Star Love (I)

NyaHmwePann द्वारा

1.2M 117K 6K

You don't have to shine, I will shine for you. '' Shine '' I... अधिक

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Epilogue
Announcement

Chapter (40)

18.4K 2.1K 134
NyaHmwePann द्वारा

Unicode

***********

Star's Love Part (2)

အတင်းကြီးကို ဖိကပ်ထားသော မီးလျှံရဲ့ နှုတ်ခမ်းများ ရှိုင်းရဲ့ နှုတ်ခမ်းလေးများမှ ဖယ်ခွာ သွားချိန်မှာ လွတ်မြောက်သွားသော ရှိုင်းရဲ့ နှုတ်ခမ်းလေးများမှ သနားစဖွယ် တောင်းပန်တိုးလျှိုးသံလေးများထွက်လာသည်။

"Flame..please don't do this. "

လက်ကလေးနှစ်ဖက်က ကုတင်အပေါ်ဘက်တွင် လှုပ်မရအောင် အတင်းချုပ်ကိုင်ခံထားရ သည့်အပြင် ခန္ဓာကိုယ်အောက်ပိုင်းကိုလည်း မီးလျှံရဲ့ ကိုယ်ကြီးက ဖိချုပ်ထားတာကြောင့် ရုန်းကန်လို့မရချေ။

"မလုပ်ပါနဲ့.. ခင်ဗျားဒီလိုလုပ်လို့မဖြစ်ဘူး..တောင်းပန်ပါတယ်.. "

စကားသံလေးထွက်လာလာချင်းမှာပင် မီးလျှံ နှုတ်ခမ်းများဖြင့် နှုတ်ပိတ်ပစ်လိုက်သည်။ ရှိုင်းက နှုတ်ခမ်းလေးကို အတင်း စေ့ပိတ်ထားသဖြင့် စိတ်မရှည်တော့သော မီးလျှံ ကိုက်ဆွဲပစ်လိုက်သောကြောင့် သွေးစလေးတွေပင်ထွက်လာသည်။

ရှိုင်းက တောင်းပန်နေသော်ငြား မီးလျှံက လုံးဝဂရုမစိုက်တော့။ ဆုံးဖြတ်ချက်ကို ဘယ်လိုဘဲ ဖြစ်ဖြစ်ရအောင် အကောင်အထည်ဖော်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်တာကြောင့် နောက်တစ်ဆင့် ထပ်တိုးဖို့ပင် ပြင်ဆင်နေလေပြီ။

မီးလျှံရဲ့လွတ်နေသော လက်တစ်ဖက်က ရှိုင်းရဲ့ အကျီအဖြူလေးအောက်ကို လျှိုဝင်လာချိိန်မှာတော့ ရှိုင်းရဲ့မျက်လုံးလေးများမှ မျက်ရည်များက တားဆီးလို့မရနိုင်စွာပင် တဖွဲဖွဲနှင့် စီးကျလို့လာပြီဖြစ်သည်။

နာကျင်ရသည်။ အခုအချိန်မှာ အသားနာရခြင်းထက် ရင်ဘတ်ထဲက နာကျင်ရခြင်းက အဆပေါင်းများစွာ ပိုများသည်။

"မင်းအတွက်လို့မှတ်ပြီးတော့ သည်းခံလိုက်စမ်း ချာတိတ်.. ပြီးရင် ငါ့ကို လူယုတ်မာကြီးလို့မှတ်ပြီး တစ်သက်လုံးမုန်းနေလိုက်တော့ .. "

ထိုသို့ပြောပြီးတော့ နောက်တစ်ကြိမ် ထိတွေ့လာသော မီးလျှံရဲ့ နှုတ်ခမ်းများ။

မီးလျှံ ကိုယ်တိုင် အတင်းလုယူနေခြင်းဆိုတာထက် ရှိုင်းရဲ့ နှုတ်ခမ်းလေးတွေ အရသာက စွဲမက်ဖွယ်ကောင်းလွန်းနေတာကြောင့် မဖွယ်ခွာနိုင်တာလည်း နောက်ထပ်အကြောင်းပြချက်တစ်ခုဖြစ်သည်။

မီးလျှံရဲ့ စကားလုံးတွေရော အပြုအမူတွေကပါ တဖြေးဖြေးနှင့် ပိုကြမ်းလာပြီဖြစ်သည်။ ဘယ်လောက်ဘဲ နာကျင်ရ၊ ဘယ်လောက်ဘဲ ခံစားရပါစေ သူ့ကို ထိခိုက်စေတာလောက် ရှိုင်းအတွက် ဆိုးရွားတာမျိုးမရှိ။

ကြမ်းတမ်းတဲ့ အပြုအမူတွေကို ကြယ်ကလေးက ခံစားနိုင်စွမ်းမရှိတော့ဘူးထင့် မျက်ရည်တွေက ရေတံခွန်က ရေတွေ စီးကျသလို အရှိန်ကောင်းကောင်းဖြင့် ပါးပြင်နုနုပေါ်ကို စီးကျလာလေပြီဖြစ်သည်။

ထိုစဉ်မှာပင် ရှိုင်းရဲ့အခန်းတံခါးက ဝုန်းခနဲပွင့်လာကာ အခန်းအတွင်းကို သြဂတ်စ် ဝင်လာလေတော့သည်။ သြဂတ်စ်ရဲ့နောက်တွင်တော့ သြဂတ်စ်ရဲ့ Pack မှ Werewolf များပါ လိုက်ဝင်လာလေသည်။

သို့သော် ထိုသူများက ရုတ်တရတ် မြင်လိုက်ရသော အခြေအနေကြောင့် ဘာလုပ်လို့လုပ်ရမယ်မှန်းမသိကြ။

ထို့အပြင် Vampire မျိုးနွယ်စုဆိုသည်မှာ Werewolf တွေကို လွှမ်းမိုးနိုင်ခဲ့တဲ့ မျိုးနွယ်စုတစ်စုဖြစ်ခဲ့သည့်အပြင် မီးလျှံကို စွမ်းအားကြီး Hybrid တစ်ယောက်ရဲ့အနားကို အမိန့်မပါဘဲ မကပ်ရဲကြပေ။

သြဂတ်စ်ရဲ့မျက်နှာမှာ ပေါက်ကွဲလုလုနီးနီးမီးတောင်တစ်ခုလို ဆူပွက်နီရဲနေသော မျက်နှာဖြင့် မျက်လုံးများမှဒေါသမီးလျှံများက အလျှံညီးညီးတက်လျက်ရှိလေသည်။

သြဂတ်စ်က ကုတင်ပေါ်က မီးလျှံနဲ့ ရှိုင်းတို့ရဲ့ ရုန်းရင်းဆန်ခတ် အဖြစ်အပျက်တွေကို သဘောပေါက်သွားသည်ထင့်။ ချက်ချင်းပင် ကုတင်အနားကိုပြေးလာကာ ရှိုင်းကို ချုပ်ကိုင်အုပ်မိုးထားသော မီးလျှံကို ဒေါသတကြီးဆွဲချကာ အဝေးကို လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်သည်။

ရုတ်တရတ်ဖြစ်သွားတာကြောင့် မီးလျှံရဲ့ခန္ဓာကိုယ်သည် ကုတင်ပေါ်ကနေ လွင့်ထွက်ကာ နံရံနှင့် အုန်းခနဲတိုက်မိသွားသည်။ Werewolf တစ်ယောက်ရဲ့အားဖြင့် Vampire တစ်ယောက်ကို ပစ်လိုက်သော အားက ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားသည်ပင် ထင်ရလောက်သည်။

မီးလျှံနှင့် တိိုက်မိသွားသော အုတ်သားနံရံအထူကြီးသည်ပင် အတော် ချိုင့်ဝင်သွားလေပြီဖြစ်သည်။ မီးလျှံလည်း နောက်ကျောက အောင့်ခနဲဖြစ်သွားရလေသည်။

သြဂတ်စ်က ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ မီးလျှံလဲကျသွားသော နေရာကို လျင်မြန်သော ခြေလှမ်းများဖြင့် သွားကာ အကျီစမှဆွဲကိုင်လိုက်ပြီး မျက်နှာကို လက်သီးဖြင့် ခွပ်ခနဲမြည်အောင်ပင် ထိုးချလိုက်လေတော့သည်။

"ပါပါး မလုပ်နဲ့.. "

အလန့်တကြားထွက်ပေါ်လာသော ရှိုင်းရဲ့တားဆီးသံ။

ရုတ်တရတ်ဖြစ်ပေါ်လာသော အခြေအနေတွေကို ဘယ်သူမှနားမလည်နိုင်သေး။

မီးလျှံသည်လည်း အထိုးခံလိုက်ရသဖြင့် နာကျင်မှုကြောင့် ရုတ်တရတ်ဘာမှမတုန့်ပြန်နိုင်။ လဲကျသွားရာမှ ပြန်လည်အားယူကာ ထထိုင်လိုက်ပြီး မိမိအား ရုတ်တရတ် လက်သီးဖြင့် လာထိုးသူကို မော့ကြည့်လိုက်မိသည်။

သြဂတ်စ်မျက်လုံးများမှာ မီးတစ်ဝင်းဝင်းတောက်လျက်ရှိသဖြင့်အပြင် မျက်နှာမှာလည်း ဒေါသဖြင့် နီရဲနေလျက်ရှိသည်။ မီးလျှံကို သတ်ပစ်ချင်နေသည်ဆိုတာ မျက်လုံးအကြည့်တွေက အသိသာကြီး သိသာနေလျက်။

လက်သီးတစ်ချက်ဖြင့် သြဂတ်စ်က မကျေနပ်နိုင်သေး။ ကြွေရုပ်လေးသဖွယ် တယုတယထားခဲ့ရတဲ့ ရှိုင်းကို အထိခိုက်ကြီး ထိခိုက်အောင် လုပ်ခဲ့သည့်အပြင်ကို လုံခြုံရေး အပြည့်ချထားသည့် အိမ်ခန်းထဲအထိပါ ဝင်လာပြီး မတရား သိမ်းပိုက်နေသည့် အဖြစ်ကို မြင်လိုက်ရတာဟာ မီးလျှံကို သတ်ပစ်လိုက်ဖို့လုံလောက်တဲ့ အကြောင်းတရားတစ်ခု။

"လူယုတ်မာ... "

သြဂတ်စ်က ဒေါသတကြီးရေရွတ်ပြီးတော့ နောက်တစ်ခေါက် အကျီစကို ဆွဲယူကာ လက်သီးရွယ်လိုက်သည်။ ဒီတစ်ခါကတော့ မီးလျှံကလည်း ငြိမ်မခံနေတော့။ မိမိအကျီစကို ဆွဲကိုင်လာသူ သြဂတ်စ်ကို ပြန်လည်တုန့်ပြန်တိုက်ခိုက်မည့် ဟန်ပြင်လိုက်လေသည်။

"မလုပ်ကြပါနဲ့.. "

ရှိုင်းက ကုတင်ပေါ်က ချက်ချင်းပြေးဆင်းကာ သြဂတ်စ်နှင့် မီးလျှံတို့နှစ်ယောက်ကြားကို ပြေးဝင်လိုက်ပြီး မီးလျှံရှေ့တွင် လက်နှစ်ဖက်ဆန့်ကာ ကွယ်ရပ်ရင်း သြဂတ်စ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ပါပါး.. မလုပ်ပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်.. "

ရှိုင်းက သြဂတ်စ်ထံမှ မီးလျှံကို ကာကွယ်ပေးနေသော ပုံစံမျိုး။

သြဂတ်စ်ရဲ့ရင်ထဲ စူးခနဲအောင့်မျက်သွားရသလို ရွယ်ထားမိသော လက်သီးဆုပ်ကလည်း ပြုတ်ကျသွားရလေတော့သည်။

မီးလျှံကို ကွယ်ရပ်ပြီးတော့ သြဂတ်စ်ကို တောင်းတောင်းပန်ပန်ပြောနေသည့် ရှိုင်းရဲ့မျက်လုံးပြာလေးတွေမှာ မျက်ရည်ကြည်တွေ ဝေ့သီနေဆဲဖြစ်သည့်အပြင်ကို နှုတ်ခမ်းလေးမှာ သွေးစို့နေလျက်ရှိသည်။ ပါးလွလွ အကျီလက်ရှည်အနားစတစ်ဖက်တစ်ချက်ဆီတွင် မြင်နေရသော လက်ကောက်ဝတ်လေးမှ ကြမ်းတမ်းစွာ ဆုပ်ကိုင်ခြင်းခံထားရသော အမှတ်အသားများဖြစ်သည့် အညိုအမည်းဒဏ်ရာများ။

သြဂတ်စ်ကို ကြည့်နေသော ရှိုင်းရဲ့အကြည့်များက တောင်းပန်တိုးလျှိုးဟန်တွေ အပြည့်၊ ချစ်သူကို ရဲရဲဝံဝံကာကွယ်ပေးလိုစိတ်တွေ အပြည့်။

သြဂတ်စ်အိမ်တွင်ရှိနေသည့်ကာလတစ်လျှှောက်လုံး သြဂတ်စ်ဘယ်လိုဘဲ ကြိုးစားကြိုးစား အလင်းရောင်တွေ တောက်မနေတဲ့ ရှိုင်းက မီးလျှံကိုတွေ့လိုက်တာနှင့် ခန္ဓာကိုယ်က အလင်းရောင်လေးတွေ တောက်နေလျက်။

ရှိုင်းရဲ့ ထိုအပြုအမူလေးတစ်ခုတည်းကပင် ခန္ဓာကိုယ်ရှိ အားအင်တစ်ခုလုံးကို ပျောက်ပျက်သွားလောက်အောင်ထိကို ထိချက်ပြင်းသည်။

ဒီလို အခြေအနေမျိုးမှတောင် ရှိုင်းသည် မီးလျှံကိုသာ ကာကွယ်ပေးနေသည်။

ပေါက်ကွဲနေသော ဒေါသတွေက ငြိ်မ်ဝပ်သွားသည်လား ပေါက်ကွဲလွန်ပြီး အသည်းနှလုံးတစ်ခုလုံးပြာဖြစ်သွားသည်လားပင် မသဲကွဲတော့ပေ။

ထို့နောက် အခန်းထဲက ဆူဆူညံညံအသံတွေကြောင့် နိကိုလပ်စ်နှင့် သူ့တပည့်သည်လည်း အလန့်တကြားဖြင့် ပြေးဝင်လာလေသည်။

နိကိုလပ်စ်သည်လည်း အခန်းထဲရှိ မီးလျှံ၊ သြဂတ်စ်နှင့် ရှိုင်းတို့သုံးယောက်ရဲ့အခြေအနေကို ကြည့်ကာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ။ ဒေါသမီးတွေ ပေါက်ကွဲလျက်ရှိသော မီးလျှံနှင့် သြဂတ်စ်၊ သြဂတ်စ်ကို သနားစဖွယ်တောင်းပန်ကြည့်ဖြင့်ကြည့်လျက်ရှိသော ရှိုင်း။

"တောက်... "

ရုတ်တရတ် တောက်သံကျယ်ကြီးတစ်ချက်ကြားလိုက်ရလေသည်။

ထိုအသံသည် သြဂတ်စ်အသံမှထွက်လာသော အသံ။ ဒေါသတကြီး မချိတင်ကဲဖြင့် ပေါက်ကွဲလာသောအသံ။

ထိုတောက်ခေါက်သံသည် လက်ရှိပတ်ဝန်းကျင်တွင်ရှိသော ကြက်သေသေနေသူများကို သတိပေးလှုပ်နှိုးလိုက်သလိုဖြစ်သွားလေတော့သည်။

ဒီပုံစံအတိုင်းဆိုရင် မီးလျှံတစ်ယောက် သြဂတ်စ်ရဲ့အင်အားကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။ စုန်းတစ်ဝက် Vampire တစ်ဝက် အင်အားကြီးသော Hybrid ဖြစ်သော်ငြား အခုအချိန်တွင်တော့ သြဂတ်စ်ရဲ့ အင်အားကို လုံးဝ တွန်းလှန်နိုင်မှာမဟုတ်ပေ။

Werewolf တွေအားလုံးက လှုပ်ရှားခြင်း မရှိကြသေးသော်လည်း သြဂတ်စ်ရဲ့ နှုတ်ထွက်် အမိန့်ကိုစောင့်နေကြသလိုမျိုး အသင့်အနေအထားဖြင့်ရှိနေကြလေသည်။

ဒါကြောင့် ရှိုင်းသည် သြဂတ်စ်ဘက်ကို မျက်နှာချင်းဆိုင်နေရာမှ မီးလျှံဘက်ကို မျက်နှာချင်းဆိုင်လိုက်ကာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြောလိုက်လေသည်။

"Flame you should go. Flame ခင်ဗျားသွားလိုက်ပါတော့.. ခင်ဗျားသေသွားလိမ့်မယ်.. ခင်ဗျားတကယ်လို့ ကြယ်စွမ်းအင်တွေ လိုအပ်တယ် အလင််းရောင်တွေ တောက်ဖို့လိုအပ်တယ်ဆိုရင် ခင်ဗျားကို်ယ်တိုင် အလင်းရောင်တွေ တောက်စရာမလိုပါဘူး.. ခင်ဗျားအတွက် ကျွန်တော် ကိုယ်တိုင်အလင်းရောင်တွေ တောက်ပေးနိုင်ပါတယ်.. ( You don't have to shine , I will shine for you) . "

