတယ်!!"

မိခင်ဖြစ်သူ၏ စကားကြောင့် Baekhyunအိပ်မပျော်နိုင်… အိပ်ရာပေါ်ပက်လက်ကလေး လှဲနေရင်းက
အိပ်မပျော်နိုင်ဖြစ်နေရသည်။

သတင်းတွင်တောင် ကြေငြာပြီးသွားပြီမို့
တစ်နိုင်ငံလုံးနီးပါးသိနေလောက်ပြီ။ တစ်နိုင်ငံလုံးမသိရင်တောင်မှ စီးပွားရေးအပြိုင်
Companyတွေသိနေလောက်တာမို့ အခုချိန်မှ
လက်ထပ်ပွဲဖျက်ကြောင်းပြောရန် မဖြစ်တော့တာမို့ Baekhyunငြိမ်နေလိုက်ရ
သည်။ မဟုတ်လျှင်မျက်နှာပျက်စရာတွေ… စီးပွားပြိုင်ဖက်တွေကြား အရှက်ရစရာဖြစ်မည်မလား??

"Sehun na, hyungတောင်းပန်ပါတယ်!!
hyungမင်းဆီမလာနိုင်တော့ဘူး ထင်တယ်!!"

"Hyung!! Baekhyun hyung!!"

တစ်ယောက်တည်းရေရွတ်နေရင်းက ခပ်တိုးတိုးခေါ်သံကြားမိတော့ Baekhyunလှဲနေရာမှ ထထိုင်လိုက်သည်။

dok dok~~

"hyung!! ကျွန်တော်sehunပါ!!"

Baekhyunအခန်းဝရံတာမှန်တံခါးအား
တဒေါက်ဒေါက်လာခေါက်သည့်အသံ… Baekhyunထကြည့်လိုက်တော့ မှန်အပြင်ဘက် ဝရံတာတွင်ရပ်နေသော Sehunမျက်နှာနွမ်းနွမ်းအား မိုးအတော်ချုပ်နေပြီ
ဖြစ်သော်ငြား ခြံထဲကမီးတိုင်အချို့၏ အကူအညီဖြင့်ကောင်းကောင်းမြင်နေရသည်။

Baekhyunဝရံတာတံခါးlockချထားသည်အား
ဖွင့်ပေးလိုက်တော့ တံခါးပွင့်ပွင့်ချင်း Sehunက
ပြေးဖက်လာသည်။

"Sehun na!!"

"လွမ်းနေတာ hyung!! ကျွန်တော်လွမ်းနေခဲ့တာ!!"

Baekhyunအဖက်ခံထားရခြင်းမှ ဖယ်လိုက်ပြီး
Sehunအားကြည့်လိုက်သည်။

"Sehun na!! hyung chanyeolနဲ့ လက်ထပ်တော့မှာမို့ Sehunနောက်ဆုတ်လိုက်ပါတော့… တောင်းပန်ပါတယ်sehun…"

sehunက baekhyunလက်ကလေးအား
ဆုပ်ကိုင်လိုက်ရင်း…

"လက်မထပ်လို့မရဘူးလားဟင်!! hyung"

"တောင်းပန်ပါတယ် sehun!! hyungတကယ်
တောင်းပန်ပါတယ်"

Baekhyunစကားကြောင့် Sehunက သက်ပြင်းချလိုက်ရင်း……

"ကျွန်တော်လည်းတောင်းပန်တယ် hyung!!"

