SOUL

By HsuChiKo365

467K 47.3K 1.6K

ဒီတစ္ဘဝမွာ ဤတစ္ေယာက္တည္းသာ... နႏၵဦးေမာ္ Romance,Spiritualism & Drama Mini Story of Dr.Nanda Oo Maw This is a... More

About Story
Epi-1
Epi-2
Epi-3
Epi 4
Epi 5
Epi 6
အပိုင္း(၇)
Epi-9
Epi-10
Epi 11
Epi-12
Ending Part 1
Ending
ေက်းဇူးတင္လႊာ
Again
Again

Epi 8

17.3K 2.3K 68
By HsuChiKo365

ဂါဝန္ဝတ္ အဂၤလိပ္မေလးေတြသည္မီးညႊန္႔ေတြ
ထဲ ကခုန္ေနႀကသည္။ Unicornသဏၭာန္
ျမင္းတစ္ေကာင္သည္လည္း မီးညႊန္႔တလူလူနဲ႔
ဝိုင္းပတ္ျမဴးတူးေနသည္။ ဒါ ကေဝတစ္ေယာက္
၏ အိမ္မွ မီးလင္းဖို...သူ ပထမဆံုး ႏိုးလာစဥ္က
ေတြ႔ခဲ့ေသာ ကခုန္ေနေသာ မီးညႊန္႔ေတြသည္
စိတ္ထင္တာမွ မဟုတ္ပဲ။ ကခုန္ေနေသာ မီးပံုပြဲ
ကို တိတ္တဆိတ္ေငးႀကည့္ေနမိသည္။ ဒါေတြ
သည္ အိပ္မက္ဆိုရင္ေတာင္ ေႀကာက္ရြံစရာေတြ
စိုးထိတ္စရာေတြ ျပည့္ေနေပမယ့္ လွပမႈတစ္စံု
တစ္ရာအေပၚ ကပ္ျငိရင္း ျပန္လည္မႏိုးထခ်င္ဘူး
က်ေတာ့္ကို တန္ျပန္ေငးႀကည့္ေနေသာ မ်က္ဝန္း
တို႕သည္လည္း လွလြန္းေနဆဲပင္။

"အဲ့ေလာက္ထိ စိုက္ႀကည္ေနေတာ့ ကို မေနတတ္ေတာ့ဘူး လ်န္း"

"so beautiful~~"

ေရရြတ္ျပန္သည္။ ရွက္စိတ္ႀကားမွ ကိုယ့္ကိုကိုယ္
သံသယပင္ ဝင္လာသည္။ လူ႕ဘဝတုန္းက
က်ေတာ့္ ရုပ္ရည္သြင္ျပင္ကို က်ေတာ္သိသည္
ေလ။ ေငးႀကည့္စရာေကာင္းေလာက္ေအာင္
က်ေတာ္ မေခ်ာေမာခဲ့ပါ

"ကိုယ္က ေငးႀကည့္ရေလာက္ေအာင္ထိ မေခ်ာ
ဘူးဆိုတာေတာ့ ကိုယ္မွတ္မိတယ္  လ်န္း..."

"Soulနဲ႔ လူသားပံုက မတူဘူး။ ငါ့ တစ္သက္မွာ
ဒီေလာက္ လွတဲ့ ဝိညာဥ္မေတြ႕ဖူးဘူး"

က်ေတာ္ေခ်ပခြင့္မရေတာ့...မယ္မယ္တို႔ေျပာတဲ့
လိပ္ျပာလွတယ္ဆိုတာ ဒီလိုမ်ိဳးကိုေျပာတာလား

"အစ္ကို႕ ခႏၶာကို အရင္ေတြ႔ေအာင္ရွာရမယ္။
ဒါေပမယ့္ အစိကို႕ကို အျပင္ထုတ္ဖို႕က အႏၱရာယ္
မ်ားလြန္းတယ္"

"ဘာလို႕လဲ??"

"အရမ္းလွေနလို႕"

က်ေတာ္စိတ္ညစ္ေနျပီ။ မိန္းကေလးလည္း မဟုတ္ပါပဲ အရမ္းလွေနလို႔ အျပင္ေတာင္မထြက္
ရတဲ့ ဘဝက အဆီအေငၚမတည့္ခ်က္

"အစ္ကို႔ ဝိညာဥ္က အရမ္းလွေတာ့ တျခား
ေလာက က လူေတြက ထိေတြ႔ခ်င္ႀကတယ္။
ေတာင္ေစာင့္နတ္ေတြ အထိပါ အစ္ကို႔ကို ဝိညာဥ္
ကို ဖမ္းခ်ဳပ္ထားခ်င္ႀကတာ"

"ဟိုတစ္ခါ ေတာထဲမွာ ေတြ႔တဲ့ လူႏွစ္ေယာက္
က?"

