" ~~The One~~ I Love "《✔Compl...
By Baekyeolliehyun04
133K 9.9K 605
Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More
1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan
26-ကျွန်တော်ချစ်တဲ့~~သူ~~
2.7K 225 15
By Baekyeolliehyun04
Ting!!
ဆုံလည်sofaပေါ် ထိုင်ချလိုက်ရုံရှိသေး
မြည်လာသော sms toneအသံ
ကြောင့် phထုတ်ကြည့်လိုက်တော့
ဂလန်ဂလား Oh se hunဆီက...
'hyung!! အလုပ်ရှုပ်နေလား??' တဲ့
'ထိုင်နေတယ်' baek hyunဘုက
လန့် smsပြန်ပို့လိုက်တော့ ချက်ချင်း
ပင် phဝင်လာသည် ။
"ဘာလဲ?? oh se hun"
"အင်!! hyungကလည်း အကြောင်း
ရှိမှ phဆက်ရမှာလားလို့"
ခပ်ချွဲချွဲအသံလေးထွက်လာတော့ baek
hyunကြိတ်ရယ်မိသည် ။ ဒီကောင်
လေးဟာလေ လူကောင်ကြီးနဲ့မှမလိုက်
ကလေးသိပ်ဆန်လွန်းတာ... အရမ်း
လည်းချွဲတာပဲ...
"hyungကျန်ခဲ့တဲ့ ပစ္စည်းလေးလေ မ
ယူချင်ဘူးလား?? နက်ဖြန်တွေ့ရအောင်
လေနော်"
"တော်တော် oh se hun!! ငါအ
ကုန်စစ်ပြီးပြီ ဘာပစ္စည်းမှမကျန်ဘူး!
လာမရွှီးနေနဲ့"
"အိ!! hyungကလည်း hyung
visiting cardကျန်ခဲ့တယ်လေ!!
လာယူနော်"
"အရူး!! လာနောက်မနေနဲ့ ဒါပဲကွာ"
"hyungကလည်း ဒါဆိုမနက်ဖြန်ကျွန်
တော်လာတွေ့မယ်လေနော်! ဒီနေ့က
wu yi fanဆိုတဲ့အကောင် ကျွန်
တော့်ကို ဆရာမလက်ထဲထိုးပေးခဲ့လို့
အတန်းထဲ ပိတ်မိနေတယ်လို့!! အာ့
လာတွေ့လို့မရဘူး"
"မနက်ဖြန်မအားဘူး သွားစရာရှိတယ်!
နောက်အားမှတွေ့မယ်လေ ဒါပဲနော်"
'တီ' ကနဲ မြည်ကာ ပြတ်တောက်
သွားသော phလိုင်းကလေးကိုကြည့်
ကာ se hunနှုတ်ခမ်းဆူလာသည် ။
"ဒီကလွမ်းလို့ phလေးဆက်တာကို မ
ပြောချင်သလိုလိုနဲ့ အဖိုးကြီး မုန်းလိုက်
တာ ဟွန့်"
"oh se hun ssi ကျွန်မရှင့်ကို စာ
တွေကူးခိုင်းထားတာလေ နှုတ်ခမ်းဆူ
ပြီး စပလိန်ရုပ်လုပ်မနေနဲ့ မပြီးရင် အိမ်
မပြန်ရဘူး"
ခပ်ကျယ်ကျယ်ပြောလာသော samအ
သံကြောင့် အတန်းထဲကရော အတန်း
အပြင်က ဖြတ်သွားဖြတ်လာကျောင်းသူ
လေးတချို့ပါ တခိခိနှင့်ရယ်သွားကြ
သည် ။
se hunသူ့ကို ငေးကြည့်နေသည့်
ကောင်မလေးတချို့ကို ကြည့်လိုက်တော့
ရှက်ရမ်းရမ်းကာ တစ်ဖက်လှည့်သွား
ကြတာမို့ သက်ပြင်းအသာချလိုက်သည် ။
သြော်!! ဘဝ ဘဝ!! မကြိုက်တဲ့သူ
တွေကျတော့ လာကြိုက်တယ်!! ကိုယ်
သဘောကျတဲ့ လူကျတော့ ကိုယ့်ကို
ဂရုတောင်မစိုက်ဘူး...
