စွန်
By HunnieMon
53K 5.4K 605
လွန်၏နောက်ဆက်တွဲအချစ်စာမျက်နှာများ More
{1}
{2}
{4}
{5}
{6}
{7}
{8}
{9}
{10}
Not April Fool
{11}
{12}
{13}
{14}
To Heaven ficbook
ဇာတ်ပေါင်းခန်း (သို့) ဇာတ်သိမ်းခန်း
{3}
3.5K 412 39
By HunnieMon
"လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကပေါ့~~
သူတို့သားအမိနှစ်ယောက် ခရီးတိုလေးတခုထွက်ကြတယ်
အင်းးး ဆရာသိသလောက်တော့ ကောင်လေးစိတ်အပြောင်းအလဲဖြစ်အောင် သူ့အမေက သွားဖို့စီစဉ်တာ
ကောင်လေးကိုယ်တိုင်မောင်းလာတဲ့ကားက စည်းကမ်းမရှိမောင်းလာတဲ့ Truck ကားတစ်စီးနဲ့တိုက်မိပြီး accident အကြီးကြီးဖြစ်သွားတယ် ကံမကောင်းစွာပဲ အဲ့ကလေး အမေက ပွဲချင်းပြီးဆုံးသွားရှာတယ်"
"ဒီကောင်လေးလဲ coma ဖြစ်နေတာတနှစ်လောက်နေမှ သတိရလာတာ အခုအခြေအနေကတော့ အားလုံးမြင်တဲ့အတိုင်းပဲ သူ့အတိတ်ကိုလဲရေရေရာရာမမှတ်မိတော့ဘူး သူသတိရရချင်းမှတ်မိတဲ့ သူအတွယ်တာဆုံး သူ့အမေကလဲသူ့ဘေးမှာမရှိတော့ဘူး သူ့နားမှာ သူလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးမှာအားကိုးစရာ တယောက်ဆို တယောက်မှမရှိဘူး အဲ့တော့ စိတ်အားငယ်နေတဲ့လူနာတယောက်အနေနဲ့ depression ထပ်ဝင်တယ် အရင်ကဆို သူ့ကိုယ်သူမကြာခဏ ထိခိုက်အောင်လုပ်တယ် အခုတော်တော်ပြန်ကောင်းလာတာလို့ဆိုရမယ် ဒါပေမယ့်သူလူတွေကိုကြောက်နေသေးတယ်"
နားထဲထပ်ခါထပ်ခါပြန်လည်ကြားယောင်မိနေတဲ့ ဆေးရုံအုပ်ကြီးရဲ့ Han အကြောင်းရှင်းပြသံတွေက ကျွန်တော့်စိတ်ထဲနောင်တ တရားတွေကို တဖြေးဖြေးချင်းဆွဲယူလာစေတယ် ကျွန်တော် Han ကိုလက်လွတ်စပယ်ပစ်ထားခဲ့မိတယ်
တခါလေးတောင်ယောင်လို့ Han အကြောင်းမစုံစမ်းခဲ့မိဘူး
တကြိမ်လေးတောင်ယောင်လို့ အလွတ်ရနေတဲ့ Han ဖုန်းနံပတ်ကိုမဆက်သွယ်ခဲ့မိဘူး
တစွန်းတစလေးတောင် မကြားခဲ့ရတဲ့ Han သတင်းတွေကိုသတိရပါချည်ရဲ့ လွမ်းဆွတ်လှပါချည်ရဲ့ဆိုပြီး Han ကိုလိုက်ရှာခဲ့ခြင်း အဝေးကပဲဖြစ်ဖြစ်စောင့်ကြည့်နေခဲ့ခြင်းတွေမလုပ်ခဲ့ဘူး
ကျွန်တော့်အတ္တတခုထဲအတွက် မဟုတ်ဘူး ဘာမဟုတ်တဲ့ ကျွန်တော့်ရဲ့ရူးကြောင်ကြောင်အတွေးတွေအတွက်နဲ့ ကိုယ်လွတ်ရုန်းသလို Han ကိုထားရစ်ခဲ့ပစ်တာ
ကျွန်တော်သိပ်တကိုယ်ကောင်းဆန်လွန်းခဲ့တာပဲ
ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်ကျောင်းစာတွေ အလုပ်တွေနဲ့ချုပ်နှောင်ကြိုးစားနေခဲ့ချိန်မှာ Han ကတော့ ဘဝတစ်ဆစ်ချိုးမှာ အဆိုးရွားဆုံးသော အဖြစ်အပျက်တွေကြုံခဲ့ရတယ်
အဲ့အချိန်တွေမှာ Han ဘယ်လောက် နာကျင်နေရမလဲ အထီးကျန်ဆန်နေရမလဲ ကူညီစရာ အားကိုးခင်တွယ်စရာမရှိဘဲ သူလေးဘယ်လောက်တောင် ခံစားခဲ့ရရှာမလဲ
ကိုယ့်အပြစ်တွေပါ Han ရယ် ကိုယ်မင်းဘေးမှာရှိနေခဲ့သင့်တာ ကိုယ်မင်းကိုမထားရစ်ခဲ့သင့်ဘူး
"Han ရယ်"
ရင်ထဲတနုံ့နုံ့ခံစားရခက်စွာ နှုတ်ခမ်းတွေကပါ အလိုအလျောက် အသံထွက်ရေရွတ်မိတယ်
ဆေးရုံအုပ်ကြီးအခန်းကထွက်လာပြီး ကျွန်တော်တို့ရုံးခန်းလေးထဲပြန်ရောက်မှ လူကြားထဲ တင်းခံထားခဲ့ရတဲ့ မျက်လုံးတွေကသည်းမခံနိုင်စွာ မျက်ရည်ပူတွေသွန်းလောင်းတယ်
"ကိုယ်ဘာတစ်ခုမှမသိခဲ့ပါလား Han ရာ တောက်!!"
ကိုယ့်ကိုကိုယ်ဒေါသဖြစ်စွာ အခန်းနံရံနဲ့လက်သီးတချက်မိတ်ဆက်သွားစေတယ်
အခန်းတံခါး lock ချပြီး စိတ်ရှိတိုင်းငိုကြွေးလို့ကျေနပ်သွားမှ မျက်နှာပြန်သစ်ရင်း Han ရှိရာအခန်းလေးဆီပြန်သွားမိတယ် Chanyeol တယောက် duty ချိန်မို့အလုပ်ရှုပ်နေပေမယ့် Kai ကလူနာစောင့်အနေနဲ့ရှိနေပေးတယ်
"Kai yah နောက်တရက် နှစ်ရက်နေရင် Han ကို မင်းတို့ ward ကိုပြောင်းပေးမယ် ဆေးရုံအုပ်ကြီးကိုယ်တိုင်က သူ့ရဲ့တခြား ဆေးရုံအခွဲတခုကနေ Han ကိုဒီခေါ်လာတာ မင်းနဲ့အပ်မလို့ကို သူမအားသေးလို့တဲ့ ပြီးတော့ မနေ့ညက Han ကနေရာသစ်မို့လန့်ပြီးထွက်ပြေးတာထင်ပါတယ်"
Han ကပြန်အိပ်ပျော်နေတာကြောင့် Kai ကိုအကျိုးအကြောင်းရှင်းပြမိတယ်
"မင်းအသံက ဘာဖြစ်နေတာလဲ"
"အဟင်းး ဘာမှမဖြစ်ပါဘူး"
ငိုထားတဲ့အရှိန်ကြောင့် မူမမှန်စွာ တုန်ယင်ချင်နေတဲ့ အသံကို အကင်းပါးစွာ Kai မေးတော့ လည်ချောင်းတချက်ရှင်းရင်း ပြောင်လိမ်မိတယ်
"ဆရာကြီးက ဘာပြောသေးလဲ သူ့အခြေအနေ"
"မင်းနဲ့သူအသေးစိတ်တိုင်ပင်မယ်တဲ့"
ဒီ့ထက်ပိုပြီး ကျွန်တော်ဆက်မပြောချင်တော့ မပြောနိုင်တာဆိုလျှင်ပိုမှန်ကန်ပါလိမ့်မယ်
"Sehunnie မင်းအဆင်ပြေရဲ့လား"
အရိပ်အကဲသိလွန်းတဲ့ Kai က ကျွန်တော်ဖွင့်မပြောပြလဲ ကျွန်တော့်စိတ်ကိုသိနေသလိုလို