"အဲ့ဒါ အဲ့ေတာကို ေစာင့္ေရွာက္တဲ့ ဝိညဥ္ေတြ
သူတို႔က အစ္ကို႔ကိုပါ သူတို႕နဲ႔အတူ အေစာင့္
အေရွာက္အျဖစ္ထားခ်င္ေနႀကတာ"

က်ေတာ္စိတ္ေမာသြားသည္။

"စိတ္ခ်ပါ ။ အစ္ကို႔ကို ကာကြယ္ေပးမယ္။ အစ္ကို႕ အိမ္ကို ျပန္ေရာက္ေအာင္ ပို႕ေပးမယ္"

က်ေတာ္ပိုေမာသြားရသည္။ ဘယ္လိုပို႕မလဲ??
ျမန္မာစကားေတာင္ အဆီအေငၚတည့္ေအာင္
မေျပာတတ္တဲ့ ကေလးသာသာေလးက

"ကို႕ ခႏၶာကိုယ္က ျမစ္ႀကီးနားမွာ ရွိခ်င္ရွိေနမွာ"

"ျမစ္ႀကီးနား?"

"အင္းကိုယ္အဲ့နားကရြာေတြမွာ ပရဟိတလာလုပ္ ရင္း ျဖစ္တာ...ဒီကေနဆို ေဝးတယ္မလား?"

"ဒီေလာက္အေဝးႀကီးကို ဘယ္လိုျဖစ္ျပီး
ဝိညာဥ္လြင့္လာတာလဲ?"

"ကို တို႕ ဒီလိုေတြ႔ဖို႕ ကံပါလာလို႔ ထင္တယ္"

မ်က္ႏွာေလး မသိမသာ ညွိဳးက်သြားသည္။

"ငါ့လိုလူနဲ႔ သိတာ မေကာင္းဘူး"
ဟူ၍ ခပ္တိုးတိုးဆိုေသာစကားတြင္သိမ္ငယ္ျခင္း
တို႕ျပည့္လ်ံေန၏။

"မဟုတ္ဘူး လ်န္း။ မင္းနဲ႔ေတြ႔ခြင့္ရခဲ့တာ ကို ကံအေကာင္းဆံုးပဲ"

ကေဝေလးသည္ ရွက္ရြံတတ္၏။ ထိုရွက္ရြံမႈက
ဝိညာဥ္အား လင္းလက္ေစသည္ ဆိုပါက...

              >>>>>SOUL<<<<<

တေပါက္ေပါက္က်ဆင္းေနေသာ ႏွင္းစက္တို႔
အား ႀကည္ႀကည္ျဖဴျဖဴ ခံယူေနေသာရြက္ေႀကြ
စိမ္းတို႔အား ခပ္ဖြဖြဖိနင္းလ်က္ ျဖည္းျဖည္းမွန္မွန္
ေလွ်ာက္ေနေသာ ေျခေထာက္ေသးေသးေလး။
စိတ္မခ်သလို ေနာက္လွည့္လွည့္ႀကည့္တတ္ေန
ေသာ မ်က္ဝန္းနက္ေတြ။ ေပါ့ပါးေနေသာ ဤနာမ္
တရားနဲ႔ သူ႕နေဘးကပ္ေလွ်ာက္ခ်င္ေသာ္လည္း
တစ္ခ်က္တစ္ခ်က္ လင္းတက္လာတဲ့ ကိုယ္ခႏၶာကအႏၱရာယ္ကို ဖိတ္ေခၚေနသလို
ပဲေလ။

ရြာထဲမဝင္ရတဲ့ ကေဝေလးသည္ ထိုကိစၥအေပၚ
အာရံုသိပ္မရွိ။ ခံစားေနဟန္လည္းမရွိေတာ့...
ေတာပန္းလွလွမ်ားကို ေတြ႔ရင္ သဘာဝတရားကို
က်ေတာ့္အား မွ်ေဝေပးသည္။ ေဆးဖက္ဝင္ေသာ
သစ္ျမစ္သစ္ဥမ်ားကို ေတြ႔တိုင္းလြယ္ထားေသာ
ပလိုင္းေလးထဲ ေကာက္ထည့္တတ္သည္။ ထိုအခါဆို ေရႊေတြ႔သလို မ်က္ႏွာေလး ဝင္းပသြားတတ္ျမဲ

"မင္းက အဲ့ေဆးေတြက်ိဳျပီး ဘယ္သူေတြကိုကု
တာလဲ?"

