Secret Commando [ Zawgyi +...
By MinMyatChanYan
984K 66.5K 1.3K
လျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ... More
Secret Commando စာအုပ်မျက်နှာဖုံး ကြေငြာခြင်း
Book Details
မေတ္တာရပ်ခံချက်
Chapter ( 1 ) *
Chapter( 3 )
Chapter ( 4 )
Chapter ( 5 )
Chapter ( 6 )
Chapter ( 7 )
Chapter ( 8 )
Chapter ( 9 )
Chapter ( 10 )
Chapter ( 11)
Chapter ( 12 )
Chapter ( 13 )
Chapter ( 14 )
Chapter ( 15 )
Chapter ( 16 ) *
Chapter ( 17 )
Chapter ( 18 )
Chapter ( 19 ) *
Chapter ( 20 )
Chapter ( 21 )
Chapter ( 22 )
Chapter ( 23 )
Chapter ( 24 ) *
Chapter ( 25 ) *
Chapter ( 26 )
Chapter ( 27 )
Chapter ( 28 )
Chapter ( 29 ) *
Chapter ( 30 ) *
Chapter ( 31 ) *
Chapter ( 32 )
Chapter ( 33 )
***
Chapter ( 34 )
Chapter ( 35 ) *
Chapter ( 36 ) *
Chapter ( 37 ) *
Chapter ( 38 )
Chapter ( 39 )
Chapter ( 40 )
Chapter ( 41 )
Chapter ( 42 )
Chapter ( 43 ) *
Chapter ( 44 )
Chapter ( 45 ) *
Chapter ( 46 )
Chapter ( 47 )
Chapter ( 48 )
Chapter ( 49 )
Chapter ( 50 )
Chapter ( 51 )
Chapter ( 52 ) *
Chapter ( 53 ) *
Chapter ( 54 )
Chapter ( 55 )
Chapter ( 56 )
Chapter ( 57 ) *
Chapter ( 58 )
Chapter ( 59 ) *
Chpater ( 60 ) *
Chapter ( 61 )*
Chapter ( 62 )
Chapter ( 63 ) *
Chapter ( 64 )
Chapter ( 65 ) *
Chapter ( 66 )
Chapter ( 67 )
Chapter ( 68 )
Chapter ( 69 )
The End
Extra
မေတ္တာရပ်ခံချက်
( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 6 )
( 7 )
( 8 )
( 9 )
( 10 )
( 11 )
( 12 )
( 13 )
( 14 )
( 15 )
( 16 )
( 17 )
( 18 )
( 19 )
( 20 )
( 21 )
( 22 )
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
The End
Extra
Secret Commando Book Cover
Chapter ( 2 )
24.9K 1.4K 32
By MinMyatChanYan
မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ အကြီးအကျယ်ဆုံး ပွဲကြီးဖြစ်သောကြောင့်
တစ်တိုင်းပြည်လုံးက စောင့်ကြည့်ရတဲ့ပွဲကြီးတစ်ခု။
တက်ရောက်လာကြသော မင်းသားမင်းသမီးတွေ အကုန်လုံး  အနီရောင်ကော်ဇောထက်ဝယ်
တဖွဲဖွဲ လျောက်လှမ်းလာကြတယ်။ ထိုစဉ် အနက်ရောင် မာစီတီးကားကြီးရဲ့ တံခါးကိုဖွင့်ပြီး ခြေတလှမ်းချလိုက်ရင်ပဲ သတင်းထောက်တွေ၊ media တွေအကုန်လုံး
ရဲ့စိတ်ဝင်စားမှုက သူ့ဆီရောက်ကုန်ကြတယ်။
ကားထဲကနေ သူ ထွက်လာနဲ့ ရှိရှိသမျှသတင်းထောက်တွေအကုန်၊ Camera men တွေမကျန်၊ interview လုပ်လက်စ မင်းသမီး၊မင်းသားတွေ ကိုပစ်ပြီး သူရှိရာဆီ
မြန်မြန်ပြေးသွားကြလေတော့တယ်။
