ေတာင္ပံမဲ႕လိပ္ျပာ

By YunjaeminCassiopeia

754K 38.8K 2.2K

Bl Story warning 18+ (may be) More

!1!
!2!
!3!
!4!
Bad new!
!5!
!6!
!7!
!8!
!9!
!10!
!11!
!12!
!14!
About.
!15!
!16!
!17!
!18!
!19! Halloween Special
!20!
!21!
!22!
!23!
!24!
!25!
!26!
!27!
!28!
!29!
!30!
!31!
!32!
!33!
!34!
!35!
!36!
!37!
!38!
!39!
!40!
ေၾကာ္ျငာဝင္ျခင္း
Extra- Halloween Special : 1
Extra- Halloween Special : 2
Not update
Suprise
Comic Annoucement
Spoiler
Big News
Comic -1
Comic-2

!13!

14.7K 1.1K 49
By YunjaeminCassiopeia

Zawgyi

ေတာင္ပံမဲ့လိပ္ျပာ
အပိုင္း(၁၃)
.....................................................
လက္ထဲကစာရြက္မ်ားကိုနားမလည္ႏိုင္စြာေငးျကည့္ေနရင္း

လိပ္ျပာငယ္သည္အျဖစ္အပ်က္မ်ားကိုမယံုျကည္ႏိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ကိုယ္ရံေတာ္ကိုေမာ့ျကည့္ေလသည္..........

"သခင္ေလးကုိ သခင္ျကီးဆီက လြတ္ေျမာက္သြားပါျပီ......"

အျကိမ္ျကိမ္အခါခါ ေထြးေပြ႕ဖူးေသာ သခင္ေလးကို ကိုယ္ရံေတာ္က

ညွင္သာစြာျပံဳးျပရင္းဆုိေလသည္

တကယ္ဘဲ သခင္ျကီးဆီကလြတ္ေျမာက္ခြင့္ရသြားရွာသည္လား

တနည္းမဟုတ္ တစ္နည္းနဲ႕မ်ား နာျကင္မႈေလွာင္အိမ္ထဲ ပိတ္မိေနဦးမည္ေလလား

ကိုယ္ရံေတာ္ သည္လဲ အရွင္းမသိရွိေပ...........။

"ကြၽန္ေတာ္ သူ႕ကုိ ေတြ႕ခ်င္တယ္......."

ခပ္တိုးတုိးထြက္က်လာသည့္ သခင္ေလး၏အသံ

နာျကင္စြာေအာ္ဟစ္ရလြန္းလုိ႕ လည္ေခ်ာင္းကြဲကာ

တစ္ပတ္လံုးလံုးအသံမထြက္ႏုိင္ခဲ႕ေသာသခင္ေလးဆီကစကားသည္

ထိုလူငယ္ကိုေတြ႕ခ်င္သည္တဲ႕ေလ........

ေပ်ာက္ကင္းေနျပီျဖစ္ေသာ္ျငား

အရာတစ္ခ်ိဳ႕ထင္က်န္ေနေသးသည္ ကိုယ္လံုးငယ္အား

အဝတ္မ်ားဝတ္ဆင္ေပးကာ ကုန္းပိုးသယ္ေဆာင္လ်က္

ကိုယ္ရံေတာ္ဟာ တာဝန္ေက်ပြန္စြာဘဲ

သခင္ေလး သြားေရာက္ခ်င္ေသာ ေနရာသို႕ ပို႕ေဆာင္ခဲ႕သည္.....။

............................................................................................

