!2!

32.8K 1.4K 18
                                    

zawgyi

တောင်ပံမဲ့လိပ်ပြာ

အပိုင်း(၂)

.............................................................

မိုးမျှော်တိုက်တွေ နီယွန်မီးရောင်တွေ နောက်ဆုံးပေါ်ကားလှလှတွေ ကားparkingထဲမှာပြည့်နေတဲ့ Roppongi ရဲ့မြောက်များလှစွာသော

တန်ဖိုးကြီးတိုက်ခန်းတွေထဲကတခု

၆၂လွှာမှာတည်ရှိနေတာကြောင့် Tokyo Towerက မသိရင် အိမ်နီးနားချင်းသဖွယ်..

ရိုးရှင်းပြီးသပ်ရပ်တဲ့ တိုက်ခန်းကျယ်ဟာ အိမ်တစ်လုံးနီးပါးအလား..ဖွဲ့စည်းမှုကအစ အဆင့်မြင့်လွန်းလှတယ်

ပိုးဖဲ Night Blueရောင်ည၀တ်လက်တစ်လုံး အကျီင်္ိကုဝတ်ထားတဲ့ မိန်းမပျိုဟာ ၀ိုင်ခွက်ကိုအသာကိုင်လို့

အဝေးက တံတားတစ်စင်းကိုငေးကြည့်နေလေရဲ့

ဂုတ်ပိုးသားဝင်းဝင်းအိအိပေါ်ကို နွေးခနဲကျလာတဲ့အနမ်းတပွင့်ကြောင့် သူမမြတ်နိုးရသော ထိုယောက်ျားရှိရာဘက်ကိုခေါင်းငဲ့လာခဲ့သည်။

Nozomi-san..

သေသပ်တဲ့နှုတ်ခမ်းပါးရယ်.. မျက်ရစ်မပါတဲ့ မျက်လုံးတွေက အရည်တစ်ချို့နဲ့လင်းလက်လို့...

မာနပါးပါး မဟုတ်ဘူး တော်တော်များများ ၀န်းရံထားတဲ့ မျက်နှာဟာ အမြဲတစေခန့်ညားလွန်းတယ်

လူအပေါ်လွှမ်းမိုးနိုင်လွန်းတဲ့..သူ့အကြည့်တွေ...

သူနဲ့အတူဖြတ်သန်းမယ့်ပထမဆုံးညကို စိတ်မလှုပ်ရှားနေဘူးဆိုရင် သူမလိမ်ရာကျလိမ့်မယ်...

တစ်ချိန်မှာ လက်ထပ်ဖြစ်လိမ့်မယ်လို့... သူမဆုံးဖြတ်ပြီးပြီမို့...

ဒီညကို အတူဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ခြင်းမဟုတ်လား

သူမယုံကြည်တယ်... Nozomi-sanရဲ့စိတ်ထဲမှာလဲ သူမနဲ့ထပ်တူဖြစ်ပေလိမ့်မယ်..

"မင်းသိပ်လှတယ် Kakuno.."

သူမအကြိမ်ကြိမ်ရှုံးနိမ့်သော သူ၏အသံသည် ဒီညတွင်လဲမပြောင်းမလဲ...

သူမအပေါ်အနိုင်ယူနေဆဲပင်...

ရေချိုးခန်းထဲကထွက်လာပေလို့လား..ပုံမှန်အေးစက်နေခြင်းမျိုးလားမသဲကွဲသော သူကလက်တွေက သူမလက်ထဲက ၀ိုင်ခွက်ကိုအသာဖယ်ရှားတယ်

တောင်ပံမဲ့လိပ်ပြာWhere stories live. Discover now