"အြင္းး ရွိတယ္။ ေတာထဲမွာ မုဆိုးေႀကာင့္
နာသြားတဲ့ ေကာင္ေလးေတြကို ကုတာ။ေနာက္ျပီး
ဟိုးးးေတာနက္ထဲမွာ တရားက်င့္ေနတဲ့ ရေသ့
ႀကီးေတြရွိတယ္။ သူတို႔ ေနမေကာင္းျဖစ္ရင္
ငါ့ ကို စိတ္နဲ႔ လွမ္းေခၚရင္ ငါသြားကုေပးတယ္"

က်ေတာ္ဘာျပန္ေျပာလို႔ေျပာရမွန္းပင္မသိေတာ့
အခုေခတ္အခါတြင္ အဲ့လိုေတြရွိေနေသးသည္
လား?? ျပီးေတာ့...

"လ်န္း...မင္း က ခရစ္ယာန္ကိုးကြယ္တာမလား
ရေသ့ေတြကို ေဆးကုတယ္ဆိုတာ..."

"ဘာကိုပဲ ယံုယံု အားလံုးက လူပဲ။ လူျဖစ္လာရင္
နာမက်န္း လူတိုင္းျဖစ္မွာပဲ...အဲ့ နာမက်န္းတဲ့
လူက ငါ ယံုတာကို မယံုလို႕ဆိုျပီး ပစ္ထားရ
မလား??ရန္သူျဖစ္ေနရင္ေတာင္ သူ႔ကို ငါကုေပး
မွာ...နင္ အဲ အစ္ကိုလည္း ေဆးကုတတ္တာပဲ
ငါ ေျပာသလို မဟုတ္ဘူးလား"

စိတ္အားထက္သန္လာတိုင္းEnglishေတြ
တတြတ္တြတ္ေျပာတတ္ေသာ သူ႔ပံုစံေလးသည္
ခ်စ္ဖို႕ေကာင္း၍ က်ေတာ္သူ႔ေခါင္းေလးကို
ပုတ္မိသည္။ မထိေပမယ့္လို႔ေပါ့...

သူစာမတတ္ဘူး။ က်ေတာ္သင္ႀကားခဲ့ရတဲ့ ဘာသာရပ္ေတြ သူမသင္ဖူးခဲ့ေသာ္ငွား က်ေတာ့္
လို သမားေတာ္က်မ္းသစၥာ မက်ိန္ဆိုခဲ့ရေပမယ့္
သူ႔တြင္ ထိုသို႕ေသာ စိတ္ဓာတ္လွလွေလးေတြရွိ
သည္။

ဒိုင္နာကားျမင့္ႀကီးေပၚ တက္ဖို႕တြန္႔ဆုတ္ေနေသာ
ကေလးကို ႀကည့္ရင္း က်ေတာ္ပူေလာင္လာျပန္
သည္။ ျမစ္ႀကီးနားငါးရက္ေစ်းတြင္ ေဆးျမစ္
ေဆးဥေတြ လာေရာင္းဖူးတယ္ ဟု ဆိုေသာ္ငွား
အဲ့ဒါ ဘယ္ေလာက္ႀကာခဲ့ျပီလဲ က်ေတာ္မွမသိ
ရတာ။ လူသူအစုအေဝးနဲ႔ ေဝးရာ ရြာျပင္
စမ္းေခ်ာင္းေဘးက တဲအိမ္ငယ္ေလးထဲတစ္ကိုယ္
တည္းေနခ့ဲရသူမို႕ ဘယ္သူ႕ကိုျမင္ျမင္စိုးထိတ္
ေသာ မ်က္ဝန္းမ်ားျဖင့္ ႀကည့္ေနတတ္၏။

ဘယ္တုန္းတည္းက သိမ္းထားမွန္းမသိေသာ
ပိုက္ဆံအလိပ္ေလးထည့္ထားေသာ အနက္ေရာင္
လြယ္အိတ္ငယ္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိိုင္
ရင္း ခုန္ေနေသာ ကားႀကီးေပၚ မ်က္လံုးစံုမွိတ္
္လ်က္ ေခြ်းေစးျပန္ေနေသာ လက္ေတြအား
ဆုပ္ကိုင္ ေပးခ်င္ေသာ္လည္းသူထိုင္ရာခံုေအာက္
ဒူးတစ္ဖက္ေထာက္လ်က္ ေခြ်းေစးျပန္မ်က္ႏွာ
ႏုႏုကို စိုးရိမ္တႀကီးေမာ့ေငးေနရသည္ကလြဲ၍
ဘာမွ မလုပ္ေပးႏိုင္ေသာ ဘဝကို စိတ္အပ်က္
ႀကီးပ်က္သည္။

