Star Love (I)

Von NyaHmwePann

1.2M 117K 6K

You don't have to shine, I will shine for you. '' Shine '' I... Mehr

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Epilogue
Announcement

Chapter (22)

20.2K 2.1K 167
Von NyaHmwePann

Unicode

**********

Star Falls For Flame Part (2)

မီးလျှံ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ အိပ်ရေးဝစွာဖြင့်နိုးလာခဲ့သည်။ ကိုယ့်ကိုယ်ကိုသတိထားကြည့်လိုက်မိတော့ မနေ့ညကအတိုင်းပင် ကိုယ့်ကိုယ့်ကို ချည်နှောင်ထားခဲ့သော သံကြိုးတွေ ခတ်လျက် နံရံတွင် မှီအိပ်နေမိတာ။

မီးတုတ်မှ မီးများက ငြိမ်းသွားပြီဖြစ်ပြီး မျက်နှာကျက်မှာ လျှပ်စစ်မီးဆိုင်းကလည်း နေရောင် မဝင်နိုင်သော မြေအောက်ခန်းကို အလင်းရောင်ကောင်းစွာမပေးနိုင်။

မီးလျှံ ထရပ်ဖို့အကြံနှင့် ကိုယ်ကို လှုပ်ကြည့်လိုက်တော့ လက်မောင်းပေါ်ကို တစ်စုံတစ်ခုက ဖိထားတယ်ဆိုတာကို ခံစားလိုက်မိသဖြင့် ဘေးကိုကြည့်လိုက်မိလေသည်။ ငွေရောင်ဆံပင်လေးတွေနဲ့ ခေါင်းလုံးလုံးလေးက မီးလျှံရဲ့လက်မောင်းမှာ ကပ်နေတာကို မြင်လိုက်ရလေသည်။

နံဘေးတွင် ခန္ဓာကိုယ်လေးကို မီးလျှံဘက်ကို ကိုင်းချကာ လက်မောင်းကို မှီပြီး အကျအနအိပ်ပျော်နေသော ချာတိတ်လေး။ အသက်ရှူသံမျှင်မျှင်လေးကို မီးလျှံ အတိုင်းသားကြားနေရလေသည်။ မီးလျှံ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်တာတောင် မနိုးလာသေးသော ချာတိတ်လေး။ ဒီလိုမြေအောက်ခန််းမှာ အိပ်နေရတာ မွှေ့ယာပေါ်မှာအိပ်နေရတယ်လို့များထင်နေလားမသိ။ ခေါင်းလေးကို အနည်းငယ်တိုးဝှေ့လိုက်ကာ ပြန်အိပ်နေတော့တာ။ ပြီးတော့ ညကတည်းက ဆုပ်ကိုင်ထားမိတဲ့လက်လေးက အခုထိ မလွှတ်ထားမိသေးဘဲ နောက်လက်လေးတစ်ဖက်က မီးလျှံရဲ့ လက်အပေါ်ကို လာထိထားသေးသည်။

ဒီကောင်လေး ဒီအတိုင်း အိပ်ပျော်နေတာ ဘယ်လောက်ကြာနေပြီလဲမသိ။ သူထိုင်နေသော အနေအထားက သက်တောင့်သက်သာ အနေအထားမဟုတ်တာကြောင့် မီးလျှံ အားနာသွားမိသည်။

"ချာတိတ်.."

"........."

"ချာတိတ် ထ.. ထ.."

"အမ်..အင်း... ဘာလဲ.. ဘာကြီးလဲ.."

မီးလျှံ လက်မောင်းကိုမှီအိပ်နေသော ငွေရောင်ဆံပင်လေးတွေကို ဆွဲဖွပြီး နှိုးလိုက်တော့မှ ကယောင်ကတမ်းတွေ ပြောပြီး နိုးလာကာ မပွင့်တပွင့် မျက်လုံးလေးတွေနဲ့ မီးလျှံကို မော့ကြည့်သည်။

မီးလျှံ နိုးနေတာကို မြင်သွားတော့မှ လက်ကလေးတစ်ဖက်က မျက်နှာကိုလာကိုင်ပြီးမေးသည်။

"ခင်ဗျားအဆင်ပြေသွားပြီလား.. ဗိုက်ဆာသေးလား"

မီးလျှံခေါင်းခါပြလိုက်တော့မှ ရှိုင်းက သက်ပြင်းတစ်ချက်ချလိိုက်ပြီး အိပ်ရေးမဝသေးဟန် တစ်ချက်သမ်းဝေလိုက်ပြီး ဘာလိုလိုညာလိိုလိုနှင့် လက်မောင်းကို လာပြန်မှီလိုက်ကာ အိပ်နေပြန်လေသည်။

မီးလျှံက မသိမသာ တစ်ချက်ရယ်လိုက်ပြီးတော့မှ မှီထားသော လက်မောင်းကို လှုပ်လိုက်ပြီး ပြန်နိုးရလေသည်။

"ထတော့လေ.. ဒါဇိမ်ခံပြီး အိပ်လို့ရတဲ့နေရာ မဟုတ်ဘူး.. ပြီးတော့ မင်းမှီအိပ်နေရအောင် ငါလက်မောင်းက ခေါင်းအုံးမဟုတ်ဘူး.."

ခပ်ဆတ်ဆတ်ပြောလိုက်သော မီးလျှံရဲ့ အသံကြောင့် ရှိုင်း နှာခေါင်းကိုရှုံ့လိုက်မိသည်။ လက်မောင်းလေး မှီအိပ်မိတာ အသားပဲ့ပါသွားတာကျနေတာဘဲ။ သူကျတော့ တစ်ညလုံးလက်ကိုကိုင်ထားပြီးတော့ ရှိုင်းကြတော့သူ့ကို နည်းနည်းလေးမှအသားယူခွင့်တောင်မရ။

"ထလေ..."

မီးလျှံနောက်တစ်ခေါက်ထပ်ပြောလိုက်တော့မှ ရှိုင်းက ခေါင်းထောင်လိုက်ကာ ဆုပ်ကိုင်ထားသော မီးလျှံလက်များမှရုန်းထွက်လိုက်ပြီး မျက်လုံးလေးတွေကို လက်နှင့်ပွတ်နေသည်။

"ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ ကိုယ့်ဘာသာကိုယ်သံကြိုးတွေနဲ့ချည်ထားရတာလဲ.. ပြီးတော့ ခင်ဗျား အကြာကြီးပျောက်ပျောက်သွားတာ ဒီမှာ ဘာတွေများလုပ်နေလို့လဲ"

ရှိုင်းရဲ့ အမေးကို မီးလျှံက အကြည့်လွှဲလိုက်ကာ ဖြေသည်။

"မင်းသိစရာ မလိုဘူး.. မင်းနဲ့မဆိုင်ဘူးချာတိတ်.."

ပြောပြောဆိုဆိုနှင့် မီးလျှံက ထိုင်နေရာမှထပြီး သူ့လက်တွင်ချည်နှောင်ထားသော သံကြိုးတွေကို ဖြုတ်နေသည်။ ရှိုင်းစိတ်တိုသွားသည်။

"ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတာ ကျွန်တော်သိတယ်.. ဒါပေမယ့် ကျွန်တော်သိခွင့်လေးတော့ရှိတယ်လို့ထင်တယ်.. ကျွန်တော်က ခင်ဗျားအိမ်မှာနေနေရတာပါ... ကျွန်တော် ဘာမှမသိဘူးဆိုရင် မနေ့ကလိုခင်ဗျားတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်ကူညီနိုင်မှာလည်း.."

