Background Music - Say You Won't Let Go by James Arthur
****************************************************************************************
Unicode
**************
Chapter (24) : Star Falls For Flame Part (4)
မီးလျှံနှင့် ရှိုင်းတို့ကို သယ်ဆောင်လာသော Hammer ကားကြီးဟာ မြို့စွန်မှာရှိတဲ့ သြဂတ်စ်တို့အိမ်ကို ရောက်သွားချိန်မှာ ညလယ်ပိုင်းကိုပင် ရောက်နေလေပြီဖြစ်သည်။ သြဂတ်စ်တို့ရဲ့ အိမ်ကြီးဟာ မီးတွေ သိပ်မထွန်းထားသော်လည်း လပြည့်ညရဲ့ လရောင်အောက်မှာ ဖြစ်နေတာကြောင့် အရမ်းကို လင်းထိန်နေကာ ခမ်းနားကြီးကျယ်နေလေတော့သည်။
သို့သော် အိမ်ကြီးကတော့ အပြင်က ကြည့်တာတောင် ခြောက်ကပ်နေသည်ဆိုသော ခံစားမှုမျိုးကို ခံစားနေရတော့တာ။ မီးလျှံက ကားကို အိမ်ကြီးကို သေချာမြင်နိုင်သော နေရာ မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး ဘေးတွင်ထိုင်နေသော ရှိုင်းဘက်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်း ကိုယ့်ဘာသာကိုယ်သာ ဝင်သွားလိုက်တော့ ငါလိုက်မဝင်တော့ဘူး.."
မီးလျှံထိုသို့ပြောလိုက်တော့ ရှိုင်းက မျက်နှာငယ်လေးဖြင့်မော့ကြည့်သည်။
"ခင်ဗျား..ကျွန်တော့်ကို ထားသွားမှာတော့ မဟုတ်ပါဘူးနောိ.."
မီးလျှံထားသွားမှာကို ကြောက်နေရှာသော ရှိုင်းကို ကြည့်ပြီးတော့ တစ်ချက်ရယ်လိုက်မိကာ နှဖူးလေးကို မနာအောင်ထုလိုက်သည်။
"မင်းသာ အကြွေးမကျေသေးဘဲ ထွက်ပြေးဖို့ မစဉ်းစားနဲ့. ဟုတ်ပြီလား... သွားတော့.. ငါဒီမှာဘဲ စောင့်နေမယ်.. စိတ်ချ.."
မီးလျှံ ထိုသို့ပြောလိုက်ပြီး အတင်းသွားခိုင်းလိုက်တော့မှ ရှိုင်းက မီးလျှံကို စိတ်မချသလို နောက်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် သြဂတ်စ်တို့ အိမ်ကြီးနားကို လျှောက်သွားလေတော့သည်။ အိမ်ကြီးရဲ့ ဂိတ်တံခါးဝရောက်သောအခါ ပထမဆုံး တစ်ခေါက်ရောက်ခဲ့ဖူးသလို ခမ်းနားတယ်ဆိုသော ခံစားမှုထက် ဝမ်းနည်းမှုခြောက်ကပ်မှုတွေ ပြည့်နေတယ်လို့ ထင်လိုက်မိလေသည်။ သြဂတ်စ်တစ်ယောက် အရမ်းကို စိတ်ထိခိုက်နေရှာတော့မှာဘဲလို့ တွေးလိုက်မိကာ အနားမှာ မနေပေးနိုင်ခဲ့သော ကိုယ့်ကိုယ်ကို အပြစ်တင်မိလေသည်။
ရှိုင်း ဂိတ်တံခါးဝက ခြံတံခါးကို လက်နဲ့ အသာအယာ တွန်းကြည့်လိုက်တော့ သော့မခတ်ထားဘဲ ခြံတံခါးပွင့်သွားသည်ကို တွေ့လိုက်ရလေသည်။ ရှိုင်းလည်း စဉ်းစားမနေတော့ဘဲ ခြံထဲကို ဝင်လာလိုက်လေတော့သည်။ ခြံကြီးမှာ ပထမတစ်ခေါက်တုန်းကလို ခြံထဲတွင်စောင့်နေသာ လူတွေ မရှိတော့ဘဲ သစ်ရွက်ခြောက်တွေသာ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရလေတော့သည်။ ရှိုင်း ခြံအလယ်ပိုင်းကို ရောက်လာသည်အထိ ခြံထဲကရော အိမ်ထဲကပါ လူရိပ်လူယောင် လုံးဝမတွေ့ရသေးသဖြင့် ရှိုင်း စိတ်ထဲတစ်မျိုးဖြစ်သွားလေသည်။
သြဂတ်စ်များ တစ်ခုခုဖြစ်နေပြီလား။ ဒါမှမဟုတ် စုန်းကဝေတွေများ အိမ်ထဲကိုရောက်နေသလား။ ထိုသို့တွေးလိုက်မိပြီး သြဂတ်စ်အတွက် စိတ်ပူသွားမိလေသည်။
ထိုနောက် ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ကာ အိမ်ကြီးဆီကို ဦးတည်လာလိုက်မိလေသည်။ အိမ်တံခါးဝတွင်ရပ်ကာ အိမ်ထဲက အခြေအနေကို ကြည့်လိုက်မိတော့ အိမ်အတွင်း ဧည့်ခန်းနေရာတွင် ရှိုင်းရှိရာဘက်ကို ကျောပေးကာ ဆိုဖာပေါ်တွင် ထိုင်နေသော သြဂတ်စ်ရဲ့ နောက်ကျောပိုင်းကို တွေ့လိုက်ရလေသည်။ ရှိုင်း တံခါးမှာရပ်နေရင်းပင် သြဂတ်စ်ကို လှမ်းခေါ်လိုက်မိသည်။
"ပါပါး.. "
ရှိုင်းရဲ့ အသံကိုကြားတာနှင့် သြဂတ်စ်ရဲ့ နောက်ကျောက ဆတ်ခနဲတုန်သွားတာကို တွေ့လိုက်ရလေသည်။ ချက်ချင်းပင် ရှိုင်းရှိရာဘက်ကို လှည့်ကြည့်လာသည်။သြဂတ်စ်ရဲ့ ဆံပင်တွေက ပွယောင်းလျက် မျက်လုံးများကလည်း အရောင်မရှိဘဲ မှိုင်းညှို့လျက်ရှိနေကာ အကြီးအကျယ် စိတ်ထိခိုက်နေတာ အသိအသာ။ သြဂတ်စ်ရဲ့ ပုံစံကို မြင်လိုက်တာနှင့် ရှိုင်း သူထိုင်နေသော နေရာနားကို အပြေးသွားလိုက်မိသည်။ အနားကိုရောက်တာနှင့် သြဂတ်စ်ထိုင်နေသော စားပွဲရှေ့မှာတွေ့နေရသော အရက်ပုလင်း အလွတ်များ၊ ဆေးလိပ်ပြာများနှင့် သောက်လက်စ ဆေးလိပ်တိုများကိုပါ တွေ့လိုက်ရတော့တာ။ သေချာတာကတော့ သြဂတ်စ် အခုအချိန်မှာ အရမ်းကို စိတ်ထိခိုက်နေရတယ်ဆိုတာပါဘဲ..။
သြဂတ်စ်သည်လည်း ရှိုင်းကို မြင်လိုက်တာနှင့် ရင်ထဲက သိမ့်ခနဲ.....။
ဘာအန္တရာယ်မှမရှိဘဲ သြဂတ်စ်ကို သတိတရလာရှာပေးသော ရှိုင်းကြောင့် သြဂတ်စ် စိတ်ထဲ ငလျင်လှုပ်သလို လှုပ်ခတ်နေရသည်ကို ကိုယ့်ကိုယ်ကို သတိထားမိနေလေသည်။ ရှိုင်းက အရင်ကအတိုင်းပင် ဘာမှမပြောင်းလဲခြင်းမရှိ ဒီအတိုင်းလေးပင်။ ဒီအတောအတွင်း မီးလျှံနံဘေးတွင် စိတ်ချမ်းသာနေခဲ့သည်ထင်သည်။ သြဂတ်စ်ကိုတွေ့တာနှင့် စိတ်ပူနေဟန် အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် သြဂတ်စ်ထိုင်နေသော ဆိုဖာရှေ့တွင် ဒူးထောက်ထိုင်ချကာ သြဂတ်စ်ကို ကြည့်သည်။
"ပါပါး.. အဆင်ပြေရဲ့လားဟင်.."
"မင်းဘာလာလုပ်တာလဲ.."
သြဂတ်စ်မျက်နှာကို ချက်ချင်းပင် ကြိုးစားပမ်းစားတည်လိုက်ပြီး အသံမာမာဖြင့် မေးလိုက်တော့ ရှိုင်း မျက်လုံးလေးတွေ တစ်ချက် ညှို့ခနဲဖြစ်သွားကာ သြဂတ်စ်ကို သနားစဖွယ်ကြည့်ရှာလေသည်။ မျက်နှာမကောင်းဖြစ်သွားသော ရှိုင်းကို ကြည့်ပြီး သြဂတ်စ်ရင်ထဲတွင်လည်း နာကျင်နေရသည်။ အန္တရာယ်တွေ ဝိုင်းနေတာကို သိလျက်နဲ့ မိမိဆီရောက်အောင်ကို လာကြည့်သော ရှိုင်းရင်ထဲက သြဂတ်စ်အပေါ်ထားတဲ့ သံယောဇဉ်အတိုင်းအတာကို သိနိုင်လေသည်။ ရှိုင်းရဲ့ သံယောဇဉ်ကို သိလေ သြဂတ်စ်ပိုပြီးခံစားရလေဖြစ်သည်။ သြဂတ်စ်နှင့် ရှိုင်းကြားက တစ်ဦးအပေါ်တစ်ဦးထားရှိသော သံယောဇဉ်က အမျိုးအစားချင်းမတူ။ အဓိပ္ပာယ်ချင်းမတူ။
အရက်ခွက်ကို ကိုင်ထားသော သြဂတ်စ်ရဲ့လက်ကို သူ့ရဲ့လက်ကလေးနှစ်ဖက်ဖြင့် အပေါ်က အုပ်မိုးဆုပ်ကိုင်လာသည်။ ပြီးတော့ မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်ကာပြောလေသည်။
"ပါပါး.. အဆင်ပြေရဲ့လားလို့ လာကြည့်တာ.. ပါပါးရဲ့ အဖေဆုံးသွားတယ်ဆို.. ပါပါး အရမ်း ခံစားနေရမှာပေါ့နော်. "
မျက်လုံးလေးတွေ မှိုင်းညှို့လျက် မျက်ရည်ကြည်လေးတွေ ဝေ့သီကာ ပြောနေရှာသော ရှိုင်းဟာ သြဂတ်စ်ရင်ထဲက နာကျင်မှု ဝမ်းနည်းမှုတွေနဲ့ ထပ်တူ ခံစားနေရပါတယ်ဆိုတာကို အသိပေးနေသယောင်။ စိတ်ရှိလက်ရှိ ရင်ခွင်ထဲကို ထည့်ထားကာ ဆွဲဖက်ထားလိုက်ပြီး သြဂတ်စ်ရင်ထဲက နာကျင်မှုတွေကို ဖြေဖျောက်လိုက်ချင်သော်လည်း ရှိုင်းကို နောက်ထပ် လက်မလွှတ်နိုင်တော့မှာစိုးသည်။
သြဂတ်စ် အခုအချိန်အထိ ဘာစကားမှမပြောဖြစ်သေး..။ ရက်စက်ရမည့် စကားတွေ ပြောရတော့မှာ၊ တကယ်လို့ပြောလိုက်ပြီဆိုရင် ရှိုင်းဝမ်းနည်းလို့မျက်ရည်ကျတာကို မြင်ရဦးမည်။ အဲ့ဒီအခါ သြဂတ်စ် ရဲ့ နာကျင်မှုတွေက နှစ်ဆတိုးလာပေဦးတော့မည်။
မျက်နှာကို တင်းထားလိုက်ကာ နာကျည်းမုန်းတီးဟန်အသွင်ကို ဆောင်ဖို့ကြိုးစားနေရသဖြင့် ရှိုင်းမျက်လုံးလေးတွေကို စိုက်မကြည့်ရဲ။ ဆုပ်ကိုင်ထားခြင်းခံရသော လက်ဖဝါးလေးတွေအောက်မှ ကိုယ့်ရဲ့လက်ကို ကိုယ် ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားလိုက်ရသည်။ ရှိုင်းက အသံတုန်တုန်လေးဖြင့် ထပ်မေးလေသည်။
"ကျွန်တော် တောင်းပန်ပါတယ်.. အရာအားလုံးက ကျွန်တော့်ကြောင့်ဖြစ်ရတာပါ.. ကျွန်တော်သေသင့်ပါတယ်.."
"မဟုတ်ဘူး.. မင်းမှာ အပြစ်မရှိပါဘူးရှိုင်းရယ် .. အပြစ်တွေအားလုံးက ငါ့ဆီမှာဘဲရှိတာပါ.. ငါ့အဖေကို သွယ်ဝိုက်တဲ့နည်းနဲ့ သတ်လိုက်တာငါပါ.."