Nozomi အလုပ္ကအျပန္ဘယ္ကိုမွ မဝင္ႏို္င္ေအာင္ေနာက္က်ေနျပီျဖစ္တာေျကာင့္

အိမ္သာတန္းျပန္လာခဲ႕မိသည္

စိတ္ထဲတြင္မေက်လည္ေသာအစုိင္အခဲအစမ်ားေျကာင့္

အလုပ္ထဲတြင္အဆင္မေျပသည္မွာ ဒီတစ္ပတ္လံုးပင္

အိမ္ျပန္ေရာက္ရင္ ဘာကိုမွ်မေတြးဘဲ အိပ္ပစ္မည္ဟုစဥ္းစားမိေသာ္ျငား

မနက္ျဖန္ဟာ စေနပါလားဆိုေသာ အသိျဖင့္

အျဖစ္အပ်က္မ်ားသည္ ေခါင္းထဲအစိုးမရစြာတိုးဝင္လာျကျပန္ေလသည္။

မ်က္လံုးအစံုကိုမိွတ္ပစ္ထားရင္ေတာင္ က်န္ရွိေနတတ္ေသာ ျမင္ကြင္းမ်ားသည္

အက်ည္းတန္လြန္းလွသည္

ရယ္ဖုိ႕ေကာင္းသည္မွာ

ကိုစေတြ႕တုန္းကလဲ စင္ျမင္ေပၚမွာ တပါးသူနဲ႕ေပ်ာ္ျမဴးေနသည့္ဟန္ပင္မဟုတ္လား

ခုမွ အဆန္းလုပ္ကာ ေထြထူးေဒါသထြက္မိေနသည္မွာ

ဘာေျကာင့္ရယ္မသိ...

ရွစ္ထ္ သိပ္ဆုိးတယ္........

....................................................................................

မ်က္စိေရွ႕တြင္ ငုတ္တုပ္ထုိင္ေနေသာ ပံုသ႑ာန္ေျကာင့္

Nozomiေဒါသမ်ားသည္ ျပန္လည္အသက္ဝင္လာခဲ႕သည္

"Nozomi ကုိယ္"

"မင္းပါးစပ္ကေန ငါ့နာမည္မထြက္နဲ႕"

"ငါ့မ်က္စိေရွ႕ကိုေပၚမလာတာပိုေကာင္းလိမ့္မယ္"

"ကုိယ္......."

"မင္းပါးစပ္ကိုပိတ္ထားလုိ႕ငါေျပာေနတယ္"

အား...

အညိွဳးတျကီးကန္ေက်ာက္မႈမ်ားေအာက္တြင္

အကာအကြယ္မဲ႕ ျငိမ္ခံေနတဲ႕သူ...

ဝမ္းဗိုက္ေနရာကို ကန္ေက်ာက္ေနမႈေျကာင့္

ေသလုေအာင္ နာျကင္ေနသည့္တုိင္

ေမွ်ာ္လင့္တျကီး ေမာ့ျကည့္ေနသည့္ မ်က္ဝန္းမ်ားသည္

အေရာင္မ်ားလဲ႕ေနတုန္း

"ထြက္သြား...ငါသတ္မိလိမ့္မယ္"

တိုက္ခန္းတံခါးကို ဝုန္းခနဲေစာင့္ပိတ္လုိက္ျပီး

တစ္ဖက္ျခမ္းမွာ က်န္ရစ္ခဲ႕သည္႕ လူသားကုိ

Nozomi အျပီးတုိင္ေပ်ာက္ကြယ္သြားေစခ်င္မိသည္...။

.....................................................................................
စားပြဲေပၚတြင္ပ်ံ႕ျကဲေနေသာ