ျမစ္ႀကီးနားေစ်းကိုေရာက္ေတာ့ အခ်ိန္ပင္လင့္
ေနျပီ။ အေအးဓာတ္ပိုကဲေသာေဒသရယ္မို႕
ေနမဝင္ခင္ ေမွာင္ရီပ်ိဳးေန၏။ ဒီေန႔အတြက္ က်ေတာ္တို႕ တည္းခိုဖို႕ေနရာတစ္ေနရာအျမန္
ရွာမွ ျဖစ္မည္။ လ်န္း မွာ အေပၚရံုေတြဘာေတြ
ပါမလာ။ ႏွီးဖိနပ္ပါးေလးနဲ႔ တစ္ေနကုန္ ရြာေပါင္း
မ်ားစြာျဖတ္ျပီး လမ္းေလွ်ာက္လာရတာ။ ေနာက္ျပီး ကားစီးလာရ၍ လူလည္းႏြမ္းေနျပီ

"လ်န္း အဆင္ေျပလား?"

ကားေပၚကဆင္းဆင္းခ်င္း ေခြေခါက္လဲမတတ္
ပင္ျဖစ္သြားရွာ၏။ ဖမ္းထိန္းေသာ္လည္း က်ေတာ့္
လက္သည္ ေလဟာနယ္ထဲသာ ေဖာက္ထြင္းမိ၍
လ်န္းသည္ကား ေျမျပင္ေပၚတြင္ ေခြေခါက္လဲက်
သည္။

"I'm ok..."

တိုးလ်လ်အသံတို႕သည္ တုန္ယင္ယင္ႏႈတ္ခမ္း
လႊာမွ အားတင္းထြက္ေပၚသည္။
ေနာက္ျဖည္းျဖည္းခ်င္း ထရပ္သည္။ လူသူကင္း
ရွင္းေနျပီျဖစ္ေသာ လမ္းသြယ္ေလးမ်ားထဲမွ ျဖတ္
ေက်ာ္လ်က္ ေစ်းေပါေပါ တည္းခိုခန္းကိုလိုက္ရွာ
ရသည္။ က်ေတာ္သည္လည္း ကခ်င္ျပည္နယ္
ကိုသာေရာက္တာ ေရာက္ကတည္းက တာဝန္က်
ရာ ရြာေတြကလြဲ၍ ဘယ္မွမေရာက္ဘူး။ လမ္းမီး
ေတြ လင္းလာေလ လူေျခတိတ္လာေလ က်ေတာ့္
ေရွ႔မွ ခပ္ကုတ္ကုတ္ နဲ႔ တသုတ္သုတ္သြားေန
သူကို ပို၍က်ေတာ္စိုးရိမ္လာေလ။ ႏွင္းျမဴေတြ
တျဖည္းျဖည္းသိပ္သည္းလာျပီ။

"ဘယ္လဲ ကေလး?"

တိုင္းရင္းသားအသံ ဝဲတဲတဲနဲ႔ လ်န္းေရွ႔ပိတ္ရပ္
လာေသာ လူငယ္ေလးေယာက္။ ခါးႀကားထဲတြင္
ဓားေျမာင္ေတြနဲ႔...လက္ႀကားထဲက စီးကရက္ေငြ႔
ေတြသည္ ျမဴေတြနဲ႔ ေရာေထြးသြားသည္။

ေတာထဲတြင္ ဒဏ္ရာရခဲ့ေသာ က်ားမ ႀကီးကို
ေတာင္ ေဆးထည့္ကုသေပးခဲ့ဖူးေသာ ကေလးငယ္သည္ လူဖလံ လူမိုက္ေပါက္စသံုး
ေယာက္ေရွ႔တြင္ေတာ့ ျဖဴးေကာင္ေပါက္ေလး
တစ္ေကာင္လို တုန္ယင္ေနျပီ။ ဘာမွမလုပ္ေပး
ႏိုင္တဲ့ အေငြ႔သက္သက္ဘဝတြင္
က်ေတာ္ပူေလာင္လာသည္။

               >>>>>Soul<<<<<

"သူက ကေဝေလ က်ိန္စာေတြ ဘာေတြ မတိုက္
လိုက္ဘူးလား?"

သူေျပာသမွ် ကို စိတ္ဝင္တစားနားေထာင္လ်က္
ျပန္ေမးေသာ ေမးခြန္းအား ခပ္တိုးတိုးရယ္သည္

"သူက သိပ္ေႀကာက္တတ္တဲ့ ကေဝေလးပဲ
သူေႀကာင့္ လူတစ္ေယာက္နာက်င္မွာ ေသမေလာက္ေႀကာက္တတ္တယ္"

"ဒါေပမယ့္လည္း အခုလို သူ႔အသက္အႏၱရာယ္
နီးေနခ်ိန္ေတာ့..."

