Chapter (16)

19.5K 2.2K 109
                                    

Unicode

***********

Star Shines For Flame Part (1)

ဂျိန်း....

ကျယ်လောင်သော မိုးခြိမ်းသံရုတ်တရတ် ထွက်ပေါ်လာတာကြောင့် ရှိုင်း မီးလျှံကိုငေးကြည့်နေရာမှ သတိပြန်ဝင်လာမိသည်။

သို့သော် နှဖူး ပေါ်မှာခံစားနေရသော မီးလျှံရဲ့ ဝင်သက်ထွက်သက်နှင့်အတူ မိမိကို သေချာစိုက်ကြည့်နေသော မီးလျှံရဲ့ စူးရဲသောမျက်လုံးတွေကြောင့် နေရာခက်လာတာကတော့အမှန်ပင်။

မီးလျှံသည်လည်း ရှိုင်းရဲ့မျက်နှာကို စိုက်ကြည့်နေရင်း မှာပင် ငယ်ရုပ်မပျောက်သေးသော ရှိုင်းရဲ့ပုံစံကြောင့် မီးလျှံနိုးထလာတဲ့နေတုန်းက မီးလျှံဆီရောက်လာခဲ့တဲ့ ကလေးလေးဆိုတာကို သိလိိုက်သည်။ ထိိုကလေးလေးနှင့် အခုမျက်စိရှေ့က ရှိုင်းဆိိုသော ကောင်လေး တိို့ဟာ အမူအယာလေးတွေလုံးဝကို ထပ်တူညီနေသည်လေ။ ထို့အပြင် သိသာလွန်းနေသည်က ဆံပင်ငွေရောင်လေးများ။

ဒီထက်ပိုပြီးသေချာစေတာကတော့ ရှို်င်းရဲ့လည်ပင်းမှာဆွဲထားသော ပယင်းကျောက်နှင့် အတူတွဲချည်ထားသော ငွေဆွဲသီး။ မီးလျှံကိုယ်တိုင်ပေးခဲ့သော ငွေဆွဲသီး။

အသေချာဆုံးကတော့ ထိုကောင်လေးကို မြင်လိုက်ရတာနှင့် အချိန်အကြာကြီးရင်းနှီးနေခဲ့တယ်ဆိုသော ခံစားချက်မျိုး..။

"မင်း.. မင်း.. ဟိုချာတိတ်မလား.."

"ဘယ်ချာတိတ်လဲ.."

မိမိကိုမှတ်မိသွားပြီဆိုတာ သိလိုက်တာကြောင့် ရှိုင်း ထိတ်ခနဲဝမ်းသာသွားမိသော်လည်း မသိချင်ယောင်ဆောင်ပြီး ရှိုင်း ပြန်မေးလိုက်သည်။

"မင်းက ငါပြန်နိုးလာတဲ့နေ့က ငါ့ဆီရောက်လာတဲ့ ကလေးလေးမလား.."

ရှိုင်း ဝမ်းသာသွားသော်လည်း စိတ်ထဲ သိပ်မကျေနပ်။ ရှိုင်းကသာ တစ်ချိန်လုံးသူ့ကို သတိရနေရပြီး သူကျတော့ ရှိုင်းကို အခုမှမှတ်မိသည်။ မတရားဘူးထင်သည်။

"ဘာတွေလာပြောနေတာလဲ.."

ရှိုင်း ထပ်ပြီးတော့ မေးလိုက်သည်။ သို့သော် မီိးလျှံကို မော့ကြည့်လိုက်သော ရှိုင်းရဲ့မျက်နှာက ပြုံးစိစိဖြစ်နေမှာကိုတော့ ရှိုင်း ကိုယ့်ဘာသာကိုယ်သိနေပါသည်။

Star Love (I)Where stories live. Discover now