"Huu!! ဆိုးပါ့"
se hunခဗျာခေါင်းတခါခါနှင့် တစ်
ယောက်တည်းကိုယ်လွတ်ရုန်းကာ အ
တန်းလစ်သွားသော သူငယ်ချင်းကို
လည်းကျိန်ဆဲရင်း ချေနိုင်လွန်းသူ baek hyunကိုလည်း မကျေမနပ်ပွစိပွစိပြောရင်း စာရေးနေရလေသည် ။
~~~
'နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနဲ့
မနှိုးရက်တော့လို့ ကိုယ်ပြန်သွားလိုက်
ပြီ အိမ်မှာတွေ့မယ်နော်... ချစ်တယ် chan yeol'
noteကလေးကို အကျီအိတ်ထောင်ထဲ
ထည့်လိုက်ကာ yi fanဝယ်ပေးထား
ခဲ့သည့် coffeeဗူးလေးကို ကိုင်ရင်း
ထိုင်ရာမှထလိုက်သည် ။
အလုပ်စားပွဲပေါ်က phကိုယူကာ
ချစ်ရသူထံ phခေါ်ရင်း အေးစက်နေပြီ
ဖြစ်တဲ့ coffeeလေးကို တစ်ငုံသောက်
ရင်း ပြုံးနေမိသည် ။
ချစ်ရသူက ကိုယ်ကြိုက်တတ်တာလေး
တွေကို သတိတရ ဝယ်လာပေးတာ
လေးကပင် ကြည်နူးစွာရင်ခုန်တတ်
သည်ကို ချစ်တတ်သူတိုင်းနားလည်
မှာပါလေ...
ခေါ်ဆိုသံ နှစ်ချက်မြည်ပြီးချိန်တွင် ph
ဖြေလာသော ချစ်သူအသံလေးက တိုး
လျလျ တရှုံ့ရှုံ့နှာသံလေးတောင်ကြားနေရသေးသည် ။
"chan yeol!!"
"yi fan ah!! နေမကောင်းဘူး
လား?? အသံတွေလည်းဖျော့နေတယ်
ဆေးရောသောက်ထားလား??"
"နှာနည်းနည်းစေးနေတာပါ chan yeolရဲ့... ဆေးလည်းသောက်ပြီးပြီ"
စိတ်ပူစွာမေးလိုက်သည့် အမေးကို
yi fanက ခပ်ဟဟရယ်ရင်း ဖြေလာ
တာမို့ စိုးရိမ်စိတ်များလျော့သွားရသည် ။ တကယ်တော့ yi fanငိုထားလို့ အ
သံလေးတွေတုန်နေတာကို chan yeolမှ မသိပဲလေ...
"ဟုတ်ပါပြီ!! ဝက်ပေါက်ကလေးက
နော် ရောက်လာရင်လည်းနှိုးပါလား
ကွာ... ဒီတိုင်းကြီးပြန်သွားတယ်! လွမ်း
နေတာကို"
"aigoo!! wuri chan yeol ssiက ကိုယ့်ကိုလွမ်းတယ်ဆိုပါလား??
