Unicode
************
Flame Started To Burn Part (1)
ဒုန်း..ဒုန်း.. ဒုန်း..
"ချာတိတ်.. မြန်မြန်လုပ်..သွားမယ်.. ကြာလိုက်တာ"
အခန်းပြင်က တစ်ဒုန်းဒုန်းထုသံနှင့် အတူ မီးလျှံရဲ့ စိတ်မရှည်ဟန် လောဆော်သံကြောင့် ရှိုင်း အကျီကြယ်သီးကို မြန်မြန်တက်လိုက်ကာ အခန်းထဲက ဝုန်းဒိုင်းကြဲထွက်လာလိုက်မိသည်။ အခန်းဝရောက်တော့ အခန်းဝတွင် အခန်းဘောင်ကို လက်ထောက်ကာ ရပ်စောင့်နေသော မီးလျှံနှင့် တိုးလေတော့သည်။
စိတ်မရှည်တတ်သော မီးလျှံ တစ်ယောက် အခန််းဝတွင်စောင့်မနေလောက်ဘူးဟု ထင်ထားလိုက်မိသဖြင့် ဝုန်းဒိုင်းကြဲပြေးထွက်လာမိသော ရှိုင်းမှာ မီးလျှံရဲ့ ရင်ဘတ်နှင့် တိုက်မိသွားလေတော့သည်။
အင့်..
မာကျောလှသော ရင်ဘတ်အကျယ်ကြီးနှင့် တိုက်မိလိုက်တာကြောင့် ရှိုင်းရဲ့နှဖူးလေးကတော့ နီရဲသွားပေမယ့် မီးလျှံကတော့ ဘာဆိုဘာမှမဖြုံပေ။
အခန်းတံခါးဘောင်ကို ထောက်ထားရင်း မျက်နှာရှုံ့မဲ့နေသော ရှိုင်းကို မျက်မှောင်ကုတ်ပြီး ငုံ့ကြည့်နေသည်။
"ပြီးပြီလား.. ပြင်လို့ဆင်လို့.. ပြီးရင်သွားမယ်... အိမ်အတွက် လိုတာတွေ သွားဝယ်ရမယ်.."
ထိုသို့ပြောပြီး အောက်ထပ်ကိုဆင်းသွားလေတော့သည်။ ရှိုင်းလည်း ရှုပ်ပွနေသော ဆံပင်တွေကို လက်နှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီးနောက် အောက်ထပ်ကို လိုက်လာခဲ့လေသည်။
ရှိုင်းတို့ရောက်နေတာ လယ်ရီရဲ့ဆိုင်အပေါ်ထပ်က အိမ်ဖြစ်လေသည်။ မနေ့က နေမကောင်းဖြစ်သွားခဲ့သော ရှိုင်းကြောင့် လယ်ရီက မီးလျှံနှင့် ရှိုင်းကို တစ်ညအိပ်ခွင့်ပေးခဲ့တာဖြစ်သည်။
ရှိုင်း အောက်ထပ်က ဆိုင်ကိုရောက်သွားတော့ လယ်ရီနှင့် စားပွဲပေါ်တွင် ထိုင်ကာ စကားပြောနေသော မီးလျှံကို တွေ့လိုက်ရလေသည်။
အောက်ထပ်ကို ရှိုင်းဆင်းလာတာကို မြင်တော့ လယ်ရီက လှမ်းပြောသည်။
"မနက်စာကိုတော့ လမ်းမှာဘဲ မီးလျှံကို တစ်ခုခုဝယ်ကျွေးခိုင်းလိုက်တော့ကောင်လေးရေ.. ငါ့ဆီမှာက သွေးအပြင်ဘာမှမရှိလို့..."
လယ်ရီကထိုသို့ပြောလိုက်တော့ ရှိုင်းက အားနာစွာဖြင့် ခေါင်းခါပြသည်။
"ရပါတယ်.. ကျွန်တော်လည်း ဗိုက်မဆာပါဘူး. "
ရှိုင်းက ထိိုသို့ပြောလိုက်ပြီးတော့ ထိုင်နေသော မီးလျှံ အနားကိုသွားကာ သူ့လက်ဖျံလေးကို ထိုးပေးလိုက်လေသည်။
"ရော့.."
ရှိုင်းရဲ့ အပြုအမူကြောင့် မီးလျှံ မျက်လုံးလှန်ပြီး မော့ကြည့်ကာ ပြန်မေးလေသည်။
"ဘာလုပ်တာလဲ.. အဲ့ဒါ.."
"ခင်ဗျား Breakfast မစားဘူးလား..မနေ့ကလည်း သေချာ မစားဘူး.. ရော့.. "
"မစားဘူး..."
"ဗိုက်ဆာနေမှာပေါ့.. တော်ကြာ စိတ်ရူးပေါက်သွားဦးမယ်.. "
"မစားဘူးလို့ပြောနေတယ်.. ဘယ်လိိုဖြစ်နေလဲ.."
မီးလျှံ မျက်နှာကို တစ်ဖက်လှည့်သွားကာ မစားဘူးချည်းဘဲ ပြောနေလေသည်။ ထိုပုံစံသည် ကလေးဆိုးကြီးတစ်ယောက်နှင့် ပင်တူနေသေးသည်။
"ဘာဖြစ်လို့ မစားတာလဲ.. "
ရှိုင်းကလည်း လက်မလျှော့ ။ ထုံးစံအတိုင်း စကားအရစ်ရှည်နေပြန်သေးသည်။ ဒါကြောင့် မီးလျှံ စိတ်မရှည်တော့ဘဲ စူးခနဲမော့ကြည့်လိုက်ကာ ပြောလေသည်။
"မနေ့ကလေးတင် သွေးအားနည်းနေတယ်ဆိုပြီး သေမလိုဖြစ်ခဲ့တာ ဘယ်သူလဲ..."
မီးလျှံ ခပ်ဆတ်ဆတ်ပြောလိိုက်တော့မှ ရှိုင်းငြိမ်သွားလေသည်။
"မင်းရဲ့သွေးက ဒီအချိန်မှာ သောက်လို့ကောင်းမယ်ထင်နေလား.. ဘာအရသာမှကိုရှိမှာ မဟုတ်ဘူး.."
မီးလျှံရဲ့ စကားကြောင့် ရှိုင်းရဲ့မျက်နှာက ဆူပုတ်သွားပြီး လယ်ရီကတော့ တစ်ဖက်ကို လှည့်ကာ ခိုးရယ်နေလေသည်။ မနက်စောစောတုန်းက အားနည်းနေတဲ့ ရှိုင်းဆီက သွေးကို မသောက်ချင်ဘူးဟုဆိုကာ မီးလျှံ လယ်ရီဆီက သွေးတွေကို တောင်းသောက်သွားခဲ့တာကိုတော့ မီးလျှံ ခြိမ်းခြောက်ထားသဖြင့် မပြောရဲ။
မီးလျှံတစ်ယောက် မနေ့က ကောင်လေး မေ့လဲသွားတုန်းကလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ အရမ်းစိတ်ပူနေခဲ့တာဖြစ်သည်။ အခုကျတော့ သူမဟုတ်တဲ့အတိုင်းပင်။
မီးလျှံသည် ဘယ်သောအခါမှ သူ့ရဲ့ နှုးညံ့တဲ့ စိတ်ကို မပြတတ်ပေ။ ဒါကြောင့်လည်း သူ့ကို ကြမ်းတမ်းသည်လို့ ထင်ထားကြတာဖြစ်လေသည်။
အခုလည်း ရှိုင်းဆိုသော ကောင်လေးဆီက သွေးကို မသောက်ရက်ဘူးဆိုတာကို မပြော။ တခြား ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါတဲ့ စကားတွေကိုသာ ပြောနေတော့တာ..။
လယ်ရီ မီးလျှံကို နောက်လိုသဖြင့် ရှိုင်းကို လှမ်းပြောလိုက်သည်။
"ကောင်လေး မင်းရဲ့ သွေးကို ငါနည်းနည်းလောက်သောက်ကြည့်လို့ရမလား... "
မီးလျှံရဲ့ နဂါးမျက်လုံးက ဒိုင်းခနဲ လယ်ရီဆီကို ရောက်လာသော်လည်း ဘာမှမသိရှာသော ရှိုင်းကတော့ လိုက်လိုက်လျောလျောပင် သူ့ရဲ့ လက်ကလေးကို လယ်ရီကို သွားထိုးပေးနေလေသည်။
"ရပါတယ်.. သောက်ကြည့်ပါလား... ရော့"
တောက်.. ဒီကလေးလေး.. မကြောက်မရွ့ံ ။ Vampire တွေအားလုံးကို ခင်စရာကောင်းတယ်လို့များထင်နေလားမသိ။ ဒီချာတိတ်လေးရဲ့ သွေးက သောက်မိရင် ဖြတ်ရခက်တဲ့ ဘိန်းလို စွဲလန်းသွားစေသဖြင့် လယ်ရီ လုံးဝသောက်လို့မဖြစ်။
ဒါကို နားမလည်ဘဲ လယ်ရီကို လက်သွားပေးနေသော ရှိုင်းကြောင့် မီးလျှံ ဒေါသထွက်လာပြီး ရှိုင်းကို လှမ်းဆွဲကာ ပြောလေသည်။
"သေချင်နေလား ချာတိတ်.. မင်းကိုယ်ငါပိုင်တယ်လို့ပြောထားတယ်လေ... မင်းရဲ့သွေးတွေကို ငါ့အပြင် ဘယ်သူ့ကိုမှ တိုက်ခွင့်မရှိဘူး.."
ရှိုင်းကတော့ မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်နှင့် ပြောရှာလေသည်။
"နည်းနည်းလောက်တော့ ပေးတိုက်လို့မရဘူးလား.. အားနာစရာကြီးကို.. "
"နည်းနည်းလည်းမရဘူး.. များများလည်းမရဘူး... နောက်တစ်ခါ အဲ့ဒီလိုပြောရင် မင်းပါ မလွယ်ဘူးလယ်ရီ.. လူသွေးလတ်လတ်ဆတ်ဆတ်သောက်ချင်ရင် ကိုယ့်ဘာသာကိုယ်ရှာထား.. ငါ့သွေးထုတ်စက်ကို လာမထိနဲ့.. "
မီးလျှံဖြစ်နေပုံကိုကြည့်ပြီးတော့ လယ်ရီက တစ်ဟားဟားပင်ရယ်နေလေတော့သည်။ မီးလျှံ လယ်ရီကို မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်ပြီးနောက် ရှိုင်းကို လှမ်းပြောလိုက်သည်။
"ကဲ.. သွားမယ်.. ချာတိတ်.."
မီးလျှံပြောလိုက်ကာ ထရပ်သည်။ ရှိုင်းးကလည်း ဆံပင်လေးတွေ လုံအောင် ခေါင်းစွပ်ကို အုပ်လိုက်ရင်း မီးလျှံအနားကို သွားလိုက်ကာလယ်ရီဘက်ကို ပြန်ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ငြိမ့်ကာ ဦးညွတ်လိုက်ရင်း ပြောသည်။
"သွားလိုက်ပါဦးမယ်... ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ.. "
"ရပါတယ်.. နောက်လည်း မီးလျှံလာရင် လိုက်လာခဲ့ပေါ့.. "
အခုထိ နှုတ်ဆက်လို့ မပြီးသေးတာကြောင့် မီးလျှံ စိတ်မရှည်တော့ဘဲ ရှိုင်းကို ပုခုံးနှစ်ဖက်မှ ဆွဲချုပ်လိုက်ကာ အပြင်ကို အတင်းဆွဲခေါ်သွားလေတော့သည်။ နောက်တစ်ခေါက်ဆိုရင် ရှိုင်းကို လယ်ရီအိမ်ကို ခေါ်မလာဖို့ဆုံးဖြတ်လိုက်ပြီးပြီ။
ကားပေါ်ရောက်တော့ ရှိုင်းလက်ထဲကို စက္ကူအိတ်တစ်အိတ်ထည့်ပေးလေသည်။
ရှိုင်း ကြည့်ကြည့်လိုက်တော့ ပိုက်ဆံတွေ အထပ်လိုက်ထည့်ထားတာ..။
"များလိုက်တာ ပိုက်ဆံတွေ ဘာလုပ်ဖို့လဲ.."
ရှိုင်းက မျက်လုံးပြူးလေးဖြင့် စက္ကူအိတ်ကို မြှောက်ပြရင်းမေးလေတော့ မီးလျှံ ရှိုင်းဘက်ကို မကြည့်ဘဲ ကားစက်ကို နှိုးလိုက်ကာ ပြောလေသည်။
"အိမ်မှာ လိုတာတွေ ဝယ်ရမယ်လေ... ငါက ဘာမှသိပ်မသိဘူး.. မင်းအတွက်လိုတာတွေက မင်းဘဲသိတာ.. ဒါကြောင့် မင်းကိုပေးထားတာ.. "
"ဒါပေမယ့် ဒီလောက် ပိုက်ဆံ အများကြီးလိုမှမလိုတာ.."
ရှိုင်း တစ်သက်မှာ ဒီလောက်ပိုက်ဆံတွေ အများကြီး မကိုင်ဘူးသဖြင့် မကိုင်ရဲပေ။ ဒါကြောင့် ကားမောင်းနေသာ မီးလျှံကို စက္ကူအိတ်ကို ပြန်ထိုးပေးနေသော မီးလျှံ မျက်မှောင်ကုတ်လိုက်ပြီး ကျစ်ခနဲ တစ်ချက်ဆုပ်သပ်လိုက်လေတော့ ရှိုင်း တွန့်သွားမိလေသည်။
"ကျစ်.. မလိုလည်း.ယူထား.. လိုချင်တာတွေ.. တစ်ခါတည်း ရအောင်ဝယ်ထား.. နောက်တစ်ခါ ခဏခဏ အပြင်လိုက်မပို့ပေးနိုင်ဘူးကြားလား.."
