မာန်ခ တစ်ယောက် club က စားပွဲတစ်နေရာ မှာထိုင်ကာ whiskey တွေ တစ်ခွက်ပြီး တခွက်မော့ချနေမိတယ်။ သီချင်း Beat သံတွေက တဒိန်းဒိန်းနဲ့ ဆူညံနေပေမယ့် နားထဲမှာတော့ အဖေ့ရဲ့ သူစိမ်းဆန်တဲ့ စကားတွေက ကြားယောင်လာပြီး နင့် နေအောင် ခံစားနေရတယ်။
သောက်တာ ၆ ခွက်ရှိသေးတယ်။ မျက်လုံးက ဝါးတားတားနဲ့ မူးချင်လာပြီ။ တခါမှတော့ မသောက်ဖူးပေမဲ့ ဒီနေ့တော့ စိတ်ဒဏ်ရာတွေကို ခဏမေ့ပစ်ဖို့ မူးမှ ဖြစ်မှာမို့ သောက်ကို သောက်ရမယ်။ထို့အတွက် လက်ထဲမှာ ကိုင်ထားတဲ့ ၇ ခွက်မြောက်ကို တကျိုက်တည်း မော့ချတယ်။ အဲတော့ ပိုမူးသွားခဲ့တယ်။ ခြေတွေ လက်တွေက ကိုယ်မပိုင်တော့သလို ပေါ့ပါးနေတယ်။ သို့သော် အသိစိတ်တော့ မပျောက်သေးဘဲ ပီသစွာ ရှိနေသေးတယ်။
'' မာန်ခ ဟုတ်ပါတယ်နော် ´´
ခပ်ချွဲချွဲနိုင်လှသည့် မိန်းကလေး အသံကြောင့် သူညာဘက်ကို ခေါင်းလှည့်ကြည့်တယ်။
''ဟင် အသံက ကြားတယ် လူဘယ်မှာလဲ ´´
မာန်ခ အသံက လေးတေးတေးနဲ့ မူးတူးတူးတော့ရှိနေပြီ။
ထိုမိန်းကလေးက မခို့တရို့နဲ့ ရယ်လိုက်ကာ မာန်ခပခုံးကို လက်နဲ့တို့တယ်။
'' ဒီမှာရှင့် ဒီကခေါ်တာ ´´
မာန်ခ ဒီဘက်ကိုလှည့်လာတော့
လည်ဟိုက်အနီရောင် ဂျိုင်းပြတ်အင်္ကျီကိုမှ စကပ်နဲ့
တဆပ်တည်းဖြစ်နေတဲ့ ဝတ်စားဆင်ယင်ပုံ ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်ကို ရုတ်ချည်း
တွေ့ရတယ်။နှုတ်ခမ်းနီ အနီရောင် တောက်တောက်
ဆိုးထားပြီး ဆံပင်တို့က အလိပ်လိုက် သွယ်ကျနေတယ်။
သူမပုံစံကို ကြည့်ရတာတော့ နည်းနည်း
သောက်ထားပုံရတယ်။
'' အော် ... ခင်ဗျားခေါ်တာကိုး။ ဘာဖြစ်လို့ခေါ်တာလဲဗျ ´´
'' ကျမက ကိုမာန်ခနဲ့ ခင်ချင်လို့ပါ ရမလား။
ပြီးတော့ ခင်သွားရင်လဲ စကားတွေ ပြောမယ်လေ ´´
''ဟင်း ´´
မာန်ခက သူ့ကိုလာကြောင်နေတဲ့သူမစကားကို လှောင်သလိုလို လုပ်တယ်။
''ရှင် ဘာရယ်တာလဲ ´´
'' သွားပါကွာ ငါဘာသာငါ အေးဆေးနေပါရစေ Ok ´´
'' ကျမရှင့်ကို ခုနကတည်းက ကြည့်နေတာကြာပြီ ရောက်လာကတည်းက သောက်နေတာ ။သိသလောက်ဆိုရှင်က ဒါတွေ မသောက်တတ်ဖူးလားလို့ ´´
'' ငါလည်း လူပဲ ပါးစပ်ပါတယ် ။ မသောက်ရတော့ဘူးတဲ့လား ။ သွားပါကွာ ဒီနားလေး လာပြီးပွားမနေနဲ့ ဒိုးပါတော့ ´´
မာန်ခက သူ့ပခုံးပေါ် တင်လာတဲ့ သူမလက်ကို တွန်းဖယ်ထုတ်ပစ်တယ်။
'' ရှင်နှင်စရာ မလိုပါဘူး။
ရှင်နှင်ရအောင်လဲ ကျမက
မကောင်းတဲ့ မိန်းမ မဟုတ်ဘူး ´´
မာန်ခက သူမရဲ့ စကားကို လက်ကာပြလိုက်ရင်း. . .
