Star Love (I)

By NyaHmwePann

1.2M 117K 6K

You don't have to shine, I will shine for you. '' Shine '' I... More

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Epilogue
Announcement

Chapter (45)

25.9K 2.2K 139
By NyaHmwePann

Background Music- ဆႏၵတစ္စံု by ဝိုင္ဝိုင္း မဒီ

သီခ်င္းစဥ္းစားေပးတဲ့ ညီမေလး PuppyYoda ေလးေရ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔။ ညီမေလးဒီသီခ်င္းေလးလာျပေတာ့ သီခ်င္းLyrics ေတြက အံ့ျသစရာေကာင္းေလာက္ေအာင္ကို ဇာတ္လမ္းနဲ႔ တိုက္ဆိုင္ေနလို႔ ညေမႊးေတာင္ အံ့ျသသြားမိတယ္။


Background Music- ဆန္ဒတစ်စုံ by ဝိုင်ဝိုင်း ၊ မဒီ

သီချင်းစဉ်းစားပေးတဲ့ ညီမလေး PuppyYoda လေးရေ ကျေးဇူးအများကြီးတင်ပါတယ်လို့။ ညီမလေးဒီသီချင်းလေးလာပြတော့ သီချင်းLyrics တွေက အံ့သြစရာကောင်းလောက်အောင်ကို ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေလို့ ညမွှေးတောင် အံ့သြသွားမိတယ်။

****************************************************************************************

Unicode

*****************

Flame's Love Part (4)

မြေအောက်ခန်းထဲတွင် တောက်ပနေကြသော အလင်းတန်းများ မားကပ်စ် ကိုင်မြှောက်ထားသော ဆင်စွယ်ဓားလက်ကိုင်ရိုးပေါ်တွင် စုစည်းသွားချိန်တွင် မားကပ်စ်သည် ကြယ်ကလေးရဲ့နှလုံးသားရှိရာ ရင်ဘတ်နေရာကို ဦးတည်ကာ အားကုန်စိုက်ချလိုက်လေတော့သည်။

ဒီတစ်ခါတော့ မားကပ်သည် မိမိကို တားဆီးနိုင်သူ မည်သူမျှမရှိတော့ဟု ထင်မှတ်လိုက်ကာ ဓားကိုထိုးစိုက်လိုက်သော်ငြား မထင်မှတ်ဘဲ မိမိရဲ့လက်ကို ဦးတည်ကာချိန်ရွယ် ပစ်ခွင်းလိုက်သော ငွေရောင်အလင်းတန်းရဲ့ အရှိန်ကြောင့် မားကပ်စ်ရဲ့လက်သည် ပူလောင်နာကျင်သွားကာ ကိုင်မြှောက်ထားမိသော ဓားလည််း လွင့်ထွက်သွားလေတော့သည်။

ဓားလွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဓားပေါ်တွင် စုစည်းနေသော ငွေရောင်အလင်းတန်းများလည်း နေရာအနှံ့ကို ပြန့်ကျဲသွားလေတော့သည်။ အံ့သြစွာဖြင့် မားကပ်စ်သည် မိမိကို နှောင့်ယှက်လာသော ငွေရောင်အလင်းတန်းရဲ့လာရာကို ကြည့်လိုက်မိတော့ မယုံကြည်နိုင်စွာဖြင့် မြင်တွေ့လိုက်ရသည်က မြေအောက်ခန်း အပေါက်ဝတွင်ရပ်နေသော မီးလျှံ။ လက်ဖဝါးနှစ်ဖက်ကို လှန်ထားပြီး အပေါ်တွင်လည်း ငွေရောင်အလင်းတန်းတစ်ချို့တောက်ဖြာနေလျက်။

''မင်း..မင်း..''

မားကပ်စ် အပါအဝင် မြေအောက်ခန်းအတွင်းရှိလူများအားလုံးရဲ့မျက်လုံးတွေက ပြူးကျယ်ဝိုင်းစက်သွားကာ မယုံနိုင်ခြင်းတွေ အပြည့်ဖြစ်သွားလေတော့သည်။

မားကပ်စ် အံ့သြလို့မဆုံးသေးခင်မှာပင် မီးလျှံရဲ့လက်ဖဝါးနှစ်ဖက်တွင် ငွေရောင်အလင်းတန်းများက ပိုမိုတောက်ပလာကာ လျင်မြန်စွာပင် မားကပ်စ်ရပ်နေရာကို ပစ်လွှတ်လိုက်လေတော့သည်။ အားပြင်းလှသော ပစ်ချက်ကြောင့် ရှိုင်းရှိနေရာ ကျောက်စားပွဲခုံအစွန်းတွင်ရှိနေကြသော မားကပ်စ်အပါအဝင် စုန်းကဝေတစ်ချို့ဟာ နောက်သိို့အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားလေတော့သည်။

ဝုန်းခနဲအသံတစ်ချို့နှင့်အတူ မြေအောက်ခန်းအတွင်းရှိလူများအားလုံး ကြက်သေ သေကာ ဘာလုပ်ရမယ်မှန်းမသိသေးခင်မှာပင် လျင်မြန်လှသော မီးလျှံက ကျောက်စားပွဲခုံနားကိုရောက်လာကာ ရှိုင်းရဲ့ လက်နှင့်ခြေတွင် ချည်နှောင်ထားသော သားရေကြိုးတွေကို လက်ဖြင့် ဆွဲဖြုတ်လိုက်ပြီး ရှိုင်းကို ပွေ့ချီလိုက်သည်။

မျက်လုံးလေးပြူးကြည့်နေသော ကြယ်ကလေးကတော့ အခုအချိန်ထိ မီးလျှံရောက်လာတာကို မယုံကြည်နိုင်သေးဟန်။ နောက်တော့ သူချစ်ရသူကြောင့်လားမသိ။ ကြယ်ကလေးရဲ့ခန္ဓာကိုယ်မှအရင်ကထက်ပို စူးရှတဲ့ အလင်းရောင်တွေ တောက်ပလာတာကို မြင်လိုက်ရလေတော့သည်။

ရှိုင်းထံမှ အလင််းရောင်တွေ ထွက်လာတာကို မြင်လိုက််ရသည်နှင့်တစ်ပြိုက်နက် မီးလျှံက နိကိုလပ်စ်နှင့် သြဂတ်စ်တို့ကိို ချုပ်နှောင်ထားသော စုန်းကဝေတွေဘက်ကို လက်ကိုရွယ်လိုက်ပြီး ငွေရောင်အလင်းတန်းများဖြင့် ပစ်ခွင်းလိုက်သည်။

မီးလျှံရဲ့အပြုအမူဟာ အရမ်းကို လျင်မြန်လွန်းသဖြင့် မည်သူမျှလိုက်လို့မမှီနိုင်။ လွတ်မြောက်သွားသော သြဂတ်စ်နှင့် နိကိုလပ်စ်တို့ကလည်း အချိန်မဆိုင်းဘဲ အနားတွင်ရှိနေသော စုန်းကဝေများကို တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရပ်နေကြလေတော့သည်။

ရုတ်တရတ်် မြေအောက်ခန်းကြီးမှာ ငြိမ်သက်သွားကာ အခန်းထဲရှိလူများအားလုံး တစ်ယောက်အရိပ်အခြေကို တစ်ယောက်ကကြည့်ကာ ဘယ်သူကမှ လှုပ်ရှားခြင်းမပြုကြသေးပေ။ မားကပ်စ်ကလည်း ရှိုင်းကိုပွေ့ချီထားသော မီးလျှံကို ကြည့်ကာ သဘောကျဟန်ဖြင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ပြောလိုက်လေသည်။

''မင်းရောက်မလာတော့ဘူးလို့ထင်လိုက်မိတာ မီးလျှံ.. တကယ်မင်းက ငါ့ကို အ့ံသြသွားစေတယ်.. ''

''ကျုပ်ဘယ်လိုဘဲဖြစ်ဖြစ် ခင်ဗျားကိုသတ်မယ်ဆိုတဲ့ ကျုပ်ရဲ့ရည်ရွယ်ချက်ကိုတော့ ဘယ်တော့မှမမေ့သွားဘူး..''

''မင်းက ငါ့ကိုသတ်ပြီး ကြယ်စွမ်းအင်တွေကို ပိုင်ဆိုင်နိုင်မယ်လို့ထင်နေတယ်ပေါ့လေ''

နာကျင်သွားသော လက်ကိုကြည့်ပြီးတော့ မားကပ်စ်က ခပ်မဲ့မဲ့ပြောသည်။ မြေအောက်ခန်းတစ်ခုလုံး စောစောက အခြေအနေနှင့် ဆန့်ကျင်ဘက် ငြိမ်ကျသွားသော်ငြား ထိုအခြေအနေသည် မုန်တိုင်းလာခါနီး ကမ်းခြေက ငြိမ်သက်နေသလိုမျိုးအနေအထား။

''ခင်ဗျားကို သတ်ပစ်ချင်နေတဲ့ကျုပ်က ခင်ဗျားလက်ထဲ ကြယ်စွမ်းအင်တွေကို ပစ်စလတ်ခတ်ထည့်ပေးရလောက်အောင်တော့ ကျုပ် မမိုက်မဲသေးဘူးမားကပ်စ်... ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက လောကကြီးအတွက် သေကိုသေဖို့လိိုအပ်တဲ့ စုန်းကဝေတစ်ယောက်ဖြစ်နေလို့ဘဲ...''

''ကြိုးစားကြည့်လိုက်လေ.. မင်းကြယ်လေးဆီက ကြယ်စွမ်းအင်တွေ မယူနိုင်ခင်မှာ မင်းကိုရော အကုန်လုံးကိုရော ငါသတ်မယ်.. ''

မားကပ်စ်က ထိုသို့ပြောလိုက်ရင်း ဂျွန်အပါအဝင်တခြား စုန်းကဝေတွေကို အမိန့်ပေးလိုက်ကာ မီးလျှံကို တိုက်ခိုက်ရန် ကြယ်ကလေးကို ပြန်လုယူရန် အမိန့်ပေးလိုက်လေတော့သည်။ ထိုအခါ စုန်းကဝေတွေက အင်နှင့်အားနှင့်ကို မီးလျှံအနားကို တိုးကပ်လာကြလေတော့သည်။

မီးလျှံက ကျောက်စားပွဲခုံပေါ်ကနေ ရှိုင်းကို ပွေ့ချပေးလိုက်ရင်း သူ့ရဲ့ခန္ဓာကိုယ်နောက်ကို ပို့ကာ ကာကွယ်ထားလိုက်ရင်း အနားကိုကပ်လာသော စုန်းကဝေတွေကို မတိုက်ခိုက်ဘဲ နောက်ကိုဆုတ်ကာ ဆုတ်ကာဖြင့် ပြောလေသည်။

''ခင်ဗျားတို့တွေ ဒီလိုခေါင်းဆောင်တစ်ယောက်ရဲ့လက်အောက်မှာနေရတာ ကိုယ့်ကိုယ်ကိုရော လိပ်ပြာလုံရဲ့လား.. ဒီလိုမျိုး အပြစ်မရှိတဲ့လူတစ်ယောက်ရဲ့အသက်ကို စတေးပြီး ဒီမတရားတဲ့နည်းကိုသုံးပြီး တခြားမျိုးနွယ်စုတွေကိုပါ ခြယ်လှယ်နေတဲ့ လူမျိိုးကို ... ''

''ဘာလုပ်နေတာလဲ.. သူပြောတာတွေ နားထောင်မနေနဲ့.. ၀ိုင်းတိုက်ကြ အချိန်မရှိတော့ဘူး..ယဇ်ပူဇော်ဖို့အချိန်လွန်သွားလို့မရဘူး.. ''

မားကပ်စ်က ဒေါသတကြီးဖြင့် အော်ဟစ် အမိန့်ပေးလိုက်မိသည်။ ထိုအခါ စုန်းကဝေတွေကလည်း ဝေခွဲမရစွာဖြင့် မီးလျှံအနားကို တိုးကပ်လာကာ အလင်းရောင်များဖြင့်် ပစ်ကြလေတော့သည်။ တစ်ဖက်တွင်လည်း စုန်းကဝေများနဲ့ တိုက်ခိုက်နေကြသော နိကိုလပ်စ်မှ မီးလျှံရဲ့အကြံကို ရိပ်မိလိုက်သဖြင့် မီးလျှံနည်းတူပင် စကားစရန် ကြိုးပမ်းလိုက်မိသည်။

''မင်းတို့ သေချာစဉ်းစားကြည့်ပါ.. မားကပ်စ်ရဲ့လက်အောက်မှာ နေနေတဲ့ ကာလတစ်လျှောက်လုံး မင်းတို့အတွက် ဘာအကျိုးအမြတ်ရလို့လဲ.. ကြယ်စွမ်းအင်ဆိုတာကိုလည်း သူတစ်ယောက်တည်း အပိုင်သိမ်းပြီး အားလုံးကို မင်းမူနေတာလေ.. မင်းတို့က အခု မားကပ်စ်ရဲ့ တစ်ကိုယ်တည်း အကျိုးအတွက်နဲ့ ဒီလိုမျိုးတွေ လုပ်နေရတာ နစ်နာတယ်လို့မခံစားရဘူးလား.. ''

နိကိုလပ်စ်ရဲ့ထိုစကားကြောင့် အင်နှင့်အားနှင့် တိုက်ခိုက်ဖို့ပြင်နေကြသော စုန်းကဝေတို့ရဲ့ခြေလှမ်းများဟာ တုံ့ခနဲဖြစ်သွားကာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်သွားကြလေသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ဘာလုပ်ရမယ်မှန်းမသိဖြစ်သွားကြလေတော့သည်။ နိကိုလပ်စ်က ထပ်ပြောလိုက်သည်။

''ငါတို့စုန်းကဝေတွေက ခေတ်အဆက်ဆက် နာမည်ကောင်းတွေနဲ့ တခြားမျိုးနွယ်စုတွေနဲ့ပါ အေးအေးချမ်းချမ်းနေလာခဲ့တာ.. မားကပ်စ်ရဲ့လက်ထက်မှ ဒီလိုမျိုးတွေဖြစ်လာတာ.. ငါလည်း အစက သေချာမသိခဲ့ပေမယ့် .. ငါ့မိသားစုကို ထိခိုက်လာတဲ့ အချိန်မှာမှ သေချာသိလာခဲ့တာ.. မင်းတို့ကိုလည်း ငါ့လိုမျိုး အသိနောက်ကျတာမျိုးမဖြစ်ချင်ဘူး.. ''