မီးလျှံကိုမော့ကြည့်ကာပြောနေလေသော ရှိုင်းရဲ့မျက်လုံးလေးတွေမှာ ခံစားချက်မျိုးစုံ ရော ပြွန်းလျက်ရှိလေသည်။

တောင်းပန်ခြင်း၊ ခွင့်လွှတ်ပေးဖို့တောင်းဆိုခြင်းနှင့် အတူ သိသာလွန်းနေသည်က မီးလျှံအပေါ်ထားသော လေးနက်သည့် ချစ်ခြင်းရဲ့အရိပ်အယောင်များ။

စိတ်လွတ်သွားပြီး ခဏတာ မဆင်မခြင် လုပ်လိုက်ခြင်းရဲ့နောက်ကွယ်တွင် နောင်တတရားတို့ရှိမနေပါ။ မီးလျှံရဲ့ရက်စက်ခြင်းခံရသူ ရှိုင်းအတွက် နှလုံးသားမှယိုစိမ့်လာသော သနားကြင်နာခြင်းများသာ။

စောစောက ကြမ်းတမ်းစွာပြုမူနေခဲ့တုန်းကအချိန်အထိ ဝေခွဲမရဖြစ်နေခဲ့သော မီးလျှံသည် အခုအချိန်မှတော့ ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်သည်။

မီးလျှံ ဆုံးဖြတ်ချက်တစ်ခုကို အခုအချိန်မှာ ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ပြီဖြစ်သည်။

ရွေးချယ်စရာနှစ်ခုတွင် တစ်ခုခုကို ဆုံးရှုံး ရမည်ဆိုရင်လည်း တူညီသော နာကျင်မှုကို ခံစားရမှာချင်းအတူတူ ကံကြမ္မာကိုသာ ပုံအပ်ထားလိုက်တော့မည်။ ကံကြမာရဲ့အဆုံးအဖြတ်ကိုသာ နာခံပါတော့မည်။ နစ်နာသူကတော့ မီးလျှံကို ခွင့်လွှတ်ပေးမှာ သေချာနေတယ်ဆိုတာကို သိနေသောကြောင့်ပင်ဖြစ်သည်။

မိသားစုကို ဆုံးရှုံးရမည်ဆိုရင်လည်း ရင်ကွဲရမည် ။ ရှိုင်းတစ်ခုခုဖြစ်သွားမည်ဆိုရင်လည်း မီးလျှံရင်ကွဲရမည်ဆိုတာ သေချာနေသည်။

ဟုတ်သည် ။ ရှိုင်းသာ တစ်ခုခုဖြစ်သွားလျှင် မီးလျှံ ရင်နာရမည်။ ဒီအကြောင်းအရင်းကိုသေချာသိနေသော်ငြား မီးလျှံ ဆက်မစဉ်းစားတော့ပါ။

ဘယ်လိုဘဲဖြစ်ဖြစ် နစ်နာခဲ့ရသူ တစ်ဖက်အတွက် မီးလျှံတစ်သက်လုံး အပြစ်ရှိသလို ခံစားနေကာ အကြွေးဆပ်မည်ဖြစ်သောကြောင့်ပင်။

မီးလျှံက တစ်ဖက်ဖက်ကိုရွေးချယ်ခြင်းမဟုတ်၊ ကံကြမာကိုရွေးချယ်ခိုင်းခြင်းသာဖြစ်သည်။

မီးလျှံ ရှိုင်းကိုကြည့်လိုက်မိသည်။ မီးလျှံကိုမော့ကြည့်နေသော ကြယ်ကလေးရဲ့မျက်ဝန်းလေးတွေမှာ ခံစားချက်ပေါင်းစုံကို ရှာဖွေတွေ့ရှိနိုင်သလို ရင်ထဲမှာလည်း တသိမ့်သိမ့်ဖြင့်ခံစားနေရသည်ကို သိနေသည်။

"ခင်ဗျားသွားလိုက်ပါတော့ Flame ရယ်.. ခင်ဗျားသေသွားလိမ့်မယ်... ခင်ဗျားအတွက် တစ်စုံတစ်ခုလိုအပ်တယ်ဆိုရင် ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်ပေးမှာပါ.. စိတ်ချပါ.. "

"ရပါတယ်.."

စောစောက ကြမ်းတမ်းနေခဲ့သော အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် တည်ငြိိမ်အေးဆေးစွာပြောလာသော မီးလျှံရဲ့စကားသည် ရှိုင်းကို အံ့သြစေသည်။

ချက််ချင်းပင် သြဂတ်စ်ရဲ့ဘက်ကို ပြန်လှည့်လိုက်ပြီး သြဂတ်စ်ရဲ့လက်နှစ်ဖက်ကို သူ့ရဲ့လက်ကလေးနှစ်ဖက်ဖြင့် ခပ်ဖွဖွ ကိုင်ဆွဲကာ တောင်းတောင်းပန်ပန်ပြောရှာသည်။

"ပါပါး.. ကျွန်တော် တောင်းပန်ပါတယ် သူ့ကို သွားခိုင်းလိုက်ပါ.. ကျွန်တော်တို့ ဘာမှမဖြစ်ခဲ့ကြပါဘူး.. ဖေဖေ.. ပြောပေးပါဦး.. "

ရှိုင်းက မျက်ရည်ကြည်လေးတွေ ဝေ့သီလျက် တောင်းပန်တာကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသော လူသည် ရှိုင်းရဲ့ Godfather ဆိုသည့် သြဂတ်စ်ဆိုသည့် werewolf alpha ဘဲဖြစ်မည်။ ရှိုင်းကိုကြည့်နေတဲ့ မျက်လုံးတွေရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကိုလည်း မီးလျှံ ကောင်းကောင်းဖတ်နိုင်လေသည်။

ရှိုင်းက သြဂတ်စ်အပြင် နိကိုလပ်စ်ကိုပါ ကူညီခိုင်းနေသည်။

နိကိုလပ်စ်က တစ်ခွန်းမှဝင်မပြောဘဲ အခြေအနေကို အကဲခတ်ကြည့်နေရာမှ နောက်ဆုံးတော့ သြဂတ်စ်တို့ ရပ်နေရာ အနီးကို တိုးလာကာ သြဂတ်စ်ကို ဖျောင်းဖျသလို ပြောဆိုသည်။

"ကလေးက ဒီလောက်တောင်းပန်နေတာ သွားခိုင်းလိုက်ပါ.. မင်းသူ့ကိုသတ်လိုက်လို့ ဘာမှအကျိုးမရှိဘူးဆိုတာ သိရဲ့သားနဲ့.. "

နိကိုလပ်စ်က အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့်ကြည့်ပြီးတော့ သြဂတ်စ်ကိုပြောလိုက်လေသည်။

ရှိုင်းရဲ့ခန္ဓာကိုယ်မှအလင်းရောင်တွေ တောက်နိုင်ဖို့နဲ့ အစွမ်းတွေကို လွှဲပြောင်းယူနိုင်ဖို့အတွက် မီးလျှံတစ်ယောက် အသက်ရှင်လျက်ရှိနေသည်ဆိုသော သဘောဖြစ်သည်။

ဒါကို သြဂတ်စ်ကလည်း ကောင်းကောင်းသဘောပေါက်ထားပါသည်။

ဒါကြောင့် စိတ်ကို အတတ်နိုင်ဆုံးလျှော့လိုက်ကာ မီးလျှံကို ကျောပေးရပ်ပစ်လိုက်သည်။ ထိုသူရဲ့မျက်နှာကို ထပ်ကြည့်နေမိလျှင် နောက်ထပ် သတ်ပစ်ချင်စိတ်တွေ ထပ်ပေါ်လာမှာစိုးသောကြောင့်ပင်ဖြစ်သည်။

သြဂတ်စ်နောက်ကို လှည့်သွားတာနှင့် ရှိုင်းက မီးလျှံရဲ့လက်ကို အတင်းဆွဲကာ မီးလျှံ ဝင်လာခဲ့တဲ့ ပြတင်းပေါက်မှတဆင့် အပြင်ကို အတင်းထွက်ခိုင်းနေသည်။

"Flame သွားလိုက်ပါတော့ ကျွန်တော် တောင်းပန်ပါတယ်... "

ပြတင်းပေါက်နားတွင် အခုထိမသွားသေးဘဲ ရှိုင်းကို နားလည်ရခက်သော မျက်လုံးများဖြင့်ကြည့်နေသည့် မီးလျှံကြောင့် ရှိုင်း နောက်တစ်ခေါက်သွားခိုင်းလိုက်ရပြန်လေသည်။

မီးလျှံကတော့ ရှိုင်းကိုသာ တစ်ရှိုက်မက်မက်ကြည့်နေလေသည်။ နောက်ဆုံးနှုတ်ဆက်သော အကြည့်မျိုး။

လှည့်စားရက်သည်ဟု ရှိုင်းကို အပြစ်ဖို့ခဲ့သော်ငြား တကယ့်တကယ်တမ်းကြတော့ သူ့ကို မထိခိုက်နိုင်တဲ့ မီးလျှံအတွက်ကတော့ ကံကြမ္မာရဲ့အဆုံးအဖြတ်ကိုခံယူရတော့မည်ဖြစ်တာကြောင့်။

ရှိုင်းနှင့် ဒီတစ်ခေါက်က နောက်ဆုံးအကြိမ်တွေ့တာလည်း ဖြစ်နိုင်တာကြောင့် တစ်ခါမှမကြည့်ခဲ့ဘူးသော အကြည့်မျိုးဖြင့် ကြည့်နေမိတာဖြစ်သည်။

ရှိုင်းကလည်း မီးလျှံသူ့ကို ကြည့်နေသော အကြည့်တွေကြောင့် နားမလည်ဟန် မျက်လုံးလေးပြူးကာ မော့ကြည့်နေလျက်။

အခန်းထဲရှိလူများအားလုံးရဲ့အာရုံသည်လည်း ပြတင်းပေါက်နားတွင် တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်ကာ ငြိမ်သက်လျက်ရှိနေကြသော မီးလျှံနှင့် ရှိုင်းတို့နှစ်ယောက်ထံတွင်သာ စုပြုံရောက်ရှိနေကြလျက်။

ထို့နောက် မီးလျှံက မထင်မှတ်ထားသော အပြုအမူတစ်ခုကိုလုပ်လိုက်လေသည်။

ရှိုင်းရဲ့မျက်နှာပေါ်က ကျနေသော ငွေရောင်ဆံနွယ်လေးတွေကိုဖယ်ရှားပေးပြီးတော့ နှဖူးပြင်လေးကို နမ်းရှိုက်လိုက်ချင်းပင်ဖြစ်သည်။

နူးညံ့စွာ၊ လေးနက်စွာ၊ မြတ်နိုးစွာဖြင့်...။

ထိုအပြုအမူဟာ ရှိုင်းရဲ့ ခန္ဓာကိုယ်က အနည်းငယ်သော အလင်းရောင်တွေကို ဝုန်းခနဲအင်အားပြင်းပြင်း အရောင်တွေ ထတောက်စေကာ အခန်းထဲရှိလူများအားလုံးပင် ထိုအလင်းတန်းတွေရဲ့ ဒဏ်ကို မခံနိုင်သဖြင့် မျက်လုံးများကို အသည်းအသန်မှိတ်ထားကြရလေသည်။

ရှိုင်းက ဘာဆိုဘာမှမသိလိုက်ဘဲ ကြက်သေသေလျက်ရှိနေရာမှ အလင်းရောင်တွေ ပြန်လည်မှေးမှိန်သွားတဲ့ အချိန်တွင်တော့ အခန်းထဲတွင် မီးလျှံရှိမနေတော့။

မီးလျှံလည်း ပျောက်ကွယ်သွားသလိုပင် ရှိုင်းသည်လည်း မျှော်လင့်ထားခဲ့ခြင်းမရှိဘဲ ရုတ်တရတ် အလင်းရောင်တွေ အရှိန်ပြင်းစွာ တောက်လာမှုကြောင့် ရင်ထဲက လှပ်ခနဲဖြစ်သွားကာ ရပ်တည်ခြင်းကာ မစွမ်းသာတော့ဘဲ ကြမ်းပြင်ပေါ်ကို ခွေခနဲလဲကျသွားလေတော့သည်။

ရှိုင်းလဲကျသွားသည်ကိုမြင်တော့မှ သြဂတ်စ်နှင့် နိကိုလပ်စ်အပါအဝင် အခန်းထဲက လူများက ရှိုင်းလဲကျရာနေရာကို ပြေးလာကြလေသည်။

သြဂတ်စ်ကတော့ ခွေလဲကျသွားသော ရှိုင်းကိုပြေးထူးကာ စိုးရိမ်တကြီး ကုတင်ပေါ်ကို ပွေ့ခေါ်သွားသည်။ နိကိုလပ်စ်က ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကိုကြည့်လိုက်တော့ မီးလျှံရဲ့ အရိပ်အယောင်ကို လုံးဝမမြင်ရတော့။

ကြယ်ကလေး ထိုမျှှအလင်းရောင်တွေ တောက်လိုက်တာနှင့် နှလုံးသားက မခံနိုင်ဘဲ လဲကျသွားတာ၊ မားကပ်စ်ကို သေနိုင်လောက်တဲ့အထိ အလင််းရောင်တွေ တောက်ရမည်ဆိုလျှင် ဘာဖြစ်သွားမလဲဆိုတာ မတွေးရဲပေ။ ဒါကြောင့် ရှိုင်းသည် မီးလျှံကို လုံးဝမစွန့်စားစေချင်တာဘဲဖြစ်သည်။

အချစ်ကြီးလွန်းသော သားဖြစ်သူအတွက် နိကိ်ုလပ်စ် ဘယ်လိုလုပ်လို့လုပ်ရမှန်းပင် မသိတော့..။

*********************************************************************************************************

အုံ့မှိုင်းလျက်ရှိသော ရာသီဥတုနှင့်အတူ ကောင်းကင်ပေါ်တွင် လျင်မြန်စွာပြေးလွှားနေသော မီးခိုးရောင် တိမ်တိုက်ကြီးတွေရဲ့ အခြေအနေက မကြာခင် လေပြင်းမုန်တိုင်းများ တိုက်ခတ်တော့မည်ဆိုတာကို အချက်ပေးနေသလိုပင်ဖြစ်သည်။

လေပြင်းအရှိန်နှင့်အတူ သစ်ကိုင်းအချင်းချင်းပွတ်တိုက်သံတွေကြောင့် ရှိုင်းတစ်ယောက် အခန်းထဲရှိ ကုတင်ပေါ်တွင်အိပ်ပျော်ရန် ကြိုးစားနေသော်ငြား အိပ်လို့မရနိုင်။

လွန်ချဲ့သာနှစ်ရက်က မီးလျှံပြန်သွားပြီးနောက် ရှိုင်းရဲ့မျက်လုံးထဲတွင် တစ်ဝဲလည်လည်မြင်နေသည်က မီးလျှံရဲ့ မျက်နှာ။

တစ်စုံတစ်ခုကို စိုးရိမ်နေသော မျက်နှာ၊ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတဲ့မျက်နှာမျိုး။

ထိုအချိန်က ရုတ်တရတ်ဖြစ်ပေါ်လာသော မီးလျှံရဲ့အပြုအမူတွေကြောင့် ရှိုင်းထူပူကာ သေချာ မစဉ်းစားလိုက်မိခဲ့ဘဲ အခုမှ ခေါင်းအေးအေးထားကာ ပြန်လည်စဉ်းစားနေမိတာဖြစ်သည်။

မီးလျှံတွင် တစ်စုံတစ်ခုသော ပြဿနာကြုံတွေ့နေရသည်။ ထိုပြဿနာသည်လည်း ရှိုင်းနှင့်ပတ်သက်သော ပြဿနာတစ်ခု။ ဒါကြောင့်သာ မီးလျှံရဲ့ရှေ့ကိုနောက်ထပ်ပေါ်မလာပါနဲ့ဟု ပြောခဲ့သော ရှိုင်းရှိနေသော နေရာထိ ရောက်လာကာ မထင်မှတ်ထားသော အပြုအမူများကို လုပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

တွေးရင်းတွေးရင်းနှင့်ပင် ရှိုင်းစိုးရိမ်စိတ်တွေက ဒီရေတက်သည့်အလား တစ်ရိပ်ရိပ်တက်လာလေတော့သည်။

ထိုသို့အတွေးပေါက်လာရင်းနဲ့ပင် ရှိုင်းတစ်ယောက် ကုတင်ပေါ်တွင် လှဲနေရာမှထထိုင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ကုတင်ပေါ်ကဆင်းလိုက်ကာ ရေချိုးခန်းထဲကို ဝင်ပြီးရေကို အကြာကြီးချိုးပစ်လိုက်သည်။ ထို့နောက် ဗီရိုထဲတွင်ရှိသော သြဂတ်စ်ရဲ့ အကျီကို နှစ်ထပ်် ထပ််ဝတ်လိုက်သည်။ ရှိုင်းရဲ့ကိုယ်သင်းနံ့ကို ဒီအိမ်ကြီးတွင်ရှိနေကြသော သြဂတ်စ်ရဲ့ Werewolf Beta များ အနံမခံနိုင်အောင်ဖြစ်လေသည်။ ကုတင်အောက်တွင် ချထားသော အဝတ်ဖိနပ်လေးကို စီးလိုက်လေသည်။