'' ဟေ့ ဟေ့ ။ ငါမင်းကို မကောင်းတဲ့ မိန်းမလို့ တခွန်းမှ
မပြောခဲ့ဘူးနော် ။ ဒီအတိုင်း အေးဆေးနေချင်လို့
သွားခိုင်းတာ ´´
သူမက မာန်ခရဲ့ အပြုအမူကို မကျေမနပ်ဖြစ်သွားတယ်။
''ရှင်တို့လို မင်းသားတွေက ရယ်ရတယ်နော်။
ဘာလဲ Sponser ပေးမှ အကပ်ခံတာလား ´´
မာန်ခက ချက်ချင်းဆိုသလို လက်က ကိုင်ထားတဲ့ ဖန်ခွက်ကို ပေါက်ခွဲ ပစ်လိုက်တယ်။
''ခွမ်း ´´
သူမ လန့်ဖျပ်သွားကာ နားနှစ်ဖက်ကို ပိတ်လိုက်ရင်း အော်မိတယ်။
'' မင်း မိန်းကလေး ဖြစ်နေလို့ ယောက်ျားလေးသာဆို မလွယ်ဘူး သွား ထွက်သွား ´´
မာန်ခ ဒေါသတကြီးနဲ့ အော်ပြောတော့
သူမက မကျေမနပ်သော အကြည့်တို့ဖြင့်ကြည့်ပြီး ဘုဆတ်ဆတ်နဲ့ ဆောင့်အောင့်ပြီး ထွက်သွားပါတော့တယ်။
'' ဟူး ´´
စိတ်ပျက်လက်ပျက်နဲ့ သက်ပျင်းတချက်ချပြီး မာန်ခ
ပြန်ထိုင်တယ်။ အဲဒီနောက် နောက်ထပ် ဖန်ခွက်သစ် တစ်ခွက်ကို ဆွဲယူလိုက်ပြီး တစ်ပုလင်းလုံး ကုန်သည်အထိ သောက်နေမိပါတော့တယ်။ စိတ်ကျေနပ်တဲ့ အထိ သောက်ပြီးသွားတဲ့အခါ ကားပေါ်ကို တယိမ်းတယိုင်နဲ့ တက်ပြီး မောင်းချလာခဲ့တော့တယ်။ မိုးအတော်ချုပ်နေပြီမို့ အိမ်အပြန်လမ်းတစ်လျှောက် လူလည်းပြတ်နေတယ်။ ဒါပေမဲ့ တစ်နေရာရောက်တော့ သူ လာမယ့်လမ်းရှေ့မှာ လူတွေတန်းစီ ပိတ်ရပ်နေတာ တွေ့ရပါတယ်။ ဟွန်း ကို ဆက်တိုက် ဆက်တိုက် တီးနေပေမယ့်လည်း
မဖယ်ပေးတာကြောင့် ကားပေါ်ကဆင်းရတယ်။ အခုမှ သူတို့ကို သဲသဲကွဲကွဲ မာန်ခ မြင်လာရတယ်။ လက်ထဲမှာ တုတ်တွေကိုင်ထားတယ်။ ပြီးတော့ ယောကျ်ားတွေ ချည်းပဲရပ်နေတဲ့အထဲမှာ မိန်းကလေးတစ်ယောက်ကတော့ အဲယောကျ်ားတွေ ရှေ့မှာရပ်နေတယ်။
မူးနေပေမဲ့ အဲမိန်းကလေးကို မာန်ခတန်းမှတ်မိတယ်။
ခုနကပဲ ကလပ်မှာ ပြဿနာတက်ခဲ့တာလေ။
ဒီလောက်ဆို သဘောပေါက်လိုက်ပြီ။ ဒီလူတွေ သူ့ကို ပြဿနာရှာဖို့ သပ်သပ်လာမယ့်လမ်းမှာ ပိတ်ရပ်နေတယ်ဆိုတာ။
'' အခုချက်ချင်း ဖယ်ရင်ဖယ်။