သူဆိုတာ ဘယ်သူလဲဆိုတော့ မြန်မာနိုင်ငံမှာသာမက Asia မှာပါ နာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသားလေး
မာန်ခပဲ။ ရုပ်ရှင်မင်းသား တစ်ယောက်ရဲ့ ရုပ်ရည်ဆိုတာ
ဒီလိုပါလားလို့ ပြောစမှတ်ပြုရလောက်အောင် မာန်ခက သန့်ပြန့်ချောမောလျက်ရှိတယ်။
၅ ပေ ၁၁ ရှိသော အရပ်အမောင်းနဲ့ မြန်မာ ဝတ်စုံကို style ကျကျဝတ်ကာ ကော်ဇောနီထက်ကို
ဝင့်ဝင့်ကြွားကြွား လျောက်လှမ်းလာတဲ့ မာန်ခဘေးမှာ Camera တွေတချပ်ချပ်။ Bakground Acadamy Board ရှေ့မှာ ရပ်လိုက်ရင်ပဲ interview ဖို့ media တွေ ရောက်လာကြတယ်။
''ဟုတ်ကဲ့ ကိုမာန်ခ အနေနဲ့ ဒီနှစ် အကယ်ဒမီ အတွက် ရင်ခုန်သံလေးလဲ ပြောပေးပါဦး ''
'' ပုံမှန်ပါပဲ ''
အဲလိုချေတေတေဖြစ်နေသောကြောင့် နာမည်ကြီး နံပါတ်တစ်မင်းသားဖြစ်ပေမဲ့  သူ့ကိုချစ်တဲ့သူက
ခပ်နည်းနည်း၊ မုန်းကြသူကများတယ်။
အထူးသဖြင့် အခုလို သတင်းထောက်တွေ
paparazzi တွေက သူ့ကို ပိုချဉ်ကြတယ်။
“ ဟုတ်ကဲ့ ။အားလုံးက ထင်ကြေးပေးနေကြတယ်ပေါ့နော်။အကိုနဲ့ ဇာတ်ကားတစ်ကားထဲမှာ တူတူအပြိုင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား နေသွေးလဲ ရမယ် လို့ ပေါ့ ။အဲ အတွက်လဲ ဘာများပြောချင်ပါသေးလဲ ''
အဲမေးခွန်းကိုမေးလာသော သတင်းထောက်အား စူးရှစွာ တချက်ပဲကြည့်လိုက်တာ  ဆက်မမေးတော့ဘဲ
တိတ်သွားတော့တယ်။
နေသွေးဆိုတာ မာန်ခနဲ့အပြိုင်
မင်းသားတစ်ယောက်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်
မျက်နှာကြောမတည့်ဘဲ တွေ့တာနဲ့ခနဲ့လိုက်
ရန်ဖြစ်လိုက် လုပ်နေကြသူတွေ။
'' ဒါနဲ့ အခုက February လ ဆိုတော့ မကြာခင်မှာ ချစ်သူ များနေ့လည်း ရောက်တော့မှာဆိုတော့ အကို့ အနေနဲ့
ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိသေးလဲ ''
'' ကျွန်တော်က ချစ်သူလဲ မရှိတော့ အဲဒီနေ့က
အေးဆေးပဲ ဖြစ်မှာပါ ''
'' ဟုတ်ကဲ့ ဒါနဲ့ February 13 မှာ ရော ဘာအစီအစဉ်ရှိလဲ ''
''ဟင့်အင်း မရှိပါဘူး။ အဲနေ့က ဘာနေ့လဲ ”
သူ့အမေးကြောင့် သတင်းထောက်တွေ camera men တွေ အားလုံးကြောင်တောင်တောင် ဖြစ်ကုန်ကြပြီး
တစ်ယောက်နဲ့ တစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ ပြီးတော့ Live လွှင့်နေတော့တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူတွေ အကုန်လုံးလည်း ပါးစပ်အဟောင်းသားနဲ့ပေါ့။
မာန်ခလည်း သတင်းထောက်ရဲ့ရုတ်တရက်
အမေးကြောင့်ကြောင်ပြီး အဲဒီနေ့က
တိုင်းပြည်ကို လွတ်လပ်ရေးရအောင်ကြိုးပမ်းပေးခဲ့တဲ့
နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့မွေးနေ့ ဆိုတာသိပေမယ့် ရုတ်တရက်မို့ အငိုက်မိသွားခဲ့တာ။
ဘယ်လိုလုပ်ကြမလဲ။ အဲတာနဲ့ မာန်ခရဲ့ဘေးမှာပါလာတဲ့ manager က သတင်းထောက်ကို ပြောလိုက်တယ်။
'' ဒီ interview ကို ဖျက်လို့ ရလား ''
သတင်းထောက်က ကြောင်တောင်တောင်နဲ့ ကြည့်ပြီး ...