ထို့နောက် အခန်း တံခါးကို သေချာ အသံမကြားအောင်ဖွင့်လိုက်သည်။ ရှိုင်းရဲ့လည်ပင်းတွင် အမြဲမပျက်ဆွဲထားသော Teleportation Jewel ခေါ် ပယင်းကျောက်လည်ဆွဲမှာ နိကိုလပ်စ်က သိမ်းသွားသဖြင့် ရှိုင်းထံတွင်ရှိမနေတော့ပါ။

ရှိုင်းကို အိမ်ထဲတွင် ကြိုက်သည့်နေရာသွားခွင့်ပြုသော်လည်း ခြံပြင်ကို လှမ်းမျှော်ကြည့်ခွင့်တောင် မပေးကြပေ။ အိမ်ထဲတွင် လူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရသော်လည်း ရှိုင်းအပြင်ထွက်ဖိို့ကြိုးစားလိုက်တိုင်း မထင်မှတ်ထားသော တစ်နေရာရာမှ လူတစ်ယောက်ထွက်လာကာ တားဆီးခြင်းခံရမြဲပင်ဖြစ်သည်။

ထိုမျှအထိ တင်းတင်းကြပ်ကြပ်စောင့်ကြည့်ထားခံရမည့် အခြေအနေရောက်နေပြီလား။

ရှိုင်းသည် အိမြ်ကီးရဲ့အောက်ထပ်ကိုဆင်းလာရင်းမှာပင် ရှိုင်းကို အကွယ်တစ်နေရာက မသိမသာ စောင့်ကြည့်နေကြသော သြဂတ်စ်ရဲ့လူတွေကို တွေ့လိုက်ရလေသည်။ သို့သော် ရှိုင်းက ခပ်တည်တည်ပင် အိမ်ထဲမှာ ဟိုဒီလျှောက်သွားနေတာဖြစ်သဖြင့် ဘာမှမပြောကြပေ။

သြဂတ်စ်နှင့် နိကိုလပ်စ်ကိုလည်း အိမ်တွင်မတွေ့ရသဖြင့် ရှိုင်းအတွက်ကတော့ အချိန်ကောင်းပင်။

ဒါကြောင့် ရှိုင်းသည် နိကိုလပ်စ်ကိုပေးထားသော အခန်းထဲကို ဝင်သွားလိုက်သည်။ ထို့နောက် တစ်ခန်းလုံးကို မွှေနှောက်ကာ ရှိုင်းဆီက သိမ်းသွားသော ပယင်းကျောက်လည်ဆွဲကို ရှာဖွေလေတော့သည်။

စိတ်ထဲကလည်း နိကိုလပ်စ် ထိုကျောက်ကို အပြင်ကိုယူမသွားပါစေနှင့် ဟုဆုတောင်းနေမိလေသည်။ ရှို်င်း ဒီအတိုင်းတော့ ခြေတောက်ဖြင့် ဒီအိမ်ထဲက ထွက်လို့မရနိုင်ဘူးဆိုတာ သိနေတာကြောင့်ပင်ဖြစ်သည်။

ရှိုင်းတစ်ယောက် တစ်ခန်းလုံးကို ပိုက်စိပ်တိုက်လိုက်ရှာသော်လည်း ရှိုင်းရဲ့လည်ဆွဲကိုကား မတွေ့ရပေ။

အခန်းထဲတွင်တော့ နိကိုလပ်စ်ရဲ့ မှော်ပညာနှင့် ဆိုင်သော စာအုပ်တစ်ချို့နှင့် တခြား အဆောင်လို့ထင်ရသော ပစ္စည်းများသာတွေ့ရလေသည်။

သို့သော် ရှိုင်းလက်မလျှော့ ဘဲထပ်ရှာသည်။ မတွေ့။ ရှိုင်းထွက်ပြေးမှာ စိုးသဖြင့် ထိုကျောက်ကိုတော့ ပစ်စလတ််ခတ်ထားမှာ မဟုတ်ဘူးဆိုတာကိုတော့ သိနေလေသည်။

ရှိုင်း အချိန်အတော်ကြာထိ ရှာတာတောင် မတွေ့သဖြင့် စိတ်ပျက်လက်ပျက် အာခနဲ ညည်းညူကာ ခေါင်းပေါ်က ဆံပင်လေးတွေကို ခပ်ကြမ်းကြမ်းပင် ဆွဲဖွလိုက်လေသည်။ သို့သော် လက်ကို သတိလက်လွတ်အောက်ကို ပြန်ချမိသော အချိန်တွင် နံရံတွင် ကပ်ထားသော Wall Lamp နဲ့ လက်က တိုက်မိသွားလေသည်။

''အ''

ဒုတ်ခနဲတိုက်မိသွားသောကြောင့် ရှိုင်းက မျက်နှာလေးကို ရှုံ့မဲနေစဉ်မှာပင် Wall Lamp ဘေးက နံရံတွင် ခြောက်ပေပတ်လည် အပေါက်ကလေးတစ်ပေါက် ပေါ်လာသည်ကိုတွေ့လိုက်ရလေတော့သည်။ ထိုအထဲက အံဝှက်လို နေရာလေးတွင်တော့ နိကိုလပ်စ်ရဲ့ တန်ဖိုးကြီး Megical Amulet များနှင့်အတူ ရှိုင်းရဲ့ ပယင်းကျောက်လေးကိုပါ တွေ့လိုက်ရလေတော့သည်။

သြဂတ်စ်ရဲ့အိမ်အခန်းတိုင်းတွင် ထိုသို့သော လျှို့ဝှက်နေရာလေးတွေ ရှိသည်ထင်သည်။ ပထမဆုံးတစ်ခေါက် သြဂတ်စ်ရဲ့အခန်းကိုရောက်ခဲ့တုန်းကလည်း သြဂတ်စ်က ရှိုင်းကို ထိုကဲ့သို့သော လျှို့ဝှက်နေရာတွင် ပုန်းခိုင်းခဲ့ဖူးသည်ကို မှတ်မိလိုက်လေသည်။

ဝမ်းသာအားရပင် ထိုအံဝှက်လေးထဲမှ ပယင်းကျောက်ကို ယူလိုက်ပြီးနောက် အချိန်ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ထိုပယင်းကျောက်လေးကို လက်နှစ်ဖက်မှာကိုင် ရင်မှာအပ်ပြီး တစ်စုံတစ်ယောက် အမည်ကိို ရွတ်ဆိုလိုက်လေတော့သည်။

*************************************************************************************************************

ရှိုင်း ရောက်သွားသည်က ခါတိုင်းရောက်နေကျ Nebbia တောအုပ်ထဲပင်။ ခဏခဏ ရောက်ရလွန်းသဖြင့် မျက်စိမှိတ်ထားရင်တောင် မီးလျှံရဲ့အိမ်ကိုသွားလို့ရလောက်တဲ့ အခြေအနေအထိကို ဒီခြောက်ခြားဖွယ်တောအုပ်ကြီးက ရှိုင်းအတွက်တော့ ရင်းနှီးနေခဲ့တာ။

ချက်ချင်းပင် မီးလျှံရှိသော နေအိမ်ရှိရာကို အမြန်ပြေးလာခဲ့သည်။ မီးလျှံတစ်ယောက် သူ့ရဲ့အိမ်တွင်ရှိနေပါစေ ဆုတောင်းရသည်။

လေပြင်းတွေတိုက်နေတာကို ဂရုမထားနိုင်။ စီးထားသော ဖိနပ်အပါးလေးနဲ့ ကြမ်းတမ်းသော မြေပြင်ကို နင်းကာ လျှောက်နေရတာကြောင့် ဖိနပ်ခွာလေးလည်း ပေါက်ကာ ခြေဖဝါးတွင် သွေးခြေဥလို့နေပြီဖြစ်သည်။

နာကျင်မှုကို စိတ်ထဲမရောက်နိုင် ။ မီးလျှံကိုတွေ့ချင်စိတ်ကသာ ကြီးစိုးနေလျက်။

လေပြင်းနှင့်အတူ တောအုပ်အတွင်းက မြူအုပ်ကြီးကလည်း ထုထည်ကြီးမားလို့လာလေပြီဖြစ်သည်။ တအိအိပြိုကျတော့မတတ်ဖြစ်နေသည့် တိမ်တိုက်ကြီးက ချက်ချင်းပင် မြေကြီးပေါ်ကို ပြုတ်ကျတော့မယောင်။

လျင်မြန်စွာပြေးလွှားနေသော ခြေလှမ်းတွေက တောအုပ်အလယ်တွင် တစ်သီးတစ်သန့်တစ်ထီးတည်းဖြစ််နေသော မီးလျှံရဲ့အိမ်ကြီးကို မြင်လိုက်ရချိန်မှာ ခြေလှမ်းတို့က ခဏရပ်တန့်သွားရလေပြီ။ အသက်ရှူရပ်မတတ်မောဟိုက်နေတာကို ခဏသက်သာစေရန်အလိုငှာ ထင်းရှူးပင်တစ်ပင်ကို လက်ထောက်ပြီး ခဏအမောဖြေနေမိသည်။

ခြေလှမ်းဆယ်လှမ်းခန့်အကွာလောက်တွင်သာ ရှိတော့သည်မို့ အိမ်ကြီးထဲကိုလည်း မျက်လုံးတို့ကို အလုပ်ပေးပြီးတော့ မီးလျှံရဲ့ အရိပ်အခြေကို ကြည့်မိလေသည်။

ထိုစဉ်မှာပင် ခြံထဲက အပြေးထွက်လာသော မီးလျှံနှင့် လယ်ရီကို တွေ့လိုက်ရလေသည််။

မီးလျှံက အရှေ့က အလျင်စလို ပြေးထွက်လာခြင်းဖြစ်ကာ လယ်ရီက အလန့်တကြားဖြင့် နောက်က လိုက်တားနေခြင်း။ တစ်စုံတစ်ခုသော ပြဿနာဖြစ်နေတယ်ဆိုတာကို သိလိုက်မိပြီး ချက်ချင်း မီးလျှံရှေ့ကို ပြေးသွားတော့မည်လုပ်နေသော ရှိုင်းရဲ့ခြေလှမ်းလေးတွေကို တုန့်ခနဲရပ်လိုက်မိကာ ထင်းရှူးပင်ကြီးရဲ့နောက်ကွယ်တွင် ပုန်းရပ်လိုက်ပြီး အရိပ်အခြေကို ကြည့်နေမိလေသည်။

ခြေလှမ်းဆယ်လှမ်းခန့်အကွာတွင် ရှိနေသောကြောင့် နှစ်ယောက်ပြောနေကြသော အသံတွေကို အတိုင်းသားကြားနေရလေသည်။ သို့သော် လေပြင်းကြောင့် သစ်ကိုင်းအချင်းချင်းပွတ်တိုက်သံတွေက တစ်ချက်တစ်ချက် နှောင့်ယှက်နေတတ်သဖြင့် ပီပီသသမကြားရ။

"မီးလျှံ.. ခင်ဗျား သေချာစဉ်းစားဦးနော်.. ခင်ဗျားဆုံးဖြတ်ချက်ကြီးက နှစ်ဖက်စလုံးကိုလည်း ဆုံးရှုံးသွားနိုင်တယ်ဆိုတာ.. "

ခြံပြင်ကို ရောက်နေပြီဖြစ်သော မီးလျှံရဲ့ပုခုံးကို အတင်းဆွဲပြီး လှမ်းတာကာ စိုးရိမ်တကြီး တားဆီးသော လယ်ရီရဲ့အသံ။

ရှို်င်းရဲ့မျက်မှောင်လေးတွေ ကုတ်သွားပြီး သေချာနားစိုက်ထောင်နေမိလေသည်။ လယ်ရီရဲ့စကားနှင့် မီးလျှံရဲ့မျက်နှာအမူအယာတွင် မြင်နေရသော စိတ်စောနေဟန် အရိပ်အယောင်တွေက သေချာပေါက်ကို မီးလျှံတွင် ပြဿနာတစ်စုံတစ်ခုဖြစ်နေပြီဆိုတာကို ဖော်ပြနေသယောင်။

"နှစ်ဖက်စလုံးကို ကာကွယ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.. တစ်ဖက်ဖက်ကိုလည်း ရွေးချယ်ဖို့ခက်ခဲနေတယ် ဆိုရင် ကံကြမ္မာရဲ့အဆုံးအဖြတ်ကိုဘဲ ကြည့်ရမှာ မဟုတ်ဘူးလား.. "

လယ်ရီရဲ့ စိတ်ပျက်လက်ပျက်ဖြင့် ကျစ်ခနဲဆုပ်သပ်သံကို ကြားလိုက်ရလေသည်။

"ခင်ဗျား ကောင်လေးကို သေသေချာချာဖွင့်ပြောပြီး ခင်ဗျားတို့နှစ်ယောက် ပူးပေါင်းလိုက်ရင်ရပြီကို .. "

"သူကိုယ်တိုင်ကိုက ငါ့ကို သူ့အစွမ်းတွေ မပေးနိုင်ဘူးလို့ပြောနေတာကို.. ငါ အတင်းအကြပ်ယူပစ်လိုက်ဖို့ထိ စိတ်ရိုင်းတွေ ဖြစ်လာခဲ့ဖူးတယ်.. ဒါပေမယ့်.. ဒါပေမယ့်.. ငါသူ့မျက်နှာကို မြင်ပြီးတော့ ငါမလုပ်နိုင်ခဲ့ဘူး.. "

လယ်ရီနောက်တစ်ကြိမ် စိတ်ပျက်လက်ပျက်ခေါင်းခါလိုက်မိပြန်ပြီဖြစ်သည်။

"ခင်ဗျားမှာဖြစ်နေတဲ့ အခက်အခဲကို ကောင်လေးကို ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် ခင်ဗျားကို သူမလုပ်ပေးဘူးဆိုရင် ကျုပ်ဇာတ်တောင် အဖြတ်ခံပါတယ် ဗျာ.. သူမပေးဘူးဆိုတာကလည်း သူ့မှာ ဘာအခက်အခဲ ရှိနေလို့လဲမှမသိတာ.."

အပင်အကွယ်တွင် ချောင်းနားထောင်နေသော ရှိုင်းက ပြောနေသော အကြောင်းအရာတွေထဲမှ ရှိုင်းရဲ့အကြောင်းတွေ ပါလာပြီဖြစ်သဖြင့် ပိုပြီးတော့ပင် အာရုံစိုက်နားထောင်နေမိလေသည်။

"အဲ့ဒါကြောင့်.. ငါတစ်ယောက်တည်း ဘဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့.. ပြောနေတာကြာတယ်... ငါ နောက်ကျနေပြီ.. ငါအရင်ကတည်းက မင်းကို အကူအညီတောင်းထားတဲ့အတိုင်းဘဲ .. တကယ်လို့များ .. ငါတစ်ခုခု ဖြစ်သွားခဲ့ရင် မင်းချာတိတ်ကိုစောင့်ရှောက်ပေးကွာ..."

မီးလျှံက စကားစကို မြန်မြန်ဖြတ်ချကာ တောထဲကို လျှပ်စီးကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ပြေးထွက်သွားရင် တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

လယ်ရီကသာ ခေါင်းတစ်ခါခါဖြင့် စိတ်မချိမသာ ဟန်မျက်နှာဖြင့် ကျန်ခဲ့လေတော့သည်။ ထိုစဉ် သစ်ပင်အကွယ်တွေ ချောင်းနားထောင်နေသော ရှိုင်းက ရုတ်တရတ် သစ်ကိုင်းချောက်တစ်ခုကို နင်းမိသွားသဖြင့် ချွတ်ခနဲ အသံထွက်သွားရာမှ နားပါးသော လယ်ရီက အသံကြားရာကို မျက်လုံးကရောက်လာလေသည်။

"ဘယ်သူလဲ .. ထွက်လာခဲ့.. "

Vampire အသွင်ပြောင်းကာ မေးလာလေသော လယ်ရီကြောင့် ရှီုင်းလည်း ဆက်ပုန်းမနေတော့ဘဲ သစ်ပင်နောက်က ထွက်လာကိုယ်ယောင်ပြလိုက်လေတော့သည်။

"ကောင်လေး.. "

ရှိုင်းကို မြင်တော့ လယ်ရီက အံ့သြသွားဟန်တူသည်။

"မင်း.. မင်း ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ကောင်လေး.. မင်းကို Werewolf Alpha ကနေအိမ်အကျယ်ချုပ်နဲ့စောင့်ရှောက်ထားတယ်ထင်နေတာ.. "

လယ်ရီမေးလာသော စကားကို ရှိုင်း ပြန်မဖြေနိုင်။ စိတ်စောစွာဖြင့်ပင် သိချင်နေသော မေးခွန်းတစ်ခုကို စိတ်စောစွာဖြင့် မေးလိုက်မိသည်။

"Flame ဘာဖြစ်နေတာလဲ.. ကျွန်တော့်ကို ပြောပြပါ.. သူ့မှာ ပြဿနာ တစ်ခုခုရှိနေတယ် မလား.. မားကပ်စ်တို့က ကျွန်တော်နဲ့ပတ်သက်ပြီး သူ့ကို တစ်ခုခု ခြိမ်းခြောက်ထားတယ် မလား.. သူအခု ဘယ်ကိုသွားတာလဲ.. "

"ခဏလေး..စိတ်အေးအေးထားကောင်လေး.."