စိတ္ေက်နပ္ဖြယ္ရာ အျဖစ္အပ်က္၏ဓာတ္ပံုမ်ားကိုျကည့္ရင္း

Hansakiေက်နပ္စြာျပံုးလုိက္သည္.။

အဟင္း ဘယ္လိုေတာင္ စိတ္ေက်နပ္ဖုိ႕ေကာင္းတာပါလိမ့္

လမ္းေဘးတစ္ေနရာမွ ေျကမြေနတဲ႕ေတာင္ပံေတြနဲ႕လိပ္ျပာရယ္

ထုိအခ်င္းအရာကို စိုက္ျကည့္ေနခဲ႕တဲ႕ သားေကာင္ရယ္

အဟက္ဟက္

ေငြမွင္ေရာင္ဆံပင္ရွည္မ်ား အနည္းငယ္ခါသြားသည္အထိ ရယ္ေနခဲ႕သည္႕

အငး္ ငါ ဒီလုိမရယ္ရတာဘယ္ေလာက္ေတာင္ျကာေနခဲ႕ျပီလဲ

ကစားပြဲမရွိဘဲေျခာက္ကပ္ေနခဲ႕သည္မွာလဲ ေတာ္ေတာ္ကိုျကာေနျပီေလကြယ္

လိပ္ျပာကုိခ်ဥ္းကပ္ဖုိ႕အတြက္ ျပင္ဆင္ရန္အခ်ိန္က်လာခဲ႕ျပီဘဲ

ေပ်ာ္ရႊင္စရာကစားပြဲေလးထဲကို မင္းမျကာခင္ပါဝင္ဖုိ႕ ကုိယ္ေစာင့္ေနမယ္

လိပ္ျပာ

ဓာတ္ပံုထဲမွာပင္ထင္ရွားလွေသာ လိပ္ျပာ၏စြဲမက္ဖြယ္ အမွတ္အသားမ်ားကို

ပန္းခ်ီကားအျဖစ္ စုတ္တံကိုအသက္သြင္းကာ ဖန္တီးယူခဲ႕ျပီ

.........................................................................................

နံရံကိုမွီကာ ဒူးပုိက္ထုိင္ေနသည့္သခင္ေလးကို

ေရဘူးနဲ႕အစာလာပို႔တဲ႕ကိုယ္ရံေတာ္က စိတ္မသက္သာစြာ ျကည့္ေနမိသည္။

ဘယ္အခ်ိန္ထိမ်ား ေစာင့္ေနဦးမွာလဲ.....

ေခါင္းမာျပီးအစြဲအလမ္းျကီးသည္ကို ပထမဆံုးအျကိမ္အျဖစ္ေတြ႕ရွိျခင္း

ပံုသြင္းခံရေသာ စိတ္...

လုပ္ယူခံထားရေသာ ဦးေႏွာက္နဲ႕

ရွင္သန္လာတဲ႕သခင္ေလးရဲ႕

ပင္ကိုယ္ဥာဥ္သည္

ခ်စ္တတ္လြန္းျခင္းႏွင့္ အစြဲအလမ္းျကီးျခင္းတုိ႕မ်ားျဖစ္ေလမလားဟု

ႏွစ္ေပါင္းမ်ားစြာအတူေနလာေသာ ကိုယ္ရံေတာ္ဆိုသည္ထက္

ဦးေလး..ဒါမွမဟုတ္ အကိုတစ္ေယာက္လုိစဥ္းစားျကည့္မိျခင္း ျဖစ္သည္။

.........................................................................................

ေရအနည္းငယ္မွ်သာေသာက္ျပီး

တစ္ကိုယ္လံုးနာျကင္ေနသည္ကုိလစ္လ်ဴရႈကာ Ichiroေပကပ္ေနမိဆဲပင္ျဖစ္သည္

ေက်းဇူးျပဳျပီး....

ရုတ္တရက္တံခါးဖြင့္သံႏွင့္အတူ ဆံပင္မွကိုင္ကာ ဆြဲသြင္းျခင္းခံလုိက္ရေလသည္....

ရင္းႏွီးေနေသာ တနည္းအားျဖင့္ေတာင္းတမက္ေမာမိေသာ

လက္တစ္စံု...အေငြ႕အသက္ဆိုတဲ႕အသိနဲ႕

နာျကင္ေသာျငား ရုန္းကန္ျခင္းမျပဳဘဲ သူဆြဲေခၚရာသို႕

ကိုယ္ေပၚက်လာတဲ႕ကံခ်က္ေပါင္းမ်ားစြာ

ခါးပတ္ႏွင့္ရိုက္ခ်က္ေပါင္းမ်ားစြာကို

ျကမ္းျပင္ထက္တြင္ အလူးလိမ့္ခံစားေနရျခင္းကိုပင္

နာျကင္ရေကာင္းမွန္းမသိ...