ချာတိတ်လေးရဲ့မျက်နှာနီရဲနေပြီးတော့ အသံကလည်း တုန်လာတာကိုသတိထားလိုက်မိပြီး မီးလျှံ သနားသွားမိသည်။ ဘာဆိုဘာမှမသိဘဲ Vampire တစ်ယောက်ရဲ့ အစာအဖြစ် တောနက်ကြီးထဲမှာနေနေရတဲ့အတွက် ရှိုင်းအတွက်လွယ်မှာမဟုတ်။ ပြီးတော့ မီးလျှံက မနေ့ကလို အဖြစ်အပျက်မျိုးတွေ ခဏခဏဖြစ်နေတတ်တော့ ကြောက်နေရှာလိမ့်မည်။ အကြောင်းစုံပြောပြထားလိုက်ရင် တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်လိမ့်မည်ဟုတွေးလိုက်မိသည်။ ဒါကြောင့် မီးလျှံ စိတ်လျှော့လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ပြီးတော့လက်မှချည်ထားတဲ့ သံကြိုးတွေကို ကိုယ့်ဘာသာကိုယ်ပင်ဆွဲဖြုတ်လိုက်ပြီး ထရပ်လိုက်သည်။ ပြီးတော့ ရှိုင်းကို ဘာဆိုဘာမှမပြောဘဲ အခန်းအလယ်တွင်ထားထားသော စားပွဲရှေ့တွင်သွားရပ်ကာ တင်ထားသော စာအုပ်တွေကို တစ်ခုချင်းပြန်ကြည့်နေလေတော့သည်။

ရှိုင်း ပိုစိတ်တိုသွားသည်။ ဒီလူကြီးဟာ ရှိုင်းကို ဘယ်တုန်းကမှရှိတယ်လို့ပင်မထင်။ ဒါကြောင့် မျက်နှာကိုဆူပုတ်ထားလိုက်မိကာ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ပြီး ဒီအတိုင်းထိုင်နေလိုက်မိသည်။

ခဏကြာတော့ မီးလျှံထံမှ အသံထွက်လာသည်။

"လာလေ..ဒီကို .. အဲ့ဒီမှာထိုင်ပြီးဘာလုပ်နေတာလဲ.."

"ဘာလုပ်လုပ်ပေါ့.. ကျွန်တော့်ဘာသာ ဘာလုပ်လုပ်ခင်ဗျားနဲ့မဆိုင်ဘူး.. မသိချင်နဲ့.. "

မီးလျှံ ရှိုင်းပုံစံကိုကြည့်ပြီးတော့ရယ်လိုက်မိပြန်သည်။

"မင်းဘဲ ငါဘာလုပ်နေလဲ သိချင်တယ်ဆို.. အခုပြောပြမလို့ကို .. မသိချင်တော့ဘူးဆိုရင်လည်း ထား.."

မီးလျှံ စကားမဆုံးသေး ရှိုင်းက ထိုင်နေရာကနေ ချက်ချင်းထလိုက်ကာ မီးလျှံအနားကိုစွေ့ခနဲလာရပ်သည်။

စောစောက ဆူပုတ်နေသော မျက်နှာ မဟုတ်ဘဲ စူးစမ်းလိုဟန် မျက်လုံးလေးတွေဖြင့် မီးလျှံကို စပ်ဖြဲဖြဲမော့ကြည့်သည်။

"သိချင်တယ်... ပြောပြ.."

"ဒီမှာရော.."

မီးလျှံ စားပွဲပေါ်က ဖွင့်ထားသော စာအုပ်တွေကို ပြလိုက်သည်။ ရှိုင်းယူကြည့်လိုက်တော့ မှော်ပညာကို လေ့ကျင့်သင်ယူခြင်းနှင့်ဆိုင်သော စာအုပ်များဖြစ်သည်။

နားမလည်ဟန်ဖြင့် မီးလျှံကိုမော့ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ.. ခင်ဗျားက မှော်ပညာတွေကို လေ့ကျင်ချင်လို့လား.. အဲ့ဒါက စုန်းကဝေမျိုးနွယ်တွေဘဲ လေ့ကျင့်လို့ရတာလေ.. ခင်ဗျားက Vampire ဘဲဟာ.. စုန်းကဝေဖြစ်ချင်လို့မှမရတာ. "

"ငါ့အမေက စုန်းကဝေတစ်ယောက်ဘဲလေ.."

"ဟင်.."

ရှိုင်း မျက်လုံးပြူးလေးဖြင့် ကြည့်လိုက်မိသည်။

"ငါ့အမေက သူ့ရဲ့ စုန်းကဝေဘဝကိုစွန့်လွှတ်ပြီး ငါ့အဖေကို လက်ထပ်ခဲ့တာ.. ငါတို့အရွယ်ရောက်မှ ငါတို့တစ်မိသားစုလုံးကို Vampire တွေအဖြစ်ပြောင်းပေးလိုက်တာ.. ဒါကြောင့် ငါက Hybrid လို့ပြောလို့ရတယ်.. ဒါကြောင့်မှော်အစွမ်းတွေက ငါ့မှာလည်းရှိတယ်.."

မီးလျှံပြောသော စကားတွေကို ရှိုင်း မယုံကြည်နိုင်။ ဒီလူကြီး ဒီလောက်အစွမ်းကြီးတဲ့လူတစ်ယောက်ဖြစ်နေမယ်မှန်း မထင်ခဲ့မိတာအမှန်။

"အစတုန်းက ကျတော့ မှော်ပညာတွေကို မလေ့ကျင့်ဘဲ.. ဘာလို့အခုမှလေ့ကျင့်နေတာလဲ.."

မီးလျှံရုတ်တရတ် နာကျည်းဟန်မျက်နှာအသွင်အပြင်ကိုပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်လိုက်ကာပြောလေသည်။

"အစကတော့ ငါ့ဘဝက ပျော်ဖို့ကောင်းပြီး ပြည့်စုံနေခဲ့တော့ မှော်ပညာတွေ မလိုအပ်ခဲ့ဘူး.. အခုတော့ ငါ ဒီထက် အင်အားကြီး အစွမ်းကြီးဖို့လိုအပ်လာတယ်လေ.. ဒါကြောင့်လေ့ကျင့်နေတာ.. ဘယ်အစွမ်းဘဲ ဖြစ်ဖြစ် Side Effect တော့ရှိတာဘဲလေ.. ငါအပြင်းအထန်လေ့ကျင့်လိုက်တိုင်း ငါက အားတွေနည်း စိတ်ဖောက်ပြန်လာပြီးတော့ လူသတ်ချင်စိတ်တွေ ဖြစ်ဖြစ်လာတတ်တယ်.."

"သြော်..ဒါကြောင့် ခင်ဗျားက မြေအောက်ခန်းမှာ ကိုယ့်လက်ကိုယ် သံကြိုးတွေချည်ပြီးတော့ လေ့ကျင့်နေတာကိုး.."

မီးလျှံပြောတာကို ရှိုင်းသဘောပေါက်သွားပြီး ခေါင်းလေးကို တစ်ဆတ်ဆတ်ငြိမ့်နေလိုက်မိသည်။ မီးလျှံမှာ ရှိုင်းမသိသေးတဲ့ နာကျင်စရာ အတိတ်ဆိုးတွေ ဒီထက်မက ရှိသေးတယ်ဆိုတာကို သဘောပေါက်သော်ငြား ဒီလောက်အထိလေး ရှိုင်းကိုပြောတာပေးတာကိုပင် ရှိုင်းကျေနပ်ပါသည်။

ထို့နောက် မီးလျှံကို ကြည့်လိုက်ကာ ပြောလိုက်သည်။

"ဒါကြောင့် ခင်ဗျားပျောက်ပျောက်သွားပြီး ပြန်ပေါ်လာတိုင်း အငမ်းမရသွေးဆာတတ်တာကိုး.."

မီးလျှံ ခေါင်းဘဲငြိမ့်ပြလိုက်ရပါတော့သည်။ အမှန်တကယ်က သွေးဆာသောကြောင့် မဟုတ်၊ ရှိုင်းက အရိုင်းစိတ်ဝင်နေသော မီးလျှံရဲ့ စိတ်တို့ကို ပြန်လည် နူးညံ့စေနိုင်တာ ကြောင့်ဆိုတာကိုတော့ မပြောချင်တော့ပေ။

မီးလျှံက စားပွဲပေါ်မှာတင်ထားသော စာအုပ်တွေကို နေသားတကျပြန်စီနေသည်။

ရှိုင်းက စူးစမ်းလိုသော အကြည့်လေးတွေ မပျောက်သေးဘဲ မီးလျှံကို ကြည့်ကာ ပြောလေသည်။

"ခင်ဗျား ကျွန်တော့်ကို မှော်အစွမ်းတစ်ခုလောက်ထုတ်ပြပါလား.. ကျွန်တော်ကြည့်ချင်လို့.."