နိကိုလပ်စ်က လေးနက်စွာဖြင့် တစ်ချိန်က တစ်ဖွဲ့တည်းရှိခဲ့ဖူးသော ညီနောင်များကို ဖျောင်းဖျသော သဘောဖြင့် ပြောဆိုလေသည်။ထိုစကားဟာ စုန်းကဝေတွေကို တွေဝေစေလေတော့သည်။ မားကပ်စ်ရဲ့ဦးဆောင်မှုအောက်တွင် အမုန်းခံရသည်မှအပ ကျန်တာမရှိခဲ့တာ မားကပ်စ်ရဲ့ သဘောထားဟာ ဘယ်လိုဆိုတာ သိနေကြပြီဖြစ်သော စုန်းကဝေတွေကို တွေဝေစေတာဖြစ်လေသည်။

နိကိုလပ်စ်နှင့် မီးလျှံတို့ရဲ့စကားဟာ မိမိရဲ့လက်အောက်ငယ်သားတွေကို ထိရောက်စေတယ်ဆိုတာကို နားလည်လိုက်တဲ့ မားကပ်စ်ရဲ့မျက်နှာက မည်းခနဲဖြစ်သွားပြီး ဒေါသတကြီးအော်ပြောလိုက်လေတော့သည်။

''သူများပြောတာတွေ လျှောက်နားဝင်မနေနဲ့.. မြန်မြန်သေအောင် သတ်ပစ်လိုက်ကြတော့''

မားကပ်စ်ရဲ့ဒေါသသံဟာ တွေဝေနေသော စုန်းကဝေတွေကို အလန့်တကြားဖြစ်သွားစေပြီး မီးလျှံဆီကို တိုက်ခိုက်ဖိို့အတွက် ပြေးလာကြလေတော့သည်။ ထိုပုံစံအတိုင်းဆိုရင် ဘယ်လိုမှ စုန်းကဝေတွေရဲ့အင်အားကို ယှဉ်နိုင်မှာ မဟုတ်တာကို ရိပ်မိလိုက်တဲ့ သြဂတ်စ်က မီးလျှံကို လှမ်းအော်ပြောလိုက်သည််။

''မီးလျှံ ခင်ဗျားရှိုင်းကို လွတ်တဲ့နေရာကို ခေါ်သွားပြီး သူ့ဆီက အစွမ်းတွေ လွှဲခိုင်းလိုက်ပါ.''

သြဂတ်စ်က ပြောလိုက်တာနှင့် မီးလျှံက မိမိခန္ဓာကိုယ်အနောက်တွင်ရှိနေသော ရှိုင်းကို ဆွဲခေါ်ကာ လွတ်နေသော မြေအောက်ခန်းတံခါးအပြင်ဘက်ကို ပြေးထွက်ဖို့ပြင်လေသည်။ မီးလျှံနှင့် ရှိုင်းတို့ အနားကို ၀ိုင်းလာကြသော စုန်းကဝေတွေကို နိကိုလပ်စ်၊ သြဂတ်စ်နှင့် အနည်းငယ်ကျန်ရှိနေသော သူတို့ဘက်မှ လူများက တားဆီးပေးလေသည်။

ထိုအရာကို မြင်လိုက်သော ဂျွန်က မြေအောက်ခန်းတံခါးကို ချိန်ရွယ်ကာ အစိမ်းရောင် အလင်းတန်းများဖြင့်ပစ်လိုက်လေသည်။ ထိုအခါ ပွင့်နေသော တံခါးမကြီးဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ ဝင်ပေါက်ဝကို ပိတ်သွားပြီး အပြင်ဘက်ကို ထွက်လို့မရဖြစ်သွားလေတော့သည်။ တံခါးမကြီးဟာ ကျောက်သားဖြင့် ပြုလုပ်ထားတာဖြစ်တာကြောင့် အပိုင်းအစများကို ဖယ်ထုတ်ကာ ထွက်ဖို့ကလည်း အဆင်မပြေဖြစ်နေလေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဒီမြေအောက်ခန်းတွင်ပင် သူသေကိုယ်သေတိုက်ခိုက်ပြီး အနိုင််ရသည့်သူသာ ထွက်ရမည်ဆိုသော သဘော။

အပေါက်ဝတွင် ဆက်သွားလို့မရဖြစ်နေသည့် မီးလျှံနှင့် ရှိုင်းဆီသို့ ပြင်းထန်လှသည့် အစိမ်းရောင်အလင်းတန်းတစ်ခုက ရောက်ရှိလာလေတော့သည်။ မျက်စိလျင်သော မီးလျှံက ရှောင်လိုက်သဖြင့် ကျောက်သားနံရံကိုသာ ထိသွားပြီး ကွဲကြေသွားလေတော့သည်။ ထို့အပြင် မီးလျှံနှင့် ရှိုင်းရှိရာနေရာသို့ ဒေါသမျက်လုံးများဖြင့်ကြည့်ကာ လျှောက်လာနေသော မားကပ်စ်ကိုရင်ဆိုင်လိုက်ရလေတော့သည်။ မီးလျှံကလည်း ရင်ဆိုင်ရန် အသင့်အနေအထားဖြင့်။

''ချာတိတ်..''

မီးလျှံက အနောက်ဘက်တွင်ရှိနေသော ရှိုင်းကို ခေါ်လိုက်သည်။

''ဟင်..''

''မင်းအနားမှာ ငါရှိနေတယ်ဆိုရင် မင်းအလင်းရောင်တွေ အတောက်ပဆုံးဖြစ်နိုင်တယ်မလား.. ''

မီးလျှံက ထိုသို့မေးလိုက်ပြီး ရှိုင်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှိုင်းရဲ့ပါးပြင်လေးနှစ်ဖက်ကို လက်ဖဝါးတို့ဖြင့် အုပ်မိုးလိိုက်ကာ လေးနက်စွာကြည့်ပြီးတော့ ထပ်ပြောလိုက်သည်။

''အခု မင်းအနားမှာ ငါရှိနေပြီဘဲ.. မင်းရဲ့ကြယ်စွမ်းအင်တွေကို အတောက်ပဆုံးဖြစ်အောင် တောက်ပလိုက်ပြီး ငါ့ကိုလွှဲပေးပါ.. မင်းရဲ့ကြယ်စွမ်းအင်တွေနဲ့ ငါရဲ့မှော်ပညာတွေနဲ့ ပေါင်းလိုက်မှ မားကပ်စ်ကို သတ်နိုင်မယ်ဆိုတာ မင်းသိတာဘဲလေ... ''

မီးလျှံစကားကြောင့် ရှိုင်းက အလန့်တကြားဖြင့် ခေါင်းလေး ခါပြသည်။

''ဟင်အင်း... ကျွန်တော်ပေးလိုက်ရင် ခင်ဗျား..ခင်ဗျား... ''

ရှိုင်းရဲ့စကားမဆုံးသေး မီးလျှံက ရှိုင်းရဲ့နှဖူးပြင်လေးပေါ်မှကျနေသော ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်။

''မင်းရဲ့သဘောထားကို သိပါတယ်.. ဒါပေမယ့် မင်းငါ့ကိုုချစ်တာကလွဲပြီး တစ်ခြားဘာမှ မစဉ်းစားတာမျိုးတွေ မလုပ်သင့်ဘူးလေ.. ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတာမျိုးတွေလည်းရှိတယ်... အားလုံးကောင်းဖို့အတွက် တန်ဖိုုးကြီးတဲ့အရာတွေကိုလည်း စတေးပစ်သင့်ရင် စတေးပစ်ရတယ်.. ပြီးတော့ ငါက မင်းအဲ့ဒီလောက်ကြီးထိ ချစ်ပြဖို့ ထိုက်တန်တဲ့လူမဟုတ်ဘူး .. ဒါကြောင့်.. ငါ့ကိုမင်းတကယ်ချစ််တယ်ဆိုရင် ငါပြောတာကို နားလည်သဘောပေါက်ပြီး ပြောတဲ့အတိုင်းလုပ်ပေးနော်.. ဒီတစ်ခါတော့ စကားနားထောင်မယ် မလား..''

မီးလျှံဆီက တစ်ခါမှမရခဲ့ဘူးသော နူးညံ့ခြင်းတွေဖြင့် ရှိုင်းကို သူ့ကို သတ်ပေးဖို့ ဖျောင်းဖျပေးနေသလို။

ထိုအချိန်မှာပင် မားကပ်စ်က ရှိုင်းနှင့် မီးလျှံတို့ရှိနေရာ မြေအောက်ခန်းတံခါးပေါက်နားကို ရောက်လာနေပြီဖြစ်သည်။ သို့သော် သြဂတ်စ်က လျင်မြန်စွာပင် ဝံပုလွေအသွင်သို့ပြောင်းလိုက်ပြီး အနောက်ကနေ မားကပ်စ်ရှိရာကို အပြေးလှမ်းလာကာ မားကပ်စ်ရဲ့ကိုခုန်အုပ်လိုက်ပြီး လည်ပင်းကို အတင်းကိုက်ခဲဖို့ကြိုးစားလေတော့သည်။ မားကပ်စ်နှင့် ဝံပုလွေအသွင် သြဂတ်စ်တို့ လုံးထွေးသွားစဉ်တွင် ဂျွန်သည် သူ့သခင်ရဲ့အဖြစ်ကို မြင်လိုက်တာကြောင့် ကူညီရန်ပြေးလာချင်သော်လည်း နိကိုလပ်စ်နှင့်တိုက်ခိုက်နေရသဖြင့် လာလို့မရ။

သြဂတ်စ်ရဲ့အဖြစ်ကို မြင်လိုက်ရသဖြင့် ရှိုင်းမှာ ထိတ်လန့်သွားပြီး သြဂတ်စ်နှင့် မားကပ်စ်တို့လုံးထွေးတိုက်ခိုက်နေရာနားကို ပြေးသွားဟန်ပြင်လိုက်သော်လည်း မီးလျှံက ဆွဲထားတာကြောင့် သွားလို့မရ။

''ချာတိတ်.. ဒီမှာ ဒီကိုကြည့်.. ငါပြောတာကို နားထောင်.. ငါလေ မင်းကို ချစ်တယ်.. ချစ်နေခဲ့တာ ကြာပါပြီ.. ငါ့ကိုယ်ငါမသိခဲ့ပေမယ့် သိသွားခဲ့တဲ့ အချိန်မှာ မယုံကြည်နိုင်လောက်အောင်ကို ပမာဏများနေခဲ့တယ်.. တကယ်လို့များပေ့ါနော် ကြယ်အစွမ်းတွေ ကြောင့် ငါ့ရဲ့နှလုံးသားက လောင်ကျွမ်းသွားမယ်ဆိုရင်တောင်လေ.. မင်းအပေါ်မှာထားရဲ့ ငါ့ရဲ့အချစ်တွေက လောင်ကျွမ်းသွားမှာ မဟုတ်ဘူး.. ဒါကြောင့် မင်းငါ့အတွက်စိုးရိမ်နေတယ်ဆိုရင်တောင် ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်တဲ့ မားကပ်စ်ကို အသေသတ်ပစ်ချင်တယ်ဆိုတဲ့ ဆန္ဒကို မင်းက ဖြည့်ဆည်းပေးပါ.. ''

ရှိုင်းရဲ့ကြယ်စွမ်းအင်တွေ မပါဘဲနှင့် မီးလျှံ မားကပ်စ်ကို လုံးဝသေအောင် သတ်နိုင်မှာမဟုတ်။ ဒါကြောင့် ခေါင်းမာနေတဲ့ ရှိုင်းကို ဖျောင်းဖျဖို့အပြင် ဘာဆိုဘာမှမတတ်နိုင်။

ရှိုင်းက မီးလျှံစကားကြောင့် မားကပ်စ်နှင့် လုံးထွေးသတ်ပုတ်နေရင်း သွေးအလိမ်းလိမ်းဖြင့် နာကျင်စရာမှုတွေ ခံစားနေရသော သြဂတ်စ်ရဲ့ပုံရိပ်၊ ဂျွန်အပါအဝင်တခြားသော စုန်းကဝေတွေနှင့် အားအင်ကုန်ခမ်းလုနီးပါး သူသေကိုယ်သေ တိုက်ခိုက်နေသော ဖခင်ဖြစ်သူ နိကိုလပ်စ်ရဲ့ပုံရိပ်၊ ပြီးတော့ မိမိအတွက်နဲ့ တခြား စုန်းကဝေတွေကို တိုက်ခိုက်ပေးနေသော Werewolf များနှင့် နိကိုုလပ်စ်ရဲ့ စုန်းကဝေများ။

ရှိုင်းအတွက်နဲ့ စွန့်စားနေကြရသူများ ။

သူတို့အတွက် အခုထိ ရှိုင်း ဘာမှမလုပ်ပေးနိုင်။

ရှိုင်း ဘာလုပ်ရမည်လဲ...။

ထိုအချိန်တွင် မားကပ်စ်ကို အညှိုးတကြီး ကိုက်ခဲထားသော သြဂတ်စ်ရဲ့ခန္ဓာကိုယ်ဟာ အဝေးတစ်နေရာကို အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားပြီး သြဂတ်စ်မှာ လူသားအသွင်ကိုပင် ပြန်ပြောင်းသွားကာ မျက်နှာတစ်ခုလုံးညိုမဲစွဲလျက် ပါးစပ်မှသွေးတွေပင် စီးကျနေလေပြီ။

ရှိုင်းအတွက်ကတော့ အခုလက်ရှိမျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းအားလုံးဟာ နှလုံးသားကို ထုချေနေသလို ခံစားရနာကျင််စေရသောမြင်ကွင်းများပင်ဖြစ်လေသည်။

ရှိုင်း လူတွေ အားလုံးကိုကာကွယ်ချင်သည်။ ထိုအချိန်မှာပင် မားကပ်စ်က ရှိုင်းနှင့် မီးလျှံတို့အနားကို လျှောက်လာပြီဖြစ်သည်။ လက်ဖဝါးနှစ်ဖက်တွင်လည်း အစိမ်းရောင် အဆိပ်ငွေ့များကို မြင်နေရလျက်။ ထိုအခြင်းအရာကို မြင်လိုက်တဲ့ မီးလျှံက စိတ်စောဟန်ဖြင့် ပြောလေတော့သည်။

''ငါ့အတွက်က မိသားစုအတွက်လည်း စိုးရိမ်စရာမလိုတောာ့ဘူး.. မင်းလည်း ဘာမှမဖြစ်တော့ဘူးဆိုရင် ငါဘာဖြစ်ဖြစ် စိတ်ချသွားပြီး.. ဒါကြောင့် ချာတိတ်..မင်း တွေဝေမနေပါနဲ့တော့ .. ငါတောင်းပန်ပါတယ်.. ငါကိုယ်တိုင်အလင်းရောင်တွေ တောက်ပနိုင်မှ အန္တရာယ်ကင်းကင်းနဲ့ အားလုံးအဆင်ပြေနိုင်မှာ''