Sehunလက်ထဲက လက်ကိုင်ပုဝါတစ်ခုသည်
Baekhyunမျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

~~~~~

"ကျွန်တော် နေသိပ်မကောင်းချင်လို့ လက်ထပ်ပွဲစခါနီးမှ လာခေါ်လိုက်ပါ!!"

လက်ထပ်ပွဲ၏ သတို့သားဖြစ်သူChanyeol
မိတ်ကပ်ပြင်ရမည်ကြောင့် CEO. Wu, မေမေ
တို့နှင့်အတူ လက်ထပ်ပွဲကျင်းပမည့် hotelဆီသို့
စောစောထွက်လာခဲ့သည်။ မင်္ဂလာတေးအဖြစ်
စန္ဒယားတီးခတ်ပေးမည့်ဟု ပြောလာသည့်
Yifanသည် နေမကောင်းဟုဆိုကာ အိမ်တွင်ချန်ရစ်ခဲ့သည်။

ကားပေါ်တက်ခါနီး Chanyeolကို Yifanပြုံးကြည့်နေခဲ့သည့် အကြည့်သည် တစ်မျိုးဖြစ်နေခဲ့သည်အား Chanyeolကိုယ်တိုင်သာသိသည်။

"သတို့သားမတွေ့သေးဘူးလား??"

"ဟုတ်ကဲ့ သူဌေး… သခင်လေးကို ကျွန်တော်တို့
နယ်ဘက်တွေမှာပါ လူလွှတ်ရှာခိုင်းထားပါတယ်"

chanyeolထိုင်နေရာရှေ့setteတွင် baekhyunမေမေသည် တရှုံ့ရှုံ့ငိုလျက်ရှိသည်။
chanyeolမေမေက နှစ်သိမ့်ပေးလျက်ရှိနေပြီး
CEO. Wuနှင့် baekhyunဖေဖေသည်ကား
phတစ်လုံးနှင့် အလုပ်ရှုပ်နေပါ၏။

'ကျွန်တော် baekhyun hyungကို မခွဲနိုင်လို့
အတင်းအကြပ်ခေါ်သွားမိပါတယ်… လူကြီးတွေကြားမျက်နှာပျက်စေခဲ့ရင် ကျွန်တော်အနူးအညွတ်တောင်းပန်ပါ့မယ်…
ခွင့်လွှတ်ပေးပါ
                                             Oh Sehun'

Baekhyunအိပ်ခန်းစားပွဲပေါ်တွင် တင်ထားခဲ့သည့် စာရွက်ပိုင်းလေးအားကိုင်ကာ
Mr. Ohနှင့် Mrs. Ohသည်လည်း မင်္ဂလာခန်းမနားနေဆောင်သို့ ရောက်လာခဲ့ပြီး
သားဖြစ်သူအမှားအား လာတောင်းပန်သည်မို့
ရုတ်ရုတ်သဲသဲဖြစ်နေရသည်။

ရုတ်တရက်မြည်လာသော Phသံကြောင့်
CEO. Wu phကိုင်လိုက်သည်။
ထို့နောက်… လက်ထဲမှလျှောကျသွားသော
phသည် ကြမ်းပြင်နှင့်ရိုက်ခတ်သွားသည်။

ထိုအချိန် Wuအိမ်တော်၏ သခင်လေးWu Yifanအခန်း၌ စိုးရိမ်တကြီးဖြစ်နေသော
အိမ်အကူအဒေါ်ကြီးရှိပြီး ထိုအဒေါ်ကြီးရှေ့
ကုတင်ပေါ်၌ ဖြူလွလွဝတ်စုံနှင့် Wu Yifanသည်
ဘယ်ဘက်လက်ကောက်ဝတ်တစ်ခုလုံး
သွေးများစီးကျကာ လဲကျလျက်ရှိနေသည်။
နံဘေးမွေ့ယာ၌လည်း အိပ်ဆေးဖြူဖြူ များ ပြန့်ကျဲနေသည်။