''ဟင့်အင်း ဒါ Live လွှင့်နေတာလေဗျာ။ တစ်တိုင်းပြည်လုံး သိနေလောက်ပြီ ”
Manager လေး သက်ပျင်းချရုံပဲ တတ်နိုင်ပါတော့တယ်။
------------------
အကယ်ဒမီပေးပွဲကြီးအပြီး နောက်နေ့မနက်
သတင်းစာ၊ facebook လူမှုကွန်ရက်တစ်ခွင်ကို
ကြည့်ပြီး မာန်ခကို manager လေးက ဖတ်ပြလို့နေတယ်။
''မနေ့ညက အကယ်ဒမီ မရတာတောင် နည်းသေးတယ် တဲ့''
'' အကယ်ဒမီသာ မရတာဟေ့။ ဟိုကောင် နေသွေးထက် ငါက သရုပ်ဆောင် တော်တာ ပရိသတ်တွေ သိပြီးသား။
ငါ့ကိုမနာလိုနေတဲ့သူတွေကသာ မသိကြဘူးဖြစ်နေတာ
မဟုတ်ဘူးလား ”
ဆိုပြီး သူ့ရှေ့ တည့်တည့် မှာ ထိုင်နေတဲ့ CEO ကို မေးငေါ့ ပြောလိုက်တယ်။
CEOကလဲလက်မထောင်ပြလိုက်ရင်း ....
''အင်း အင်း ဟုတ်တာပေါ့ ဟုတ်တာပေါ့။
ငါတို့ မာန်ခကအတော်ဆုံးပဲ''
''အဲလို မင်းသားရဲ့ ဇာတ်ကားတွေ မကြည့်တာပဲ
ကောင်းတယ် တဲ့ ''
'' မကြည့်နဲ့ပေါ့ ကြည့်မယ့် fan တွေက မှ အများကြီး ရှိတယ် ငါ့ကို ဘယ်သူများ မှတ်နေကြလဲ ။
နံပါတ်တစ် super star မင်းသား ။ထိုင်းမှာဆို ငါဘယ်လောက်နာမည်ကြီးလဲ။ Taiwan တောင်ပါသေးတယ်။ ပြီးတော့ မင်းသားဖြစ်တာနဲ့ သတိလက်လွတ်မဖြစ်ရတော့ဘူးတဲ့လား။ ပညာရှိ သတိဖြစ်ခဲဆိုတာ
မကြားဖူးကြဘူးလား မသိဘူး  ''
မာန်ခရဲ့ စကားကြောင့် CEO ရော manager လေးကပါ ပြုံးစိစိနဲ့။ မာန်ခဟာ မာန ကြီးတယ် ချေတယ်လို့ အများက ထင်ကြပေမဲ့ တကယ်တမ်းတော့ ရုပ်တည်ပြီး သူပြောတဲ့ စကားတိုင်းက အတည်ပေါက်နဲ့ ပေါတောတာ။ကလေးဆန်တယ်။ တဇွတ်ထိုး လုပ်တယ်။ ဒါပေမယ့် စိတ်ထားဖြူတဲ့သူတစ်ယောက်။
'' ဟုတ်တယ် ဟုတ်တယ်။
ဟုတ်တာပေါ့ လူဆိုတာ မေ့တတ်တာပေါ့
လူတွေက အဲလိုပါပဲ မနာလိုပြီးပြောကြတာ။
ဒီကိစ္စအတွက်နဲ့ ဘာမှမပူနဲ့ ဖြေရှင်းထားလိုက်မယ် ''
Agency ရဲ့ CEO ကမာန်ခရဲ့ နာမည်ကြီးမှုနဲ့ သူတို့ Company တိုးတက်နေတာကြောင့်  မာန်ခကို ဖားထားရပြီး ကြောက်ရတယ်။  ဘယ်သူက CEO မှန်းတောင်မသဲကွဲတော့ဘူး။ မသိရင် မာန်ခက CEO လိုပဲ။
'' ဘယ်လိုဖြေရှင်းမှာလဲ ''
'' ဟင် ''
