" ~~The One~~ I Love "《✔Compl...
By Baekyeolliehyun04
133K 9.9K 605
Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More
1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan
30-ကျွန်တော်ချစ်တဲ့~~သူ~~
3.2K 239 40
By Baekyeolliehyun04
"တောင်းပန်ပါတယ်!! အလုပ်ရှိနေလို့
ကျွန်တော်နောက်ကျသွားတယ်"
အသံလာရာတံခါးဆီ yifanလှမ်းကြည့်မိ
တော့ အဖြူရောင်ရှပ်လက်ရှည်နှင့် necktieလျော့တိလျော့ရဲနှင့် chanyeol... ပြေးလာပုံရတာမို့ Chanyeolမျက်နှာနုနုတွင် ချွေးစက်အနည်းငယ်တွဲခိုနေတာမို့ yifanစိတ်ထဲ မတင်မကျဖြစ်မိသည် ။
အနည်းငယ်လေးနောက်ကျမည်ကို သည်လောက်တောင်စိုးရိမ်နေသလားလေ...
လှမ်းကြည့်နေသောသူနှင့် အကြည့်ချင်းဆုံသွားသဖြင့်
မျက်နှာပျက်သွားသော chanyeolအား
yifanမြင်ဖြစ်အောင်မြင်လိုက်သေးသည် ။
မိသားစုအလိုက် လေးထောင့်စားပွဲတစ်ဖက်စီတွင် အဖေမှအမေ
ပြီး ညီငယ်သို့ညီမငယ်... ထို့နောက်ဤ မိတ်ဆုံစားပွဲ၏ အဓိကလူ... စသဖြင့်အစဉ်လိုက်ထိုင်ကြသောကြောင့်
chanyeolနေရာမှာ yifanဘေးတွင်ဖြစ်နေ
လေသည် ။
chanyeolက နေရာတွင်ဝင်
ထိုင်လိုက်ရင်း တစ်ဖက်စားပွဲမှ baekhyun
မိသားစုအားလှမ်းပြုံးပြသည် ။
"မတွေ့တာကြာပြီနော် chanyeolလေး"
တစ်ဖက်စားပွဲမျက်စောင်းထိုးမှ baekhyunမေမေက လှမ်းနှုတ်ဆက်တာ
ကြောင့် chanyeolအလိုက်သင့်လေး
ပြန်ဖြေဖြစ်သည် ။
"ဟုတ်ကဲ့!! အန်တီရောနေကောင်းပါရဲ့လား?"
"ကောင်းပါတယ်သားရဲ့... အရင်တုန်းဖြစ်ခဲ့တာတွေအတွက် အန်တီသားကိုအားနာပါတယ်"
"ရပါတယ်အန်တီရဲ့... ပြီးတာတွေကပြီးခဲ့ပြီပဲ"
ပြောနေသူနှစ်ယောက်သာ မိမိတို့ပြောနေသော အကြောင်းအရာအားနား
လည်ပေမယ့် နားမလည်နိုင်သူbaekhyun
ကတော့ သူတို့ဘာတွေပြောနေသလဲဆိုတာ
အသည်းအသန်စဉ်းစားနေရသည် ။
မိမိမသိခဲ့သော အကြောင်းအရာဖြစ်မည်
ထင်ရတာမို့ နောက်မှမေးဦးမည်ဟုသာ Baekhyunတေးထားလိုက်သည် ။
"ဒါနဲ့သားတို့က တွဲခဲ့ကြတယ်ဆို!! baekhyunမေမေပြောမှ ommaသိရတာ!!
ငါ့သားလေးက ommaကိုလျှိုထားတာပဲ"
"အာ!!"
chanyeolက အာမေဋိတ်ခပ်တိုးတိုးပြုလိုက်
သည် ။ ပြီးမှ... တစ်ချိန်လုံးခေါင်းငုံ့လျက်သား
အနေအထားဖြင့် မလှုပ်မယှက်ရှိနေသော yifanအားတစ်ချက်ကြည့်ကာ မသိမသာ
သက်ပြင်းချသည် ။
"တောင်းပန်ပါတယ်omma!! သားနောက်မှ
ပြောပြမလို့ပဲ... ဒါပေမယ့်အခြေအနေတွေက
တစ်မျိုးပြောင်းသွားတော့...