ရှိုင်း ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်မိသည်။ ရင်ထဲမှာတော့ ပန်းတွေ ပွင့်လျက် ပျော်နေသည်မှာ ထိန်းမနိုင် သိမ်းမရ။
ဒီလူကြီး သဘောကောင်းရဲ့သားနဲ့ စကားကောင်းကောင်း မပြောသဖြင့် ရှိုင်းနဲ့ အမြဲ စကားများနေရတာဖြစ်သည်။ ဒါတောင် ရှိုင်း ကြွေဆင်းနေမိတာ စကားပြောနူးညံ့ချိုသာတဲ့လူသာဆို ရှိုင်း ဘာဖြစ်နေမိမလဲ ကိုယ့်ဘာသာကိုယ်မတွေးရဲပေ။
ရှိုင်း ကိုယ့်ဘာသာကိုယ်တွေးမိရင်း တစ်ချက်ရယ်လိုက်မိတော့ ဘေးက လူကြီးက တစ်ချက် မျက်မှောင်ကုတ်ကြည့်သည်။ ဘာမှတော့ မပြော..။
ဒီလိုနဲ့ ရှိုင်းနှင့် မီးလျှံတို့ Shopping Mall တစ်ခုကို သွားကာ မီးလျှံရဲ့ အိမ်အတွက် လိုအပ်တာတွေကို ဝယ်ကြတော့သည်။
မီးလျှံက ရှိုင်း ဝယ်တာ ခြမ်းတာကို ဘာမှဝင်မပြော ၊ ဘေးကနေသာ တစ်ကောက်ကောက်လိုက်ပြီး လိုအပ်ရင် ပစ္စည်း ကူသယ်ပေးနေသည်။
ရှိုင်းကတော့ သူနဲ့ ဒီလိုသွားလာနေရတာ Date လုပ်နေတာမျိုးနှင့် တူသည် ဟုပင် ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်နေမိသေးသည်။
ဝယ်ခြမ်းထားသမျှ ပစ္စည်းတွေ ကားပေါ်ကို တင်ပြီးသည့်နောက်တွင်တော့ ရှိုင်းရဲ့ ဗိုက်ထဲက တစ်ဂွီဂွီဆာလောင်သံတွေ ထွက်ပေါ်လာပြီဖြစ်လေသည်။
ထိုအခါ မီးလျှံက မျက်မှောင်တစ်ချက်ကုတ်လိုက်ကာ ကြည့်သည်။ ထိုအခါ မျက်နှာငယ်လေးဖြင့် မော့ကြည့်ကာ စပ်ဖြဲဖြဲ လုပ်ပြနေသော ရှိုင်းကို ကြည့်ကာ မီးလျှံ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထို့နောက် အလိုအလျောက်ပင် ကားကို စားသောက်ဆိုင် တစ်ခုကို ဦးတည်လိုက်မိပြီဖြစ်သည်။
ရှိုင်းဆိုသော ကောင်လေးဟာ ရှိသမျှလူတွေ အားလုံးကို သူ့ကို ကာကွယ်ပေးချင်စိတ်၊ သူလိုတာတွေ အစွမ်းကုန်ဖြည့်စည်းပေးချင်စိတ်တွေ ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိသူ၊ လူတွေရဲ့ စိတ်ကို နူးညံ့စေနိုင်သောသူဆိုတာ အခု မီးလျှံ လက်တွေ့သိနေပြီဖြစ်သည်။ ရှိုင်းနှင့်နေသမျှကာလ တစ်လျှောက်လည်း အထီးကျန်သော စိတ်တွေ မရှိဘဲ မီိးလျှံရဲ့ ဘဝကြီးက စိုပြည်လာသလိုမျိုး။ ကိုယ့်ကိုယ်ကို ကျေနပ်နေမိတာဖြစ်သည်။
ဒီလိုမျိုး အချိန်အကြာကြီးနေနိုင်ရင် အရမ်းကိုကောင်းမှာဘဲ ဟုတွေးမိလိုက်သေးသည်။
စားသောက်ဆိုင် တစ်ခုရှေ့ ကားရပ်လိုက်တော့မှ ဝင်းပသွားတဲ့ ချာတိတ်လေးရဲ့ မျက်နှာကို မြင်လိုက်ရမှ မီးလျှံလည်း စိတ်ချမ်းသာနိုင်သည်။
စားသောက်ဆိုင်က Pizza ဆိုင်ဖြစ်သည်။ ဆိုင် အတွင်းဘက်ကော ဆိုင် အပြင်ဘက်မှာပါ စားပွဲလေးတွေ ချထားတာကြောင့် ရှိုင်းနှင့် မီးလျှံက ဆိုင်အပြင်ဘက် စားပွဲတစ်ခုတွင် နေရာယူလိုက်ကြလေသည်။
မီးလျှံတို့ရောက်နေတဲ့နေရာက ပလက်ဖောင်းတစ်ဖက်တစ်ချက်ဆီမှာ စားသောက်ဆိုင်တွေ တောက်လျှောက်စီတန်းလျက် ရှိတာကြောင့် လူသွားလူလာ အရမ်းများသောနေရာဖြစ်လေသည်။
ချာတိတ်လေး စားချင်တာတွေ မှာထားပြီးတော့ နှစ်ယောက်သား စားပွဲတွင် ဘာစကားမှ မပြောဖြစ်တော့ဘဲ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြပြန်သည်။
မီးလျှံကတော့ စီးကရက်တစ်လိပ်ကို မီးညှိကာ သောက်နေရင်း တစ်စုံတစ်ခုကိုတွေးနေဟန် ငြိမ်သက်လျက်ရှိနေလေသည်။
ရှိုင်းက မနေနိုင်တော့သဖြင့် စကားစဖို့ကြိုးစားလိုက်လေသည်။
"ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ..."
မီးလျှံက ခေါင်းကိုမော့ကာ စီးကရက်အငွေ့တွေကို မိုးပေါ်ကို မှုတ်ထုတ်လိုက်လေသည်။ နေ့လယ်ခင်းပိုင်းဖြစ်သော်ငြား မိုးငွေ့ပါသော လေနုအေးလေးတွေ တိုက်ခတ်နေတာကြောင့် စီးကရက်မီးခိုးငွေ့တွေက ချက်ချင်းပင် လေနှင့် မျောပါသွားသည်။ ထိုအခြင်းအရာကို မီးလျှံက ပြီးဆုံးသည်အထိကြည့်နေရင်းမှ ပြောလေသည်။
"အခုတလော မားကပ်စ်တို့ ငြိမ်နေပါလားလို့ စဉ်းစားနေတာ... "
မားကပ်စ်ရဲ့နာမည်ကြားတော့ ရှိုင်း မျက်နှာတစ်ချက်ပျက်သွားသေးသည်။ ရှိုင်းသည် မျက်စိရှေ့တွင် မားကပ်စ်က မိခင်ဖြစ်သူကို ဓားနဲ့ထိုးသတ်လိုက်တာကို မြင်ထားဖူးတာဖြစ်သောကြောင့် မားကပ်စ်ကိုအရမ်းကြောက်သော Trauma တစ်ခုရှိလေသည်။
ရှိုင်းကတော့ ကြယ်ဖြစ်တဲ့ အတွက်ကြောင့် မားကပ်စ်တို့က လိုက်ဖမ်းနေတာဆိုသော်ငြားလည်း မီးလျှံနှင့် မားကပ်စ်တို့ရဲ့ ပတ်သက်မှုကို ရှိုင်းမသိ။ ဒါကြောင့် မီးလျှံကို မရဲတရဲမေးလိုက်မိလေသည်။
"ခင်ဗျားနဲ့ အဲ့ဒီစုန်းကဝေတွေက ဘာလို့မတည့်ကြတာလဲဟင်.. "
မီးလျှံ တစ်ချက် နှုတ်ခမ်းတွန့်ရုံလေးပြုံးလိုက်သည်။
"သူတို့အရမ်းမက်မောနေတဲ့ အရာတစ်ခုကို ငါက ပိုင်ဆိုင်ရမယ်ဆိုတဲ့ ကံကြမ္မာ ပါလာလို့တဲ့... "
မီးလျှံစကားကြောင့် ရှိုင်းစိတ်ထဲတွင် အတွေးများစွာဖြင့်ယောက်ယက်ခတ်သွားလေတော့သည်။ စုန်းကဝေတွေ အရမ်းမက်မောနေသော အရာဆိုတာက ?..။
ပြီးတော့ ပါပါးသြဂတ်စ်ပြောခဲ့သော မီးလျှံဆိုတာ ကြယ်ရဲ့ နှလုံးသားကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ ကံကြမ္မာပါသည် ဟူသောစကား။
ဒါ..ဒါဆိုရင်....။
'' ခင်ဗျား.. ပိုင်ဆိုင်ရမယ်ဆိုတဲ့ အရာက .. ဘာ..ဘာလဲဟင်?.."
ရှိုင်းကြိုးစားအားယူကာ မေးကြည့်လိုက်မိသည်။ မီးလျှံက စီးကရက်ကို တစ်ချက်ဖွာရှိိုက်လိုက်ရင်း ရှိုင်းမျက်နှာကို စေ့စေ့ကြည့်ကာ ပြန်ဖြေလေသည်။
"ကြယ်ရဲ့နှလုံးသားတဲ့.."
ရုတ်တရတ် ကြားသိလိုက်ရသော စကားကြောင့် ရှိုင်း အံ့သြမင်သက်သွားမိပြီး လက်ထဲက ကိုင်ထားမိသော ရေခွက်လေးက ထောက်ခနဲ မြေပြင်ပေါ်ကို ပြုတ်ကျသွားလေတော့သည်။
စိတ်ထဲ ဝမ်းသာသွားသည်လား ဝမ်းနည်းသွားသည်လား မသိ..။ ထိုသို့သော တိုက်ဆိုင်မှုမျိုး ရှိနေသည်ဆိုတာကို လုံးဝ မမျှော်လင့်ထားမိ။ မီးလျှံက ဆက်ပြောလေသည်။
"အခု ငါရဲ့ မှော်စွမ်းအင်တွေ မားကပ်စ်ကို ကျော်နိုင်ဖို့ဆိုရင် အဲ့ဒီကြယ်ရဲ့နှလုံးသားကို လိုအပ်တယ်.. "
"ခင်ဗျားက ကြယ်ရဲ့နှလုံးသားကို ပိုင်ဆိုင်ထားပြီးပါပြီ Flame ရယ် .. ခင်ဗျားလိုချင်တယ်ဆိုရင် ကျွန်တော် ဓားနဲ့ခွဲထုတ်ပေးရမယ်ဆိုရင်တောင် ကျွန်တော်ပေးနိုင်ပါတယ်.."
ရှိုင်း မီးလျှံကို တစ်ရှိုက်မက်မက်ကြည့်နေလိုက်မိရင်း စိိတ်ထဲကပြောနေမိသည်။ သူ့ကို ငြိတွယ်နေမိခြင်းရဲ့ အကြောင်းရင်းက ဒါကြောင့်ပါလားဆိုတာကိုလည်း သဘောပေါက်သွားမိလေပြီ။ ပိုပြီးတော့ အချစ်တွေတောင် တိုးလာမိတာ..။
သို့သော် မီးလျှံ ထပ်ပြောလိုက်သော စကားတွေကြောင့် ရှိုင်း သွေးပျက်မတတ် ထိတ်လန့်သွားရလေတော့သည်။
" တကယ်တော့လေ.. ကြယ်ရဲ့နှလုံးသားဆိုတာကို ငါဘာဆိုတာ သိလည်း မသိသလို လိုလည်းမလိုချင်ဘူး... ပြီးတော့ မုန်းတယ်.."
မုန်းတယ်...၊ မီးလျှံက ကြယ်ကို မုန်းတယ်တဲ့....။ ကြားသိလိုက်ရသောစကားက ရှိုင်းအတွက် သွေးပျက်ဖွယ်.။
"ငါ့ဘဝတစ်ခုလုံးက ဘာမှန်းတောင် မသိတဲ့ ကြယ်ဆိုတာကြောင့်ဘဲ ပျက်ဆီးခဲ့ရတာ.. ငါ့ဘဝ .. ငါ့မိသားစုက အဲ့ဒီကြယ်ဆိုတာကြောင့်ဘဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ.. ဒါကြောင့် မားကပ်စ်တို့ကို ငါမုန်းသလို အဲ့ဒီကြယ်ကိုလည်း ငါမုန်းတယ်... "
ရုတ်တရတ် ရှိုင်းရဲ့ ရင်ဘတ်တစ်နေရာမှာ လေဟာနယ်တစ်ခုဖြစ်ပေါ်လာသလို လစ်ဟာမှုတစ်ခု ဖြစ်ပေါ်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်ကာ တုန်ယင်လာလေတော့သည်။
မီးလျှံကတော့ ရှိုင်းဖြစ်ပုံကို သတိမထားမိဘဲ ဆက်ပြောနေသည်။
"ငါအခု ကြယ်ကို လိုက်ရှာနေတယ်ဆိုပေမယ့်.. ငါမှော်ပညာတွေ လေ့ကျင့်ဖို့မဟုတ်ဘူး.. တစ်စစီဖြစ်အောင ်ဖျက်ဆီးချင်လို့ဘဲ.. ကြယ်မရှိတော့ဘူးဆိိုရင် မားကပ်စ်မှာလည်း အင်အားမရှိတော့ဘူး.. ဒါဆိုရင် ငါသူတို့ကို အလွယ်လေး မျိုးဖြုတ်လိုက်လို့ရပြီလေ.."