ဒီစကားတွေကို သြဂတ်စ် စိတ်ထဲကပြောနေမိသော်လည်း တကယ့်တကယ်တမ်းကြတော့ အပြင်က ပြောမထွက်။ အဲ့ဒီအစား ဆန့်ကျင်ဘက်စကားတို့ကိုသာ မပြောမဖြစ်ပြောလိုက်ရသည်။
"မင်းကြောင့်ဆိုတာကို မင်းသိရင် .. မင်းငါ့ဆီကို မျက်နှာပြောင်တိုက်ပြီး ပြန်မလာသင့်ဘူး.. "
သြဂတ်စ်ဆီက ထွက်လာသော တင်းမာလှသည့် ခပ်ပြတ်ပြတ်စကားတို့ကြောင့် ရှိုင်း ထိတ်လန့်သွားလေသည်။ ရှိုင်း စိတ်ထဲထင်နေမိလို သြဂတ်စ်တစ်ယောက် ရှိုင်းကို စိတ်နာသွားလေပြီ။ ဒါကဖြစ်သင့်သော အရာဘဲမို့ ကျေနပ်တဲ့အထိ တောင်းပန်ပြီး အပြစ်ကို ပေးဆပ်ဖို့ကိုသာ စဉ်းစားထားလိုက်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်.. "
ထိုစကားကိုသာ ရှိုင်း ထပ်ခါထပ်ခါ ပြောမိနေလေသည်။ ဆုပ်ကိုင်ထားမိသော သြဂတ်စ်ရဲ့ လက်တွေကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။ ထိုအခါ သြဂတ်စ်က လက်ကို အတင်းဆောင့်ရုန်းလိုက်ကာ ကြမ်းပြင်တွင် ဒူးထောက်ထိုင်နေသော ရှိုင်းကိုလည်း အနောက်ကို အနည်းငယ်ဆောင့်တွန်းလိုက်မိသည်။
ရုတ်တရတ်မမျှော်လင့်ထားဘဲ လုပ်လိုက်မိတာကြောင့် ရှိုင်းအံ့သြသွားကာ နောက်ကို အနည်းငယ် လန်ကျသွားပြီး စားပွဲစွန်းနှင့် ခပ်ဖွဖွ တိုက်မိသွားသလို သြဂတ်စ်သည်လည်း အမှတ်မထင် လုပ်လိုက်မိပြီးမှ စိတ်မကောင်းဖြစ်သွားလေသည်။ သို့သော်လည်း ရှိုင်း သြဂတ်စ်အနားမှာ အကြာကြီး ရှိမနေသင့်တာကြောင့် ဒီနေရာက မြန်မြန်ထွက်သွားစေဖို့ ကြိုးစားရမည်။ သြဂတ်စ်ကို အမြဲ မျက်ခြေမပျက် စောင့်ကြည့်နေတတ်ပြီး အချိန်မရွေးလည်း ရောက်ရောက်လာတတ်သော စုန်းကဝေတို့ ရှိုင်းကိုတွေ့သွားပါက ဘာတွေ ဆက်ဖြစ်မလဲ မတွေးရဲပေ။အဓိကက ရှိုင်းကို သြဂတ်စ်က မုန်းသွားပြီလို့ထင်ပြီး သြဂတ်စ်အနားတွင် ရှိုင်းရှိမနေဖို့သာ.။
"အခုအချိန်မှာ ငါမင်းမျက်နှာကို ကြည့်ပြီး မင်းတောင်းပန်တာကို ငါလက်ခံနိုင်မယ်လို့များ ထင်နေလား.."
သြဂတ်စ်ရဲ့ စကားတွေကြောင့် ရှိုင်းရင်ထဲမှာ နာကျင်လာကာ မျက်ရည်များကျလာလေတော့သည်။
"ကျွန်တော် ကျွန်တော့်အပြစ်တွေကို ပါပါးကျေနပ်တဲ့အထိ ပြန်ပေးဆပ်ပါ့မယ်.. ကျွန်တော့်ကို ပါပါးကြိုက်သလို အပြစ်ပေးပါဗျာ..."
လက်အုပ်ချီပြီး သနားစဖွယ် တောင်းပန်နေသော ရှိုင်းကြောင့် သြဂတ်စ်ရင်ထဲ ကွဲကြေမတတ် နာကျင်ခံစားရသော်လည်း သြဂတ်စ် ဘာမှမတတ်နိုင်ပါ။ အနည်းဆုံးတော့ သြဂတ်စ်နှင့် ရှိုင်း ဆက်ပတ်သက်နေရင် စုန်းကဝေတွေ လက်ထဲချက်ချင်းရောက်သွားနိုင်တာကြောင့်။
နောက်ပြီးတော့ သြဂတ်စ်ရဲ့ မျိုးနွယ်စု။ သူတို့ကို နောက်ထပ်နစ်နာစေလို့မဖြစ်ပါ။ စောင့်ရှောက်ရမည့် တာဝန်ဟာ သြဂတ်စ်တွင်ရှိသည်။ ဒါဟာ သြဂတ်စ်အစား အသက်အသေခံသွားခဲ့သော ဖခင်ဖြစ်သူရဲ့ ဆန္ဒတစ်ခု။ အခုအချိန်တွင် အဖြစ်သင့်ဆုံးက သြဂတ်စ်ရဲ့ အဝေး၊ မီးလျှံရဲ့ အနီးမှာ ရှိနေဖို့သာ။ သြဂတ်စ်က ဆက်ပြောသည်။
"မင်းကို ဘာမှငါ အပြစ်မပေးချင်တော့ဘူး.. ငါ့ဆီကိုသာ နောက်ထပ်ပေါ်မလာပါနဲ့တော့.. ငါမင်းကိုမုန်းတယ် ရှိုင်း"
သြဂတ်စ်စကားကြောင့် ရှိုင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ပင်ကျလာလေတောတ့သည်။
"ပါပါး..အဲ့ဒီလိုမပြောပါနဲ့.. ကျွန်တော် တောင်းပန်ပါတယ်. ကျွန်တော့်ကို မမုန်းပါနဲ့. "
သြဂတ်စ် စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်တာကိုတွေ့ရလေသည်။
"ဒီမှာရှိုင်း.. မင်းနဲ့ ပတ်သက်လိုက်လို့ ငါ့အဖေ အသက်ဆုံးရှုံးရပြီးပြီ.. နောက်တစ်ခေါက် မင်းနဲ့ ပတ်သက်ရင် ငါနဲ့ ငါတို့မျိုးနွယ်စုတွေ တစ်ခုခုဖြစ်ဖို့ဘဲ ကျန်တော့တယ် .. ငါအဲ့ဒီလို လုံးဝအဖြစ်မခံနိုင်ဘူး.. ဒါကြောင့် မင်းနဲ့ နောက်ထပ် မပတ်သက်ချင်တော့ဘူး.. မပတ်သက်ပါရစေနဲ့တော့.."
ရှိုင်း လူတစ်ကိုယ်လုံးပျော့ခွေကျသွားပြီး သြဂတ်စ်ကိုသာ ကြည့်နေလေတော့သည်။ သြဂတ်စ်က ဆက်ပြောလိုက်သည်။
"မင်း မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ မီးလျှံဆီမှာသာ နေလိုက်ပါ.. ငါနဲ့ မပတ်သက်ပါနဲ့တော့.."
သြဂတ်စ်စကားကြောင့် ရှိုင်း အံ့သြသွားလေသည်။ မီးလျှံက ရှိုင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ်ဆိုသော စကား။
"ပါပါး.. ပါပါးဘာတွေပြောနေတာလဲ..."
သြဂတ်စ်က ရှိုင်းကို စူးစူးရဲရဲကြည့်လိုက်ပြန်ကာ ပြောလေသည်။
"မင်းကြားတဲ့အတိုင်းဘဲ ရှိုင်း .. မီးလျှံက ကြယ်ရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ့်လူလို့ ကံကြမ္မာက သတ်မှတ်ထားတဲ့လူဘဲ.. ဒါကြောင့် မင်းသူ့ကို တစ်ချိန်လုံးစွဲလမ်းနေခဲ့တာ.. မတွေ့တွေ့အောင် ပြန်လိုက်ရှာနေတာကြောင့်လည်း စုန်းကဝေတွေ မင်းကို ရှာတွေ့သွားပြီး ကြားထဲက ငါ့အဖေ အချောင်သေခဲ့ရတာ... ငါ့ဘဝမှာ လုပ်ခဲ့တဲ့ အကြီးမားဆုံးသော အမှားကိုပြောပါဆိုရင်.. မင်းကို စောင့်ရှောက်ထားခဲ့မိတဲ့ အမှားဘဲ.."
သြဂတ်စ်ရဲ့ စကားတွေက ရှိုင်းကို ပြေးစရာမြေမရှိအောင် ချောင်ပိတ်ရိုက်နေသလိုပင်။ ပြန်တုံပြန်စကား ပြောစရာမရှိ။ အခွင့်အရေးမရှိ။
"ဟုတ်ပါတယ်.. ပါပါး..ပြောတာမှန်ပါတယ်.. ကျွန်တော့် အပြစ်တွေပါဘဲ.."
"ဒါကြောင့် မင်းအရမ်းကို စွဲလန်းနေခဲ့ရတဲ့ မီးလျှံအနားမှာဘဲဖြစ်ဖြစ်.. ဘယ်မှာဘဲဖြစ်ဖြစ် မင်းကြိုက်သလိုနေပါ.. ငါ့အနားကိုသာ နောက်ထပ်ရောက်မလာပါနဲ့တော့.. မင်းငါ့ဆီလာတာ ..ဒါ နောက်ဆုံးတစ်ခေါက် ဖြစ်ပါစေ.. နောက်တစ်ခါဆိုရင် ငါမင်းကို စုန်းကဝေတွေ လက်ထဲ ထည့်ပစ်လိုက်ရလိမ့်မယ် ရှိုင်း.."
ရှိုင်း ဒူးထောက်ထိုင်နေရင်းမှပင် မျက်နှာပေါ်က မျက်ရည်စတွေကို မျက်နှာလေးတစ်ပြင်လုံး နီရဲတွတ်သွားသည်အထိ ကြမ်းတမ်းစွာ ပွတ်ဆွဲသုတ်ပစ်လိုက်သည်။ ပြီးတော့မှ သြဂတ်စ်ကို တောင်းပန်ကြည့်ဖြင့် မော့ကြည့်လိုက်ကာ ပြောလိုက်လေသည်။
"စိတ်ချပါ.. ပါပါးဖြစ်စေချင်သလို ကျွန်တော်ပါပါးနဲ့ အဝေးမှာဘဲနေပါ့မယ်.. နောက်ထပ်လည်း မျက်စိရှေ့ကို ပြန်မရောက်လာစေရပါဘူး.. ကတိပေးပါတယ်.."
သြဂတ်စ် ဒီလိုဖြစ်စေဖို့ရည်ရွယ်ကာ တမင်ပြောလိုက်တာဖြစ်သော်လည်း ရှိုင်းရဲ့ အရုပ်ကြိုးပြတ်ပုံကို မြင်နေရတော့ စိတ်က မထိန်းနိုင်။ ချက်ချင်းဆွဲခေါ်သွားလိုက်ကာ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ ဖွက်ထားလိုက်ချင်မိသည်။
သို့သော် သြဂတ်စ်တွင် ထိုသို့သော အခွင့်အရေးမရှိတော့...။
နှလုံးသားတစ်ခုလုံးဆွဲဆုပ်ခံလိုက်ရသလို နာကျင်ရသော်လည်း ဒါဟာ ကိုယ်နဲ့ မသက်ဆိုင်သောသူ၊ ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့လူကို ချစ်မိတဲ့ အပြစ်တစ်ခုဟုသာ သတ်မှတ်လိုက်သည်။
ဒါကြောင့် ဘာမှဆက်မပြောတော့ဘဲ မျက်နှာကိုသာ တစ်ဖက်ကို လှည့်ထားလိုက်မိသည်။
ရှိုင်းက သြဂတ်စ်ကို သေချာစိုက်ကြည့်လိုက်ကာ ပြောလေသည်။
"ကျွန်တော်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ပါပါး.. ကျွန်တော် ဒီကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး.. ပြီးတော့ ပါပါးလိုအပ်တဲ့အချိန်တိုင်း ကျွန်တော် အမြဲရှိနေမှာပါ.. "
သြဂတ်စ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှိုင်းမျက်လုံးလေးတွေကို မကြည့်မိအောင် တောင့်ခံနေမိသည်။ အစကတည်းက ဒီလိုဖြစ်စေဖို့ ရည်ရွယ်ထားတာမို့ ရိှီုင်းအတွက်စဉ်းစားကာ ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရမည်လေ..။
"ကျွန်တော်သွားတော့မယ် ပါပါး.. ကျန်းမာရေးဂရုစိုက်ပါ.."
ရှိုင်းတစ်ယောက် သြဂတ်စ်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် အိမ်ကြီးထဲက နောက်ဆုံးခြံထဲက တရွေ့ရွေ့ ထွက်ခွာသွားချိန်အထိ သြဂတ်စ် နှုတ်ခမ်းတွေကိုသွေးထွက်သည်အထိ ဖိကိုက်ထားကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ရှိုင်းကို မကြည့်မိအောင် ကြိုးစားနေရသည်။ ရှိုငိး ခြံပြင်ကို ရောက်သွားတာ သေချာမှ သြဂတ်စ် ထိန်းချုပ်ထားရသမျှတွေကို ပေါက်ကွဲပစ်လိုက်တော့သည်။ စားပွဲပေါ်က အရက်ပုလင်းတွေ အကုန်လုံးကို တိုက်ချပစ် စားပွဲတွေ ဆိုဖာတွေ အကုန်လုံးနှင့် မြင်မြင်သမျှအကုန်လုံးကိုလည်း စိတ်ရှိလက်ရှိ အော်ဟစ်ကာ ဖျက်ဆီးပစ်နေမိသည်။
တစ်သက်စာအတွက် ကိုယ့်ရဲ့ ကြယ်ကလေးကို ဟိုးကောင်းကင်ပေါ်အဝေးကြီးကို ပို့လိုက်ရပြီ။ မြင်သာမြင်နေရသော်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီလေ။ ဒါဟာ ကြယ်ကလေး မိုးပေါ်မှာ အန္တရာယ်ကင်းစွာ အရောင်လင်းလက်နိုင်စေဖို့အတွက်ပင် ဖြစ်တာကြောင့် သြဂတ်စ်ရဲ့ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သပ်သွားသည်ဆိုစေဦးတော့ ထိုက်တန်သည်လေ..။
****************************************************************************************
မီးလျှံတစ်ယောက် ကားကို အိမ်ကြီးရဲ့ မလှမ်းမကမ်းတွင်ရပ်ထားရင်း အိမ်ကြီးထဲက အရိပ်အခြေကို ကြည့်နေမိလေသည်။
ချာတိတ်လေး အိမ်ကြီးထဲကို ဝင်သွားပြီး ဘာတွေဖြစ်နေလဲ သိချင်နေတာကြောင့် နောက်ကလိုက်သွားဖို့ စိတ်ကူးကြည့်သော်လည်း မဆိုင်သော ကိစ္စကိုဝင်မပါချင်တာက တစ်ကြောင်း Werewolf တွေနဲ့လည်း မပတ်သက်ချင်တာက တစ်ကြောင်းဖြစ်တာကြောင့် အပြင်ကနေသာ စောင့်နေဖို့ ဆုံးဖြတ်လိုက်မိသည်။ အချိန်နည်းနည်းကြာတော့ အိမ်ပေါက်ဝကနေ မိုးပြိုတော့မလို မျက်နှာနှင့် တရွေ့ရွေ့ထွက်လာသော ရှိုင်းကို တွေ့လိုက်ရလေသောအခါ မီးလျှံ စိတ်ပူသွားလေတော့သည်။ Godfather နှင့်တွေ့ပြီး အဆင်ပြေသွားပြီလို့ မီးလျှံ ထင်ထားခဲ့သော်လည်း ဒီလိုပုံစံနှင့် ပြန်ထွက်လာသော ရှိုင်းကြောင့် အိမ်ထဲတွင် ပြသနာတစ်ခုခု ဖြစ်ခဲ့သည်ဆိုတာကို ချက်ချင်းခန့်မှန်းမိလိုက်ပြီဖြစ်သည်။
ရှိုင်းကတော့ အသိစိတ်မဲ့နေသူတစ်ဦးလို ခြံထဲကနေ ခြံဝကို လမ်းလျှောက်လာလေရာ မီးလျှံမနေနိုင်တော့ဘဲ ခြံဝကနေ တစ်ရွေ့ရွေ့ ထွက်လာနေပြီဖြစ်သော ရှိုင်းနားကို သွားလိုက်ရလေသည်။ အနားကိုရောက်တာနှင့် ရှိုင်းတစ်ယောက် ခွေကျမလိုဖြစ်သွားတာကြောင့် မီးလျှံမှာ ဘေးကနေပုခုံးကို ဖက်ပြီး ဖေးမကာ ခန္ဓာကိုယ်ကို ထိန်းပေးထားလိုက်ရလေသည်။ ရှိုင်းရဲ့ ပုံစံဟာ တစ်ကယ့်ကို အားတစ်စက်မှ မရှိတော့တဲ့ပုံစံ။ တစ်စုံတစ်ခု အကြီးအကျယ် စိတ်ထိခိုက်ခဲ့တယ်ဆိုတာ သိသာလှသည်။
"ဘာဖြစ်နေတာလဲ.. မင်းအဆင်ပြေရဲ့လား.."