chanyeolစကားအဓိပ္ပာယ်ကို သိနေသော
baekhyunမေမေက မိမိအားမအူမလည်ဖြင့်
ကြည့်နေသောbaekhyunအား ပြုံးရုံသာပြုံးပြ
သည် ။
"အဲဒါကြောင့်ထင်တယ်!! chanyeolတစ်လနီးပါးလောက် မအိပ်နိုင်မစားနိုင်ဖြစ်နေတာ"
ပြတ်သွားကြောင်းသိနားလည်လိုက်သော
chanyeolမေမေက chanyeol, baekhyunအားမည်မျှပင် ချစ်ခဲ့ကြောင်း
yifanအားသိစေရန် ဖြစ်သမျှအားပြန်ပြော
သည် ။
Yifanမှာတော့ ခေါင်းသာငုံ့ထားရင်း တိတ်ဆိတ်နေဆဲ...
"yeol!! တကယ်ပဲလားဒါက??"
baekhyun မိမိဘာသာတိုးတိုးလေး ရေရွတ်သည် ။
မိမိနှင့်ပြတ်ပြီး chanyeol
အတော်ခံစားခဲ့ရတယ်ဆို yeolက မိမိကိုချစ်နေခဲ့လို့ဖြစ်သည် ။ ဒါဆိုဘာလို့
ချစ်ရက်နဲ့ ရက်ရက်စက်စက်ပြောဆိုပြီး
ထားရစ်ခဲ့ရလဲ Baekhyunနားမလည်နိုင်...
နှစ်ဖက်မိဘတွေ့ဆုံပွဲလုပ်မှ baekhyunမှာ
စဉ်းစားစရာတွေ တဖြည်းဖြည်းများလာရသည် ။
"အိမ်ကသားလည်းဘာထူးလို့လဲ?? chanyeolနဲ့လမ်းခွဲပြီးကတည်းက တငိုငိုတရယ်ရယ်နဲ့... ကလေးတွေဟာလေ
သိပ်ချစ်တတ်ကြတာပဲ"
baekhyunမေမေက ရယ်ရမ်းသွေးရင်းပြော
လာတော့ chanyeolမေမေကပါ သဘောတကျလိုက်ရယ်ပေမယ့်... chanyeolနှင့်baekhyunဘယ်လောက်
ချစ်ခဲ့ကြောင်း ကြားနေရသောyifanအဖို့
ပေါင်ပေါ်တင်ထားသော လက်ဖဝါးနှစ်ဖက်အား ခပ်တင်းတင်းဆုပ်ထားမိသည် ။
သူတို့ရဲ့အချစ်ဋီကာတွေ ကျေကျေနပ်နပ်ကြီး
နားထောင်နေရအောင် yifanက ခန္ဓီပါရမီပြည့်နေသူမှ မဟုတ်ပဲလေ...