ထိုစကားတွေကို ပြောနေသော မီးလျှံရဲ့ မျက်နှာမှာ နာကျည်းမှုတွေ ပြည့်နှက်ချက် မျက်လုံးများမှာ မီးတောက်များ တောက်လောင်နေသလို...။ ထိုမျက်လုံးများဟာ သူဘယ်လောက်ကြယ်ကို မုန်းနေသည်ဆိိုတာကို သိသာစေလေသည်။
ကြားသိလိုက်ရသော ဖြစ်ရပ်တစ်ခုက ရှိုင်းရဲ့နှလုံးသားကို ဆွဲဖြဲလိုက်သည့်နှယ်..။ ရှိုင်း မီးလျှံရဲ့မျက်နှာကိုပင်စေ့စေ့မကြည့်ရဲတော့..။
မီးလျှံရဲ့မိသားစုသေဆုံးခဲ့ရတာ ရှိုင်းက ကြယ်ဖြစ်နေတာကြောင့်.. တစ်နည်းအားဖြင့်ဆိုသော် ရှိုင်းကြောင့်ဆိုသော အမှန်တရားတစ်ခုနှင့်အတူ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသော စိတ်တို့က ရှိုင်းရဲ့နှလုံးသားကို ဆူးချွန်များဖြင့် အချက်ပေါင်းများစွာ ထိုးနေသလို..။
ရုတ်တရတ် မျက်နှာတစ်ပြင်လုံးရော နှုတ်ခမ်းလေးတွေပါ ဖြူဆုတ်တာ တဆတ်ဆတ်တုန်လာသော ရှိုင်းရဲ့ ပုံစံကို မြင်လိုက်ရတာကြောင့် မီးလျှံ စိုးရိမ်သွားပြီးမေးလိုက်မိသည်။
"ဘာဖြစ်တာလဲ.. ချာတိတ်... အဆင်ပြေရဲ့လား"
ရိီှုင်းဖြစ်သွားတဲ့ပုံစံက သြဂတ်စ်တို့ အိမ်က ပြန်ထွက်လာတုန်းက မေ့လဲကျသွားခါနီး ဖြူဖတ်ဖြူလျော်ဖြစ်နေခဲ့သော အခြေအနေမျိုး..... ။
"ချာတိတ်.. အဆင်ပြေလားလို့မေးနေတယ်လေ.. ဘာဖြစ်သွားတာလဲ.."
မင်တက်နေမိသော ရှီုင်းကို အသံခပ်ကျယ်ကျယ်ဖြင့် ေြပြာလိုက်တော့မှ သတိပြန်ဝင်လာလေသည်။ သို့သော် မျက်လုံးလေးတွေကတော့ မီးလျှံကို စေ့စေ့ မကြည့်ရဲသေးပေ...။
မီးလျှံရဲ့ အမေးကို အသံကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်ပြီး ပြန်ဖြေလိုက်ရလေသည်။
"အဆင်ပြေပါတယ်... ရုတ်တရတ်.. အိမ်..အိမ်သာ တက်ချင်လာလို့... ကျွန်. ကျွန်တော် အိမ်သာခဏသွားလိုက်ဦးမယ်.. "
ရှိုင်း ထိုသို့ ကြိုးစားပြောလိုက်ပြီး ထိုင်နေရာက ထကာ စားသောက်ဆိုင်အတွင်းဘက်က အိမ်သာထဲကို အပြေးသွားလိုက်မိသည်။
လှုပ်ရှားနေသော စိတ်တို့နှင့် ထိတ်လန့်နေမှုတို့ကြောင့် ခြေလှမ်းတွေ ပင် သိပ်မခိုင်ချင်တော့...။
အိမ်သာထဲရောက်တော့ ချက်ချင်းပင် အိမ်သာအခန်းတစ်ခုထဲကို ဝင်လိုက်ကာ အိမ်သာ ဘိုထိုင်အဖုံးကို ပိတ်လိုက်ပြီး ထိုင်လိုက်မိသည်။ ဘာဆက်လုပ်ရမလဲမသိ..။
ရုတ်တရတ် ကြားသိလိုက်ရသော အကြောင်းအရာတစ်ခုက ရှိုင်းကို သွေးပျက်စေလေသည်။
ဆံပင်တွေကို လက်နှင့်ဆွဲဖွလိုက်ကာ အားခနဲ ခပ်တိုးတိုးညည်းညူမိသည်။
မီးလျှံက ကြယ်ကို မုန်းတယ်တဲ့.. တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်ချင်တာတဲ့..။
ဒါဆိုရင် မီးလျှံက ရှိုင်းဟာ ကြယ်ပါဆိုတာကို သိသွားရင် ရှိုင်းကို မုန်းသွားတော့မယ်ဆိုတာ အသေအချာ...။
ရှိုင်း ဘာလုပ်ရပါမလဲ...။
ဖြစ်ပျက်ခဲ့သမျှ အရာတွေ အားလုံးနှင့် ရှိုင်း ရဲ့ မီးလျှံ အပေါ်ထားတဲ့ စိတ်တွေ အားလုံးဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ.. ကံကြမ္မာအရသာဆိုတာကို သိခဲ့ရင်..။
ပြီးတော့ ထိုကံကြမ္မာကိုသာ ရှိုင်း ကြိုသိနေခဲ့မယ်ဆိုရင်.. မီးလျှံ ကို မချစ်မိဖို့ ကိုယ့်ဘာသာကိုယ်ကြိုးစားမိမှာ..။
အခုတော့...။ အခုတော...။
ပါးပြင်တို့မှ ပူနွေးသော မျက်ရည်စက်တို့စီးကျလာသည်။
ရှိုင်းသာ မီးလျှံကို ငယ်ငယ်တုန်းကတည်းက မမေ့ပစ်ခဲ့လို့သာ ဒီလိုနောက်ဆက်တွဲတွေ ဆက်ဖြစ်လာတယ်ဆိုတာကို တဖြေးဖြေး သဘောပေါက်လာမိသည်။
သြဂတ်စ်ရဲ့အဖေ သေဆုံးသွားရခြင်း၊ ပြီးတော့ သြဂတ်စ်ရှိုင်းကို မုန်းသွားရခြင်း၊ ပြီးတော့ ရှိုင်းရဲ့ အဖေ၊ အမေတို့သေဆုံးသွားရခြင်း. ပြီးတော့ မီးလျှံရဲ့ အတိတ်ဆိုးတွေ အားလုံးဟာ ရှိုင်းဆိုသော ကြယ်ကြောင့်ပင်။
အခုလက်ရှိအချိန်တွင် ရှိုင်းတွင် ခိုကိုးရာ မှီတွယ်ရာအဖြစ် ရှိနေသူသည် မီးလျှံဖြစ်သည်။
မီးလျှံသည် ရှိုင်းးရဲ့ ဖြစ်တည်မှုအမှန်ကို သိသွားခဲ့သည်ရှိသော် ဘယ်လိုခံစားရမည်နည်း၊ ဘယ်လိိုတုန့်ပြန်မည်နည်း။
ရှိုင်း နောက်ဆက်တွဲတွေကို မတွေးရဲပါ....။ ကြောက်သည်။ ရှိုင်းအရမ်းကို ကြောက်နေမိသည်။
မီးလျှံ ရှိုင်းကို မုန်းသွားမှာကို အရမ်းကြောက်သည်။
ရှိုင်း ဘာဆက်လုပ်ရပါ့မလဲ...။
ထိုမေးခွန်းကိုသာ ထပ်တလဲလဲပြန်မေးနေမိသည်။ သူ့အနားကထွက်သွားလိုက်ရမည်လား....။
အမှန်တိုင်း ဝန်ခံရလျှင် ရှိုင်းရဲ့လက်ရှိ မီးလျှံနှင့် အတူနေနေရသော အချိန်တွေကို အရမ်းမက်မောသည်။ အချိန်အကြာကြီး သူနှင့် ဒီအတိုင်းရှိချင်နေသော လောဘတစ်ခုရှိနေလေသည်။
ရှိုင်း ဘာဆက်လုပ်ရမယ်မှန်းမသိတော့ သဖြင့် ဆံပင်တွေကို သာ ဆွဲဖွနေမိသည်။
ထိုစဉ် အိမ်သာ ထဲတွင် ခပ်မှိန်မှိန်ထွန်းထားသော မျက်နှာကျက်မှ မီးဆိုင်းသေးသေးလေးက မီးအလင်းရောင်တွေက တဖျတ်ဖျတ်နှင့် မျက်တောင်ခတ်လာသလို ရှိုင်း စိတ်ထဲတွင်လည်း တစ်မျိုးဖြစ်သွားလေသည်။ အိမ်သာထဲကို တစ်စုံတစ်ယောက် ဝင်လာသလိုမျိုး ခံစားချက်မျိုး...။
ဒါကြောင့် မိမိလက်ရှိရောက်ရှိနေသော အိမ်သာ တံခါးကို ဖွင့်ကာ ဘေစင်ရှေ့ကိုထွက်လာခဲ့မိသည်အထိ လူရိပ်လူယောင်မမြင်ရသေး။ အိမ်သာထဲတွင် လူဆိုလို့ ရှိုင်း တစ်ယောက်သာရှိနေသည်။
မီးဆိုင်းလေးမှ မီးအလင်းရောင်တွေ မျက်တောင်ခတ်နေခြင်းလည်း ရပ်တန့်သွားလေပြီ..။
အမြဲတမ်း စုန်းကဝေတွေကို သတိထားနေရသဖြင့် ရှိုင်းရဲ့ စိတ်တွေလည်း ပုံမှန်မဟုတ်တော့ဘူးထင်သည်။
ရှုပ်ထွေးနောက်ကျိနေသော စိတ်တို့ အနည်းငယ်ပြေလျော့သွားစေရန် ဘေစင်မှ ရေတွေကို ဖွင့်ချလိုက်ကာ မျက်နှာ သစ်လိုက်မိသည်။
မျက်နှာကို ရေတွေနှင့် သစ်ချနေသဖြင့် မျက်လုံးမှိတ်ထားမိသော ရှိုင်း မျက်လုံးများကို ပြန်ဖွင့်လိုက်မိလေသော အခါ ....။
မှန်နောက်မှ တဆင့်မြင်နေရသော အရိပ်မည်းတစ်ခုကြောင့် ရှိုင်း လန့်သွားကာ နောက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်မိသည်။
အနက်ရောင် ဝတ်ရုံကို ခေါင်းထိလုံအောင် ခြုံထားသော လူတစ်ယောက်။ ရှိုင်းနောက်တွင် ရပ်နေတာဖြစ်သည်။
ချက်ချင်းပင် စုန်းကဝေတစ်ယောက်ဆိုတာကို သိလိုက်မိပြီး သွေးကြောတွေ ရပ်ဆိုင်းသွားသလို ထိတ်လန့်သွားမိသည်။
ထိုစုန်းကဝေဟာ ဖြေးဖြေးချင်းပင် ရှိုင်းရှိရာကို လျှောက်လာနေသဖြင့် ရှိုင်း နောက်ကို ဆုတ်ကာ ဆုတ်ကာ ဖြင့်ပင် ဘေစင်တွင် ကျောကပ်မိသွားလေပြီ။ ထွက်ပြေးစရာ ထွက်ပေါက်ကလည်း ထိုစုန်းကဝေရဲ့နောက်တွင်ရှိနေသောကြောင့် ဘာမှလုပ်လို့မရနိုင်။
ထိုသူက ရှိုင်းရဲ့အနားကို တိုးကပ်လာကာ ရှိုင်းကို လက်မောင်းများမှဆွဲယူကာ အပြင်ကို ခေါ်ထုတ်ရန်ကြိုးစားနေလေတော့သည်။
ရှိုင်း အံ့လည်းအံ့သြ ထိတ်လည်းထိတ်လန့်သွားပြီး အကြောက်အကန် ရုန်းကန်မိရာ ရှိုင်းရဲ့ လက်ဖဝါးတစ်ဖက်က ဘေစင်ခုံစောင်းနှင့် ရိုက်မိပြီး သွေးအနည်းငယ်စို့သွားလေတော့သည်။
ထိုအခါ ရှိုင်းကို ဖမ်းချုပ်ဖို့ကြိုးစားနေသော စုန်းကဝေ က စိတ်မရှည်ဖြစ်သွားဟန်တူသည်။ ချက်ချင်းပင် လက်မှ အစိမ်းရောင် အလင်းတန်းအနည်းငယ်ကို ထုတ်လွှတ်လိုက်ပြီး ရှိုင်းရဲ့နှဖူးကို ခပ်ပြင်းပြင်းပင် ရိုက်ချလိုက်လေတော့သည်။
ထိုအခါ ရှိုင်းရင်ဘတ်တစ်ခုလို လှပ်ခနဲဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း လျှပ်စစ်ဓာတ်တွေ စီးဝင်သွားသလိုမျိုး တုန်ယင်သွားကာ အမြင်အာရုံတွေ တဖြေးဖြေး ဝေ၀ါးသွားပြီး နောက်ဆုံးတော့ သတိလုံးလုံးမရှိတော့..။
*************************************************************************************************************
ရှိုင်းရဲ့ သတိတို့ ပြန်လည်စုစည်းသွားမိချိန်မှာတော့ ရှိုင်းဟာ မိမိတစ်ခါမှမရောက်ဖူးသော နေရာစိမ်းတစ်ခုတွင် ရောက်ရှိနေတာကို သိလိုက်ရလေသည်။