"ငါအဆင်ပြေတာမပြေတာ အခုချိန်မှာအရေးမကြီးဘူး Kai မင်းသူ့ကိုသာအမြန်ဆုံးကောင်းလာအောင်သာ ကုသပေးပါနော်"
တောင်းဆိုမိသော စကားတခွန်းနဲ့အတူ လှိုက်ကနဲတက်လာသော ဝမ်းနည်းမှုတွေက မျက်ရည်ကိုဖန်တီးစေပြန်တယ်
"ဘာမှမဖြစ်ဘူး Kai"
နှစ်သိမ့်သလို ပခုံးပေါ်ကျရောက်လာတဲ့ Kai လက်တဖက်ကို မလိုအပ်သလိုဖယ်ထုတ်ပစ်ကာ ကျဆင်းနေတဲ့ ပါးပြင်ပေါ်က မျက်ရည်စက်တွေကိုလဲအမြန်သုတ်ပစ်မိတယ်
ငိုနေရုံနဲ့ဘာမှမထူးလာဘူး Oh Sehun
Han အနားမှာမင်းရှိနေပြီး သူ့ကိုဂရုစိုက်ပေးရင် သူပြန်ကောင်းလာမှာပဲလေ
ကိုယ့်စိတ်ကိုအားပြန်ပေးကာ မပီမပြင်တချက်ပြုံးမိတယ်
ဟုတ်တယ် ကျွန်တော်အခုချိန်ကစပြီး ဘယ်တော့မှမခွဲမခွာ Han ဘေးမှာပဲ သေသည်အထိနေပေးတော့မယ်။
"Han နိုးလာပြီလား"
ကိုယ့်အတွေးနဲ့ကိုယ်နစ်မြောနေတဲ့ ကျွန်တော်အခုမှ Han မျက်နှာလေးလှမ်းကြည့်မိတော့ အရောင်ဖျော့တော့နေတဲ့ မျက်လုံးလှလှများက ကျွန်တော့်ကိုသူစိမ်းဆန်စွာ ငေးမောကြည့်နေတယ်
"ကိုယ်လေ ကိုယ့်ကိုမှတ်မိလား Hun လေ Sehun လေ"
အသည်းအသန်ကိုယ့်ကိုကိုယ်မိတ်ဆက်နေတဲ့ ကျွန်တော့်ကို Han ကတော့နှုတ်ဆိတ်လျက်သား ကြည့်နေဆဲ
Hun လို့ချိုချိုအီအီ ခေါ်ခဲ့ဖူးတဲ့ Han အသံလေးကိုတပြိုင်ထဲ တမ်းတလာမိပြန်တယ်
"မလောနဲ့ Sehun ဖြေးဖြေးပေါ့"
ကျွန်တော့်ကိုတားလိုက်ရင်းက Kai က Han နဲ့မျက်နှာချင်းဆိုင် ကုတင်ဘေးပြောင်းထိုင်လိုက်ရင်း
"Luhan မလန့်သွားနဲ့နော် ဆရာဝန်ဝတ်စုံကြီးဝတ်ထားတယ်ဆိုပြီလဲ ဆေးထိုးမှာ မကြောက်နဲ့ ငါတို့ကမင်းသူငယ်ချင်းတွေ မင်းမှတ်မိမယ်တော့မထင်လို့ ငါပြန်မိတ်ဆက်မယ် ငါတို့နဲ့မင်း အထက်တန်းတုန်းက တကျောင်းထဲ တတန်းထဲအတူတတ်ခဲ့ဖူးတယ်"
စိတ်ရှည်ရှည်နဲ့ Kai ပြောပြနေသမျှကို Han ကစိတ်ဝင်တစားနားထောင်နေတာ မြင်ရတော့ ပထမအကြိမ်တုန်းကလို ကြောက်လန့် နှင်ထုတ်တာတွေမရှိတာကို ကျေးဇူးတင်မိသွားသလို စိတ်လဲနဲနဲအပူသက်သာသွားသည်
တော်သေးတာပေါ့ Han ရယ်
"ငါ့နာမည်က Kai သူက Sehun တဲ့"
စကားတခွန်းမှပြန်မပြောသော်ငြား မရဲတရဲ မျက်ဝန်းများနဲ့ ကျွန်တော်တို့ကို Han ကတလှည့်ဆီကြည့်နေတယ်
"ထထိုင်ကြည့်ပါလား Luhan အမြဲလှဲနေတော့ညောင်းတာပေါ့"
"ကိုယ်တွဲထူပေးမယ်နော် Han"
Kai အကြံပြုသံအဆုံးမှာ Han ကိုကျွန်တော်တွဲထူပေးပြင်တော့