'' ဘယ်လို ဖြေရှင်းမှာလဲလို့။ Live လွှင့်တာဆို တစ်နိုင်ငံလုံး သိသွားပြီ။ ရှင်းလည်း အရာ မရောက်ဘူး။
သြော် ဒါနဲ့ အခုကိစ္စပြီးပြီမလား''
''  အေးအေး ပြီးပြီ ''
'' ဒါဆို ပြန်တော့မယ် ပင်ပန်းတယ် ''
'' အေးအေး ဟုတ်တယ် နားရမှာပေါ့ နားရမှာပေါ့။
မနေ့တုန်းက ဘယ်လောက်ပင်ပန်းထားလဲ
ဟုတ်ပြီ ဟုတ်ပြီ ''
မာန်ခက သူ့စကားကို အလေး မထားဟန်နဲ့ စားပွဲပေါ်က ခဏချွတ် တင်ထားသော နေကာမျက်မှန် ကိုကောက်တပ်လိုက်ပြီး စတိုင်ကျကျနဲ့ လှည့်ထွက်သွားလိုက်ပါတယ်။ ပြီးမှ သတိရသွားဟန်နဲ့ ပြန်လှည့်လာပြီး. . .
''  ဒါနဲ့ မနက်ဖြန် ဘာ schedule ရှိလဲ'' လို့
ဘေးမှာ ထိုင်နေတဲ့ Manager လေးကို မေးလိုက်လေတယ်။
Manager လေးက Note Book ကို ကြည့်ပြီး ...
''မနက်ဖြန်  magazine cover ရိုက်ဖို့ ရှိတယ်။ ပြီးတော့ မင်းသမီး သွဲ့ နဲ့ ဇာတ်ကားနိုက်ဖို့ ရှိမယ် ပြီးတော့ jean ဘောင်းဘီ ကြေငြာ ရယ်။ Calender ရိုက်ဖို့လည်း
ရှိပါတယ် ''
'' အဲတာတွေ အကုန်လုံးကို ဖျက်လိုက် ''
“ ဖွီး ”
သူ့စကားကြောင့် CEO ရေသောက်နေရင်း သီးသွားတော့တယ်။
Manager ကောင်လေးက CEO ရဲ့ မျက်နှာကို ကြည့်လိုက်တော့ မာန်ခကလည်း သဘောပေါက်လိုက်ပြီး
CEO ကို တိုက်ရိုက်ပဲ ပြောလိုက်တယ် ။
'' ဖျက်လို့ ရတယ်မလား ''
'' ဘာလို့လဲ။ ဘာလို့ ဖျက်မှာလဲ ''
'' ကျွန်တော့်ကို တိုက်ခိုက်နေတဲ့ comment တွေကို မမြင် ချင်တော့ဘူး။ အဲတာကြောင့် ဖူးခက်သွားပြီး
အပန်းဖြေမလို့လေ။ ဖြစ်လား ''
CEO ကလည်း မာန်ခ သူတို့ Company ကတေ ပြောင်းသွားမှာစိုးလို့ ကြောက်နေရသူ။ မာန်ခလို နာမည်ကြီး တစ်ယောက်အတွက် သူ့ agencyကနေ ထွက်သွားတာနဲ့ တခြားခေါ်ချင်တဲ့ agency တွေပေါနေတယ်ဆိုတာ သူသိနေတယ်။ ပြီးတော့လည်း မာန်ခဆီကနေ သူ့ company ရဲ့ ဝင်ငွေ 45% ကို ရနေတယ်လေ။
''ဖြစ်တယ် ဖြစ်တယ် အေးဆေးနားပီး မှ ပြန်လာခဲ့ ဒါနဲ့ ဘယ်လောက်ကြာမှာလဲ ''
''အင်း သိပ်မကြာပါဘူး ပျော်သလောက်ပေါ့။
ကဲ သွားပြီ ပြောရတာ အာခေါင်တောင် ခြောက်တယ် ''