မီးလျှံ ထိုသို့မေးလိုက်ရင်း ရှိုင်းရဲ့မျက်နှာကို သေချာကြည့်လိုက်မိတော့ မျက်လုံးလေးတွေ အကုန်နီရဲနေလျက် ပန်းဆီရောင် ပါးပြင်လေးနှစ်ဖက်လုံး မျက်ရည်တွေနှင့် စိုစွတ်လျက်ရှိပြီး နှုတ်ခမ်းလေးကတော့ ဖြူဆုတ်နေလေပြီ။ မီးလျှံအသံကို ကြားလိုက်တာနဲ့ သနားစဖွယ် မော့ကြည့်လာသည်။ ထို့နောက် ညှို့မှိုင်းနေသော မျက်လုံးလေးတွေဖြင့် အားယူကာပြောလေသည်။
"ကျွန်.. ကျွန်တော့ကို.. ပါပါး..ပါပါးက"
ရင်ဘတ်ထဲက တလှပ်လှပ်ခံစားမှုတွေက ခန္ဓာကိုယ်က အားအင်တွေ တစ်ခုလုံးကို ဆွဲယူသွားသလို ဖြစ်နေတာကြောင့် ရှိုင်း မနည်းအားယူကာ ပြောနေသော်ငြားလည်း အသိစိတ်တွေကို စုစည်းလို့မရတော့။ မော့ကြည့်နေမိသော မီးလျှံရဲ့မျက်နှာက တဖြေးဖြေးနှင့် ေ၀ဝါးကာ နောက်ဆုံးဘာမှမမြင်ရတော့။
"ဟေ့..ဟေ့.. သတိထားဦးလေ.. ချာတိတ်.."
ရှိုင်းတစ်ယောက် စကားကိုအားယူပြောနေရင်းပင် အသံတဖြေးဖြေးပင် အသံကို တိုးတိုးသွားကာ နောက်ဆုံးတော့ ခန္ဓာကိုယ်လေးက မီးလျှံလက်ပေါ်ကို ပျော့ခွေ့ကျသွားလေတော့သည်။ မေ့လဲသွားရှာပြီဖြစ်သော ရှိုင်းရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ပြီး ကားပေါ်ကို အမြန်တက်ကာ မောင်းထွက်ခဲ့ရလေတော့သည်။
ထိုမြင်ကွင်းကို အစအဆုံးမြင်လိုက်ရသူက အိမ်ကြီးရဲ့ အပေါ်ထပ် တစ်နေရာကနေ ရှိုင်းကိုကြည့်နေသော သြဂတ်စ်...။
ရှိုင်းရဲ့ မီးလျှံကို ကြည့်တဲ့အကြည့်တွေမှာ ငြိတွယ်ခြင်း၊ အားကိုးခြင်းနှင့် အချစ်တွေ အပြည့်ဖြစ်နေတာကို ရင်နာနာနှင့် တွေ့လိုက်ရသည်။ ပြီးတော့ လဲကျသွားသော ရှိုင်းကို ကြည့်နေတဲ့ မီးလျှံရဲ့ စိုးရိမ်တကြီး အကြည့်များ။ ရှိုင်း ဒီလိုအကြည့်မျိုးနှင့် သြဂတ်စ်ကို တစ်ခါမှမကြည့်ဖူးခဲ့။ မီးလျှံသည် ကြယ်ကလေးရဲ့ နှလုံးသားကို ပိုင်ဆိုင်လိုက်ရလေပြီ...။
သြဂတ်စ် ဒီကံကြမ္မာကနေ ကျရှုံးခြင်းများစွာနှင့် အပြီးတိုင်ထွက်ခွာခဲ့ရပြီဖြစ်လေတော့သည်။ ကျေနပ်ပါသည်။ ကြယ်ကလေး အေးချမ်းစွာ တောက်ပနေလျှင် သြဂတ်စ် ကျေနပ်နေပါသေးသည်။ ရှိုင်း တစ်ခုခုဖြစ်သွားခဲ့ရင်တော့ ဒီတစ်ခေါက် သြဂတ်စ် ဘာအတွက်မှ ဘယ်သူ့အတွက်မှ စဉ်းစားတော့မှာ မဟုတ်..။ ရှိုင်းကို ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် မရရအောင် ပြန်လုယူမှာဖြစ်သည်။ အခုအချိန်တွင်တော့ ရှိုင်းကို အဝေးကနေသာ စောင့်ရှောက်ခွင့်ရှိတော့သည်။ ရှိုင်းကို ပွေ့ချီကာ ထွက်သွားသော မီးလျှံကို ကြည့်ရင်း သြဂတ်စ် အနားတွင်ရပ်နေသော တပည့်တစ်ယောက်ကို အမိန့်ပေးလိုက်မိသည်။
"သူတို့နှစ်ယောက် ဒီည တောထဲကို ပြန်လား မပြန်လား စောင့်ကြည့်ထား. တကယ်လို့ မပြန်ဖြစ်ရင် သူတို့ကို စုန်းကဝေတွေ မတွေ့နိုင်အောင် တစ်ခုခုလုပ်ရမယ်.. မနက်ဖြန် မားကပ်စ် Nebbia ကိုလာမယ်လို့ ပြောထားတယ်.. "
***************************************************************************************************
"ကျွန်.. ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော့်ကို ခွင့်လွှတ်ပါ.."
အိပ်ပျော်နေရာကနေ သတိမရသေးဘဲ ကယောင်ကတမ်းဖြင့် အော်နေသော ရှိုင်းကြောင့် မီးလျှံတစ်ယောက် အခန်းထဲရှိ ကုလားထိုင်တွင် ထိုင်နေရာမှ ရှိုင်းအိပ်ပျော်နေသော ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်လိုက်ရလေသည်။ ထို့နောက် ရှိုင်းရဲ့ ကယောင်ကတန်းဖြင့် မြောက်လာသော လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ထားပေးလိုက်ရသည်။
"ချာတိတ်... နိုးလာပြီလား."
ခပ်ပြတ်ပြတ်မေးလာသော အသံတစ်ခုနှင့် အတူ နှဖူးပေါ်ကို ကျလာသော နူးညံ့သည့် အထိအတွေ့ကြောင့် ရှိုင်းမျက်လုံးများပွင့်လာလေသည်။ ကြည့်လိုက်မိတေ့ာ မျက်ခုံးကြောတွေ တွန့်ပြီး ရှိုင်းကို ကြည့်နေသော မီးလျှံကိုတွေ့လိုက်ရလေသည်။ ရှိုင်း ထထိုင်လိုက်ကာ မီးလျှံကို ကြည့်လိုက်မိတော့ မီးလျှံမျက်ခုံးကြောတွေက တွန့်ထားဆဲဖြစ်ပြီး နှုတ်ခမ်းတွေကလည်း တည်နေလျက်။
"ကျွန်တော် မေ့လဲသွားတာနဲ့တူတယ်.."
"အေး..ဟုတ်တယ်.. မေ့လဲသွားတာ.. ယောက်ျားလေးဖြစ်ပြီး ဒီလောက်ပျော့ရလား... ဘယ်လောက်ဘဲ စိတ်ထိခိုက်စရာတွေ ကြုံရပါစေဦး မေ့လဲတဲ့အထိ ဖြစ်စရာလိုလို့လား.. နောက်ပိုဆိုးတဲ့ ကိစ္စတွေကြုံလာရရင် ဘယ်လိုရင်ဆိုင်မလဲ.."
မီးလျှံတစ်ယောက် ဂရုဏာဒေါသဖြင့် ရှိုင်းကိုသာ ဖိဟောက်နေလိုက်မိသည်။
စောစောက သြဂတ်စ်အိမ်ရှေ့တွင်လဲကျသွားခဲ့တုန်းက မီးလျှံရှိုင်းကို အရမ်းကို စိတ်ပူသွားခဲ့တာဖြစ်သည်။ ဘာလုပ်လို့ လုပ်ရမှန်းမသိသဖြင့် တောထဲက အိမ်ကိုပင်မပြန်နိုင် လယ်ရီ့ဆီကိုသာ ခေါ်သွားခဲ့ရသည်။ လယ်ရီက ယုံကြည်စိတ်ချရသော ဆရာဝန်တစ်ယောက်ခေါ်ပေးပြီး စမ်းသပ်ခိုင်းတော့ အလွန်အမင်း စိတ်ထိခိုက်စရာ ကြုံခဲ့ရတာကြောင့်ရော ခန္ဓာကိုယ်က နဂိုထက်ကို အားနည်းနေသဖြင့် ထိုစိတ်ထိခိုက်မှုကို မခံနိုင်ဘဲ မေ့လဲသွားသည်ဟုပြောလေသည်။ ခန္ဓာကိုယ်အားနည်းနေခြင်းရဲ့ အဓိက အကြောင်းရင်းက မီးလျှံ ရိှီုင်းဆီက နေ့စဉ် သွေးသောက်နေတာကြောင့် ဆိုတာကို သိလိုက်သည်။ အဲ့ဒိအတွက် မီးလျှံ ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားနေရတာဖြစ်သည်။
"တောင်းပန်ပါတယ်.."
ရှိုင်းရဲ့ အသံတိုးတိုးလေး ထွက်လာသည်။ နှာသီဖျားလေးတွေ နီရဲလာကာ တစ်ချက် အင့်ခနဲ ရှိုက်သံကြားရလေသည်။
"တောက်.. "
မီးလျှံတစ်ယောက် ဘာကိုဒေါသထွက်လို့ ထွက်မှန်းမသိ ဖြစ်ကာ တောက်ခေါက်လိုက်မိသည်။
ရှိုင်း သြဂတ်စ်နှင့် တွေ့စဉ်က အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာကာ မျက်ရည်တွေ မကျအောင် ကြိုးစားနေသည့်ကြားက တာကျိုးသလို စီးကျလာမိသည်။
ကျစ်... ။ ဒီမျက်ရည်တွေကို မီးလျှံအရမ်းမုန်းသည်။ ဒီကောင်လေး မျက်ရည်ကျရင် သူ့အတွက် လိုအပ်သမျှ ဖြည့်ဆည်းပေးလိုက်ချင်စိတ်တွေ ဖြစ်ပေါ်လာစေသည်။ အလိုအလျောက်ပင် လက်က ထိုကောင်လေးရဲ့ ပါးပြင်နှစ်ဖက်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပင် သုတ်ပေးလိုက်မိသည်။
"ယောက်ျားလေးဖြစ်ပြီး မငိုစမ်းနဲ့.. ငါငိုတာကို အရမ်းမုန်းတယ်.. "
ရှိုင်းရဲ့ရှိုက်သံလေး ချက်ချင်းကို ပျောက်သွားလေသည်။ သို့သော် မျက်ရည်တွေကတော့ ကျဆင်းနေဆဲ..။
"ကျွန်.. ကျွန်တော့်ကို ပါပါးက မုန်းတယ်တဲ့.. နောက်ထပ် သူ့ရှေ့ကို ရောက်မလာပါနဲ့တော့တဲ့ ပြောတယ်.. "
ရှိုင်းကတော့ မီးလျှံ မငိုရဘူးလို့ပြောနေသဖြင့် ရှိုက်သံမထွက်အောင် ကြိုးစားထိန်းချုပ်နေရင်း မီးလျှံကို ကြည့်ကာ တိုင်တည်သလိုမျိုးလေး ပြောနေတော့တာ။ရှိုင်းက ပါးပြင်လေးနှစ်ဖက် နီရဲတွတ်သွားသည်အထိ မျက်ရည်တွေကို သူ့ဘာသာသူ ကြမ်းတမ်းစွာ ပွတ်ဆွဲသုတ်ပြီး ထပ်ပြောသည်။
"ကျွန်တော့်မေမေ ဆုံးသွားပြီးကတည်းက ပါပါးက ကျွန်တော့်ကိုစောင့်ရှောက်ခဲ့တာ.. ပါပါးကျေးဇူးတွေ ကျွန်တော့်မှာ အများကြီးဘဲ.. ဒါကို.. ဒါကို ကျွန်တော်က ပြန်မဆပ်နိုင်ဘဲ သူ့အဖေကို သေအောင်တောင်လုပ်ခဲ့မိတယ်.. အခုတော့ ကျွန်တော့်ကို ပါပါးက မုန်းသွားပြီ.."
