"yah!! wu yi fan!! ဖယ်စမ်းကွာ... နှစ်ယောက်စလုံး
လှေကားပေါ်ကပြုတ်ကျပြီး ဂိသွားဦးမယ်"
မနက်ခင်းချိန်ခါ... အလုပ်ပိတ်ရက်
sundayမို့ yi fanရော chan yeolပါ အားနေကြသည် ။ ယခုလည်း
မနက်စားစာရန်အိမ်ပေါ်ထပ်က ဆင်း
လာသော chan yeolအား wu yi fanတစ်ယောက် လူအလစ်မို့ နောက်ကနေဖက်လိုက် ပါးကိုလှမ်းနမ်း
လိုက်လုပ်နေခြင်းပင်...
"ရှူးတိုးတိုး chan yeolပြောမှ လူကြီးတွေကြားကုန်ဦးမယ်... အဲတာ
ကြောင့် တိုးတိုးသက်သာလေးနေပြီး
ငြိမ်ခံလိုက်ပါ..."
"aww!! သူကလိနေတာကိုများငြိမ်ခံ
ပေးရဦးမယ်တဲ့... မပြီးနိုင်တော့ဘူး ည
ကလည်း... အဲ!!"
ရုတ်တရက်ပြောမိပြီးမှ chan yeol
ရှက်သွားကာပါးစိတ်ပိတ်လိုက်တော့ yi
fanက တဟားဟားရယ်ရင်း ပါးလေးကိုလှစ်ခနဲနမ်းကာ လှေကားပေါ်က ပြေးဆင်းသွားသည် ။
ကျန်ခဲ့သည့် chan yeolကတော့ အနမ်းခံလိုက်ရသည့်ပါးလေးကို အုပ်
ကိုင်ရင်းတပြုံးပြုံးနှင့်...
"morningပါ omma"
chan yeolသူ့မေမေကိုနှုတ်ဆက်ရင်း
စားပွဲတွင်ဝင်ထိုင်လိုက်သည် ။ အိမ်အကူကောင်မလေးအသင့်လာချပေး
သော coffeeကို တစ်ငုံသောက်လိုက်ချိန် ခြေဖမိုးထက်က
ယားကျိကျိဖြစ်သွားတာကြောင့် အသည်းယားပြီး coffeeပါသီးသွား
ရသည် ။
"ဘယ်လိုဖြစ်တာလဲ သားရယ်!! ရော့
ရော့ ရေသောက်"
chan yeolမေမေကရေလွက်လှမ်း
ပေးတော့ လှမ်းယူသောက်ရင်းမှ ရှေ့
တည့်တည့်က yi fanကို မျက်မှောင်
ကျုတ်ကြည့်မိတော့ သကောင့်သားလေး
က ခေါင်းငုံ့သွားရင်း တခိခိနှင့်ကြိတ်
ရယ်နေလေသည် ။
chan yeolသီးသွားရသည့်အကြောင်း
ကား wu yi fanတစ်ယောက် စား
ပွဲအောက်ကနေ chan yeolခြေဖမိုး
အား သူ့ခြေတံရှည်ရှည်ကြီးအားကိုးကာ
ခြေသည်းဖြင့် ပုရွက်ဆိတ်တက်နေသလို အသည်းယားစဖွယ် လာကလိနေသော ကြောင့်ဖြစ်သည် ။
"အ!!"
ရုတ်တရက်chan yeolက yi fan
ခြေထောက်အား ကန်ပစ်လိုက်သော
ကြောင့် wu yi fanတစ်ယောက်
ထိုင်နေလျက်ကပင် ယိုင်ခနဲဖြစ်ကာ
လက်ထဲက မုန့်တောင်လွတ်ကျသွားရ
သည် ။
yi fanက chan yeolအားကြည့်
လိုက်တော့ သူကခပ်တည်တည်ပင်...
coffeeတောင်အသောက်မပျက်...
သားနှစ်ယောက်မျက်နှာကို တစ်လှည့်စီ
လိုက်ကြည့်နေသည့် chan yeol
မေမေကတော့ သက်ပြင်းအသာချလိုက်
ရင်း...
"သား!! chan yeol"
"ဗျာ!!"