"ဟင့်အင်း ဟင့်အင်း"
ပခုံးလေးကိုထိဖို့ပြင်လိုက်ချိန်မှာပဲ ကြောက်လန့်တကြား ထအော်ငြင်းဆန်နေတဲ့ Han ကြောင့် စိတ်မကောင်းမှုတွေက ရင်ထဲနင့်ကနဲ
"ကိုယ် Han ကိုဘာမှမလုပ်ပါဘူး Han ရဲ့ ကိုယ့်ကိုမကြောက်ပါနဲ့"
အတင်းပြုံးယူထားရတဲ့မျက်နှာက ဘာမှမဖြစ်သလိုဟန်ဆောင်ထားနိုင်ပေမယ့် မျက်လုံးတွေကတော့ သစ္စာဖောက်ချင်တယ်
ကျွန်တော့်အသံတခါကြားတိုင်း ခေါင်းတခါခါလုပ်ရင်း ငြင်းဆန်နေတဲ့ Han ပုံစံက သူ့မသိစိတ်ထဲမှာ ကျွန်တော့်ကိုနာကျည်းမုန်းတီးနေသလိုလို
Han တခေါက်ခေါင်းခါလိုက်တိုင်းလဲ ကျွန်တော့်မျက်ရည်တပေါက်ကျချင်လာတယ်
Han ရှေ့ Kai ရဲ့ရှေ့မှာမျက်ရည်မကျမိအောင် အားတင်းထားပေမယ့် ကျွန်တော်အဲ့လောက်စိတ်မမာနိုင်ပြန်
"ကိုယ်မှားခဲ့ပါတယ် Han ရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကိုအခုလို ကြောက်လန့်မနေပါနဲ့နော်"
"Sehun မင်းလုပ်နေတာ Luhan ပိုကြောက်တော့မယ် စိတ်လျော့စမ်းပါ Oh Sehun ရာ"
အားမလိုအားမရနဲ့ စိတ်မရှည်မှုတို့ပေါင်းစီးထားတဲ့ Kai လေသံက ကျွန်တော့်ကိုဘာမှရှေ့ဆက်မပြောနိုင်အောင်တားဆီးနေမှန်းအသိသာပေမယ့် စိတ်ကိုဖြေထားသော်ငြား ဂိတ်ဆုံးထိ မခံမရပ်နိုင်မှု လက်မခံနိုင်မှုတွေကို လျော့ချထားသော်ငြား ထိန်းမနိုင်အောင်ပူလောင်လာတဲ့ရင်အစုံက ဒေါသကိုသာဖန်ဆင်းပြန်တယ်
"Han လိမ်နေတာ သူညာနေတာ Han ငါ့ကိုတမင်မသိချင်ယောင်ဆောင်နေတာ ဟုတ်တယ်မှတ်လား Han ကိုယ့်ကိုသိတယ်မှတ်လား ဟင် ပြောလေ Han"
Han လိုစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ လူနာတယောက်ကို ဆရာဝန်တယောက်အနေနဲ့အခုလိုမဆက်ဆံသင့်မှန်း ဦးနှောက်ကသိနေသော်လည်း နှလုံးသားကသွေးဆူနေတော့ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ပြန်
"တော်ပါတော့ ကျေးဇူးပြုပြီးထွက်သွားပေးပါတော့"
တယောက်ထဲ သောကတွေနဲ့ပူလောင်နေတဲ့ ကျွန်တော့်ဒေါသတွေကို ငြိမ်းသက်လိုက်တဲ့ Han စကားတခွန်းက ထွက်သွားပေးပါတဲ့လား~~~
Continue Reading
You'll Also Like
97.8K 6.4K 31
10.6M 609K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
78.1K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...