အချိန်က ညနေစောင်းအချိန်ပင်ဖြစ်နေလေပြီ။
ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိတော့ သန့်ရှင်းသပ်ရပ်သော ၊ အိပ်ခန်းတစ်ခုအတွင်းကို ရောက်နေတာကို သတိထားလိုက်မိလေသည်။
ချက်ချင်းထထိုင်ကာ ကိုယ့်ကို ကိုယ်သတိထားကြည့်လိုက်မိတော့ အိပ်ရာတစ်ခုပေါ်တွင် လဲလျောင်းနေမိတာကိုသိလိုက်ရသည်။ ခန္ဓာကိုယ်ကို စောင်ပါးတစ်ထည်နှင့် ဖုံးလွှမ်းပေးထားကာ စောစောက ရုန်းကန်လိုက်သဖြင့် သွေးထွက်သွားသော လက်ဖဝါးကိုလည်း ပတ်တီးစီးပေးထားသည်ကိုတွေ့လိုက်ရလေသည်။
ရှိုင်းရုတ်တရတ် နားမလည်နိုင်ဖြစ်သွားလေတော့သည်။ ရှိုင်း သေချာပေါက်ကို စုန်းကဝေတစ်ယောက်ရဲ့ အတင်းအကြပ်ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာဖြစ်သည်။
စုန်းကဝေတွေရဲ့ ဖမ်းဆီးခြင်းကို ခံရတာဆိုရင် အခုအချိန်လောက်ဆိုရင် အရှင်လတ်လတ်နှလုံးခွဲခံရရင်ရ..၊ မရရင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရမှာဖြစ်သည်။
အခု ရှိုင်းး ဘာကြောင့် သက်တောင့်သက်သာ အနေအထားတွင် ရှိနေရပါသနည်း..။ ရှိုင်းကို မည်သူဖမ်းဆီးလာပါသနည်း..။
နားမလည်နိုင်ဖြစ်သွားကာ ကုတင်ပေါ်ကနေ ထရပ်လိုက်ကာ ထွက်ပြေးနိုင်ဖို့ လမ်းကြောင်းကို ရှာဖွေလိုက်သည်။
ရှိုင်းရောက်နေတာ ရိုးရိုးသာမန် အိပ်ခန်းတစ်ခန်းသာ..။
ပြီးတော့ ရှိုင်းလှဲနေမိသော ကုတင်ဘေးကစားပွဲပေါ်တွင် တင်ထားသော ဓားမြောင်တစ်ချောင်း။ သေချာပေါက်ကို စုန်းကဝေခေါင်းဆောင်နှင့် တခြားစုန်းကဝေတွေ ခါးကြားတွင် အမြဲထိုးထားတတ်သော ဓားမြောင်ဆိုတာကို မှတ်မိလိုက်သည်။
ထို အချိန်မှာပင် အခန်းထဲကို လူတစ်ယောက် ဝင်လာကာ ကမန်းကတန်းကြည့်လိုက်မိတော့ ရှိုင်းကို ဖမ်းဆီးခဲ့သော စုန်းကဝေပင်။ ခေါင်းစွပ် စွပ်ထားသေးသော်လည်း ဒီတစ်ခါတော့ မျက်နှာကို တစ်ပိုင်းတစ်စမြင်နေရသေးသည်။ ပြီးတော့ ထိုစုန်းကဝေက ခွက်တစ်ခုကို ကိုင်လာလေသည်။ ခွက်ထဲက အနီရောင် အရည်များကို မြင်နေရလေသည်။
ထိုစုန်းကဝေ ဝင်လာတာနှင့် တစ်ပြိုင်နက် ရှိုင်းက စားပွဲပေါ်က ဓားမြောင်ကို ယူလိုက်ကာ အခန်းထဲ ဝင်လာသော စုန်းကဝေကို ချိန်ရွယ်ထားလိုက်သည်။
"အနားကို ကပ်မလာနဲ့နော်.. ကျွန်တော် ခင်ဗျားကို ဓားနဲ့ထိုးပစ်လိုက်မှာ.. ဒီဓားက ခင်ဗျားတို့ကို ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်.."
ရှိုင်းဓားနှင့် ချိန်ထားရင်း ပြောလိုက်တော့ ထိုစုန်းကဝေသည် အေးအေးဆေးဆေးပင် ခွက်ကိုကိုင်ထားလျက်ကပင် လက်ကို မြှောက်ထားလိုက်သည်။
ပြီးတော့ နူးညံ့သော အသံဖြင့် အေးအေးဆေးဆေးပင် ရှိုင်းကို ပြောလေသည်။
"မကြောက်ပါနဲ့ ... ငါမင်းကို အန္တရာယ်ပြုဖို့ခေါ်လာတာ မဟုတ်ပါဘူး.."
ရှိုင်း မယုံပါ။ စုန်းကဝေဆိုတာ ရှိုင်းကို အမြဲလက်ရဖမ်းကာ အသေသတ်ဖို့ ကြိုးစားနေကြတဲ့လူတွေပင်။
"အန္တရာယ်ပြုဖို့ မဟုတ်ရင် ဘာလို့ခေါ်လာတာလဲ.. ခင်ဗျားတို့ စုန်းကဝေတွေက ကျွန်တော့်ကို အသေသတ်ချင်နေတဲ့လူတွေဘဲကို..."
ထိုသူက ရဲရဲတင်းတင်းပင် အနားကို တဖြေးဖြေးချင်းကပ်လာကာ ပြောပြန်လေသည်။
"ငါမင်းကို အန္တရာယ်ပြုဖို့ခေါ်လာတာ မဟုတ်ဘူး...."
ရှိုင်းကို လေးလေးနက်နက်ပြောနေသော ထိုသူရဲ့ မျက်လုံးတွေက ကြင်နာခြင်းတွေ အပြည့်နှင့် အမှန်ကို ပြောနေသယောင်...။
ရုတ်တရတ် ဘာပြောရမှန်းမသိကြောင်သွားသော ရှိုင်းကို ကြည့်ကာ ထပ်ပြောပြန်လေသည်။
"ငါသာ မင်းကို သတ်ချင်တယ်ဆိုရင် မင်းအခုအချိန် သေနေလောက်ပြီးပေါ့.. ပြီးတော့ ဓားမြှောင်ကိုလည်း ဒီလိုမျိုး ပစ်စလတ်ခတ်ငါထားပါ့့မလား.."
"ဒါဖြင့် ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်တာလဲ.."
ရှိုင်း ဓားကိုချိန်ရွယ်ထားရင်းမှပင် မေးလိုက်သည်။
"စိတ်အေးအေးထားပါ.. ငါမင်းကို ဒီအတိုင်း ကာကွယ်ပေးချင်တဲ့လူပါ..ယုံပါ.. ငါက စုန်းကဝေဆိုပေမယ့် မားကပ်စ်တို့လိုမျိုးမဟုတ်ပါဘူး.. ငါပြောတာကို အရင်နားထောင်ပေးပါ.. ပြီးမှ မင်းငါ့ကို ဓားနဲ့ထိုးချင်ရင်လည်း ထိုးလိုက်ပါ.."
ထိုသူရှိုင်းကို ပြောနေသည်မှာ ခခယယ..။ မျက်လုံးများက လေးနက်မှုတွေ အပြည့်ဆိုတာကို ခံစားလိုက်မိနေတာ.။ ပြီးတော့ ရှိုင်းကို ကြည့်နေသော ထိုသူရဲ့ မီးခိုးရောင်မျက်လုံးများမှာ မျက်ရည်ကြည်တွေ အပြည့်..။
ဘာကြောင့်မှန်းမသိ ထိုသူ့စကားတွေကိို ရှိုင်း ယုံနေမိသည်။
"ခင်.. ခင်ဗျားက ဘယ်သူလဲ.... "
ရှိုင်း ထိုသို့မေးလိုက်လေတော့ ထိုသူက ခေါင်းကို ခြုံထားသော ခေါင်းစွပ်ကို ဖယ်ချလိုက်ကာ ရှိုင်းကို ကြည့်သည်။
ထိုအခါမှ ထိုသူရဲ့ မျက်နှာကို သေချာ မြင်လိုက်ရတော့တာ... ။ လေးထောင့်ဆန်ဆန်် တိကျပြတ်သားသော မျက်နှာတို့ပေါ်လာသည်။ ပြီးတော့ စောစောက ခေါင်းစွပ်စွပ်ထားသဖြင့် သေချာမမြင်ရခဲ့သော မျက်နှာ တစ်ခြမ်းမှ မီးလောင် အမာရွတ်ကြီးတစ်ခု။
ထိုသူက ရှိုင်းအနားကို ပိုပြီကပ်လာသည်။ ရှိုင်း ကိုင်ထားသော ဓားကို မဖယ်မိသေး...။ ဒါကိုတောင် ဂရုမစိုက်ဘဲ ရှိုင်းအနားကို တိုးလားကာ ရှိုင်းရဲ့ ပါးပြင်လေးတစ်ဖက်ကို လာကိုင်သည်။
ပြီးတော့ ရှိုင်းရဲ့ မျက်လုံးလေးတွေ ကိုစိုက်ကြည့်ကာ ရှိုင်းရဲ့ မေးခွန်းကို ဖြေလေသည်။
"ငါက. မင်းကို အစွန်းဆုံးထိ ကာကွယ်ပေးချင်တဲ့လူပါ.. ငါက..ငါက...................."
*************************************************************************************************************
Author's Note
အဲ့ဒီစုန်းကဝေ ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ကြပါလားဟင်။ အရမ်းအရမ်းကိုလွယ်ပါတယ်...။
************
Zawgyi
**************
Flame Started To Burn Part (1)
ဒုန္း..ဒုန္း.. ဒုန္း..
"ခ်ာတိတ္.. ျမန္ျမန္လုပ္..သြားမယ္.. ျကာလိုက္တာ"
အခန္းျပင္က တစ္ဒုန္းဒုန္းထုသံနွင့္ အတူ မီးလွ်ံရဲ႕ စိတ္မရွည္ဟန္ ေလာေဆာ္သံေျကာင့္ ရိႈင္း အက်ီျကယ္သီးကို ျမန္ျမန္တက္လိုက္ကာ အခန္းထဲက ၀ုန္းဒိုင္းျကဲထြက္လာလိုက္မိသည္။ အခန္း၀ေရာက္ေတာ့ အခန္း၀တြင္ အခန္းေဘာင္ကို လက္ေထာက္ကာ ရပ္ေစာင့္ေနေသာ မီးလွ်ံနွင့္ တိုးေလေတာ့သည္။
စိတ္မရွည္တတ္ေသာ မီးလွ်ံ တစ္ေယာက္ အခန္္း၀တြင္ေစာင့္မေနေလာက္ဘူးဟု ထင္ထားလိုက္မိသျဖင့္ ၀ုန္းဒိုင္းျကဲေျပးထြက္လာမိေသာ ရိႈင္းမွာ မီးလွ်ံရဲ႕ ရင္ဘတ္နွင့္ တိုက္မိသြားေလေတာ့သည္။
အင့္..
မာေက်ာလွေသာ ရင္ဘတ္အက်ယ္ျကီးနွင့္ တိုက္မိလိုက္တာေျကာင့္ ရိႈင္းရဲ႕နွဖူးေလးကေတာ့ နီရဲသြားေပမယ့္ မီးလွ်ံကေတာ့ ဘာဆိုဘာမွမျဖံဳေပ။
အခန္းတံခါးေဘာင္ကို ေထာက္ထားရင္း မ်က္နွာရွံဳ႕မဲ့ေနေသာ ရိႈင္းကို မ်က္ေမွာင္ကုတ္ျပီး ငံု႔ျကည့္ေနသည္။
"ျပီးျပီလား.. ျပင္လို႔ဆင္လို႔.. ျပီးရင္သြားမယ္... အိမ္အတြက္ လိုတာေတြ သြား၀ယ္ရမယ္.."
ထိုသို႔ေျပာျပီး ေအာက္ထပ္ကိုဆင္းသြားေလေတာ့သည္။ ရိႈင္းလည္း ရႈပ္ပြေနေသာ ဆံပင္ေတြကို လက္နွင့္ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္လိုက္ျပီးေနာက္ ေအာက္ထပ္ကို လိုက္လာခဲ့ေလသည္။
ရိႈင္းတို႔ေရာက္ေနတာ လယ္ရီရဲ႕ဆိုင္အေပၚထပ္က အိမ္ျဖစ္ေလသည္။ မေန႔က ေနမေကာင္းျဖစ္သြားခဲ့ေသာ ရိႈင္းေျကာင့္ လယ္ရီက မီးလွ်ံနွင့္ ရိႈင္းကို တစ္ညအိပ္ခြင့္ေပးခဲ့တာျဖစ္သည္။
ရိႈင္း ေအာက္ထပ္က ဆိုင္ကိုေရာက္သြားေတာ့ လယ္ရီနွင့္ စားပြဲေပၚတြင္ ထိုင္ကာ စကားေျပာေနေသာ မီးလွ်ံကို ေတြ႔လိုက္ရေလသည္။
ေအာက္ထပ္ကို ရိႈင္းဆင္းလာတာကို ျမင္ေတာ့ လယ္ရီက လွမ္းေျပာသည္။
"မနက္စာကိုေတာ့ လမ္းမွာဘဲ မီးလွ်ံကို တစ္ခုခု၀ယ္ေကၽြးခိုင္းလိုက္ေတာ့ေကာင္ေလးေရ.. ငါ့ဆီမွာက ေသြးအျပင္ဘာမွမရွိလို႔..."