မကြားဖူးတာလေးတွေလည်း ကြားနေ
ရတယ် recordingလုပ်ထားမှ"
"wu yi fanနော် မစနဲ့"
ရယ်သံနှောစွာပြောလာသော yi fan
ကြောင့် သူမမြင်ရမှန်းသိပေမယ့် chan
yeolနှုတ်ခမ်းဆူမိသည် ။
ထိုနေ့က yi fanက chan yeolကို
စပြီးရယ်လိုက် chan yeolက ညူ
စူစူပြန်ပြောလိုက်နှင့် အချိန်တော်တော်
ကြာ phပြောခဲ့ကြသည် ။
"ဒါပဲနော် ချစ်တယ် yi fan"
"ကိုယ်လည်းအရမ်းချစ်တယ် chan
yeol"
phချပြီးသည့်တိုင် call logမှာ ပေါ်
လာသော yi fan၏ contact
nameလေးကို ကြည့်ရင်းသူပြုံးလိုက်မိ
သည် ။
'ဝက်ပေါက်' တဲ့လေ...
သူတို့ အမြဲတမ်းဒီလိုလေးပဲ ချစ်နေရ
ရင်ဘယ်လောက်တောင် ကောင်းလိုက်
မလဲ??? ဒါပေမယ့် ကံကြမ္မာဆိုတာက
??
chan yeol သက်ပြင်းဖွဖွချမိသည် ။
~~~~~
"yeol!!"
နှစ်နာရီကျော်ကြာဈေးထဲလျှောက်ပတ်ကြည့်နေရင်း ဘေးကbaek hyunက လက်မောင်းကို သာလာကုတ်ရုံသာမက ခပ်တိုးတိုးပါဆိုလာတာကြောင့် သူ့ကိုငုံ့ကြည့်လိုက်တော့ ဆိုင်တစ်ဆိုင်ဆီမေးငေါ့ပြသည် ။
ထိုဆိုင်က အကျီဆိုင်... baek hyun
က chan yeolအကျီလက်ဖျားကို
ဆွဲသွားကာ ဆိုင်ထဲခေါ်သွားလေသည် ။
"ငါတို့ companyက brandကို ဝယ်
သူတစ်ယောက်ကိုင်ထားတာမြင်လိုက်
လို့"
chan yeolကြည့်လိုက်တော့ ဟုတ်ပါ
ရဲ့... သူတို့companyက လွန်ခဲ့တဲ့ သုံး
လလောက်ကမှ designအသစ်ထုတ်ထားတဲ့shirtအကျီ...
ဝယ်သူအဒေါ်ကြီးတစ်ယောက်က ထို
အကျီကို လက်ကကိုင်ထားကာ ဆိုင်
ရှင်က အကျီဘယ်လောက်ကောင်း
ကြောင်း အာပေါင်အာရင်းသန်သန်ရှင်း
ပြနေသည်ကို နားထောင်နေလေသည် ။
"ဒီအကျီလေးက ဘယ်လောက်လဲခင်ဗျ"
chan yeolက ဝယ်သူအဒေါ်ကြီး
ကိုင်ထားတဲ့ အကျီကို လက်ညှိုးထိုးမေး
လိုက်သည် ။
"25000ခင်ဗျ!! မကြာသေးခင်ကပဲ
ကျွန်တော်စက်ရုံက designအသစ်
ထုတ်ထားတာလေ"
designအသစ်??
"ဒါနဲ့... ဒီအကျီကိုကျွန်တော် တစ်နေရာရာမှာမြင်ဖူးသလားလို့...
companyတစ်ခုခုကကြေငြာတာထင်တယ်... designတော်တော်ဆင်နေသလားလို့"
အကျီကိုဖင်ပြန်ခေါင်းပြန်လှန်လှောကြည်ရြင်း chan yeolပြောတော့ ဆိုင်ရှင်က
"ဟုတ်တယ်ဗျ... နာမည်ကြီးbrandပုံတူလေ.. မဝတ်နိုင်တဲ့ကျွန်တော်တို့လိုအခြေခံ
လူတန်းစားတွေအတွက်ပေါ့ဗျာ.. တော်တော်လည်းသဘောကျကြတယ်"
chan yeolခေါင်းအသာငြိမ့်လိုက်ရင်း
"ဟုတ်ကဲ့ရှင်းပြပေးတာကျေးဇူးပါခင်ဗျ...