မီးလျှံက ရှိုင်းရဲ့လက်နှစ်ဖက်ကို သူ့ရဲ့ရင်ဘတ်မှာ ကပ်ပြီးတော့ ပြောနေတော့တာဖြစ်သည်။ ရှိုင်း မီးလျှံရဲ့မျက်လုံးများကို သေချာစိုက်ကြည့်လိုက်မိသည်။ သံသယဖြစ်စရာ မလိုလောက်အောင်ပင် သူ့ရဲ့မျက်လုံးများတွင် ရှိုင်းအပေါ်ထားတဲ့ အချစ်စိတ်တွေကို မြင်နေ တွေ့နေ ခံစားနေရလေသည်။

ဒီလောက်နဲ့တင် ရှိုင်းအတွက် ပြည့်စုံပါပြီ။ တကယ်တော့ မီးလျှံ မမုန်းတော့ဘူးဆိုတာနဲ့တင် လုံလောက်ပါပြီ။ ရှိုင်း ကိုယ်တိုင် အစွမ်းကုန် အလင်းရောင်တွေ တောက်ပလို့ရနေပါပြီ။ မီးလျှံ အပေါ်ထားတဲ့ ရှိုင်းရဲ့အချစ်စိတ်ပမာဏကို ကိုယ်တိုင်သိနေပြီဖြစ်တဲ့အတွက် ရှိုင်း ဘယ်လိုလုပ်ရမည်ကို အခုအချိန်မှာ ဆုံးဖြတ်လို့ရပါပြီလေ။ ရှိုင်း စုန်းကဝေတွေနှင့်တိိုက်ခိုက်နေသော နိကိုလပ်စ်နှင့် လဲကျနေသော သြဂတ်စ်တို့ကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ကြည့်လိုက်မိသည်။

ထို့နောက် ရှိုင်း မီးလျှံရဲ့မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်ကာ ပြောလိုက်လေသည်။

''ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော် ခင်ဗျားပြောတဲ့အတိုင်းမလုပ်နိုင်ဘူး..''

''ဘာ.''

ရှိုင်းရဲ့ အဖြေကြောင့် မီးလျှံရဲ့မျက်လုံးများ ပြူးကျယ် ၀ိုင်းစက်သွားကာ ရှိုင်းကို အလန့်တကြားကြည့်လိုက်မိသည်။ ဒီလောက်အခြေအနေမှာတော့ ရှိုင်းတစ်ယောက် မီးလျှံ တစ်ယောက်တညး်အတွက်ချည်းဘဲ စဉ်းစားမနေသင့်တော့တာကို ဘာကြောင့်ခေါင်းမာရပြန်ပါသနည်း။

ရှိုင်းရဲ့မျက်နှှာလေးကိုကြည့်လိုက်တော့ တုန်လှုပ်ခြင်းအလျင်းမရှိ၊ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချထားဟန် ။ ပြီးတော့ သိသာလွန်းနေသည်က ပျော်ရွှင်မှုအရိပ်အယောင်များ။

ရှိုင်းက မီးလျှံရဲ့မျက်နှာကို တစ်ရှိုက်မက်မက် စိုက်ကြည့်နေလိုက်ရင်း လေးနက်စွာပြောလေသည်။

''ကျွန်တော် ခင်ဗျားကို ချစ်ဖို့က လွဲပြီးတော့ ဘာဆိုဘာမှမသိခဲ့တဲ့အတွက် ခွင့်လွှတ်ပါ၊ အခုထိလည်း ဘာဆိုဘာမှမသိပါဘူး.. ကျွန်တော်ပြောခဲ့ဖူးပါတယ် ခင်ဗျားကိုယ်တိုင် အလင်းရောင်တွေ တောက်ပစရာမလိုပါဘူး.. ကျွန်တော်ကိုယ်တိုင် ခင်ဗျားအတွက် အလင်းရောင်တွေ တောက်ပပေးနိုင်ပါတယ် ( You Don't Have to shine Flame, I'll shine for you) ဒါက ကြယ်လေးတွေက သူချစ်တဲ့လူအတွက် သူတို့လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်လို့ပါဘဲ..''

ရှိုင်းက ထိုသို့ပြောလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မီးလျှံရဲ့မျက်နှာကို သူ့ရဲ့လက်ကလေးနှစ်ဖက်ဖြင့် ထိကိုင်လိုက်လေသည်။ ထို့နောက် ခေါင်းလေးကိုမော့ကာ ခြေဖျားထောက်လိုက်ပြီး ရှိုင်းရဲ့နှုတ်ခမ်းလေးက မီးလျှံရဲ့ နှုတ်ခမ်းကို ထိရုံလေး ထိလာလေသည်။ ရုတ်တရတ် ဖြစ်ပေါ်လာတဲ့ အနမ်းဖြစ်တဲ့အတွက် မီးလျှံ မျက်လုံးများကို မှိတ်လိုက်မိလေတော့သည်။

ထိုအခိုက်အတန့်လေးမှာပင် မြေအောက်ခန်းအတွင်းတွင်ရှိသော လူအားလုံးတို့ရဲ့ တစ်သက်တာတွင် တစ်ခါမှမမြင်ဖူးခဲ့ခြင်းမရှိခဲ့သော ငွေရောင် ကြယ်အလင်းတန်းတစ်ခုက ရှိုင်းရဲ့နှလုံးသားနေရာမှ အစပြုကာ စူးရှတောက်ပလာလေတော့သည်။

ရှိုင်းရဲ့ခန္ဓာကိုယ်မှအလင်းတန်းသည် စူးရှလွန်းလှသဖြင့် မြေအောက်ခန်းအတွင်းရှိကျောက်သားနံံရံနှင့် ခေါင်မိုးကိုပါ သိမ့်သိမ့်တုန်သွားစေသည့်အပြင် မြေအောက်ခန်းထိပ်မှ ဖန်သားပြင် ကြယ်အမှတ်အသားသည်လည်း လည်ပတ်နေရာမှရပ်တန့်ကာ ဖန်သားပြင်များက ခွမ်းခနဲ တစ်စစီကွဲကြေသွားကြလေတော့သည်။ မြေအောက်ခန်း အဝတွင် ပိတ်ဆို့နေသော ကျောက်အပိုင်းအစများသည်လည်း အပြင်ဘက်ကို လွင့်ထွက်သွားကာ အပြင်ဘက်က တောနက်ကြီးကိုပင် မြင်လိုက်ရလေပြီဖြစ်သည်။ အနားကိုရောက်လာသော မားကပ်စ်သည်လည်း လျှောက်လာရာမှ မျက်လုံးတွေ ကျိန်းစက်သွားသဖြင့် မျက်လုံးများကို မှိတ်လိုက်ရလေတော့သည်။

''သားလေး.. မလုပ်နဲ''့

နိကိုလပ်စ်ရဲ့ တားဆီးသံ။ ရှိုင်း ဘယ်လိုမျိုး ဆုံးဖြတ်ချက်ချလိုက်သလဲဆိုတာကို နိကိုလပ်စ် သဘောပေါက်လိုက်သောကြောင့်ဖြစ်သည်။

ထို့နောက် မီးလျှံ မျက်လုံးများကို ဖွင့်ကြည့်လိုက်မိချိန်တွင်တော့ မျက်စိရှေ့တွင် လောကကြီးတွင် အလှပဆုံးသော အလင်းရောင်တွေ လင်းလက်တောက်ဖြာနေသည့် ရှိုင်းရဲ့ ကြယ်ကလေးအသွင်ကို မြင်လိုက်ရလေတော့သည်။

အလင်းရောင်တွေတောက်ပနေသော ရှိုင်းက မီးလျှံကို ပြုံးပြီးတော့ ကြည့်နေကာ ပြောလိုက်သည်။

''ခင်ဗျား ကျွန်တော့်အတွက် ဒီကိုရောက်လာပေးတယ်ဆိုတာနဲ့တင် ကျွန်တော့်အတွက် အလင်းရောင်တွေ တောက်ပဖို့ ပျော်ရွှင်မှုတွေ ရသွားပါပြီ.. ကျေးဇူးတင်ပါတယ် Flame ..''

ရှိုင်းက ထိုသို့ပြောပြီးပြီးချင်မှာပင် အနားကိုလျှောက်လာနေသော မားကပ်စ်ထံသို့ အလင်းရောင်တွေ တောက်ပနေရင်းကပင် မျက်နှာချင်းလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိသမျှကြယ်စွမ်းအင်တွေ အစွမ်းကုန် အရောင်တောက်ပလာစေရန် စုစည်းလိုက်သည်။ ထိုအခါ ရှိုင်းရဲ့ခန္ဓာကိုယ်မှအလင်းရောင်များက လက်ရှိတောက်ပနေသည်ထက်ကို အဆပေါင်းများစွာ တောက်ပလာလေတော့သည်။ ထို့နောက် ရှိုင်းက ထိုအလင်းရောင်များ တောက်ပနေသော ခန္ဓာကိုယ်မှတဆင့် အလင်းတန်းတွေကို အားခနဲအသံကုန်ခြစ်အော်လိုက်ပြီး မားကပ်စ်ကို ဦးတည်ကာ ချိန်ရွယ်ပစ်ခွင်းလိုက်လေတော့သည်။

နေရာအနှံ့ကို တောက်ပလင်းလက်နေကြသော ကြယ်ကလေးရဲ့အလင်းရောင်တွေက တစ်နေရာတည်းကို စုစည်းကာ ပစ်လွှတ်လိုက်တဲ့အချိန်မှာတော့ အတိုင်းအဆမဲ့ကြီးမားသော စွမ်းအင်တွေကိုဖြစ်ပေါ်စေပြီ ပစ်လွှတ်ခြင်းခံလိုက်ရသော မားကပ်စ်မှာ ခုခံနိုင်ခြင်းလုံးဝမရှိတော့ဘဲ အနောက်လွင့်ထွက်သွားကာ ရှိသမျှ မှော်ပညာတွေ အကုန် စုပ်ယူခြင်းခံလိုက်ရသကဲ့သို့ ချိနဲ့ကာ လဲကျသွားလေတော့သည်။

''Flame သူရဲ့နှလုံးကို ထုတ်ပစ်လိုက် မြန်မြန်..''

နိကိုလပ်စ်ရဲ့ မျက်ရည်များကြားမှ သတိပေးလိုက်သံက ရင်ဘတ်ကို ဆို့ရိုက်ထားသလိုဖြစ်နေကာ မင်သက်နေမိသော မီးလျှံကို သတိပေးလှုပ်နှိုးလိုက်နိုင်ပြီး လျင်မြန်သော အဟုန်တို့ဖြင့် မားကပ်စ်လဲကျရာနေရာကို သွားကာ ရင်ဘတ်ကို လက်ဖြင့် ထိုးဖောက်ကာ နှလုံးကို အရှင်လတ်လတ်နှိုက်ထုတ်ယူလိုက်လေတော့သည်။ မီးလျှံနှိုက်ယူလိုက်သော မားကပ်စ်ရဲ့နှလုံးမှာ ကြယ်စွမ်းအင်တွေရဲ့ ရောင်ခြည်သင့်မှုကြောင့် အပြင်သို့ရောက်လာလာချငး်မှာပင် မီးကျွမ်းကာ ပြာကျသွားလေပြီဖြစ်လေတော့သည်။ မားကပ်စ်သည်လည်း တဆတ်ဆတ်တုန်ကာ အသက်ငင်နေရာမှ နောက်ဆုံး ငြိမ်သက်သွားလေတော့သည်။ ထိို့နောက် တဖြေးဖြေးချင်းပင် မားကပ်စ်ရဲ့ ရုပ်အလောင်းသည်လည်း နှလုံးနည်းတူ မီးကျွမ်းကာ ပြာကျသွားလေတော့သည်။

မိမိတို့သခင်ရဲ့အဖြစ်ကို မြင်သွားကြသော စုန်းကဝေများမှာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ။ အစည်းပြေသွားသော ၀ါးတွေလို။ ထွက်ပြေးသူက ပြေး။ ကြောင်ကြည့်သူက ကြည့်နေလျက်။ ဂျွန်ကိုကား လုံးဝရှာမတွေ့တော့။

မီးလျှံမှာ မူကား လောင်ကျွမ်းပြာကျသွားသော မားကပ်စ်ရဲ့ရုပ်အလောင်းရှေ့မှာတင် ခြေကုန်လက်ပန်းကျသွားသကဲ့သို့ မတ်တပ်ရပ်လျက်ကပင် ကြက်သေသေလျက် ကြည့်နေမိလေသည်။

မီးလျှံရဲ့ ဘဝကို ဖျက်ဆီးခဲ့သူ စုန်းကဝေကို နောက်ဆုံးတော့ မီးလျှံကိုယ်တိုင် နှလုံးခွဲထုတ်ကာ အဆုံးစီရင်နိုင်ခဲ့ပြီဖြစ်လေသည်။ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ အကြွေးကို ဒီနေ့မှာ ပြန်လည်ရယူနိုင်ခဲ့လေပြီ။ ကြယ်ကလေးရဲ့ အကူအညီကို မရယူပါဘူးလို့ ကြွေးကြော်ခဲ့သော်ငြား နောက်ဆုံးတော့။

ကြယ်ကလေး..။ ရှိုင်း..။

မီးလျှံ ရုတ်တရတ် ပြန်လည် သတိဝင်လာပြီးနောက် အနောက်ဘက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်မိလေတော့သည်။ အနောက်ဘက် တံခါးပေါက်ဝနားတွင် ကျန်ခဲ့သော ရှိုင်းမှာမူ ကြမ်းပြင်ပေါ်တွင် လဲကျကာ သူ့အားထွေးပွေ့ထားသော နိကိုလပ်စ်ရဲ့ရင်ခွင်ထဲတွင် ငြိမ်သက်လျက်ရှိလေပြီ။ ဘေးမှ သြဂတ်စ်ကမူ အရုပ်ကြိုးပြတ် ဒူးထောက်ထိုင်ချနေလျက်။