လယ္ရီကထိုသို႔ေျပာလိုက္ေတာ့ ရိႈင္းက အားနာစြာျဖင့္ ေခါင္းခါျပသည္။
"ရပါတယ္.. ကၽြန္ေတာ္လည္း ဗိုက္မဆာပါဘူး. "
ရိႈင္းက ထိုိသို႔ေျပာလိုက္ျပီးေတာ့ ထိုင္ေနေသာ မီးလွ်ံ အနားကိုသြားကာ သူ႔လက္ဖ်ံေလးကို ထိုးေပးလိုက္ေလသည္။
"ေရာ႔.."
ရိႈင္းရဲ႕ အျပဳအမူေျကာင့္ မီးလွ်ံ မ်က္လံုးလွန္ျပီး ေမာ့ျကည့္ကာ ျပန္ေမးေလသည္။
"ဘာလုပ္တာလဲ.. အဲ့ဒါ.."
"ခင္ဗ်ား Breakfast မစားဘူးလား..မေန႔ကလည္း ေသခ်ာ မစားဘူး.. ေရာ႔.. "
"မစားဘူး..."
"ဗိုက္ဆာေနမွာေပါ့.. ေတာ္ျကာ စိတ္ရူးေပါက္သြားဦးမယ္.. "
"မစားဘူးလို႔ေျပာေနတယ္.. ဘယ္လိိုျဖစ္ေနလဲ.."
မီးလွ်ံ မ်က္နွာကို တစ္ဖက္လွည့္သြားကာ မစားဘူးခ်ည္းဘဲ ေျပာေနေလသည္။ ထိုပံုစံသည္ ကေလးဆိုးျကီးတစ္ေယာက္နွင့္ ပင္တူေနေသးသည္။
"ဘာျဖစ္လို႔ မစားတာလဲ.. "
ရိႈင္းကလည္း လက္မေလွ်ာ႔ ။ ထံုးစံအတိုင္း စကားအရစ္ရွည္ေနျပန္ေသးသည္။ ဒါေျကာင့္ မီးလွ်ံ စိတ္မရွည္ေတာ့ဘဲ စူးခနဲေမာ့ျကည့္လိုက္ကာ ေျပာေလသည္။
"မေန႔ကေလးတင္ ေသြးအားနည္းေနတယ္ဆိုျပီး ေသမလိုျဖစ္ခဲ့တာ ဘယ္သူလဲ..."
မီးလွ်ံ ခပ္ဆတ္ဆတ္ေျပာလိိုက္ေတာ့မွ ရိႈင္းျငိမ္သြားေလသည္။
"မင္းရဲ႕ေသြးက ဒီအခ်ိန္မွာ ေသာက္လို႔ေကာင္းမယ္ထင္ေနလား.. ဘာအရသာမွကိုရွိမွာ မဟုတ္ဘူး.."
မီးလွ်ံရဲ႕ စကားေျကာင့္ ရိႈင္းရဲ႕မ်က္နွာက ဆူပုတ္သြားျပီး လယ္ရီကေတာ့ တစ္ဖက္ကို လွည့္ကာ ခုိးရယ္ေနေလသည္။ မနက္ေစာေစာတုန္းက အားနည္းေနတဲ့ ရိႈင္းဆီက ေသြးကို မေသာက္ခ်င္ဘူးဟုဆိုကာ မီးလွ်ံ လယ္ရီဆီက ေသြးေတြကို ေတာင္းေသာက္သြားခဲ့တာကိုေတာ့ မီးလွ်ံ ျခိမ္းေျခာက္ထားသျဖင့္ မေျပာရဲ။
မီးလွ်ံတစ္ေယာက္ မေန႔က ေကာင္ေလး ေမ့လဲသြားတုန္းကလည္း ေျခမကိုင္မိလက္မကိုင္မိ ျဖစ္ကာ အရမ္းစိတ္ပူေနခဲ့တာျဖစ္သည္။ အခုက်ေတာ့ သူမဟုတ္တဲ့အတိုင္းပင္။
မီးလွ်ံသည္ ဘယ္ေသာအခါမွ သူ႔ရဲ႔ ႏႈးညံ့တဲ့ စိတ္ကို မျပတတ္ေပ။ ဒါေျကာင့္လည္း သူ႔ကို ျကမ္းတမ္းသည္လို႔ ထင္ထားျကတာျဖစ္ေလသည္။
အခုလည္း ရိႈင္းဆိုေသာ ေကာင္ေလးဆီက ေသြးကို မေသာက္ရက္ဘူးဆိုတာကို မေျပာ။ တျခား ဆန္႔က်င္ဘက္ အဓိပၸာယ္ပါတဲ့ စကားေတြကိုသာ ေျပာေနေတာ့တာ..။
လယ္ရီ မီးလွ်ံကို ေနာက္လိုသျဖင့္ ရိႈင္းကို လွမ္းေျပာလိုက္သည္။
"ေကာင္ေလး မင္းရဲ႕ ေသြးကို ငါနည္းနည္းေလာက္ေသာက္ျကည့္လို႔ရမလား... "
မီးလွ်ံရဲ႕ နဂါးမ်က္လံုးက ဒိုင္းခနဲ လယ္ရီဆီကို ေရာက္လာေသာ္လည္း ဘာမွမသိရွာေသာ ရိႈင္းကေတာ့ လိုက္လိုက္ေလ်ာေလ်ာပင္ သူ႔ရဲ႕ လက္ကေလးကို လယ္ရီကို သြားထိုးေပးေနေလသည္။
"ရပါတယ္.. ေသာက္ျကည့္ပါလား... ေရာ႔"
ေတာက္.. ဒီကေလးေလး.. မေျကာက္မရြ႔ံ ။ Vampire ေတြအားလံုးကို ခင္စရာေကာင္းတယ္လို႔မ်ားထင္ေနလားမသိ။ ဒီခ်ာတိတ္ေလးရဲ႕ ေသြးက ေသာက္မိရင္ ျဖတ္ရခက္တဲ့ ဘိန္းလို စြဲလန္းသြားေစသျဖင့္ လယ္ရီ လံုး၀ေသာက္လို႔မျဖစ္။
ဒါကို နားမလည္ဘဲ လယ္ရီကို လက္သြားေပးေနေသာ ရိႈင္းေျကာင့္ မီးလွ်ံ ေဒါသထြက္လာျပီး ရိႈင္းကို လွမ္းဆြဲကာ ေျပာေလသည္။
"ေသခ်င္ေနလား ခ်ာတိတ္.. မင္းကိုယ္ငါပိုင္တယ္လုိ႔ေျပာထားတယ္ေလ... မင္းရဲ႕ေသြးေတြကို ငါ့အျပင္ ဘယ္သူ႔ကိုမွ တိုက္ခြင့္မရွိဘူး.."
ရိႈင္းကေတာ့ မ်က္လံုးေလးေတြ ပုတ္ခတ္ပုတ္ခတ္နွင့္ ေျပာရွာေလသည္။
"နည္းနည္းေလာက္ေတာ့ ေပးတိုက္လို႔မရဘူးလား.. အားနာစရာျကီးကို.. "
"နည္းနည္းလည္းမရဘူး.. မ်ားမ်ားလည္းမရဘူး... ေနာက္တစ္ခါ အဲ့ဒီလိုေျပာရင္ မင္းပါ မလြယ္ဘူးလယ္ရီ.. လူေသြးလတ္လတ္ဆတ္ဆတ္ေသာက္ခ်င္ရင္ ကိုယ့္ဘာသာကိုယ္ရွာထား.. ငါ့ေသြးထုတ္စက္ကို လာမထိနဲ႔.. "
မီးလွ်ံျဖစ္ေနပံုကိုျကည့္ျပီးေတာ့ လယ္ရီက တစ္ဟားဟားပင္ရယ္ေနေလေတာ့သည္။ မီးလွ်ံ လယ္ရီကို မ်က္ေထာင့္နီျကီးျဖင့္ ျကည့္လိုက္ျပီးေနာက္ ရိႈင္းကို လွမ္းေျပာလိုက္သည္။
"ကဲ.. သြားမယ္.. ခ်ာတိတ္.."
မီးလွ်ံေျပာလိုက္ကာ ထရပ္သည္။ ရိႈင္းးကလည္း ဆံပင္ေလးေတြ လံုေအာင္ ေခါင္းစြပ္ကို အုပ္လိုက္ရင္း မီးလွ်ံအနားကို သြားလိုက္ကာလယ္ရီဘက္ကို ျပန္ျကည့္လိုက္ျပီး ေခါင္းတစ္ခ်က္ ျငိမ့္ကာ ဦးညြတ္လိုက္ရင္း ေျပာသည္။
"သြားလိုက္ပါဦးမယ္... ကူညီေပးခဲ့တာေတြအတြက္ ေက်းဇူးအမ်ားျကီး တင္ပါတယ္ ခင္ဗ်ာ.. "
"ရပါတယ္.. ေနာက္လည္း မီးလွ်ံလာရင္ လိုက္လာခဲ့ေပါ့.. "
အခုထိ ႏႈတ္ဆက္လို႔ မျပီးေသးတာေျကာင့္ မီးလွ်ံ စိတ္မရွည္ေတာ့ဘဲ ရိႈင္းကို ပုခံုးနွစ္ဖက္မွ ဆြဲခ်ဳပ္လိုက္ကာ အျပင္ကို အတင္းဆြဲေခၚသြားေလေတာ့သည္။ ေနာက္တစ္ေခါက္ဆိုရင္ ရိႈင္းကို လယ္ရီအိမ္ကို ေခၚမလာဖို႔ဆံုးျဖတ္လိုက္ျပီးျပီ။
ကားေပၚေရာက္ေတာ့ ရိႈင္းလက္ထဲကို စကၠဴအိတ္တစ္အိတ္ထည့္ေပးေလသည္။
ရိႈင္း ျကည့္ျကည့္လိုက္ေတာ့ ပိုက္ဆံေတြ အထပ္လိုက္ထည့္ထားတာ..။
"မ်ားလိုက္တာ ပိုက္ဆံေတြ ဘာလုပ္ဖို႔လဲ.."
ရိႈင္းက မ်က္လံုးျပဴးေလးျဖင့္ စကၠဴအိတ္ကို ေျမွာက္ျပရင္းေမးေလေတာ့ မီးလွ်ံ ရိႈင္းဘက္ကို မျကည့္ဘဲ ကားစက္ကို ႏႈးိလိုက္ကာ ေျပာေလသည္။
"အိမ္မွာ လိုတာေတြ ၀ယ္ရမယ္ေလ... ငါက ဘာမွသိပ္မသိဘူး.. မင္းအတြက္လိုတာေတြက မင္းဘဲသိတာ.. ဒါေျကာင့္ မင္းကိုေပးထားတာ.. "
"ဒါေပမယ့္ ဒီေလာက္ ပိုက္ဆံ အမ်ားျကီးလိုမွမလိုတာ.."
ရိႈင္း တစ္သက္မွာ ဒီေလာက္ပိုက္ဆံေတြ အမ်ားျကီး မကိုင္ဘူးသျဖင့္ မကိုင္ရဲေပ။ ဒါေျကာင့္ ကားေမာင္းေနသာ မီးလွ်ံကို စကၠဴအိတ္ကို ျပန္ထိုးေပးေနေသာ မီးလွ်ံ မ်က္ေမွာင္ကုတ္လိုက္ျပီး က်စ္ခနဲ တစ္ခ်က္ဆုပ္သပ္လိုက္ေလေတာ့ ရိႈင္း တြန္႔သြားမိေလသည္။
"က်စ္.. မလိုလည္း.ယူထား.. လိုခ်င္တာေတြ.. တစ္ခါတည္း ရေအာင္၀ယ္ထား.. ေနာက္တစ္ခါ ခဏခဏ အျပင္လိုက္မပို႔ေပးႏိုင္ဘူးျကားလား.."