မဟုတ်ရင် ကားနဲ့ဝင်တိုက်ပစ်မှာ မယုံတော့မရှိနဲ့´´
'' မင်းကားနဲ့ ငါတို့ကို ဝင်မတိုက်ခင် ငါတို့လက်ချက်နဲ့ မင်းသေမှာ နားလည်လား။ ဟေ့ရောင်တွေ ရိုက်ကွာ ´´
ရှေ့တည့်တည့်မှခေါင်းကို ဝေ့ရိုက်သောတုတ်ကို မာန်ခ
ခေါင်းငုံ့ရှောင်လိုက်ရင်း ထိုသူရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တယ်။ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရပါ များတော့ ကိုယ်ခံပညာကို နည်းနည်းပါးပါးတော့နားလည်နေပြီ။ နောက်တက်လာသူရဲ့ ဗိုက်ကို ခြေထောက်နဲ့ ကန်လိုက်ရင်း ညာဘက်မှာသူရဲ့လည်ပင်းကို လက်ဝါးနဲ့ အသာလေး ရိုက်ချတယ်။ အခုဆို သူ ၃ယောက်ကြီးတောင်ချလိုက်နိုင်ပြီ။ ထိုစဉ် အောက်ကို လဲကျသွားသူက မိမိခြေထောက်ကို ဆွဲလိုက်လေရာ မာန်ခဒူးထောက်ရက်သားလေး လဲကျသွားတယ်။
လက်နှစ်ဖက်ကို နောက်ဆွဲကာ ဝိုင်း ချုပ်ထားကြတယ်။ ဘေးနှစ်ဖက်ကနေ သူ့ပခုံးကို လူနှစ်ယောက်က ထိန်းထားတယ်။ ရုန်းလေ ပိုချုပ်လေ ဆိုတော့ မာန်ခ ငြိမ်ငြိမ်ပဲ နေလိုက်ပါတယ်။
အဖွဲ့ခေါင်းဆောင် ဆိုတဲ့သူက ဒူးထောက်လျက်သား ချုပ်ခံထားရတဲ့ မာန်ခ ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။ကိုင်ထားတဲ့ တုတ်ကို တရမ်းရမ်းနဲ့ မာန်ခရဲ့ မျက်နှာနား တဝေ့ဝေ့လုပ်နေလိုက်ပြနေတယ်။
'' ကြောက်နေပီလား မင်းသားရဲ့ ဟား ဟား ဟား ´´
မာန်ခက ခနဲ့သလိုနဲ့ တချက်ရယ်တယ်။
'' ဝေးသေးတယ် ကြောက်တယ်ဆိုတာ မွေးတည်းက
ပါမလာတာကွ ´´
'' မင်းသားကတော့ ပြောတော့မယ်။ မင်းသား. . .ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးနော် ဟား ဟား ဟား ´´
'' ဟေ့ရောင် တွေ မင်းတို့ ငါ့ကို သတ်မှာမလား။
လုပ်လိုက်လေ ဘာအချိန်ဆွဲနေတာလဲ ´´
ပတ်ပတ်လည်က ရယ်သံတွေကို လွှမ်းသွားအောင် မာန်ခ စိတ်ပျက်စွာ အော်ပြောရတယ်။
'' ဟိုးဟိုး နေပါဦး မလောပါနဲ့ ဖြေးဖြေးပေါ့ ။