"အင္း...အဲ့လိုအေျခအေနမွာေတာင္ သူက
မာသာထရီဆာ ဝင္စားေနေသးတာ။ ဒါေႀကာင့္
ငါ လူတစ္ေယာက္ကို သတ္မိေတာ့မလို႕ေတာင္
ျဖစ္သြားခဲ့ဖူးတယ္"

"ဘာ!!အစ္ကို႔လို လူက..."

ေခါင္းညိတ္ျပသည္။ ႏႈတ္ခမ္းခပ္ေထြးေထြးေတြ
အျပံဳးစတစ္ခုပင္ ကပ္ျငိေနေသး၏။ သူလုပ္ခဲ့
ဖူးေသာ ရက္စက္မႈတစ္ခ်ိဳ႕အေပၚ ခုထိေနာင္တ
ရစရာဟူ၍ မသတ္မွတ္ထားပံုပင္။

စိတ္ထဲကေန ဘုရားပါ တမိသည္။ နႏၵဦးေမာ္
လို လူက လူတစ္ေယာက္ကို သတ္မိမလိုျဖစ္ခဲ့
တယ္ဆိုတာ...

Thank You All

(Unicode)

/

/

/

ဂါဝန်ဝတ် အင်္ဂလိပ်မလေးတွေသည်မီးညွှန့်တွေ
ထဲ ကခုန်နေကြသည်။ Unicornသဏ္ဌာန်
မြင်းတစ်ကောင်သည်လည်း မီးညွှန့်တလူလူနဲ့
ဝိုင်းပတ်မြူးတူးနေသည်။ ဒါ ကဝေတစ်ယောက်
၏ အိမ်မှ မီးလင်းဖို...သူ ပထမဆုံး နိုးလာစဉ်က
တွေ့ခဲ့သော ကခုန်နေသော မီးညွှန့်တွေသည်
စိတ်ထင်တာမှ မဟုတ်ပဲ။ ကခုန်နေသော မီးပုံပွဲ
ကို တိတ်တဆိတ်ငေးကြည့်နေမိသည်။ ဒါတွေ
သည် အိပ်မက်ဆိုရင်တောင် ကြောက်ရွံစရာတွေ
စိုးထိတ်စရာတွေ ပြည့်နေပေမယ့် လှပမှုတစ်စုံ
တစ်ရာအပေါ် ကပ်ငြိရင်း ပြန်လည်မနိုးထချင်ဘူး
ကျတော့်ကို တန်ပြန်ငေးကြည့်နေသော မျက်ဝန်း
တို့သည်လည်း လှလွန်းနေဆဲပင်။

"အဲ့လောက်ထိ စိုက်ကြည်နေတော့ ကို မနေတတ်တော့ဘူး လျန်း"

"so beautiful~~"

ရေရွတ်ပြန်သည်။ ရှက်စိတ်ကြားမှ ကိုယ့်ကိုကိုယ်
သံသယပင် ဝင်လာသည်။ လူ့ဘဝတုန်းက
ကျတော့် ရုပ်ရည်သွင်ပြင်ကို ကျတော်သိသည်
လေ။ ငေးကြည့်စရာကောင်းလောက်အောင်
ကျတော် မချောမောခဲ့ပါ

"ကိုယ်က ငေးကြည့်ရလောက်အောင်ထိ မချော
ဘူးဆိုတာတော့ ကိုယ်မှတ်မိတယ် လျန်း..."

"Soulနဲ့ လူသားပုံက မတူဘူး။ ငါ့ တစ်သက်မှာ
ဒီလောက် လှတဲ့ ဝိညာဉ်မတွေ့ဖူးဘူး"

ကျတော်ချေပခွင့်မရတော့...မယ်မယ်တို့ပြောတဲ့
လိပ်ပြာလှတယ်ဆိုတာ ဒီလိုမျိုးကိုပြောတာလား

"အစ်ကို့ ခန္ဓာကို အရင်တွေ့အောင်ရှာရမယ်။
ဒါပေမယ့် အစိကို့ကို အပြင်ထုတ်ဖို့က အန္တရာယ်
များလွန်းတယ်"

"ဘာလို့လဲ??"

"အရမ်းလှနေလို့"

ကျတော်စိတ်ညစ်နေပြီ။ မိန်းကလေးလည်း မဟုတ်ပါပဲ အရမ်းလှနေလို့ အပြင်တောင်မထွက်
ရတဲ့ ဘဝက အဆီအငေါ်မတည့်ချက်

"အစ်ကို့ ဝိညာဉ်က အရမ်းလှတော့ တခြား
လောက က လူတွေက ထိတွေ့ချင်ကြတယ်။
တောင်စောင့်နတ်တွေ အထိပါ အစ်ကို့ကို ဝိညာဉ်
ကို ဖမ်းချုပ်ထားချင်ကြတာ"

"ဟိုတစ်ခါ တောထဲမှာ တွေ့တဲ့ လူနှစ်ယောက်
က?"