"ငါက အခုမှ လေ့ကျင်တာ .. သိပ်မကြာသေးတော့ ပညာစွမ်းက အရမ်းနုနေသေးတယ်ကွ.. ကလေးကစားသလောက်ဘဲ တတ်သေးတယ်.. ငါစုန်းကဝေတွေကိုမုန်းပေမယ့် မှော်ပညာက အရမ်းကိုနက်နဲပြီး နှစ်ပေါင်းများစွာလေ့ကျင့်မှရတယ်ဆိုတာလောက်တော့ သိပါတယ်.."

"ခင်ဗျားက စုန်းကဝေတွေကို ဘာကြောင့် မုန်းနေတာလဲ ဟင်.."

ရှိုင်းရဲ့အမေးကြောင့် မီးလျှံ တစ်ချက်ရယ်လိုက်သည်။ ချာတိတ်လေး မေးသလို ဘာကြောင့်မုန်းရသလဲဆိုရင် အကြောင်းပြချက်က တစ်ခုတည်းဖြစ်သည်။ မိမိရဲ့မိသားစုတစ်စုလုံးကို ရက်ရက်စက်စက်သတ်ပစ်ပြီး မိမိကိုနှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သောကြောင့်၊ အခုလို တစ်ယောက်တည်း အထီးကျန်စွာနေရအောင် လုပ်ခဲ့တဲ့အတွက်ကြောင့်ပင်ဖြစ်သည်။

မီးလျှံ စိတ်ထဲကသာ ပြန်ဖြေလိုက်ပြီး အပြင်မှာတော့ စပ်စုလွန်းသော ရှိုင်းရဲ့ နဖူးကို ခပ်နာနာပင်ထုလိုက်ကာ ပြောလိုက်သည်။

"ကလေးက ကလေးလိုနေလေ.. လူစဉ်မှီလာတဲ့တစ်နေ့ကျရင်ပြောပြမယ်.. ဟုတ်ပြီလား.."

"ကျွန်တော်ကလေးမဟုတ်ဘူးဗျ.. ခင်ဗျားကြီးကသာ အဘိုးကြီး.."

ရှိုင်းမျက်နှာ မကျေမနပ်ဖြစ်သွားသည်မှာ အသိအသာ။ စိတ်ပေါက်ပေါက်ဖြင့် မိန်းမဆန်ဆန် မျက်စောင်းပင် ထိုးပစ်လိုက်မိသည်။ ရှိုင်းက သူ့အပေါ်ကို မရိုးမသားချစ်မိနေပါတယ်ဆိုနေမှ သူက မိမိကိုလူစဉ်မမှီဘူးဆိုတော့ မျှော်လင့်ချက်က လုံးဝကို 0% ပင်။ ပြီးတော့ ယောက်ျားတန်မဲ့ ဒီလိုပြောခံရတာ မခံချင်စရာလည်းကောင်းလှသည်။

ရှိုင်းးဖြစ်သွားပုံကိုကြည့်ပြီးတော့ မီးလျှံ ထပ်ပြီးတော့ပင်ရယ်လိုက်မိပြန်သည်။ ထို့နောက် ဆံပင်လေးတွေကို ထပ်ဖွလိုက်ပြန်တော့ ရှိုင်းးက ချက်ချင်းလက်ကို ပုတ်ချသည်။

မီးလျှံက ဘာမှဆက်မပြောတော့ဘဲ လက်နှစ်ဖက်ကို အနည်းငယ်မြှောက်လိုက်ကာ လက်ဖျောက်တစ်ချက်တီးပြလိုက်သည်။

ထိုအခါ မြေအောက်ခန်းထဲတွင်ရှိသော မီးတုတ်အသေများက ရုတ်တရတ် ဝုန်းခနဲမီးတွေ ထတောက်လာသည်ကိုတွေ့လိုက်ရလေသည်။

ထိုအခါ ချာတိတ်လေးက ချက်ချင်းပင် မျက်လုံးလေးတွေ ပြူးသွားကာ တအံ့တသြငေးမောကြည့်နေလေတော့သည်။ ထို့နောက် မီးလျှံက လက်ဖဝါးနှစ်ဖက်ကို ဖြန့်လိုက်ကာ လက်ဖဝါးပေါ်တွင် ငွေရောင် အလင်းစက်လေးတွေ ပေါ်အောင် လုပ်ပြလိုက်ပြန်လေသည်။ ထိိုအခါ ရှိုင်းက ဝမ်းသာအားရဖြင့် လက်ခုပ်တီးလေတော့သည်။

"Wow အရမ်းမိုက်တာဘဲ.. ကျွန်တော် ဟို စုန်းကဝေကြီးတွေ လုပ်တာမြင်ဖူးတယ်.."

စောစောက စိတ်ကောက်နေသော ပုံစံနှင့်ချာတိတ်က လုံးဝပျောက်သွားကာ ပျော်ရွှင်လာပြန်သော ရှိုင်းကိုကြည့်ပြီးတော့ မီးလျှံ ပြုံးလိုက်မိပြန်သည်။ ကလေးစိတ်လို့ပြောရမလား၊ ဖြူစင်တယ်လို့ပင်ပြောရမလား စိတ်ဆိုးလွယ် စိတ်ပြေလွယ် သူတစ်ပါးအတွက်ကိုလည်း ခံစားလွယ်သော ထိုကောင်လေးဟာ ဘယ်လိုကောင်လေးလဲဆိုတာ အခုထိနားမလည်နိုင်သေးပါ။

"ခင်ဗျားက နောက်ဆိုရင် အရမ်းအစွမ်းတွေ မြင့်လာပြီး ဟိုစုန်းကဝေခေါင်းဆောင်ကြီးကို အနိုင်တိုက်လို့ရမှာပေါ့.."

မီးလျှံ ဖြေးဖြေးချင်းခေါင်းခါပြသည်။

"သူတို့က နှစ်ရာပေါင်းများစွာ လေ့ကျင့်နေခဲ့ကြတာ.. သူတို့ကိုမှီဖို့က မလွယ်ဘူး.. ငါမြန်မြန်အနိုင်တိုက်ချင်တယ်ဆိုရင် ငါ့အစွမ်းတွေကို မြှင့်တင်ပေးတဲ့အရာတစ်ခုလိုတယ်.."

"ဟုတ်လား.. ဘာလဲ.."

"စွမ်းအင်တစ်ခုပေါ့ကွာ.. အပြင်မှာ တကယ်ရှိမရှိတောင် မသေချာပါဘူး.. အဲ့ဒီအကြောင်းကို ငါလည်း သေချာ စုံစမ်းနေတာဘဲ.. သိရင်တော့ အဲ့ဒီအရာကိုလိုက်ရှာရမှာပေါ့.."

မီးလျှံရှင်းပြတော့ ရှိုင်းက ခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေလေသည်။ ထို့နောက် ရှိုင်းရဲ့ ဝမ်းဗိုက်ထဲမှ ဂွီခနဲ အသံတစ်ချို့ထွက်လာတာကြောင့် ကိုယ့်ဗိုက်ကိုယ် လက်ကလေးနှင့်ဖုံးအုပ်လိုက်ရလေသည်။

သို့သော် နားပါးလှသော မီးလျှံကတော့ ကြားလိုက်ရပြီး ဗိုက်ဆာနေပြီဖြစ်သော ရှိုင်းကို ပြောလိုက်ရလေသည်။

"ကဲ.. အပေါ်ပြန်တက်တော့.. ဗိုက်ဆာနေပြီမလား.. လာ..သွားရအောင်.."

ရှိုင်းက ခေါင်းငြိမ့်ပြပြီးတော့ အိမ်ကြီးထဲကိုပြန်သွားရန် လှေကားနားကိုသွားလေသည်။ နောက်မှ ရုတ်တရတ် သတိရသွားဟန်ဖြင့် မီးလျှံဘက်ကို ပြန်လှည့်လာကာ ပြောလေသည်။

"ဟို.. နောက်ဆိုရင်လေ.. ခင်ဗျား အပြင်ကိုသွားတာဘဲဖြစ်ဖြစ်.. ဒီမြေအောက်ခန်းထဲကို လာတာဘဲဖြစ်ဖြစ် မသွားခင် ကျွန်တော့ကို ပြောသွားလို့ရလားဟင်?"