ရိႈင္း ဘာမွမေျပာေတာ့ဘဲ ျငိမ္ေနလုိက္မိသည္။ ရင္ထဲမွာေတာ့ ပန္းေတြ ပြင့္လ်က္ ေပ်ာ္ေနသည္မွာ ထိန္းမႏိုင္ သိမ္းမရ။
ဒီလူျကီး သေဘာေကာင္းရဲ႕သားနဲ႔ စကားေကာင္းေကာင္း မေျပာသျဖင့္ ရိႈင္းနဲ႔ အျမဲ စကားမ်ားေနရတာျဖစ္သည္။ ဒါေတာင္ ရိႈင္း ေျကြဆင္းေနမိတာ စကားေျပာနူးညံ့ခ်ိဳသာတဲ့လူသာဆို ရိႈင္း ဘာျဖစ္ေနမိမလဲ ကိုယ့္ဘာသာကိုယ္မေတြးရဲေပ။
ရိႈင္း ကိုယ့္ဘာသာကိုယ္ေတြးမိရင္း တစ္ခ်က္ရယ္လိုက္မိေတာ့ ေဘးက လူျကီးက တစ္ခ်က္ မ်က္ေမွာင္ကုတ္ျကည့္သည္။ ဘာမွေတာ့ မေျပာ..။
ဒီလိုနဲ႔ ရိႈင္းနွင့္ မီးလွ်ံတို႔ Shopping Mall တစ္ခုကို သြားကာ မီးလွ်ံရဲ႕ အိမ္အတြက္ လိုအပ္တာေတြကို ၀ယ္ျကေတာ့သည္။
မီးလွ်ံက ရိႈင္း ၀ယ္တာ ျခမ္းတာကို ဘာမွ၀င္မေျပာ ၊ ေဘးကေနသာ တစ္ေကာက္ေကာက္လိုက္ျပီး လိုအပ္ရင္ ပစၥည္း ကူသယ္ေပးေနသည္။
ရိႈင္းကေတာ့ သူနဲ႔ ဒီလိုသြားလာေနရတာ Date လုပ္ေနတာမ်ိဳးနွင့္ တူသည္ ဟုပင္ ကိုယ့္ဘာသာကိုယ္ စိတ္ကူးယဥ္ေနမိေသးသည္။
၀ယ္ျခမ္းထားသမွ် ပစၥည္းေတြ ကားေပၚကို တင္ျပီးသည့္ေနာက္တြင္ေတာ့ ရိႈင္းရဲ႕ ဗိုက္ထဲက တစ္ဂြီဂြီဆာေလာင္သံေတြ ထြက္ေပၚလာျပီျဖစ္ေလသည္။
ထိုအခါ မီးလွ်ံက မ်က္ေမွာင္တစ္ခ်က္ကုတ္လိုက္ကာ ျကည့္သည္။ ထိုအခါ မ်က္နွာငယ္ေလးျဖင့္ ေမာ့ျကည့္ကာ စပ္ျဖဲျဖဲ လုပ္ျပေနေသာ ရိႈင္းကို ျကည့္ကာ မီးလွ်ံ သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။
ထို႔ေနာက္ အလိုအေလ်ာက္ပင္ ကားကို စားေသာက္ဆိုင္ တစ္ခုကို ဦးတည္လိုက္မိျပီျဖစ္သည္။
ရိႈင္းဆိုေသာ ေကာင္ေလးဟာ ရွိသမွ်လူေတြ အားလံုးကို သူ႔ကို ကာကြယ္ေပးခ်င္စိတ္၊ သူလိုတာေတြ အစြမ္းကုန္ျဖည့္စည္းေပးခ်င္စိတ္ေတြ ျဖစ္လာေအာင္ လုပ္ႏိုင္စြမ္းရွိသူ၊ လူေတြရဲ႕ စိတ္ကို ႏူးညံ့ေစႏိုင္ေသာသူဆိုတာ အခု မီးလွ်ံ လက္ေတြ႔သိေနျပီျဖစ္သည္။ ရိႈင္းနွင့္ေနသမွ်ကာလ တစ္ေလွ်ာက္လည္း အထီးက်န္ေသာ စိတ္ေတြ မရွိဘဲ မီိးလွ်ံရဲ႕ ဘ၀ျကီးက စိုျပည္လာသလိုမ်ိဳး။ ကိုယ့္ကိုယ္ကို ေက်နပ္ေနမိတာျဖစ္သည္။
ဒီလိုမ်ိဳး အခ်ိန္အျကာျကီးေနႏိုင္ရင္ အရမ္းကိုေကာင္းမွာဘဲ ဟုေတြးမိလိုက္ေသးသည္။
စားေသာက္ဆိုင္ တစ္ခုေရွ႕ ကားရပ္လိုက္ေတာ့မွ ၀င္းပသြားတဲ့ ခ်ာတိတ္ေလးရဲ႕ မ်က္နွာကို ျမင္လိုက္ရမွ မီးလွ်ံလည္း စိတ္ခ်မ္းသာႏိုင္သည္။
စားေသာက္ဆိုင္က Pizza ဆိုင္ျဖစ္သည္။ ဆိုင္ အတြင္းဘက္ေကာ ဆိုင္ အျပင္ဘက္မွာပါ စားပြဲေလးေတြ ခ်ထားတာေျကာင့္ ရိႈင္းနွင့္ မီးလွ်ံက ဆိုင္အျပင္ဘက္ စားပြဲတစ္ခုတြင္ ေနရာယူလိုက္ျကေလသည္။
မီးလွ်ံတို႔ေရာက္ေနတဲ့ေနရာက ပလက္ေဖာင္းတစ္ဖက္တစ္ခ်က္ဆီမွာ စားေသာက္ဆိုင္ေတြ ေတာက္ေလွ်ာက္စီတန္းလ်က္ ရွိတာေျကာင့္ လူသြားလူလာ အရမ္းမ်ားေသာေနရာျဖစ္ေလသည္။
ခ်ာတိတ္ေလး စားခ်င္တာေတြ မွာထားျပီးေတာ့ နွစ္ေယာက္သား စားပြဲတြင္ ဘာစကားမွ မေျပာျဖစ္ေတာ့ဘဲ တစ္ေယာက္နွင့္ တစ္ေယာက္ မ်က္နွာခ်င္းဆိုင္ကာ ထိုင္ေနျကျပန္သည္။
မီးလွ်ံကေတာ့ စီးကရက္တစ္လိပ္ကို မီးညွိကာ ေသာက္ေနရင္း တစ္စံုတစ္ခုကိုေတြးေနဟန္ ျငိမ္သက္လ်က္ရွိေနေလသည္။
ရိႈင္းက မေနႏိုင္ေတာ့သျဖင့္ စကားစဖို႔ျကိဳးစားလိုက္ေလသည္။
"ခင္ဗ်ား ဘာေတြ စဥ္းစားေနတာလဲ..."
မီးလွ်ံက ေခါင္းကိုေမာ့ကာ စီးကရက္အေငြ႔ေတြကို မိုးေပၚကို မႈတ္ထုတ္လိုက္ေလသည္။ ေန႔လယ္ခင္းပိုင္းျဖစ္ေသာ္ျငား မိုးေငြ႔ပါေသာ ေလနုေအးေလးေတြ တိုက္ခတ္ေနတာေျကာင့္ စီးကရက္မီးခိုးေငြ႔ေတြက ခ်က္ခ်င္းပင္ ေလနွင့္ ေမ်ာပါသြားသည္။ ထိုအျခင္းအရာကို မီးလွ်ံက ျပီးဆံုးသည္အထိျကည့္ေနရင္းမွ ေျပာေလသည္။
"အခုတေလာ မားကပ္စ္တို႔ ျငိမ္ေနပါလားလို႔ စဥ္းစားေနတာ... "
မားကပ္စ္ရဲ႕နာမည္ျကားေတာ့ ရိႈင္း မ်က္နွာတစ္ခ်က္ပ်က္သြားေသးသည္။ ရိႈင္းသည္ မ်က္စိေရွ႕တြင္ မားကပ္စ္က မိခင္ျဖစ္သူကို ဓားနဲ႔ထိုးသတ္လိုက္တာကို ျမင္ထားဖူးတာျဖစ္ေသာေျကာင့္ မားကပ္စ္ကိုအရမ္းေျကာက္ေသာ Trauma တစ္ခုရွိေလသည္။
ရိႈင္းကေတာ့ ျကယ္ျဖစ္တဲ့ အတြက္ေျကာင့္ မားကပ္စ္တို႔က လိုက္ဖမ္းေနတာဆိုေသာ္ျငားလည္း မီးလွ်ံနွင့္ မားကပ္စ္တို႔ရဲ႕ ပတ္သက္မႈကို ရိႈင္းမသိ။ ဒါေျကာင့္ မီးလွ်ံကို မရဲတရဲေမးလိုက္မိေလသည္။
"ခင္ဗ်ားနဲ႔ အဲ့ဒီစုန္းကေ၀ေတြက ဘာလို႔မတည့္ျကတာလဲဟင္.. "
မီးလွ်ံ တစ္ခ်က္ ႏႈတ္ခမ္းတြန္႔ရံုေလးျပံဳးလိုက္သည္။
"သူတို႔အရမ္းမက္ေမာေနတဲ့ အရာတစ္ခုကို ငါက ပိုင္ဆိုင္ရမယ္ဆိုတဲ့ ကံျကမၼာ ပါလာလို႔တဲ့... "
မီးလွ်ံစကားေျကာင့္ ရိႈင္းစိတ္ထဲတြင္ အေတြးမ်ားစြာျဖင့္ေယာက္ယက္ခတ္သြားေလေတာ့သည္။ စုန္းကေ၀ေတြ အရမ္းမက္ေမာေနေသာ အရာဆိုတာက ?..။
ျပီးေတာ့ ပါပါးျသဂတ္စ္ေျပာခဲ့ေသာ မီးလွ်ံဆိုတာ ျကယ္ရဲ႕ နွလံုးသားကို ပိုင္ဆိုင္ရမယ္ဆိုတဲ့ ကံျကမၼာပါသည္ ဟူေသာစကား။
ဒါ..ဒါဆိုရင္....။
'' ခင္ဗ်ား.. ပိုင္ဆိုင္ရမယ္ဆိုတဲ့ အရာက .. ဘာ..ဘာလဲဟင္?.."
ရိႈင္းျကိဳးစားအားယူကာ ေမးျကည့္လိုက္မိသည္။ မီးလွ်ံက စီးကရက္ကို တစ္ခ်က္ဖြာရိွိဳက္လိုက္ရင္း ရိႈင္းမ်က္နွာကို ေစ့ေစ့ျကည့္ကာ ျပန္ေျဖေလသည္။
"ျကယ္ရဲ႕နွလံုးသားတဲ့.."
ရုတ္တရတ္ ျကားသိလိုက္ရေသာ စကားေျကာင့္ ရိႈင္း အံ့ျသမင္သက္သြားမိျပီး လက္ထဲက ကိုင္ထားမိေသာ ေရခြက္ေလးက ေထာက္ခနဲ ေျမျပင္ေပၚကို ျပဳတ္က်သြားေလေတာ့သည္။
စိတ္ထဲ ၀မ္းသာသြားသည္လား ၀မ္းနည္းသြားသည္လား မသိ..။ ထိုသို႔ေသာ တိုက္ဆိုင္မႈမ်ိဳး ရွိေနသည္ဆိုတာကို လံုး၀ မေမွ်ာ္လင့္ထားမိ။ မီးလွ်ံက ဆက္ေျပာေလသည္။
"အခု ငါရဲ႕ ေမွာ္စြမ္းအင္ေတြ မားကပ္စ္ကို ေက်ာ္ႏိုင္ဖို႔ဆိုရင္ အဲ့ဒီျကယ္ရဲ႕နွလံုးသားကို လိုအပ္တယ္.. "
"ခင္ဗ်ားက ျကယ္ရဲ႕နွလံုးသားကို ပိုင္ဆိုင္ထားျပီးပါျပီ Flame ရယ္ .. ခင္ဗ်ားလိုခ်င္တယ္ဆိုရင္ ကၽြန္ေတာ္ ဓားနဲ႔ခြဲထုတ္ေပးရမယ္ဆိုရင္ေတာင္ ကၽြန္ေတာ္ေပးႏိုင္ပါတယ္.."
ရိႈင္း မီးလွ်ံကို တစ္ရိႈက္မက္မက္ျကည့္ေနလိုက္မိရင္း စိိတ္ထဲကေျပာေနမိသည္။ သူ႔ကို ျငိတြယ္ေနမိျခင္းရဲ႕ အေျကာင္းရင္းက ဒါေျကာင့္ပါလားဆိုတာကိုလည္း သေဘာေပါက္သြားမိေလျပီ။ ပိုျပီးေတာ့ အခ်စ္ေတြေတာင္ တိုးလာမိတာ..။
သို႕ေသာ္ မီးလွ်ံ ထပ္ေျပာလိုက္ေသာ စကားေတြေျကာင့္ ရိႈင္း ေသြးပ်က္မတတ္ ထိတ္လန္႔သြားရေလေတာ့သည္။
" တကယ္ေတာ့ေလ.. ျကယ္ရဲ႕နွလံုးသားဆိုတာကို ငါဘာဆိုတာ သိလည္း မသိသလို လုိလည္းမလိုခ်င္ဘူး... ျပီးေတာ့ မုန္းတယ္.."
မုန္းတယ္...၊ မီးလွ်ံက ျကယ္ကို မုန္းတယ္တဲ့....။ ျကားသိလိုက္ရေသာစကားက ရိႈင္းအတြက္ ေသြးပ်က္ဖြယ္.။
"ငါ့ဘ၀တစ္ခုလံုးက ဘာမွန္းေတာင္ မသိတဲ့ ျကယ္ဆိုတာေျကာင့္ဘဲ ပ်က္ဆီးခဲ့ရတာ.. ငါ့ဘ၀ .. ငါ့မိသားစုက အဲ့ဒီျကယ္ဆိုတာေျကာင့္ဘဲ ရက္ရက္စက္စက္ အသတ္ခံလိုက္ရတာ.. ဒါေျကာင့္ မားကပ္စ္တို႔ကို ငါမုန္းသလို အဲ့ဒီျကယ္ကိုလည္း ငါမုန္းတယ္... "
ရုတ္တရတ္ ရိႈင္းရဲ႕ ရင္ဘတ္တစ္ေနရာမွာ ေလဟာနယ္တစ္ခုျဖစ္ေပၚလာသလို လစ္ဟာမႈတစ္ခု ျဖစ္ေပၚလာျပီး ေျခဖ်ားလက္ဖ်ားေတြ ေအးစက္ကာ တုန္ယင္လာေလေတာ့သည္။
မီးလွ်ံကေတာ့ ရိႈင္းျဖစ္ပံုကို သတိမထားမိဘဲ ဆက္ေျပာေနသည္။
"ငါအခု ျကယ္ကို လိုက္ရွာေနတယ္ဆိုေပမယ့္.. ငါေမွာ္ပညာေတြ ေလ့က်င့္ဖို႔မဟုတ္ဘူး.. တစ္စစီျဖစ္ေအာင ္ဖ်က္ဆီးခ်င္လို႔ဘဲ.. ျကယ္မရွိေတာ့ဘူးဆိိုရင္ မားကပ္စ္မွာလည္း အင္အားမရွိေတာ့ဘူး.. ဒါဆိုရင္ ငါသူတို႔ကို အလြယ္ေလး မ်ိဳးျဖဳတ္လိုက္လို႔ရျပီေလ.."
ထိုစကားေတြကို ေျပာေနေသာ မီးလွ်ံရဲ႕ မ်က္နွာမွာ နာက်ည္းမႈေတြ ျပည့္နွက္ခ်က္ မ်က္လံုးမ်ားမွာ မီးေတာက္မ်ား ေတာက္ေလာင္ေနသလို...။ ထိုမ်က္လံုးမ်ားဟာ သူဘယ္ေလာက္ျကယ္ကို မုန္းေနသည္ဆိိုတာကို သိသာေစေလသည္။
ျကားသိလိုက္ရေသာ ျဖစ္ရပ္တစ္ခုက ရိႈင္းရဲ႕နွလံုးသားကို ဆြဲျဖဲလိုက္သည့္နွယ္..။ ရိႈင္း မီးလွ်ံရဲ႕မ်က္နွာကိုပင္ေစ့ေစ့မျကည့္ရဲေတာ့..။
မီးလွ်ံရဲ႕မိသားစုေသဆံုးခဲ့ရတာ ရိႈင္းက ျကယ္ျဖစ္ေနတာေျကာင့္.. တစ္နည္းအားျဖင့္ဆိုေသာ္ ရိႈင္းေျကာင့္ဆိုေသာ အမွန္တရားတစ္ခုနွင့္အတူ ကိုယ့္ကိုယ္ကို အျပစ္တင္ေနမိေသာ စိတ္တို႔က ရိႈင္းရဲ႕နွလံုးသားကို ဆူးခၽြန္မ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးေနသလို..။
ရုတ္တရတ္ မ်က္နွာတစ္ျပင္လံုးေရာ ႏႈတ္ခမ္းေလးေတြပါ ျဖဴဆုတ္တာ တဆတ္ဆတ္တုန္လာေသာ ရိႈင္းရဲ႕ ပံုစံကို ျမင္လိုက္ရတာေျကာင့္ မီးလွ်ံ စိုးရိမ္သြားျပီးေမးလိုက္မိသည္။
"ဘာျဖစ္တာလဲ.. ခ်ာတိတ္... အဆင္ေျပရဲ႕လား"
ရိီႈင္းျဖစ္သြားတဲ့ပံုစံက ျသဂတ္စ္တို႔ အိမ္က ျပန္ထြက္လာတုန္းက ေမ့လဲက်သြားခါနီး ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနခဲ့ေသာ အေျခအေနမ်ိဳး..... ။
"ခ်ာတိတ္.. အဆင္ေျပလားလို႔ေမးေနတယ္ေလ.. ဘာျဖစ္သြားတာလဲ.."
မင္တက္ေနမိေသာ ရီႈင္းကို အသံခပ္က်ယ္က်ယ္ျဖင့္ ေျျပာလိုက္ေတာ့မွ သတိျပန္၀င္လာေလသည္။ သို႕ေသာ္ မ်က္လံုးေလးေတြကေတာ့ မီးလွ်ံကို ေစ့ေစ့ မျကည့္ရဲေသးေပ...။
မီးလွ်ံရဲ႕ အေမးကို အသံကို အတတ္ႏိုင္ဆံုးတည္ျငိမ္ေအာင္ ျကိုးစားထိန္းခ်ဳပ္လိုက္ျပီး ျပန္ေျဖလိုက္ရေလသည္။
"အဆင္ေျပပါတယ္... ရုတ္တရတ္.. အိမ္..အိမ္သာ တက္ခ်င္လာလို႔... ကၽြန္. ကၽြန္ေတာ္ အိမ္သာခဏသြားလိုက္ဦးမယ္.. "
ရိႈင္း ထိုသို႔ ျကိုးစားေျပာလိုက္ျပီး ထိုင္ေနရာက ထကာ စားေသာက္ဆိုင္အတြင္းဘက္က အိမ္သာထဲကို အေျပးသြားလိုက္မိသည္။
လႈပ္ရွားေနေသာ စိတ္တို႔နွင့္ ထိတ္လန္႔ေနမႈတို႔ေျကာင့္ ေျခလွမ္းေတြ ပင္ သိပ္မခိုင္ခ်င္ေတာ့...။
အိမ္သာထဲေရာက္ေတာ့ ခ်က္ခ်င္းပင္ အိမ္သာအခန္းတစ္ခုထဲကို ၀င္လိုက္ကာ အိမ္သာ ဘိုထိုင္အဖံုးကို ပိတ္လိုက္ျပီး ထိုင္လိုက္မိသည္။ ဘာဆက္လုပ္ရမလဲမသိ..။
ရုတ္တရတ္ ျကားသိလိုက္ရေသာ အေျကာင္းအရာတစ္ခုက ရိႈင္းကို ေသြးပ်က္ေစေလသည္။
ဆံပင္ေတြကို လက္နွင့္ဆြဲဖြလိုက္ကာ အားခနဲ ခပ္တိုးတိုးညည္းညဴမိသည္။
မီးလွ်ံက ျကယ္ကို မုန္းတယ္တဲ့.. တစ္စစီျဖစ္ေအာင္ ဖ်က္ဆီးပစ္လိုက္ခ်င္တာတဲ့..။
ဒါဆိုရင္ မီးလွ်ံက ရိႈင္းဟာ ျကယ္ပါဆိုတာကို သိသြားရင္ ရိႈင္းကို မုန္းသြားေတာ့မယ္ဆိုတာ အေသအခ်ာ...။
ရိႈင္း ဘာလုပ္ရပါမလဲ...။
ျဖစ္ပ်က္ခဲ့သမွ် အရာေတြ အားလံုးနွင့္ ရိႈင္း ရဲ႕ မီးလွ်ံ အေပၚထားတဲ့ စိတ္ေတြ အားလံုးဟာ တုိက္ဆိုင္မႈသက္သက္မဟုတ္ဘဲ.. ကံျကမၼာအရသာဆိုတာကို သိခဲ့ရင္..။
ျပီးေတာ့ ထိုကံျကမၼာကိုသာ ရိႈင္း ျကိဳသိေနခဲ့မယ္ဆိုရင္.. မီးလွ်ံ ကို မခ်စ္မိဖို႔ ကိုယ့္ဘာသာကိုယ္ျကိုးစားမိမွာ..။
အခုေတာ့...။ အခုေတာ...။
ပါးျပင္တို႔မွ ပူေႏြးေသာ မ်က္ရည္စက္တို႔စီးက်လာသည္။
ရိႈင္းသာ မီးလွ်ံကို ငယ္ငယ္တုန္းကတည္းက မေမ့ပစ္ခဲ့လို႔သာ ဒီလိုေနာက္ဆက္တြဲေတြ ဆက္ျဖစ္လာတယ္ဆိုတာကို တေျဖးေျဖး သေဘာေပါက္လာမိသည္။
ျသဂတ္စ္ရဲ႕အေဖ ေသဆံုးသြားရျခင္း၊ ျပီးေတာ့ ျသဂတ္စ္ရိႈင္းကို မုန္းသြားရျခင္း၊ ျပီးေတာ့ ရိႈင္းရဲ႕ အေဖ၊ အေမတို႔ေသဆံုးသြားရျခင္း. ျပီးေတာ့ မီးလွ်ံရဲ႕ အတိတ္ဆိုးေတြ အားလံုးဟာ ရိႈင္းဆိုေသာ ျကယ္ေျကာင့္ပင္။
အခုလက္ရွိအခ်ိန္တြင္ ရိႈင္းတြင္ ခိုကိုးရာ မွီတြယ္ရာအျဖစ္ ရွိေနသူသည္ မီးလွ်ံျဖစ္သည္။
မီးလွ်ံသည္ ရိႈင္းးရဲ႕ ျဖစ္တည္မႈအမွန္ကို သိသြားခဲ့သည္ရွိေသာ္ ဘယ္လိုခံစားရမည္နည္း၊ ဘယ္လိုိတုန္႔ျပန္မည္နည္း။
ရိႈင္း ေနာက္ဆက္တြဲေတြကို မေတြးရဲပါ....။ ေျကာက္သည္။ ရိႈင္းအရမ္းကို ေျကာက္ေနမိသည္။
မီးလွ်ံ ရိႈင္းကို မုန္းသြားမွာကို အရမ္းေျကာက္သည္။
ရိႈင္း ဘာဆက္လုပ္ရပါ့မလဲ...။
ထိုေမးခြန္းကိုသာ ထပ္တလဲလဲျပန္ေမးေနမိသည္။ သူ႔အနားကထြက္သြားလိုက္ရမည္လား....။
အမွန္တိုင္း ၀န္ခံရလွ်င္ ရိႈင္းရဲ႕လက္ရွိ မီးလွ်ံနွင့္ အတူေနေနရေသာ အခ်ိန္ေတြကို အရမ္းမက္ေမာသည္။ အခ်ိန္အျကာျကီး သူနွင့္ ဒီအတိုင္းရွိခ်င္ေနေသာ ေလာဘတစ္ခုရွိေနေလသည္။
ရိႈင္း ဘာဆက္လုပ္ရမယ္မွန္းမသိေတာ့ သျဖင့္ ဆံပင္ေတြကို သာ ဆြဲဖြေနမိသည္။
ထိုစဥ္ အိမ္သာ ထဲတြင္ ခပ္မွိန္မွိန္ထြန္းထားေသာ မ်က္နွာက်က္မွ မီးဆိုင္းေသးေသးေလးက မီးအလင္းေရာင္ေတြက တဖ်တ္ဖ်တ္နွင့္ မ်က္ေတာင္ခတ္လာသလို ရိႈင္း စိတ္ထဲတြင္လည္း တစ္မ်ိဳးျဖစ္သြားေလသည္။ အိမ္သာထဲကို တစ္စံုတစ္ေယာက္ ၀င္လာသလိုမ်ိဳး ခံစားခ်က္မ်ိဳး...။
ဒါေျကာင့္ မိမိလက္ရွိေရာက္ရွိေနေသာ အိမ္သာ တံခါးကို ဖြင့္ကာ ေဘစင္ေရွ႕ကိုထြက္လာခဲ့မိသည္အထိ လူရိပ္လူေယာင္မျမင္ရေသး။ အိမ္သာထဲတြင္ လူဆိုလို႔ ရိႈင္း တစ္ေယာက္သာရွိေနသည္။
မီးဆိုင္းေလးမွ မီးအလင္းေရာင္ေတြ မ်က္ေတာင္ခတ္ေနျခင္းလည္း ရပ္တန္႔သြားေလျပီ..။
အျမဲတမ္း စုန္းကေ၀ေတြကို သတိထားေနရသျဖင့္ ရိႈင္းရဲ႕ စိတ္ေတြလည္း ပံုမွန္မဟုတ္ေတာ့ဘူးထင္သည္။
ရွဳပ္ေထြးေနာက္က်ိေနေသာ စိတ္တို႔ အနည္းငယ္ေျပေလ်ာ့သြားေစရန္ ေဘစင္မွ ေရေတြကို ဖြင့္ခ်လိုက္ကာ မ်က္နွာ သစ္လိုက္မိသည္။
မ်က္နွာကို ေရေတြနွင့္ သစ္ခ်ေနသျဖင့္ မ်က္လံုးမွိတ္ထားမိေသာ ရိႈင္း မ်က္လံုးမ်ားကို ျပန္ဖြင့္လိုက္မိေလေသာ အခါ ....။
မွန္ေနာက္မွ တဆင့္ျမင္ေနရေသာ အရိပ္မည္းတစ္ခုေျကာင့္ ရိႈင္း လန္႔သြားကာ ေနာက္ကို ကမန္းကတန္း လွည့္ျကည့္လိုက္မိသည္။
အနက္ေရာင္ ၀တ္ရံုကို ေခါင္းထိလံုေအာင္ ျခံဳထားေသာ လူတစ္ေယာက္။ ရိႈင္းေနာက္တြင္ ရပ္ေနတာျဖစ္သည္။
ခ်က္ခ်င္းပင္ စုန္းကေ၀တစ္ေယာက္ဆိုတာကို သိလိုက္မိျပီး ေသြးေျကာေတြ ရပ္ဆိုင္းသြားသလို ထိတ္လန္႔သြားမိသည္။
ထိုစုန္းကေ၀ဟာ ေျဖးေျဖးခ်င္းပင္ ရိႈင္းရွိရာကို ေလွ်ာက္လာေနသျဖင့္ ရိႈင္း ေနာက္ကို ဆုတ္ကာ ဆုတ္ကာ ျဖင့္ပင္ ေဘစင္တြင္ ေက်ာကပ္မိသြားေလျပီ။ ထြက္ေျပးစရာ ထြက္ေပါက္ကလည္း ထိုစုန္းကေ၀ရဲ႕ေနာက္တြင္ရွိေနေသာေျကာင့္ ဘာမွလုပ္လို႔မရႏိုင္။
ထိုသူက ရိႈင္းရဲ႕အနားကို တိုးကပ္လာကာ ရိႈင္းကို လက္ေမာင္းမ်ားမွဆြဲယူကာ အျပင္ကို ေခၚထုတ္ရန္ျကိုးစားေနေလေတာ့သည္။
ရိႈင္း အံ့လည္းအံ့ျသ ထိတ္လည္းထိတ္လန္႔သြားျပီး အေျကာက္အကန္ ရုန္းကန္မိရာ ရိႈင္းရဲ႔ လက္ဖ၀ါးတစ္ဖက္က ေဘစင္ခံုေစာင္းနွင့္ ရိုက္မိျပီး ေသြးအနည္းငယ္စို႔သြားေလေတာ့သည္။
ထိုအခါ ရိႈင္းကို ဖမ္းခ်ဳပ္ဖို႔ျကိုးစားေနေသာ စုန္းကေ၀ က စိတ္မရွည္ျဖစ္သြားဟန္တူသည္။ ခ်က္ခ်င္းပင္ လက္မွ အစိမ္းေရာင္ အလင္းတန္းအနည္းငယ္ကို ထုတ္လႊတ္လိုက္ျပီး ရိႈင္းရဲ႕နွဖူးကို ခပ္ျပင္းျပင္းပင္ ရိုက္ခ်လိုက္ေလေတာ့သည္။
ထိုအခါ ရိႈင္းရင္ဘတ္တစ္ခုလို လွပ္ခနဲျဖစ္သြားျပီး ခႏၶာကိုယ္တစ္ခုလံုးလည္း လွ်ပ္စစ္ဓာတ္ေတြ စီး၀င္သြားသလိုမ်ိဳး တုန္ယင္သြားကာ အျမင္အာရံုေတြ တေျဖးေျဖး ေ၀၀ါးသြားျပီး ေနာက္ဆံုးေတာ့ သတိလံုးလံုးမရွိေတာ့..။
*************************************************************************************************************
ရိႈင္းရဲ႕ သတိတို႔ ျပန္လည္စုစည္းသြားမိခ်ိန္မွာေတာ့ ရိႈင္းဟာ မိမိတစ္ခါမွမေရာက္ဖူးေသာ ေနရာစိမ္းတစ္ခုတြင္ ေရာက္ရွိေနတာကို သိလိုက္ရေလသည္။
အခ်ိန္က ညေနေစာင္းအခ်ိန္ပင္ျဖစ္ေနေလျပီ။
ပတ္၀န္းက်င္ကို သတိထားျကည့္လိုက္မိေတာ့ သန္႔ရွင္းသပ္ရပ္ေသာ ၊ အိပ္ခန္းတစ္ခုအတြင္းကို ေရာက္ေနတာကို သတိထားလိုက္မိေလသည္။
ခ်က္ခ်င္းထထိုင္ကာ ကိုယ့္ကို ကိုယ္သတိထားျကည့္လိုက္မိေတာ့ အိပ္ရာတစ္ခုေပၚတြင္ လဲေလ်ာင္းေနမိတာကိုသိလိုက္ရသည္။ ခႏၶာကိုယ္ကို ေစာင္ပါးတစ္ထည္နွင့္ ဖံုးလႊမ္းေပးထားကာ ေစာေစာက ရုန္းကန္လိုက္သျဖင့္ ေသြးထြက္သြားေသာ လက္ဖ၀ါးကိုလည္း ပတ္တီးစီးေပးထားသည္ကိုေတြ႔လိုက္ရေလသည္။
ရိႈင္းရုတ္တရတ္ နားမလည္ႏိုင္ျဖစ္သြားေလေတာ့သည္။ ရိႈင္း ေသခ်ာေပါက္ကို စုန္းကေ၀တစ္ေယာက္ရဲ႕ အတင္းအျကပ္ေခၚေဆာင္ျခင္းကို ခံခဲ့ရတာျဖစ္သည္။
စုန္းကေ၀ေတြရဲ႕ ဖမ္းဆီးျခင္းကို ခံရတာဆိုရင္ အခုအခ်ိန္ေလာက္ဆိုရင္ အရွင္လတ္လတ္နွလံုးခြဲခံရရင္ရ..၊ မရရင္ ဖမ္းဆီးခ်ဳပ္ေနွာင္ျခင္းခံထားရမွာျဖစ္သည္။
အခု ရိႈင္းး ဘာေျကာင့္ သက္ေတာင့္သက္သာ အေနအထားတြင္ ရွိေနရပါသနည္း..။ ရိႈင္းကို မည္သူဖမ္းဆီးလာပါသနည္း..။
နားမလည္ႏိုင္ျဖစ္သြားကာ ကုတင္ေပၚကေန ထရပ္လိုက္ကာ ထြက္ေျပးႏိုင္ဖို႔ လမ္းေျကာင္းကို ရွာေဖြလိုက္သည္။
ရိႈင္းေရာက္ေနတာ ရိုးရိုးသာမန္ အိပ္ခန္းတစ္ခန္းသာ..။
ျပီးေတာ့ ရိႈင္းလွဲေနမိေသာ ကုတင္ေဘးကစားပြဲေပၚတြင္ တင္ထားေသာ ဓားေျမာင္တစ္ေခ်ာင္း။ ေသခ်ာေပါက္ကို စုန္းကေ၀ေခါင္းေဆာင္နွင့္ တျခားစုန္းကေ၀ေတြ ခါးျကားတြင္ အျမဲထိုးထားတတ္ေသာ ဓားေျမာင္ဆိုတာကို မွတ္မိလိုက္သည္။
ထို အခ်ိန္မွာပင္ အခန္းထဲကို လူတစ္ေယာက္ ၀င္လာကာ ကမန္းကတန္းျကည့္လိုက္မိေတာ့ ရိႈင္းကို ဖမ္းဆီးခဲ့ေသာ စုန္းကေ၀ပင္။ ေခါင္းစြပ္ စြပ္ထားေသးေသာ္လည္း ဒီတစ္ခါေတာ့ မ်က္နွာကို တစ္ပိုင္းတစ္စျမင္ေနရေသးသည္။ ျပီးေတာ့ ထိုစုန္းကေ၀က ခြက္တစ္ခုကို ကိုင္လာေလသည္။ ခြက္ထဲက အနီေရာင္ အရည္မ်ားကို ျမင္ေနရေလသည္။
ထိုစုန္းကေ၀ ၀င္လာတာနွင့္ တစ္ျပိဳင္နက္ ရိႈင္းက စားပြဲေပၚက ဓားေျမာင္ကို ယူလိုက္ကာ အခန္းထဲ ၀င္လာေသာ စုန္းကေ၀ကို ခ်ိန္ရြယ္ထားလိုက္သည္။
"အနားကို ကပ္မလာနဲ႔ေနာ္.. ကၽြန္ေတာ္ ခင္ဗ်ားကို ဓားနဲ႔ထိုးပစ္လိုက္မွာ.. ဒီဓားက ခင္ဗ်ားတို႔ကို ထိခိုက္ေစႏိုင္တယ္ဆိုတာ ကၽြန္ေတာ္သိတယ္.."
ရိႈင္းဓားနွင့္ ခ်ိန္ထားရင္း ေျပာလိုက္ေတာ့ ထိုစုန္းကေ၀သည္ ေအးေအးေဆးေဆးပင္ ခြက္ကိုကိုင္ထားလ်က္ကပင္ လက္ကို ေျမွာက္ထားလိုက္သည္။
ျပီးေတာ့ နူးညံ့ေသာ အသံျဖင့္ ေအးေအးေဆးေဆးပင္ ရိႈင္းကို ေျပာေလသည္။
"မေျကာက္ပါနဲ႔ ... ငါမင္းကို အႏၲရာယ္ျပဳဖို႔ေခၚလာတာ မဟုတ္ပါဘူး.."
ရိႈင္း မယံုပါ။ စုန္းကေ၀ဆိုတာ ရိႈင္းကို အျမဲလက္ရဖမ္းကာ အေသသတ္ဖုိ႔ ျကိုးစားေနျကတဲ့လူေတြပင္။
"အႏၲရာယ္ျပဳဖို႔ မဟုတ္ရင္ ဘာလို႔ေခၚလာတာလဲ.. ခင္ဗ်ားတို႔ စုန္းကေ၀ေတြက ကၽြန္ေတာ့္ကို အေသသတ္ခ်င္ေနတဲ့လူေတြဘဲကို..."
ထိုသူက ရဲရဲတင္းတင္းပင္ အနားကို တေျဖးေျဖးခ်င္းကပ္လာကာ ေျပာျပန္ေလသည္။
"ငါမင္းကို အႏၲရာယ္ျပဳဖို႔ေခၚလာတာ မဟုတ္ဘူး...."
ရိႈင္းကို ေလးေလးနက္နက္ေျပာေနေသာ ထိုသူရဲ႕ မ်က္လံုးေတြက ျကင္နာျခင္းေတြ အျပည့္နွင့္ အမွန္ကို ေျပာေနသေယာင္...။
ရုတ္တရတ္ ဘာေျပာရမွန္းမသိေျကာင္သြားေသာ ရိႈင္းကို ျကည့္ကာ ထပ္ေျပာျပန္ေလသည္။
"ငါသာ မင္းကို သတ္ခ်င္တယ္ဆိုရင္ မင္းအခုအခ်ိန္ ေသေနေလာက္ျပီးေပါ့.. ျပီးေတာ့ ဓားေျမွာင္ကိုလည္း ဒီလိုမ်ိဳး ပစ္စလတ္ခတ္ငါထားပါ့့မလား.."
"ဒါျဖင့္ ခင္ဗ်ား ကၽြန္ေတာ့္ဆီက ဘာလိုခ်င္တာလဲ.."
ရိႈင္း ဓားကိုခ်ိန္ရြယ္ထားရင္းမွပင္ ေမးလိုက္သည္။
"စိတ္ေအးေအးထားပါ.. ငါမင္းကို ဒီအတိုင္း ကာကြယ္ေပးခ်င္တဲ့လူပါ..ယံုပါ.. ငါက စုန္းကေ၀ဆိုေပမယ့္ မားကပ္စ္တို႔လိုမ်ိဳးမဟုတ္ပါဘူး.. ငါေျပာတာကို အရင္နားေထာင္ေပးပါ.. ျပီးမွ မင္းငါ့ကို ဓားနဲ႔ထိုးခ်င္ရင္လည္း ထိုးလိုက္ပါ.."
ထိုသူရိႈင္းကို ေျပာေနသည္မွာ ခခယယ..။ မ်က္လံုးမ်ားက ေလးနက္မႈေတြ အျပည့္ဆိုတာကို ခံစားလိုက္မိေနတာ.။ ျပီးေတာ့ ရိႈင္းကို ျကည့္ေနေသာ ထိုသူရဲ႕ မီးခိုးေရာင္မ်က္လံုးမ်ားမွာ မ်က္ရည္ျကည္ေတြ အျပည့္..။
ဘာေျကာင့္မွန္းမသိ ထိုသူ႔စကားေတြကိုိ ရိႈင္း ယံုေနမိသည္။
"ခင္.. ခင္ဗ်ားက ဘယ္သူလဲ.... "
ရိႈင္း ထိုသို႔ေမးလိုက္ေလေတာ့ ထိုသူက ေခါင္းကို ျခံဳထားေသာ ေခါင္းစြပ္ကို ဖယ္ခ်လိုက္ကာ ရိႈင္းကို ျကည့္သည္။
ထိုအခါမွ ထိုသူရဲ႕ မ်က္နွာကို ေသခ်ာ ျမင္လိုက္ရေတာ့တာ... ။ ေလးေထာင့္ဆန္ဆန္္ တိက်ျပတ္သားေသာ မ်က္နွာတို႔ေပၚလာသည္။ ၿပီးေတာ့ ေစာေစာက ေခါင္းစြပ္စြပ္ထားသျဖင့္ ေသခ်ာမျမင္ရခဲ့ေသာ မ်က္ႏွာ တစ္ျခမ္းမွ မီးေလာင္ အမာရြတ္ႀကီးတစ္ခု။
ထိုသူက ရိႈင္းအနားကို ပိုျပီကပ္လာသည္။ ရိႈင္း ကိုင္ထားေသာ ဓားကို မဖယ္မိေသး...။ ဒါကိုေတာင္ ဂရုမစိုက္ဘဲ ရိႈင္းအနားကို တိုးလားကာ ရိႈင္းရဲ႕ ပါးျပင္ေလးတစ္ဖက္ကို လာကိုင္သည္။
ျပီးေတာ့ ရိႈင္းရဲ႕ မ်က္လံုးေလးေတြ ကိုစိုက္ျကည့္ကာ ရိႈင္းရဲ႕ ေမးခြန္းကို ေျဖေလသည္။
"ငါက. မင္းကို အစြန္းဆံုးထိ ကာကြယ္ေပးခ်င္တ့ဲလူပါ.. ငါက..ငါက...................."
*************************************************************************************************************
Author's Note
အဲ့ဒီစုန္းကေ၀ ဘယ္သူလဲဆိုတာ ခန္႔မွန္းျကည့္ျကပါလားဟင္။ အရမ္းအရမ္းကိုလြယ္ပါတယ္...။