လျင်မြန်လှသော အရှိိန်ဖြင့် လဲကျနေသူ ရှိုင်းအနားကို ရောက်သွားချိန်မှာတော့ ရှိုင်းက ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲတွင် မျက်လုံးလေးမှိတ်ကာ မလှုပ်မယှက်ဖြင့် ငြိမ်သက်လျက်ရှိလေပြီဖြစ်သည်။ ရုတ်တရတ် မီးလျှံရဲ့ အသည်းနှလုံးတစ်ခုလုံးကို ဆွဲထုတ်ခံလိုက်ရသလို ဝုန်းဒိုင်းကြဲပူလောင်နာကျင်သွားလေတော့သည်။ အနားကို ထိုင်ချကာ ရှိုင်းကိုကြည့်လိုက်မိသည်။ မီးလျှံရဲ့မျက်လုံးများ နီရဲနေမှာ သေချာပါသည်။

နိကိုလပ်စ်က သားဖြစ်သူကို ထွေးပွေ့ထားရမှ မီးလျှံကို မျက်လုံးချင်းဆုံကြည့်လာကာ တည်ငြိမ်သော အသံဖြင့် ပြောလေသည်။

''ကလေးက နှလုံးမခုန်တော့ဘူး.. အသက်လည်း မရှူတော့ဘူး.. ''

''ဟင်အင်း.. မဟုတ်ဘူး.. ပြန်ကယ်လို့ရသေးတယ်.. ''

မီးလျှံ လက်မခံနိုင်စွာ ပြောလိုက်ရင်း နိကိုလပ်စ်ရဲ့လက်ထဲက ရှိုင်းကို ဆွဲလုလိုက်သည်။ ပျော့ခွေကာ ပါလာသော ခန္ဓာကိုယ်လေးက ဘာတုံ့ပြန်မှုမှမရှိတော့ဘူးဆိုတာကို လက်မခံချင်။ ရင်းနှီနေတဲ့ ကိုယ်သင်းနံ့လေးနဲ့ နှလုံးခုန်သံ လေးကို လုံးဝမခံစားရတော့ဘူးဆိုတာကို လက်ခံနိုင်။

သွေးကြောတွေ လုံးဝစီးဆင်းမှုမရှိတော့သည့်အပြင် နှုတ်ခမ်းလေးတွေကလည်း အချိန်တိုအတွင်းမှာပင် အရောင်မရှိတော့သလို ဖြူဆုတ်လာလေပြီ။

''ခင်ဗျား ကျေနပ်တယ်မလား.. ခင်ဗျားဘဝကို ဖျက်ဆီးလိုက်တယ်ဆိုတဲ့ လူတွေ အကုန် သေဆုံးသွားကြပြီ.. ''

သြဂတ်စ်က မီးလျှံကို မုန်းတီးစွာ ကြည့်ရင်းပြောလိုက်သည်။

''ခင်ဗျား သွားလိုက်ပါတော့ အခုမှလာပြီးတော့..''

''မဟုတ်ဘူး.. ကယ်လို့ရသေးတယ်.. သူဆံပင်လေးတွေ အဖြူလေးတွေ ဖြစ်နေတုန်းဘဲ..''

အဓိပ္ပာယ်ရှိသည် မရှိသည်ကို မသိတော့ လက်မခံနိုင်သေးဘူးဆိုတာကိုဘဲ သိနေသည်။ မီးလျှံသည်သူ့ရဲ့လက်ဖျံကို သွားစွယ်များဖြင့် ကိုက်ဖောက်လိုက်ကာ ကျလာသော သွေးစက်တွေကို ရှိုင်းရဲ့ ပါးစပ်ထဲကို ထည့်ပေးကြည့်သည်။ သွေးပမာဏ တော်တော်များများ ကုန်ဆုံးသွားသည်အထိ ရှိုင်းထံမှ ထူးခြားမှု တစ်စုံတစ်ရာ ပြန်ရမလာပေ။

မဟုတ်။ မီးလျှံ လက်မခံနိုင်သေး။ ငြိမ်သက်နေပြီဖြစ်သော ရှိုင်းကို မေးဖျားလေးမှ ဆွဲမလိုက်ကာ လှုပ်ယမ်းနေရင်း အရူးတစ်ယောက်လိုပင် ပြောမိသည်။

''ငါမင်းကို ချစ်တယ်လို့ဘဲပြောတာ မင်းကိုခွင့်လွှတ်တယ်လို့ မပြောသေးဘူး .. မင်းငါ့ဆီက ခွင့်လွှတ်မှုမရသေးတာကို ဒီအတိုင်း ငါ့ကို ထားပြီး သေသွားလို့မဖြစ်သေးဘူး.. ''

မီးလျှံထိုသို့ပြောနေရင်းကပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နိကိုလပ်စ်ကိုကြည့်ကာ မျှော်လင့်တကြီးမေးလိုက်လေသည်။

''နိကိုလပ်စ် .. ခင်ဗျားက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို Recycle လုပ်လို့ရတဲ့ အစွမ်းရှိတယ်မလား.. ''

နိိကိုလပ်စ်ကို ကြည့်ကာ မေးလိုက်တဲ့ မီးလျှံရဲ့မျက်နှာက မျှော်လင့်ချက်တွေ အပြည့်။ မီးလျှံရဲ့စကားကြောင့် သြဂတ်စ်သည်လည်း မျှော်လင့်ချက်မျက်လုံးများဖြင့် လင်းလက်လာကာ နိကိုလပ်စ်ကိုကြည့်လာသည်။

နိကိုလပ်စ်က စိတ်ပျက်လက်ပျက်ပင်ခေါင်းခါပြလိုက်သည်။

''သူရဲ့နှလုံးသားက လောင်ကျွမ်းသွားတာ မီးလျှံ.. ထိခိုက် ဒဏ်ရာရသွားတာမဟုတ်ဘူး.. အသက်တောင် မရှူတော့တဲ့ အစိတ်အပိုင်းတစ်ခုကို လုံးဝ ပြန်ပြီးတော့ Recycle လုပ်လို့မရတော့ဘူး ကြယ်စွမ်းအင်ကြောင့် လောင်ကျွမ်းသွားတဲ့ နှလုံးသားကို Recycle ပြန်လုပ်လို့ရရင် ငါမင်းကိုတောင် သုံးမနေတော့ဘူး.. ''

နိကိုလပ်စ်က ပြောနေသော်လည်း မီးလျှံက လက်မခံနိုင်သေး။

''မဟုတ်ဘူး.. ရတယ် ရအောင် လုပ်မယ်.. ''

''တော်ပါတော့ မီးလျှံ အခုမှလာပြီးတော့ အရမ်းကြိုးစားပြမနေပါနဲ့တော့ ရှိုင်းက မရှိတော့ဘူး.. ''

သြဂတ်စ်က မီးလျှံကို ဒေါသတကြီးပင် ပြောလိုက်ကာ မီးလျှံလက်ထဲက ရှိုင်းကို ပြန်လုယူဖို့ ကြိုးစားသည်။ မီးလျှံက ခေါင်းကိုသာ ခါရမ်းနေလိုက်ပြီး နိကိုလပ်စ်ကို မျှော်လင့်တကြီးကြီးကာ ထပ်ပြောလိုက်သည်။

''ကျုပ်ရဲ့ နှလုံးက သွေးတွေနဲ့ဆိုရင် သူ့နှလုံးကို ပြန်ခုန်အောင် လုပ်လို့ရနိုင်တယ် .. နှလုံးခုန်ရပ်သွားပြီးသားဆိုတော့ နည်းနည်းအချိန်ယူရမှာဘဲ ရှိတာ.. ရတယ် .. ရအောင် လုပ်မယ်... သူ့နှလုံးပြန်ခုန်လာရင် Recycle ပြန်လုပ်လို့ရတယ်.. ''

မီးလျှံ သွေးရူးသွေးတန်းဖြင့် ထိုသို့ပြောနေရင်းပင် နိကိုလ ပ်စ်ရဲ့ခါးတွင် ချိတ်ထားသော စုန်းကဝေတွေ အသုံးပြုသည့် ဓားမြောင်ကို လှမ်းယူကာ ဆွဲထုတ်ယူလိုက်ပြီး သူ့ရဲ့ဘယ်ဘတ်ရင်ဝကို ထိုးစိုက်ချလိုက်သည်။ ပန်းထွက်လာသော သွေးတွေကို လက်ဖြင့် ခံယူကာ ရှိုင်းရဲ့ပါးစပ်ထဲကို ထည့်ပေးနေပြန်သည်။ ဓားချက်က အရမ်းကို ပြင်းလွန်းသဖြင့် သွေးတွေက ရင်ဘတ်ကနေ တလဟော စီးကျနေသော်လည်း မီးလျှံက ဂရုမစိုက်ဘဲ ရှိုင်းကိုသာ ကြိုးစားပမ်းစား သွေးတွေကို သောက်သုံးနေစေတာဖြစ်သည်။

သိို့သော် အချိန်တော်တော်ကြာတဲ့အထိ ရှိုင်းထံမှ တစ်စုံတစ်ရာ ထူးခြားမှုရမလာ။ ရင်ဘတ်မှ သွေးတွေ ဒလဟော စီးကျနေသော မီးလျှံမှု နှုတ်ခမ်းတွေ ဖြူဆုတ်လာကာ အားလျော့လာပြီဖြစ်သည်။ Vampire တွေရဲ့နှလုံးသားမှသွေးတွေ အကုန်ကုန်သွားပါက ထို Vampire က သေဆုံးတတ်သည်ဆိုတာကို သိထားတဲ့ နိကိုလပ်စ်ကပင် တားဆီးယူရသော အဖြစ်ကိုရောက်ရပါလေတော့သည်။

''တော်တော့ မီးလျှံ မင်းဒီလိုဖြစ်နေတာကို ငါ့ကလေးက ကြိုက်မှာ မဟုတ်ဘူး.. တော်လိုက်ပါတော့.. ကလေးက အသက်မရှိတော့ ဘူး.. သေသွားပြီ. ရှိုင်းက သေသွားပြီကွ..''

နိကိုလပ်စ်က ဒေါသဖြင့် မချင့်မရဲစိတ် ဝမ်းနည်းစိတ်တို့ဖြင့် အော်ပြောလိုက်သော်လည်း မီးလျှံသည် ရှိုင်းကို နှလုံးသားပြန်လည်ရှင်သန်လာအောင် လုပ်ဖို့တစ်ခုတည်းသာ သိသည့်အတိုင်း တားဆီးသမျှစကားတိုင်းကို ခေါင်းခါပြကာ သူ့ရဲ့နှလုံးသားမှ စီးကျလာသော သွေးတွေကို ရှိုင်းရဲ့ပါးစပ်ထဲကို တယုတယထည့်ပေးနေရင်းပင် ပါးစပ်မှ တစ်တွတ်တွတ် ရွတ်လျက်ရှိလေသည်။

''မင်းကို ငါ သေခွင့် မပေးနိုင်သေးဘူး.. မင်း ပြန်ရှင်လာပါ.. မင်းဒီအတိုင်းလေး အသက်ပြန်ရှင်လာရင်တောင် ငါမင်းကိုခွင့်လွှတ်ပေးပါမယ် ချာတိတ်ရယ်... ''

*******************************************
Author's Note

Epilogue ( Final Chapter ) will be posted at 11 pm Tonight. Please stay tuned.

**************

Zawgyi

**************

Flame's Love Part (4)

ေျမေအာက္ခန္းထဲတြင္ ေတာက္ပေနျကေသာ အလင္းတန္းမ်ား မားကပ္စ္ ကိုင္ေျမွာက္ထားေသာ ဆင္စြယ္ဓားလက္ကိုင္ရိုးေပၚတြင္ စုစည္းသြားခ်ိန္တြင္ မားကပ္စ္သည္ ျကယ္ကေလးရဲ႕နွလံုးသားရွိရာ ရင္ဘတ္ေနရာကို ဦးတည္ကာ အားကုန္စိုက္ခ်လိုက္ေလေတာ့သည္။

ဒီတစ္ခါေတာ့ မားကပ္သည္ မိမိကို တားဆီးနိုင္သူ မည္သူမွ်မရွိေတာ့ဟု ထင္မွတ္လိုက္ကာ ဓားကိုထိုးစိုက္လိုက္ေသာ္ျငား မထင္မွတ္ဘဲ မိမိရဲ႕လက္ကို ဦးတည္ကာခ်ိန္ရြယ္ ပစ္ခြင္းလိုက္ေသာ ေငြေရာင္အလင္းတန္းရဲ႕ အရွိန္ေျကာင့္ မားကပ္စ္ရဲ႕လက္သည္ ပူေလာင္နာက်င္သြားကာ ကိုင္ေျမွာက္ထားမိေသာ ဓားလည္္း လြင့္ထြက္သြားေလေတာ့သည္။

ဓားလြင့္ထြက္သြားသည္နွင့္ တစ္ျပိဳင္နက္ ဓားေပၚတြင္ စုစည္းေနေသာ ေငြေရာင္အလင္းတန္းမ်ားလည္း ေနရာအနွံ႔ကို ျပန္႔က်ဲသြားေလေတာ့သည္။ အံ့ျသစြာျဖင့္ မားကပ္စ္သည္ မိမိကို ေနွာင့္ယွက္လာေသာ ေငြေရာင္အလင္းတန္းရဲ႕လာရာကို ျကည့္လိုက္မိေတာ့ မယံုျကည္နိုင္စြာျဖင့္ ျမင္ေတြ႔လိုက္ရသည္က ေျမေအာက္ခန္း အေပါက္၀တြင္ရပ္ေနေသာ မီးလွ်ံ။ လက္ဖ၀ါးနွစ္ဖက္ကို လွန္ထားျပီး အေပၚတြင္လည္း ေငြေရာင္အလင္းတန္းတစ္ခ်ိဳ႕ေတာက္ျဖာေနလ်က္။

''မင္း..မင္း..''