ရှိုင်းး လေသံပျော့လေးဖြင့်ပြောတာကို မီးလျှံက ဘာလဲဆိုသော သဘောဖြင့် မျက်မှောင်ကုတ်ကြည့်သည်။

ရှိုင်းက မျက်နှာငယ်လေးဖြင့် ပုခုံးလေးကိုတွန့်လိုက်ပြီး မီးလျှံကို မရဲတရဲ ပြန်ကြည့်ကာပြောလေသည်။

"ဟို..ဟို.. ခင်ဗျား အကြာကြီး အိမ်မှာမရှိဘူးဆိုရင်တောင် ခင်ဗျားဘယ်မှာရှိမှန်း ကျွန်တော်သိနေရရင် ပိုကောင်းလို့ပါ.. ဟို.. ကျွန်တော် ခင်ဗျားကို စိတ်ပူနေစရာ မလိုတော့ဘူးပေါ့.."

ရှိုင်းရဲ့ စကားဟာ မီးလျှံရဲ့ ရင်ထဲကို လျှပ်စီးလက်သလို သိမ့်ခနဲဖြစ်သွားစေသည်။ ထိုကောင်လေးဟာ မိမိလိုသူတစ်ပါးရဲ့ သွေးကို မှီခိုနေရတဲ့ ယုတ်ညံ့တဲ့ Vampire တစ်ကောင်အတွက် စိတ်ပူပန်ပေးနေသည်လေ။

"ချာတိတ်ရယ်.. ငါက မင်းစိတ်ပူပေးဖို့ မထိုက်တန်တဲ့ လူတစ်ယောက်ပါ.. သေသွားရင်တောင် ကမ႓ာလာကကြီးအတွက် ဘာမှဆုံးရှုံးသွားတာမရှိပါဘူး.."

မီးလျှံ စိတ်ထဲကသာထိုသို့ပြောလိုက်တာဖြစ်ပြီး အပြင်မှာ တကယ်တမ်းပြောလိုက်တာကတော့ ဆန့်ကျင်ဘက်။

"ငါ့ကိုစိတ်ပူနေရအောင် ငါကမင်းလို လူစဉ်မမှီတဲ့ဂျပုမဟုတ်ဘူး.. ကိုယ့်ဘာသာကိုယ်အဆင်ပြေတယ်.. မင်းဘာသာမင်းဘဲ စိတ်ပူ.."

ရှိုင်းကို ဘုကျကျပြောပြီး လှေကားထိပ်တွင်ရပ်နေသော ရှိုင်းကို ကျော်ကာ လှေကားပေါ်ကို တက်သွားသော မီးလျှံကို ရှိုင်း နောက်ကနေ လက်သီးဖြင့် ရွယ်လိုက်မိပြန်သည်။

ရင်ခုန်စရာလေးတွေ ကြုံရမယ် ကြံကာရှိသေး အမြဲတမ်း စိတ်တိုအောင်လုပ်တယ်။ အဲ့ဒါကြောင့် အခုထိ တစ်ယောက်တည်းဖြစ်နေတာ။ ဒီလို အဘိုးကြီးကို ချစ်မိတဲ့ ရှိုင်းကဘဲ ရူးနေတာနေမှာ။

*************************************************************************************************************

ရှိုင်း ပေါင်မုန့်တစ်လုံးကို Jam သုတ်နေရင် မျက်စိရှေ့တည့်တည့်က ကုလားထိုင်တွင်ထိုင်ကာ ၀ိုင်နှင့် တောထဲမှအမဲလိုက်ထားသော သွေးတွေကိုရောကာ သောက်နေသော မီးလျှံကို ကြည့်နေမိသည်။

၀ိုင်တစ်ပုလင်းလုံးကို သောက်နေတာ ပြောင်တော့မည်။ မနက်အစောကြီးကို သောက်နေတာ။ ကြာတော့ မြင်မကောင်းတော့။

"ခင်ဗျား လူစားတဲ့ အစားအစာလေးနည်းနည်းလောက် စမ်းစားကြည့်ဖိို့ စိတ်ကူးမရှိဘူးလား.."

ရှိုင်းပြောလိုက်တော့ မီးလျှံက မျက်လုံးတစ်ချက်လှန်ကာ ကြည့်ရင်း လက်ထဲမှာ ကိုင်ထားသော ၀ိုင်ခွက်ကို ရှိုင်းရှေ့ကို ထိုးပြလိုက်ကာ ပြောသည်။

"ဒီမှာ.. လူစားတဲ့အစားအစာ စားနေတာဘဲလေ.."

မီးလျှံရဲ့ ကပ်သီးကပ်ဖဲ့စကားကြောင့် စိတ်တိုသွားမိသည်။ မီးလျှံ တောထဲကနေယူလာပေးသော အသားကင်ကို ဓားနှင့် ဆောင့်ထိုးချလိုက်ပြီး မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်ပြောတာက အဲ့ဒီအရက်သေစာတွေ မဟုတ်တဲ့ တခြားလူအစားအစာကို စားကြည့်ပါလားလို့ပြောတာ.."

ထိုအခါ မီးလျှံက အမြင်ကပ်စရာကောင်းလောက်အောင်ပင် ၀ိိုင်ခွက်ကို တစ်ချက်လှုပ်လိုက်ကာ အမူအယာမပျက်ပြောလေသည်။

"ငါမှမကြိုက်တာ.. စားဖို့ လိုလည်း မလိုအပ်ဘူး.. ငါလည်း မကြိုက်လို့မစားတာ.. ဘာဖြစ်သွားလို့လဲ.."

စကားတတ်လှသော အဘိုးကြီးကို ရှိုင်း စကားနိုင်အောင် မပြောနိုင်..။ ဒါကြောင့် မျက်စောင်းကိုသာ နောက်တစ်ခေါက် ထပ်ထိုးလိုက်မိသည်။

"မင်းက အမြဲဒီလို စကားအရမ်းများတာဘဲလား.."

"ဟုတ်တယ်.. အဲ့ဒါဘာဖြစ်လဲ.."

ရှိုင်းက ပင်ကိုအားဖြင့် စကားနည်းကာ အနေအေးသူဖြစ်သော်လည်း မီးလျှံနှင့်ကျမှ သာလိကာဖြစ်သွားတာတော့ မတတ်နိုင်ဘူးလေ။

မီးလျှံလည်း ဘာမှမပြောတော့ဘဲ ပြောင်စင်သွားပြီဖြစ်သော ၀ိုင်ပုလင်းကို အမှိုက်ပုံးထဲထည့်ကာ ၀ိုင်ခွက်ကိုတော့ ရှိုင်းရှေ့ကိုချပေးလိုက်သည်။ ရှိုင်းဆေးရမယ်ဆိိုသော သဘော။ ပြီးတော့ လက်နောက်ပစ်ကာ ခပ်ချီချီပင် ထမင်းစားခန််းထဲက ထွက်သွားလေတော့သည်။

အခန််းဝရောက်သောအခါ နောက်ကိုရုတ်တရတ်ပြန်လှည့်လိုက်ပြီး ပြောလေသည်။

"အပြင်ကို ခဏသွားမလို့.."

"ဗျာ.. "

ဘာတွေပြောနေမှန်းမသိသဖြင့် နားမလည်သလိုလေး မော့ကြည့်မိတော့ ရှိုင်းကိုမျက်မှောင်ကုတ်ကာ ကြည့်နေသော မီးလျှံကိုတွေ့လိုက်ရလေသည်။

"အပြင်ခဏသွားမှာလို့ပြောတာလေ.."

"အဲ့ဒါဘာဖြစ်လဲ.."

မီးလျှံ ကျစ်ခနဲဆုပ်သပ်လိုက်သည်။

"မင်းကို တုံးတယ်လို့ပြောရင်လည်း မကြိုက်ဘူး.. မင်းဘဲ ငါသွားတဲ့နေရာတွေကို မင်းကိုပြောသွားပါဆို "

မီးလျှံရဲ့ စကားတို့ကြောင့် ရှိုင်း ဘာပြန်ပြောရမယ်မှန်းမသိဖြစ်နေကာ ကိုင်ထားသော ဓားနှင့်ခက်ရင်းကို ဒီအတိုုင်း ထားကာ မော့ကြည့်နေမိတော့တာ။

"အခု အပြင်ကို ခဏသွားမလို့.. ညကျရင် ပြန်လာခဲ့မယ်.. စောင့်မနေနဲ့ ဟုတ်ပြီလား.."