baekhyunမေမေစကားကြောင့် chanyeol, တစ်ချိန်ကချစ်ခဲ့ရသူအား
လှမ်းကြည့်မိတော့ မိမိအားငေးကြည့်နေသူ
baekhyunနှင့် အကြည့်ချင်းဆုံသွားတာမို့
baekhyunဘက်မှ အရင်အကြည့်လွှဲသွား
သည် ။
"ကလေးတွေလည်းအချင်းချင်း တွဲဖူးခဲ့ကြ
တော့ ဒီလိုစီစဉ်လိုက်တာအကောင်းဆုံးဖြစ်
မယ်ထင်လို့ ကျွန်မတို့ဘက်က အရင်ကမ်းလှမ်းလိုက်ရတာပါ"
baekhyunမေမေက ပြောရင်းနှင့်ပင်
ပေါင်ပေါ်တင်ထားသော baekhyunလက်အား ခပ်ဖွဖွဆုပ်ကိုင်လာတာ
မို့ baekhyunမော့ကြည့်လိုက်တော့ သူမက
အပြုံးနုနုလေးပေးလာသည် ။
အရင်က သူမသားလေးနှင့် chanyeolချစ်
ခဲ့ကြပေမယ့်... အနောက်နိုင်ငံမှာနေကြတာ
မို့ ဤနိုင်ငံတွေမှာ လိင်တူချင်း
လက်ထပ်သည်ကို တရားဝင်ခွင့်ပြုထားပေမယ့်
သူမက အရှေ့တိုင်းလူမျိုးဖြစ်သည့်အလျောက်
ရှုံ့ချခဲ့ဖူးသည် ။
သည်ကြားထဲမိမိသားလေးကပါ လိင်တူချင်း
ချစ်ကြိုက်လာသည်မို့ သူမသား၏ချစ်ရသူ
အကြောင်းတိတ်တဆိတ်စုံစမ်းစေခဲ့သည် ။
သားချစ်ရသူက စီးပွားရေးသိပ်အဆင်မပြေလှသော မိသားစုကဖြစ်တာမို့... သားကလည်းငယ်သေး
သဖြင့် ခဏတာစိတ်ကစားသည်ဟု မှတ်ယူပြီး
ကောင်လေးအားမကြာခဏခေါ်၍ လမ်းခွဲရန်
ပိုက်ဆံအချို့ပေးကာ အထက်စီးကပြောခဲ့ဖူးသည် ။
ကောင်လေးနှင့်ဆက်တွဲလျှင် baekhyun
ရှေ့ရေးပျက်စီးနိုင်ကြောင်း မက်လုံးအချို့ပေး
ကာ လမ်းခွဲစေခဲ့သည် ။ ပထမကတော့
ကောင်လေးကတင်းခံနေပေမယ့် တစ်ရက်တော့မိမိကို ကိုယ်တိုင်လာတွေ့ကာ
baekhyunနှင့်လမ်းခွဲမည်ဟု ကတိပေးခဲ့သည် ။
"ကျွန်တော့်ရဲ့အချစ်ကို ပိုက်ဆံနှင့်တန်ဖိုးမဖြတ်ပါနဲ့" ဟုခပ်ပြတ်ပြတ်ပြောကာ ထိုကောင်လေးပြန်သွားခဲ့သည် ။
အဲ့သည့်နေ့ညပိုင်းတွင်ပဲ သားဖြစ်သူbaekhyun မူးရူးပြီးအိမ်ကိုပြန်လာ
ခဲ့သည် ။ နောက်ပိုင်းတွင်လည်း တစ်ယောက်တည်းရှိနေချိန်တွင် တွေငေးနေတာမျိုး... ညသန်းခေါင်ကျော်တို့
တွင် ကြိတ်ငိုနေသည်မျိုးကို မိမိတွေ့ခဲ့ရသဖြင့်
သားဖြစ်သူအတွက် အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရသည် ။
အခုတော့ သားလေးရဲ့ဆန္ဒတွေကို မိမိဖြည့်ဆည်းပေးနိုင်ပြီဖြစ်သဖြင့် Baekhyunမေမေ သားဖြစ်သူအတွက်
ဝမ်းသာနေရသည် ။
"ကျွန်တော် သန့်စင်ခန်း... ခဏလောက်သွားလို့ရမလား??"
"သွားလေသား"
papa၏ ခွင့်ပြုချက်နောက် yifanစိတ်ပျက်စရာ မိတ်ဆုံစားပွဲဝိုင်းမှ
ထထွက်လာလိုက်သည် ။
~~~~~
မနက်ခင်း နေခြည်အချို့ လိုက်ကာတွင်းမှအနည်းငယ် ဖြတ်ဝင်လာသောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာမှ
Sehunနိုးလာသည် ။
ရင်ခွင်တွင်း နွေးထွေးမှုတစ်စုံတစ်ရာ လစ်ဟာနေခြင်းကြောင့် ခပ်စင်းစင်းမျက်လုံးများအား အားယူဖွင့်ကာ
ငေါက်ကနဲထိုင်မိသည် ။
"Baekhyun hyung!! baek hyung!!
hyung!! hy..."