~~~~~

ခြောက်လကြာပြီးနောက်တွင်~~

~~~~~

"Wu Yifan ssi!! ပြန်ပေးလို့ပြောနေတယ်နော်…"

"မပေးဘူးကွာ!!"

Yifanက ဆူပုတ်ပုတ်နှင့် ကုတင်ပေါ်ထိုင်လိုက်ရင်း လက်ထဲကနာရီကို ကျောနောက်ဖွက်လိုက်သည်။

"ပြန်ပေးပါဆိုနေ…"

"မပေးပါဘူးဆိုနေ!!"

အတင်းအလုခံရခြင်းကြောင့် Yifanကလိုက်လုနေသူအား ကုတင်ပေါ်တွန်းချသည်။

"Wu Yifan!!"

"ဘာလဲ?? Wu Chanyeol ssi!!"

Chanyeolအော်သည်ကြောင့် အားကျမခံYifanပြန်အော်သည်။

"ပြန်ပေးကွာ!!"

"ဘယ်လိုဖြစ်နေတာလဲ?? ဒီနာရီကိုဒီလောက်တောင်ကြိုက်နေလား??
Byun Baekhyun hyungနဲ့ ဆင်တူမို့လို့ သံယောဇဉ်မပျက်နိုင်တာမလားဟမ်!!"

Yifanကအော်သည်။ ထို့နောက်လက်ထဲက
နာရီအား Chanyeolဘေးမွေ့ယာပေါ် ဘုတ်ကနဲပစ်ချသည်။

"အင့်ဟာ!! ပြန်ယူ… ဒီနာရီအစုတ်ကိုယူပြီး
မင်းအချစ်ဟောင်းဆီသွားတော့!!"

စိတ်ဆိုးပြီး အိပ်ရာပေါ်ကထရန်ပြင်နေသော
Yifanခါးအားဖက်ပြီး Chanyeolကုတင်ပေါ်
ပြန်ဆွဲချလိုက်သည်။ ပက်လက်ကလေးဖြစ်နေသော Yifanပေါ်
အုပ်မိုးကာ မျက်နှာတည့်တည့်ကြည့်လိုက်တော့
သူကတစ်ဖက်လှည့်သွားသည်။

"Yifan ah!!"

ပြွတ်~~

ခေါင်းစောင်းထားသောကြောင့် မြင်နေရသော
ပါးပြင်ကိုသာ နမ်းရှိုက်လိုက်တော့ သူက Chanyeolမျက်နှာဆီငေးကြည့်လာသည်။

"ချစ်တယ်!!"

ပြွတ်~~

နှုတ်ခမ်းဖူးဖူးဆီ နမ်းရှိုက်ပြန်တော့ ပြုံးလာသည့်
Yifanနှုတ်ခမ်းလေးတွေ…

"Wu Yifan ssi ကို"

ပြွတ်~~

နမ်းရှိုက်လာသော Chanyeolနှုတ်ခမ်းအိအိအား Yifanကပြန်ဆွဲစုပ်သည်။

ပြွတ်~~

Chanyeolက ထပ်နမ်းသည်။

"အရမ်းချစ်တယ်"

"Wu Yifanကလည်း Wu Chanyeolကိုအရမ်းချစ်တယ်!!"

Chanyeolလည်ပင်းကို သိုင်းဖက်ရင်း Yifanမိမိမျက်နှာနား ဆွဲချလိုက်တော့…
လာထိကပ်သည့် Chanyeolနှုတ်ခမ်းတို့ဟာ
နူးညံ့အိစက်နေလေသည်။ တစ်ယောက်နှင့်
တစ်ယောက်နမ်းရှိုက်နေကြရင်း Chanyeolလည်ပင်းထက်ဆီမှ Yifanလက်တစ်ဖက်သည် ခပ်ပွပွShirtအကျီတစ်ထည်သာဝတ်ထားသော
boxerမပါသည့် Chanyeolပေါင်ပေါ်ရောက်လာရင်း……

"အင့်!! Yifan ah"

~~~~~

"သတို့သားOh Sehunနှင့် သတို့သား Byun Baekhyunတို့ အကြင်လင်မယားအရာမြောက်သဖြင့် မင်္ဂလာအနမ်းပေးနိုင်ပါပြီခင်ဗျာ…"

ဖာသာ၏အသံအဆုံး ခြေတစ်လှမ်းနောက်ဆုတ်၍ မျက်လုံးကြီးပြူးနေရှာသော Baekhyunအား Sehunသည်ဆွဲဖက်လျက် အနမ်းပေးလာသည်။ Baekhyunသည်ကား
မသိမသာတွန်းထုတ်လျက် ရုန်းရင်းဆန်ခတ်
ဖြစ်နေ၏။ Sehunက Baekhyunအား ပိုတင်းဖက်လိုက်ရင်း နှုတ်ခမ်းသားတို့အား
အသေအကြေနမ်းရှိုက်ပြန်သည်။

"အဟမ်း!! သတို့သားOh Sehun ssi!! ကျွန်မoppaကို လွှတ်တော့နော်!!"