ထိုသို့ပြောပြီးတော့ မီးလျှံ ပြန်ထွက်သွားလေတော့ ရှိုင်းကလည်း ရုတ်တရတ်သတိရသွားကာ လက်ထဲက ဓားနှင့်ခက်ရင်းကို ချပြီး နောက်က အပြေးလိုက်သွားကာ မီးလျှံလက်ကိုဆွဲလိုက်မိသည်။

"ခဏ.. ခဏလေး.."

"ဘာလဲ.. ဘာဖြစ်ချင်ပြန်ပြီလဲ.."

ရှိုင်း မီးလျှံကို မျက်နှာငယ်လေးဖြင့် မော့ကြည့်လိုက်ပြန်လေသည်။ ပြီးတော့မှ မရဲတရဲပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားနဲ့ အပြင်ကို လိုက်လို့ရမလား.."

"ဘာ.."

မီးလျှံရဲ့ ကျယ်လောင်လှသော တုန့်ပြန်သံကြောင့် ရှိုင်း တုန်ခနဲဖြစ်သွားမိသည်။ ထို့နောက် မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် မော့ကြည့်လိုက်ကာ

"ကျွန်တော် ကျွန်တော့်ပါပါး အဆင်ပြေရဲ့လား သွားကြည့်ချင်လို့ပါ.. ကျွန်တော့်ကို ဒီကိုပို့လိုက်တုန်းက သူက စုန်းကဝေတွေနဲ့ ကျန်ခဲ့တာ.. တစ်ခုခုဖြစ်သွားမှာစိုးလို့.."

"စုန်းကဝေတွေနဲ့ ကျန်ခဲ့တာဆိုရင်တော့ သွားကြည့်မနေနဲ့တော့ .. အခုအချိန် မင်းပါပါး အရိုးတောင်ကျန်တော့မှာ မဟုတ်ဘူး.."

မီးလျှံစကားကြောင့် ရှိုင်း မျက်လုံးလေးတွေ ပိုပြူးသွားသည်။ မီးလျှံလက်ကို ကိုင်ထားတာကို မလွှတ်သေးဘဲ ဆက်ပြောသည်။

"ဘယ်လိုဘဲဖြစ်ဖြစ် အခြေအနေကို လုံးဝမသိတာထက်စာရင် ကိုယ်တိုင်သွားကြည့်ချင်လို့ပါ... ပြီး.. ပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ချင်လို့ ... ကျွန်တော် ကျောင်းမတက်တာ အရမ်းကြာနေပြီ.. အလုပ်ကလည်း မသွားတာကြာနေပြီ.."

တုန်တုန်ယင်ယင်ဖြင့်ရှိုင်း ရှင်းပြရှာသော်လည်း မီးလျှံရဲ့ ကုတ်ထားသော မျက်မှောင်တို့က ပြေကျမသွားသေး.။

"မင်း ပျောက်သွားရင် မင်းသေပြီးဘဲမှတ်ကြမှာပေါ့.. ပြီးတော့ ကျောင်းမတက်ရင် ကျောင်းထုတ်ခံရ.. အလုပ်မသွားရင် အလုပ်ထုတ်ခံရ.. ဒါဘဲဖြစ်မှာလေ. အပြင်သွားစရာလိုလို့လား.."

ရှိုင်းမျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားသည်။

"ကျွန်တော် ဒီအိမ်ထဲမှာ အပြင်လည်း လုံးဝ မထွက်ရဘူး.. အပြင်ကိုခဏထွက်ပြီး အခြေအနေလေးဘာလေး ကြည့်ချင်လို့ပါ.."

"ဒီမှာချာတိတ်.. ငါမင်းကိုပြောထားပြီးသား .. မင်းဒီခြံပြင်ကိုထွက်လိုက်တာနဲ့ ငါ့ခွင့်ပြုချက်မပါဘဲ ပြန်ဝင်လို့မရသလို.. ငါကလည်း မင်းကို နောက်တစ်ကြိမ် ပြန်ဝင်ခွင့်ပေးချင်မှပေးမှာ.. ဒါကြောင့် မင်းဘာသာ မင်းစဉ်းစား.. ဒီအိမ်မှာဘဲ အေးအေးချမ်းချမ်းနေမလား.. ငါနဲ့ အပြင်လိုက်ပြီး အပြင်မှာဘဲ တစ်သက်လုံးနေမလား.. ဒါဆိုရင်တော့ မင်းလည်ပင်းက ပယင်းကျောက်ကို မားကပ်စ်တို့က လာလုမှာဘဲ.."

မီးလျှံ ရှိုင်းကို နောက်ချင်သဖြင့် ထိုသို့ပြောလိုက်တာဖြစ်သော်လည်း ရှိုင်းမျက်နှာလေးကတော့ ပြိုတော့မည့်မိုးလိုဖြစ်သွားလေသည်။ ချက်ချင်းပင် မျက်ရည်တွေ ဝဲတက်လာကာ မီးလျှံလက်ကို ကိုင်ထားတာကို ချက်ချင်းလွှတ်ချလိုက်သည်။

"မသွားတော့ပါဘူး.. ကျွန်တော် သဘောပေါက်ပါပြီ.."

ထိုသို့ပြောလိုက်ပြီးတော့ ထမင်းစားစားပွဲကိုပြန်သွားကာ မနက်စာပြန်စားနေလေသည်။

မီးလျှံပြောသလိုပင် ရှိုင်းရဲ့ အခြေအနေက မီးလျှံဆီက လောဘတကြီးတောင်းဆိုချင်တာတွေများလို့ရတဲ့အခြေအနေမဟုတ်။ မီးလျှံအနားမှာဘဲ ငြိမ်ကုပ်နေသင့်တဲ့အခြေအနေမျိုး။ ပြီးတော့ ကိုယ်တိုင်ကလည်း အခုအချိန်မှာ ထိုလူကြီးနဲ့ အဝေးမှာနေနိုင်သေးတာမဟုတ်။ ပါပါးကိုစိတ်ပူပေမယ့် ရှိုင်းဘက်က ဘာမှတတ်နိုင်တာမရှိ..။ ပါပါးနားကိုမဆင်မခြင်သွားလိုက်လို့ ပါပါးတစ်ခုခုဖြစ်မှာလည်းကြောက်သည်။

မီးလျှံပြောလိုက်သော စကားတွေက ရှိုင်းရင်ကို ဝမ်းနည်းစေသော်လည်း သူပြောသော စကားတွေက အမှန်ပင်။ ကိုယ့်အခြေအနေကိုယ်မေ့နေမိတာ။ ဝဲတက်လာသော မျက်ရည်စတွေကို မကျအောင် မျက်လုံးကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်နေလိုက်ရင်း အသားကိုသာ ဓားနှင့်လှီးကာ ကိုက်စားနေလိုက်မိသည်။

မိးလျှံ ရှိုင်းဖြစ်သွားသော အခြေအနေကို ကြည့်သည်။ ပြီးတော့ ထမင်းစားခန်းအပေါက်ဝကနေ အသံထပ်ပေးသည်။

"လိုက်ချင်လည်း လိုက်လို့ရတယ်နော်.."

"မလိုက်တော့ဘူး.."

ရှိုင်းက အသံစူးစူးလေးနဲ့အော်ပြောလေသည်။ စိတ်ကောက်သွားတာသိသော်လည်း ပြန်ရောက်တော့မှ တစ်ခုခုဝယ်လာပေးတော့မည်။ ဒီချာတိတ်လေးက ကြာကြာ စိတ်ဆိုးတတ်တဲ့လူမှ မဟုတ်တာ။

ထိုသို့တွေးလိုက်မိရင်း မီးလျှံ ထပ်ပြောလိုက်သည်။

"ဒါဆို ငါသွားပြီ.. ကောင်းကောင်းနေခဲ့.. "

************************************************************************************************************

"ချာတိတ်.."

ဒုန်း ဒုန်း ဒုန်း..

"ချာတိတ်.. အိပ်ပြီလား.."