ဆိုပြီး ရုံးခန်းထဲကနေ လှည့်ထွက်သွားတဲ့အခါ
CEO နဲ့ mangaer လေးခင်မျာ မာန်ခကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ရင်း ကျန်နေခဲ့ပါတော့တယ်။
-----------------
Thailand ဖူးခက်ကမ်းခြေက 5 star hotel ရဲ့အခန်းထဲမှာ Fan တွေနဲ့ live chat လုပ်ရမယ် ဆိုပြီး မာန်ခ
facebook ဖွင့်ကာ Live လွှင့်လိုက်တယ်။
''ဟယ်လို မင်္ဂလာပါခင်ဗျ။ ဘယ်သူရှိလဲ။
အခု ကျွန်တော် Thai က ဖူးခက်ရောက်နေတာပါ ''
အောက်ကနေ comment တွေ တက်လာတယ်။
''အရမ်းချောတာပဲတဲ့ ''
'' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ။
ချောတာ သိပါတယ် အဟင်းဟင်း ''
'' နှာခေါင်းအရမ်းလှတယ် ဘယ်မှာပြင်တာလဲ''
''ဟင် ဘယ်မှာမှ မပြင်ဘူး original ဟ ကြည့်မလား ''
ဆိုပြီး သူ့ နှာခေါင်းကို လက်နဲ့ ကိုင်ပြီး ဘယ်ညာလှုပ်ပြလိုက်တယ်။
'' ကဲ တွေ့ပြီလား''
ထိုအခိုက် ...
'' ကိုယ့်နိုင်ငံကို လွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့
သူကိုတောင် မသိတဲ့ကောင် မိမဆုံးမ ဖမဆုံးမ ''
လို့ လူတစ်ယောက်ရဲ့ Comment ကို
ရုတ်တရက်တွေ့လိုက်ရတယ်။
အဲဒီ Comment ကြောင့် မာန်ခ ဒေါသ ပေါက်သွားပြီး Live လွှင့်တာတွေ ဘာတွေ ဂရု မစိုက်တော့ဘဲ . . .
''ဟေ့ရောင် မိုက်ရိုင်းလိုက်တာ မင်းကရော ဘယ်လောက်တောင် မိဘက ဆုံးမထားလို့လဲ ငိုးမ ယီးပဲ $&@$&#&& ''
ဆဲသံတွေ ညံသွားတော့တယ်။  အဲဒီ Live လွှင့်တဲ့ Video ကြီးသည်လည်း share တဲ့ သူတွေ၊ Like တွေ Comment တွေ မြောက်မြားစွာနဲ့ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် သတင်းကြီး ဖြစ်သွားပြန်တော့တယ်။ သတင်းခေါင်းစဉ်ကြီးက အဆဲကြမ်းတဲ့မင်းသားတဲ့။
Continue Reading
You'll Also Like
107K 4.4K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
946K 81.1K 89
872K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
2.2M 148K 104
Doctor Handsome & Medical Student