မီးလျှံတွင် ပြသနာ တစ်စုံတစ်ခုဖြစ်နေပြီး ထိုပြဿနာကို ဖြေရှင်းဖို့ထွက်သွားပြီဖြစ်သော မီးလျှံကို မြင်လိုက်ရတာတောင် စိတ်အေးအေးထားခိုင်းနေသေးသော လယ်ရီကြောင့် ရှိုင်း စိတ်တိုသွားမိသည်။

"ဘယ်လိုလုပ် စိိတ်အေးအေးထားလို့ရမှာလဲ.. သူ့မှာပြဿနာ တစ်ခုခုဖြစ်နေတာ သိနေတာကို "

ရှိုင်းအသံကျယ်ကျယ်ဖြင့်ပင် အော်လိုက်မိသည်ထင်သည်။ လယ်ရီက ရှိုင်းရဲ့ပုခုံးတစ်ဖက်ကို အားပေးလိုဟန်ဖြင့် ဆုပ်ကိုင်ကာ ပြောလေသည်။

"သူအခု မားကပ်စ်တို့နဲ့ အပေးအယူလုပ်ဖို့ သွားနေတာကောင်လေး.."

လယ်ရီရဲ့ စကားကြောင့် ရှိုင်းရဲ့မျက်လုံးလေးများ ပြူးကျယ်ဝိုင်းစက်ကာ ထိတ်လန့်သွားရလေပြီ။

"အပေးအယူ.. ဟုတ်လား .. ဘာအပေးအယူလဲ.. "

လယ်ရီက အကြံအိုက်ဟန်ဖြင့် ဘာမှပြန်မဖြေသေး။ မီးလျှံက ဘာဆိုဘာမှမပြောပါနဲ့ဟု မှာသွားခဲ့သောကြောင့်ပင်ဖြစ်သည်။

"ဘာအပေးအယူလုပ်တာလဲလို့မေးတယ်လေဗျာ.. "

ရှိုင်းရဲ့အသံလေးတွေက ပိုကျယ်လာပြီး ဒေါသသံလေးပင် ဖြစ်လာပြီဖြစ်သည်။ မျက်လုံးလေးတွေမှာလည်း မျက်ရည်ကြည်တွေ ဝေ့သီလျက်ရှိနေပြီဖြစ်သည်။

လယ်ရီိက သက်ပြင်းတစ်ချက်ချလိုက်သည်။

"မီးလျှံရဲ့မိသားစုက အသက်မသေဘဲ အခေါင်းထဲမှာအချုပ်ခံထားရပြီး မားကပ်စ်ရဲ့လက်ထဲမှာ ရောက်နေတယ် ကောင်လေး.. "

"ဗျာ.. "

ရှိုင်းရဲ့မျက်လုံးလေးတွေက အံ့သြမှုဖြင့် ၀ိုင်းခနဲ။

"မားကပ်စ်က သူ့မိသားစုကို အသက်မသေဘဲ အကောင်းအတိုင်း ပြန်လိုချင်ရင် ကြယ်လေးကို သူ့လက်ကို အပ်ရမယ်လို့ ခြိမ်းခြောက်တယ်ကောင်လေး.. "

ရုတ်တရတ်ကြားလိုက်ရသော မိုးခြိမ်းသံအကျယ်ကြီးက ရှိုင်းရဲ့ ခေါင်းထဲကို ပစ်လွှတ်လိုက်သလိုပင်။

"အဲ့ဒါ မီးလျှံက သူ့မိသားစုကိုလည်း အဆုံးရှုံးမခံနိုင်.. မင်းကိုလည်း သူဒုက္ခမပေးရက်လို့ဆိုပြီး မားကပ်စ်ကို သူတစ်ယောက်တည်း သွားတိုက်မယ်ဆိုပြီး ထွက်သွားလေရဲ့.. "

ကြားလိုက်ရသော အကြောင်းအရာက ရှိုင်းကို နှလုံးခုန်ရပ်တန့်မတတ် ထိတ်လန့်သွားစေသည်။ မားကပ်စ်လို စုန်းကဝေမျိုးကို တစ်ယောက်တည်း သွားရင်ဆိုင်ဖို့ ဆုံးဖြတ်ရဲသော မီးလျှံသည် အရမ်းကို ရူးမိုက်သော ဆုံးဖြတ်ချက်ကို ချလိုက်တယ်ဆိုတာ သူကိုယ်တိုုင်ပင် သိပါရဲ့လားမသိ။

ရှိုင်းတစ်ယောက်စိတ်ပျက်လက်ပျက် တွေးနေစဉ်မှာပင် လယ်ရီက သတိအနေအထားဖြင့် ပြောလာလေသည်။

"ကောင်လေး ဒီနေရာကို Werewolf တွေလိုက်လာကြပြီထင်တယ်.. ငါခြေသံတွေ ကြားနေရတယ်.. "

လယ်ရီက တစ်စုံတစ်ခုကို အာရုံစူးစိုက်နားထောင်နေကာ ရှိုင်းကို ပြောလိုက်တာဖြစ်သည်။

သြဂတ်စ်တို့ ရှိုင်းပျောက်သွားသဖြင့် ချက်ချင်းလိုက်လာကြဟန်တူသည်။ ရှိုင်းအတွက် သွားစရာနေရာသည် ဒီနေရာတစ်ခုတည်းသာရှိသဖြင့် အချိန်တိုအတွင်းမှပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာနိုင်တာ အဆန်းမဟုတ်။

ရှိုင်းက ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ပင်ချလိုက်ကာ လယ်ရီကိုမေးလိုက်သည်။

"Flame က မားကပ်စ်တို့ဆီသွားတာ သေချာတယ်နော်.. "

"သေချာတယ်.. မင်းဘာလုပ်မလို့လဲကောင်လေး... "

လယ်ရီက နားမလည်နိုင်ဟန်မေးတာကို ရှိုင်းက ပိုင်နိုင်စွာဖြင့် ဖြေလိုက်သည်။

"ကျွန်တော် သူတို့ဆီကို လိုက်သွားမလို့.. "

ဒီတစ်ခေါက် မျက်လုံးတွေပြူးကျယ် ၀ိုင်းစက်သွားရသည်က လယ်ရီဖြစ်သွားလေသည်။ ျ

"ဟာ..ကောင်လေး မင်းမားကပ်စ်ဆိုတာ ဘယ်လိုစုန်းကဝေမျိုးလည်း သိရဲ့သားနဲ့.. "

ရှိုင်းက တစ်ချက်နှုတ်ခမ်းတွန့်ရုံပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သိတယ်.. ဒါကြောင့် ကျွန်တော်လိုက်သွားမှာ.. "

ထိုသို့ပြောနေစဉ်အတွင်းမှာပင် သြဂတ်စ်ဦးဆောင်သော Werewolf Pack ကြီးတစ်ခုလုံးနီးပါးက ရှိုင်းနှင့် လယ်ရီတို့ ရပ်နေရာ နေရာအတွင်းကိုရောက်လာကြလေသည်။

"ကောင်လေး.. မင်း မဟုတ်တာတွေ လျှောက်မလုပ်နဲ့ .. မင်းသူတို့နဲ့ဘဲ ပြန်လိုက်သွားတာကောင်းမယ်.. "

လယ်ရီစကားကို ရှိုင်းက ခေါင်းလေးကို ခါရမ်းလိုက်ကာ ငြင်းဆန်လိုက်သည်။

သြဂတ်စ်က ဒေါသမျက်လုံးတွေဖြင့် ရှိုင်းရဲ့အနားကို လျှောက်လာလေသည်။

"ရှိုင်း .. မင်း မဟုတ်တာတွေ တွေးပြီး လျှောက်မလုပ်နဲ့.. ငါမင်းကို တစ်သက်လုံးမုန်းနေမှာ.. "

သြဂတ်စ်ရဲ့ ဒေါသဖြင့်လှမ်းပြောလိုက်သော စကားကြောင့် ရှိုင်းရဲ့ရင်ဘတ်ထဲတွင် စူးခနဲအောင့်သွားရသော်လည်း ရှိုင်း မိမိရဲ့ဆုံးဖြတ်ချက်ကိုမူ လုံးဝ ပြင်ဖို့ စိတ်ကူးမရှိပါ။

မီးလျှံ ရှိုင်းကြောင့် ဒုက္ခရောက်နေသည်။ မိသားစုနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသဖြင့် သူဘယ်လောက်ထိ စိတ်ထိခိုက်စွာ တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိခဲ့သည်။ ဒါကြောင့် သူ့မိသားစုကို ရှိုင်းကြောင့်နောက်ထပ် ဒုက္ခမရောက်စေချင်တော့ပါ။

ရှိုင်းချစ်တဲ့လူကို အကောင်းဆုံးတော့ တစ်ခုခုလုပ်ပေးလိုက်ချင်သည်။ ဒါသည် မီးလျှံအပေါ် ရှိုင်းလိမ်ညာခဲ့မိတဲ့ အပြစ်ကို ပေးဆပ်ခြင်း။

ထိုသို့ဆုံးဖြတ်လိုက်ပြီး ရှိုင်းက အနားကို လျင်မြန်စွာ လှမ်းလာနေသော သြဂတ်စ်ဘက်ကို လှည့်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ပါပါး.. ကျွန်တော့်ကို မုန်းချင်ရင်လည်း မုန်းလိုက်ပါတော့.. ဒါမှမဟုတ်လည်း ပါပါးစကားနားမထောင်မိတဲ့ အပြစ်ကို ကျွန်တော် နောက်ဘဝမှဘဲ ပြန်ဆပ်ပါ့မယ်.. "

ရှိုင်းက ထိုသို့ပြောလိုက်ပြီး လည်ပင်းက ပယင်းကျောက်ကို လျင်မြန်စွာ ထုတ်ယူကာ Flame ဟုရေရွတ်လိုက်သည်။

"မလုပ်နဲ့.. "

သြဂတ်စ်က ရှိုင်းရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ခြေလှမ်းတို့ကို အရှိန်မြှင့်ကာ ရှိုင်းကို တားဆီးရန် ပြေးလာပါသော်လည်း မမှီတော့။

သြဂတ်စ်ကို တောင်းပန်ကြည့်ဖြင့် ကြည့်နေသော ရှိုင်းသည် လျင်မြန်စွာပင် အလင်းစက်လေးများကြား ပျောက်ကွယ်သွားလေပြီ။

"အား... "

ဝုန်း..

အချိန်နည်းနည်းလေး လိုအပ်သွားသောကြောင့် သြဂတ်စ် ရှိုင်းကို မတားဆီးလိုက်နိုင်ခဲ့သဖြင့် ဒေါသတွေ ပေါက်ကွဲထွက်ကာ အော်ဟစ်လိုက်မိပြီး မျက်စိရှေ့က ထင်းရှူးပင်ကြီးကို လက်သီးဖြင့် လဲပြိုသွားသည်အထိ ထိုးချလိုက်မိသည်။

လယ်ရီကတော့ စိတ်မကောင်းခြင်းကြီးစွာဖြင့်ပင် ခေါင်းကိုသာ ခါရမ်းနေမိသည်။

အခြေအနေက ဆိုးရွားသော အနေအထားကို ရောက်နေလေပြီ။ ထိုထက်ပိုပြီး ဆိိုးရွားသော အခြေအနေကိုမရောက်ပါစေနှင့် ဟုသာ လယ်ရီဆုတောင်းနေမိလေသည်။

အခုတော့ ကြယ်ကလေးပျောက်ကွယ်သွားတဲ့ တောအုပ်ကြီးက မြူအုပ်ကြီးတွေ ရဲ့ ၀ါးမြိုခြင်းကို ခံလိုက်ရသည့်အလား အရာအားလုံးက မှောင်မိုက်ကာ မသည်းကွဲသော အနေအထားဖြင့် ခြောက်ခြားစရာဖြစ်လျက်ကျန်ခဲ့လေတော့သည်။

*******************************************************************************************************************

Author's Note

Comment တွေကို နှစ်ပိုင်းစာပေါင်းပြီး နောက်အပိုင်းသစ်တင်မှ reply မယ်နော်

အခုတလော update ကရက်တွေအရမ်းခြားပြီး အချိန်လည်း မမှန်တော့တဲ့အတွက်လည်း ခွင့်လွှတ်ပါ။

Uni Student တွေလည်း စာမေးပွဲနီးလာပြီမို့ စာကျက်ကြပါလို့ ။

************

Zawgyi

**************

Star's Love Part (2)

အတင္းျကီးကို ဖိကပ္ထားေသာ မီးလွ်ံရဲ႕ ႏႈတ္ခမ္းမ်ား ရိႈင္းရဲ႕ ႏႈတ္ခမ္းေလးမ်ားမွ ဖယ္ခြာ သြားခ်ိန္မွာ လြတ္ေျမာက္သြားေသာ ရိႈင္းရဲ႕ ႏႈတ္ခမ္းေလးမ်ားမွ သနားစဖြယ္ ေတာင္းပန္တိုးလွ်ိဳးသံေလးမ်ားထြက္လာသည္။

"Flame..please don't do this. "

လက္ကေလးနွစ္ဖက္က ကုတင္အေပၚဘက္တြင္ လႈပ္မရေအာင္ အတင္းခ်ဳပ္ကိုင္ခံထားရ သည့္အျပင္ ခႏၶာကိုယ္ေအာက္ပိုင္းကိုလည္း မီးလွ်ံရဲ႕ ကိုယ္ျကီးက ဖိခ်ဳပ္ထားတာေျကာင့္ ရုန္းကန္လို႔မရေခ်။

"မလုပ္ပါနဲ႔.. ခင္ဗ်ားဒီလိုလုပ္လို႔မျဖစ္ဘူး..ေတာင္းပန္ပါတယ္.. "

စကားသံေလးထြက္လာလာခ်င္းမွာပင္ မီးလွ်ံ ႏႈတ္ခမ္းမ်ားျဖင့္ ႏႈတ္ပိတ္ပစ္လိုက္သည္။ ရိႈင္းက ႏႈတ္ခမ္းေလးကို အတင္း ေစ့ပိတ္ထားသျဖင့္ စိတ္မရွည္ေတာ့ေသာ မီးလွ်ံ ကိုက္ဆြဲပစ္လိုက္ေသာေျကာင့္ ေသြးစေလးေတြပင္ထြက္လာသည္။

ရိႈင္းက ေတာင္းပန္ေနေသာ္ျငား မီးလွ်ံက လံုး၀ဂရုမစိုက္ေတာ့။ ဆံုးျဖတ္ခ်က္ကို ဘယ္လိုဘဲ ျဖစ္ျဖစ္ရေအာင္ အေကာင္အထည္ေဖာ္ဖို႔ဆံုးျဖတ္ထားျပီးသားျဖစ္တာေျကာင့္ ေနာက္တစ္ဆင့္ ထပ္တိုးဖို႔ပင္ ျပင္ဆင္ေနေလျပီ။

မီးလွ်ံရဲ႕လြတ္ေနေသာ လက္တစ္ဖက္က ရိႈင္းရဲ႕ အက်ီအျဖဴေလးေအာက္ကို လွ်ိဳ၀င္လာခ်ိိန္မွာေတာ့ ရိႈင္းရဲ႕မ်က္လံုးေလးမ်ားမွ မ်က္ရည္မ်ားက တားဆီးလို႔မရနိုင္စြာပင္ တဖြဲဖြဲနွင့္ စီးက်လို႔လာျပီျဖစ္သည္။

နာက်င္ရသည္။ အခုအခ်ိန္မွာ အသားနာရျခင္းထက္ ရင္ဘတ္ထဲက နာက်င္ရျခင္းက အဆေပါင္းမ်ားစြာ ပိုမ်ားသည္။

"မင္းအတြက္လို႔မွတ္ျပီးေတာ့ သည္းခံလိုက္စမ္း ခ်ာတိတ္.. ျပီးရင္ ငါ့ကို လူယုတ္မာျကီးလု႔ိမွတ္ျပီး တစ္သက္လံုးမုန္းေနလိုက္ေတာ့ .. "

ထိုသုိ႔ေျပာျပီးေတာ့ ေနာက္တစ္ျကိမ္ ထိေတြ႔လာေသာ မီးလွ်ံရဲ႕ ႏႈတ္ခမ္းမ်ား။

မီးလွ်ံ ကိုယ္တိုင္ အတင္းလုယူေနျခင္းဆိုတာထက္ ရိႈင္းရဲ႕ ႏႈတ္ခမ္းေလးေတြ အရသာက စြဲမက္ဖြယ္ေကာင္းလြန္းေနတာေျကာင့္ မဖြယ္ခြာနိုင္တာလည္း ေနာက္ထပ္အေျကာင္းျပခ်က္တစ္ခုျဖစ္သည္။

မီးလွ်ံရဲ႕ စကားလံုးေတြေရာ အျပဳအမူေတြကပါ တေျဖးေျဖးနွင့္ ပိုျကမ္းလာျပီျဖစ္သည္။ ဘယ္ေလာက္ဘဲ နာက်င္ရ၊ ဘယ္ေလာက္ဘဲ ခံစားရပါေစ သူ႔ကို ထိခိုက္ေစတာေလာက္ ရိႈင္းအတြက္ ဆိုးရြားတာမ်ိဳးမရွိ။