ညနေစောင်းအချိန် မီးလျှံ အပြင်က ပြန်ရောက်တော့ အမြဲတမ်း စောင့်ပေးနေကြ ချာတိတ်လေးက အခုတော့ စောင့်မနေ။ အခုမှညနေစောင်းသာရှိသေးတာကြောင့် အိပ်ချိန်လည်း မဟုတ်သေး။ အမြဲ အပြန်နောက်ကျတိုင်း ပြန်လာတဲ့အထိ စောင့်နေတတ်ကာ အသံစူးစူးလေးနဲ့ ဗျစ်တောက်ဗျစ်တောက်ပြောတတ်သော ချာတိတ်လေးက အခုစောင့်မနေတော့ မီးလျှံစိတ်ထဲ တစ်မျိုးပင်။ အိမ်မှာ တစ်ခုုခုလိုအပ်နေသလိုမျိုးကြီး..။

မနက်က အပြင်ခေါ်မသွားလို့ စိတ်မကောင်းဖြစ်သွားသည်တူသည်။

မီးလျှံ ဂရုမစိုက်ဘဲနေလိုက်တော့ မလို့ စိတ်ကူးမိသော်လည်း အခုထက်ထိ ဘာသံမှမကြားရတော့ မီးလျှံ မနေနိုင်တော့။

အပေါ်ထပ်က ပိတ်ထားသော ရှိုင်းရဲ့ အခန်းတံခါးရှေ့ကိုတက်လာကာ တံခါးခေါက်မိသည်အထိ ဘာဆိုဘာမှတုန့်ပြန်သံ မကြားရသေးပါ။ တကယ်ကြီးကို စိတ်ကောက်နေသည်ထင်သည်။

ဒါကြောင့် နောက်ထပ်တစ်ခေါက် တံခါးထပ်ခေါက်ကြည့်မိသည်။

ဒုန်းဒုန်းဒုန်း..

"ချာတိတ်.. မင်းအိပ်ချင်ယောင်ဆောင်မနေနဲ့ မင်းနို်းနေတာ ငါသိတယ်.."

အခုအချိန်ထိ အခန်းတံခါးလေးက ပွင့်မလာသေး..။ မီးလျှံ စိတ်မရှည်တော့။ ဒီချာတိတ်လေး လူကြီးကို မလေးမစားလုပ်တာတွေ အရမ်းကိုများနေပြီ။

"ချာတိတ်.. ငါတံခါးဖွင့်လာမှာနော်.."

မီးလျှံထိုသို့ပြောလိုက်ပြီး ချက်ချင်းပင် တံခါးဖွင့်ဝင်သွားလိုက်တော့ စောင်ကို ခေါင်းမြီးခြုံကာ တစ်ဖက်ကိုလှည့်ပြီး အိပ်ချင်ယောင်ဆောင်နေသော ရှီုင်းကို တွေ့လိုက်ရလေသည်။

မီးလျှံက ကုုတင်နားကို သွားလိုက်ပြီး ခြုံထားသောစောင်ကို အောက်ကိုဆွဲချလိုက်တော့ မျက်မှောင်ကုတ်ကာ မော့ကြည့်ပြီး ထထိုင်လေသည်။

"ဘာလဲ.. အိပ်နေတာကို ဘာလို့နှောင့်ယှက်တာလဲ.."

"မင်းက မကြီးမငယ်နဲ့စိတ်ကောက်ပြနေတာလား.."

"ကောက်စရာလား.. ပြီးတော့ ခင်ဗျားဘဲ ကျွန်တော့်ကို လူစဉ်မမှီဘူးဆိုပြီး အခုကျဘာလို့ မကြီးမငယ်လို့ပြောသေးလဲ.."

ရှုံ့မဲ့နေသော ရှီုင်းရဲ့မျက်နှာကို ကြည့်ပြီး မနက်က အပြင်မခေါ်သွားတဲ့ကိစ္စ အခုထိ မကျေနပ်သေးဘူးဆိုတာသိလိုက်သည်။

မီးလျှံ မခေါ်သွားချင်လိုု့မဟုတ်ပါ။ အခု Nebbia မြို့ထဲတွင် စုန်းကဝေတွေ ခြေချင်းလိမ်နေတာ။ ဘာအကြောင်းကြောင့်လဲဆိုတာတော့ သေချာမသိသေးပေမယ့် တကယ့်တကယ်တမ်း မီးလျှံနှင့် မားကပ်စ်တို့ တစ်ခုခုဖြစ်မည်ဆိုလျှင် ရှိုင်းကိုသေချာကာကွယ်နိုင်မှာမဟုတ်ပေ။ အိမ်ထဲမှာ ဘယ်သူမှသတိိမထားမိအောင်နေတာကဘဲ အကောင်းဆုံးလို့ ထင်ထားတာကြောင့်ပါ။ ဒါကိုချာတိတ်လေးက နားမလည်ပေ။ မီးလျှံ နားလည်အောင်လည်း ချိုချိုသာသာ မပြောတတ်။ ပြောလည်း မပြောချင်။

"ငါ.. Drawing Book အသစ်ဝယ်လာတယ် Water Color တွေလည်း ပါတယ်.. အောက်ထပ်မှာ.."

မီးလျှံစကားကိုကြားတော့ မျက်လုံးလှန်ကြည့်သည်။

"မနက်ကျမှကြည့်မယ် ထားထားလိုက်.."

အရင်က တစ်ခုခုနဲ့ချော့လိုက်တိုင်း ချက်ချင်းစိတ်ပြေသွားတတ်တဲ့ ရှိုင်းက အခုထိ စိတ်ပြေသေးဟန်မတူ။

"ဘာလဲ.. မင်းက မနက်က ကိစ္စအခုထိ အခဲမကျေသေးတာလား.."

မီးလျှံမေးလိုက်မိတော့ ရှိုင်းက မျက်လုံးလေးတွေ ပုတ်ခတ်ပုတ််ခတ်ဖြင့် ခေါင်းခါပြသည်။

"အခဲမကျေတာမဟုတ်ပါဘူး.. ကျွန်တော်က ခင်ဗျားအိမ်မှာကပ်နေရတာပါ.. ခင်ဗျားအပေါ်မှာ မကျေမနပ်ဖြစ်ခွင့်မရှိိပါဘူး.."

"ဒါဖြင့် မင်းကဘာလို့ဒီလိုပုံစံဖြစ်နေရတာလဲ.."

အမြဲတမ်း စကားများပြီး ပြုံးရွှင်နေတတ်တဲ့ ကောင်လေးက ဒီလိုပုံစံမျိုးဖြစ်နေတော့ မီးလျှံ မနေတတ်တော့ဘူးလေ။ ပြောရမယ်ဆိုရင် ရှိုင်းနဲ့ တစ်အိမ်တည်းမှာ အတူတူနေရတာကို အသားကျလာပြီဆိုတဲ့သဘောပင်။

ရှိုင်းက မီးလျှံကို မော့မကြည့်လာဘဲ လေသံပျော့လေးနဲ့ပြောလေသည်။

"ကျွန်တော် ကိုယ့်အခြေအနေကိုယ့်မေ့ပြီး ခင်ဗျားဆီက လောဘတကြီး တောင်းဆိုတာတွေ အရမ်းကို များနေမိတာကို ကိုယ့်ဘာသာကိုယ် သတိထားမိသွားလို့ပါ.."

ရှိုင်းက ပြောရင်းပြောရင်း မျက်ရည်တွေ ဝဲတက်လာသည်။ ရှည်လျားကော့ညွတ်နေသော မျက်တောင်ရည်ကြီးတွေမှာ မျက်ရည်အချို့စိုစွတ်ချင်လာတာကို မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ထိန်းချုပ်လိုက်ကာ ခါးထိခြုံထားသော စောင်အစကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီးပြောလေသည်။

"ကျွန်တော့်အခြေအနေက အခု ဘာဖြစ်ချင်တယ် ညာဖြစ််ချင်တယ် တောင်းဆိုလို့ရတဲ့ အနေအထားမှာမှမရှိိတာ.. ကျွန်တော့်ကြောင့် ကျွန်တော်နဲ့ပတ်သက်တဲ့လူတွေ အားလုံးဒုက္ခရောက်နေတဲ့အချိန်မှာ.."

ဒီလိုပြောလိုက်တော့လည်း စိတ်မကောင်း။ မနက်က မီးလျှံနောက်ပြီး ပြောလိုက်မိတဲ့ ခပ်ပေါ့ပေါ့စကားတွေက ရှိုင်းကို ဒီလောက်ထိ စိတ်မကောင်းဖြစ််သွားစေလိမ့်မယ်လို့မထင်မိခဲ့.. ။ ဒါကြောင့် လေသံကိုတစ်ချက်လျှော့လိုက်ကာ ပြောလိုက်ရသည်။

"မဟုတ်ပါဘူး.. မနက်က ငါပြောလိုက်တာက.."

မီးလျှံစကားမဆုံးသေး ရှိုင်းက ခေါင်းခါပြလိုက်ကာ စကားကိုဖြတ်ပြောသည်။

"မဟုတ်ပါဘူး.. ခင်ဗျားပြောတာမှန်ပါတယ်.. ကျွန်တော့်ကို ဒီလိုပြောပိုင်ခွင့်လည်းရှိပါတယ်.. ကျွန်တော်က ခင်ဗျားနဲ့ဘဲနေချင်နေသေးတော့ အပြင်ကိုမထွက်ရဘူးဆိုရင်လည်း မထွက်ပါဘူး.. ခင်ဗျားကျွန်တော့်ကို ပြန်လက်မခံတော့မှာ ကြောက်တယ်.. "

ထို့သို့ပြောလိုက်ရင်း အခုတိုင် အနည်းငယ်စိုစွတ်နေသေးသော မျက်တောင်ဖျားလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ မီးလျှံကို မော့ကြည့်လေသည်။

ထိုပုံစံလေးကို မြင်လိုက်ရလေတော့ မီးလျှံ စိတ်တွေ နူးညံ့သွားရပြန်လေပြီ။

အကြာကြီးခွဲနေရပြီး အနရာယ်လည်း ကြုံခဲ့ရတဲ့အတွက် မိသားစုကို စိတ်ပူနေရှာတော့မည်။ အပြင်ကို ကိုယ်တိုင်စောင့်ရှောက်ပေးဖို့လိုအပ်တယ်လို့ တစ်လက်စတည်းပင် ဆုံးဖြတ်ချက်ချလိုက်မိပြီ..။ ဒါကြောင့် ကုတင်ပေါ်တွင် ထိုင်နေသေးသော ရှိုင်းရဲ့ လက်ကို လှမ်းဆွဲကာ ထခိိုင်းလိုက်သည်။

"ထ.."

"ဗျာ.."

မျက်လုံးပြူးလေးဖြင့် မော့ကြည့်လာသော ရှိုင်းကို လျစ်လျူရှူကာ အတင်းထထိုင်ခိုင်းလိုက်သည်။

"ထလေ.. မင်းဘဲ အပြင်သွားချင်တယ်ဆို.."

"မသွားတော့ပါဘူးဆို.. ကျွန်တော် ဒီမှာနေမှဖြစ်မှာမို့လို့ပါဆို.. ခင်ဗျားဘဲ အပြင်ထွက်ပြီးရင် ပြန်လက်မခံတော့ဘူးဆို.."

မီးလျှံစိတ်မရှည်သဖြင့် ကျစ်ခနဲဆုပ်သပ်လိုက်မိကာ ခေါင်းကိုလည်း ခါရမ်းလိုက်မိသည်။ လက်မောင်းနှစ်ဖက်မှဆွဲမကာ ထထိုင်ခိုင်းလိုက်မိသည်။

"ဘာ.. ဘာလုပ်တာလဲဗျ.."

"မင်းကို အပြင်ကိုလိုက်ပို့ပေးမယ်လေ.. မင်းအဖေနဲ့တွေ့ချင်တယ်ဆို."

"ခင်ဗျားဘဲ..ကျွန်တော့ကို.."

"ကျွတ် စကားက အရမ်းရှည်တာဘဲ.. ငါကိုယ်တိုင် လိုက်ပို့ပေးမယ်.. အိမ်မှာလည်း ပြန်နေခွင့်ပေးမယ် စိတ်ချ..ဟုတ်ပြီလား.. အခုသွားမယ်လာ.."

မီးလျှံပြောရင် ရှိုင်းကို အခန်းပြင်ကို အတင်းဆွဲခေါ်တော့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေကာ မျက်လုံးပြူးလေးဖြင့် ပြောလေသည်။

"ဒါ..ဒါပေမယ့် အခုက မိုးချုပ်တော့မယ်လေ.."

"မိုးချုပ်လည်း ဘာဖြစ်လည်း.. လုပ်ရမယ့် အလုပ်ကို အခုလုပ်ပါလား.."

ပြောပြောဆိုဆိုနှင့် မီးလျှ့ံ ရှိုင်းကို အိမ်အောက်ကို အတင်းလက်ဆွဲခေါ်နေလေတော့ ရှိုင်း ယက်ကန်ယက်ကန်ဖြင့်ပင် ပါလာရလေတော့သည်။ စိတ်ထဲက ပျော်သွားမိသော်လည်း မီးလျှံဟာ ရှိုင်းကိုဆို အမြဲ စကားအကောင်းမပြောသဖြင့် သိိပ်မကျေနပ်.။ အခုလည်း် ကြည့်လေ.. မပို့ဘူးဆိုတော့လည်း မပို့လို့။ ပို့မယ်ဆိုတော့လည်း ချက်ချင်းကြီး..။

မီးလျှံကို ရှိုင်းက လှေကားနောက်ကနေဆင့် မြေအောက်ခန်းဘက်ကိုခေါ်သွားလေသည်။ ထို့နောက် မြေအောက်ခန်းအတွင်းဘက်က တံခါးတစ်ခုရှေ့ကိုရောက်သွားလေသည်။ ထို့နောက် ထိုတံခါးကိုဆွဲဖွင့်လိုက်လေသော အခါ မြေအောက်လိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရလေရာ ရှိုင်း မျက်လုံးပြူးသွားလေသည်။

"ခင်ဗျား ခြံပေါက်ဝက မထွက်ဘဲ ဘာလို့ ဒီကထွက်တာလဲ.."

မီးလျှံ တံခါးပေါက်မှတဆင့် လိုဏ်ခေါင်းထဲကို ဝင်သွားရင်း ပြောလေသည်။

"အမြဲခြံထဲကထွက်နေရင် စောင့်ကြည့်နေတဲ့ စုန်းကဝေတွေ ရိပ်မိကုန်မှာပေါ့. ဒီကထွက်ရင် ဘယ်သူမှမသိနိုင်ဘူး.."

မီးလျှံနှင့်ထို အိိမ်ကြီးတွင် ရိိှုင်းမသိသော လျှို့ဝှက်ချက်တွေ အရမ်းကို များပါလားဟု တွေးလိုက်မိပြီးတော့မှ တံခါးဖွင့်ကာ လိုဏ်ခေါင်းထဲကို ဝင်သွားသော မီးလျှံနောက်ကို ကမန်းကတန်းလိုက်သွားမိလေတော့သည်။

လိုဏ်ခေါင်းက အရမ်းကြီးမကျယ်သော်လည်း ကားတစ်စီးတော့ ကောင်းကောင်းမောင်းဝင်လိို့တော့ရလေသည်။ ပြီးတော့ လျှပ်စစ်မီးသီးတွေလည်း သေချာတပ်ဆင်ထားသည်ကိုတွေ့လိုက်ရလေသည်။

မီးလျှံရဲ့ သေချာစဉ်းစားတတ်ပုံကိုတော့ ရှိုင်း အထင်မကြီးမိဘဲ မနေနိုင်တော့။

မီးလျှံက လိုဏ်ခေါင်းထဲကို လမ်းလျှောက်ဝင်လာလိုက်ပြီးတော့မှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်က ခပ်ကုတ်ကုတ်လိုက်လာသော ရှိုင်းဘက်ကို ြပြန်လှည့်ကြည့်ကာပြောလိုက်သည်။

"အရင်တုန်းက ငါက ဒီိလိုဏ်ခေါင်းကနေ အပြင်ဘက်ကို ကားမောင်းပြီးသွားနေကြ..ဒါပေမယ့် အဲ့ဒီကားကပျက်နေတော့ ငါဒီအတိုင်းပြေးသွားနေရတာ.. ငါကပြေးသွားရတာ နာရီဝက်လောက်ဘဲကြာနိုင်လောက်ပေမယ့်.. မင်းကတော့ နှစ်နာရီသုံးနာရီလောက်ကြာမယ်ထင်တယ်.."