မားကပ္စ္ အပါအ၀င္ ေျမေအာက္ခန္းအတြင္းရွိလူမ်ားအားလံုးရဲ႕မ်က္လံုးေတြက ျပဴးက်ယ္၀ိုင္းစက္သြားကာ မယံုနိုင္ျခင္းေတြ အျပည့္ျဖစ္သြားေလေတာ့သည္။

မားကပ္စ္ အံ့ျသလို႔မဆံုးေသးခင္မွာပင္ မီးလွ်ံရဲ႕လက္ဖ၀ါးနွစ္ဖက္တြင္ ေငြေရာင္အလင္းတန္းမ်ားက ပိုမိုေတာက္ပလာကာ လ်င္ျမန္စြာပင္ မားကပ္စ္ရပ္ေနရာကို ပစ္လႊတ္လိုက္ေလေတာ့သည္။ အားျပင္းလွေသာ ပစ္ခ်က္ေျကာင့္ ရိႈင္းရွိေနရာ ေက်ာက္စားပြဲခံုအစြန္းတြင္ရွိေနျကေသာ မားကပ္စ္အပါအ၀င္ စုန္းကေ၀တစ္ခ်ိဳ႕ဟာ ေနာက္သိုိ႔အရွိန္ျပင္းစြာျဖင့္ လြင့္ထြက္သြားေလေတာ့သည္။

၀ုန္းခနဲအသံတစ္ခ်ိဳ႕နွင့္အတူ ေျမေအာက္ခန္းအတြင္းရွိလူမ်ားအားလံုး ျကက္ေသ ေသကာ ဘာလုပ္ရမယ္မွန္းမသိေသးခင္မွာပင္ လ်င္ျမန္လွေသာ မီးလွ်ံက ေက်ာက္စားပြဲခံုနားကိုေရာက္လာကာ ရိႈင္းရဲ႕ လက္နွင့္ေျခတြင္ ခ်ည္ေနွာင္ထားေသာ သားေရျကိဳးေတြကို လက္ျဖင့္ ဆြဲျဖဳတ္လိုက္ျပီး ရိႈင္းကို ေပြ႔ခ်ီလိုက္သည္။

မ်က္လံုးေလးျပဴးျကည့္ေနေသာ ျကယ္ကေလးကေတာ့ အခုအခ်ိန္ထိ မီးလွ်ံေရာက္လာတာကို မယံုျကည္နိုင္ေသးဟန္။ ေနာက္ေတာ့ သူခ်စ္ရသူေျကာင့္လားမသိ။ ျကယ္ကေလးရဲ႕ခႏၶာကိုယ္မွအရင္ကထက္ပို စူးရွတဲ့ အလင္းေရာင္ေတြ ေတာက္ပလာတာကို ျမင္လိုက္ရေလေတာ့သည္။

ရိႈင္းထံမွ အလင္္းေရာင္ေတြ ထြက္လာတာကို ျမင္လိုက္္ရသည္နွင့္တစ္ျပိဳက္နက္ မီးလွ်ံက နိကိုလပ္စ္နွင့္ ျသဂတ္စ္တို႔ကိုိ ခ်ဳပ္ေနွာင္ထားေသာ စုန္းကေ၀ေတြဘက္ကို လက္ကိုရြယ္လိုက္ျပီး ေငြေရာင္အလင္းတန္းမ်ားျဖင့္ ပစ္ခြင္းလိုက္သည္။

မီးလွ်ံရဲ႕အျပဳအမူဟာ အရမ္းကို လ်င္ျမန္လြန္းသျဖင့္ မည္သူမွ်လိုက္လို႔မမွီနိုင္။ လြတ္ေျမာက္သြားေသာ ျသဂတ္စ္နွင့္ နိကိုလပ္စ္တို႔ကလည္း အခ်ိန္မဆိုင္းဘဲ အနားတြင္ရွိေနေသာ စုန္းကေ၀မ်ားကို တိုက္ခိုက္ရန္ အသင့္အေနအထားျဖင့္ ရပ္ေနျကေလေတာ့သည္။

ရုတ္တရတ္္ ေျမေအာက္ခန္းျကီးမွာ ျငိမ္သက္သြားကာ အခန္းထဲရွိလူမ်ားအားလံုး တစ္ေယာက္အရိပ္အေျခကို တစ္ေယာက္ကျကည့္ကာ ဘယ္သူကမွ လႈပ္ရွားျခင္းမျပဳျကေသးေပ။ မားကပ္စ္ကလည္း ရိႈင္းကိုေပြ႔ခ်ီထားေသာ မီးလွ်ံကို ျကည့္ကာ သေဘာက်ဟန္ျဖင့္ မဲ့ျပံဳးတစ္ခ်က္ျပံဳးလိုက္ကာ ေျပာလိုက္ေလသည္။

''မင္းေရာက္မလာေတာ့ဘူးလို႔ထင္လိုက္မိတာ မီးလွ်ံ.. တကယ္မင္းက ငါ့ကို အ့ံျသသြားေစတယ္.. ''

''က်ဳပ္ဘယ္လိုဘဲျဖစ္ျဖစ္ ခင္ဗ်ားကိုသတ္မယ္ဆိုတဲ့ က်ဳပ္ရဲ႕ရည္ရြယ္ခ်က္ကိုေတာ့ ဘယ္ေတာ့မွမေမ့သြားဘူး..''

''မင္းက ငါ့ကိုသတ္ျပီး ျကယ္စြမ္းအင္ေတြကို ပိုင္ဆိုင္နိုင္မယ္လို႔ထင္ေနတယ္ေပါ့ေလ''

နာက်င္သြားေသာ လက္ကိုျကည့္ျပီးေတာ့ မားကပ္စ္က ခပ္မဲ့မဲ့ေျပာသည္။ ေျမေအာက္ခန္းတစ္ခုလံုး ေစာေစာက အေျခအေနနွင့္ ဆန္႔က်င္ဘက္ ျငိမ္က်သြားေသာ္ျငား ထိုအေျခအေနသည္ မုန္တိုင္းလာခါနီး ကမ္းေျခက ျငိမ္သက္ေနသလိုမ်ိဳးအေနအထား။

''ခင္ဗ်ားကို သတ္ပစ္ခ်င္ေနတဲ့က်ဳပ္က ခင္ဗ်ားလက္ထဲ ျကယ္စြမ္းအင္ေတြကို ပစ္စလတ္ခတ္ထည့္ေပးရေလာက္ေအာင္ေတာ့ က်ဳပ္ မမိုက္မဲေသးဘူးမားကပ္စ္... ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားက ေလာကျကီးအတြက္ ေသကိုေသဖို႔လိိုအပ္တဲ့ စုန္းကေ၀တစ္ေယာက္ျဖစ္ေနလို႔ဘဲ...''

''ျကိဳးစားျကည့္လိုက္ေလ.. မင္းျကယ္ေလးဆီက ျကယ္စြမ္းအင္ေတြ မယူနိုင္ခင္မွာ မင္းကိုေရာ အကုန္လံုးကိုေရာ ငါသတ္မယ္.. ''

မားကပ္စ္က ထိုသုိ႔ေျပာလိုက္ရင္း ဂၽြန္အပါအ၀င္တျခား စုန္းကေ၀ေတြကို အမိန္႔ေပးလိုက္ကာ မီးလွ်ံကို တိုက္ခိုက္ရန္ ျကယ္ကေလးကို ျပန္လုယူရန္ အမိန္႔ေပးလိုက္ေလေတာ့သည္။ ထိုအခါ စုန္းကေ၀ေတြက အင္နွင့္အားနွင့္ကို မီးလွ်ံအနားကို တိုးကပ္လာျကေလေတာ့သည္။

မီးလွ်ံက ေက်ာက္စားပြဲခံုေပၚကေန ရိႈင္းကို ေပြ႔ခ်ေပးလိုက္ရင္း သူ႔ရဲ႕ခႏၶာကိုယ္ေနာက္ကို ပို႔ကာ ကာကြယ္ထားလိုက္ရင္း အနားကိုကပ္လာေသာ စုန္းကေ၀ေတြကို မတိုက္ခိုက္ဘဲ ေနာက္ကိုဆုတ္ကာ ဆုတ္ကာျဖင့္ ေျပာေလသည္။

''ခင္ဗ်ားတို႔ေတြ ဒီလိုေခါင္းေဆာင္တစ္ေယာက္ရဲ႕လက္ေအာက္မွာေနရတာ ကိုယ့္ကိုယ္ကိုေရာ လိပ္ျပာလံုရဲ႕လား.. ဒီလိုမ်ိဳး အျပစ္မရွိတဲ့လူတစ္ေယာက္ရဲ႕အသက္ကို စေတးျပီး ဒီမတရားတဲ့နည္းကိုသံုးျပီး တျခားမ်ိဳးႏြယ္စုေတြကိုပါ ျခယ္လွယ္ေနတဲ့ လူမ်ိိဳးကို ... ''

''ဘာလုပ္ေနတာလဲ.. သူေျပာတာေတြ နားေထာင္မေနနဲ႔.. ၀ိုင္းတိုက္ျက အခ်ိန္မရွိေတာ့ဘူး..ယဇ္ပူေဇာ္ဖို႔အခ်ိန္လြန္သြားလို႔မရဘူး.. ''

မားကပ္စ္က ေဒါသတျကီးျဖင့္ ေအာ္ဟစ္ အမိန္႔ေပးလိုက္မိသည္။ ထိုအခါ စုန္းကေ၀ေတြကလည္း ေ၀ခြဲမရစြာျဖင့္ မီးလွ်ံအနားကို တိုးကပ္လာကာ အလင္းေရာင္မ်ားျဖင့္္ ပစ္ျကေလေတာ့သည္။ တစ္ဖက္တြင္လည္း စုန္းကေ၀မ်ားနဲ႔ တုိက္ခိုက္ေနျကေသာ နိကိုလပ္စ္မွ မီးလွ်ံရဲ႕အျကံကို ရိပ္မိလိုက္သျဖင့္ မီးလွ်ံနည္းတူပင္ စကားစရန္ ျကိဳးပမ္းလိုက္မိသည္။

''မင္းတို႔ ေသခ်ာစဥ္းစားျကည့္ပါ.. မားကပ္စ္ရဲ႕လက္ေအာက္မွာ ေနေနတဲ့ ကာလတစ္ေလွ်ာက္လံုး မင္းတို႔အတြက္ ဘာအက်ိဳးအျမတ္ရလို႔လဲ.. ျကယ္စြမ္းအင္ဆိုတာကိုလည္း သူတစ္ေယာက္တည္း အပိုင္သိမ္းျပီး အားလံုးကို မင္းမူေနတာေလ.. မင္းတို႔က အခု မားကပ္စ္ရဲ႕ တစ္ကိုယ္တည္း အက်ိဳးအတြက္နဲ႔ ဒီလိုမ်ိဳးေတြ လုပ္ေနရတာ နစ္နာတယ္လို႔မခံစားရဘူးလား.. ''

နိကိုလပ္စ္ရဲ႕ထိုစကားေျကာင့္ အင္နွင့္အားနွင့္ တိုက္ခိုက္ဖို႔ျပင္ေနျကေသာ စုန္းကေ၀တို႔ရဲ႕ေျခလွမ္းမ်ားဟာ တံု႔ခနဲျဖစ္သြားကာ ေရွ႕တိုးရမလို ေနာက္ဆုတ္ရမလိုျဖစ္သြားျကေလသည္။ တစ္ေယာက္မ်က္နွာ တစ္ေယာက္ျကည့္လ်က္ ဘာလုပ္ရမယ္မွန္းမသိျဖစ္သြားျကေလေတာ့သည္။ နိကိုလပ္စ္က ထပ္ေျပာလိုက္သည္။

''ငါတို႔စုန္းကေ၀ေတြက ေခတ္အဆက္ဆက္ နာမည္ေကာင္းေတြနဲ႔ တျခားမ်ိဳးႏြယ္စုေတြနဲ႔ပါ ေအးေအးခ်မ္းခ်မ္းေနလာခဲ့တာ.. မားကပ္စ္ရဲ႕လက္ထက္မွ ဒီလိုမ်ိဳးေတြျဖစ္လာတာ.. ငါလည္း အစက ေသခ်ာမသိခဲ့ေပမယ့္ .. ငါ့မိသားစုကို ထိခိုက္လာတဲ့ အခ်ိန္မွာမွ ေသခ်ာသိလာခဲ့တာ.. မင္းတို႔ကိုလည္း ငါ့လိုမ်ိဳး အသိေနာက္က်တာမ်ိဳးမျဖစ္ခ်င္ဘူး.. ''

နိကုိလပ္စ္က ေလးနက္စြာျဖင့္ တစ္ခ်ိန္က တစ္ဖြဲ႔တည္းရွိခဲ့ဖူးေသာ ညီေနာင္မ်ားကို ေဖ်ာင္းဖ်ေသာ သေဘာျဖင့္ ေျပာဆိုေလသည္။ထိုစကားဟာ စုန္းကေ၀ေတြကို ေတြေ၀ေစေလေတာ့သည္။ မားကပ္စ္ရဲ႕ဦးေဆာင္မႈေအာက္တြင္ အမုန္းခံရသည္မွအပ က်န္တာမရွိခဲ့တာ မားကပ္စ္ရဲ႕ သေဘာထားဟာ ဘယ္လိုဆိုတာ သိေနျကျပီျဖစ္ေသာ စုန္းကေ၀ေတြကို ေတြေ၀ေစတာျဖစ္ေလသည္။

နိကိုလပ္စ္နွင့္ မီးလွ်ံတို႔ရဲ႕စကားဟာ မိမိရဲ႕လက္ေအာက္ငယ္သားေတြကို ထိေရာက္ေစတယ္ဆိုတာကို နားလည္လိုက္တဲ့ မားကပ္စ္ရဲ႕မ်က္နွာက မည္းခနဲျဖစ္သြားျပီး ေဒါသတျကီးေအာ္ေျပာလိုက္ေလေတာ့သည္။

''သူမ်ားေျပာတာေတြ ေလွ်ာက္နား၀င္မေနနဲ႔.. ျမန္ျမန္ေသေအာင္ သတ္ပစ္လုိက္ျကေတာ့''

မားကပ္စ္ရဲ႕ေဒါသသံဟာ ေတြေ၀ေနေသာ စုန္းကေ၀ေတြကို အလန္႔တျကားျဖစ္သြားေစျပီး မီးလွ်ံဆီကို တိုက္ခိုက္ဖိို႔အတြက္ ေျပးလာျကေလေတာ့သည္။ ထိုပံုစံအတိုင္းဆိုရင္ ဘယ္လိုမွ စုန္းကေ၀ေတြရဲ႕အင္အားကို ယွဥ္နိုင္မွာ မဟုတ္တာကို ရိပ္မိလိုက္တဲ့ ျသဂတ္စ္က မီးလွ်ံကို လွမ္းေအာ္ေျပာလိုက္သည္္။

''မီးလွ်ံ ခင္ဗ်ားရိႈင္းကို လြတ္တဲ့ေနရာကို ေခၚသြားျပီး သူ႔ဆီက အစြမ္းေတြ လႊဲခိုင္းလိုက္ပါ.''