ျကမ္းတမ္းတဲ့ အျပဳအမူေတြကို ျကယ္ကေလးက ခံစားနိုင္စြမ္းမရွိေတာ့ဘူးထင့္ မ်က္ရည္ေတြက ေရတံခြန္က ေရေတြ စီးက်သလို အရွိန္ေကာင္းေကာင္းျဖင့္ ပါးျပင္နုနုေပၚကို စီးက်လာေလျပီျဖစ္သည္။

ထိုစဥ္မွာပင္ ရိႈင္းရဲ႕အခန္းတံခါးက ၀ုန္းခနဲပြင့္လာကာ အခန္းအတြင္းကို ျသဂတ္စ္ ၀င္လာေလေတာ့သည္။ ျသဂတ္စ္ရဲ႕ေနာက္တြင္ေတာ့ ျသဂတ္စ္ရဲ႕ Pack မွ Werewolf မ်ားပါ လိုက္၀င္လာေလသည္။

သို႕ေသာ္ ထိုသူမ်ားက ရုတ္တရတ္ ျမင္လိုက္ရေသာ အေျခအေနေျကာင့္ ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိျက။

ထို႔အျပင္ Vampire မ်ိဳးႏြယ္စုဆိုသည္မွာ Werewolf ေတြကို လႊမ္းမိုးနိုင္ခဲ့တဲ့ မ်ိဳးႏြယ္စုတစ္စုျဖစ္ခဲ့သည့္အျပင္ မီးလွ်ံကို စြမ္းအားျကီး Hybrid တစ္ေယာက္ရဲ႕အနားကို အမိန္႔မပါဘဲ မကပ္ရဲျကေပ။

ျသဂတ္စ္ရဲ႕မ်က္နွာမွာ ေပါက္ကြဲလုလုနီးနီးမီးေတာင္တစ္ခုလို ဆူပြက္နီရဲေနေသာ မ်က္နွာျဖင့္ မ်က္လံုးမ်ားမွေဒါသမီးလွ်ံမ်ားက အလွ်ံညီးညီးတက္လ်က္ရွိေလသည္။

ျသဂတ္စ္က ကုတင္ေပၚက မီးလွ်ံနဲ႔ ရိႈင္းတို႔ရဲ႕ ရုန္းရင္းဆန္ခတ္ အျဖစ္အပ်က္ေတြကို သေဘာေပါက္သြားသည္ထင့္။ ခ်က္ခ်င္းပင္ ကုတင္အနားကိုေျပးလာကာ ရိႈင္းကို ခ်ဳပ္ကိုင္အုပ္မိုးထားေသာ မီးလွ်ံကို ေဒါသတျကီးဆြဲခ်ကာ အေ၀းကို လြင့္ထြက္သြားေအာင္ လုပ္ပစ္လိုက္သည္။

ရုတ္တရတ္ျဖစ္သြားတာေျကာင့္ မီးလွ်ံရဲ႕ခႏၶာကိုယ္သည္ ကုတင္ေပၚကေန လြင့္ထြက္ကာ နံရံနွင့္ အုန္းခနဲတိုက္မိသြားသည္။  Werewolf တစ္ေယာက္ရဲ႕အားျဖင့္ Vampire တစ္ေယာက္ကို ပစ္လိုက္ေသာ အားက ပတ္၀န္းက်င္တစ္ခုလံုးကို သိမ့္သိမ့္တုန္သြားသည္ပင္ ထင္ရေလာက္သည္။

မီးလွ်ံနွင့္ တိုိက္မိသြားေသာ အုတ္သားနံရံအထူျကီးသည္ပင္ အေတာ္ ခ်ိဳင့္၀င္သြားေလျပီျဖစ္သည္။ မီးလွ်ံလည္း ေနာက္ေက်ာက ေအာင့္ခနဲျဖစ္သြားရေလသည္။

ျသဂတ္စ္က ထိုမွ်နွင့္ပင္ မေက်နပ္နိုင္ေသးဘဲ မီးလွ်ံလဲက်သြားေသာ ေနရာကို လ်င္ျမန္ေသာ ေျခလွမ္းမ်ားျဖင့္ သြားကာ အက်ီစမွဆြဲကိုင္လိုက္ျပီး မ်က္နွာကို လက္သီးျဖင့္ ခြပ္ခနဲျမည္ေအာင္ပင္ ထိုးခ်လိုက္ေလေတာ့သည္။

"ပါပါး မလုပ္နဲ႔.. "

အလန္႔တျကားထြက္ေပၚလာေသာ ရိႈင္းရဲ႕တားဆီးသံ။

ရုတ္တရတ္ျဖစ္ေပၚလာေသာ အေျခအေနေတြကို ဘယ္သူမွနားမလည္နိုင္ေသး။

မီးလွ်ံသည္လည္း အထိုးခံလိုက္ရသျဖင့္ နာက်င္မႈေျကာင့္ ရုတ္တရတ္ဘာမွမတုန္႔ျပန္နိုင္။ လဲက်သြားရာမွ ျပန္လည္အားယူကာ ထထိုင္လိုက္ျပီး မိမိအား ရုတ္တရတ္ လက္သီးျဖင့္ လာထိုးသူကို ေမာ့ျကည့္လိုက္မိသည္။

ျသဂတ္စ္မ်က္လံုးမ်ားမွာ မီးတစ္၀င္း၀င္းေတာက္လ်က္ရွိသျဖင့္အျပင္ မ်က္နွာမွာလည္း ေဒါသျဖင့္ နီရဲေနလ်က္ရွိသည္။ မီးလွ်ံကို သတ္ပစ္ခ်င္ေနသည္ဆိုတာ မ်က္လံုးအျကည့္ေတြက အသိသာျကီး သိသာေနလ်က္။

လက္သီးတစ္ခ်က္ျဖင့္ ျသဂတ္စ္က မေက်နပ္နိုင္ေသး။ ေျကြရုပ္ေလးသဖြယ္ တယုတယထားခဲ့ရတဲ့ ရိႈင္းကို အထိခိုက္ျကီး ထိခိုက္ေအာင္ လုပ္ခဲ့သည့္အျပင္ကို လံုျခံဳေရး အျပည့္ခ်ထားသည့္ အိမ္ခန္းထဲအထိပါ ၀င္လာျပီး မတရား သိမ္းပိုက္ေနသည့္ အျဖစ္ကို ျမင္လိုက္ရတာဟာ မီးလွ်ံကို သတ္ပစ္လိုက္ဖို႔လံုေလာက္တဲ့ အေျကာင္းတရားတစ္ခု။

"လူယုတ္မာ... "

ျသဂတ္စ္က ေဒါသတျကီးေရရြတ္ျပီးေတာ့ ေနာက္တစ္ေခါက္ အက်ီစကို ဆြဲယူကာ လက္သီးရြယ္လိုက္သည္။ ဒီတစ္ခါကေတာ့ မီးလွ်ံကလည္း ျငိမ္မခံေနေတာ့။ မိမိအက်ီစကို ဆြဲကိုင္လာသူ ျသဂတ္စ္ကုိ ျပန္လည္တုန္႔ျပန္တိုက္ခိုက္မည့္ ဟန္ျပင္လိုက္ေလသည္။

"မလုပ္ျကပါနဲ႔.. "

ရိႈင္းက ကုတင္ေပၚက ခ်က္ခ်င္းေျပးဆင္းကာ ျသဂတ္စ္နွင့္ မီးလွ်ံတို႔နွစ္ေယာက္ျကားကို ေျပး၀င္လိုက္ျပီး မီးလွ်ံေရွ႕တြင္ လက္နွစ္ဖက္ဆန္႔ကာ ကြယ္ရပ္ရင္း ျသဂတ္စ္နွင့္ မ်က္နွာခ်င္းဆိုင္လိုက္သည္။

"ပါပါး.. မလုပ္ပါနဲ႔ ကၽြန္ေတာ္ေတာင္းပန္ပါတယ္.. "

ရိႈင္းက ျသဂတ္စ္ထံမွ မီးလွ်ံကို ကာကြယ္ေပးေနေသာ ပံုစံမ်ိဳး။

ျသဂတ္စ္ရဲ႕ရင္ထဲ စူးခနဲေအာင့္မ်က္သြားရသလို ရြယ္ထားမိေသာ လက္သီးဆုပ္ကလည္း ျပဳတ္က်သြားရေလေတာ့သည္။

မီးလွ်ံကို ကြယ္ရပ္ျပီးေတာ့ ျသဂတ္စ္ကို ေတာင္းေတာင္းပန္ပန္ေျပာေနသည့္ ရိႈင္းရဲ႕မ်က္လံုးျပာေလးေတြမွာ မ်က္ရည္ျကည္ေတြ ေ၀့သီေနဆဲျဖစ္သည့္အျပင္ကို ႏႈတ္ခမ္းေလးမွာ ေသြးစို႔ေနလ်က္ရွိသည္။ ပါးလြလြ အကီ်လက္ရွည္အနားစတစ္ဖက္တစ္ခ်က္ဆီတြင္ ျမင္ေနရေသာ  လက္ေကာက္၀တ္ေလးမွ ျကမ္းတမ္းစြာ ဆုပ္ကိုင္ျခင္းခံထားရေသာ အမွတ္အသားမ်ားျဖစ္သည့္ အညိဳအမည္းဒဏ္ရာမ်ား။

ျသဂတ္စ္ကို ျကည့္ေနေသာ ရိႈင္းရဲ႕အျကည့္မ်ားက ေတာင္းပန္တိုးလွ်ိဳးဟန္ေတြ အျပည့္၊ ခ်စ္သူကို ရဲရဲ၀ံ၀ံကာကြယ္ေပးလိုစိတ္ေတြ အျပည့္။

ျသဂတ္စ္အိမ္တြင္ရွိေနသည့္ကာလတစ္ေလွွ်ာက္လံုး ျသဂတ္စ္ဘယ္လိုဘဲ ျကိဳးစားျကိဳးစား အလင္းေရာင္ေတြ ေတာက္မေနတဲ့ ရိႈင္းက မီးလွ်ံကိုေတြ႔လိုက္တာနွင့္ ခႏၶာကိုယ္က အလင္းေရာင္ေလးေတြ ေတာက္ေနလ်က္။

ရိႈင္းရဲ႕ ထိုအျပဳအမူေလးတစ္ခုတည္းကပင္ ခႏၶာကိုယ္ရွိ အားအင္တစ္ခုလံုးကို ေပ်ာက္ပ်က္သြားေလာက္ေအာင္ထိကို ထိခ်က္ျပင္းသည္။

ဒီလို အေျခအေနမ်ိဳးမွေတာင္ ရိႈင္းသည္ မီးလွ်ံကိုသာ ကာကြယ္ေပးေနသည္။

ေပါက္ကြဲေနေသာ ေဒါသေတြက ျငိ္မ္၀ပ္သြားသည္လား ေပါက္ကြဲလြန္ျပီး အသည္းနွလံုးတစ္ခုလံုးျပာျဖစ္သြားသည္လားပင္ မသဲကြဲေတာ့ေပ။

ထို႔ေနာက္ အခန္းထဲက ဆူဆူညံညံအသံေတြေျကာင့္ နိကိုလပ္စ္နွင့္ သူ႔တပည့္သည္လည္း အလန္႔တျကားျဖင့္ ေျပး၀င္လာေလသည္။

နိကိုလပ္စ္သည္လည္း အခန္းထဲရွိ မီးလွ်ံ၊ ျသဂတ္စ္နွင့္ ရိႈင္းတို႔သံုးေယာက္ရဲ႕အေျခအေနကို ျကည့္ကာ ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိ။ ေဒါသမီးေတြ ေပါက္ကြဲလ်က္ရွိေသာ မီးလွ်ံႏွင့္ ျသဂတ္စ္၊ ျသဂတ္စ္ကို သနားစဖြယ္ေတာင္းပန္ျကည့္ျဖင့္ျကည့္လ်က္ရွိေသာ ရိႈင္း။

"ေတာက္... "

ရုတ္တရတ္ ေတာက္သံက်ယ္ျကီးတစ္ခ်က္ျကားလိုက္ရေလသည္။

ထိုအသံသည္ ျသဂတ္စ္အသံမွထြက္လာေသာ အသံ။ ေဒါသတျကီး မခ်ိတင္ကဲျဖင့္ ေပါက္ကြဲလာေသာအသံ။

ထိုေတာက္ေခါက္သံသည္ လက္ရွိပတ္၀န္းက်င္တြင္ရွိေသာ ျကက္ေသေသေနသူမ်ားကို သတိေပးလႈပ္ႏိႈးလိုက္သလိုျဖစ္သြားေလေတာ့သည္။

ဒီပံုစံအတိုင္းဆိုရင္ မီးလွ်ံတစ္ေယာက္ ျသဂတ္စ္ရဲ႕အင္အားကို လံုး၀ခုခံနိုင္မည္မဟုတ္ေပ။ စုန္းတစ္၀က္ Vampire တစ္၀က္ အင္အားျကီးေသာ Hybrid ျဖစ္ေသာ္ျငား အခုအခ်ိန္တြင္ေတာ့ ျသဂတ္စ္ရဲ႕ အင္အားကို လံုး၀ တြန္းလွန္နိုင္မွာမဟုတ္ေပ။

Werewolf ေတြအားလံုးက လႈပ္ရွားျခင္း မရွိျကေသးေသာ္လည္း ျသဂတ္စ္ရဲ႕ ႏႈတ္ထြက္္ အမိန္႔ကိုေစာင့္ေနျကသလိုမ်ိဳး အသင့္အေနအထားျဖင့္ရွိေနျကေလသည္။

ဒါေျကာင့္ ရိႈင္းသည္ ျသဂတ္စ္ဘက္ကို မ်က္နွာခ်င္းဆိုင္ေနရာမွ မီးလွ်ံဘက္ကို မ်က္နွာခ်င္းဆိုင္လိုက္ကာ မ်က္လံုးခ်င္းဆံုေအာင္ျကည့္ျပီး ေျပာလိုက္ေလသည္။

"Flame you should go.  Flame ခင္ဗ်ားသြားလိုက္ပါေတာ့.. ခင္ဗ်ားေသသြားလိမ့္မယ္.. ခင္ဗ်ားတကယ္လို႔ ျကယ္စြမ္းအင္ေတြ လိုအပ္တယ္ အလင္္းေရာင္ေတြ ေတာက္ဖို႔လိုအပ္တယ္ဆိုရင္ ခင္ဗ်ားကို္ယ္တိုင္ အလင္းေရာင္ေတြ ေတာက္စရာမလိုပါဘူး.. ခင္ဗ်ားအတြက္ ကၽြန္ေတာ္ ကိုယ္တိုင္အလင္းေရာင္ေတြ ေတာက္ေပးနိုင္ပါတယ္.. ( You don't have to shine , I will shine for you) . "

မီးလွ်ံကိုေမာ့ျကည့္ကာေျပာေနေလေသာ ရိႈင္းရဲ႕မ်က္လံုးေလးေတြမွာ ခံစားခ်က္မ်ိဳးစံု ေရာ ျပြန္းလ်က္ရွိေလသည္။

ေတာင္းပန္ျခင္း၊ ခြင့္လႊတ္ေပးဖို႔ေတာင္းဆိုျခင္းနွင့္ အတူ သိသာလြန္းေနသည္က မီးလွ်ံအေပၚထားေသာ ေလးနက္သည့္ ခ်စ္ျခင္းရဲ႕အရိပ္အေယာင္မ်ား။

စိတ္လြတ္သြားျပီး ခဏတာ မဆင္မျခင္ လုပ္လိုက္ျခင္းရဲ႕ေနာက္ကြယ္တြင္ ေနာင္တတရားတို႔ရွိမေနပါ။ မီးလွ်ံရဲ႕ရက္စက္ျခင္းခံရသူ ရိႈင္းအတြက္ နွလံုးသားမွယိုစိမ့္လာေသာ သနားျကင္နာျခင္းမ်ားသာ။

ေစာေစာက ျကမ္းတမ္းစြာျပဳမူေနခဲ့တုန္းကအခ်ိန္အထိ ေ၀ခြဲမရျဖစ္ေနခဲ့ေသာ မီးလွ်ံသည္ အခုအခ်ိန္မွေတာ့ ရွင္းရွင္းလင္းလင္း သိသြားျပီျဖစ္သည္။

မီးလွ်ံ ဆံုးျဖတ္ခ်က္တစ္ခုကို အခုအခ်ိန္မွာ ပိုင္ပိုင္နိုင္နိုင္ခ်လိုက္နိုင္ျပီျဖစ္သည္။

ေရြးခ်ယ္စရာနွစ္ခုတြင္ တစ္ခုခုကို ဆံုးရွံဳး ရမည္ဆိုရင္လည္း တူညီေသာ နာက်င္မႈကို ခံစားရမွာခ်င္းအတူတူ ကံျကမၼာကိုသာ ပံုအပ္ထားလိုက္ေတာ့မည္။ ကံျကမာရဲ႕အဆံုးအျဖတ္ကိုသာ နာခံပါေတာ့မည္။ နစ္နာသူကေတာ့ မီးလွ်ံကို ခြင့္လႊတ္ေပးမွာ ေသခ်ာေနတယ္ဆိုတာကို သိေနေသာေျကာင့္ပင္ျဖစ္သည္။

မိသားစုကို ဆံုးရွံဳးရမည္ဆိုရင္လည္း ရင္ကြဲရမည္ ။ ရိႈင္းတစ္ခုခုျဖစ္သြားမည္ဆိုရင္လည္း မီးလွ်ံရင္ကြဲရမည္ဆိုတာ ေသခ်ာေနသည္။

ဟုတ္သည္ ။ ရိႈင္းသာ တစ္ခုခုျဖစ္သြားလွ်င္ မီးလွ်ံ ရင္နာရမည္။ ဒီအေျကာင္းအရင္းကိုေသခ်ာသိေနေသာ္ျငား မီးလွ်ံ ဆက္မစဥ္းစားေတာ့ပါ။

ဘယ္လိုဘဲျဖစ္ျဖစ္ နစ္နာခဲ့ရသူ တစ္ဖက္အတြက္ မီးလွ်ံတစ္သက္လံုး အျပစ္ရွိသလုိ ခံစားေနကာ အေျကြးဆပ္မည္ျဖစ္ေသာေျကာင့္ပင္။

မီးလွ်ံက တစ္ဖက္ဖက္ကိုေရြးခ်ယ္ျခင္းမဟုတ္၊ ကံျကမာကိုေရြးခ်ယ္ခိုင္းျခင္းသာျဖစ္သည္။

မီးလွ်ံ ရိႈင္းကိုျကည့္လိုက္မိသည္။ မီးလွ်ံကိုေမာ့ျကည့္ေနေသာ ျကယ္ကေလးရဲ႕မ်က္၀န္းေလးေတြမွာ ခံစားခ်က္ေပါင္းစံုကို ရွာေဖြေတြ႔ရွိနိုင္သလို ရင္ထဲမွာလည္း တသိမ့္သိမ့္ျဖင့္ခံစားေနရသည္ကို သိေနသည္။  

"ခင္ဗ်ားသြားလိုက္ပါေတာ့ Flame ရယ္.. ခင္ဗ်ားေသသြားလိမ့္မယ္... ခင္ဗ်ားအတြက္ တစ္စံုတစ္ခုလိုအပ္တယ္ဆိုရင္ ကၽြန္ေတာ္ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရေအာင္ လုပ္ေပးမွာပါ.. စိတ္ခ်ပါ.. "

"ရပါတယ္.."

