Written by: CandyBangtan
_______________________________
အိပ်မရတဲ့ ညတွေ...... နိုးတစ်ဝက် အိပ်ပျက်နဲ့ မိုးလင်းခဲ့တဲ့ မနက်တွေ။ သူမပါတဲ့ ကျတော့်နေ့ရက်တွေက အဆင်မပြေဘူး။
Jeon Jung Kook မင်း ရူးနေပြီကွာ။
ကိုယ့်ကိုကိုယ် အပြစ်တင်တာလား သတိပေးနေတာလား မသဲကွဲတဲ့ စကားသံတွေ။
"သား ညစာစားမယ်"
ညစာစားဖို့ အောက်ထပ်ဆင်းခဲ့တော့ ထမင်းဝိုင်းကလည်း လွမ်းစရာ။ သူ သိပ်ကြိုက်တဲ့ ဟင်းတွေ။
"သား လာမယ့်စနေနေ့ကျရင် အိမ်ကို သားအဖေရဲ့ မိတ်ဆွေတွေ လာမယ် အဲ့ဒါ...................."
Tae Hyungရာ လွမ်းလိုက်တာ။
"ဟဲ့...Jeon Jung Kook!"
မေမေ့ရဲ့ အော်ခေါ်သံကြားမှ လွှင့်နေတဲ့ စိတ်တွေ ဘက်ကနဲ ပြန်ကပ်တယ်။
"ဗျာ...ဗျာ"
"နင့်စိတ်တွေ ဘယ်ရောက်နေလဲ နင့်အမေ စကားပြောနေတာနော်"
"ဟုတ် သားသိပါတယ်"
"ငါ ပြောတာကော ကြားရဲ့လား"
"အင်း..."
တကယ်တော့ ကျတော် ဘာမှမကြားလိုက်။ ပွစိထိုးခံရမှာ စိုး၍သာ ပြီးပြီရော အင်းလိုက်တာ။
မတည်ငြိမ်တဲ့ စိတ်တွေက လွှင့်ပျံနေဆဲ သူ့ဆီ။ အခုချိန် သူ ဘာတွေလုပ်နေမလဲဆိုတဲ့ စိတ်ရယ် Bibiနဲ့များ ဖုန်းပြောနေလေမလားဆိုတဲ့ အတွေးရယ်။ ကျစ်....ရင်ဘတ်ထဲ စူးနင့်လာပြန်တယ်။
"ကျတော် အပြင်သွားအုံးမယ်"
"ဟဲ့ဟဲ့...Jung Kook မစားတော့ဘူးလား ဟဲ့ ဒီကလေး..."
ထမင်းတောင် ပြီးအောင်မစားပဲ စကိတ်ဘုတ်ကို ဆွဲယူပြီး လမ်းပြင်ထွက်ခဲ့လိုက်သည်။ လူသိပ်မရှုပ်တဲ့ လမ်းမထက်မှာ ဘေးကပ်ပြီး စိတ်ပြေလက်ပျောက် စကိတ်စီးနေမိတယ်။ ဘယ်ခြေနဲ့ မြေကြီးကို သုံးလေးချက်လောက်ယက်ပြီး အရှိန်ယူကာစီးနေတုန်း အကွေ့မှာ ဘွားကနဲ ပေါ်လာနဲ့ ကားတစ်စီး။
*ကျွိ....