ျသဂတ္စ္က ေျပာလိုက္တာနွင့္ မီးလွ်ံက မိမိခႏၶာကိုယ္အေနာက္တြင္ရွိေနေသာ ရိႈင္းကို ဆြဲေခၚကာ လြတ္ေနေသာ ေျမေအာက္ခန္းတံခါးအျပင္ဘက္ကို ေျပးထြက္ဖို႔ျပင္ေလသည္။ မီးလွ်ံနွင့္ ရိႈင္းတို႔ အနားကို ၀ိုင္းလာျကေသာ စုန္းကေ၀ေတြကို နိကိုလပ္စ္၊ ျသဂတ္စ္နွင့္ အနည္းငယ္က်န္ရွိေနေသာ သူတို႔ဘက္မွ လူမ်ားက တားဆီးေပးေလသည္။

ထိုအရာကို ျမင္လုိက္ေသာ ဂၽြန္က ေျမေအာက္ခန္းတံခါးကို ခ်ိန္ရြယ္ကာ အစိမ္းေရာင္ အလင္းတန္းမ်ားျဖင့္ပစ္လိုက္ေလသည္။ ထိုအခါ ပြင့္ေနေသာ တံခါးမျကီးဟာ အစိတ္စိတ္အမႊာမႊာ ကြဲေျကကာ ၀င္ေပါက္၀ကို ပိတ္သြားျပီး အျပင္ဘက္ကို ထြက္လို႔မရျဖစ္သြားေလေတာ့သည္။ တံခါးမျကီးဟာ ေက်ာက္သားျဖင့္ ျပဳလုပ္ထားတာျဖစ္တာေျကာင့္ အပိုင္းအစမ်ားကို ဖယ္ထုတ္ကာ ထြက္ဖုိ႔ကလည္း အဆင္မေျပျဖစ္ေနေလသည္။ တစ္နည္းအားျဖင့္ဆိုရေသာ္ ဒီေျမေအာက္ခန္းတြင္ပင္ သူေသကိုယ္ေသတိုက္ခိုက္ျပီး အနိုင္္ရသည့္သူသာ ထြက္ရမည္ဆိုေသာ သေဘာ။

အေပါက္၀တြင္ ဆက္သြားလုိ႔မရျဖစ္ေနသည့္ မီးလွ်ံနွင့္ ရိႈင္းဆီသို႔ ျပင္းထန္လွသည့္ အစိမ္းေရာင္အလင္းတန္းတစ္ခုက ေရာက္ရွိလာေလေတာ့သည္။ မ်က္စိလ်င္ေသာ မီးလွ်ံက ေရွာင္လိုက္သျဖင့္ ေက်ာက္သားနံရံကိုသာ ထိသြားျပီး ကြဲေျကသြားေလေတာ့သည္။ ထို႔အျပင္ မီးလွ်ံနွင့္ ရိႈင္းရွိရာေနရာသို႔ ေဒါသမ်က္လံုးမ်ားျဖင့္ျကည့္ကာ ေလွ်ာက္လာေနေသာ မားကပ္စ္ကိုရင္ဆုိင္လိုက္ရေလေတာ့သည္။ မီးလွ်ံကလည္း ရင္ဆိုင္ရန္ အသင့္အေနအထားျဖင့္။

''ခ်ာတိတ္..''

မီးလွ်ံက အေနာက္ဘက္တြင္ရွိေနေသာ ရိႈင္းကို ေခၚလိုက္သည္။

''ဟင္..''

''မင္းအနားမွာ ငါရွိေနတယ္ဆိုရင္ မင္းအလင္းေရာင္ေတြ အေတာက္ပဆံုးျဖစ္နိုင္တယ္မလား.. ''

မီးလွ်ံက ထိုသို႔ေမးလိုက္ျပီး ရိႈင္းကို လွည့္ျကည့္လိုက္သည္။ ထို႔ေနာက္ ရိႈင္းရဲ႕ပါးျပင္ေလးနွစ္ဖက္ကို လက္ဖ၀ါးတို႔ျဖင့္ အုပ္မိုးလိုိက္ကာ ေလးနက္စြာျကည့္ျပီးေတာ့ ထပ္ေျပာလုိက္သည္။

''အခု မင္းအနားမွာ ငါရွိေနျပီဘဲ.. မင္းရဲ႕ျကယ္စြမ္းအင္ေတြကို အေတာက္ပဆံုးျဖစ္ေအာင္ ေတာက္ပလိုက္ျပီး ငါ့ကုိလႊဲေပးပါ.. မင္းရဲ႕ျကယ္စြမ္းအင္ေတြနဲ႔ ငါရဲ႕ေမွာ္ပညာေတြနဲ႔ ေပါင္းလုိက္မွ မားကပ္စ္ကို သတ္နုိင္မယ္ဆိုတာ မင္းသိတာဘဲေလ... ''

မီးလွ်ံစကားေျကာင့္ ရိႈင္းက အလန္႔တျကားျဖင့္ ေခါင္းေလး ခါျပသည္။

''ဟင္အင္း... ကၽြန္ေတာ္ေပးလိုက္ရင္ ခင္ဗ်ား..ခင္ဗ်ား... ''

ရိႈင္းရဲ႕စကားမဆံုးေသး မီးလွ်ံက ရိႈင္းရဲ႕နွဖူးျပင္ေလးေပၚမွက်ေနေသာ ဆံႏြယ္ေလးေတြကို သပ္တင္ေပးလိုက္ျပီး ေျပာလိုက္သည္။

''မင္းရဲ႕သေဘာထားကို သိပါတယ္.. ဒါေပမယ့္ မင္းငါ့ကိုုခ်စ္တာကလြဲျပီး တစ္ျခားဘာမွ မစဥ္းစားတာမ်ိဳးေတြ မလုပ္သင့္ဘူးေလ.. ျဖစ္ခ်င္တာထက္ျဖစ္သင့္တာကို ဦးစားေပးရတာမ်ိဳးေတြလည္းရွိတယ္... အားလံုးေကာင္းဖို႔အတြက္ တန္ဖိုုးျကီးတဲ့အရာေတြကိုလည္း စေတးပစ္သင့္ရင္ စေတးပစ္ရတယ္.. ျပီးေတာ့ ငါက မင္းအဲ့ဒီေလာက္ျကီးထိ ခ်စ္ျပဖို႔ ထိုက္တန္တဲ့လူမဟုတ္ဘူး .. ဒါေျကာင့္.. ငါ့ကိုမင္းတကယ္ခ်စ္္တယ္ဆိုရင္ ငါေျပာတာကို နားလည္သေဘာေပါက္ျပီး ေျပာတဲ့အတုိင္းလုပ္ေပးေနာ္.. ဒီတစ္ခါေတာ့ စကားနားေထာင္မယ္ မလား..''

မီးလွ်ံဆီက တစ္ခါမွမရခဲ့ဘူးေသာ နူးညံ့ျခင္းေတြျဖင့္ ရိႈင္းကို သူ႔ကို သတ္ေပးဖို႔ ေဖ်ာင္းဖ်ေပးေနသလို။

ထိုအခ်ိန္မွာပင္ မားကပ္စ္က ရိႈင္းနွင့္ မီးလွ်ံတို႔ရွိေနရာ ေျမေအာက္ခန္းတံခါးေပါက္နားကို ေရာက္လာေနျပီျဖစ္သည္။ သို႔ေသာ္ ျသဂတ္စ္က လ်င္ျမန္စြာပင္ ၀ံပုေလြအသြင္သို႔ေျပာင္းလုိက္ျပီး အေနာက္ကေန မားကပ္စ္ရွိရာကို အေျပးလွမ္းလာကာ မားကပ္စ္ရဲ႕ကိုခုန္အုပ္လိုက္ျပီး လည္ပင္းကို အတင္းကိုက္ခဲဖို႔ျကိဳးစားေလေတာ့သည္။ မားကပ္စ္နွင့္ ၀ံပုေလြအသြင္ ျသဂတ္စ္တို႔ လံုးေထြးသြားစဥ္တြင္ ဂၽြန္သည္ သူ႔သခင္ရဲ႕အျဖစ္ကို ျမင္လုိက္တာေျကာင့္ ကူညီရန္ေျပးလာခ်င္ေသာ္လည္း နိကိုလပ္စ္နွင့္တိုက္ခိုက္ေနရသျဖင့္ လာလို႔မရ။

ျသဂတ္စ္ရဲ႕အျဖစ္ကို ျမင္လိုက္ရသျဖင့္ ရိႈင္းမွာ ထိတ္လန္႔သြားျပီး ျသဂတ္စ္နွင့္ မားကပ္စ္တို႔လံုးေထြးတိုက္ခိုက္ေနရာနားကို ေျပးသြားဟန္ျပင္လိုက္ေသာ္လည္း မီးလွ်ံက ဆြဲထားတာေျကာင့္ သြားလို႔မရ။

''ခ်ာတိတ္.. ဒီမွာ ဒီကိုျကည့္.. ငါေျပာတာကို နားေထာင္.. ငါေလ မင္းကို ခ်စ္တယ္.. ခ်စ္ေနခဲ့တာ ျကာပါျပီ.. ငါ့ကိုယ္ငါမသိခဲ့ေပမယ့္ သိသြားခဲ့တဲ့ အခ်ိန္မွာ မယံုျကည္နိုင္ေလာက္ေအာင္ကို ပမာဏမ်ားေနခဲ့တယ္.. တကယ္လို႔မ်ားေပ့ါေနာ္ ျကယ္အစြမ္းေတြ ေျကာင့္ ငါ့ရဲ႕နွလံုးသားက ေလာင္ကၽြမ္းသြားမယ္ဆိုရင္ေတာင္ေလ.. မင္းအေပၚမွာထားရဲ႕ ငါ့ရဲ႕အခ်စ္ေတြက ေလာင္ကၽြမ္းသြားမွာ မဟုတ္ဘူး.. ဒါေျကာင့္ မင္းငါ့အတြက္စိုးရိမ္ေနတယ္ဆိုရင္ေတာင္ ငါ့ရဲ႕ အျကီးမားဆံုး ဆႏၵျဖစ္တဲ့ မားကပ္စ္ကို အေသသတ္ပစ္ခ်င္တယ္ဆိုတဲ့ ဆႏၵကို မင္းက ျဖည့္ဆည္းေပးပါ.. ''

ရိႈင္းရဲ႕ျကယ္စြမ္းအင္ေတြ မပါဘဲနွင့္ မီးလွ်ံ မားကပ္စ္ကို လံုး၀ေသေအာင္ သတ္နိုင္မွာမဟုတ္။ ဒါေျကာင့္ ေခါင္းမာေနတဲ့ ရိႈင္းကို ေဖ်ာင္းဖ်ဖို႔အျပင္ ဘာဆိုဘာမွမတတ္နုိင္။

ရိႈင္းက မီးလွ်ံစကားေျကာင့္ မားကပ္စ္နွင့္ လံုးေထြးသတ္ပုတ္ေနရင္း ေသြးအလိမ္းလိမ္းျဖင့္ နာက်င္စရာမႈေတြ ခံစားေနရေသာ ျသဂတ္စ္ရဲ႕ပံုရိပ္၊ ဂၽြန္အပါအ၀င္တျခားေသာ စုန္းကေ၀ေတြနွင့္ အားအင္ကုန္ခမ္းလုနီးပါး သူေသကိုယ္ေသ တိုက္ခိုက္ေနေသာ ဖခင္ျဖစ္သူ နိကိုလပ္စ္ရဲ႕ပံုရိပ္၊ ျပီးေတာ့ မိမိအတြက္နဲ႔ တျခား စုန္းကေ၀ေတြကို တုိက္ခိုက္ေပးေနေသာ Werewolf မ်ားနွင့္ နိကိုုလပ္စ္ရဲ႕ စုန္းကေ၀မ်ား။

ရိႈင္းအတြက္နဲ႔ စြန္႔စားေနျကရသူမ်ား ။

သူတို႔အတြက္ အခုထိ ရိႈင္း ဘာမွမလုပ္ေပးနိုင္။

ရိႈင္း ဘာလုပ္ရမည္လဲ...။

ထိုအခ်ိန္တြင္ မားကပ္စ္ကို အညွိဳးတျကီး ကိုက္ခဲထားေသာ ျသဂတ္စ္ရဲ႕ခႏၶာကိုယ္ဟာ အေ၀းတစ္ေနရာကို အရွိန္ျပင္းစြာျဖင့္ လြင့္ထြက္သြားျပီး ျသဂတ္စ္မွာ လူသားအသြင္ကိုပင္ ျပန္ေျပာင္းသြားကာ မ်က္နွာတစ္ခုလံုးညိဳမဲစြဲလ်က္ ပါးစပ္မွေသြးေတြပင္ စီးက်ေနေလျပီ။

ရိႈင္းအတြက္ကေတာ့ အခုလက္ရွိမ်က္စိေရွ႕တြင္ ျမင္ေနရေသာ ျမင္ကြင္းအားလံုးဟာ နွလံုးသားကို ထုေခ်ေနသလို ခံစားရနာက်င္္ေစရေသာျမင္ကြင္းမ်ားပင္ျဖစ္ေလသည္။

ရိႈင္း လူေတြ အားလံုးကုိကာကြယ္ခ်င္သည္။ ထိုအခ်ိန္မွာပင္ မားကပ္စ္က ရိႈင္းနွင့္ မီးလွ်ံတို႔အနားကို ေလွ်ာက္လာျပီျဖစ္သည္။ လက္ဖ၀ါးနွစ္ဖက္တြင္လည္း အစိမ္းေရာင္ အဆိပ္ေငြ႔မ်ားကို ျမင္ေနရလ်က္။ ထိုအျခင္းအရာကို ျမင္လိုက္တဲ့ မီးလွ်ံက စိတ္ေစာဟန္ျဖင့္ ေျပာေလေတာ့သည္။

''ငါ့အတြက္က မိသားစုအတြက္လည္း စိုးရိမ္စရာမလိုေတာာ့ဘူး.. မင္းလည္း ဘာမွမျဖစ္ေတာ့ဘူးဆိုရင္ ငါဘာျဖစ္ျဖစ္ စိတ္ခ်သြားျပီး.. ဒါေျကာင့္ ခ်ာတိတ္..မင္း ေတြေ၀မေနပါနဲ႔ေတာ့ .. ငါေတာင္းပန္ပါတယ္.. ငါကိုယ္တိုင္အလင္းေရာင္ေတြ ေတာက္ပနိုင္မွ အႏၲရာယ္ကင္းကင္းနဲ႔ အားလံုးအဆင္ေျပနိုင္မွာ''

မီးလွ်ံက ရိႈင္းရဲ႕လက္နွစ္ဖက္ကို သူ႔ရဲ႕ရင္ဘတ္မွာ ကပ္ျပီးေတာ့ ေျပာေနေတာ့တာျဖစ္သည္။ ရိႈင္း မီးလွ်ံရဲ႕မ်က္လံုးမ်ားကို ေသခ်ာစိုက္ျကည့္လုိက္မိသည္။ သံသယျဖစ္စရာ မလိုေလာက္ေအာင္ပင္ သူ႔ရဲ႕မ်က္လံုးမ်ားတြင္ ရိႈင္းအေပၚထားတဲ့ အခ်စ္စိတ္ေတြကို ျမင္ေန ေတြ႔ေန ခံစားေနရေလသည္။

ဒီေလာက္နဲ႔တင္ ရိႈင္းအတြက္ ျပည့္စံုပါျပီ။ တကယ္ေတာ့ မီးလွ်ံ မမုန္းေတာ့ဘူးဆိုတာနဲ႔တင္ လံုေလာက္ပါျပီ။ ရိႈင္း ကိုယ္တိုင္ အစြမ္းကုန္ အလင္းေရာင္ေတြ ေတာက္ပလို႔ရေနပါျပီ။ မီးလွ်ံ အေပၚထားတဲ့ ရိႈင္းရဲ႕အခ်စ္စိတ္ပမာဏကို ကိုယ္တိုင္သိေနျပီျဖစ္တဲ့အတြက္ ရိႈင္း ဘယ္လိုလုပ္ရမည္ကို အခုအခ်ိန္မွာ ဆံုးျဖတ္လို႔ရပါျပီေလ။ ရိႈင္း စုန္းကေ၀ေတြနွင့္တိုိက္ခိုက္ေနေသာ နိကိုလပ္စ္နွင့္ လဲက်ေနေသာ ျသဂတ္စ္တို႔ကို ေနာက္ဆံုးႏႈတ္ဆက္သည့္အေနျဖင့္ ျကည့္လိုက္မိသည္။

ထို႔ေနာက္ ရိႈင္း မီးလွ်ံရဲ႕မ်က္လံုးေတြကို ေသခ်ာစိုက္ျကည့္လိုက္ကာ ေျပာလိုက္ေလသည္။

''ကၽြန္ေတာ္ ေတာင္းပန္ပါတယ္.. ကၽြန္ေတာ္ ခင္ဗ်ားေျပာတဲ့အတိုင္းမလုပ္နိုင္ဘူး..''