ေစာေစာက ျကမ္းတမ္းေနခဲ့ေသာ အေျခအေနနွင့္ လံုး၀ဆန္႔က်င္ဘက္ တည္ျငိိမ္ေအးေဆးစြာေျပာလာေသာ မီးလွ်ံရဲ႕စကားသည္ ရိႈင္းကို အံ့ျသေစသည္။

ခ်က္္ခ်င္းပင္ ျသဂတ္စ္ရဲ႕ဘက္ကို ျပန္လွည့္လုိက္ျပီး ျသဂတ္စ္ရဲ႕လက္နွစ္ဖက္ကို သူ႔ရဲ႕လက္ကေလးနွစ္ဖက္ျဖင့္ ခပ္ဖြဖြ ကိုင္ဆြဲကာ ေတာင္းေတာင္းပန္ပန္ေျပာရွာသည္။

"ပါပါး.. ကၽြန္ေတာ္ ေတာင္းပန္ပါတယ္ သူ႔ကို သြားခိုင္းလိုက္ပါ.. ကၽြန္ေတာ္တို႔ ဘာမွမျဖစ္ခဲ့ျကပါဘူး.. ေဖေဖ.. ေျပာေပးပါဦး.. "

ရိႈင္းက မ်က္ရည္ျကည္ေလးေတြ ေ၀့သီလ်က္ ေတာင္းပန္တာကို စိတ္ပ်က္လက္ပ်က္ျဖင့္ ျကည့္ေနေသာ လူသည္ ရိႈင္းရဲ႕ Godfather ဆိုသည့္ ျသဂတ္စ္ဆိုသည့္ werewolf alpha ဘဲျဖစ္မည္။ ရိႈင္းကိုျကည့္ေနတဲ့ မ်က္လံုးေတြရဲ႕ အဓိပၸာယ္က ဘာလဲဆိုတာကိုလည္း မီးလွ်ံ ေကာင္းေကာင္းဖတ္နိုင္ေလသည္။

ရိႈင္းက ျသဂတ္စ္အျပင္ နိကိုလပ္စ္ကိုပါ ကူညီခိုင္းေနသည္။

နိကိုလပ္စ္က တစ္ခြန္းမွ၀င္မေျပာဘဲ အေျခအေနကို အကဲခတ္ျကည့္ေနရာမွ ေနာက္ဆံုးေတာ့ ျသဂတ္စ္တို႔ ရပ္ေနရာ အနီးကို တိုးလာကာ ျသဂတ္စ္ကို ေဖ်ာင္းဖ်သလို ေျပာဆိုသည္။

"ကေလးက ဒီေလာက္ေတာင္းပန္ေနတာ သြားခိုင္းလိုက္ပါ.. မင္းသူ႔ကိုသတ္လိုက္လို႔ ဘာမွအက်ိဳးမရွိဘူးဆိုတာ သိရဲ႕သားနဲ႔.. "

နိကိုလပ္စ္က အဓိပၸာယ္ပါေသာ မ်က္လံုးမ်ားျဖင့္ျကည့္ျပီးေတာ့ ျသဂတ္စ္ကိုေျပာလိုက္ေလသည္။    

ရိႈင္းရဲ႕ခႏၶာကိုယ္မွအလင္းေရာင္ေတြ ေတာက္နိုင္ဖို႔နဲ႔ အစြမ္းေတြကို လႊဲေျပာင္းယူနိုင္ဖို႔အတြက္ မီးလွ်ံတစ္ေယာက္ အသက္ရွင္လ်က္ရွိေနသည္ဆိုေသာ သေဘာျဖစ္သည္။

ဒါကို ျသဂတ္စ္ကလည္း ေကာင္းေကာင္းသေဘာေပါက္ထားပါသည္။

ဒါေျကာင့္ စိတ္ကို အတတ္နိုင္ဆံုးေလွ်ာ့လိုက္ကာ မီးလွ်ံကို ေက်ာေပးရပ္ပစ္လိုက္သည္။ ထိုသူရဲ႕မ်က္နွာကို ထပ္ျကည့္ေနမိလွ်င္ ေနာက္ထပ္ သတ္ပစ္ခ်င္စိတ္ေတြ ထပ္ေပၚလာမွာစိုးေသာေျကာင့္ပင္ျဖစ္သည္။

ျသဂတ္စ္ေနာက္ကို လွည့္သြားတာနွင့္ ရိႈင္းက မီးလွ်ံရဲ႕လက္ကို အတင္းဆြဲကာ မီးလွ်ံ ၀င္လာခဲ့တဲ့ ျပတင္းေပါက္မွတဆင့္ အျပင္ကို အတင္းထြက္ခိုင္းေနသည္။

"Flame သြားလိုက္ပါေတာ့ ကၽြန္ေတာ္ ေတာင္းပန္ပါတယ္... "

ျပတင္းေပါက္နားတြင္ အခုထိမသြားေသးဘဲ ရိႈင္းကို နားလည္ရခက္ေသာ မ်က္လံုးမ်ားျဖင့္ျကည့္ေနသည့္ မီးလွ်ံေျကာင့္ ရိႈင္း ေနာက္တစ္ေခါက္သြားခိုင္းလိုက္ရျပန္ေလသည္။

မီးလွ်ံကေတာ့ ရိႈင္းကိုသာ တစ္ရိႈက္မက္မက္ျကည့္ေနေလသည္။ ေနာက္ဆံုးႏႈတ္ဆက္ေသာ အျကည့္မ်ိဳး။

လွည့္စားရက္သည္ဟု ရိႈင္းကို အျပစ္ဖို႔ခဲ့ေသာ္ျငား တကယ့္တကယ္တမ္းျကေတာ့ သူ႔ကို မထိခိုက္နိုင္တဲ့ မီးလွ်ံအတြက္ကေတာ့ ကံျကမၼာရဲ႕အဆံုးအျဖတ္ကိုခံယူရေတာ့မည္ျဖစ္တာေျကာင့္။

ရိႈင္းနွင့္ ဒီတစ္ေခါက္က ေနာက္ဆံုးအျကိမ္ေတြ႔တာလည္း ျဖစ္နိုင္တာေျကာင့္ တစ္ခါမွမျကည့္ခဲ့ဘူးေသာ အျကည့္မ်ိဳးျဖင့္ ျကည့္ေနမိတာျဖစ္သည္။

ရိႈင္းကလည္း မီးလွ်ံသူ႔ကို ျကည့္ေနေသာ အျကည့္ေတြေျကာင့္ နားမလည္ဟန္ မ်က္လံုးေလးျပဴးကာ ေမာ့ျကည့္ေနလ်က္။

အခန္းထဲရွိလူမ်ားအားလံုးရဲ႕အာရံုသည္လည္း ျပတင္းေပါက္နားတြင္ တစ္ဦးနွင့္တစ္ဦးစိုက္ျကည့္ကာ ျငိမ္သက္လ်က္ရွိေနျကေသာ မီးလွ်ံနွင့္ ရိႈင္းတို႔နွစ္ေယာက္ထံတြင္သာ စုျပံဳေရာက္ရွိေနျကလ်က္။

ထို႔ေနာက္ မီးလွ်ံက မထင္မွတ္ထားေသာ အျပဳအမူတစ္ခုကိုလုပ္လိုက္ေလသည္။

ရိႈင္းရဲ႕မ်က္နွာေပၚက က်ေနေသာ ေငြေရာင္ဆံႏြယ္ေလးေတြကိုဖယ္ရွားေပးျပီးေတာ့ နွဖူးျပင္ေလးကို နမ္းရိႈက္လိုက္ခ်င္းပင္ျဖစ္သည္။

နူးညံ့စြာ၊ ေလးနက္စြာ၊ ျမတ္နိုးစြာျဖင့္...။

ထိုအျပဳအမူဟာ ရိႈင္းရဲ႕ ခႏၶာကိုယ္က အနည္းငယ္ေသာ အလင္းေရာင္ေတြကို ၀ုန္းခနဲအင္အားျပင္းျပင္း အေရာင္ေတြ ထေတာက္ေစကာ အခန္းထဲရွိလူမ်ားအားလံုးပင္ ထိုအလင္းတန္းေတြရဲ႕ ဒဏ္ကို မခံနိုင္သျဖင့္ မ်က္လံုးမ်ားကို အသည္းအသန္မွိတ္ထားျကရေလသည္။

ရိႈင္းက ဘာဆိုဘာမွမသိလိုက္ဘဲ ျကက္ေသေသလ်က္ရွိေနရာမွ အလင္းေရာင္ေတြ ျပန္လည္ေမွးမွိန္သြားတဲ့ အခ်ိန္တြင္ေတာ့ အခန္းထဲတြင္ မီးလွ်ံရွိမေနေတာ့။

မီးလွ်ံလည္း ေပ်ာက္ကြယ္သြားသလိုပင္ ရိႈင္းသည္လည္း ေမွ်ာ္လင့္ထားခဲ့ျခင္းမရွိဘဲ ရုတ္တရတ္ အလင္းေရာင္ေတြ အရွိန္ျပင္းစြာ ေတာက္လာမႈေျကာင့္ ရင္ထဲက လွပ္ခနဲျဖစ္သြားကာ ရပ္တည္ျခင္းကာ မစြမ္းသာေတာ့ဘဲ ျကမ္းျပင္ေပၚကို ေခြခနဲလဲက်သြားေလေတာ့သည္။

ရိႈင္းလဲက်သြားသည္ကိုျမင္ေတာ့မွ ျသဂတ္စ္နွင့္ နိကိုလပ္စ္အပါအ၀င္ အခန္းထဲက လူမ်ားက ရိႈင္းလဲက်ရာေနရာကို ေျပးလာျကေလသည္။

ျသဂတ္စ္ကေတာ့ ေခြလဲက်သြားေသာ ရိႈင္းကိုေျပးထူးကာ စိုးရိမ္တျကီး ကုတင္ေပၚကို ေပြ႔ေခၚသြားသည္။ နိကိုလပ္စ္က ျပတင္းေပါက္မွတဆင့္ အျပင္ဘက္ကိုျကည့္လိုက္ေတာ့ မီးလွ်ံရဲ႕ အရိပ္အေယာင္ကို လံုး၀မျမင္ရေတာ့။

ျကယ္ကေလး ထိုမွွ်အလင္းေရာင္ေတြ ေတာက္လိုက္တာနွင့္ နွလံုးသားက မခံနိုင္ဘဲ လဲက်သြားတာ၊ မားကပ္စ္ကို ေသနိုင္ေလာက္တဲ့အထိ အလင္္းေရာင္ေတြ ေတာက္ရမည္ဆိုလွ်င္ ဘာျဖစ္သြားမလဲဆိုတာ မေတြးရဲေပ။ ဒါေျကာင့္ ရိႈင္းသည္ မီးလွ်ံကို လံုး၀မစြန္႔စားေစခ်င္တာဘဲျဖစ္သည္။

အခ်စ္ျကီးလြန္းေသာ သားျဖစ္သူအတြက္ နိကိ္ုလပ္စ္ ဘယ္လိုလုပ္လို႔လုပ္ရမွန္းပင္ မသိေတာ့..။

*********************************************************************************************************

အံု႔မိႈင္းလ်က္ရွိေသာ ရာသီဥတုနွင့္အတူ ေကာင္းကင္ေပၚတြင္ လ်င္ျမန္စြာေျပးလႊားေနေသာ မီးခိုးေရာင္ တိမ္တိုက္ျကီးေတြရဲ႕ အေျခအေနက မျကာခင္ ေလျပင္းမုန္တိုင္းမ်ား တိုက္ခတ္ေတာ့မည္ဆိုတာကို အခ်က္ေပးေနသလိုပင္ျဖစ္သည္။ 

ေလျပင္းအရွိန္ႏွင့္အတူ သစ္ကိုင္းအခ်င္းခ်င္းပြတ္တိုက္သံေတြေျကာင့္ ရိႈင္းတစ္ေယာက္ အခန္းထဲရွိ ကုတင္ေပၚတြင္အိပ္ေပ်ာ္ရန္ ျကိဳးစားေနေသာ္ျငား အိပ္လို႔မရနိုင္။

လြန္ခဲ့်သာႏွစ္ရက္က မီးလွ်ံျပန္သြားျပီးေနာက္ ရိႈင္းရဲ႕မ်က္လံုးထဲတြင္ တစ္၀ဲလည္လည္ျမင္ေနသည္က မီးလွ်ံရဲ႕ မ်က္နွာ။

တစ္စံုတစ္ခုကို စိုးရိမ္ေနေသာ မ်က္နွာ၊ အခက္အခဲတစ္ခုကို ရင္ဆိုင္ေနရတဲ့မ်က္နွာမ်ိဳး။

ထိုအခ်ိန္က ရုတ္တရတ္ျဖစ္ေပၚလာေသာ မီးလွ်ံရဲ႕အျပဳအမူေတြေျကာင့္ ရိႈင္းထူပူကာ ေသခ်ာ မစဥ္းစားလိုက္မိခဲ့ဘဲ အခုမွ ေခါင္းေအးေအးထားကာ ျပန္လည္စဥ္းစားေနမိတာျဖစ္သည္။

မီးလွ်ံတြင္ တစ္စံုတစ္ခုေသာ ျပႆနာျကံဳေတြ႔ေနရသည္။ ထိုျပႆနာသည္လည္း ရိႈင္းနွင့္ပတ္သက္ေသာ ျပႆနာတစ္ခု။ ဒါေျကာင့္သာ မီးလွ်ံရဲ႕ေရွ႕ကိုေနာက္ထပ္ေပၚမလာပါနဲ႔ဟု ေျပာခဲ့ေသာ ရိႈင္းရွိေနေသာ ေနရာထိ ေရာက္လာကာ မထင္မွတ္ထားေသာ အျပဳအမူမ်ားကို လုပ္ခဲ့ျခင္းသာ ျဖစ္ေပလိမ့္မည္။

ေတြးရင္းေတြးရင္းနွင့္ပင္ ရိႈင္းစိုးရိမ္စိတ္ေတြက ဒီေရတက္သည့္အလား တစ္ရိပ္ရိပ္တက္လာေလေတာ့သည္။ 

ထိုသို႔အေတြးေပါက္လာရင္းနဲ႔ပင္ ရိႈင္းတစ္ေယာက္ ကုတင္ေပၚတြင္ လွဲေနရာမွထထိုင္လိုက္သည္။ ထို႔ေနာက္ တစ္စံုတစ္ခုကို ဆံုးျဖတ္ခ်က္ခ်လိုက္ဟန္ျဖင့္ ကုတင္ေပၚကဆင္းလိုက္ကာ ေရခ်ိဳးခန္းထဲကို ၀င္ျပီးေရကို အျကာျကီးခ်ိဳးပစ္လိုက္သည္။ ထို႔ေနာက္ ဗီရိုထဲတြင္ရွိေသာ ျသဂတ္စ္ရဲ႕ အက်ီကို နွစ္ထပ္္ ထပ္္၀တ္လိုက္သည္။ ရိႈင္းရဲ႕ကိုယ္သင္းနံ႔ကို ဒီအိမ္ျကီးတြင္ရွိေနျကေသာ ျသဂတ္စ္ရဲ႕ Werewolf Beta မ်ား အနံမခံနိုင္ေအာင္ျဖစ္ေလသည္။ ကုတင္ေအာက္တြင္ ခ်ထားေသာ အ၀တ္ဖိနပ္ေလးကို စီးလိုက္ေလသည္။