ခပ်ကျယ်ကျယ်အော်လာသော BaekhyunညီမSoyongအသံကြောင့် Sehunသတိရကာ လွှတ်ပေးမိသလို မင်္ဂလာပရိသတ်၏ ရယ်သံတို့သည်လည်းဆူညံလာ၏။ Baekhyunသည်ကား ရှက်လျက်ခေါင်းပင်မော့မလာတော့ Sehunသည် သွားအအေးပတ်သည်အထိပြုံးနေသည်။

"ကြည်နူးဖို့ကောင်းလိုက်တာ!!"

Sehunတို့အား ငေးကြည့်နေရင်းအားကျသလို
ပြောလာသော Chanyeolမျက်နှာလေးအား
Yifanလှမ်းကြည့်လိုက်သည်။

လွန်ခဲ့သည့်ခြောက်လက… chanyeolနှင့် baekhyunမင်္ဂလာပွဲပျက်သွားသလို… suicideလုပ်သောWu Yifanသည်လည်း
ဆေးရုံတွင်မနဲအသက်လုလိုက်ရသည်။

တစ်ပတ်ကြာသော် Sehunသည်baekhyun
လက်ဆွဲကာရောက်ချလာပြီး နှစ်ဖက်မိဘတို့အား တောင်းပန်သွားသလို…
'sehunနှင့်နှစ်ယောက်သားချစ်နေကြသဖြင့် လက်ထပ်ပွဲမှ ထွက်ပြေးခဲ့ကြောင်း' director Byun Baekhyunက သတင်းစာရှင်းလင်းပွဲ
လုပ်ခဲ့သဖြင့် စီးပွားဖက်companyတို့ကြား
လက်ထပ်ပွဲပျက်ရသည့်အကြောင်းအရာသည်
နားလည်ပေးနိုင်သည့် ကိစ္စတစ်ခုဖြစ်သွားခဲ့သည်။

ယခုSehunနှင့် baekhyunလည်း တစ်ယောက်နှင့်တစ်ယောက်ချစ်ကာ လက်ထပ်ခဲ့ကြသည်။ ဒါဆို……

Yifanနဲ့ Chanyeolကရော??

သူတို့နှစ်ယောက်သည် အဖေနှင့်အမေ၏ ပတ်တတ်မှုကြောင့် လက်မထပ်နိုင်ခဲ့ပေမယ့်…
ပတ်ဝန်းကျင်ကို သူတို့အချစ်အားချမပြနိုင်ခဲ့
ပေမယ့် မိဘတို့၏ နားလည်မှုဖြင့်ဆက်ချစ်ခဲ့ကြသည်။ ပတ်ဝန်းကျင်အတွက် သိပ်ချစ်ကြသော ညီအကိုနှစ်ယောက်အဖြစ်မြင်သော်ငြား
နှစ်ယောက်တည်းသီးသန့်ရှိချိန်တွင် လူမသိသော အချစ်တစ်ခုကိုထူထောင်ခဲ့ကြသည်။

chanyeolပေါင်ပေါ်က လက်ကလေးအား
စားပွဲခုံအောက်မှနေ၍ yifanမသိမသာ
လှမ်းကိုင်လိုက်သောအခါ chanyeolပြုံးပြီး
လှည့်ကြည့်လာသည်။

"ဘာလဲ??"

chanyeol၏ ခပ်တိုးတိုးအမေးအား yifanက
ခေါင်းခါလိုက်ရင်း ပါးစပ်လေးလှုပ်ရုံပြောသည်။

"ချစ်တယ်!!"

Chanyeolက သူ့လက်ထဲက yifanလက်လေးအား နွေးထွေးစွာ ပြန်ဆုပ်ကိုင်လိုက်ရင်း……

"ငါလည်း မင်းကိုချစ်တယ်!!"

THE END

~
~
~
             
02:50 P.M

November 12, 2017 ( Sunday )

#နောက်ဆုံးတော့ဒီficကလေးဇာတ်သိမ်းသွားပါပြီ… ficအစတည်းကဖတ်ပေးခဲ့တဲ့ readerလေးတွေရော silent readerလေးတွေပါ ဇာတ်လမ်းကပေါ့ပေမယ့် updateကြာတာတောင်စောင့်ပြီး သည်းခံဖတ်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်…

Continue Reading

You'll Also Like

64.9K 8.9K 16
ကောင်သေးလေး မင်းတော်တော်ဆိုးတာပဲ CB ((Zawgyi+Unicode))
156K 19.7K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.1M 145K 94
သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့