''ဘာ.''

ရိႈင္းရဲ႕ အေျဖေျကာင့္ မီးလွ်ံရဲ႕မ်က္လံုးမ်ား ျပဴးက်ယ္ ၀ိုင္းစက္သြားကာ ရိႈင္းကို အလန္႔တျကားျကည့္လိုက္မိသည္။ ဒီေလာက္အေျခအေနမွာေတာ့ ရိႈင္းတစ္ေယာက္ မီးလွ်ံ တစ္ေယာက္တညး္အတြက္ခ်ည္းဘဲ စဥ္းစားမေနသင့္ေတာ့တာကို ဘာေျကာင့္ေခါင္းမာရျပန္ပါသနည္း။

ရိႈင္းရဲ႕မ်က္နွွာေလးကိုျကည့္လိုက္ေတာ့ တုန္လႈပ္ျခင္းအလ်င္းမရွိ၊ တစ္စံုတစ္ခုကို ဆံုးျဖတ္ခ်က္ခ်ထားဟန္ ။ ျပီးေတာ့ သိသာလြန္းေနသည္က ေပ်ာ္ရႊင္မႈအရိပ္အေယာင္မ်ား။

ရိႈင္းက မီးလွ်ံရဲ႕မ်က္နွာကို တစ္ရွိဳက္မက္မက္ စိုက္ျကည့္ေနလိုက္ရင္း ေလးနက္စြာေျပာေလသည္။

''ကၽြန္ေတာ္ ခင္ဗ်ားကို ခ်စ္ဖို႔က လြဲျပီးေတာ့ ဘာဆိုဘာမွမသိခဲ့တဲ့အတြက္ ခြင့္လႊတ္ပါ၊ အခုထိလည္း ဘာဆိုဘာမွမသိပါဘူး.. ကၽြန္ေတာ္ေျပာခဲ့ဖူးပါတယ္ ခင္ဗ်ားကိုယ္တိုင္ အလင္းေရာင္ေတြ ေတာက္ပစရာမလုိပါဘူး.. ကၽြန္ေတာ္ကိုယ္တိုင္ ခင္ဗ်ားအတြက္ အလင္းေရာင္ေတြ ေတာက္ပေပးနိုင္ပါတယ္ ( You Don't Have to shine Flame, I'll shine for you) ဒါက ျကယ္ေလးေတြက သူခ်စ္တဲ့လူအတြက္ သူတို႔လုပ္ေပးနိုင္တဲ့ တစ္ခုတည္းေသာ အရာျဖစ္လို႔ပါဘဲ..''

ရိႈင္းက ထိုသုိ႔ေျပာလုိက္ျပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ မီးလွ်ံရဲ႕မ်က္နွာကို သူ႔ရဲ႕လက္ကေလးနွစ္ဖက္ျဖင့္ ထိကိုင္လိုက္ေလသည္။ ထို႔ေနာက္ ေခါင္းေလးကိုေမာ့ကာ ေျခဖ်ားေထာက္လိုက္ျပီး ရိႈင္းရဲ႕ႏႈတ္ခမ္းေလးက မီးလွ်ံရဲ႕ ႏႈတ္ခမ္းကို ထိရံုေလး ထိလာေလသည္။ ရုတ္တရတ္ ျဖစ္ေပၚလာတဲ့ အနမ္းျဖစ္တဲ့အတြက္ မီးလွ်ံ မ်က္လံုးမ်ားကို မွိတ္လိုက္မိေလေတာ့သည္။

ထုိအခိုက္အတန္႔ေလးမွာပင္ ေျမေအာက္ခန္းအတြင္းတြင္ရွိေသာ လူအားလံုးတို႔ရဲ႕ တစ္သက္တာတြင္ တစ္ခါမွမျမင္ဖူးခဲ့ျခင္းမရွိခဲ့ေသာ ေငြေရာင္ ျကယ္အလင္းတန္းတစ္ခုက ရိႈင္းရဲ႕နွလံုးသားေနရာမွ အစျပဳကာ စူးရွေတာက္ပလာေလေတာ့သည္။

ရိႈင္းရဲ႕ခႏၶာကိုယ္မွအလင္းတန္းသည္ စူးရွလြန္းလွသျဖင့္ ေျမေအာက္ခန္းအတြင္းရွိေက်ာက္သားနံံရံနွင့္ ေခါင္မိုးကိုပါ သိမ့္သိမ့္တုန္သြားေစသည့္အျပင္ ေျမေအာက္ခန္းထိပ္မွ ဖန္သားျပင္ ျကယ္အမွတ္အသားသည္လည္း လည္ပတ္ေနရာမွရပ္တန္႔ကာ ဖန္သားျပင္မ်ားက ခြမ္းခနဲ တစ္စစီကြဲေျကသြားျကေလေတာ့သည္။ ေျမေအာက္ခန္း အ၀တြင္ ပိတ္ဆို႔ေနေသာ ေက်ာက္အပိုင္းအစမ်ားသည္လည္း အျပင္ဘက္ကို လြင့္ထြက္သြားကာ အျပင္ဘက္က ေတာနက္ျကီးကိုပင္ ျမင္လိုက္ရေလျပီျဖစ္သည္။ အနားကိုေရာက္လာေသာ မားကပ္စ္သည္လည္း ေလွ်ာက္လာရာမွ မ်က္လံုးေတြ က်ိန္းစက္သြားသျဖင့္ မ်က္လံုးမ်ားကို မွိတ္လိုက္ရေလေတာ့သည္။

''သားေလး.. မလုပ္နဲ''႔

နိကိုလပ္စ္ရဲ႕ တားဆီးသံ။ ရိႈင္း ဘယ္လိုမ်ိဳး ဆံုးျဖတ္ခ်က္ခ်လိုက္သလဲဆိုတာကို နိကိုလပ္စ္ သေဘာေပါက္လိုက္ေသာေျကာင့္ျဖစ္သည္။

ထို႔ေနာက္ မီးလွ်ံ မ်က္လံုးမ်ားကို ဖြင့္ျကည့္လိုက္မိခ်ိန္တြင္ေတာ့ မ်က္စိေရွ႕တြင္ ေလာကျကီးတြင္ အလွပဆံုးေသာ အလင္းေရာင္ေတြ လင္းလက္ေတာက္ျဖာေနသည့္ ရိႈင္းရဲ႕ ျကယ္ကေလးအသြင္ကို ျမင္လိုက္ရေလေတာ့သည္။

အလင္းေရာင္ေတြေတာက္ပေနေသာ ရိႈင္းက မီးလွ်ံကို ျပံဳးျပီးေတာ့ ျကည့္ေနကာ ေျပာလိုက္သည္။

''ခင္ဗ်ား ကၽြန္ေတာ့္အတြက္ ဒီကိုေရာက္လာေပးတယ္ဆိုတာနဲ႔တင္ ကၽြန္ေတာ့္အတြက္ အလင္းေရာင္ေတြ ေတာက္ပဖုိ႔ ေပ်ာ္ရႊင္မႈေတြ ရသြားပါျပီ.. ေက်းဇူးတင္ပါတယ္ Flame ..''

ရိႈင္းက ထိုသို႔ေျပာျပီးျပီးခ်င္မွာပင္ အနားကိုေလွ်ာက္လာေနေသာ မားကပ္စ္ထံသို႔ အလင္းေရာင္ေတြ ေတာက္ပေနရင္းကပင္ မ်က္နွာခ်င္းလိုက္ကာ ခႏၶာကိုယ္အတြင္းရွိသမွ်ျကယ္စြမ္းအင္ေတြ အစြမ္းကုန္ အေရာင္ေတာက္ပလာေစရန္ စုစည္းလိုက္သည္။ ထုိအခါ ရိႈင္းရဲ႕ခႏၶာကိုယ္မွအလင္းေရာင္မ်ားက လက္ရွိေတာက္ပေနသည္ထက္ကို အဆေပါင္းမ်ားစြာ ေတာက္ပလာေလေတာ့သည္။ ထို႔ေနာက္ ရိႈင္းက ထိုအလင္းေရာင္မ်ား ေတာက္ပေနေသာ ခႏၶာကိုယ္မွတဆင့္ အလင္းတန္းေတြကို အားခနဲအသံကုန္ျခစ္ေအာ္လိုက္ျပီး မားကပ္စ္ကို ဦးတည္ကာ ခ်ိန္ရြယ္ပစ္ခြင္းလုိက္ေလေတာ့သည္။

ေနရာအနွံ႔ကို ေတာက္ပလင္းလက္ေနျကေသာ ျကယ္ကေလးရဲ႕အလင္းေရာင္ေတြက တစ္ေနရာတည္းကို စုစည္းကာ ပစ္လႊတ္လုိက္တဲ့အခ်ိန္မွာေတာ့ အတိုင္းအဆမဲ့ျကီးမားေသာ စြမ္းအင္ေတြကိုျဖစ္ေပၚေစျပီ ပစ္လႊတ္ျခင္းခံလုိက္ရေသာ မားကပ္စ္မွာ ခုခံနိုင္ျခင္းလံုး၀မရွိေတာ့ဘဲ အေနာက္လြင့္ထြက္သြားကာ ရွိသမွ် ေမွာ္ပညာေတြ အကုန္ စုပ္ယူျခင္းခံလိုက္ရသကဲ့သို႔ ခ်ိနဲ႔ကာ လဲက်သြားေလေတာ့သည္။

''Flame သူရဲ႕နွလံုးကို ထုတ္ပစ္လိုက္ ျမန္ျမန္..''

နိကိုလပ္စ္ရဲ႕ မ်က္ရည္မ်ားျကားမွ သတိေပးလိုက္သံက ရင္ဘတ္ကို ဆို႔ရိုက္ထားသလိုျဖစ္ေနကာ မင္သက္ေနမိေသာ မီးလွ်ံကို သတိေပးလွဳပ္ႏိႈးလိုက္နိုင္ျပီး လ်င္ျမန္ေသာ အဟုန္တို႔ျဖင့္ မားကပ္စ္လဲက်ရာေနရာကို သြားကာ ရင္ဘတ္ကို လက္ျဖင့္ ထိုးေဖာက္ကာ နွလံုးကို အရွင္လတ္လတ္ႏိႈက္ထုတ္ယူလိုက္ေလေတာ့သည္။ မီးလွ်ံနွိဳက္ယူလိုက္ေသာ မားကပ္စ္ရဲ႕နွလံုးမွာ ျကယ္စြမ္းအင္ေတြရဲ႕ ေရာင္ျခည္သင့္မႈေျကာင့္ အျပင္သို႔ေရာက္လာလာခ်ငး္မွာပင္ မီးကၽြမ္းကာ ျပာက်သြားေလျပီျဖစ္ေလေတာ့သည္။ မားကပ္စ္သည္လည္း တဆတ္ဆတ္တုန္ကာ အသက္ငင္ေနရာမွ ေနာက္ဆံုး ျငိမ္သက္သြားေလေတာ့သည္။ ထိုိ႔ေနာက္ တေျဖးေျဖးခ်င္းပင္ မားကပ္စ္ရဲ႕ ရုပ္အေလာင္းသည္လည္း နွလံုးနည္းတူ မီးကၽြမ္းကာ ျပာက်သြားေလေတာ့သည္။

မိမိတို႔သခင္ရဲ႕အျဖစ္ကုိ ျမင္သြားျကေသာ စုန္းကေ၀မ်ားမွာ ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိ။ အစည္းေျပသြားေသာ ၀ါးေတြလို။ ထြက္ေျပးသူက ေျပး။ ေျကာင္ျကည့္သူက ျကည့္ေနလ်က္။ ဂၽြန္ကိုကား လံုးဝရွာမေတြ႕ေတာ့။

မီးလွ်ံမွာ မူကား ေလာင္ကၽြမ္းျပာက်သြားေသာ မားကပ္စ္ရဲ႕ရုပ္အေလာင္းေရွ႕မွာတင္ ေျခကုန္လက္ပန္းက်သြားသကဲ့သို႔ မတ္တပ္ရပ္လ်က္ကပင္ ျကက္ေသေသလ်က္ ျကည့္ေနမိေလသည္။

မီးလွ်ံရဲ႕ ဘ၀ကို ဖ်က္ဆီးခဲ့သူ စုန္းကေ၀ကို ေနာက္ဆံုးေတာ့ မီးလွ်ံကိုယ္တိုင္ နွလံုးခြဲထုတ္ကာ အဆံုးစီရင္နုိင္ခဲ့ျပီျဖစ္ေလသည္။ နွစ္ေပါင္းမ်ားစြာ ရွိခဲ့တဲ့ အေျကြးကို ဒီေန႔မွာ ျပန္လည္ရယူနိုင္ခဲ့ေလျပီ။ ျကယ္ကေလးရဲ႕ အကူအညီကို မရယူပါဘူးလို႔ ေျကြးေျကာ္ခဲ့ေသာ္ျငား ေနာက္ဆံုးေတာ့။