ရှိုင်းရဲ့ ပုံစံကို ကြည့်ရင်း မီးလျှံ သနားလာသည်။ အရမ်းကို စိတ်ထိခိုက်နေရှာတယ်ဆိုတာကို ခံစားလို့ရနေသလို မီးလျှံကိုယ်တိုင်လည်း သူနှင့် ထပ်တူထပ်မျှကိုယ်တိုင်လည်း ခံစားပေးနေမိတာကို သိလိုက်ရသည်။ အသံမာမာနှင့် ထပ်ဆူဖို့ စဉ်းစားထားတဲ့ စကားတွေ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားရလေပြီ။
"ကျွန်တော် အခု လုံးဝကို တစ်ယောက်တည်းဖြစ်သွားပြီ. .. ကျွန်တော့အနားမှနေပေးတဲ့လူတွေ အကုန်မရှိတော့ဘူး... ကျွန်တော်သေပစ်လိုက်ချင်တာကို သေခွင့်လည်း မပေးကြဘူး.. "
ငိုသံမပါ ပုံမှန်အသံတိုးတိုးလေးနှင့် ပြောနေတာပေမယ့် မျက်ရည်တွေကတော့ မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မကျအောင် ထိန်းထားသည့် ကြားမှ ကျနေဆဲ။ ခဏခဏ သုတ်နေတာတောင် ကျနေဆဲပင်ဖြစ်သည်..။
မီးလျှံ နောက်တစ်ခေါက် မျက်ရည်တွေကိုဖယ်ပေးလိုက်မိပြန်သည်။
မီးလျှံက ရှိုင်းရဲ့ပါးကို သုတ်ပေးတာက မငြင်သာပေမယ့် သူ့ရဲ့အကြည့်တွေ၊ အပြောတွေ အခုမျက်ရည်သုတ်ပေးတဲ့ အပြုအမူတွေက စေတနာတွေ အပြည့်ဆိုတာကို ခံစားလို့ရနေသည်။
"မင်း တမင်ရည်ရွယ်တာမှ မဟုတ်တာ... အားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်လာရတာ.. အပြစ်အားလုံးကို ကိုယ့်ကြောင့်ဆိုပြီး တစ်ထစ်ချ စွပ်စွဲလို့မှမရတာ.. ပြီးတော့ မင်းတစ်ယောက်တည်းဖြစ်သွားတာ မဟုတ်ပါဘူး.. ငါရှိသေးတယ်လေ.."
မီးလျှံစကားကြောင့် ရှိုင်း မျက်လုံးလေးပြူးကာ မော့ကြည့်လာပြန်သည်။ မီးလျှံ တစ်ချက်ပြုံးလိုက်သည်။ မျက်ရည်တွေ အပြည့်ဖြစ်နေသော မျက်လုံးပြာလေးတွေကို စိုက်ကြည့်လိုက်ကာ လေးနက်စွာပြောလိုက်သည်။
"ငါမင်းကို ပြောထားတယ်လေ.. မင်းငါ့ဆီမှာ သွေးထုတ်စက်အဖြစ်နေသမျှ ကာလတစ်ယောက်လုံး.. မင်းဘာမှမဖြစ်စေရဘူးဆိုတာ..."
ရှိုင်း မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့်မော့ကြည့်နေဆဲ.။
"ဒါကြောင့် လောကကြီးမှာ မင်းတစ်ယောက်တည်းကျန်ခဲ့တာ မဟုတ်ဘူးဆိုတာ ခေါင်းထဲထည့်ထား.. နားလည်လား..."
မီးလျှံထိုသို့ပြောလိုက်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်နေသော ရှိုင်းရဲ့ ပုခုံးစွန်းလေးတစ်ဖက်ကို အားပေးလိုသော သဘောဖြင့် ခပ်ဖွဖွ ဆုပ်ကိုင်လိုက်မိလေသည်။ ရှိုင်းကတော့ မီးလျှံကိုသာ ကြည့်နေမိသည်။
ရှိုင်းအနားတွင် ဘယ်သူမှမရှိတော့သော အချိန်၊ အန္တရာယ်တွေအများကြီးကြားမှာ တစ်ယောက်တည်း ခိုကိုးရာမဲ့နေသော အချိန်မှာ ဒီလူကြီးက ရှိုင်းကို ဘာမှမဖြစ်စေရဘူးလို့ ကတိပေးသည်။ ရှိုင်းကို ကာကွယ်ပေးသည်။ အားပေးစကားတွေ ပြောသည်။ မျက်ရည်တွေ သုတ်ပေးသည်။ ပြီးတော့ ပျော်ရွှင်မှုတွေလည်းပေးသည်လေ..။ ဒီ Flame ဆိုသော လူကြီးကို ရှိုင်းချစ်မိတာ မမှားဘူးဟု တွေးလိုက်မိသည်။
ဒါပေမယ့် အခုအချိန်မှာ ရှိုင်း မီးလျှံဆီက စကားတွေထက်ပိုသော အားပေးမှု နွေးထွေးမှုကို တောင့်တလာမိသည်။ ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ ရှိုင်းကိုကြည့်နေသော မီးလျှံရင်ခွင်ထဲကို ခေါင်းတိုးဝင်လိုက်ကာ သူ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။ ရုတ်တရတ် ရှိုင်းရဲ့ အပြုအမူကြောင့် မီးလျှံ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်သွားတာကို သိလိုက်သည်။ Vampire ကြီးမို့ တစ်ကိုယ်လုံး အေးစက်နေသော်လည်း သူ့ရင်ခွင်က နွေးထွေးသည်ဟုပင် ခံစားနေရသည်။ သူ့ရဲ့နှလုံးခုန်သံ တစ်ဒိတ်ဒိတ်က ရှိုင်းကို စိတ်ဓာတ်မကျအောင် အားပေးနေသလိုပင် ထင်လိုက်မိသည်။
ရှိုင်းလောဘကြီးမိတယ်ဆိုတာကို သိပါသည်။ မီးလျှံအနေနှင့် ရှိုင်းကို ထူးဆန်းတယ်လို့ ထင်နေချင် ထင်နေပါလိမ့်မည်။ အငေါက်ခံရနိုင်တယ် ဆိုတာကိုလည်း သိပါသည်။ သို့သော် ရှိုင်း နည်းနည်းလောက်တော့ လောဘကြီးချင်မိသည်။ အခုအချိန်မှာ ရှိုင်းအတွက် တစ်ဦးတည်းသော အားကိုးရာအဖြစ်ရှိနေပေးတဲ့ မီးလျှံကိုဖက်ထားချင်မိတယ်လေ။
"ကျေးဇူးတင်ပါတယ် Flame"
ရှိုင်း ထိုသို့ပြောလိုက်တော့ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်နေတဲ့ မီးလျှံရဲ့ ခန္ဓာကိုယ်က ပြေလျော့လာကာ ရှိုင်းရဲ့ ပုခုံးစွန်းလေးတွေကို ထိကိုင်လာသည်။
ဒီလောက်နဲ့တင် ရှိုင်း ခံစားနေရတာတွေကို ကုစားပေးနိုင်ပါသည်။
"မင်းကိုငါနားလည်ပါတယ်.."
စောစောကလို ခပ်မာမာဒေါသသံမဟုတ်တေ့ာဘဲ တည်ငြိမ်သော မီးလျှံရဲ့ အသံထွက်လာသည်။
"ငါမင်းကို ကိုယ်ချင်းစာလို့ရတယ်.. ဘာဖြစ်လို့လဲဆိုတော့ မင်းလိုမျိုးဘဲ ငါလည်း ငါ့အနားမှာရှိတဲ့ လူတွေအားလုံးကို ဆုံးရှုံးလိုက်ရဖူးလို့ဘဲ....."
ပထမဆုံးဖွင့်ဟလာတဲ့ မီးလျှံရဲ့ အကြောင်းတွေဖြစ်တာကြောင့် ရှိုင်းစိတ်ဝင်တစားဖြင့် သူ့ရင်ခွင်ထဲကနေ ထွက်လိုက်မိကာ မျက်နှာကို ကြည့်လိုက်မိသည်။ မီးလျှံမျက်နှာက နာကျည်းရိပ်တွေ ဝမ်းနည်းရိပ်တွေ ပြည့်နှက်လျက်.။
"ငါရဲ့ဘဝက အရင်တုန်းက အရမ်းကိုပျော်ဖို့ ကောင်းခဲ့တယ်.. ငါမိသားစု အဖေအမေနဲ့ ညီမလေးတို့ ငါ့မျက်စိရှေ့မှာတင် စုန်းကဝေတွေရဲ့ ရက်ရက်စက်စက်အသက်မခံရသေးခင်အချိန်အထိပေါ့.."
မီးလျှံ စကားကို ခဏရပ်လိုက်သည်။ မျက်လုံးထဲတွင် မိမိဘဝကံဆိုးမိုးမှောင်ကျခဲ့ရတဲ့အချိန်တုန်းက ပုံရိပ်တွေကို ပြန်လည်မြင်ယောင်လာမိလေသည်။
"မင်းစဉ်းစားကြည့်.. ငါ့ကြောင့် ငါ့မိသားစု အသတ်ခံရတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတဲ့စိတ်က ဘယ်လောက်တောင် ခံရခက်လဲဆိုတာ.. ပြီးတော့ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ရပြီး ပြန်နိုးထလာခဲ့တဲ့ အချိန်၊ ငါမရင်းနှီးတဲ့ ခေတ် အခြေအနေမှာ ငါတစ်ယောက်တည်း ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်က ဘယ်လောက်ထိ ဆိုးရွားတယ်ဆိုတာ..."
မီးလျှံပြောရင်းပြောရင်းပင် မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကို ကျဆင်းလာတာကို သိလိုက်ရသည်။ သို့သော် မဖယ်ရှားမိ။
"ငါမိသားစုကို ရက်ရက်စက်စက်သတ်ခဲ့ပြီး ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့ စုန်းကဝေတွေကို မျိုးဖြုတ်ပစ်လိုက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်သာ မရှိဘူးဆိုရင်.. ငါဒီလောက ကြီးမှာ အသက် ဆက်ရှင်နိုင်မှာမဟုတ်ဘူး.."
မီးလျှံစကား အဆုံး ရှိုင်းက မီးလျှံရဲ့ ပါးပြင်ပေါ်က မျက်ရည်စက်ကို သူ့လက်ကလေးဖြင့် သုတ်ပေးလာသည်။ ပြီးတော့ ရင်ခွင်ထဲကို တိုးဝင်လာတာ မဟုတ်တော့ဘဲ မီးလျှံရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ကာ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလာသည်။ မီးလျှံ မရုန်းထွက်မိ။ ဒီချာတိတ်လေး သူ့ကို တစ်လှည့် ပြန်အားပေးနေတယ်ဆိုတာ သိလိုက်မိတာကြောင့် ဖြစ်လေသည်။ ပုခုံးပေါ်မှာ မေးစေ့တင်ထားသော ငွေရောင်ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း ဆက်ပြောမိသည်။
"ဒါကြောင့် မင်းလည်း တစ်ယောက်တည်း ဖြစ်နေတယ်ဆိုပြီး သေဖို့မကြိုးစားနဲ့ ဒီထက်ပိုပြီးတော့ ကြံခိုင်အောင်လုပ်ပြီး ဒီလိုလောကကြီးမှာ နေနိုင်တယ်ဆိုတာကို ပြနိုင်ရမယ်.. ဝမ်းနည်းနေစရာ ကြောက်နေစရာ ဘာမှမလိုဘူး.. နားလည်လား"
ထိုသို့ပြောလိုက်တော့ ချာတိတ်လေးက ခေါင်းငြိမ့်ပြတာကို ခံစားလိုက်မိသည်။
"ကျွန်တော်လည်း ကူညီချင်တယ်.. ခင်ဗျားစုန်းကဝေတွေကို လက်စားချေချင်တယ်ဆိုရင်."
ချာတိတ်လေး စကားကြောင့် မီးလျှံရယ်လိုက်မိသည်။
"လူစဉ်မှီလာတဲ့ တစ်နေ့ကျရင် ကူညီပေါ့ကွာ.. ဟုတ်ပြီလား.."
"ခင်ဗျားကလည်းဗျာ.. ဒီအရပ်ဘဲ လာခလုတ်တိုက်နေတာဘဲ.."
တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုကြရင်းပင် ရှိုင်း ဝမ်းနည်းနေတာတွေ ပျောက်သွားရလေပြီ။
"ကဲ... မင်း အဆင်ပြေသွားပြီဆိုရင် ဖယ်တော့.. မင်းနည်းနည်း ထပ်အိပ်ရမယ်... ဆရာဝန်က ပြောသွားတယ်.."
မီးလျှံ ထိုသို့ပြောလိုက်တော့ ရှိုင်းက ဖက်ထားရာကနေ ဖယ်ပြီး ခေါင်းငြိမ့်ပြလေသည်။ မီးလျှံ ရှိုင်းဆံပင်လေးတွေကို ဆွဲဖွလိုက်ကာ ကုတင်ပေါ်တွင်ထိုင်နေရာကနေ ထရပ်သည်။
"ဒီညတော့ လယ်ရီ့ အိမ်မှာဘဲ အိပ်ကြတာပေါ့.. မနက်ဖြန် ဈေးဝယ်ထွက်ပြီးမှ အေးဆေးပြန်မယ်.. ဟုတ်ပြီလား."
ထိုသို့ပြောပြီး မီးလျှံ အခန်းထဲက ထွက်သွားဖို့လုပ်တော့ ရှိုင်းရဲ့လက်သေးသေးလေးတစ်ဖက်က မီးလျှံ အကျီလက်ရှည်က အစကို ဆွဲထားပြန်သည်။ ဘာလဲဆိုသော သဘောဖြင့် လှည့်ကြည့်လိုက်တော့ ညတိုင်းမြင်နေကြ ပါးချိုင့်လေးပါသော အပြုံးနှင့် ညတိုင်းကြားနေကျ နှုတ်ဆက်စကားလေးကို ကြားရပြန်သည်။
"Good Night Flame"
ထိုစကားသံက အရာအားလုံးကို ပြည့်စုံသွားစေသလိုပင်။ မီးလျှံလည်း တစ်ချက်ပြုံးလိုက်ကာ ပြန်ပြောမိသည်။
"Good Night ချာတိတ်.."
***************************************************************************************************
*************
Zawgyi
********************
Star Falls For Flame Part (4)
မီးလျှံနှင့် ရှိုင်းတို့ကို သယ်ဆောင်လာသော Hammer ကားကြီးဟာ မြို့စွန်မှာရှိတဲ့ သြဂတ်စ်တို့အိမ်ကို ရောက်သွားချိန်မှာ ညလယ်ပိုင်းကိုပင် ရောက်နေလေပြီဖြစ်သည်။
သြဂတ်စ်တို့ရဲ့ အိမ်ကြီးဟာ မီးတွေ သိပ်မထွန်းထားသော်လည်း လပြည့်ညရဲ့လရောင်အောက်မှာဖြစ်နေတာကြောင့် အရမ်းကို လင်းထိန်နေကာ ခမ်းနားကြီးကျယ်နေလေတော့သည်။
သို့သော် အိမ်ကြီးကတော့ အပြင်က ကြည့်တာတောင် ခြောက်ကပ်နေသည်ဆိုသော ခံစားမှုမျိုးကို ခံစားနေရတော့တာ။
မီးလျှံက ကားကို အိမ်ကြီးကို သေချာမြင်နိုင်သော နေရာ မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး ဘေးတွင်ထိုင်နေသော ရှီုင်းဘက်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်း ကိုယ့်ဘာသာကိုယ်သာ ဝင်သွားလိုက်တော့ ငါလိုက်မဝင်တော့ဘူး.."