အရှိန်မပြင်းတဲ့ ကားမို့ ထိရုံလေးထိမိပေမဲ့ စကိတ်ပေါ်က ခွေခေါက်ကျတဲ့ အရှိန်ကြောင့် ညာဖက်လက်က လှုပ်မရ။ တစ်ကိုယ်လုံးလည်း ဘယ်နားနာလို့ နာမှန်းမသိတော့။
ထိုနေ့ညက တစ်ညလုံး ဆေးရုံမှာပဲ အနားယူလိုက်ရသည်။
ထိုအချိန် အိမ်ကမဲမှောင်နေသော ကျတော့်အခန်းထဲရှိ ကုတင်ပေါ်က ဖုန်းလေးသည် စက္ကန့်ပိုင်းမျှ အသက်ဝင်လာရင်း ကိုင်သူမဲ့စွာ အမှောင်ခန်းလေးထဲ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ခေါ်ဆိုသူ nameလေးသည် 💚သူမရှိရင်သေမှာ💚
ထိုသို့သော ဆန်းဆန်းပြားပြား တစ်ယောက်သောသူ၏ nameလေး။
ထို့နောက် messageလေးတစ်စောင်။
---------------------------------------------
ဒဏ်ရာတွေ ဗလပွနဲ့ ကိုယ့်ကိုကိုယ်ကြည့်ကာ အလိုမကျစွာ ကျစ်ကနဲ ညည်းထွားလိုက်မိသည်။
ညာဖက်လက်က မကျိုးမပေမဲ့ အရိုးအက်ချင်သွားတာမို့ တစ်ပတ်လောက် ပတ်တီးစီးရအုံးမည်။ ညာဖက် မျက်လုံးအောက်က ခြစ်ရာနက်နက်က ပလာစတာနဲ့ ဖုံးဖိထားတော့ ရုပ်တောင် ပြောင်းသွားသလို။ တကယ့် လူနာရုပ်။
မနက်စောစော ဖေဖေနဲ့မေမေ ပြန်လာခေါ်တာမို့ အိမ်ပြန်ရောက်ပြီး ကျောင်းသွားဖို့ ပြင်ရသည်။ အရင်က ကျောင်းပျက်ရက်တွေ များခဲ့တာမို့ ဒီတစ်ခါထပ်ပျက်ရင် ကျရုံသာရှိတော့သည်။ စာမရေးနိုင်လည်း အတန်းတက်လက်မှတ်လေးတော့ ရအောင်ယူရမယ်လေ။
စကိတ်စီးရင်း ကားတိုက်ခံရတဲ့ ကျတော့်အဖြစ်ကို မသိသေးတဲ့ Sugaကို လာခေါ်ဖို့ ဖုန်းဆက်ရမည်။ စက်ဘီးကလည်း မစီးနိုင်တော့ ဘတ်စ်ကားနဲ့ကလည်း မသွားချင်။
Sugaကိုပဲခေါ်မယ်။
ဖုန်းရှာတော့ ဖုန်းကို လုံးဝရှာမတွေ့။ ကျစ် မနေ့က ကုတင်ပေါ် တင်ခဲ့တာပါ။
"မေမေ ကျတော့်ဖုန်းတွေ့သေးလား"
"အေ မနေ့ညက မင်းဖုန်းလာလို့ ကိုင်ပေးမလို့ယူလိုက်တာ လွတ်ကျပြီး မှန်ကွဲသွားလို့ ပြင်ဆိုင်ပို့ထားတယ်"
ခပ်အေးအေး ဖေဖေ့ဆီက ကြားလိုက်ရတဲ့စကားက သွေးတောင် စောင့်တက်သွားတယ်။ ကျတော်တောင် တယုတယ ကိုင်တဲ့ဖုန်းလေးကို။
"ဟာ...ဖေဖေရာ"
"ပြင်ဆိုင်ပို့ပေးထားပါတယ် မင်းကလည်း"
"အေးလေ သားရယ် စာမေးပွဲလည်းနီးနေပြီ အဆိုးထဲကအကောင်းပေါ့ နင်တောင် စာလုပ်ဖြစ်တာပေါ့"
မေမေကပါ အစစ်ဝင်ပြီး အဆိုးထဲကအကောင်း လုပ်နေသေး။ ဖုန်းမရှိရင် တလောကလုံးနဲ့ အဆက်သွယ်ပြတ်တာ သူတို့မသိဘူး။
"ကျစ်...တော်ပြီ ကျတော် ကျောင်းသွားတော့မယ်"
စိတ်ပေါက်ပေါက်နဲ့ မနက်စာတောင် မစားပဲ ထွက်ခဲ့လိုက်တယ်။ မစီးချင်တဲ့ ဘတ်စ်ကားစီးပြီးပဲ ကျောင်းရောက်လာတယ်။ တစ်လမ်းလုံးလည်း လက်က ပတ်တီးကြီးနဲ့ကျတော့်ကို ကွက်ကြည့် ကွက်ကြည့် တိုးတိတိုးတိနဲ့။ ကျောင်းက ကျတော့်ကို တန်းတန်းစွဲတဲ့ မမတွေပေါ့။ ဘာဖြစ်တာလဲဆိုပြီး မေးလိုက်တာလည်း နားတောင်ညည်းတယ်။ လွယ်အိတ်သယ်ပေးမယ်ဆိုတဲ့ သူက ပါသေး။ သူတို့လုပ်မှ လူက ဒုက္ခိတလုံးလုံးကို ဖြစ်တာ။ မနဲရှောင်ပြေးလာရတယ်။
လက်ကနှစ်ဖက်ရှိတာ။ တစ်ဖက်မကောင်းလည်း တစ်ဖက်နဲ့ သုံးမှာပေါ့။ ယောကျာ်းပဲ။
"ဟိတ်ကောင် Jung Kook ဘယ်လိုဖြစ်တာလဲ"
ကျောင်းထိပ်မှာဆုံနဲ့ Hobiရဲ့ အာပြဲလျှာပြဲ အသံကြီးကြောင့် တစ်ကျောင်းလုံး ကျတော် စကိတ်စီးရင်း ကားတိုက်ခံရတဲ့အကြောင်း ပွသွားတယ်။ လူတောင် အခန်းထဲ မရောက်သေးဘူး သတင်းကရောက်နှင့်နေပြီ။ အတန်းထဲဝင်လာတော့ ကျတော့်ကို အထူးအဆန်းကြီးလိုကြည့်ကြ။ မျက်လုံးတွေကလည်း သနားနေတဲ့ပုံနဲ့။ ငှယ် Jeon Jung Kookတို့ လက်လေး နည်းနည်းထိသွားတာ သူတို့မျက်လုံးထဲ ကျိုးကန်းပြီး ဒုက္ခိတဘ၀ရောက်သွားတယ်များ မှတ်လား မသိပါဘူး။ စိတ်လေပါတယ်။
တစ်oppaထဲ oppaပြီး ဂရုစိုက်နေကြတဲ့ ကောင်မလေးတွေကြားမှာ ကျတော် ရှာမိတာ အနည်းဆုံးတော့ စိုးရိမ်စိတ်လေးနဲ့ဖြစ်ဖြစ် ငဲ့ကြည့်နေမလားဆိုတဲ့ သူ့ရဲ့မျက်ဝန်းလေး။ ဒီထက်ပိုပြီး မျှော်လင့်မိတာက...........။
ကျတော့်ရှေ့ကခုံမှာထိုင်တဲ့သူကထိုင် ဘေးမှာဝိုင်းရပ်နေတဲ့သူတွေကရပ်နဲ့။ ပိတ်ဆို့နေတဲ့ မြင်ကွင်းကို ကွေ့ဝိုက်ရှောင်ကြည့်ရင်း သူထိုင်တဲ့နေရာလေးကို ရအောင်ကြည့်လိုက်တော့ တွေ့လိုက်ပါတယ်။ ကျတော် မျှော်လင့်ထားတဲ့ မျက်ဝန်းမျိုးလေး။ ဒိတ်ကနဲ ရင်က ခုန်တက်သွားတယ်။