ခ်စ္ျမတ္ႏိုးမိသြားေသာ ထိုသူအား ျကည့္မိေနသည္..

အင့္....

မ်က္ႏွာေပၚက်လာေသာထိုးခ်က္မ်ားေျကာင့္

ႏွာေခါင္းရိုးပင္က်ိဳးေျကသြားျပီဟုထင္ရေအာင္နာျကင္လြန္းလွသည္..

မ်က္ႏွာတစ္ျပင္လံုးရစရာမရွိေအာင္ထိုးျကိတ္ျပီးမွ

ေျဖလႊတ္လုိက္ေလေသာအခါ

ျကမ္းျပင္ေပၚသို႕အတားအဆီးမရွိ က်ေလရဲ႕

"ရြံစရာေကာင္....

ေခြးေကာင္ ေသစမ္း ေသစမ္း....."

"ဟား ငါေမ႕ေနတာဘဲ မငး္ကနာရမွာကိုျကိုက္တဲ႕ေကာင္ဆုိေတာ့

ခုငါထိုးျကိတ္ေနတာကို ဖီးလ္တက္ေနမွာေပါ့ဟုတ္လား ဟမ္"

"ဒါေျကာင့္ငါ႕ဆီလာတာမဟုတ္လား...

ဟား ရြံစရာေကာင္...."

ကန္ေက်ာက္လုိက္ ေမးလုိက္လုပ္ေနသည္ကို

ညည္းတြားသံေတာင္ မထြက္ႏို္င္ေအာင္

ခံစားေနရရွာသည့္ လိပ္ျပာငယ္ကို

Nozomi သတိမထားမိပါ.......

"ေျပာစမ္းပါ မင္းငါ့ဆီကဘာလုိခ်င္ေနေသးတယ္ဆုိတာ....."

ခပ္တုိးတိုးထြက္က်လာေသာ လိပ္ျပာဆီက စကားသံအဆံုးမွာ

Nozomi လြႊတ္ခ်ုလုိက္မိသည္......။

လိပ္ျပာငယ္ကေတာ့ျဖင့္ ျကမ္းျပင္ေပၚတြင္ေသြးအလိမ္းလိမ္းျဖင့္

ျငိမ္သက္သြားေလျပီ..........။

ျပန္႕က်ဲေနသာ ဘီယာဗူးခြံမ်ားထဲမွ အမူးေျပသြားျခင္းကို

ျပန္လည္မူးရစ္ေစရန္ လက္က်န္ဘီယာကိုရွာေသာျငား

ေတြ႕မလာခဲ႕

"ရွစ္ထ္ ငါမူးဖုိ႕လိုအပ္တယ္

ဒါမွ ငါသူ႕ကို ႏွိပ္စက္ဖုိ႕.... ႏွိပ္စက္လုိ႕ရမွာ....

ရွစ္ထ္"

...........................................................................

ျကမ္းျပင္တြင္ေခြက်ေနေသာ ရဲ႕လိပ္ျပာငယ္......

မထိရဲေသာျငား

Nozomi ညွင္သာစြာ ကတုန္ကယင္ေပြ႕ယူရင္း

ရင္ခြင္က်ယ္ထဲ သိမ္းျကံုးေပြ႕ဖက္လုိက္သည္

ထုိ႕ေနာက္အရူးတစ္ေယာက္လုိ ဟစ္ေအာ္ ငိုေျကြးမိသည္........