ဒါပေမယ့် designကိုကူးယူတယ်ဆိုရင်တော့
companyကြီးဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေရှိနိုင်လို့ တရားဝင်ထောက်ခံချက်တော့လိုလိမ့်
မယ်"
chan yeolစကားကြောင့်ဆိုင်ရှင်ဦးလေးကြီးက မျက်လုံးပြူးသွားရင်းအလန့်တကြားဖြင့်
"ဒါဆို ကျွန်တော်တို့စက်ရုံပိတ်ရနိုင်ချေ
?? ဟာ!! ဒုက္ခပါပဲဗျာ"
"စိတ်မပူပါနဲ့... အဲ့လောက်ထိတော့မလုပ်လောက်ပါဘူး.
ကျွန်တော်အဲ့အကျီလေးဝယ်သွားမယ်နော်ထုတ်ပေးပါဦး"
chan yeolပြောလိုက်တော့ဆိုင်ရှင်က
အကျီကိုထုတ်ပိးနေလေသည် ။
"ကျေးဇူးပဲbaek!! အဲ့အကျီbrandထုတ်ပြီးရောင်းအားတွေ
ကျနေတဲ့ကိစ္စကိုယ်ဖြေရှင်းနိုင်ပြီ..
customerတစ်ချို့ဆီက complain
တက်လာတာတွေပါ ကိုယ်တို့ဖြေရှင်း
နိုင်ပြီ"
မိမိကိုကြည့်ကာပြုံးရင်း ပြောလာသော chanyeolအားသူငေးကြည့်နေမိသည် ။ သူ့ကြောင့်ဖြစ်တည်လာရတဲ့ အပြုံး
လေးတွေမို့baekhyunတကယ်ပျော်နေ
သည် ။
"တကယ်ကျေးဇူးတင်တယ်"
baekhyunခေါင်းထက်က ဆံပင်နုနုလေးတွေကို အသာဖွမိပြီး
မှ သတိရသွားဟန်ဖြင့် chan yeol
ချောင်းတစ်ချက်ဟန့်သည် ။
"အားလည်းအားပြီဆိုတော့ ဈေးထဲလျှောက်ပတ်ကြည့်ကြမလား??"
အမေးဖြင့်လာသော chan yeolစကားကြောင့် baek hyunခေါင်းတွင်တွင်ငြိမ့်ရင်း သွားကလေးတွေပေါ်သည်အထိ ရယ်ပြ
မိသည် ။
~~~~~
"baek hyun hyung!!!"
ခပ်ကျယ်ကျယ်အသံကြောင့် baek
hyunလှည့်ကြည့်လိုက်တော့ သာသနာဖျက်ကောင် oh se hun!!
ကျောင်းဝတ်စုံတောင်မလဲရသေး...
လွယ်အိတ်ကြီးဖို့ယို့ဖားယားနှင့် လက်
နှစ်ဖက်ဆန့်တန်းကာပြေးလာသည်မို့
သူအနားရောက်ခါနီးကျမှ ကိုယ်ကိုဘေး
အသာစောင်းရင်း baek hyunရှောင်
လိုက်သည် ။
"hyungကလည်း!!"
ဆူပွပွနှင့်လူကိုကြည့်လာပြီး ငြူစူစူပြော
လာသော အနှီse hunကြောင့် baek hyunသက်ပြင်းအသာချလိုက်ရင်း...
"ဘယ်လိုသိပြီးရောက်လာတာလဲ??"
