Written By- KimTae_Nun
_______________________________
မျှော်လင့်ချက် ဆိုတာမျိုးဟာ လင်းတစ်ချက် မှိတ်တစ်ချက်နဲ့ ကောင်းကင်က ကြယ်တွေလိုပင်။ ဟိုးအဝေးကို မျှော်ကြည့်ရင်း
ပိုင်ဆိုင်ခွင့်ကို မက်မောခဲ့ရတာမျိုး။
ဒီလမ်းလေးမှာ တစ်ယောက်တည်း အေးခဲစွာ ရပ်စောင့်နေခဲ့ပါသည်။
"အ..."
"Bibi အဆင်ပြေရဲ့လား"
ကျွန်တော့်ရှေ့မှာ ရုတ်တရက် ခြေခေါက်ကာ လဲကျသွားသော သူမ ကိုယ်လေးအား အနောက်မှ လှမ်းထိန်းလိုက်သည်။
ကျွန်တော့်ရင်ခွင်ထဲ ပုံခနဲ လှဲကျလာသော သူမကိုယ်လေး။
ဒီလို မိန်းမချောလေးတစ်ယောက် ဘေးနားမှာ ရှိနေခဲ့တာတောင် ငါမင်းကို တစ်စက္ကန့်လေးတောင် အတွေးထဲက ထုတ်မရခဲ့ဘူး။ မင်း ဘက်ကရော...။
မနက်က မင်းအခန်းထဲဝင်လာတော့ လှမ်းကြည့်မိသေးတယ်။ အကြည့်တွေက စိမ်းတယ်နော်။ အကြာကြီးစိုက်ကြည့်နေရင် ဝှေ့တက်လာမယ့် မျက်ရည်တွေကို မင်းမြင်သွားမှာ သိပ်ကြောက်တယ်။
မင်း အရှေ့မှာ ငါသတ္တိနည်းတဲ့လူ မဖြစ်ချင်ခဲ့ဘူး။ မင်းကို သိပ်ချစ်တဲ့ လူတစ်ယောက်အနေနဲ့ပဲ ဖြစ်တည်ချင်ခဲ့တာ။
အဝေးမှ ခြေသံယဲ့ယဲ့ကို ကြားမိသည်။
ဒီခြေသံ ကျွန်တော် အလွတ်ရနေခဲ့သော သူ့ခြေသံငယ်။ အနောက်ကို လှည့်ကြည့်တော့ ပြေးထွက်သွားသည့် ရင်းနှီးလွန်းနေသော သူ့ကျောပြင်ကျယ်ကျယ်သာ အဖတ်တင် ကျန်ခဲ့သည်။
ကျွန်တော်ကိုယ်ပေါ် ကျရောက်နေသော သူမကို ဆက်ခနဲဘေးသို့ တွန်းလိုက်ပြီး ဦးတည်ရာတစ်ခုဆီသို့ ခြေလှမ်းတိုင်းဟာ ဒုန်းဆိုင်းပြေးနေသည်။
"Tae Hyung"
ရှေ့တည့်တည့်မှ Hobi က လက်ယှက်လှမ်းခေါ်နေသည်။ သူကမျက်နှာကြီးကို ရှုံ့မဲ့လို့ အမောဆို့နေသည့် ကျွန်တော့်ကို ကြည့်နေသည်။
"ဘာလဲ"
"ခုနက မင်းကို Jung Kook လာရှာသွားတယ် ဘာပြောမလို့လဲ မသိဘူး"
Jung Kook ဟု ကြားလိုက်တော့ အမောတွေပြေသွားခဲ့သလိုပင်။ သူပြောမည့် စကားကို ရင်ခုန်ရမည်လော ကြောက်လန့်ရမည်လော။ မသိတော့ပါ။
အရင်ကထက်လျင်သော ခြေလှမ်းတိုင်းဖြင့် သူရှိနိုင်မည့် နေရာလေးသို့။
ငါတို့ ပြန်နီးစပ်နိုင်ပြီလား......။
ကျောင်းဝန်းရဲ့ မြတ်ခင်ပြင်စိမ်းစိမ်းပေါ်
ရပ်နေသည့် သူ့ကျောပြင်ကြီးကို အဝေးကပင် ပြေးလွှားဖက်ထားချင်မိသည်။
"Jung Kook"
အမောဆို့နေသော အသံများက ကတုန်ကရီ။
အနည်းငယ်ကြာမှ လှည့်ကြည့်လာသည့် သူ့မျက်ဝန်းဟာ သူစိမ်းဆန်နေသေးလို့။