ယခုကဲ႕သုိ႕ ရက္စက္ျခင္းမ်ိဳး သူ႕ဘဝတြင္ ျကံဳရလိမ့္မည္ဟု မေတြးထားခဲ႕

လိပ္ျပာေရ မင္းက င့ါ ကို အဆံုးထိတြန္းပို႕ေနတာပါလား............

"အရူးေကာင္.......

အရူးေကာင္ေလး......."

***ခ်စ္လို႕.....

ကိုယ္မင္းကို ခ်စ္လုိ႕ ***********

တဲ႕...........

ဘယ္လိုေတာင္ ရူးတာလဲ...လိပ္ျပာ.........။

ေက်းဇူးျပဳျပီး ငါ့ကိုပါ ရူးႏွမ္းသြားေအာင္ မျပဳစားပါနဲ႕............။

...........................................................................................


Unicode
တောင်ပံမဲ့လိပ်ပြာ
အပိုင်း(၁၃)
.....................................................
လက်ထဲကစာရွက်များကိုနားမလည်နိုင်စွာငေးကြည့်နေရင်း

လိပ်ပြာငယ်သည်အဖြစ်အပျက်များကိုမယုံကြည်နိုင်သော မျက်ဝန်းများဖြင့်ကိုယ်ရံတော်ကိုမော့ကြည့်လေသည်..........

"သခင်လေးကို သခင်ကြီးဆီက လွတ်မြောက်သွားပါပြီ......"

အကြိမ်ကြိမ်အခါခါ ထွေးပွေ့ဖူးသော သခင်လေးကို ကိုယ်ရံတော်က

ညှင်သာစွာပြုံးပြရင်းဆိုလေသည်

တကယ်ဘဲ သခင်ကြီးဆီကလွတ်မြောက်ခွင့်ရသွားရှာသည်လား

တနည်းမဟုတ် တစ်နည်းနဲ့များ နာကြင်မှုလှောင်အိမ်ထဲ ပိတ်မိနေဦးမည်လေလား

ကိုယ်ရံတော် သည်လဲ အရှင်းမသိရှိပေ...........။

"ကျွန်တော် သူ့ကို တွေ့ချင်တယ်......."

ခပ်တိုးတိုးထွက်ကျလာသည့် သခင်လေး၏အသံ

နာကြင်စွာအော်ဟစ်ရလွန်းလို့ လည်ချောင်းကွဲကာ

တစ်ပတ်လုံးလုံးအသံမထွက်နိုင်ခဲ့သောသခင်လေးဆီကစကားသည်

ထိုလူငယ်ကိုတွေ့ချင်သည်တဲ့လေ........

ပျောက်ကင်းနေပြီဖြစ်သော်ငြား

အရာတစ်ချို့ထင်ကျန်နေသေးသည် ကိုယ်လုံးငယ်အား

အဝတ်များဝတ်ဆင်ပေးကာ ကုန်းပိုးသယ်ဆောင်လျက်

ကိုယ်ရံတော်ဟာ တာဝန်ကျေပွန်စွာဘဲ

သခင်လေး သွားရောက်ချင်သော နေရာသို့ ပို့ဆောင်ခဲ့သည်.....။

............................................................................................