"ဟိုမယ်လေ"
se hunလက်ညှိုးထိုးပြရာဆီ ကြည့်
လိုက်တော့ လွယ်အိတ်ကိုတစောင်းလွယ်ကာ
ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်နှိုက်ရင်း စတိုင်ကျကျ
လျှောက်လာလေသူ Wuသားတော်မောင်
ကြောင့် ငိုင်သွားလေသူ baek hyun
chan yeolကတော့ သူ့ချစ်သူကိုဝမ်း
သာအားရလက်လှမ်းပြနေသည်ကို သူမဲ့
ပင်ကြည့်လိုက်သေးသည် ။
"wu yi fanပေါ့ chanyeol hyungကျောင်းလာမကြိုဘူးဆိုလို့ လွမ်း
လို့ဆိုပြီး companyလိုက်သွားတာ...
secretaryက chan yeol hyung ဒုံးဒယ်မွန်းဈေးသွားတယ် ပြောတာနဲ့လိုက်လာတာလေ!!! surpriseဖြစ်သွားတယ်ဟုတ်??"
baek hyunမျက်နှာမဲ့လိုက်ရင်း...
"ငါ့ရုပ်က surpriseဖြစ်နေတယ်ရုပ်
လား??"
se hunက baek hyunမျက်နှာဆီ
ခေါင်းလေးစောင်းကြည့်လိုက်ရင်း...
"မဟုတ်ဘူးရယ်..."
baek hyunကသက်ပြင်းအသာချလိုက်
ရင်း...
"မင်းကကောဘာလို့ပါလာတာတုန်း!!
သူများအတွဲကြား ဝင်ရှုပ်မလို့လိုက်လာ
တာမလား??"
"hyungကိုလွမ်းလို့ပါဆို!! မနေ့က
လည်းမတွေ့ရဘူးလေ... လွမ်းတယ်ဆိုမှ"
"ရေခဲမုန့်ရပါပြီ"
နောက်ကလက်တွန်းရေခဲမုန့်ဆိုင်လေးက
ဆိုင်ရှင်အသံကြောင့် chan yeol
က မှာထားတဲ့ ရေခဲမုန့်နှစ်ခုကို လှမ်း
ယူလိုက်ရင်း...
"baek strawberry!!"
chan yeolကမ်းပေးလာသည့် ရေခဲမုန့်ကို ကြားမှဖြတ်ယူလိုက်သူ
သဝန်ခပ်တိုတိုse hun!! baek hyunကဘုကြည့်ကြည့်လိုက်တော့
"ဝါးးး!! ရေခဲမုန့်စားချင်နေတာကြာပြီ
ရယ်"
baek hyunခေါင်းခါမိသည် ။
ခုနလေးတင်ကပဲ chan yeolနဲ့
ငါးအူချောင်းတွေ တော့ပိုကီတွေဝယ်စား
လိုက် accessoriesသေးသေးလေး
တွေကို တစ်ယောက်တစ်ပြန်ဝတ်ပေး
ကြည့်လိုက်နဲ့ ပျော်နေခဲ့တာ ခုတော့...
သွားပါပြီ... ဆွဲလားရမ်းလားအလုပ်ခံရ
တော့မယ်!!
တွေးလို့မှမဆုံးသေး 'hyungဟိုဟာ
လေးစားချင်တယ်'ဆိုကာ အာတာပူစီ ဆိုင်ကိုမြင်ပြီးဆွဲခေါ်သွားလေတော့
ကားယားကားယားနှင့်ပါသွားရပြန်
သည် ။
"hyung!! တော့ပိုကီစားချင်တယ်"
"hyung!! မာဖလာလေးဆင်တူဝယ်
ရအောင်"
"baek hyung hyung...????"
"hyung.."