"စွတ်အော်မနေနဲ့... နားငြီးတယ် oh sehun"
ရေချိုးခန်းတံခါးဝအား လက်ပိုက်မှီလျက်
ရပ်နေသော bathrobeနီညိုရောင်လေးနှင့်
baekhyunအားတွေ့တော့ sehunပြေးဖက်သည် ။
"hyungထားခဲ့ပြီထင်ပြီး ကျွန်တော်ဘယ်လောက်တောင် လန့်သွားရလဲ??"
sehunက ခပ်စူစူပြောရင်းbaekhyunအား
တင်းနေအောင်ဖက်လိုက်သည် ။
"sehun!!"
"အင်း!! hyung!"
baekhyunက မိမိပုခုံးပေါ်ကသဘက်အား
ယူကာ sehunခါးတွင်ပတ်ပေးလိုက်တော့
သူကအရှက်ပြေရယ်သည် ။
"hyungတောင်းပန်ပါတယ်"
"ဘာကိုလဲ hyung??"
ဆိုလိုရင်းအားနားမလည်သဖြင့် sehunမေးမိတော့ baekhyunက sehunပါးနှစ်ဖက်အား လက်ဖဝါးနှင့် အသာအုပ်ကိုင်လိုက်ရင်း...
"sehunလို ရိုးသားတဲ့ကလေးကိုပါ hyungအရောင်ဆိုးပစ်မိပြီထင်တယ်"
"..."
sehun, baekhyunကိုသာ ငေးကြည့်နေမိသည် ။
"hyungတောင်းပန်တယ်နော် sehun! ညကကိစ္စကိုမေ့ပစ်ပေးပါ"
"hyung!!"
ကြမ်းပြင်ပေါ်ပုံကျနေသည့် အကျီတို့ကို ခပ်အေးအေးကောက်ယူနေသော baekhyunအား
sehunနောက်ကနေဖက်လိုက်ရင်း
"ကျွန်တော်hyungကိုတကယ်ချစ်တာ"
baekhyunက မိမိခါးတွင် ရှိနေသော sehunလက်တို့ကိုဖြုတ်ချရင်း မျက်နှာချင်းဆိုင်လိုက်သည် ။
"ငါchanyeolနဲ့လက်ထပ်တော့မှာ sehun!! တောင်းပန်ပါတယ် ငါတကယ်မှားသွားပါတယ်
ငါမိုက်မိုက်မဲမဲမတောင်းဆိုလိုက်သင့်ဘူး..."
မျက်ရည်ဝဲကာပြောလာသော baekhyun
ကြောင့် sehunရင်ဘတ်ထဲနာကျင်လာရသည် ။
"chanyeol hyungကို hyungအရမ်းချစ်တာပဲလားဟင်??"
baekhyunခေါင်းငုံ့သွားရင်း သက်ပြင်းတိုးတိုးချသည် ။
"အင်း!!"
"hyung yeolကိုအရမ်းချစ်တယ်"
"တောင်းပန်ပါတယ် sehun"
baekhyunအကျီဝတ်ရန် ရေချိုးခန်းတွင်း
ပြန်ဝင်သွားသည့်တိုင် sehunနာကျင်စွာ မလှုပ်မယှက်ရပ်နေမိသည် ။
"hyungကိုအပိုင်ယူမှာမို့လို့ ကျွန်တော်လည်း
တောင်းပန်ပါတယ်hyung!!"
~~~~~
မနက်ခင်းက ဖြစ်ပွားခဲ့သော အကြောင်းအရာ
အတွေးထဲတဖန်ဝင်လာပြန်တော့ sehunလက်ထဲက sojuပုလင်းကို ထိုင်နေရာလမ်းရှေ့တည့်တည့် ခပ်ပြင်းပြင်းပစ်ခွဲလိုက်မိသည် ။
"byun baek hyun!! ဂျပုကောင်... မလိုတော့ငါ့ကို ပုတ်ထုတ်တယ်ပေါ့လေ"
ဖြတ်သွားဖြတ်လာအချို့ အထူးအဆန်းသဖွယ်
ကြည့်သွားကြသည်များအား sehunဂရုမထားနိုင် ။ နောက်ထပ်soju
ပုလင်းဖုံးအား လှည့်ဖွင့်လိုက်ပြီး ပုလင်းလိုက်မော့သောက်လိုက်သည် ။
"ခင်ဗျားပုတ်ထုတ်ချင်းတိုင်း ပုတ်ထုတ်ရအောင် ကျွန်တော်ကဘောလုံး
လား အဖိုးကြီးရဲ့?? အီးဟီးးး"
ဒေါသတကြီးအော်ဟစ်ပြီး ကလေးတစ်ယောက်လို အော်ငိုနေပြန်သော
sehunက သူ့အားငေးကြည့်နေသူအချို့အား
အော်ဟစ်ပစ်လေသည် ။
"ဘာကြည့်တာလဲ?? အသည်းကွဲနေတာ
မမြင်ဖူးကြဘူးလားဟမ်!!"