ခေါ်သံကြောင့် chan yeolမနက်စား
စားနေရာမှ သူ့မေမေကိုကြည့်လိုက်
သည် ။
"မင်းဖေဖေက မနက်စာစားပြီးရင် သူ့အလုပ်ခန်းထဲလာခဲ့ပါဦးတဲ့"
"ဟုတ်ကဲ့"
ဘာအကြောင်းကြောင့် နှစ်ယောက်တည်းတွေ့ရန် ခေါ်သည်မသိပေမယ့် chan yeol
ခေါင်းငြိမ့်လိုက်သည် ။
~~~~~
dok dok~~
ဦးcompanyအလုပ်တွေ လုပ်လေ့ရှိရာ
အလုပ်ခန်းတံခါးအား chan yeolအ
သာခေါက်လိုက်တော့ အထဲကဦးကအ
ကြောင်းပြန်လာသည် ။
"ဝင်ခဲ့သား"
အခန်းတံခါးအား အသာတွန်းဖွင့်လိုက်
စဉ် ရင်းနှီးနေကြရယ်သံသေးသေးလေး
က နားထဲဝင်လာတာမို့ အထဲကိုဝေ့
ကြည့်မိတော့ တစ်ယောက်ထိုင် ဆက်တီပေါ်ထိုင်နေသောဦးနှင့် ဘေး
ဆက်တီရှည်ပေါ်ထိုင်နေသော baek
chessထိုးရင်း အရမ်းရင်းနှီးနေသည့် ပုံစံရှိနေတာမို့ chan yeolစိတ်ထဲထင့်
သွားရသည် ။
"ပြောစရာရှိတယ်ဆိုလို့ ဦး"
baek hyunနှင့် မျက်နှာချင်းဆိုင်
ဆက်တီတွင် ဝင်ထိုင်ရင်းchan yeol
ပြောလိုက်တော့ baek hyunက
လှမ်းပြုံးပြတာမို့ အသိအမှတ်ပြုရုံ
ခေါင်းညိတ်ပြမိသည် ။
ဦးက baek hyunနှင့် ရယ်မောနေရင်းက သူ့အားရယ်သံ
နှောနှင့် စကားလှမ်းပြောလာသည် ။
"aww အေးအေး သား... ဟားဟား
သားကတော့ လုပ်ပြီကွာ... chess
ထိုးတာ ကျွမ်းလိုက်ချည်လားကွ"
chan yeolကို လှမ်းပြောရင်းမှ
ဦး၏ chessမြင်းရုပ်အား baek hyun၏ တပ်သားလေးက စားသွား
တော့ မကျေမနပ်လှမ်းပြောနေသော
ဦးကြောင့် chan yeolမှာ လူပိုတစ်
ယောက်လိုခံစားလာရသည် ။ သည်နေ
ရာမှာ သူရှိသင့်ရဲ့လားတောင် တွေးမိ
သည်အထိပင်...
"အာ!! မကျွမ်းပါဘူးဗျာ အန်ကယ်ကလည်း!! ကျွန်တော်ကံ
ကောင်းသွားလို့ပါ"
chan yeolခေါင်းငုံ့ရင်း ငြိမ်သက်စွာ
ထိုင်နေမိသည် ။ ဘယ်လိုပဲ ဦးရဲ့မိသားစုဝင်ပြောပြော သူက မယားပါသားမဟုတ်လား?? ပြီးတော့
ဦးက သူကျောင်းကောင်းကောင်းကနေ
ဘွဲ့ရနိုင်ဖို့ ထောက်ပံ့ပေးခဲ့သည့် ကျေး
ဇူးရှင်...
"ဟို!! အန်ကယ် chan yeolကို
ပြောစရာရှိတယ်ဆို!!"
chan yeolပုံစံကို သတိထားမိသွား
သော baek hyunက ကစားနေရာမှ
ရပ်ကာပြောလိုက်တော့ ဦးက chan
yeolကို ကြည့်လိုက်ရင်း...
~~~~~
"yi fanသား!! နည်းနည်းလောက်
ဖယ်ပေးပါလား?? အန်တီအထဲဝင်မ
လို့"
မိမိအိမ်ကို ဧည့်သည်ရောက်နေကြောင်း
ထိုဧည့်သည်က ဘယ်လိုချစ်ဖို့ကောင်း
ကြောင်း ယောကျာ်းလေးတန်မဲ့ လှရက်
လွန်းကြောင်းဖောက်သည်ချနေသည့်
အိမ်အကူကောင်မလေးနှစ်ယောက်၏
စကားကို တစွန်းတစကြားရာမှ yi
fanမေးကြည့်လိုက်ရာ သူ့pa pa
ဧည့်သည်ဆိုသောကြောင့် စိတ်ထဲထင့်
သွားရသည် ။
ထိုဧည့်သည်က byun baek hyun
တစ်ယောက်တည်းသာဖြစ်နိုင်တာမို့...