ဆက်တိုက်တhyung, hyungနှင့်
ကလေးဆန်ဆန်ပူဆာရုံမက ပူဆာနေသောse hunကြောင့် baek
hyunခမျာ သူဆွဲခေါ်ရာနောက် ပါပါ
သွားရသည် ။
အခုလည်းကြည့် ခုံတန်းရှည်လေးခင်းကာရောင်းချနေ
သော accessoriesဆိုင်ငယ်လေးဆီ
ဆွဲခေါ်သွားရင်း keychangeလေး
တွေ တစ်ပြီးတစ်ခုကိုင်ကာ ကြည့်လိုက်
ပြန်ချလိုက်လုပ်နေလေသည် ။
baek hyunဘေးကိုလှည့်
ကြည့်မိတော့ တစ်ချိန်ကချစ်သူဟာ
သူ့ချစ်သူအသစ်စက်စက်လေးနဲ့ တစ်
ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ရယ်မောလို့နေသည် ။
chan yeolလက်ထဲက
ရေခဲမုန့်ကို wu yi fanက လှမ်း
လှမ်းစားရင်း စနောက်နေသေးသည်ကို
ရေခဲမုန့်ခွက်ကလေးကို chan yeol
ကမိမိဘက်ဆွဲယူရင်ပြန်စနောက်နေ
သည်မှာ ကြည်နူးစရာကောင်းလှသော်
လည်း baek hyunခမျာတော့ စိတ်
ညစ်နေရသည် ။
wu yi fanလိုက်လာရင်တောင်မှ
baek hyunတစ်ယောက်တည်းအိမ်
ပြန်လိုက်လို့ရသည် ။ ဒါပေမယ့် ဟို
သကောင့်သားလေးကပါလာပြန်တော့
စိတ်ညစ်စရာမြင်ကွင်းတွေမမြင်ချင်ပဲ
မြင်နေရတာ... စဉ်းစားမိပြန်တော့ ဘေးကဟာလေးကို ထထုပစ်ချင်စိတ်
တွေကတဖွားဖွား...
"hyung!! phပေး"
"ဟမ်!!"
ကြောင်တောင်တောင်ဖြစ်နေရှာသော
baek hyunအနွေးကုတ်အိတ်ကပ်ထဲ
se hunလက်နှိုက်ကာ phယူလိုက်
သည် ။
"yah!! ဘာလုပ်တာလဲ?? ပြန်ပေး"
se hunက တစ်ဖက်လှည့်လိုက်ပြီး
တစ်ခုခုလုပ်ကာ baek hyunလက်ထဲ
phပြန်ထည့်ပေးသည် ။
"ဟင်!! keychange"
"လှတယ်ဟုတ်!! ဆင်တူလေ! hyung
ဟာက ဝက်ဝံအဖြူလေး ကျွန်တော်က
အညို!! coupleနဲ့တူတယ်ဟုတ်??"
သူ့phကိုမြှောက်ပြရင်း ဂုဏ်ယူသလို
လေးပြောလာသော ကလေးဆန်ဆန်se hunကြောင့်baek hyunပြုံးချင်မိ
သော်လည်း မျက်မှောင်ကျုတ်လိုက်ကာ
"ကလေးလား?? ဝက်ဝံရုပ်တပ်ရအောင်"
တကယ်တော့ baek hyunကလေး
ဆန်ဆန်ကောင်လေးကြောင့် ပျော်နေ
ခဲ့ပါသည် ။
~
~
~
9:14 P.M
(4 August, 2017- Friday)
#updateတော်တော်ကြာသွားတယ်
ရယ်... ဇာတ်ကလည်းလည်နေပြီ...
#examက နောက်လဖြေရမှာမို့ exam
မတိုင်ခင် completeဖြစ်အောင် dateပါ့မယ်... တော်ကြာficက
နောက်နှစ်ကူးသွားမှာစိုးရတယ် XD
#နောက်တစ်ပိုင်းမုန်တိုင်းလာမယ်နော်
Continue Reading
You'll Also Like
214K 24.2K 34
2M 129K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️
20.1K 453 2
စည်းကမ်းကြီးနဲ့ဘုရင်ငယ်​လေးနဲ့ န​မော်နမဲ့နိုင်တဲ့ နန်းတွင်းသူ​ကောင်လေး Krisyeol fanfiction
2.3K 286 7
Zawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလ...