Zawgyi
တောင်ပံမဲ့လိပ်ပြာ
အပိုင်း (၃၇)
🍀🍀🍀🍀🍀🍀🍀🍀🍀
လှပခြင်းနတ်ဘုရားဟု
တင်စားရအောင်လဲ
ချစ်ရသူက
ကညာတစ်ပါးမဟုတ်။အလွမ်း..
သတိရ အောင်းမေ့ခြင်း
တမ်းတမိခြင်း
တနည်း ထိုသူ့အား ချစ်မြတ်နိုးခြင်းဝေဒနာဆိုသည်မှာ
အပေါင်းအသင်းနဲ့ လာသည်တတ်မျိုးလွမ်းစိတ်ဖြင့် ခြေချခဲ့သော
သူနဲ့ကိုယ့်ရဲ့ တချိန်က အခန်း
သူမရှိသော်ငြား သစ္စာမပျက်သော
ကိုယ်ရံတော်ကြီးရဲ့ စောင့်ရှောက်မှုအောက်က
အိပ်ရာဖြူဖြူဖွေး
သံပုရာနံ့ သင်းသောအခန်း
ပိုင်ရှင် ကိုမျှော်နေသည်မှာ
တစ်နှစ်ပင် ထပ်လောင်းခဲ့ပြီChou
ခပ်တိုးတိုးတမ်းတရုံနဲ့
တရက်က အသက်မဲ့သော မျက်ဝန်းများအား
ပြန်လည်မြင်ယောင် ရင်မောရပြန်သည်။အချစ်က လိုက်လေပြေးလေ
တကယ်ဘဲ ခုတော့ အချစ်ကပြေးလေပြီလားသူမသိအောင် ခိုးယူ စားသုံးဖူးသော
နှုတ်ခမ်းတို့အား တမ်းတမိသည်မင်းက ကိုယ့်အပိုင်ပါ Chou
မဟုတ်ဘူး
ကိုယ့်နှလုံးသားကို မင်းပိုင်ဆိုင်ခဲ့တာပါ..။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀အရာမယွင်းသော ဆန်ပြုတ်ပန်းကန်အား
စိတ်မသက်သာစွာ မြင်ရသည်။
ဆေးပန်းချီက ပန်းတို့ကိုသာ ငေးတတ်သော
လိပ်ပြာက
နေရောင် ပြပြဝင်နေသော ခေါင်မိုးကို မော့ကာ ငေးနေသည်။ပါးပြင်က စိုစွတ်ဆဲဖြစ်သော မျက်ရည် သွယ်
ကိုယ့်ခံနိုင်ရည်ကို ဘယ်အချိန်ထိ မင်းစမ်းသပ်ဦးမလဲနဖူးစပ်က ပလာစတာက လတ်လတ်ဆတ်ဆတ်
အခန်းတွေ့ဝေ့ကြည့်တော့
တနေရာက နံရံမှာ သွေးစတချို့အိပ်မွေ့ချ ကုထုံး ရှိသောနေ့သာ
ငြိမ်သက်စွာ အိပ်မောကျလေ့ရှိသည်မှာ
Takahashi Nozomiလာသွားတဲ့နေ့ကအစပြုခဲ့သည်"Hansaki"
"ဟင်"
"ကိုယ်...သူ့ကို တွေ့ချင်တယ်"
မျက်ရည်များဖြစ်ထွန်းသော
မျက်ဝန်းများသည်
မဝံ့မရဲ တောင်းဆိုနေကြသည်
မျှော်လင့်နေကြသည်"ကိုယ် အဝေးကဘဲ မြင်ရရင် ရပါပြီ
အရမ်း..လွမ်းနေလို့ပါ "ခပ်တိုးတိုးတောင်းဆိုမှုသည်
ဒီတကြိမ်က ဘယ်နှစ်ကြိမ်မြောက်ပါလိမ့်
သူ ထပ်ငြင်းဆိုရမည်လား
နံရံပေါ်က သွေးစတချို့ ထပ်ရင်းရပေမည်