မီးလျှံထိုသို့ပြောလိုက်တော့ ရှိုင်းက မျက်နှာငယ်လေးဖြင့်မော့ကြည့်သည်။
"ခင်ဗျား..ကျွန်တော့်ကို ထားသွားမှာတော့ မဟုတ်ပါဘူးနောိ.."
မီးလျှံထားသွားမှာကို ကြောက်နေရှာသော ရှိုင်းကို ကြည့်ပြီးတော့ တစ်ချက်ရယ်လိုက်မိကာ နှဖူးလေးကို မနာအောင်ထုလိုက်သည်။
"မင်းသာ အကြွေးမကျေသေးဘဲ ထွက်ပြေးဖို့မစဉ်းစားနဲ့.ဟုတ်ပြီလား... သွားတော့.. ငါဒီမှာဘဲ စောင့်နေမယ်.. စိတ်ချ.."
မီးလျှံထိုသို့ပြောလိုက်ပြီး အတင်းသွားခိုင်းလိုက်တော့မှ ရှိုင်းက မီးလျှံကို စိတ်မချသလို နောက်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် သြဂတ်စ်တို့ အိမ်ကြီးနားကို လျှောက်သွားလေတော့သည်။
အိမ်ကြီးရဲ့ ဂိတ်တံခါးဝရောက်သော အခါ ပထမဆုံးတစ်ခေါက်ရောက်ခဲ့ဖူးသလို ခမ်းနားတယ်ဆိုသော ခံစားမှုထက် ဝမ်းနည်းမှုခြောက်ကပ်မှုတွေ ပြည့်နေတယ်လို့ ထင်လိုက်မိလေသည်။
သြဂတ်စ်တစ်ယောက် အရမ်းကို စိတ်ထိခိုက်နေရှာတော့မှာဘဲလို့ တွေးလိုက်မိကာ အနားမှာ မနေပေးနိုင်ခဲ့သော ကိုယ့်ကိုယ်ကို အပြစ်တင်မိလေသည်။
ရှိုင်း ဂိတ်တံခါးဝက ခြံတံခါးကို လက်နဲ့ အသာအယာတွန်းကြည့်လိုက်တော့ သော့မခတ်ထားဘဲ ခြံတံခါးပွင့်သွားသည်ကို တွေ့လိုက်ရလေသည်။ ရှိုင်းလည်း စဉ်းစားမနေတော့ဘဲ ခြံထဲကို ဝင်လာလိုက်လေတော့သည်။ ခြံကြီးမှာ ပထမတစ်ခေါက်တုန်းကလို ခြံထဲတွင်စောင့်နေသာ လူတွေ မရှိတော့ဘဲ သစ်ရွက်ခြောက်တွေသာ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရလေတော့သည်။
ရှိုင်း ခြံအလယ်ပိုင်းကိုရောက်လာသည်အထိ ခြံထဲကရော အိမ်ထဲကပါ လူရိပ်လူယောင် လုံးဝမတွေ့ရသေးသဖြင့် ရှိုင်း စိတ်ထဲတစ်မျိုးဖြစ်သွားလေသည်။
သြဂတ်စ်များ တစ်ခုခုဖြစ်နေပြီလား။ ဒါမှမဟုတ် စုန်းကဝေတွေများ အိမ်ထဲကိုရောက်နေသလား။
ထိုသို့တွေးလိုက်မိပြီး သြဂတ်စ်အတွက် စိတ်ပူသွားမိလေသည်။
ထိုနောက် ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ကာ အိမ်ကြီးဆီကို ဦးတည်လာလိုက်မိလေသည်။ အိမ်တံခါးဝတွင်ရပ်ကာ အိမ်ထဲက အခြေအနေကို ကြည့်လိုက်မိတော့ အိမ်အတွင်း ဧည့်ခန်းနေရာတွင် ရှိုင်းရှိရာဘက်ကို ကျောပေးကာ ဆိုဖာပေါ်တွင် ထိုင်နေသော သြဂတ်စ်ရဲ့ နောက်ကျော ပိုင်းကို တွေ့လိုက်ရလေသည်။
ရှိုင်း တံခါးမှာရပ်နေရင်းပင် သြဂတ်စ်ကို လှမ်းခေါ်လိုက်မိသည်။
"ပါပါး.. "
ရှိုင်းရဲ့ အသံကိုကြားတာနှင့် သြဂတ်စ်ရဲ့ နောက်ကျောက ဆတ်ခနဲတုန်သွားတာကို တွေ့လိုက်ရလေသည်။ ချက်ချင်းပင် ရှိုင်းရှိရာဘက်ကို လှည့်ကြည့်လာသည်။
သြဂတ်စ်ရဲ့ ဆံပင်တွေက ပွယောင်းလျက် မျက်လုံးများကလည်း အရောင်မရှိဘဲ မှိုင်းညှို့လျက်ရှိနေကာ အကြီးအကျယ် စိတ်ထိခိုက်နေတာ အသိအသာ။
သြဂတ်စ်ရဲ့ ပုံစံကို မြင်လိုက်တာနှင့် ရှိုင်း သူထိုင်နေသော နေရာနားကို အပြေးသွားလိုက်မိသည်။ အနားကိုရောက်တာနှင့် သြဂတ်စ်ထိုင်နေသော စားပွဲရှေ့မှာတွေ့နေရသော အရက်ပုလင်း အလွတ်များ၊ ဆေးလိပ်ပြာများနှင့် သောက်လက်စ ဆေးလိပ်တိုများကိုပါ တွေ့လိုက်ရတော့တာ။
သေချာတာကတော့ သြဂတ်စ် အခုအချိန်မှာ အရမ်းကို စိတ်ထိခိုက်နေရတယ်ဆိုတာပါဘဲ..။
သြဂတ်စ်သည်လည်း ရှိုင်းကို မြင်လိုက်တာနှင့် ရင်ထဲက သိမ့်ခနဲ.....။
ဘာအန္တရာယ်မှမရှိဘဲ သြဂတ်စ်ကို သတိတရလာရှာပေးသော ရှိုင်းကြောင့် သြဂတ်စ် စိတ်ထဲ ငလျင်လှုပ်သလို လှုပ်ခတ်နေရသည်ကို ကိုယ့်ကိုယ်ကို သတိထားမိနေလေသည်။
ရှိုင်းက အရင်ကအတိုင်းပင် ဘာမှမပြောင်းလဲခြင်းမရှိ ဒီအတိုင်းလေးပင်။ ဒီအတောအတွင်း မီးလျှံနံဘေးတွင် စိတ်ချမ်းသာနေခဲ့သည်ထင်သည်။ သြဂတ်စ်ကိုတွေ့တာနှင့် စိတ်ပူနေဟန် အရိပ်အယောင်များဖြစ်ပေါ်လာပြီး ချက်ချင်းပင် သြဂတ်စ်ထိုင်နေသော ဆိုဖာရှေ့တွင် ဒူးထောက်ထိုင်ချကာ သြဂတ်စ်ကို ကြည့်သည်။
"ပါပါး.. အဆင်ပြေရဲ့လားဟင်.."
"မင်းဘာလာလုပ်တာလဲ.."
သြဂတ်စ်မျက်နှာကို ချက်ချင်းပင် ကြိုးစားပမ်းစားတည်လိုက်ပြီး အသံမာမာဖြင့် မေးလိုက်တော့ ရှိုင်း မျက်လုံးလေးတွေ တစ်ချက် ညှို့ခနဲဖြစ်သွားကာ သြဂတ်စ်ကို သနားစဖွယ်ကြည့်ရှာလေသည်။
မျက်နှာမကောင်းဖြစ်သွားသော ရှိုင်းကို ကြည့်ပြီး သြဂတ်စ်ရင်ထဲတွင်လည်း နာကျင်နေရသည်။ အန္တရာယ်တွေ ဝိုင်းနေတာကို သိလျက်နဲ့ မိမိဆီရောက်အောင်ကို လာကြည့်သော ရှိုင်းရင်ထဲက သြဂတ်စ်အပေါ်ထားတဲ့ သံယောဇဉ်အတိုင်းအတာကို သိနိုင်လေသည်။
ရှိုင်းရဲ့ သံယောဇဉ်ကို သိလေ သြဂတ်စ်ပိုပြီးခံစားရလေဖြစ်သည်။
သြဂတ်စ်နှင့် ရှိုင်းကြားက တစ်ဦးအပေါ်တစ်ဦးထားရှိသော သံယောဇဉ်က အမျိုးအစားချင်းမတူ။ အဓိပ္ပာယ်ချင်းမတူ။
အရက်ခွက်ကို ကိုင်ထားသော သြဂတ်စ်ရဲ့လက်ကို သူ့ရဲ့လက်ကလေးနှစ်ဖက်ဖြင့် အပေါ်က အုပ်မိုးဆုပ်ကိုင်လာသည်။ ပြီးတော့ မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်ကာပြောလေသည်။
"ပါပါး.. အဆင်ပြေရဲ့လားလို့ လာကြည့်တာ.. ပါပါးရဲ့ အဖေဆုံးသွားတယ်ဆို.. ပါပါးအရမ်းခံစားနေရမှာပေါ့နော်. "
မျက်လုံးလေးတွေ မှိုင်းညှို့လျက် မျက်ရည်ကြည်လေးတွေ ဝေ့သီကာ ပြောနေရှာသော ရှိုင်းဟာ သြဂတ်စ်ရင်ထဲက နာကျင်မှု ဝမ်းနည်းမှုတွေနဲ့ ထပ်တူ ခံစားနေရပါတယ်ဆိုတာကို အသိပေးနေသယောင်။
စိတ်ရှိလက်ရှိ ရင်ခွင်ထဲကို ထည့်ထားကာဆွဲဖက်ထားလိုက်ပြီး သြဂတ်စ်ရင်ထဲက နာကျင်မှုတွေကို ဖြေဖျောက်လိုက်ချင်သော်လည်း ရှိုင်းကို နောက်ထပ် လက်မလွှတ်နိုင်တော့မှာစိုးသည်။
သြဂတ်စ် အခုအချိန်အထိ ဘာစကားမှမပြောဖြစ်သေး..။ ရက်စက်ရမည့် စကားတွေ ပြောရတော့မှာ၊ တကယ်လို့ပြောလိုက်ပြီဆိုရင် ရှိုင်းဝမ်းနည်းလို့မျက်ရည်ကျတာကို မြင်ရဦးမည်။ အဲ့ဒီအခါ သြဂတ်စ် ရဲ့ နာကျင်မှုတွေက နှစ်ဆတိုးလာပေဦးတော့မည်။
မျက်နှာကို တင်းထားလိုက်ကာ နာကျည်းမုန်းတီးဟန်အသွင်ကိုဆောင်ဖို့ကြိုးစားနေရသဖြင့် ရှိုင်းမျက်လုံးလေးတွေကို စိုက်မကြည့်ရဲ။ ဆုပ်ကိုင်ထားခြင်းခံရသော လက်ဖဝါးလေးတွေအောက်မှ ကိုယ့်ရဲ့လက်ကို ကိုယ် ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားလိုက်ရသည်။
ရှိုင်းက အသံတုန်တုန်လေးဖြင့် ထပ်မေးလေသည်။
"ကျွန်တော် တောင်းပန်ပါတယ်.. အရာအားလုံးက ကျွန်တော့်ကြောင့်ဖြစ်ရတာပါ.. ကျွန်တော်သေသင့်ပါတယ်.."
"မဟုတ်ဘူး.. မင်းမှာ အပြစ်မရှိပါဘူးရှီုင်းရယ် .. အပြစ်တွေအားလုံးက ငါ့ဆီမှာဘဲရှိတာပါ.. ငါ့အဖေကိုသွယ်ဝိုက်တဲ့နည်းနဲ့ သတ်လိုက်တာငါပါ.."
ဒီစကားတွေကို သြဂတ်စ် စိတ်ထဲကပြောနေမိသော်လည်း တကယ့်တကယ်တမ်းကြတော့ အပြင်က ပြောမထွက်။ အဲ့ဒီအစား ဆန့်ကျင်ဘက်စကားတို့ကိုသာ မပြောမဖြစ်ပြောလိုက်ရသည်။
"မင်းကြောင့်ဆိုတာကို မင်းသိရင် .. မင်းငါ့ဆီကို မျက်နှာပြောင်တိုက်ပြီး ပြန်မလာသင့်ဘူး.. "
သြဂတ်စ်ဆီက ထွက်လာသော တင်းမာလှသည့် ခပ်ပြတ်ပြတ်စကားတို့ကြောင့် ရိှုင်း ထိတ်လန့်သွားလေသည်။ ရှိုင်း စိတ်ထဲထင်နေမိလို သြဂတ်စ်တစ်ယောက် ရှိုင်းကို စိတ်နာသွားလေပြီ။ ဒါကဖြစ်သင့်သော အရာဘဲမို့ ကျေနပ်တဲ့အထိ တောင်းပန်ပြီး အပြစ်ကို ပေးဆပ်ဖို့ကိုသာ စဉ်းစားထားလိုက်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်.. "
ထိုစကားကိုသာ ရှိုင်း ထပ်ခါထပ်ခါပြောမိနေလေသည်။ ဆုပ်ကိုင်ထားမိသော သြဂတ်စ်ရဲ့လက်တွေကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။
ထိုအခါ သြဂတ်စ်က လက်ကိုအတင်းဆောင့်ရုန်းလိုက်ကာ ကြမ်းပြင်တွင် ဒူးထောက်ထိုင်နေသော ရှိုင်းကိုလည်း အနောက်ကို အနည်းငယ်ဆောင့်တွန်းလိုက်မိသည်။
ရုတ်တရတ်မမျှော်လင့်ထားဘဲ လုပ်လိုက်မိတာကြောင့် ရှိုင်းအံ့သြသွားကာ နောက်ကို အနည်းငယ်လန်ကျသွားပြီး စားပွဲစွန်းနှင့် ခပ်ဖွဖွ တိုက်မိသွားသလို သြဂတ်စ်သည်လည်း အမှတ်မထင်လုပ်လိုက်မိပြီးမှ စိတ်မကောင်းဖြစ်သွားလေသည်။
သို့သော်လည်း ရှိုင်း သြဂတ်စ်အနားမှာ အကြာကြီးရှိမနေသင့်တာကြောင့် ဒီနေရာက မြန်မြန်ထွက်သွားစေဖို့ ကြိုးစားရမည်။ သြဂတ်စ်ကို အမြဲ မျက်ခြေမပျက်စောင့်ကြည့်နေတတ်ပြီး အချိန်မရွေးလည်းရောက်ရောက်လာတတ်သော စုန်းကဝေတို့ ရှိုင်းကိုတွေ့သွားပါက ဘာတွေ ဆက်ဖြစ်မလဲ မတွေးရဲပေ။
အဓိကက ရှိုင်းကို သြဂတ်စ်က မုန်းသွားပြီလို့ထင်ပြီး သြဂတ်စ်အနားတွင် ရှိုင်းရှိမနေဖို့သာ.။
"အခုအချိန်မှာ ငါမင်းမျက်နှာကို ကြည့်ပြီး မင်းတောင်းပန်တာကို ငါလက်ခံနိုင်မယ်လို့များထင်နေလား.."