ဒါပေမဲ့ ချက်ချင်း ခေါင်းခါပြီး လှည့်သွားတဲ့သူ။ ထုံးစံအတိုင်း စားပွဲပ်ါမှောက်အိပ်သွားတဲ့သူက ကျတော့်ကို နည်းနည်းလေးမှ စိတ်မပူဘူးလား။ ဆစ်ကနဲကိုက်ခဲသွားတဲ့ ရင်တွင်းတစ်နေရာနဲ့ ၀ဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ခပ်ပြီး ဖယ်ထုတ်လိုက်တယ်။
ဆရာမ ၀င်လာမှ ကျတော့်ရှေ့က စပ်စလူးလေးတွေလည်း သူ့နေရာသူ ပြန်ထိုင်သွားတယ်။ ECပြောပေးထားတာမို့ ကျတော် စာလိုက်လုပ်စရာမလိုပဲ ထိုင်နားထောင်ရုံ နားထောင်ရတယ်။ ဒီတစ်ချိန်ပြီးရင် အတန်းချိန်မရှိတာမို့ မှောက်အိပ်နေလိုက်တယ်။
"Jung Kook"
ပုခုံးကိုတို့ပြီး လာနိုးတဲ့သူကို မော့ကြည့်လိုက်တော့ ပုလင်းဖင်မျက်မှန်နဲ့ အတန်းထဲက ကောင်မလေး။
"ဟိုလေ...ငါ့ကို နေရာလဲပေးလို့ရလား ငါ့နေရာက အလင်းပြန်လို့ မျက်မှန်နဲ့ဆိုတော့လေ"
သူ့ရဲ့နေရာကို လက်ညိုးထိုးပြတော့ ဟင် ဟိုကောင် Taehyungရဲ့နောက်ကြီး။ တော်ပါပြီ မထိုင်ချင်ပါဘူး။
"မျက်မှန်နဲ့ဆိုလည်း အရှေ့မှာ သွားထိုင်ပါလား"
"ဟာ ငါ့အရပ်က အရှည်ကြီးလေ"
ဒါလည်းဟုတ်တာပဲ။ သူ့အရပ်က ကျတော်တို့ကိုတောင် မှီတော့မယ်။
"လုပ်ပါနော် please"
စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းငြိမ့်ပြပြီး နေရာလဲပေးလိုက်တယ်။
သူ့နောက် ရွေ့ထိုင်လိုက်တော့ ဖြတ်ကနဲ လှည့်ကြည့်လာသည်။
"ဟိုလေးလုံး နေရာလဲခိုင်းလို့ လာထိုင်တာ တစ်မျိုးမထင်နဲ့"
ကျတော့်ကို ဘာမှပြန်မပြောပဲ အရှေ့ပြန်လှည့်သွားတယ်။ ကျတော်ကလည်း ဘာလို့ မဆီမဆိုင် သွားရှင်းပြမိမှန်းမသိဘူး။ အေးလေ မရှင်းပြရင် သူ့နောက်ထိုင်ချင်တယ် ထင်သွားမှာပေါ့။ ကျစ်...အနောက်တောင် ရောက်လာတဲ့သူကို ဒီဒဏ်ရာတွေကို မေးဖော်တောင်မရဘူး။ လူမှုရေး မသိတဲ့ကောင်။
မနက်က ဘာမှမစားလာတော့ ဗိုက်ကဆာလာရော။ စောစောက ကောင်မလေးတွေ ပေးထားတဲ့ မုန့်တွေ ဖောက်စားလိုက်တယ်။ လက်တစ်ဖက်နဲ့ ကိုင်ရပြုရတာ သိပ်တော့ မလွယ်ဘူး။ ခုမှ လက်ရဲ့ တန်ဖိုးကို သိတော့တယ်။ ပေါင်မုန့်တွေ စားရတာ နင်တာနဲ့ ရေသောက်မယ်ဆိုပြီး ရေဗူးဖွင့်တော့ လက်တစ်ဖက်တည်းနဲ့ တော်တော့်ကို ဒုက္ခဖြစ်တာ။ ညာဖက်လက်က မြှောက်လို့တောင်မရတော့ ရေဗူးကို ဘယ်ဖက်လက်တစ်ဖက်တည်းနဲ့ ရအောင်ဖွင့်ရတာပေါ့။ အရေးအကြောင်းဆို ရေဗူးက တော်ရုံကြပ်တာလား။ လက်တစ်ဖက်တည်းဆိုကမှ ကြပ်လိုက်တာ။