"ငါ့ကို လာရှာတာလား"
"ဟက်....ဘယ်သူပြောလဲ"
ဟင်......အရင်ကထက်ပင် ခပ်ထန်ထန်ပြောလာသော သူ့စကားသံနောက် ကျွန်တော် စကားသံတွေပင် တိတ်ဆိတ်နေခဲ့သည်။
"ငါ့ကို တစ်ခုခုပြောစရာရှိလို့လား"
မျှော်လင့်ခဲ့သည်.....။ သူ့နှုတ်ဖျားမှ ထွက်ဆိုလာမည့် တောင်းပန်စကား.....မဟုတ်ဘူး နောက်တစ်ဖန် တောင်းဆိုလာမည့် ချစ်ခြင်းစကားသံ။
"အေ....ဟုတ်တယ်"
ထွက်ကျလာမည့် သူ့စကားသံရဲ့ အဖြေကို စောင့်ဆိုင်းနေစဉ်မှာ ရင်ခွင်ထဲ ဗုံးကျဲနေပြီ။
ကျွန်တော့်အနီးသို့ တိုးကပ်လာကာ မျက်ဝန်းချင်းဆုံကာ ကြည့်တော့ အရည်လဲ့လဲ့ သူ့မျက်ဝန်းဟာ နက်ရှိုင်းလွန်းလှသည်။
"ငါတို့ လမ်းခွဲရအောင်"
"ဘာ!!!"
မထင်မှတ်ထားခဲ့သော မမျှော်လင့်ခဲ့သော
ရက်စက်လွန်းလှသည့် သူ့လေသံ ခပ်အေးအေး။
သူစိမ်းဆန်လွန်းသော အကြည့်စူးစူးနှင့် သူ့မျက်နှာမှာ အရင်က ကြင်နာမှုဆိုတာ ဝေးစွ။
"ငါနဲ့မင်းနဲ့ ဒီမှာပြီးပြီ အဲ့ဒါလာပြောတာ"
လှည့်ထွက်သွားသော သူ့ကို ငေးကြည့်ရင်းပင်။
တားဆီးပိုင်ခွင့်မရှိတော့တဲ့ လူတစ်ယောက်လို
သူ့ကို လွတ်လပ်စွာ ထွက်သွားခွင့်ပြုမိသည်။
ပေါက်ခနဲ ပေါက်ခနဲ လိမ့်ဆင်းလာသော မျက်ရည်စတွေဟာ မြေပြင်ပေါ် အလူးအလဲ။
မြတ်ခင်းပြင်ပေါ် ဒူးထောက်ထိုင်ချရင်း ရင်ထဲကနာကြင်ခြင်းရဲ့ အမှတ်အသား မျက်ရည်စတွေကို လွှတ်ချပစ်လိုက်သည်။
တွေ့ဆုံခြင်းက ကဗျာမဆန် လမ်းခွဲခြင်းက အတ္တဆန်ခဲ့သည်။
တစ်ယောက်ထဲ ပြန်ချစ်လာမလား ပြန်ချစ်လာမလား ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့
မင်းကိုငေးကြည့်နေရင်း နေထိုင်ခဲ့တယ်။
နောက်ဆုံးတော့ ရလဒ်က လမ်းခွဲခြင်းတဲ့လား။
ရက်စက်စွာနဲ့ ပြတ်သားစွာ ထွက်လာတဲ့ မင်း နှုတ်ဖျားက စကားသံဟာ ရင်အစုံကို အဆိပ်နဲ့လူးသလို အပြတ်ပြတ်နဲ့ သွေးသံရဲရဲ။
"Tae Hyung"
ပုခုံးပေါ်သို့ လက်လေးတင်ကာ အားပေးနေသော Hobi။
"အင်း.....၀အောင် ငိုလိုက်"
ကျွန်တော့်ဘေးမှာ သူဝင်ထိုင်ပြီး ခေါင်းကို ပုတ်ကာ ဆရာကြီးပုံ ဖမ်းနေပေမယ့် မရယ်ချင်တော့။ အခုက အသဲကွဲနေချိန်မို့။
ကွဲသွားတာပင် မဟုတ်တော့ ပြန်ကုသလို့ မရတော့အောင် သေဆုံးခဲ့ရတာ။
"Hoseok ဟင့် ဟင့် ဟင့် သူက လမ်းခွဲရအောင်တဲ့ ဟင့်......ဒီမှာ ပြီးပြီတဲ့
ငါ ဘယ်လိုလုပ်ရမှာလဲ!!!!!!!"