လမ်းသွားအချို့က ရူးနေသည်အထင်နှင့်ခပ်ဝေးဝေးကရှောင်သွား
ကြသည် ။
မနေ့ညကတည်းက သူငယ်ချင်းဆီဟူသည့်
အကြောင်းပြချက်တစ်ခုတည်းပေးကာ
ကပြာကယာထွက်သွားသော သားဖြစ်သူက
နောက်တစ်နေ့ ငှက်တို့အိပ်တန်းတက်သည်
အထိ ပြန်မလာသေးသဖြင့် သူမစိတ်ပူလာ
သည် ။
တစ်ချိန်လုံးခေါ်နေသဖြင့် ပူပင်ပူလာသော
phဆီမှ နောက်တစ်ကြိမ် စက်ပိတ်ထားပါသည်ဟူသော အသံထွက်လာပြန်သဖြင့် သူမစိုးရိမ်စိတ်တို့
အထွတ်အထိပ်ရောက်လာရသည် ။
"ဖေကြီးရယ် ကျွန်မသားကိုစိတ်ပူလာပြီ!!
သားလေးတစ်ခုခုများ ဖြစ်နေလားမသိဘူး"
စိုးရိမ်တကြီးလေသံနှင့် ပြောလာတော့ sehun အဖေမှာ သားဖြစ်သူအား ထပ်တူစိတ်ပူနေသော်လည်းမိန်းမဖြစ်သူစိတ်အေးစေရန်နှစ်သိမ့်နေရသည် ။
"လူလွှတ်ရှာခိုင်းထားပါတယ်ကွာ!! မစိုးရိမ်ပါနဲ့!!! သားတစ်နေရာရာသွားနေတာ
နေမှာပေါ့ တွေ့မှာပါကွာ"
Ting Tong~~
လူခေါ်ဘဲလ်သံကြောင့် sehunအမေမှာ
တစ်ခါတည်းတံခါးပြေးဖွင့်သည် ။ မကြာခင်အိမ်တွင်းဝင်လာသည်က sehunအား ပုခုံးဖက်ကာတွဲခေါ်သည့် အပြာဝတ်နှင့်ရဲသားတစ်ဦးဖြစ်နေသည်ကြောင့်
သူမထိတ်လန့်သွားရသည် ။
"sehunnie!! သား"
သူမခေါ်သံကြားမှ ခေါင်းငိုက်စိုက်ကျနေသော
sehunခေါင်းထောင်လာသည် ။
"omma!!"
ယိုင်တိယိုင်တိုင်ပြေးလာကာ သူမအားပြေးဖက်သည်မို့ မလဲကျစေရန် အမြန်ထိန်းလိုက်ရသည် ။
"Hanမြစ်ကမ်းမှာ မူးပြီးသောင်းကျန်းနေလို့
ကျွန်တော်နေရပ်မေးပြီး ခေါ်လာပေးတာပါ!!
တော်တော်နာကျင်နေပုံရတယ် ဂရုစိုက်ပေးပါဦး"
"ဟုတ်ကဲ့ကျေးဇူးပါရှင့်!!"
ရဲက ခေါင်းငြိမ့်ဦးညွတ်ကာ အိမ်တွင်းကပြန်ထွက်သွားတော့မှ sehun
ခေါင်းထောင်လာပြန်သည် ။
"omma!! ကျေးဇူးပြုပြီး hyungကိုခေါ်ပေးပါ"
လေးတိလေးကန်ပြောရင်း ကြမ်းပြင်ပေါ်
sehunလဲကျသွားသည် ။
~~~~~
"ကို ကျွန်မကိုခေါ်တယ်ဆို!! ပြောစရာများ
ရှိလို့လား??"