အဲတာကို ကျတော့် baby လေးက မင်းသားကို
ဆုံးဖြတ်ပေးလိမ့်မယ် ´´
အဲလိုပြောလိုက်တော့ ထိုဆော်က လူမိုက်ခေါင်းဆောင်ကို kissingတချက်စုပ်ဆွဲယူတယ်။
အဲနောက် မာန်ခ ရဲ့ ရှေ့တည့်တည့်ကို သူမစီးထားတဲ့ ဒေါက်မြင့်ဖိနပ်တဖက် ချွတ်လိုက်တယ်။
'' ရော့ အဲမှာ ငါ့ဒေါက်ဖိနပ်မှာ ဖုန်ပေနေတယ် တွေ့လား ´´
မာန်ခက ဒေါသမျက်လုံးတို့နဲ့ မော့ကြည့်တယ်။
'' အဲဒီ ဖုန်ကို နင့် လျှာနဲ့ သန့်ရှင်းရေး လုပ်ပေးရင် လွှတ်ပေးလိုက်မယ် ´´
ဒေါသကြောင့် မာန်ခရဲ့ မျက်နှာချက်ချင်း နီရဲလာတယ်။
''ဘာကွ။ တောက် ... တော်တော် မိုက်ရိုင်းတဲ့မိန်းမ ´´
'' ရိုင်းတယ် ထင်ရင်လည်း ရိုင်းတယ်။ အဲတာ
နင်ငါ့ကို bar မှာ အပျက်မတစ်ယောက်လို
ဆက်ဆံလိုက်တဲ့ အတွက် အပြစ်ပဲ . . .´´
''အစက ငါနင့်ကို ရိုးရိုး မိန်းကလေး တစ်ယောက်လို့
မြင်သေးတယ် ။ အခု နင်လုပ်တဲ့ လုပ်ရပ်က နင်ပြောတဲ့ အပျက်မလောက်တောင် အဆင့်မရှိတော့ဘူး ´´
ပြောပြီး မာန်ခက ဖိနပ်ကို တံတွေးနဲ့ ထွေးပစ်လိုက်တယ်။
'' mother fucker !!´´
''ဖျောင်း ´´
သူမက မာန်ခရဲ့ ပါးကို ခပ်ပြင်းပြင်း ရိုက်ပစ်တယ်။
အဲနောက် မာန်ခရဲ့ ဆံပင်တွေကို ဆုပ်ကိုင်ဆွဲကာ ခေါင်းမော့စေပြီး မာမာထန်ထန် ပြောတယ်။
'' ငါ့ကို တောင်းပန်စမ်း ´´
မာန်ခက ခနဲ့သလိုကြည့်တယ်။
'' ဟက်ဟက်။ ဒီနေရာမှာ မင်းလဲသေလိုက်တော့ ´´
'' ဖျောင်းး ´´
မာန်ခ နောက်ထပ် သူမဆီက ပါးချခြင်းခံရတယ်။
'' တောင်းပန်စမ်း ´´
'' မတောင်းပန်နိုင်ဘူး ´´
'' ဖျောင်းး ´´
သူမ မာန်ခ ပါးကို ထပ်ရိုက်ပြန်တယ်။
'' တောင်းပန်လို့ ပြောနေတယ်မလား ´´
'' . . . ´´
'' ဖျောင်းးး ´´
အသားဖြူလှသော မာန်ခရဲ့ ပါးနှစ်ဖက်ဟာ
လက်ဝါးရာတွေနဲ့ နီရဲလို့နေတယ်။
မာန်ခရဲ့ ပါးကို ရိုက်နေရတာ အကြိမ်အရေအတွက်
များလာတဲ့ အဆုံးမှာ သူမ စိတ်မရှည်တော့ဘူး။
အဲတာကြောင့် အသုံးချခံဘဲကြီးကို လှမ်းပြောရတယ်။
'' ဒီ သောက်ကောင်ကို သမ လိုက်တော့။
Baby ကားထဲမှာ စောင့်နေမယ် ´´
''Ok . Baby ´´
ထိုသူက မာန်ခကို ရိုက်ဖို့ ချက်ချင်း လှုပ်ရှားတယ်။
'' ကဲ မင်းသားရေ ။ မသေမှာတော့ မပူနဲ့။
ဆုသာတောင်းထား ´´
Shit ပဲ။ ငါလို ရုပ်ချောတဲ့မင်းသားတစ်ယောက်က
ဒီဘိန်းစားတွေထဲမှာသေရတော့မှာလား။
ထိုသူက သံတုတ်ကို လေထဲမှာမြှောက်ပြီး အရှိန်ယူလိုက်တဲ့အခါ မာန်ခ မျက်စိစုံမှိတ်ထားမိတယ်။ ထိုစဉ်
'' တီတီ တီ ´´
အဆက်မပြတ်တီးနေတဲ့ ဟွန်းသံနှင့်အတူ
သူတို့ဆီကို အရှိန်ပြင်းပြင်းနဲ့ လာနေသော ကားတစ်စီး။
ကားရဲ့ မီးရောင်က ပြင်းလွန်းတော့ မာန်ခ မျက်လုံးတောင် စူးတယ်။ အကုန်လုံးရဲ့ အကြည့်တွေက မာန်ခကို သမ ဖို့ထက် ထိုကားဆီအာရုံရောက်သွားကြတယ်။
မကြာခင်မှာ Lanborgini ကားအနီရောင်ကြီးက မလှမ်းမကမ်းမှာ ရပ်လာတယ်။ မာန်ခ ထိုကားကို သေချာကြည့်တယ်။ ဒီကားကို ငါမြင်ဘူး သလိုပဲ ဘယ်မှာပါလိမ့်။
လူတစ်ယောက် ကားပေါ်ကနေ ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံနဲ့ ဆင်းလာတယ်။ ထိုသူက မာန်ခ တို့ဆီကိုပဲ တည့်တည့်လျောက်လာနေတယ်။ ထိုသူရဲ့
ခြေလှမ်းတိုင်းက သူရဲကောင်းတစ်ယောက်လို
မာန်အပြည့်နဲ့မို့ သူတို့ အားလုံးကို မှင်သက်သွားစေတော့တယ်။ လူက မူးပြီးဝေဝါးဝါးဖြစ်နေတော့
ထိုသူ့မျက်နှာကို မာန်ခသိပ်မမြင်ရသေးပေမယ့်
ရင်းနှီးသလိုတော့ ခံစားနေရတယ်။
ဒါပေမယ့် အရက်ရှိန်ကြောင့်
ဘယ်သူလဲဆိုတာ လုံးဝ စဉ်းစားလို့မရ။
''မင်းတို့ သူ့ကို အခုလွှတ်လိုက် ´´
ယောက်ျားဆန်တဲ့ မာန်ပါပါ သြပြတ်ပြတ်
အသံထွက်လာတယ်။ ထိုအခါ
အဲဒီလူ ဘယ်သူလဲဆိုတာ မာန်ခ သိသွားပါတော့တယ်။
နောက်ဆုံးတော့ ကယ်မဲ့ hero ရောက်လာပြီ။
တခြားသူတော့ မဟုတ်ဘူး။
သူ့ရဲ့ First kiss ကို မပြောမဆိုနဲ့ ယူသွားခဲ့ဖူးတဲ့ . . .
''ဂျေ ´´