အကူညီတောင်းရအောင်လည်း အတန်းချိန်မရှိတော့ အခန်းထဲမှာ လူက တစ်ယောက်စ နှစ်ယောက်စ။ Sugaဆိုတဲ့ကောင်လည်း ဘယ်ရောက်သွားမှန်းမသိဘူး။ ကျတော့်အနားမှာဆိုလို့ ရှေ့ကကောင်ပဲရှိတယ်။ သူ့ကိုလည်း အကူညီမတောင်းချင်ပါဘူး။
ရအောင်ဖွင့်တော့လည်း မရ။ ဒေါသကထွက်လာတော့ ကျစ်ကနဲ ညည်းလိုက်မိတဲ့ထိ။
"ပေး ငါ ဖွင့်ပေးမယ်"
အနောက်လှည့်လာပြီး ကျတော့်လက်ထဲက ရေဗူးကို ဆွဲယူပြီး ဖွင့်ပေးတယ်။ စားပွဲပေါ်ချပေးပြီး ရှေ့ပြန်လှည့်သွားပြီး မှောက်အိပ်သွားတယ်။ ကျတော့်ကို တစ်ချက်တောင် မကြည့်ဘူး။
ဘာရယ်မဟုတ်တဲ့ အသေးအဖွဲလေးကို ကျတော်လေ ကျေနပ်တာလည်း မဟုတ်ဘူး။ ပီတိဖြစ်တာလည်း မဟုတ်ဘူး။ ဒါမဲ့ ပျော်တယ်။
နေ့လည်စာစားတော့ Sugaတို့ အကူအညီနဲ့ အဆင်ပြေပါတယ်။ လက်တစ်ဖက် မကောင်းတာ တကယ် ဒုက္ခိတလိုပဲ။
နေ့လည်ပိုင်း တစ်ချိန်လုံး အတန်းချိန်တိုင်း စာလိုက်နားမထောင်ပဲ စားပွဲပေါ်မှောက်ပြီး သူ့ကျောပြင်လေးကိုပဲ ငေးကြည့်နေမိတယ်။ လေတစ်ချက်ဝှေ့သွားတိုင်း သူ့ကိုယ်သင်းနံ့လေး ပျံ့လွှင့်လာတတ်တယ်။ လွမ်းလိုက်တာ Taeရယ်........။
ငါ့ရှေ့မှာထိုင်နေတဲ့ မင်းကိုလေ ခနလောက်ဖြစ်ဖြစ် ထွေးပွေ့ထားချင်မိတယ်။ ငါ့ရင်ခွင်ထဲမှာ အမြဲမှီနေတတ်တဲ့ မင်းကို ငါ တကယ်လွမ်းတယ်။
ကျတော့်အဖြစ်က လူတစ်ယောက်ကို ရှေ့မှာ ငုတ်တုတ်ထားပြီိး လွမ်းနေရတာမျိုး။
>>>>>>>>>>>>
ညနေ ကျောင်းဆင်းတော့ Projectအတွက် စာကြည့်တိုက်သွားဖို့ ကျောင်းရှေ့မှာ လူစုတော့ သူက ကျတော်နဲ့ ခပ်လှမ်းလှမ်းမှာပဲ ရပ်တယ်။ Bibiနဲ့ Hobiကတော့ မပါ။ ကိစ္စရှိလို့ စာကြည့်တိုက်မှာပဲ ဆုံဖို့ ပြောထားတယ်တဲ့။
"Jung Kook နင် စာကြည့်တိုက် လိုက်အုံးမှာလား လက်ကရော သက်သာရဲ့လား"
"အေးလေ မင်းလက်က အဆင်ပြေရဲ့လား"
ECမနဲ့ Sugaကတော့ မေးကြပါတယ်။ သူကတော့........။