မိတ်ဆုံစားပွဲပြီးပြီးချင်း companyပြန်သွားသည့် ခင်ပွန်းဖြစ်သူက တစ်နာရီပင်မကြာ ပြန်ရောက်လာသည်မို့
chanyeolမေမေအံ့သြသွားရသည် ။
မျက်နှာထားလည်း အတော်တင်းနေတာမို့
သူမပို၍ပင် စိတ်ပူမိသည် ။ အလုပ်ကိစ္စများ
အဆင်မပြေလို့လားလေ... အလုပ်အကြောင်း
ဆိုလျှင် companyကိစ္စတစ်ခုမျှ နားမလည်သည့် သူမအားခေါ်တွေ့ဖို့က မဖြစ်နိုင်... ဒါဆို
"ဒါကဘယ်လိုဖြစ်ရတာလဲ??"
အိမ်အလုပ်ခန်းစားပွဲတွင် စိတ်ပျက်လက်ပျက်
ထိုင်နေရာက စားပွဲပေါ်ကို စက္ကူအိတ်အား
ပစ်ချလိုက်သည်ကြောင့် သူမအသာယူကာ
ဖွင့်ကြည့်လိုက်တော့ အံ့သြသဖြင့် မျက်လုံးအစုံပြူးကျယ်သွားရသည် ။
သားနဲ့ yi fanရဲ့ ပုံတွေ!! ဒါတွေကိုဘယ်လို??
သူမအထင်မှန်နေခဲ့သည် ။
သည်လိုဖြစ်မည်စိုးသောကြောင့် chanyeolတို့အား လမ်းခွဲခိုင်းခဲ့သည်တောင်
နောက်ဆုံးတော့သိသွားခဲ့သည် ။
"မင်းသိနေတယ်မလားဟမ်!! ဘယ်လိုတွေဖြစ်ရတာလဲ ပြောစမ်းပါဦး"
တနေ့ကလေးတင် yifan မစားနိုင်မသောက်
နိုင်အဖျားကြီးသောကြောင့် yifanဖေဖေဖြစ်သူက အဓိကအကြောင်းအရင်းအား အတွင်းရေးမှူးလွှတ်၍ စုံစမ်းခိုင်းခဲ့ရာ...
သားဖြစ်သူက လိင်တူချင်းကြိုက်နေသည် ။
ပိုဆိုးသည်က မိသားစုဝင်အချင်းချင်း ချစ်ကြိုက်နေသည်ကြောင့် အတော်ပင်ဒေါသထွက်သွားရသည် ။
သည်အကြောင်းသာ အပြင်ကိုပေါက်ကြား
သွားကြည့် သားတစ်ယောက်ကိုပင်မထိန်းသိမ်းနိုင်သည့်
မိမိသိက္ခာကျသလို companyကိုဆက်ခံမည့်
yifanလည်း သူများတံတွေးခွက်မျောမည် ။
ထို့အပြင်companyလည်း နာမည်ဆိုးတွင်
သွားနိုင်သလို အခန့်မသင့်လျှင် shareဈေးပါထိုးကျသွားနိုင်တာမို့ yifanဖေဖေအတော်လေးဒေါသထွက်နေသည် ။
"ကျွန်မတောင်းပန်ပါတယ်!! ကလေးတွေကို
နားလည်အောင် ဖြောင်းဖြပါ့မယ်!! စိတ်လိုက်မာန်ပါမလုပ်ပါနဲ့နော်.. ကျွန်မရအောင်တားပါ့မယ်!
"tsk!! wu yifanငါ့သိက္ခာချတဲ့ကောင်"
yifanဖေဖေက တောက်ပြင်းပြင်းခေါက်ကာ
ထိုင်နေရာမှ ထထွက်သွားသည် ။
~
~
~
10:40 P.M
October 3, 2017-Tuesday
#ဒီficလေးပြီးရင် sebaek ficတစ်ပုဒ် publishလုပ်မှာပါ... ဖတ်ပေးကြပါဦးနော်
XD
Continue Reading
You'll Also Like
1.3M 45.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
447K 23.3K 51
624K 59.9K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...