သြဂတ်စ်ရဲ့ စကားတွေကြောင့် ရှိုင်းရင်ထဲမှာ နာကျင်လာကာ မျက်ရည်များကျလာလေတော့သည်။
"ကျွန်တော် ကျွန်တော့်အပြစ်တွေကို ပါပါးကျေနပ်တဲ့အထိ ပြန်ပေးဆပ်ပါ့မယ်.. ကျွန်တော့်ကို ပါပါးကြိုက်သလို အပြစ်ပေးပါဗျာ..."
လက်အုပ်ချီပြီး သနားစဖွယ်တောင်းပန်နေသော ရှိုင်းကြောင့် သြဂတ်စ်ရင်ထဲ ကွဲကြေမတတ်နာကျင်ခံစားရသော်လည်း သြဂတ်စ် ဘာမှမတတ်နိုင်ပါ။ အနည်းဆုံးတော့ သြဂတ်စ်နှင့် ရှိုင်း ဆက်ပတ်သက်နေရင် စုန်းကဝေတွေ လက်ထဲချက်ချင်းရောက်သွားနိုင်တာကြောင့်။
နောက်ပြီးတော့ သြဂတ်စ်ရဲ့ မျိုးနွယ်စု။ သူတို့ကို နောက်ထပ်နစ်နာစေလို့မဖြစ်ပါ။ စောင့်ရှောက်ရမည့်တာဝန်ဟာ သြဂတ်စ်တွင်ရှိသည်။ ဒါဟာ သြဂတ်စ်အစား အသက်အသေခံသွားခဲ့သော ဖခင်ဖြစ်သူရဲ့ ဆန္ဒတစ်ခု။ အခုအချိန်တွင် အဖြစ်သင့်ဆုံးက သြဂတ်စ်ရဲ့ အဝေး၊ မီးလျှံရဲ့ အနီးမှာ ရှိနေဖို့သာ။ သြဂတ်စ်က ဆက်ပြောသည်။
"မင်းကို ဘာမှငါ အပြစ်မပေးချင်တော့ဘူး.. ငါ့ဆီကိုသာ နောက်ထပ်ပေါ်မလာပါနဲ့တော့.. ငါမင်းကိုမုန်းတယ် ရှိုင်း"
သြဂတ်စ်စကားကြောင့် ရှိုင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ပင်ကျလာလေတောတ့သည်။
"ပါပါး..အဲ့ဒီလိုမပြောပါနဲ့.. ကျွန်တော် တောင်းပန်ပါတယ်. ကျွန်တော့်ကို မမုန်းပါနဲ့. "
သြဂတ်စ် စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်တာကိုတွေ့ရလေသည်။
"ဒီမှာရှိုင်း.. မင်းနဲ့ ပတ်သက်လိုက်လို့ ငါ့အဖေ အသက်ဆုံးရှုံးရပြီးပြီ.. နောက်တစ်ခေါက် မင်းနဲ့ ပတ်သက်ရင် ငါနဲ့ ငါတို့မျိုးနွယ်စုတွေ တစ်ခုခုဖြစ်ဖို့ဘဲ ကျန်တော့တယ် .. ငါအဲ့ဒီလို လုံးဝအဖြစ်မခံနိုင်ဘူး.. ဒါကြောင့် မင်းနဲ့ နောက်ထပ် မပတ်သက်ချင်တော့ဘူး.. မပတ်သက်ပါရစေနဲ့တော့.."
ရှိုင်းလူတစ်ကိုယ်လုံးပျော့ခွေကျသွားပြီး သြဂတ်စ်ကိုသာ ကြည့်နေလေတော့သည်။ သြဂတ်စ်က ဆက်ပြောလိုက်သည်။
"မင်း မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ မီးလျှံဆီမှာသာ နေလိုက်ပါ.. ငါနဲ့ မပတ်သက်ပါနဲ့တော့.."
သြဂတ်စ်စကားကြောင့် ရှိုင်း အံ့သြသွားလေသည်။ မီးလျှံက ရှိုင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ်ဆိုသော စကား။
"ပါပါး.. ပါပါးဘာတွေပြောနေတာလဲ..."
သြဂတ်စ်က ရှိုင်းကို စူးစူးရဲရဲကြည့်လိုက်ပြန်ကာ ပြောလေသည်။
"မင်းကြားတဲ့အတိုင်းဘဲ ရှိုင်း .. မီးလျှံက ကြယ်ရဲ့နှလုံးသားကို ပိုင်ဆိုင်ရမယ့်လူလို့ ကံကြမ္မာက သတ်မှတ်ထားတဲ့လူဘဲ.. ဒါကြောင့် မင်းသူ့ကို တစ်ချိန်လုံးစွဲလမ်းနေခဲ့တာ.. မတွေ့တွေ့အောင် ပြန်လိုက်ရှာနေတာကြောင့်လည်း စုန်းကဝေတွေ မင်းကို ရှာတွေ့သွားပြီး ကြားထဲက ငါ့အဖေ အချောင်သေခဲ့ရတာ... ငါ့ဘဝမှာ လုပ်ခဲ့တဲ့ အကြီးမားဆုံးသော အမှားကိုပြောပါဆိုရင်.. မင်းကို စောင့်ရှောက်ထားခဲ့မိတဲ့ အမှားဘဲ.."
သြဂတ်စ်ရဲ့ စကားတွေက ရှိုင်းကို ပြေးစရာမြေမရှိအောင် ချောင်ပိတ်ရိုက်နေသလိုပင်။ ပြန်တုံပြန်စကားပြောစရာမရှိ။ အခွင့်အရေးမရှိ။
"ဟုတ်ပါတယ်.. ပါပါး..ပြောတာမှန်ပါတယ်.. ကျွန်တော့် အပြစ်တွေပါဘဲ.."
"ဒါကြောင့် မင်းအရမ်းကို စွဲလန်းနေခဲ့ရတဲ့ မီးလျှံအနားမှာဘဲဖြစ်ဖြစ်.. ဘယ်မှာဘဲဖြစ်ဖြစ် မင်းကြိုက်သလိုနေပါ.. ငါ့အနားကိုသာ နောက်ထပ်ရောက်မလာပါနဲ့တော့.. မင်းငါ့ဆီလာတာ ..ဒါနောက်ဆုံးတစ်ခေါက်ဖြစ်ပါစေ.. နောက်တစ်ခါဆိုရင် ငါမင်းကို စုန်းကဝေတွေ လက်ထဲထည့်ပစ်လိုက်ရလိမ့်မယ်ရှိုင်း.."
ရှိုင်း ဒူးထောက်ထိုင်နေရင်းမှပင် မျက်နှာပေါ်က မျက်ရည်စတွေကို မျက်နှာလေးတစ်ပြင်လုံး နီရဲတွတ်သွားသည်အထိ ကြမ်းတမ်းစွာ ပွတ်ဆွဲသုတ်ပစ်လိုက်သည်။ ပြီးတော့မှ သြဂတ်စ်ကို တောင်းပန်ကြည့်ဖြင့် မော့ကြည့်လိုက်ကာ ပြောလိုက်လေသည်။
"စိတ်ချပါ.. ပါပါးဖြစ်စေချင်သလို ကျွန်တော်ပါပါးနဲ့ အဝေးမှာဘဲနေပါ့မယ်.. နောက်ထပ်လည်း မျက်စိရှေ့ကို ပြန်မရောက်လာစေရပါဘူး.. ကတိပေးပါတယ်.."
သြဂတ်စ် ဒီလိုဖြစ်စေဖို့ရည်ရွယ်ကာ တမင်ပြောလိုက်တာဖြစ်သော်လည်း ရှိုင်းရဲ့ အရုပ်ကြိုးပြတ်ပုံကို မြင်နေရတော့ စိတ်က မထိန်းနိုင်။ ချက်ချင်းဆွဲခေါ်သွားလိုက်ကာ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ ဖွက်ထားလိုက်ချင်မိသည်။
သို့သော် သြဂတ်စ်တွင် ထိုသို့သော အခွင့်အရေးမရှိတော့...။
နှလုံးသားတစ်ခုလုံးဆွဲဆုပ်ခံလိုက်ရသလို နာကျင်ရသော်လည်း ဒါဟာ ကိုယ်နဲ့ မသက်ဆိုင်သောသူ၊ ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့လူကို ချစ်မိတဲ့ အပြစ်တစ်ခုဟုသာ သတ်မှတ်လိုက်သည်။
ဒါကြောင့် ဘာမှဆက်မပြောတော့ဘဲ မျက်နှာကိုသာ တစ်ဖက်ကို လှည့်ထားလိုက်မိသည်။
ရှိုင်းက သြဂတ်စ်ကို သေချာစိုက်ကြည့်လိုက်ကာ ပြောလေသည်။
"ကျွန်တော်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ပါပါး.. ကျွန်တော် ဒီကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး.. ပြီးတော့ ပါပါးလိုအပ်တဲ့အချိန်တိုင်း ကျွန်တော် အမြဲရှိနေမှာပါ.. "
သြဂတ်စ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှိုင်းမျက်လုံးလေးတွေကို မကြည့်မိအောင် တောင့်ခံနေမိသည်။ အစကတည်းက ဒီလိုဖြစ်စေဖို့ ရည်ရွယ်ထားတာမို့ ရီှုင်းအတွက်စဉ်းစားကာ ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရမည်လေ..။
"ကျွန်တော်သွားတော့မယ် ပါပါး.. ကျန်းမာရေးဂရုစိုက်ပါ.."
ရှိုင်းတစ်ယောက် သြဂတ်စ်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် အိမ်ကြီးထဲက နောက်ဆုံးခြံထဲက တရွေ့ရွေ့ထွက်ခွာသွားချိန်အထိ သြဂတ်စ် နှုတ်ခမ်းတွေကိုသွေးထွက်သည်အထိ ဖိကိုက်ထားကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ရှိုင်းကို မကြည့်မိအောင် ကြိုးစားနေရသည်။
ရှိုငိး ခြံပြင်ကိုရောက်သွားတာသေချာမှ သြဂတ်စ် ထိန်းချုပ်ထားရသမျှတွေကို ပေါက်ကွဲပစ်လိုက်တော့သည်။
စားပွဲပေါ်က အရက်ပုလင်းတွေ အကုန်လုံးကို တိုက်ချပစ် စားပွဲတွေ ဆိုဖာတွေ အကုန်လုံးနှင့် မြင်မြင်သမျှအကုန်လုံးကိုလည်း စိတ်ရှိလက်ရှိအော်ဟစ်ကာ ဖျက်ဆီးပစ်နေမိသည်။
တစ်သက်စာအတွက် ကိုယ့်ရဲ့ ကြယ်ကလေးကို ဟိုးကောင်းကင်ပေါ်အဝေးကြီးကို ပို့လိုက်ရပြီ။ မြင်သာမြင်နေရသော်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီလေ။
ဒါဟာ ကြယ်ကလေး မိုးပေါ်မှာ အန္တရာယ်ကင်းစွာ အရောင်လင်းလက်နိုင်စေဖို့အတွက်ပင်ဖြစ်တာကြောင့် သြဂတ်စ်ရဲ့နှလုံးသားတစ်ခုလုံး စုတ်ပြတ်သပ်သွားသည်ဆိုစေဦးတော့ ထိုက်တန်သည်လေ..။
မျက်ဝန်းချင်းတစ်ခါမှ မဆုံဖူးပေမဲ့
တွေ့လိုက်မိတိုင်း ရင်ခုန်ရသူပါ..
အပြုံးတွေက ဖြူစင်မှန်းသိရက်နဲ့
မြင်လိုက်ရတိုင်း ၾကည္နူးမိသူပါ..
သတိရတယ္ဆိုတာကို
အလွမ်းလို့ အဓိပါယ်ဖွင့်ချင်မိသူပါ..
မာယာကင်းတဲ့ စကားလုံးတွေမှန်းသိရက်နဲ့
တိတ္တခိုး စွဲလန်းနေမိသူပါ..
မျှော်လင့်ချက်မရှိမှန်း သိရက္နဲ႕
အိပ်မက်မက်နေမိသူပါ..
ပိုင်ဆိုင်ခွင့်မရှိမှန်း သိရက္နဲ႕
လိုခ်င္တပ္မက္မိသူပါ..
အခ်စ္နဲ႕စစ္မွာ မတရားတာမရွိဘူးတဲ့..
ဒါပေမဲ့
ငါ့အချစ်တစ်ခုတည်းအတွက်နဲ့တော့
မင်းပျော်ရွှင်မှုတွေကို မစေတးပစ္ခ်င္ဘူး...
ငါ့ရင္ထဲက အချစ်မီးတွေကို
ငါ ကိုယ္တိုင္ဘဲ ငြိမ်းသတ်လိုက်ပါရစေတော့..
ဒီဘ၀မွာ
မဆုံဆည်းနိုင်တော့တာမို့...
နောင်ဘဝဆိုတာရှိခဲ့ရင်
လက်ဦးတွေ့ခွင့်ကိုသာ ေပးသနားပါ...
နွလံုးသားကို ငုံ့ကြည့်တော့
ေသရာပါ အကြည့်တစ်ချက်.
ဒါဘဲ ငါ့မှာကျန်တယ်..
August (သြဂတ်စ်)
(Author's Noe - ဒီကဗျာလေးကို အလင်းစက်ဆိုတဲ့ Facebook Page ကေန ကူးယူထားပါတယ်ရှင်။ Facebook မွာ Shine Roleplayer က Share ထားကို ညမွှေးသဘောကျလို့ သိမ်းထားခဲ့ပြီး ဒီ Chapter အတွက် ယူသုံးဖြစ်ပါတယ်ရှင်။ အလင်းစက် Page ကိုရော Shine Roleplayer လေးကိုရော Credit ပေးပါတယ်လို့)
****************************************************************************************
မီးလျှံတစ်ယောက် ကားကို အိမ်ကြီးရဲ့ မလှမ်းမကမ်းတွင်ရပ်ထားရင်း အိမ်ကြီးထဲက အရိပ်အခြေကို ကြည့်နေမိလေသည်။
ချာတိတ်လေး အိမ်ကြီးထဲကို ဝင်သွားပြီး ဘာတွေဖြစ်နေလဲသိချင်နေတာကြောင့် နောက်ကလိုက်သွားဖို့ စိတ်ကူးကြည့်သော်လည်း မဆိုင်သော ကိစ္စကိုဝင်မပါချင်တာက တစ်ကြောင်း Werewolf တွေနဲ့လည်း မပတ်သက်ချင်တာက တစ်ကြောင်းဖြစ်တာကြောင့် အပြင်ကနေသာ စောင့်နေဖို့ ဆုံးဖြတ်လိုက်မိသည်။
အချိန်နည်းနည်းကြာတော့ အိမ်ပေါက်ဝကနေ မိုးပြိုတော့မလိုမျက်နှာနှင့် တရွေ့ရွေ့ထွက်လာသော ရှိုင်းကို တွေ့လိုက်ရလေသောအခါ မီးလျှံ စိတ်ပူသွားလေတော့သည်။
Godfather နှင့်တွေ့ပြီး အဆင်ပြေသွားပြီလို့ မီးလျှံ ထင်ထားခဲ့သော်လည်း ဒီလိုပုံစံနှင့် ပြန်ထွက်လာသော ရှိုင်းကြောင့် အိမ်ထဲတွင် ပြသနာတစ်ခုခုဖြစ်ခဲ့သည်ဆိုတာကို ချက်ချင်းခန့်မှန်းမိလိုက်ပြီဖြစ်သည်။
ရှိုင်းကတော့ အသိစိတ်မဲ့နေသူတစ်ဦးလို ခြံထဲကနေ ခြံဝကို လမ်းလျှောက်လာလေရာ မီးလျှံမနေနိုင်တော့ဘဲ ခြံဝကနေ တစ်ရွေ့ရွေ့ထွက်လာနေပြီဖြစ်သော ရှိုင်းနားကို သွားလိုက်ရလေသည်။ အနားကိုရောက်တာနှင့် ရှိုင်းတစ်ယောက် ခွေကျမလိုဖြစ်သွားတာကြောင့် မီးလျှံမှာ ဘေးကနေပုခုံးကို ဖက်ပြီး ဖေးမကာ ခန္ဓာကိုယ်ကို ထိန်းပေးထားလိုက်ရလေသည်။
ရှိုင်းရဲ့ ပုံစံဟာ တစ်ကယ့်ကို အားတစ်စက်မှမရှိတော့တဲ့ပုံစံ။ တစ်စုံတစ်ခု အကြီးအကျယ်စိတ်ထိခိုက်ခဲ့တယ်ဆိုတာ သိသာလှသည်။
"ဘာဖြစ်နေတာလဲ.. မင်းအဆင်ပြေရဲ့လား.."
မီးလျှံ ထိုသို့မေးလိုက်ရင်း ရှိုင်းရဲ့မျက်နှာကိုသေချာကြည့်လိုက်မိတော့ မျက်လုံးလေးတွေ အကုန်နီရဲနေလျက် ပန်းဆီရောင်ပါးပြင်လေးနှစ်ဖက်လုံး မျက်ရည်တွေနှင့် စိုစွတ်လျက်ရှိပြီး နှုတ်ခမ်းလေးကတော့ ဖြူဆုတ်နေလေပြီ။ မီးလျှံအသံကို ကြားလိုက်တာနဲ့ သနားစဖွယ်မော့ကြည့်လာသည်။ ထို့နောက် ညှို့မှိုင်းနေသော မျက်လုံးလေးတွေဖြင့် အားယူကာပြောလေသည်။
"ကျွန်.. ကျွန်တော့ကို.. ပါပါး..ပါပါးက"
ရင်ဘတ်ထဲက တလှပ်လှပ်ခံစားမှုတွေက ခန္ဓာကိုယ်က အားအင်တွေ တစ်ခုလုံးကို ဆွဲယူသွားသလိုဖြစ်နေတာကြောင့် ရှိုင်း မနည်းအားယူကာ ပြောနေသော်ငြားလည်း အသိစိတ်တွေကို စုစည်းလို့မရတော့။ မော့ကြည့်နေမိသော မီးလျှံရဲ့မျက်နှာက တဖြေးဖြေးနှင့် ဝေဝါးကာနောက်ဆုံးဘာမှမမြင်ရတော့။
"ဟေ့..ဟေ့.. သတိထားဦးလေ.. ချာတိတ်.."
ရှိုင်းတစ်ယောက် စကားကိုအားယူပြောနေရင်းပင် အသံတဖြေးဖြေးပင် အသံကို တိုးတိုးသွားကာ နောက်ဆုံးတော့ ခန္ဓာကိုယ်လေးက မီးလျှံလက်ပေါ်ကို ပျော့ခွေ့ကျသွားလေတော့သည်။
မေ့လဲသွားရှာပြီဖြစ်သော ရှိုင်းရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ပြီး ကားပေါ်ကို အမြန်တက်ကာ မောင်းထွက်ခဲ့ရလေတော့သည်။
ထိုမြင်ကွင်းကို အစအဆုံးမြင်လိုက်ရသူက အိမ်ကြီးရဲ့ အပေါ်ထပ် တစ်နေရာကနေ ရှိုင်းကိုကြည့်နေသော သြဂတ်စ်...။
ရှိုင်းရဲ့ မီးလျှံကို ကြည့်တဲ့အကြည့်တွေမှာ ငြိတွယ်ခြင်း၊ အားကိုးခြင်းနှင့် အချစ်တွေ အပြည့်ဖြစ်နေတာကို ရင်နာနာနှင့် တွေ့လိုက်ရသည်။ ပြီးတော့ လဲကျသွားသော ရှိုင်းကို ကြည့်နေတဲ့ မီးလျှံရဲ့ စိုးရိမ်တကြီး အကြည့်များ။
ရှိုင်း ဒီလိုအကြည့်မျိုးနှင့် သြဂတ်စ်ကို တစ်ခါမှမကြည့်ဖူးခဲ့။
မီးလျှံသည် ကြယ်ကလေးရဲ့ နှလုံးသားကို ပိုင်ဆိုင်လိုက်ရလေပြီ...။
သြဂတ်စ် ဒီကံကြမ္မာကနေ ကျရှုံးခြင်းများစွာနှင့် အပြီးတိုင်ထွက်ခွာခဲ့ရပြီဖြစ်လေတော့သည်။ ကျေနပ်ပါသည်။ ကြယ်ကလေး အေးချမ်းစွာ တောက်ပနေလျှင် သြဂတ်စ် ကျေနပ်နေပါသေးသည်။
ရှိုင်း တစ်ခုခုဖြစ်သွားခဲ့ရင်တော့ ဒီတစ်ခေါက် သြဂတ်စ် ဘာအတွက်မှ ဘယ်သူ့အတွက်မှ စဉ်းစားတော့မှာ မဟုတ်..။ ရှိုင်းကို ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် မရရအောင် ပြန်လုယူမှာဖြစ်သည်။
အခုအချိန်တွင်တော့ ရှိုင်းကို အဝေးကနေသာ စောင့်ရှောက်ခွင့်ရှိတော့သည်။
ရှိုင်းကို ပွေ့ချီကာ ထွက်သွားသော မီးလျှံကို ကြည့်ရင်း သြဂတ်စ် အနားတွင်ရပ်နေသော တပည့်တစ်ယောက်ကို အမိန့်ပေးလိုက်မိသည်။
"သူတို့နှစ်ယောက် ဒီည တောထဲကို ပြန်လား မပြန်လား စောင့်ကြည့်ထား. တကယ်လို့ မပြန်ဖြစ်ရင် သူတို့ကို စုန်းကဝေတွေ မတွေ့နိုင်အောင် တစ်ခုခုလုပ်ရမယ်.. မနက်ဖြန် မားကပ်စ် Nebbia ကိုလာမယ်လို့ပောထားတယ်.. "
*************************************************************************************************************
"ကျွန်.. ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော့်ကို ခွင့်လွှတ်ပါ.."
အိပ်ပျော်နေရာကနေ သတိမရသေးဘဲ ကယောင်ကတမ်းဖြင့် အော်နေသော ရှိုင်းကြောင့် မီးလျှံတစ်ယောက် အခန်းထဲရှိကုလားထိုင်တွင် ထိုင်နေရာမှ ရှိုင်းအိပ်ပျော်နေသော ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်လိုက်ရလေသည်။ ထို့နောက် ရှိုင်းရဲ့ ကယောင်ကတန်းဖြင့် မြောက်လာသော လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ထားပေးလိုက်ရသည်။
"ချာတိတ်... နိုးလာပြီလား."
ခပ်ပြတ်ပြတ်မေးလာသော အသံတစ်ခုနှင့် အတူ နှဖူးပေါ်ကို ကျလာသော နူးညံ့သည့် အထိအတွေ့ကြောင့် ရှိုင်းမျက်လုံးများပွင့်လာလေသည်။ ကြည့်လိုက်မိတေ့ာ မျက်ခုံးကြောတွေ တွန့်ပြီး ရှိုင်းကို ကြည့်နေသော မီးလျှံကိုတွေ့လိုက်ရလေသည်။
ရှိုင်း ထထိုင်လိုက်ကာ မီးလျှံကို ကြည့်လိုက်မိတော့ မီးလျှံမျက်ခုံးကြောတွေက တွန့်ထားဆဲဖြစ်ပြီး နှုတ်ခမ်းတွေကလည်း တည်နေလျက်။
"ကျွန်တော် မေ့လဲသွားတာနဲ့တူတယ်.."
"အေး..ဟုတ်တယ်.. မေ့လဲသွားတာ.. ယောက်ျားလေးဖြစ်ပြီး ဒီလောက်ပျော့ရလား... ဘယ်လောက်ဘဲ စိတ်ထိခိုက်စရာတွေ ကြုံရပါစေဦး မေ့လဲတဲ့အထိဖြစ်စရာလိုလို့လား.. နောက်ပိုဆိုးတဲ့ ကိစ္စတွေကြံုလာရရင် ဘယ်လိုရင်ဆိုင်မလဲ.."
မီးလျှံတစ်ယောက် ဂရုဏာဒေါသဖြင့် ရှိုင်းကိုသာ ဖိဟောက်နေလိုက်မိသည်။ စောစောက သြဂတ်စ်အိမ်ရှေ့တွင်လဲကျသွားခဲ့တုန်းက မီးလျှံရှိုင်းကို အရမ်းကို စိတ်ပူသွားခဲ့တာဖြစ်သည်။ ဘာလုပ်လို့လုပ်ရမှန်းမသိသဖြင့် တောထဲက အိမ်ကိုပင်မပြန်နိုင် လယ်ရီ့ဆီကိုသာ ခေါ်သွားခဲ့ရသည်။ လယ်ရီက ယုံကြည်စိတ်ချရသော ဆရာဝန်တစ်ယောက်ခေါ်ပေးပြီး စမ်းသပ်ခိုင်းတော့ အလွန်အမင်းစိတ်ထိခိုက်စရာကြုံခဲ့ရတာကြောင့်ရော ခန္ဓာကိုယ်က နဂိုထက်ကို အားနည်းနေသဖြင့် ထိုစိတ်ထိခိုက်မှုကို မခံနိုင်ဘဲ မေ့လဲသွားသည်ဟုပြောလေသည်။
ခန္ဓာကိုယ်အားနည်းနေခြင်းရဲ့ အဓိက အကြောင်းရင်းက မီးလျှံ ရီှုင်းဆီက နေ့စဉ်သွေးသောက်နေတာကြောင့်ဆိုတာကို သိလိုက်သည်။ အဲ့ဒိအတွက် မီးလျှံ ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားနေရတာဖြစ်သည်။
"တောင်းပန်ပါတယ်.."
ရှိုင်းရဲ့ အသံတိုးတိုးလေးထွက်လာသည်။ နှာသီဖျားလေးတွေ နီရဲလာကာ တစ်ချက် အင့်ခနဲရှိုက်သံကြားရလေသည်။
"ေတာက္.. "
မီးလျှံတစ်ယောက် ဘာကိုဒေါသထွက်လို့ ထွက်မှန်းမသိ ဖြစ်ကာ တောက်ခေါက်လိုက်မိသည်။
ရှိုင်း သြဂတ်စ်နှင့် တွေ့စဉ်က အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာကာ မျက်ရည်တွေ မကျအောင် ကြိုးစားနေသည့်ကြားက တာကျိုးသလို စီးကျလာမိသည်။
ကျစ်... ။ ဒီမျက်ရည်တွေကို မီးလျှံအရမ်းမုန်းသည်။ ဒီကောင်လေး မျက်ရည်ကျရင် သူ့အတွက် လိုအပ်သမျှဖြည့်ဆည်းပေးလိုက်ချင်စိတ်တွေဖြစ်ပေါ်လာစေသည်။
အလိုအလျောက်ပင် လက်က ထိုကောင်လေးရဲ့ပါးပြင်နှစ်ဖက်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပင် သုတ်ပေးလိုက်မိသည်။
"ယောက်ျားလေးဖြစ်ပြီး မငိုစမ်းနဲ့.. ငါငိုတာကို အရမ်းမုန်းတယ်.. "
ရှိုင်းရဲ့ရှိုက်သံလေး ချက်ချင်းကို ပျောက်သွားလေသည်။ သို့သော် မျက်ရည်တွေကတော့ ကျဆင်းနေဆဲ..။
"ကျွန်.. ကျွန်တော့်ကို ပါပါးက မုန်းတယ်တဲ့.. နောက်ထပ်သူ့ရှေ့ကို ရောက်မလာပါနဲ့တော့တဲ့ ပြောတယ်.. "
ရှိုင်းကတော့ မီးလျှံ မငိုရဘူးလို့ပြောနေသဖြင့် ရှိုက်သံမထွက်အောင် ကြိုးစားထိန်းချုပ်နေရင်း မီးလျှံကို ကြည့်ကာ တိုင်တည်သလိုမျိုးလေး ပြောနေတော့တာ။
ရှိုင်းက ပါးပြင်လေးနှစ်ဖက်နီရဲတွတ်သွားသည်အထိ မျက်ရည်တွေကို သူ့ဘာသာသူ ကြမ်းတမ်းစွာ ပွတ်ဆွဲသုတ်ပြီး ထပ်ပြောသည်။
"ကျွန်တော့်မေမေ ဆုံးသွားပြီးကတည်းက ပါပါးက ကျွန်တော့်ကိုစောင့်ရှောက်ခဲ့တာ.. ပါပါးကျေးဇူးတွေ ကျွန်တော့်မှာ အများကြီးဘဲ..ဒါကို..ဒါကို ကျွန်တော်က ပြန်မဆပ်နိုင်ဘဲ သူ့အဖေကို သေအောင်တောင်လုပ်ခဲ့မိတယ်.. အခုတော့ကျွန်တော့်ကို ပါပါးက မုန်းသွားပြီ.."
ရှိုင်းရဲ့ ပုံစံကို ကြည့်ရင်း မီးလျှံ သနားလာသည်။ အရမ်းကို စိတ်ထိခိုက်နေရှာတယ်ဆိုတာကို ခံစားလို့ရနေသလို မီးလျှံကိုယ်တိုင်လည်း သူနှင့် ထပ်တူထပ်မျှကိုယ်တိုင်လည်း ခံစားပေးနေမိတာကို သိလိုက်ရသည်။ အသံမာမာနှင့် ထပ်ဆူဖို့ စဉ်းစားထားတဲ့ စကားတွေ လည်ချောင်းဝတွင်ပင်ရပ်တန့်သွားရလေပြီ။
"ကျွန်တော် အခု လုံးဝကို တစ်ယောက်တည်းဖြစ်သွားပြီ. .. ကျွန်တော့အနားမှနေပေးတဲ့လူတွေ အကုန်မရှိတော့ဘူး... ကျွန်တော်သေပစ်လိုက်ချင်တာကို သေခွင့်လည်း မပေးကြဘူး.. "
ငိုသံမပါ ပုံမှန်အသံတိုးတိုးလေးနှင့် ပြောနေတာပေမယ့် မျက်ရည်တွေကတော့ မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မကျအောင် ထိန်းထားသည့် ကြားမှ ကျနေဆဲ။ ခဏခဏ သုတ်နေတာတောင် ကျနေဆဲပင်ဖြစ်သည်..။
မီးလျှံ နောက်တစ်ခေါက် မျက်ရည်တွေကိုဖယ်ပေးလိုက်မိပြန်သည်။
မီးလျှံက ရှိုင်းရဲ့ပါးကို သုတ်ပေးတာက မငြင်သာပေမယ့် သူ့ရဲ့အကြည့်တွေ၊ အပြောတွေ အခုမျက်ရည်သုတ်ပေးတဲ့ အပြုအမူတွေက စေတနာတွေ အပြည့်ဆိုတာကို ခံစားလို့ရနေသည်။
"မင်း တမင်ရည်ရွယ်တာမှ မဟုတ်တာ... အားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်လာရတာ.. အပြစ်အားလုံးကို ကိုယ့်ကြောင့်ဆိုပြီး တစ်ထစ်ချစွပ်စွဲလို့မှမရတာ.. ပြီးတော့ မင်းတစ်ယောက်တည်းဖြစ်သွားတာ မဟုတ်ပါဘူး.. ငါရှိသေးတယ်လေ.."
မီးလျှံစကားကြောင့် ရှိုင်း မျက်လုံးလေးပြူးကာ မော့ကြည့်လာပြန်သည်။ မီးလျှံတစ်ချက်ပြုံးလိုက်သည်။ မျက်ရည်တွေ အပြည့်ဖြစ်နေသော မျက်လုံးပြာလေးတွေကို စိုက်ကြည့်လိုက်ကာ လေးနက်စွာပြောလိုက်သည်။
"ငါမင်းကို ပြောထားတယ်လေ.. မင်းငါ့ဆီမှာ သွေးထုတ်စက်အဖြစ်နေသမျှ ကာလတစ်ယောက်လုံး.. မင်းဘာမှမဖြစ်စေရဘူးဆိုတာ..."
ရှိုင်း မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့်မော့ကြည့်နေဆဲ.။
"ဒါကြောင့် လောကကြီးမှာ မင်းတစ်ယောက်တည်းကျန်ခဲ့တာ မဟုတ်ဘူးဆိုတာ ခေါင်းထဲထည့်ထား..နားလည်လား..."
မီးလျှံထိုသို့ပြောလိုက်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်နေသော ရှိုင်းရဲ့ ပုခုံးစွန်းလေးတစ်ဖက်ကို အားပေးလိုသော သဘောဖြင့် ခပ်ဖွဖွ ဆုပ်ကိုင်လိုက်မိလေသည်။
ရှိုင်းကတော့ မီးလျှံကိုသာ ကြည့်နေမိသည်။
ရှိုင်းအနားတွင် ဘယ်သူမှမရှိတော့သော အချိန်၊ အန္တရာယ်တွေအများကြီးကြားမှာ တစ်ယောက်တည်း ခိုကိုးရာမဲ့နေသော အချိန်မှာ ဒီလူကြီးက ရှိုင်းကို ဘာမှမဖြစ်စေရဘူးလို့ ကတိပေးသည်။ ရှိုင်းကို ကာကွယ်ပေးသည်။ အားပေးစကားတွေ ပြောသည်။ မျက်ရည်တွေ သုတ်ပေးသည်။ ပြီးတော့ ပျော်ရွှင်မှုတွေလည်းပေးသည်လေ..။ ဒီ Flame ဆိုသော လူကြီးကို ရှိုင်းချစ်မိတာ မမှားဘူးဟု တွေးလိုက်မိသည်။
ဒါပေမယ့် အခုအချိန်မှာ ရှိုင်း မီးလျှံဆီက စကားတွေထက်ပိုသော အားပေးမှု နွေးထွေးမှုကို တောင့်တလာမိသည်။
ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ ရှိုင်းကိုကြည့်နေသော မီးလျှံရင်ခွင်ထဲကို ခေါင်းတိုးဝင်လိုက်ကာ သူ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။ ရုတ်တရတ် ရှိုင်းရဲ့ အပြုအမူကြောင့် မီးလျှံ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်သွားတာကို သိလိုက်သည်။
Vampire ကြီးမို့ တစ်ကိုယ်လုံးအေးစက်နေသော်လည်း သူ့ရင်ခွင်က နွေးထွေးသည်ဟုပင် ခံစားနေရသည်။ သူ့ရဲ့နှလုံးခုန်သံတစ်ဒိတ်ဒိတ်က ရှိုင်းကို စိတ်ဓာတ်မကျအောင် အားပေးနေသလိုပင်ထင်လိုက်မိသည်။
ရှိုင်းလောဘကြီးမိတယ်ဆိုတာကို သိပါသည်။ မီးလျှံအနေနှင့် ရှိုင်းကို ထူးဆန်းတယ်လို့ ထင်နေချင် ထင်နေပါလိမ့်မည်။ အငေါက်ခံရနိုင်တယ်ဆိုတာကိုလည်း သိပါသည်။ သို့သော် ရှိုင်း နည်းနည်းလောက်တော့ လောဘကြီးချင်မိသည်။ အခုအချိန်မှာ ရှိုင်းအတွက် တစ်ဦးတည်းသော အားကိုးရာအဖြစ်ရှိနေပေးတဲ့ မီးလျှံကိုဖက်ထားချင်မိတယ်လေ။
"ကျေးဇူးတင်ပါတယ် Flame"
ရှိုင်း ထိုသို့ပြောလိုက်တော့ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်နေတဲ့ မီးလျှံရဲ့ ခန္ဓာကိုယ်က ပြေလျော့လာကာ ရှိုင်းရဲ့ ပုခုံးစွန်းလေးတွေကို ထိကိုင်လာသည်။
ဒီလောက်နဲ့တင် ရှိုင်း ခံစားနေရတာတွေကို ကုစားပေးနိုင်ပါသည်။
"မင်းကိုငါနားလည်ပါတယ်.."
စောစောကလို ခပ်မာမာဒေါသသံမဟုတ်တေ့ာဘဲ တည်ငြိမ်သော မီးလျှံရဲ့ အသံထွက်လာသည်။
"ငါမင်းကို ကိုယ်ချင်းစာလို့ရတယ်.. ဘာဖြစ်လို့လဲဆိုတော့ မင်းလိုမျိုးဘဲ ငါလည်း ငါ့အနားမှာရှိတဲ့လူတွေအားလုံးကို ဆုံးရှုံးလိုက်ရဖူးလို့ဘဲ....."
ပထမဆုံးဖွင့်ဟလာတဲ့ မီးလျှံရဲ့ အကြောင်းတွေဖြစ်တာကြောင့် ရှိုင်းစိတ်ဝင်တစားဖြင့် သူ့ရင်ခွင်ထဲကနေထွက်လိုက်မိကာ မျက်နှာကို ကြည့်လိုက်မိသည်။ မီးလျှံမျက်နှာက နာကျည်းရိပ်တွေ ဝမ်းနည်းရိပ်တွေ ပြည့်နှက်လျက်.။
"ငါရဲ့ဘဝက အရင်တုန်းက အရမ်းကိုပျော်ဖို့ကောင်းခဲ့တယ်..ငါမိသားစု အဖေအမေနဲ့ ညီမလေးတို့ ငါ့မျက်စိရှေ့မှာတင် စုန်းကဝေတွေရဲ့ ရက်ရက်စက်စက်အသက်မခံရသေးခင်အချိန်အထိပေါ့.."
မီးလျှံ စကားကို ခဏရပ်လိုက်သည်။ မျက်လုံးထဲတွင် မိမိဘဝကံဆိုးမိုးမှောင်ကျခဲ့ရတဲ့အချိန်တုန်းက ပုံရိပ်တွေကို ပြန်လည်မြင်ယောင်လာမိလေသည်။
"မင်းစဉ်းစားကြည့်..ငါ့ကြောင့် ငါ့မိသားစု အသတ်ခံရတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတဲ့စိတ်က ဘယ်လောက်တောင်ခံရခက်လဲဆိုတာ.. ပြီးတော့ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ရပြီး ပြန်နိုးထလာခဲ့တဲ့ အချိန်၊ ငါမရင်းနှီးတဲ့ ခေတ်အခြေအနေမှာ ငါတစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်က ဘယ်လောက်ထိဆိုးရွားတယ်ဆိုတာ..."
မီးလျှံပြောရင်းပြောရင်းပင် မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကို ကျဆင်းလာတာကို သိလိုက်ရသည်။ သို့သော် မဖယ်ရှားမိ။
"ငါမိသားစုကို ရက်ရက်စက်စက်သတ်ခဲ့ပြီး ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့ စုန်းကဝေတွေကို မျိုးဖြုတ်ပစ်လိုက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်သာ မရှိဘူးဆိုရင်..ငါဒီလောက ကြီးမှာ အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး.."
မီးလျှံစကား အဆုံး ရီှုင်းက မီးလျှံရဲ့ ပါးပြင်ပေါ်က မျက်ရည်စက်ကို သူ့လက်ကလေးဖြင့် သုတ်ပေးလာသည်။ ပြီးတော့ ရင်ခွင်ထဲကို တိုးဝင်လာတာ မဟုတ်တော့ဘဲ မီးလျှံရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ကာ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလာသည်။
မီးလျှံ မရုန်းထွက်မိ။ ဒီချာတိတ်လေး သူ့ကို တစ်လှည့်ပြန်အားပေးနေတယ်ဆိုတာ သိလိုက်မိတာကြောင့်ဖြစ်လေသည်။ ပုခုံးပေါ်မှာမေးစေ့တင်ထားသော ငွေရောင်ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း ဆက်ပြောမိသည်။
"ဒါကြောင့် မင်းလည်း တစ်ယောက်တည်းဖြစ်နေတယ်ဆိုပြီး သေဖို့မကြိုးစားနဲ့ ဒီထက်ပိုပြီးတော့ ကြံခိုင်အောင်လုပ်ပြီး ဒီလိုလောကကြီးမှာ နေနိုင်တယ်ဆိုတာကို ပြနိုင်ရမယ်.. ဝမ်းနည်းနေစရာ ကြောက်နေစရာ ဘာမှမလိုဘူး.. နားလည်လား"
ထိုသို့ပြောလိုက်တော့ ချာတိတ်လေးက ခေါင်းငြိမ့်ပြတာကို ခံစားလိုက်မိသည်။
"ကျွန်တော်လည်း ကူညီချင်တယ်.. ခင်ဗျားစုန်းကဝေတွေကို လက်စားချေချင်တယ်ဆိုရင်."
ချာတိတ်လေး စကားကြောင့် မီးလျှံရယ်လိုက်မိသည်။
"လူစဉ်မှီလာတဲ့ တစ်နေ့ကျရင် ကူညီပေါ့ကွာ.. ဟုတ်ပြီလား.."
"ခင်ဗျားကလည်းဗျာ.. ဒီအရပ်ဘဲ လာခလုတ်တိုက်နေတာဘဲ.."
တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုကြရင်းပင် ရှိုင်း ဝမ်းနည်းနေတာတွေ ပျောက်သွားရလေပြီ။
"ကဲ... မင်း အဆင်ပြေသွားပြီဆိုရင် ဖယ်တော့.. မင်းနည်းနည်းထပ်အိပ်ရမယ်... ဆရာဝန်ကပြောသွားတယ်.."
မီးလျှံထိုသို့ပြောလိုက်တော့ ရှိုင်းကဖက်ထားရာကနေဖယ်ပြီး ခေါင်းငြိမ့်ပြလေသည်။ မီးလျှံ ရှိုင်းဆံပင်လေးတွေကို ဆွဲဖွလိုက်ကာ ကုတင်ပေါ်တွင်ထိုင်နေရာကနေ ထရပ်သည်။
"ဒီညတော့ လယ်ရီ့ အိမ်မှာဘဲ အိပ်ကြတာပေါ့.. မနက်ဖြန် စျေးဝယ်ထွက်ပြီးမှ အေးဆေးပြန်မယ်..ဟုတ်ပြီလား."
ထိုသို့ပြောပြီး မီးလျှံ အခန်းထဲက ထွက်သွားဖို့လုပ်တော့ ရှိုင်းရဲ့လက်သေးသေးလေးတစ်ဖက်က မီးလျှံ အကျီလက်ရှည်က အစကို ဆွဲထားပြန်သည်။
ဘာလဲဆိုသော သဘောဖြင့် လှည့်ကြည့်လိုက်တော့ ညတိုင်းမြင်နေကြ ပါးချိုင့်လေးပါသော အပြုံးနှင့် ညတိုင်းကြားနေကျ နှုတ်ဆက်စကားလေးကို ကြားရပြန်သည်။
"Good Night Flame"
ထိုစကားသံက အရာအားလုံးကို ပြည့်စုံသွားစေသလိုပင်။ မီးလျှံလည်း တစ်ချက်ပြုံးလိုက်ကာ ပြန်ပြောမိသည်။
"Good Night ချာတိတ်.."
*************************************************************************************************************