ျကယ္ကေလး..။ ရိႈင္း..။

မီးလွ်ံ ရုတ္တရတ္ ျပန္လည္ သတိ၀င္လာျပီးေနာက္ အေနာက္ဘက္ကို ကမန္းကတန္း လွည့္ျကည့္လိုက္မိေလေတာ့သည္။ အေနာက္ဘက္ တံခါးေပါက္၀နားတြင္ က်န္ခဲ့ေသာ ရိႈင္းမွာမူ ျကမ္းျပင္ေပၚတြင္ လဲက်ကာ သူ႔အားေထြးေပြ႔ထားေသာ နိကိုလပ္စ္ရဲ႕ရင္ခြင္ထဲတြင္ ျငိမ္သက္လ်က္ရွိေလျပီ။ ေဘးမွ ျသဂတ္စ္ကမူ အရုပ္ျကိဳးျပတ္ ဒူးေထာက္ထိုင္ခ်ေနလ်က္။

လ်င္ျမန္လွေသာ အရွိိန္ျဖင့္ လဲက်ေနသူ ရိႈင္းအနားကို ေရာက္သြားခ်ိန္မွာေတာ့ ရိႈင္းက ဖခင္ျဖစ္သူရဲ႕ ရင္ခြင္ထဲတြင္ မ်က္လံုးေလးမွိတ္ကာ မလွဳပ္မယွက္ျဖင့္ ျငိမ္သက္လ်က္ရွိေလျပီျဖစ္သည္။ ရုတ္တရတ္ မီးလွ်ံရဲ႕ အသည္းနွလံုးတစ္ခုလံုးကို ဆြဲထုတ္ခံလိုက္ရသလို ၀ုန္းဒိုင္းျကဲပူေလာင္နာက်င္သြားေလေတာ့သည္။ အနားကို ထိုင္ခ်ကာ ရိႈင္းကိုျကည့္လိုက္မိသည္။ မီးလွ်ံရဲ႕မ်က္လံုးမ်ား နီရဲေနမွာ ေသခ်ာပါသည္။

နိကိုလပ္စ္က သားျဖစ္သူကို ေထြးေပြ႔ထားရမွ မီးလွ်ံကို မ်က္လံုးခ်င္းဆံုျကည့္လာကာ တည္ျငိမ္ေသာ အသံျဖင့္ ေျပာေလသည္။

''ကေလးက နွလံုးမခုန္ေတာ့ဘူး.. အသက္လည္း မရွဴေတာ့ဘူး.. ''

''ဟင္အင္း.. မဟုတ္ဘူး.. ျပန္ကယ္လို႔ရေသးတယ္.. ''

မီးလွ်ံ လက္မခံနုိင္စြာ ေျပာလိုက္ရင္း နိကိုလပ္စ္ရဲ႕လက္ထဲက ရိႈင္းကို ဆြဲလုလိုက္သည္။ ေပ်ာ့ေခြကာ ပါလာေသာ ခႏၶာကိုယ္ေလးက ဘာတံု႔ျပန္မႈမွမရွိေတာ့ဘူးဆိုတာကို လက္မခံခ်င္။ ရင္းနွီေနတဲ့ ကိုယ္သင္းနံ႔ေလးနဲ႔ နွလံုးခုန္သံ ေလးကို လံုး၀မခံစားရေတာ့ဘူးဆိုတာကို လက္ခံနိုင္။

ေသြးေျကာေတြ လံုး၀စီးဆင္းမႈမရွိေတာ့သည့္အျပင္ ႏႈတ္ခမ္းေလးေတြကလည္း အခ်ိန္တိုအတြင္းမွာပင္ အေရာင္မရွိေတာ့သလို ျဖဴဆုတ္လာေလျပီ။

''ခင္ဗ်ား ေက်နပ္တယ္မလား.. ခင္ဗ်ားဘ၀ကို ဖ်က္ဆီးလိုက္တယ္ဆိုတဲ့ လူေတြ အကုန္ ေသဆံုးသြားျကျပီ.. ''

ျသဂတ္စ္က မီးလွ်ံကို မုန္းတီးစြာ ျကည့္ရင္းေျပာလိုက္သည္။

''ခင္ဗ်ား သြားလုိက္ပါေတာ့ အခုမွလာျပီးေတာ့..''

''မဟုတ္ဘူး.. ကယ္လို႔ရေသးတယ္.. သူဆံပင္ေလးေတြ အျဖဴေလးေတြ ျဖစ္ေနတုန္းဘဲ..''

အဓိပၸာယ္ရွိသည္ မရွိသည္ကို မသိေတာ့ လက္မခံနိုင္ေသးဘူးဆိုတာကိုဘဲ သိေနသည္။ မီးလွ်ံသည္သူ႔ရဲ႕လက္ဖ်ံကို သြားစြယ္မ်ားျဖင့္ ကိုက္ေဖာက္လိုက္ကာ က်လာေသာ ေသြးစက္ေတြကို ရိႈင္းရဲ႕ ပါးစပ္ထဲကို ထည့္ေပးျကည့္သည္။ ေသြးပမာဏ ေတာ္ေတာ္မ်ားမ်ား ကုန္ဆံုးသြားသည္အထိ ရိႈင္းထံမွ ထူးျခားမႈ တစ္စံုတစ္ရာ ျပန္ရမလာေပ။

မဟုတ္။ မီးလွ်ံ လက္မခံနိုင္ေသး။ ျငိမ္သက္ေနျပီျဖစ္ေသာ ရိႈင္းကို ေမးဖ်ားေလးမွ ဆြဲမလုိက္ကာ လႈပ္ယမ္းေနရင္း အရူးတစ္ေယာက္လိုပင္ ေျပာမိသည္။

''ငါမင္းကို ခ်စ္တယ္လို႔ဘဲေျပာတာ မင္းကိုခြင့္လႊတ္တယ္လို႔ မေျပာေသးဘူး .. မင္းငါ့ဆီက ခြင့္လႊတ္မႈမရေသးတာကို ဒီအတိုင္း ငါ့ကို ထားျပီး ေသသြားလို႔မျဖစ္ေသးဘူး.. ''

မီးလွ်ံထုိသို႔ေျပာေနရင္းကပင္ တစ္စံုတစ္ခုကို သတိရသြားဟန္ျဖင့္ နိကိုလပ္စ္ကိုျကည့္ကာ ေမွ်ာ္လင့္တျကီးေမးလိုက္ေလသည္။

''နိကိုလပ္စ္ .. ခင္ဗ်ားက ခႏၶာကိုယ္အစိတ္အပိုင္းေတြကို Recycle လုပ္လို႔ရတဲ့ အစြမ္းရွိတယ္မလား.. ''

နိိကိုလပ္စ္ကို ျကည့္ကာ ေမးလုိက္တဲ့ မီးလွ်ံရဲ႕မ်က္နွာက ေမွ်ာ္လင့္ခ်က္ေတြ အျပည့္။ မီးလွ်ံရဲ႕စကားေျကာင့္ ျသဂတ္စ္သည္လည္း ေမွ်ာ္လင့္ခ်က္မ်က္လံုးမ်ားျဖင့္ လင္းလက္လာကာ နိကိုလပ္စ္ကိုျကည့္လာသည္။

နိကိုလပ္စ္က စိတ္ပ်က္လက္ပ်က္ပင္ေခါင္းခါျပလိုက္သည္။

''သူရဲ႕နွလံုးသားက ေလာင္ကၽြမ္းသြားတာ မီးလွ်ံ.. ထိခိုက္ ဒဏ္ရာရသြားတာမဟုတ္ဘူး.. အသက္ေတာင္ မရွဴေတာ့တဲ့ အစိတ္အပိုင္းတစ္ခုကို လံုး၀ ျပန္ျပီးေတာ့ Recycle လုပ္လို႔မရေတာ့ဘူး ျကယ္စြမ္းအင္ေျကာင့္ ေလာင္ကၽြမ္းသြားတဲ့ နွလံုးသားကို Recycle ျပန္လုပ္လို႔ရရင္ ငါမင္းကိုေတာင္ သံုးမေနေတာ့ဘူး.. ''

နိကိုလပ္စ္က ေျပာေနေသာ္လည္း မီးလွ်ံက လက္မခံနိုင္ေသး။

''မဟုတ္ဘူး.. ရတယ္ ရေအာင္ လုပ္မယ္.. ''

''ေတာ္ပါေတာ့ မီးလွ်ံ အခုမွလာျပီးေတာ့ အရမ္းျကိဳးစားျပမေနပါနဲ႔ေတာ့ ရိႈင္းက မရွိေတာ့ဘူး.. ''

ျသဂတ္စ္က မီးလွ်ံကို ေဒါသတျကီးပင္ ေျပာလုိက္ကာ မီးလွ်ံလက္ထဲက ရိႈင္းကို ျပန္လုယူဖို႔ ျကိဳးစားသည္။ မီးလွ်ံက ေခါင္းကိုသာ ခါရမ္းေနလိုက္ျပီး နိကိုလပ္စ္ကို ေမွ်ာ္လင့္တျကီးျကီးကာ ထပ္ေျပာလိုက္သည္။

''က်ဳပ္ရဲ႕ နွလံုးက ေသြးေတြနဲ႔ဆိုရင္ သူ႔နွလံုးကို ျပန္ခုန္ေအာင္ လုပ္လို႔ရနိုင္တယ္ .. နွလံုးခုန္ရပ္သြားျပီးသားဆိုေတာ့ နည္းနည္းအခ်ိန္ယူရမွာဘဲ ရွိတာ.. ရတယ္ .. ရေအာင္ လုပ္မယ္... သူ႔နွလံုးျပန္ခုန္လာရင္ Recycle ျပန္လုပ္လို႔ရတယ္.. ''

မီးလွ်ံ ေသြးရူးေသြးတန္းျဖင့္ ထုိသုိ႔ေျပာေနရင္းပင္ နိကိုလ ပ္စ္ရဲ႕ခါးတြင္ ခ်ိတ္ထားေသာ စုန္းကေ၀ေတြ အသံုးျပဳသည့္ ဓားေျမာင္ကို လွမ္းယူကာ ဆြဲထုတ္ယူလိုက္ျပီး သူ႔ရဲ႕ဘယ္ဘတ္ရင္၀ကို ထိုးစိုက္ခ်လုိက္သည္။ ပန္းထြက္လာေသာ ေသြးေတြကို လက္ျဖင့္ ခံယူကာ ရိႈင္းရဲ႕ပါးစပ္ထဲကို ထည့္ေပးေနျပန္သည္။ ဓားခ်က္က အရမ္းကို ျပင္းလြန္းသျဖင့္ ေသြးေတြက ရင္ဘတ္ကေန တလေဟာ စီးက်ေနေသာ္လည္း မီးလွ်ံက ဂရုမစိုက္ဘဲ ရိႈင္းကိုသာ ျကိဳးစားပမ္းစား ေသြးေတြကို ေသာက္သံုးေနေစတာျဖစ္သည္။

သိုိ႔ေသာ္ အခ်ိန္ေတာ္ေတာ္ျကာတဲ့အထိ ရိႈင္းထံမွ တစ္စံုတစ္ရာ ထူးျခားမႈရမလာ။ ရင္ဘတ္မွ ေသြးေတြ ဒလေဟာ စီးက်ေနေသာ မီးလွ်ံမႈ ႏႈတ္ခမ္းေတြ ျဖဴဆုတ္လာကာ အားေလ်ာ့လာျပီျဖစ္သည္။ Vampire ေတြရဲ႕နွလံုးသားမွေသြးေတြ အကုန္ကုန္သြားပါက ထို Vampire က ေသဆံုးတတ္သည္ဆိုတာကို သိထားတဲ့ နိကိုလပ္စ္ကပင္ တားဆီးယူရေသာ အျဖစ္ကိုေရာက္ရပါေလေတာ့သည္။

''ေတာ္ေတာ့ မီးလွ်ံ မင္းဒီလိုျဖစ္ေနတာကို ငါ့ကေလးက ျကိဳက္မွာ မဟုတ္ဘူး.. ေတာ္လိုက္ပါေတာ့.. ကေလးက အသက္မရွိေတာ့ ဘူး.. ေသသြားျပီ. ရိႈင္းက ေသသြားျပီကြ..''

နိကိုလပ္စ္က ေဒါသျဖင့္ မခ်င့္မရဲစိတ္ ၀မ္းနည္းစိတ္တို႔ျဖင့္ ေအာ္ေျပာလိုက္ေသာ္လည္း မီးလွ်ံသည္ ရိႈင္းကို နွလံုးသားျပန္လည္ရွင္သန္လာေအာင္ လုပ္ဖို႔တစ္ခုတည္းသာ သိသည့္အတိုင္း တားဆီးသမွ်စကားတိုင္းကို ေခါင္းခါျပကာ သူ႔ရဲ႕နွလံုးသားမွ စီးက်လာေသာ ေသြးေတြကို ရိႈင္းရဲ႕ပါးစပ္ထဲကို တယုတယထည့္ေပးေနရင္းပင္ ပါးစပ္မွ တစ္တြတ္တြတ္ ရြတ္လ်က္ရွိေလသည္။

''မင္းကို ငါ ေသခြင့္ မေပးနိုင္ေသးဘူး.. မင္း ျပန္ရွင္လာပါ.. မင္းဒီအတိုင္းေလး အသက္ျပန္ရွင္လာရင္ေတာင္ ငါမင္းကိုခြင့္လႊတ္ေပးပါမယ္ ခ်ာတိတ္ရယ္... ''

*******************************************
Author's Note

Epilogue ( Final Chapter ) will be posted at 11 pm Tonight. Please stay tuned.

Continue Reading

You'll Also Like

617K 48.2K 16
သူပေါ့.. မခေါ်ပါဘဲ ကျွန်တော့်ရင်ထဲလာပြီး မွှေနှောက်သွားသူလေ..... ============================== သူေပါ့.. မေခၚပါဘဲ ကြၽန္ေတာ့္ရင္ထဲလာၿပီး ေမႊေႏွာက္သြ...
86.5K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
1.3M 83.3K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...
55.5K 3.1K 21
သရပါအလြန္ •••••••••••••••••••••••••••••••••••••••••••••• ​ေရးသားသူ - မင္​းသက္​ၿငိမ္​​ေသြး - - - - - - - - - - - - - - - - - - - - - - - - - - - - - က...