"အဲ့ဒါ အဲ့တောကို စောင့်ရှောက်တဲ့ ဝိညဉ်တွေ
သူတို့က အစ်ကို့ကိုပါ သူတို့နဲ့အတူ အစောင့်
အရှောက်အဖြစ်ထားချင်နေကြတာ"

ကျတော်စိတ်မောသွားသည်။

"စိတ်ချပါ ။ အစ်ကို့ကို ကာကွယ်ပေးမယ်။ အစ်ကို့ အိမ်ကို ပြန်ရောက်အောင် ပို့ပေးမယ်"

ကျတော်ပိုမောသွားရသည်။ ဘယ်လိုပို့မလဲ??
မြန်မာစကားတောင် အဆီအငေါ်တည့်အောင်
မပြောတတ်တဲ့ ကလေးသာသာလေးက

"ကို့ ခန္ဓာကိုယ်က မြစ်ကြီးနားမှာ ရှိချင်ရှိနေမှာ"

"မြစ်ကြီးနား?"

"အင်းကိုယ်အဲ့နားကရွာတွေမှာ ပရဟိတလာလုပ် ရင်း ဖြစ်တာ...ဒီကနေဆို ဝေးတယ်မလား?"

"ဒီလောက်အဝေးကြီးကို ဘယ်လိုဖြစ်ပြီး
ဝိညာဉ်လွင့်လာတာလဲ?"

"ကို တို့ ဒီလိုတွေ့ဖို့ ကံပါလာလို့ ထင်တယ်"

မျက်နှာလေး မသိမသာ ညှိုးကျသွားသည်။

"ငါ့လိုလူနဲ့ သိတာ မကောင်းဘူး"
ဟူ၍ ခပ်တိုးတိုးဆိုသောစကားတွင်သိမ်ငယ်ခြင်း
တို့ပြည့်လျံနေ၏။

"မဟုတ်ဘူး လျန်း။ မင်းနဲ့တွေ့ခွင့်ရခဲ့တာ ကို ကံအကောင်းဆုံးပဲ"

ကဝေလေးသည် ရှက်ရွံတတ်၏။ ထိုရှက်ရွံမှုက
ဝိညာဉ်အား လင်းလက်စေသည် ဆိုပါက...

>>>>>SOUL<<<<<

တပေါက်ပေါက်ကျဆင်းနေသော နှင်းစက်တို့
အား ကြည်ကြည်ဖြူဖြူ ခံယူနေသောရွက်ကြွေ
စိမ်းတို့အား ခပ်ဖွဖွဖိနင်းလျက် ဖြည်းဖြည်းမှန်မှန်
လျှောက်နေသော ခြေထောက်သေးသေးလေး။
စိတ်မချသလို နောက်လှည့်လှည့်ကြည့်တတ်နေ
သော မျက်ဝန်းနက်တွေ။ ပေါ့ပါးနေသော ဤနာမ်
တရားနဲ့ သူ့နဘေးကပ်လျှောက်ချင်သော်လည်း
တစ်ချက်တစ်ချက် လင်းတက်လာတဲ့ ကိုယ်ခန္ဓာကအန္တရာယ်ကို ဖိတ်ခေါ်နေသလို
ပဲလေ။

ရွာထဲမဝင်ရတဲ့ ကဝေလေးသည် ထိုကိစ္စအပေါ်
အာရုံသိပ်မရှိ။ ခံစားနေဟန်လည်းမရှိတော့...
တောပန်းလှလှများကို တွေ့ရင် သဘာဝတရားကို
ကျတော့်အား မျှဝေပေးသည်။ ဆေးဖက်ဝင်သော
သစ်မြစ်သစ်ဥများကို တွေ့တိုင်းလွယ်ထားသော
ပလိုင်းလေးထဲ ကောက်ထည့်တတ်သည်။ ထိုအခါဆို ရွှေတွေ့သလို မျက်နှာလေး ဝင်းပသွားတတ်မြဲ

"မင်းက အဲ့ဆေးတွေကျိုပြီး ဘယ်သူတွေကိုကု
တာလဲ?"

"အွင်းး ရှိတယ်။ တောထဲမှာ မုဆိုးကြောင့်
နာသွားတဲ့ ကောင်လေးတွေကို ကုတာ။နောက်ပြီး
ဟိုးးးတောနက်ထဲမှာ တရားကျင့်နေတဲ့ ရသေ့
ကြီးတွေရှိတယ်။ သူတို့ နေမကောင်းဖြစ်ရင်
ငါ့ ကို စိတ်နဲ့ လှမ်းခေါ်ရင် ငါသွားကုပေးတယ်"

ကျတော်ဘာပြန်ပြောလို့ပြောရမှန်းပင်မသိတော့
အခုခေတ်အခါတွင် အဲ့လိုတွေရှိနေသေးသည်
လား?? ပြီးတော့...