Nozomi အလုပ်ကအပြန်ဘယ်ကိုမှ မဝင်နိုင်အောင်နောက်ကျနေပြီဖြစ်တာကြောင့်

အိမ်သာတန်းပြန်လာခဲ့မိသည်

စိတ်ထဲတွင်မကျေလည်သောအစိုင်အခဲအစများကြောင့်

အလုပ်ထဲတွင်အဆင်မပြေသည်မှာ ဒီတစ်ပတ်လုံးပင်

အိမ်ပြန်ရောက်ရင် ဘာကိုမျှမတွေးဘဲ အိပ်ပစ်မည်ဟုစဉ်းစားမိသော်ငြား

မနက်ဖြန်ဟာ စနေပါလားဆိုသော အသိဖြင့်

အဖြစ်အပျက်များသည် ခေါင်းထဲအစိုးမရစွာတိုးဝင်လာကြပြန်လေသည်။

မျက်လုံးအစုံကိုမှိတ်ပစ်ထားရင်တောင် ကျန်ရှိနေတတ်သော မြင်ကွင်းများသည်

အကျည်းတန်လွန်းလှသည်

ရယ်ဖို့ကောင်းသည်မှာ

ကိုစတွေ့တုန်းကလဲ စင်မြင်ပေါ်မှာ တပါးသူနဲ့ပျော်မြူးနေသည့်ဟန်ပင်မဟုတ်လား

ခုမှ အဆန်းလုပ်ကာ ထွေထူးဒေါသထွက်မိနေသည်မှာ

ဘာကြောင့်ရယ်မသိ...

ရှစ်ထ် သိပ်ဆိုးတယ်........

....................................................................................

မျက်စိရှေ့တွင် ငုတ်တုပ်ထိုင်နေသော ပုံသဏ္ဍာန်ကြောင့်

Nozomiဒေါသများသည် ပြန်လည်အသက်ဝင်လာခဲ့သည်

"Nozomi ကိုယ်"

"မင်းပါးစပ်ကနေ ငါ့နာမည်မထွက်နဲ့"

"ငါ့မျက်စိရှေ့ကိုပေါ်မလာတာပိုကောင်းလိမ့်မယ်"

"ကိုယ်......."

"မင်းပါးစပ်ကိုပိတ်ထားလို့ငါပြောနေတယ်"

အား...

အညှိုးတကြီးကန်ကျောက်မှုများအောက်တွင်

အကာအကွယ်မဲ့ ငြိမ်ခံနေတဲ့သူ...

ဝမ်းဗိုက်နေရာကို ကန်ကျောက်နေမှုကြောင့်

သေလုအောင် နာကြင်နေသည့်တိုင်

မျှော်လင့်တကြီး မော့ကြည့်နေသည့် မျက်ဝန်းများသည်

အရောင်များလဲ့နေတုန်း

"ထွက်သွား...ငါသတ်မိလိမ့်မယ်"

တိုက်ခန်းတံခါးကို ဝုန်းခနဲစောင့်ပိတ်လိုက်ပြီး

တစ်ဖက်ခြမ်းမှာ ကျန်ရစ်ခဲ့သည့် လူသားကို

Nozomi အပြီးတိုင်ပျောက်ကွယ်သွားစေချင်မိသည်...။

.....................................................................................
စားပွဲပေါ်တွင်ပျံ့ကြဲနေသော

စိတ်ကျေနပ်ဖွယ်ရာ အဖြစ်အပျက်၏ဓာတ်ပုံများကိုကြည့်ရင်း

Hansakiကျေနပ်စွာပြုံးလိုက်သည်.။

အဟင်း ဘယ်လိုတောင် စိတ်ကျေနပ်ဖို့ကောင်းတာပါလိမ့်

လမ်းဘေးတစ်နေရာမှ ကြေမွနေတဲ့တောင်ပံတွေနဲ့လိပ်ပြာရယ်

ထိုအချင်းအရာကို စိုက်ကြည့်နေခဲ့တဲ့ သားကောင်ရယ်

အဟက်ဟက်

ငွေမှင်ရောင်ဆံပင်ရှည်များ အနည်းငယ်ခါသွားသည်အထိ ရယ်နေခဲ့သည့်

အင်း ငါ ဒီလိုမရယ်ရတာဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ

ကစားပွဲမရှိဘဲခြောက်ကပ်နေခဲ့သည်မှာလဲ တော်တော်ကိုကြာနေပြီလေကွယ်

လိပ်ပြာကိုချဉ်းကပ်ဖို့အတွက် ပြင်ဆင်ရန်အချိန်ကျလာခဲ့ပြီဘဲ

ပျော်ရွှင်စရာကစားပွဲလေးထဲကို မင်းမကြာခင်ပါဝင်ဖို့ ကိုယ်စောင့်နေမယ်

လိပ်ပြာ

ဓာတ်ပုံထဲမှာပင်ထင်ရှားလှသော လိပ်ပြာ၏စွဲမက်ဖွယ် အမှတ်အသားများကို

ပန်းချီကားအဖြစ် စုတ်တံကိုအသက်သွင်းကာ ဖန်တီးယူခဲ့ပြီ

.........................................................................................

နံရံကိုမှီကာ ဒူးပိုက်ထိုင်နေသည့်သခင်လေးကို

ရေဘူးနဲ့အစာလာပို့တဲ့ကိုယ်ရံတော်က စိတ်မသက်သာစွာ ကြည့်နေမိသည်။

ဘယ်အချိန်ထိများ စောင့်နေဦးမှာလဲ.....

ခေါင်းမာပြီးအစွဲအလမ်းကြီးသည်ကို ပထမဆုံးအကြိမ်အဖြစ်တွေ့ရှိခြင်း

ပုံသွင်းခံရသော စိတ်...

လုပ်ယူခံထားရသော ဦးနှောက်နဲ့

ရှင်သန်လာတဲ့သခင်လေးရဲ့

ပင်ကိုယ်ဉာဉ်သည်

ချစ်တတ်လွန်းခြင်းနှင့် အစွဲအလမ်းကြီးခြင်းတို့များဖြစ်လေမလားဟု

နှစ်ပေါင်းများစွာအတူနေလာသော ကိုယ်ရံတော်ဆိုသည်ထက်

ဦးလေး..ဒါမှမဟုတ် အကိုတစ်ယောက်လိုစဉ်းစားကြည့်မိခြင်း ဖြစ်သည်။

.........................................................................................

ရေအနည်းငယ်မျှသာသောက်ပြီး

တစ်ကိုယ်လုံးနာကြင်နေသည်ကိုလစ်လျူရှုကာ Ichiroပေကပ်နေမိဆဲပင်ဖြစ်သည်

ကျေးဇူးပြုပြီး....

ရုတ်တရက်တံခါးဖွင့်သံနှင့်အတူ ဆံပင်မှကိုင်ကာ ဆွဲသွင်းခြင်းခံလိုက်ရလေသည်....

ရင်းနှီးနေသော တနည်းအားဖြင့်တောင်းတမက်မောမိသော

လက်တစ်စုံ...အငွေ့အသက်ဆိုတဲ့အသိနဲ့

နာကြင်သောငြား ရုန်းကန်ခြင်းမပြုဘဲ သူဆွဲခေါ်ရာသို့

ကိုယ်ပေါ်ကျလာတဲ့ကံချက်ပေါင်းများစွာ

ခါးပတ်နှင့်ရိုက်ချက်ပေါင်းများစွာကို

ကြမ်းပြင်ထက်တွင် အလူးလိမ့်ခံစားနေရခြင်းကိုပင်

နာကြင်ရကောင်းမှန်းမသိ...

ချစ်မြတ်နိုးမိသွားသော ထိုသူအား ကြည့်မိနေသည်..

အင့်....

မျက်နှာပေါ်ကျလာသောထိုးချက်များကြောင့်

နှာခေါင်းရိုးပင်ကျိုးကြေသွားပြီဟုထင်ရအောင်နာကြင်လွန်းလှသည်..

မျက်နှာတစ်ပြင်လုံးရစရာမရှိအောင်ထိုးကြိတ်ပြီးမှ

ဖြေလွှတ်လိုက်လေသောအခါ

ကြမ်းပြင်ပေါ်သို့အတားအဆီးမရှိ ကျလေရဲ့

"ရွံစရာကောင်....

ခွေးကောင် သေစမ်း သေစမ်း....."

"ဟား ငါမေ့နေတာဘဲ မင်းကနာရမှာကိုကြိုက်တဲ့ကောင်ဆိုတော့

ခုငါထိုးကြိတ်နေတာကို ဖီးလ်တက်နေမှာပေါ့ဟုတ်လား ဟမ်"

"ဒါကြောင့်ငါ့ဆီလာတာမဟုတ်လား...

ဟား ရွံစရာကောင်...."

ကန်ကျောက်လိုက် မေးလိုက်လုပ်နေသည်ကို

ညည်းတွားသံတောင် မထွက်နိုင်အောင်

ခံစားနေရရှာသည့် လိပ်ပြာငယ်ကို

Nozomi သတိမထားမိပါ.......

"ပြောစမ်းပါ မင်းငါ့ဆီကဘာလိုချင်နေသေးတယ်ဆိုတာ....."

ခပ်တိုးတိုးထွက်ကျလာသော လိပ်ပြာဆီက စကားသံအဆုံးမှာ

Nozomi လွှတ်ချုလိုက်မိသည်......။

လိပ်ပြာငယ်ကတော့ဖြင့် ကြမ်းပြင်ပေါ်တွင်သွေးအလိမ်းလိမ်းဖြင့်

ငြိမ်သက်သွားလေပြီ..........။

ပြန့်ကျဲနေသာ ဘီယာဗူးခွံများထဲမှ အမူးပြေသွားခြင်းကို

ပြန်လည်မူးရစ်စေရန် လက်ကျန်ဘီယာကိုရှာသောငြား

တွေ့မလာခဲ့

"ရှစ်ထ် ငါမူးဖို့လိုအပ်တယ်

ဒါမှ ငါသူ့ကို နှိပ်စက်ဖို့.... နှိပ်စက်လို့ရမှာ....

ရှစ်ထ်"

...........................................................................

ကြမ်းပြင်တွင်ခွေကျနေသော ရဲ့လိပ်ပြာငယ်......

မထိရဲသောငြား

Nozomi ညှင်သာစွာ ကတုန်ကယင်ပွေ့ယူရင်း

ရင်ခွင်ကျယ်ထဲ သိမ်းကြုံးပွေ့ဖက်လိုက်သည်

ထို့နောက်အရူးတစ်ယောက်လို ဟစ်အော် ငိုကြွေးမိသည်........

ယခုကဲ့သို့ ရက်စက်ခြင်းမျိုး သူ့ဘဝတွင် ကြုံရလိမ့်မည်ဟု မတွေးထားခဲ့

လိပ်ပြာရေ မင်းက င့ါ ကို အဆုံးထိတွန်းပို့နေတာပါလား............

"အရူးကောင်.......

အရူးကောင်လေး......."

***ချစ်လို့.....

ကိုယ်မင်းကို ချစ်လို့ ***********

တဲ့...........

ဘယ်လိုတောင် ရူးတာလဲ...လိပ်ပြာ.........။

ကျေးဇူးပြုပြီး ငါ့ကိုပါ ရူးနှမ်းသွားအောင် မပြုစားပါနဲ့............။

...........................................................................................

Continue Reading

You'll Also Like

The Matches By Edward Htet

Mystery / Thriller

1.7K 230 16
The Matches Novel version
951K 63.1K 52
၅၂၈နှင့်၁၅၀၀မေတ္တာကြား လွဲမှားသည့်ချစ်ခြင်းတစ်ခုကြောင့် ဒဏ်ရာတွေကြားနစ်မြှုပ်နေခဲ့ပြီး နောက်ဆုံးမှအချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားတဲ့ကောင်လေးတစ်ယော...
64K 10.8K 50
ရိုးရိုးေလးပါပဲ ေကာင္ေလးနွစ္ေယာက္ အမ်ားႀကီး ခ်စ္သြားၾကမယ့္ ဇာတ္လမ္းတစ္ပုဒ္ေပါ့.... ရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လ...
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