"ငါဒီနေ့ ဆေးရုံပြန်သွားပြရအုံးမှာမလို့ မလိုက်လို့ဖြစ်လား"
"ဖြစ်တယ် ဖြစ်တယ် ငါတို့ပဲ သွားလိုက်မယ်"
"အော် Jung Kook မနက်ဖြန် assgimentက ဘယ်လိုလုပ်မှာလဲ မင်း ဘယ်လိုရေးမှာလဲ"
Sugaအမေးကို ကျတော် ခေါင်းကုတ်မိတယ်။ ငလူးကောင် သူရေးပေးလည်း ဖြစ်တာကို သက်သက် လူစုံတုန်း စကားခေါ်တာ။
"အဲအေ ဘယ်လိုလုပ်မှာလဲ ငါက Bibiအတွက် ရေးပေးရမှာ သူက ပြိုင်ပွဲရှိလို့"
ECမ ပြောတော့ ကျတော် ခေါင်းပဲထပ်ကုတ်မိတယ်။
"Taehyung နင်ရေးပေးလိုက်ပါလား"
ECမ လှမ်းပြောတော့ အဲ့ကောင်က မျက်လုံးပြူးပြီး သူလားဆိုတဲ့ပုံနဲ့ သူ့ကိုယ်သူ လက်ညိုးထိုးပြတယ်။
"နင့်ကိုပြောနေတာ အကောင်ရဲ့ Min Sugaရဲ့ လက်ရေးနဲ့ဆို နှစ်ယောက်လုံး ကျမှာ နင်ရေးပေးလိုက်လေ"
သူက ကျတော့်ကို တစ်ချက် လှမ်းကြည့်တယ်။
"သူက ရေးစေချင်ရဲ့လား ငါ ရေးပေးမှာရော ကြိုက်ရဲ့လား"
ဘယ်လိုကြီး မေးလိုက်မှန်းမသိပေမဲ့ ဆူပုတ်ပုတ်ဖြစ်နေတဲ့ မျက်နှာလေးက သိပ်ကို ချစ်ဖို့ ကောင်းလွန်းတယ်။
"ရေးပေးရမှာလား"
ဘယ်သူ့ကိုမေးနေမှန်းလည်း မသိနဲ့ ကျတော်ကတော့ ငေးနေမိတာပဲ။
"ဟဲ့ Jung Kook မေးနေတယ်လေ"
ECမ ခါးကိုလာတွတ်မှ ယောင်ယောင်ရမ်းရမ်း အမ် အင် လုပ်မိတယ်။
"ဟို....."
ဘာဖြေရမှာလဲနော်။
"ပေး"
တစ်ခွန်းတည်းပြောပြီး ကျတော့်လက်ထဲက assignmentစာအုပ်ကို ဆွဲယူသွားတယ်။ လူကို တစ်ချက်တောင် ကြည့်တာမဟုတ်ဘူး။
သွားပြီဟုဆိုကာ သူတို့ထွက်သွားတော့ တရွေ့ရွေ့ ဝေးကွာသွားတဲ့ ကျောပြင်ငယ်လေးကိုသာ မျက်စိတစ်ဆုံး ငေးကြည့်လိုက်မိသည်။
Taehyung.........ငါ ချစ်သေးတယ်။
ကြည်နူးမှုလေးတွေက ကျတော့်ရင်ထဲမှာ ယှက်ပြေးကာ စပ်စလူးထနေခဲ့သည်။
______________________________Tbc
Thz for reading.....
Love u all
လေပြေလေးတွေ လာပါပြီ မညားပေးသေးလို့ နားပူနားဆာမလုပ်ကြပါနဲ့ ပြန်ညားပေးလိုက်ရင် ဇာတ်သိမ်းသွားမှာပေါ့လို့ မဖတ်ချင်တော့ဘူးလားပြော.... အကြာကြီး အရှည်ကြီး ဖတ်ရအောင် စေတနာနဲ့ကို 😌
😘😘😘😘
CandyBangtan