"လျန်း...မင်း က ခရစ်ယာန်ကိုးကွယ်တာမလား
ရသေ့တွေကို ဆေးကုတယ်ဆိုတာ..."

"ဘာကိုပဲ ယုံယုံ အားလုံးက လူပဲ။ လူဖြစ်လာရင်
နာမကျန်း လူတိုင်းဖြစ်မှာပဲ...အဲ့ နာမကျန်းတဲ့
လူက ငါ ယုံတာကို မယုံလို့ဆိုပြီး ပစ်ထားရ
မလား??ရန်သူဖြစ်နေရင်တောင် သူ့ကို ငါကုပေး
မှာ...နင် အဲ အစ်ကိုလည်း ဆေးကုတတ်တာပဲ
ငါ ပြောသလို မဟုတ်ဘူးလား"

စိတ်အားထက်သန်လာတိုင်းEnglishတွေ
တတွတ်တွတ်ပြောတတ်သော သူ့ပုံစံလေးသည်
ချစ်ဖို့ကောင်း၍ ကျတော်သူ့ခေါင်းလေးကို
ပုတ်မိသည်။ မထိပေမယ့်လို့ပေါ့...

သူစာမတတ်ဘူး။ ကျတော်သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေ သူမသင်ဖူးခဲ့သော်ငှား ကျတော့်
လို သမားတော်ကျမ်းသစ္စာ မကျိန်ဆိုခဲ့ရပေမယ့်
သူ့တွင် ထိုသို့သော စိတ်ဓာတ်လှလှလေးတွေရှိ
သည်။

ဒိုင်နာကားမြင့်ကြီးပေါ် တက်ဖို့တွန့်ဆုတ်နေသော
ကလေးကို ကြည့်ရင်း ကျတော်ပူလောင်လာပြန်
သည်။ မြစ်ကြီးနားငါးရက်ဈေးတွင် ဆေးမြစ်
ဆေးဥတွေ လာရောင်းဖူးတယ် ဟု ဆိုသော်ငှား
အဲ့ဒါ ဘယ်လောက်ကြာခဲ့ပြီလဲ ကျတော်မှမသိ
ရတာ။ လူသူအစုအဝေးနဲ့ ဝေးရာ ရွာပြင်
စမ်းချောင်းဘေးက တဲအိမ်ငယ်လေးထဲတစ်ကိုယ်
တည်းနေခဲ့ရသူမို့ ဘယ်သူ့ကိုမြင်မြင်စိုးထိတ်
သော မျက်ဝန်းများဖြင့် ကြည့်နေတတ်၏။

ဘယ်တုန်းတည်းက သိမ်းထားမှန်းမသိသော
ပိုက်ဆံအလိပ်လေးထည့်ထားသော အနက်ရောင်
လွယ်အိတ်ငယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
ရင်း ခုန်နေသော ကားကြီးပေါ် မျက်လုံးစုံမှိတ်
်လျက် ချွေးစေးပြန်နေသော လက်တွေအား
ဆုပ်ကိုင် ပေးချင်သော်လည်းသူထိုင်ရာခုံအောက်
ဒူးတစ်ဖက်ထောက်လျက် ချွေးစေးပြန်မျက်နှာ
နုနုကို စိုးရိမ်တကြီးမော့ငေးနေရသည်ကလွဲ၍
ဘာမှ မလုပ်ပေးနိုင်သော ဘဝကို စိတ်အပျက်
ကြီးပျက်သည်။

မြစ်ကြီးနားဈေးကိုရောက်တော့ အချိန်ပင်လင့်
နေပြီ။ အအေးဓာတ်ပိုကဲသောဒေသရယ်မို့
နေမဝင်ခင် မှောင်ရီပျိုးနေ၏။ ဒီနေ့အတွက် ကျတော်တို့ တည်းခိုဖို့နေရာတစ်နေရာအမြန်
ရှာမှ ဖြစ်မည်။ လျန်း မှာ အပေါ်ရုံတွေဘာတွေ
ပါမလာ။ နှီးဖိနပ်ပါးလေးနဲ့ တစ်နေကုန် ရွာပေါင်း
များစွာဖြတ်ပြီး လမ်းလျှောက်လာရတာ။ နောက်ပြီး ကားစီးလာရ၍ လူလည်းနွမ်းနေပြီ

"လျန်း အဆင်ပြေလား?"