အသံတွေဟာ နာကြင်မှုနဲ့အတူ ကွဲထွက်လာသည်မို့ ကျယ်ကျယ်လောင်လောင်ပင် အော်မိသည်။
အခုချိန် အငွေ့အသက် တစ်ခုအနေနဲ့ ပျောက်ကွယ်သွားခဲ့ရရင် ကောင်းမယ်။
သံယောဇဉ်လက်ကျန်လေးကိုပဲ ဖြစ်ဖြစ်ငဲ့ညှာပေးခဲ့ရင် ကောင်းမယ်။
အခု သူ့ကို မေ့ပစ်ဖို့ ကြိုးစားရမှာလား။
ဟင့်အင်း မမေ့ဘူး မကြိုးစားဘူး။
သေချာတယ် သူ့ကို မေ့သွားဖို့ကို ကျွန်တော် ကြောက်နေပြီ။
ချစ်နေခဲ့မိတဲ့အတွက် ငါနောင်တမရခဲ့ဘူး
Jeon Jung Kook။
လက်ကိုလှမ်းဆွဲပြီး ထွက်မသွားဖို့ တောင်းဆိုချင်ပေမယ့်လည်းလေ.....ဝေးသွားခဲ့ပြီ။
လရောင်အောက်မှာ ကြေကွဲစွာ မွစာကျဲနေသော ကျွန်တော့်ပုံရိပ်ဟာ လှလှပပ စွန်းထင်နေသည်။
ကျွန်တော်တို့ အခန်းရဲ့ ၀ရံတာမှာ အေးစက်ရင်း ထိုင်နေသည့် ကျွန်တော်ကိုယ်လေးဟာ တဆက်ဆက်ပင် တုန်ရီနေပြီ။
တိုက်ခတ်နေတဲ့ ညလေပြေကြားမှာ မြူမှုန်တွေလည်း ပါသည်။ အေးခဲ နေသော ဒီခန္ဓာထက် နှလုံးသားရဲ့အေးခဲမှုဟာ အဆမတန်။
အိပ်လို့မပျော်တဲ့ ဒီတစ်ညမှာ အခန်းကျဉ်းထဲ ငါတစ်ယောက်တည်း။ မင်း မုန်းတီးနေမယ့် ငါ အခုတော့ အသဲကွဲပြီး သေတော့မယ်။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ လမ်းခွဲခံရတာ သိပ်ခံပြင်းဖို့ကောင်းတာ။
ဒီထက် ငါ မင်းကို $ရမ်းချစ်နေတာက ပိုပြီး ခံပြင်းတယ် Jeon Jung Kook ရာ။
၁နာရီိ ---
ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နှင့် တံခါးဝဆီသို့
သူပြန်လာနိုးနိုး မျှော်နေမိသေးသည်။
ကျွန်တော်မေ့နေခဲ့တာ....သူပြန်လာတော့ရော ကျွန်တော်က သူနဲ့ သက်ဆိုင်သူမှ မဟုတ်တော့ဘဲလေ....။
၂နာရီ----
၃နာရီ----
၎နာရီ----
ပြန်မလာတော့ဘူးဆိုတာ သိသိရက်နဲ့ မပင်ပန်းနိုင် စောင့်နေတဲ့ ငါဟာ အရူးလိုပဲ။
ငါ့မျက်နှာကို အဲ့လောက်ထိ မကြည့်ချင်တော့ဘူးဆို မင်းထွက်သွားစရာ မလိုဘူး။ ငါ ရှောင်ထွက်သွားပေးပါ့မယ်။
မကုန်နိုင်မခမ်းနိုင် မျက်ရည်တွေဟာ ဆက်ခနဲဆို တစ်ပေါက်ပေါက်နဲ့။ ဒီတစ်ညတော့ မင်းမရှိတဲ့ အခန်းလေးမှာ တိတ်တဆိတ်ငိုကြွေးနေပါစေ။
မျက်ရည်တွေနဲ့ပြည့်ဝနေသော ခေါင်းအုံးလေးက စိုစိုစွတ်စွတ်နဲ့ အိပ်မကောင်းပြန်ဘူး။
မျှော်လင့်ချက်မဲ့သော မနက်ခင်းတစ်ခုကို ဖြတ်သန်းဖို့ ငါ မျက်ရည်တွေ စုနေရသေးတယ်။
ငါ မင်းမျက်နှာကို ဘယ်လိုကြည့်ရပါ့မလဲ????
မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားသော်လည်း ၂နာရီပင် မပြည့် နိုးလာသည်။ မနက်၆နာရီ...။
ရေချိုးခန်းထဲ ၀င်ပြန်တော့ သူအငွေ့အသက်တွေ။ မှန်ထဲကြည့်လိုက်တော့
ငိုထားရလွန်းလို့ မျက်အိမ်တွေက မြင်မကောင်းလောက်အောင် ဖောင်းကြွလို့။
ခပ်မြန်မြန်မျက်နှာသစ်ပြီး အ၀တ်လဲကာ
ဦးထုပ်ကြီးကိုဆောင်း maskကိုဝတ်ပြီး
ဦးတည်ချက်မရှိ လမ်းတစ်ခုဆီ...။
မနက်စောစောထလေ့မရှိတော့ ဒီမနက်ခင်းကြီးက အထူးအဆန်း။ မြူမှုန်ဝေေ၀နဲ့ လှပသော်လည်း ကျွန်တော့်အမြင်မှာ အကျည်းတန်လွန်းသည်။ Jeon Jung Kook မနေ့ကမှ လတ်လတ်ဆတ်ဆတ် အသဲခွဲခဲ့တဲ့ လူကြီး။ မုန်းတယ် အရမ်းမုန်းတယ်။
အဲ့လိုပြောပစ်ချင်တာ။ ဒါပေမယ့်လည်း မုန်းလို့မှ မရတာ။ ဘယ်လောက်မှ မချစ်ရသေးခင် ငါ့ကို ထားသွားတဲ့ မင်းကို မေ့ပျောက်ချင်တာ။
လှိုင်းပြေပြေနှင့် လှနေသော ဟန်မြစ်ကြီးဟာ ကျွန်တော့်လိုပဲ အထီးကျန်ဆန်လွန်းသည်။
ချစ်ရတဲ့လူက စွန့်သွားတော့ ကျန်ခဲ့ရတာ။
လွမ်းလိုက်တာ.....အရင်ချိန်တွေကို မေ့ရမယ့်အစား ပြန်လည်တွေးတောရင်း ပြုံးနေမိသည်။ ဒီအရသာက အသဲကွဲတယ် ဆိုတာလား။ အရာရာကို စွန့်လွှတ်လိုက်ရတဲ့ ဟာတာတာခံစားချက်ကြီးကလား။
ရင်ထဲက ခံစားချက် တချို့ကို ကလော်ထုတ်လိုက်မိတော့ ဒီနှုတ်ဖျားမှာ သွားပြီးသောင်တင်တယ်....။
"Jeon Jung Kook အရမ်းချစ်တယ်!!!!"
ငါရဲ့ အသဲကွဲခြင်းမှာ ချစ်ခြင်းတွေက ကပ်ပါနေသေးတဲ့အထိ မင်းအရေးပါသေးတယ်။
Jeon Jung Kook နှလုံးသားရဲ့ နေရာမှာ ကဗ္ဗည်းထိုးထားခဲ့ပြီ။
___________________________TBC
တို့ဂျင်းဟာ ကြီးကြီးလေးနဲ့ တော်တော်မှ ချိုပါရဲ့လား ဟင်း..ဟင်း...ဟင်း
Love You All❤❤❤❤❤
*Nun
[11.August.2017]