byun baek hyunက chan yeol
အရင်ချစ်သူမှန်း သူသိထားတာမို့ စိတ်
မချဖြစ်သွားရသည် ။
မနေ့ကလည်း baek hyunမြင်အောင်
chan yeolကသူ့အပိုင်ဖြစ်ကြောင်း
သေချာပြပေးခဲ့တာ... အခုလည်း pa paက chan yeolအားသီးသန့်ခေါ်
တွေ့တာကြောင့် စိတ်မချဖြစ်ကာ အခန်းဝမှာ အထဲကစကားသံတွေ မကြားရပေမယ့်လည်း အသာလေးရပ်
နေမိရာမှ chan yeolမေမေကြောင့် ဘေးကိုအသာယို့ပေးလိုက်သည် ။
chan yeolမေမေက တံခါးလက်ကိုင်
ကို ကိုင်လိုက်ပြီးမှ သူ့ဘက်လှည့်လာ
တာမို့ ပြောစရာများရှိနေလေသလားဟု
တွေးကာyi fanရပ်နေမိသည် ။
chan yeolမေမေက သက်ပြင်းခပ်
လေးလေးကို ချလိုက်ပြီးမှ သူ့မျက်လုံး
တည့်တည့်ကို စိုက်ကြည့်လာတာမို့ yi fan မသိမသာလေး တံတွေးပင်မျိုချ မိသည် ။
"အန်တီသိတယ်သား"
"ဗျာ"
အဆုံးအစမရှိပြောချလိုက်သော စကား
ကြောင့် yi fanကြောင်အသွားရသည် ။
"အန်တီဘာကိုဆိုလို..."
"သားတို့နှစ်ယောက်ရဲ့ အကြောင်းကို
အန်တီသိတယ်"
"ဗျာ!!"
ရုတ်တရက်ပြောချလိုက်သော စကား
ကြောင့် yi fanလက်ဖျားတွေပင်
အေးစက်လာရသည် ။ သူကအမှား
လုပ်ထားသူမဟုတ်လား??
"အန်တီက အခုဆိုရင် သားမိသားစု
ဝင်ဖြစ်နေပြီဆိုတာ သားသိတယ်မလား
??"
yi fan အေးစက်နေသော လက်
အချင်းချင်းဆုပ်ကိုင်ထားမိသည် ။
"chan yeolကလည်း သားမိသားစု
ဝင်ဖြစ်နေပြီဆိုတာ သားသိပါတယ်နော်
"
သူခေါင်းငုံ့လိုက်မိသည် ။
"အန်တီဆိုလိုချင်တာကို သားနားလည်
တယ်မလား??"
"ဟို!! ကျွန်တော်..."
yi fanသက်ပြင်းချကာ အားတင်း
ရင်း chan yeolမေမေနှင့်မျက်လုံး
ချင်းစုံအောင် ကြည့်လိုက်သည် ။
"ကျွန်တော်..."
"chan yeolကို ချစ်တယ်"
yi fanစကားကြောင့် chan yeol
မေမေကပြုံးလိုက်ရင်း...
"အန်တီလည်း အန်တီ့သားကို ချစ်တဲ့
အတွက်ကြောင့် သူလူပုံအလယ်အရှက်
မရအောင်ကာကွယ်ပေးမှာပဲ... သား
လည်း chan yeolလေးကို ချစ်တယ်
မလား?? အန်တီဆိုလိုချင်တာကို သား
နားလည်မှာပါ"
yi fan ဝဲတက်လာသော မျက်ရည်
တို့ကို ဖုံးကွယ်ရန်အလို့ငှာခေါင်းငုံ့ချ
လိုက်သည် ။ chan yeolမေမေက
တံခါးလက်ကို လှည့်ပြီးခါမှ အခန်းထဲ
မဝင်သေးပဲ ရပ်နေရင်း
"သားတို့နှစ်ယောက်အကြောင်းကို သား
papaမသိသေးဘူး... ဒါပေမယ့် သား
တို့ဘက်က လမ်းမှားကို ဆက်လျှောက်
နေမယ်ဆိုရင် အန်တီအသိပေးရလိမ့်
မယ်"
အခန်းတံခါးချပ်လေးအသာပိတ်သွားပြီး
နောက် yi fanနေရာမှာတင် ခြေ
ထောက်အစုံတို့ ခွေလဲကျသွားရသည် ။
မျက်ရည်ပူတို့ကလည်း မျက်ဝန်းအိမ်ထဲ
မှ အဆက်မပြတ်လျှံထွက်လာတာ
ကြောင့် ပါးစပ်ကို လက်နှင့်အုပ်ကာ
ရှိုက်ငိုနေမိသည် ။
~
~
~
6:28 P.M
(6 August, 2017- Sunday)