ထို႔ေနာက္ အခန္း တံခါးကို ေသခ်ာ အသံမျကားေအာင္ဖြင့္လိုက္သည္။ ရိႈင္းရဲ႕လည္ပင္းတြင္ အျမဲမပ်က္ဆြဲထားေသာ Teleportation Jewel ေခၚ ပယင္းေက်ာက္လည္ဆြဲမွာ နိကိုလပ္စ္က သိမ္းသြားသျဖင့္ ရိႈင္းထံတြင္ရွိမေနေတာ့ပါ။

ရိႈင္းကို အိမ္ထဲတြင္ ျကိဳက္သည့္ေနရာသြားခြင့္ျပဳေသာ္လည္း ျခံျပင္ကို လွမ္းေမွ်ာ္ျကည့္ခြင့္ေတာင္ မေပးျကေပ။ အိမ္ထဲတြင္ လူတစ္ဦးတစ္ေယာက္ကိုမွမေတြ႔ရေသာ္လည္း ရိႈင္းအျပင္ထြက္ဖိို႔ျကိဳးစားလိုက္တိုင္း မထင္မွတ္ထားေသာ တစ္ေနရာရာမွ လူတစ္ေယာက္ထြက္လာကာ တားဆီးျခင္းခံရျမဲပင္ျဖစ္သည္။

ထိုမွ်အထိ တင္းတင္းျကပ္ျကပ္ေစာင့္ျကည့္ထားခံရမည့္ အေျခအေနေရာက္ေနျပီလား။

ရိႈင္းသည္ အိမျ္ကီးရဲ႕ေအာက္ထပ္ကိုဆင္းလာရင္းမွာပင္ ရိႈင္းကို အကြယ္တစ္ေနရာက မသိမသာ ေစာင့္ျကည့္ေနျကေသာ ျသဂတ္စ္ရဲ႕လူေတြကို ေတြ႔လိုက္ရေလသည္။ သို႕ေသာ္ ရိႈင္းက ခပ္တည္တည္ပင္ အိမ္ထဲမွာ ဟိုဒီေလွ်ာက္သြားေနတာျဖစ္သျဖင့္ ဘာမွမေျပာျကေပ။

ျသဂတ္စ္နွင့္ နိကိုလပ္စ္ကိုလည္း အိမ္တြင္မေတြ႔ရသျဖင့္ ရိႈင္းအတြက္ကေတာ့ အခ်ိန္ေကာင္းပင္။

ဒါေျကာင့္ ရိႈင္းသည္ နိကိုလပ္စ္ကိုေပးထားေသာ အခန္းထဲကို ၀င္သြားလိုက္သည္။ ထို႔ေနာက္ တစ္ခန္းလံုးကို ေမႊေနွာက္ကာ ရိႈင္းဆီက သိမ္းသြားေသာ ပယင္းေက်ာက္လည္ဆြဲကို ရွာေဖြေလေတာ့သည္။

စိတ္ထဲကလည္း နိကိုလပ္စ္ ထိုေက်ာက္ကို အျပင္ကိုယူမသြားပါေစနွင့္ ဟုဆုေတာင္းေနမိေလသည္။ ရိႈ္င္း ဒီအတိုင္းေတာ့ ေျခေတာက္ျဖင့္ ဒီအိမ္ထဲက ထြက္လို႔မရနိုင္ဘူးဆိုတာ သိေနတာေျကာင့္ပင္ျဖစ္သည္။

ရိႈင္းတစ္ေယာက္ တစ္ခန္းလံုးကို ပိုက္စိပ္တိုက္လိုက္ရွာေသာ္လည္း ရိႈင္းရဲ႕လည္ဆြဲကိုကား မေတြ႔ရေပ။

အခန္းထဲတြင္ေတာ့ နိကိုလပ္စ္ရဲ႕ ေမွာ္ပညာနွင့္ ဆိုင္ေသာ စာအုပ္တစ္ခ်ိဳ႔နွင့္ တျခား အေဆာင္လို႔ထင္ရေသာ ပစၥည္းမ်ားသာေတြ႔ရေလသည္။

သို႔ေသာ္ ရိႈင္းလက္မေလွ်ာ့ ဘဲထပ္ရွာသည္။ မေတြ႔။ ရိႈင္းထြက္ေျပးမွာ စိုးသျဖင့္ ထိုေက်ာက္ကိုေတာ့ ပစ္စလတ္္ခတ္ထားမွာ မဟုတ္ဘူးဆုိတာကိုေတာ့ သိေနေလသည္။

ရိႈင္း အခ်ိန္အေတာ္ျကာထိ ရွာတာေတာင္ မေတြ႔သျဖင့္ စိတ္ပ်က္လက္ပ်က္ အာခနဲ ညည္းညဴကာ ေခါင္းေပၚက ဆံပင္ေလးေတြကို ခပ္ျကမ္းျကမ္းပင္ ဆြဲဖြလိုက္ေလသည္။ သို႕ေသာ္ လက္ကို သတိလက္လြတ္ေအာက္ကို ျပန္ခ်မိေသာ အခ်ိန္တြင္ နံရံတြင္ ကပ္ထားေသာ Wall Lamp နဲ႔ လက္က တိုက္မိသြားေလသည္။

''အ''

ဒုတ္ခနဲတိုက္မိသြားေသာေျကာင့္ ရိႈင္းက မ်က္နွာေလးကို ရွံဳ႕မဲေနစဥ္မွာပင္ Wall Lamp ေဘးက နံရံတြင္ ေျခာက္ေပပတ္လည္ အေပါက္ကေလးတစ္ေပါက္ ေပၚလာသည္ကိုေတြ႔လိုက္ရေလေတာ့သည္။ ထုိအထဲက အံ၀ွက္လို ေနရာေလးတြင္ေတာ့ နိကိုလပ္စ္ရဲ႕ တန္ဖိုးျကီး Megical Amulet မ်ားနွင့္အတူ ရိႈင္းရဲ႕ ပယင္းေက်ာက္ေလးကိုပါ ေတြ႔လိုက္ရေလေတာ့သည္။

ျသဂတ္စ္ရဲ႕အိမ္အခန္းတိုင္းတြင္ ထိုသို႔ေသာ လွ်ိဳ႕၀ွက္ေနရာေလးေတြ ရွိသည္ထင္သည္။ ပထမဆံုးတစ္ေခါက္ ျသဂတ္စ္ရဲ႕အခန္းကိုေရာက္ခဲ့တုန္းကလည္း ျသဂတ္စ္က ရိႈင္းကို ထိုကဲ့သို႔ေသာ လွ်ိဳ႕၀ွက္ေနရာတြင္ ပုန္းခိုင္းခဲ့ဖူးသည္ကို မွတ္မိလိုက္ေလသည္။     

၀မ္းသာအားရပင္ ထိုအံ၀ွက္ေလးထဲမွ ပယင္းေက်ာက္ကို ယူလိုက္ျပီးေနာက္ အခ်ိန္ဆိုင္းမေနေတာ့ဘဲ ခ်က္ခ်င္းပင္ ထိုပယင္းေက်ာက္ေလးကို လက္နွစ္ဖက္မွာကိုင္ ရင္မွာအပ္ျပီး တစ္စံုတစ္ေယာက္ အမည္ကိုိ ရြတ္ဆိုလိုက္ေလေတာ့သည္။

*************************************************************************************************************

ရိႈင္း ေရာက္သြားသည္က ခါတိုင္းေရာက္ေနက် Nebbia ေတာအုပ္ထဲပင္။ ခဏခဏ ေရာက္ရလြန္းသျဖင့္ မ်က္စိမွိတ္ထားရင္ေတာင္ မီးလွ်ံရဲ႕အိမ္ကိုသြားလို႔ရေလာက္တဲ့ အေျခအေနအထိကို ဒီေျခာက္ျခားဖြယ္ေတာအုပ္ျကီးက ရိႈင္းအတြက္ေတာ့ ရင္းနွီးေနခဲ့တာ။

ခ်က္ခ်င္းပင္ မီးလွ်ံရွိေသာ ေနအိမ္ရွိရာကို အျမန္ေျပးလာခဲ့သည္။ မီးလွ်ံတစ္ေယာက္ သူ႔ရဲ႕အိမ္တြင္ရွိေနပါေစ ဆုေတာင္းရသည္။

ေလျပင္းေတြတိုက္ေနတာကို ဂရုမထားနိုင္။ စီးထားေသာ ဖိနပ္အပါးေလးနဲ႔ ျကမ္းတမ္းေသာ ေျမျပင္ကို နင္းကာ ေလွ်ာက္ေနရတာေျကာင့္ ဖိနပ္ခြာေလးလည္း ေပါက္ကာ ေျခဖ၀ါးတြင္ ေသြးေျခဥလို႔ေနျပီျဖစ္သည္။

နာက်င္မႈကို စိတ္ထဲမေရာက္နိုင္ ။ မီးလွ်ံကိုေတြ႔ခ်င္စိတ္ကသာ ျကီးစိုးေနလ်က္။

ေလျပင္းနွင့္အတူ ေတာအုပ္အတြင္းက ျမဴအုပ္ျကီးကလည္း ထုထည္ျကီးမားလို႔လာေလျပီျဖစ္သည္။ တအိအိျပိဳက်ေတာ့မတတ္ျဖစ္ေနသည့္ တိမ္တိုက္ျကီးက ခ်က္ခ်င္းပင္ ေျမျကီးေပၚကို ျပဳတ္က်ေတာ့မေယာင္။

လ်င္ျမန္စြာေျပးလႊားေနေသာ ေျခလွမ္းေတြက ေတာအုပ္အလယ္တြင္ တစ္သီးတစ္သန္႔တစ္ထီးတည္းျဖစ္္ေနေသာ မီးလွ်ံရဲ႕အိမ္ျကီးကို ျမင္လိုက္ရခ်ိန္မွာ ေျခလွမ္းတို႔က ခဏရပ္တန္႔သြားရေလျပီ။ အသက္ရွဴရပ္မတတ္ေမာဟိုက္ေနတာကို ခဏသက္သာေစရန္အလိုငွာ ထင္းရွဴးပင္တစ္ပင္ကို လက္ေထာက္ျပီး ခဏအေမာေျဖေနမိသည္။

ေျခလွမ္းဆယ္လွမ္းခန္႔အကြာေလာက္တြင္သာ ရွိေတာ့သည္မို႔ အိမ္ျကီးထဲကိုလည္း မ်က္လံုးတို႔ကို အလုပ္ေပးျပီးေတာ့ မီးလွ်ံရဲ႕ အရိပ္အေျခကို ျကည့္မိေလသည္။

ထိုစဥ္မွာပင္ ျခံထဲက အေျပးထြက္လာေသာ မီးလွ်ံနွင့္ လယ္ရီကို ေတြ႔လိုက္ရေလသည္္။

မီးလွ်ံက အေရွ႕က အလ်င္စလို ေျပးထြက္လာျခင္းျဖစ္ကာ လယ္ရီက အလန္႔တျကားျဖင့္ ေနာက္က လိုက္တားေနျခင္း။ တစ္စံုတစ္ခုေသာ ျပႆနာျဖစ္ေနတယ္ဆိုတာကို သိလိုက္မိျပီး ခ်က္ခ်င္း မီးလွ်ံေရွ႕ကို ေျပးသြားေတာ့မည္လုပ္ေနေသာ ရိႈင္းရဲ႕ေျခလွမ္းေလးေတြကို တုန္႔ခနဲရပ္လိုက္မိကာ ထင္းရွဴးပင္ျကီးရဲ႕ေနာက္ကြယ္တြင္ ပုန္းရပ္လိုက္ျပီး အရိပ္အေျခကို ျကည့္ေနမိေလသည္။

ေျခလွမ္းဆယ္လွမ္းခန္႔အကြာတြင္ ရွိေနေသာေျကာင့္ နွစ္ေယာက္ေျပာေနျကေသာ အသံေတြကို အတိုင္းသားျကားေနရေလသည္။ သို႕ေသာ္ ေလျပင္းေျကာင့္ သစ္ကိုင္းအခ်င္းခ်င္းပြတ္တိုက္သံေတြက တစ္ခ်က္တစ္ခ်က္ ေနွာင့္ယွက္ေနတတ္သျဖင့္ ပီပီသသမျကားရ။

"မီးလွ်ံ.. ခင္ဗ်ား ေသခ်ာစဥ္းစားဦးေနာ္.. ခင္ဗ်ားဆံုးျဖတ္ခ်က္ျကီးက နွစ္ဖက္စလံုးကိုလည္း ဆံုးရွံဳးသြားနိုင္တယ္ဆိုတာ.. "

ျခံျပင္ကို ေရာက္ေနျပီျဖစ္ေသာ မီးလွ်ံရဲ႕ပုခံုးကို အတင္းဆြဲျပီး လွမ္းတာကာ စိုးရိမ္တျကီး တားဆီးေသာ လယ္ရီရဲ႕အသံ။

ရိႈ္င္းရဲ႕မ်က္ေမွာင္ေလးေတြ ကုတ္သြားျပီး ေသခ်ာနားစိုက္ေထာင္ေနမိေလသည္။ လယ္ရီရဲ႕စကားနွင့္ မီးလွ်ံရဲ႕မ်က္နွာအမူအယာတြင္ ျမင္ေနရေသာ စိတ္ေစာေနဟန္ အရိပ္အေယာင္ေတြက ေသခ်ာေပါက္ကို မီးလွ်ံတြင္ ျပႆနာတစ္စံုတစ္ခုျဖစ္ေနျပီဆိုတာကို ေဖာ္ျပေနသေယာင္။

"နွစ္ဖက္စလံုးကို ကာကြယ္နိုင္ဖို႔ဆိုတာ လံုး၀မျဖစ္နုိင္ဘူး.. တစ္ဖက္ဖက္ကိုလည္း ေရြးခ်ယ္ဖို႔ခက္ခဲေနတယ္ ဆိုရင္ ကံျကမၼာရဲ႕အဆံုးအျဖတ္ကိုဘဲ ျကည့္ရမွာ မဟုတ္ဘူးလား.. "

လယ္ရီရဲ႕ စိတ္ပ်က္လက္ပ်က္ျဖင့္ က်စ္ခနဲဆုပ္သပ္သံကို ျကားလိုက္ရေလသည္။

"ခင္ဗ်ား ေကာင္ေလးကို ေသေသခ်ာခ်ာဖြင့္ေျပာျပီး ခင္ဗ်ားတို႔နွစ္ေယာက္ ပူးေပါင္းလိုက္ရင္ရျပီကို .. "

"သူကိုယ္တိုင္ကိုက ငါ့ကို သူ႔အစြမ္းေတြ မေပးနိုင္ဘူးလို႔ေျပာေနတာကို.. ငါ အတင္းအျကပ္ယူပစ္လိုက္ဖို႔ထိ စိတ္ရိုင္းေတြ ျဖစ္လာခဲ့ဖူးတယ္.. ဒါေပမယ့္.. ဒါေပမယ့္.. ငါသူ႔မ်က္နွာကို ျမင္ျပီးေတာ့ ငါမလုပ္နိုင္ခဲ့ဘူး.. "

လယ္ရီေနာက္တစ္ျကိမ္ စိတ္ပ်က္လက္ပ်က္ေခါင္းခါလိုက္မိျပန္ျပီျဖစ္သည္။

"ခင္ဗ်ားမွာျဖစ္ေနတဲ့ အခက္အခဲကို ေကာင္ေလးကို ပြင့္ပြင့္လင္းလင္းေျပာလိုက္ရင္ ခင္ဗ်ားကို သူမလုပ္ေပးဘူးဆိုရင္ က်ဳပ္ဇာတ္ေတာင္ အျဖတ္ခံပါတယ္ ဗ်ာ.. သူမေပးဘူးဆိုတာကလည္း သူ႔မွာ ဘာအခက္အခဲ ရွိေနလို႔လဲမွမသိတာ.."

အပင္အကြယ္တြင္ ေခ်ာင္းနားေထာင္ေနေသာ ရိႈင္းက ေျပာေနေသာ အေျကာင္းအရာေတြထဲမွ ရိႈင္းရဲ႕အေျကာင္းေတြ ပါလာျပီျဖစ္သျဖင့္ ပိုျပီးေတာ့ပင္ အာရံုစိုက္နားေထာင္ေနမိေလသည္။

"အဲ့ဒါေျကာင့္.. ငါတစ္ေယာက္တည္း ဘဲ ရင္ဆိုင္ဖို႔ ဆံုးျဖတ္လိုက္တာေပါ့.. ေျပာေနတာျကာတယ္... ငါ ေနာက္က်ေနျပီ.. ငါအရင္ကတည္းက မင္းကို အကူအညီေတာင္းထားတဲ့အတိုင္းဘဲ .. တကယ္လို႔မ်ား .. ငါတစ္ခုခု ျဖစ္သြားခဲ့ရင္ မင္းခ်ာတိတ္ကိုေစာင့္ေရွာက္ေပးကြာ..."

မီးလွ်ံက စကားစကို ျမန္ျမန္ျဖတ္ခ်ကာ ေတာထဲကို လွ်ပ္စီးကဲ့သို႔  လ်င္ျမန္ေသာ အဟုန္ျဖင့္ ေျပးထြက္သြားရင္ ေတာအုပ္အတြင္းသို႔ ၀င္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္။

လယ္ရီကသာ ေခါင္းတစ္ခါခါျဖင့္ စိတ္မခ်ိမသာ ဟန္မ်က္နွာျဖင့္ က်န္ခဲ့ေလေတာ့သည္။ ထိုစဥ္ သစ္ပင္အကြယ္ေတြ ေခ်ာင္းနားေထာင္ေနေသာ ရိႈင္းက ရုတ္တရတ္ သစ္ကုိင္းေခ်ာက္တစ္ခုကို နင္းမိသြားသျဖင့္ ခၽြတ္ခနဲ အသံထြက္သြားရာမွ နားပါးေသာ လယ္ရီက အသံျကားရာကို မ်က္လံုးကေရာက္လာေလသည္။

"ဘယ္သူလဲ .. ထြက္လာခဲ့.. "

Vampire အသြင္ေျပာင္းကာ ေမးလာေလေသာ လယ္ရီေျကာင့္ ရီႈင္းလည္း ဆက္ပုန္းမေနေတာ့ဘဲ သစ္ပင္ေနာက္က ထြက္လာကိုယ္ေယာင္ျပလိုက္ေလေတာ့သည္။

"ေကာင္ေလး.. "

ရိႈင္းကို ျမင္ေတာ့ လယ္ရီက အံ့ျသသြားဟန္တူသည္။

"မင္း.. မင္း ဘယ္လိုလုပ္ျပီးေရာက္လာတာလဲ ေကာင္ေလး.. မင္းကို Werewolf Alpha ကေနအိမ္အက်ယ္ခ်ဳပ္နဲ႔ေစာင့္ေရွာက္ထားတယ္ထင္ေနတာ.. "

လယ္ရီေမးလာေသာ စကားကို ရိႈင္း ျပန္မေျဖနိုင္။ စိတ္ေစာစြာျဖင့္ပင္ သိခ်င္ေနေသာ ေမးခြန္းတစ္ခုကို စိတ္ေစာစြာျဖင့္ ေမးလုိက္မိသည္။

"Flame ဘာျဖစ္ေနတာလဲ.. ကၽြန္ေတာ့္ကို ေျပာျပပါ.. သူ႔မွာ ျပႆနာ တစ္ခုခုရွိေနတယ္ မလား.. မားကပ္စ္တို႔က ကၽြန္ေတာ္နဲ႔ပတ္သက္ျပီး သူ႔ကို တစ္ခုခု ျခိမ္းေျခာက္ထားတယ္ မလား.. သူအခု ဘယ္ကိုသြားတာလဲ.. "

"ခဏေလး..စိတ္ေအးေအးထားေကာင္ေလး.."

မီးလွ်ံတြင္ ျပသနာ တစ္စံုတစ္ခုျဖစ္ေနျပီး ထိုျပႆနာကို ေျဖရွင္းဖို႔ထြက္သြားျပီျဖစ္ေသာ မီးလွ်ံကို ျမင္လိုက္ရတာေတာင္ စိတ္ေအးေအးထားခိုင္းေနေသးေသာ လယ္ရီေျကာင့္ ရိႈင္း စိတ္တိုသြားမိသည္။

"ဘယ္လိုလုပ္ စိိတ္ေအးေအးထားလို႔ရမွာလဲ.. သူ႔မွာျပႆနာ တစ္ခုခုျဖစ္ေနတာ သိေနတာကို "

ရိႈင္းအသံက်ယ္က်ယ္ျဖင့္ပင္ ေအာ္လိုက္မိသည္ထင္သည္။ လယ္ရီက ရိႈင္းရဲ႕ပုခံုးတစ္ဖက္ကို အားေပးလိုဟန္ျဖင့္ ဆုပ္ကိုင္ကာ ေျပာေလသည္။

"သူအခု မားကပ္စ္တို႔နဲ႔ အေပးအယူလုပ္ဖို႔ သြားေနတာေကာင္ေလး.."

လယ္ရီရဲ႕ စကားေျကာင့္ ရိႈင္းရဲ႕မ်က္လံုးေလးမ်ား ျပဴးက်ယ္၀ိုင္းစက္ကာ ထိတ္လန္႔သြားရေလျပီ။

"အေပးအယူ.. ဟုတ္လား .. ဘာအေပးအယူလဲ.. "

လယ္ရီက အျကံအိုက္ဟန္ျဖင့္ ဘာမွျပန္မေျဖေသး။ မီးလွ်ံက ဘာဆိုဘာမွမေျပာပါနဲ႔ဟု မွာသြားခဲ့ေသာေျကာင့္ပင္ျဖစ္သည္။

"ဘာအေပးအယူလုပ္တာလဲလို႔ေမးတယ္ေလဗ်ာ.. "

ရိႈင္းရဲ႕အသံေလးေတြက ပိုက်ယ္လာျပီး ေဒါသသံေလးပင္ ျဖစ္လာျပီျဖစ္သည္။ မ်က္လံုးေလးေတြမွာလည္း မ်က္ရည္ျကည္ေတြ ေ၀့သီလ်က္ရွိေနျပီျဖစ္သည္။

လယ္ရီိက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

"မီးလွ်ံရဲ႕မိသားစုက အသက္မေသဘဲ အေခါင္းထဲမွာအခ်ဳပ္ခံထားရျပီး မားကပ္စ္ရဲ႕လက္ထဲမွာ ေရာက္ေနတယ္ ေကာင္ေလး.. "

"ဗ်ာ.. "

ရိႈင္းရဲ႕မ်က္လံုးေလးေတြက အံ့ျသမႈျဖင့္ ၀ိုင္းခနဲ။

"မားကပ္စ္က သူ႔မိသားစုကို အသက္မေသဘဲ အေကာင္းအတိုင္း ျပန္လိုခ်င္ရင္ ျကယ္ေလးကို သူ႔လက္ကို အပ္ရမယ္လို႔ ျခိမ္းေျခာက္တယ္ေကာင္ေလး.. "

ရုတ္တရတ္ျကားလိုက္ရေသာ မိုးျခိမ္းသံအက်ယ္ျကီးက ရိႈင္းရဲ႕ ေခါင္းထဲကို ပစ္လႊတ္လိုက္သလိုပင္။

"အဲ့ဒါ မီးလွ်ံက သူ႔မိသားစုကိုလည္း အဆံုးရွံဳးမခံနိုင္.. မင္းကိုလည္း သူဒုကၡမေပးရက္လို႔ဆိုျပီး မားကပ္စ္ကို သူတစ္ေယာက္တည္း သြားတိုက္မယ္ဆိုျပီး ထြက္သြားေလရဲ႕.. "

ျကားလိုက္ရေသာ အေျကာင္းအရာက ရိႈင္းကို နွလံုးခုန္ရပ္တန္႔မတတ္ ထိတ္လန္႔သြားေစသည္။ မားကပ္စ္လို စုန္းကေ၀မ်ိဳးကို တစ္ေယာက္တည္း သြားရင္ဆိုင္ဖို႔ ဆံုးျဖတ္ရဲေသာ မီးလွ်ံသည္ အရမ္းကို ရူးမိုက္ေသာ ဆံုးျဖတ္ခ်က္ကို ခ်လုိက္တယ္ဆိုတာ သူကိုယ္တိုုင္ပင္ သိပါရဲ႕လားမသိ။

ရိႈင္းတစ္ေယာက္စိတ္ပ်က္လက္ပ်က္ ေတြးေနစဥ္မွာပင္ လယ္ရီက သတိအေနအထားျဖင့္ ေျပာလာေလသည္။

"ေကာင္ေလး ဒီေနရာကို Werewolf ေတြလိုက္လာျကျပီထင္တယ္.. ငါေျခသံေတြ ျကားေနရတယ္.. "

လယ္ရီက တစ္စံုတစ္ခုကို အာရံုစူးစိုက္နားေထာင္ေနကာ ရိႈင္းကို ေျပာလိုက္တာျဖစ္သည္။ 

ျသဂတ္စ္တို႔ ရိႈင္းေပ်ာက္သြားသျဖင့္ ခ်က္ခ်င္းလိုက္လာျကဟန္တူသည္။ ရိႈင္းအတြက္ သြားစရာေနရာသည္ ဒီေနရာတစ္ခုတည္းသာရွိသျဖင့္ အခ်ိန္တိုအတြင္းမွပင္ ဆိုက္ဆိုက္ျမိဳက္ျမိဳက္ေရာက္လာနုိင္တာ အဆန္းမဟုတ္။

ရိႈင္းက ဆံုးျဖတ္ခ်က္တစ္ခုကို ပိုင္ပိုင္နိုင္နိုင္ပင္ခ်လိုက္ကာ လယ္ရီကိုေမးလိုက္သည္။

"Flame က မားကပ္စ္တို႔ဆီသြားတာ ေသခ်ာတယ္ေနာ္.. "

"ေသခ်ာတယ္.. မင္းဘာလုပ္မလို႔လဲေကာင္ေလး... "

လယ္ရီက နားမလည္နိုင္ဟန္ေမးတာကို ရိႈင္းက ပိုင္နုိင္စြာျဖင့္ ေျဖလိုက္သည္။

"ကၽြန္ေတာ္ သူတို႔ဆီကို လိုက္သြားမလို႔.. "

ဒီတစ္ေခါက္ မ်က္လံုးေတြျပဴးက်ယ္ ၀ိုင္းစက္သြားရသည္က လယ္ရီျဖစ္သြားေလသည္။ ်

"ဟာ..ေကာင္ေလး မင္းမားကပ္စ္ဆိုတာ ဘယ္လိုစုန္းကေ၀မ်ိဳးလည္း သိရဲ႕သားနဲ႔.. "

ရိႈင္းက တစ္ခ်က္ႏႈတ္ခမ္းတြန္႔ရံုျပံဳးျပလိုက္ျပီး ျပန္ေျဖလိုက္သည္။

"သိတယ္.. ဒါေျကာင့္ ကၽြန္ေတာ္လိုက္သြားမွာ.. "

ထိုသို႔ေျပာေနစဥ္အတြင္းမွာပင္ ျသဂတ္စ္ဦးေဆာင္ေသာ Werewolf Pack ျကီးတစ္ခုလံုးနီးပါးက ရိႈင္းနွင့္ လယ္ရီတို႔ ရပ္ေနရာ ေနရာအတြင္းကိုေရာက္လာျကေလသည္။

"ေကာင္ေလး.. မင္း မဟုတ္တာေတြ ေလွ်ာက္မလုပ္နဲ႔ .. မင္းသူတို႕နဲ႔ဘဲ ျပန္လိုက္သြားတာေကာင္းမယ္.. "

လယ္ရီစကားကို ရိႈင္းက ေခါင္းေလးကို ခါရမ္းလိုက္ကာ ျငင္းဆန္လိုက္သည္။

ျသဂတ္စ္က ေဒါသမ်က္လံုးေတြျဖင့္ ရိႈင္းရဲ႕အနားကို ေလွ်ာက္လာေလသည္။

"ရိႈင္း .. မင္း မဟုတ္တာေတြ ေတြးျပီး ေလွ်ာက္မလုပ္နဲ႔.. ငါမင္းကို တစ္သက္လံုးမုန္းေနမွာ.. "

ျသဂတ္စ္ရဲ႕ ေဒါသျဖင့္လွမ္းေျပာလိုက္ေသာ စကားေျကာင့္ ရိႈင္းရဲ႕ရင္ဘတ္ထဲတြင္ စူးခနဲေအာင့္သြားရေသာ္လည္း ရိႈင္း မိမိရဲ႕ဆံုးျဖတ္ခ်က္ကိုမူ လံုး၀ ျပင္ဖို႔ စိတ္ကူးမရွိပါ။

မီးလွ်ံ ရိႈင္းေျကာင့္ ဒုကၡေရာက္ေနသည္။ မိသားစုနဲ႔ နွစ္ေပါင္းမ်ားစြာ ေ၀းကြာခဲ့ရသျဖင့္ သူဘယ္ေလာက္ထိ စိတ္ထိခိုက္စြာ တစ္ကိုယ္တည္း ျဖတ္သန္းခဲ့ရတယ္ဆိုတာ သိခဲ့သည္။ ဒါေျကာင့္ သူ႔မိသားစုကို ရိႈင္းေျကာင့္ေနာက္ထပ္ ဒုကၡမေရာက္ေစခ်င္ေတာ့ပါ။

ရိႈင္းခ်စ္တဲ့လူကို အေကာင္းဆံုးေတာ့ တစ္ခုခုလုပ္ေပးလိုက္ခ်င္သည္။ ဒါသည္ မီးလွ်ံအေပၚ ရိႈင္းလိမ္ညာခဲ့မိတဲ့ အျပစ္ကို ေပးဆပ္ျခင္း။ 

ထိုသို႔ဆံုးျဖတ္လိုက္ျပီး ရိႈင္းက အနားကို လ်င္ျမန္စြာ လွမ္းလာေနေသာ ျသဂတ္စ္ဘက္ကို လွည့္ကာ ေျပာလိုက္သည္။

"ေတာင္းပန္ပါတယ္ ပါပါး.. ကၽြန္ေတာ့္ကို မုန္းခ်င္ရင္လည္း မုန္းလိုက္ပါေတာ့.. ဒါမွမဟုတ္လည္း ပါပါးစကားနားမေထာင္မိတဲ့ အျပစ္ကို ကၽြန္ေတာ္ ေနာက္ဘ၀မွဘဲ ျပန္ဆပ္ပါ့မယ္..  "

ရိႈင္းက ထိုသို႔ေျပာလိုက္ျပီး လည္ပင္းက ပယင္းေက်ာက္ကို လ်င္ျမန္စြာ ထုတ္ယူကာ Flame ဟုေရရြတ္လိုက္သည္။

"မလုပ္နဲ႔.. "

ျသဂတ္စ္က ရိႈင္းရဲ႕ ရည္ရြယ္ခ်က္ကို ရိပ္မိသြားျပီး ေျခလွမ္းတို႔ကို အရွိန္ျမွင့္ကာ  ရိႈင္းကို တားဆီးရန္ ေျပးလာပါေသာ္လည္း မမွီေတာ့။

ျသဂတ္စ္ကို ေတာင္းပန္ျကည့္ျဖင့္ ျကည့္ေနေသာ ရိႈင္းသည္ လ်င္ျမန္စြာပင္ အလင္းစက္ေလးမ်ားျကား ေပ်ာက္ကြယ္သြားေလျပီ။

"အား... "

၀ုန္း..

အခ်ိန္နည္းနည္းေလး လိုအပ္သြားေသာေျကာင့္ ျသဂတ္စ္ ရိႈင္းကို မတားဆီးလိုက္နိုင္ခဲ့သျဖင့္ ေဒါသေတြ ေပါက္ကြဲထြက္ကာ ေအာ္ဟစ္လိုက္မိျပီး မ်က္စိေရွ႕က ထင္းရွဴးပင္ျကီးကို လက္သီးျဖင့္ လဲျပိဳသြားသည္အထိ ထိုးခ်လိုက္မိသည္။

လယ္ရီကေတာ့ စိတ္မေကာင္းျခင္းျကီးစြာျဖင့္ပင္ ေခါင္းကိုသာ ခါရမ္းေနမိသည္။

အေျခအေနက ဆိုးရြားေသာ အေနအထားကို ေရာက္ေနေလျပီ။ ထိုထက္ပိုျပီး ဆိိုးရြားေသာ အေျခအေနကိုမေရာက္ပါေစနွင့္ ဟုသာ လယ္ရီဆုေတာင္းေနမိေလသည္။

အခုေတာ့ ျကယ္ကေလးေပ်ာက္ကြယ္သြားတဲ့ ေတာအုပ္ျကီးက ျမဴအုပ္ျကီးေတြ ရဲ႕ ၀ါးျမိဳျခင္းကို ခံလိုက္ရသည့္အလား အရာအားလံုးက ေမွာင္မိုက္ကာ မသည္းကြဲေသာ အေနအထားျဖင့္ ေျခာက္ျခားစရာျဖစ္လ်က္က်န္ခဲ့ေလေတာ့သည္။

*******************************************************************************************************************

Author's Note

Comment ေတြကို ႏွစ္ပိုင္းစာေပါင္းၿပီး ေနာက္အပိုင္းသစ္တင္မွ reply မယ္ေနာ္

အခုတေလာ update ကရက္ေတြအရမ္းျခားၿပီး အခ်ိန္လည္း မမွန္ေတာ့တဲ့အတြက္လည္း ခြင့္လႊတ္ပါ။

Uni Student ေတြလည္း စာေမးပြဲနီးလာၿပီမို႔ စာက်က္ၾကပါလို႔ ။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.3M 83.1K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...
262K 21.5K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024