ကားပေါ်ကဆင်းဆင်းချင်း ခွေခေါက်လဲမတတ်
ပင်ဖြစ်သွားရှာ၏။ ဖမ်းထိန်းသော်လည်း ကျတော့်
လက်သည် လေဟာနယ်ထဲသာ ဖောက်ထွင်းမိ၍
လျန်းသည်ကား မြေပြင်ပေါ်တွင် ခွေခေါက်လဲကျ
သည်။

"I'm ok..."

တိုးလျလျအသံတို့သည် တုန်ယင်ယင်နှုတ်ခမ်း
လွှာမှ အားတင်းထွက်ပေါ်သည်။
နောက်ဖြည်းဖြည်းချင်း ထရပ်သည်။ လူသူကင်း
ရှင်းနေပြီဖြစ်သော လမ်းသွယ်လေးများထဲမှ ဖြတ်
ကျော်လျက် ဈေးပေါပေါ တည်းခိုခန်းကိုလိုက်ရှာ
ရသည်။ ကျတော်သည်လည်း ကချင်ပြည်နယ်
ကိုသာရောက်တာ ရောက်ကတည်းက တာဝန်ကျ
ရာ ရွာတွေကလွဲ၍ ဘယ်မှမရောက်ဘူး။ လမ်းမီး
တွေ လင်းလာလေ လူခြေတိတ်လာလေ ကျတော့်
ရှေ့မှ ခပ်ကုတ်ကုတ် နဲ့ တသုတ်သုတ်သွားနေ
သူကို ပို၍ကျတော်စိုးရိမ်လာလေ။ နှင်းမြူတွေ
တဖြည်းဖြည်းသိပ်သည်းလာပြီ။

"ဘယ်လဲ ကလေး?"

တိုင်းရင်းသားအသံ ဝဲတဲတဲနဲ့ လျန်းရှေ့ပိတ်ရပ်
လာသော လူငယ်လေးယောက်။ ခါးကြားထဲတွင်
ဓားမြောင်တွေနဲ့...လက်ကြားထဲက စီးကရက်ငွေ့
တွေသည် မြူတွေနဲ့ ရောထွေးသွားသည်။

တောထဲတွင် ဒဏ်ရာရခဲ့သော ကျားမ ကြီးကို
တောင် ဆေးထည့်ကုသပေးခဲ့ဖူးသော ကလေးငယ်သည် လူဖလံ လူမိုက်ပေါက်စသုံး
ယောက်ရှေ့တွင်တော့ ဖြူးကောင်ပေါက်လေး
တစ်ကောင်လို တုန်ယင်နေပြီ။ ဘာမှမလုပ်ပေး
နိုင်တဲ့ အငွေ့သက်သက်ဘဝတွင်
ကျတော်ပူလောင်လာသည်။

>>>>>Soul<<<<<

"သူက ကဝေလေ ကျိန်စာတွေ ဘာတွေ မတိုက်
လိုက်ဘူးလား?"

သူပြောသမျှ ကို စိတ်ဝင်တစားနားထောင်လျက်
ပြန်မေးသော မေးခွန်းအား ခပ်တိုးတိုးရယ်သည်

"သူက သိပ်ကြောက်တတ်တဲ့ ကဝေလေးပဲ
သူကြောင့် လူတစ်ယောက်နာကျင်မှာ သေမလောက်ကြောက်တတ်တယ်"

"ဒါပေမယ့်လည်း အခုလို သူ့အသက်အန္တရာယ်
နီးနေချိန်တော့..."

"အင်း...အဲ့လိုအခြေအနေမှာတောင် သူက
မာသာထရီဆာ ဝင်စားနေသေးတာ။ ဒါကြောင့်
ငါ လူတစ်ယောက်ကို သတ်မိတော့မလို့တောင်
ဖြစ်သွားခဲ့ဖူးတယ်"

"ဘာ!!အစ်ကို့လို လူက..."

ခေါင်းညိတ်ပြသည်။ နှုတ်ခမ်းခပ်ထွေးထွေးတွေ
အပြုံးစတစ်ခုပင် ကပ်ငြိနေသေး၏။ သူလုပ်ခဲ့
ဖူးသော ရက်စက်မှုတစ်ချို့အပေါ် ခုထိနောင်တ
ရစရာဟူ၍ မသတ်မှတ်ထားပုံပင်။

စိတ်ထဲကနေ ဘုရားပါ တမိသည်။ နန္ဒဦးမော်
လို လူက လူတစ်ယောက်ကို သတ်မိမလိုဖြစ်ခဲ့
တယ်ဆိုတာ...

Thank You All

Continue Reading

You'll Also Like

415K 28.9K 21
[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်...
8.7K 606 28
ကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်...
828K 111K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...