မီးလျှံစကားကြောင့် ရှိုင်း မျက်လုံးပြူးသွားမိသလို စိတ်လည်း ပျက်သွားမိလေသည်။ ရှိုင်းတော့ အပြင်ထွက်ဖို့ ကံမပါလာဘူးထင်သည်။

စိတ်ပျက်လက်ပျက်ဖြင့်ရေရွတ်လိုက်မိသည်။

"ထားလိုက်ပါတော့ဗျာ.. ကျွန်တော် မသွားတော့့ပါဘူး.. ကျွန်တော်နဲ့အတူတော့ ခင်ဗျားကို သုံးနာရီလောက် လမ်းလျှောက်မခိုင်းချင်တော့ပါဘူး.. အားနာပါတယ်.."

ရှိုင်းက ထိုသို့ပြောလိုက်ကာ မြေအောက်ခန်းထဲကို ပြန်ဝင်ဖိို့ ပြင်နေလေသော အခါ မီးလျှံက လက်ဆွဲကာ တားပြန်လေသည်။

"ငါက မင်းကိုလိုက်ပို့ပေးမယ်ဆိုရင် ရအောင်ကိုလိုက်ပို့ပေးမှာပေါ့ .. ယောက်ျားလေးဖြစ်ပြီး လက်လျှော့တာ မြန်လိုက်တာ.."

မီးလျှံစကားကြောင့်ရှိုင်း နားမလည်သလိုလေး မော့ကြည့်ရှာလေသည်။

"ဒါဖြင့်.. ခင်ဗျားက ကျွန်တော်နဲ့ တစ်ညလုံးလမ်းလျှောက်ပေးမယ်ပေါ့ ..ဟုတ်လား.."

မီးလျှံက ခေါင်းခါပြကာ

"ငါ့မှာ အဲ့ဒီလောက် အချိန်မရှိသလို ..စိတ်လည်းမရှည်ဘူး.."

"ဒါဖြင့် ဘယ်လိုသွားမှာလဲ မိုးပေါ်က ပျံသွားရမှာလား စုန်းကဝေတွေ မတွေ့အောင်."

စိတ်ပေါက်ပေါက်ဖြင့် ရှိုင်း ဘုတောလိုက်မိတော့ မီးလျှံက တစ်ချက်ပြုံးလိုက်ကာ ပြောသည်။

"မလိုပါဘူးကွာ..အဲ့ဒီလောက်.. မြန်မြန်ရောက်ဖို့က လွယ်ပါတယ်.."

မီးလျှံ ထိုသို့ပြောလိုက်ပြီး နားမလည်သလိုလေး မော့ကြည့်နေရှာသော ရှိုင်းကို လက်နှစ်ဖက်မှ ဆွဲမကာ ကျောပေါ်ကို တင်ကာ ကျောပိုးလိုက်လေသည်။

ရှိုင်းတစ်ယောက် ဘာမှကို ပြန်ပြောချိန်မရလိုက်ဘဲ ငှက်မွှေးလေးတစ်ခုလို ဖတ်ခနဲ မီးလျှံကျောပေါ်ကိုရောက်သွားလေတော့သည်။ ရုတ်တရတ်မို့လန့်သွားပြီး လက်နှစ်ဖက်ကော ခြေတောက်နှစ်ဖက်ကိုပါ မီးလျှံရဲ့ ခနာကိုယ်ကို ဖက်တွယ်ထားလိုက်မိလေတော့တာ။

ပြီးတော့ လွန်ခဲ့သောရှစ်နှစ်ခန့်က မီးလျှံ ရှိုင်းကို ကျောပိုးခဲ့ဖူးတာကို သတိရသွားမိသလို မီးလျှံရဲ့ ဒီလို ရှားရှားပါးပါးပြတတ်တဲ့ အကြင်နာကွက်ကျားမိုးကြောင့် သူ့ကိုစွဲလန်းခဲ့ရတာကိုလည်း ကိုယ့်ဘာသာကိုယ်သိလိုက်မိနေတော့တာ။

အခုလည်း ဒီလူကြီး တစ်ဖက်လူရဲ့ စိတ်ထဲ ဘာဖြစ်သွားနိုင်တယ်ဆိုတာကို ဂရုမစိုက်။ သူလုပ်ချင်ရာလုပ်နေပြန်ပြီ။

"သေချာကိုင်ထား ပြုတ်ကျမှာကြောက်ရင်.. ပြီးတော့ မျက်လုံးလည်း မှိတ်ထား.."

မီးလျှံရဲ့လည်ပင်းကိုဖက်ထားသော ရှိုင်းရဲ့ကလက်ကလေးတွေကို သေချာကိုင်ခိုင်းထားလိုက်ပြီး သူကတော့ ခါးကိုဖက်တွယ်ထားသော ရှိုင်းရဲ့ ခြေတောက်လေးတွေကို သေချာ ကိုင်ထားလိုက်ကာ လျင်မြန်သော အရှိန်ဖြင့် ပြေးလေတော့သည်။

ရှိုင်းကတော့ ခေါင်းလေးကို မီးလျှံရဲ့နောက်ဘက်တွင် မှီတင်ထားရင်း ကြောက်နေမိသည်။ ချွေးစေးတွေ ပြန်ကာ မျက်လုံးကိုလည်း စုံမှိတ်ထားမိသည်။ ရှိုင်း ကိုယ်ပေါ်က ပြုတ်ကျမှာကြောက်တာမဟုတ် သူ့ကျောပြင်နှင့်ကပ်နေသော မိမိရဲ့ ရင်ဘတ်ထဲမှ ဝုန်းဒိုင်းကြဲနှလုံးခုန်သံတွေကို ကြားသွားမှာကြောက်နေမိတာဖြစ်သည်။

Background Music - Stay With Me By Chanyeol and Punch ( Goblin Ost)

*************************************************************************************************************

**********

Zawgyi

**********

Star Falls For Flame Part (2)

မီးလွ်ံ နွစ္နွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနရာမွ အိပ္ေရး၀စြာျဖင့္ႏိုးလာခဲ့သည္။ ကိုယ့္ကိုယ္ကိုသတိထားျကည့္လိုက္မိေတာ့ မေန႔ညကအတိုင္းပင္ ကိုယ့္ကိုယ့္ကို ခ်ည္ေနွာင္ထားခဲ့ေသာ သံျကိုးေတြ ခတ္လ်က္ နံရံတြင္ မွီအိပ္ေနမိတာ။

မီးတုတ္မွ မီးမ်ားက ျငိမ္းသြားျပီျဖစ္ျပီး မ်က္နွာက်က္မွာ လွ်ပ္စစ္မီးဆိုင္းကလည္း ေနေရာင္ မ၀င္ႏိုင္ေသာ ေျမေအာက္ခန္းကို အလင္းေရာင္ေကာင္းစြာမေပးႏိုင္။

မီးလွ်ံ ထရပ္ဖို႔အျကံနွင့္ ကိုယ္ကို လႈပ္ျကည့္လိုက္ေတာ့ လက္ေမာင္းေပၚကို တစ္စံုတစ္ခုက ဖိထားတယ္ဆိုတာကို ခံစားလိုက္မိသျဖင့္ ေဘးကိုျကည့္လိုက္မိေလသည္။ ေငြေရာင္ဆံပင္ေလးေတြနဲ႔ ေခါင္းလံုးလံုးေလးက မီးလွ်ံရဲ႕လက္ေမာင္းမွာ ကပ္ေနတာကို ျမင္လိုက္ရေလသည္။

နံေဘးတြင္ ခႏၶာကိုယ္ေလးကို မီးလွ်ံဘက္ကို ကိုင္းခ်ကာ လက္ေမာင္းကို မွီျပီး အက်အနအိပ္ေပ်ာ္ေနေသာ ခ်ာတိတ္ေလး။ အသက္ရွဴသံမွ်င္မွ်င္ေလးကို မီးလွ်ံ အတိုင္းသားျကားေနရေလသည္။ မီးလွ်ံ ခႏၶာကိုယ္ကိုလႈပ္ရွားလိုက္တာေတာင္ မနိုးလာေသးေသာ ခ်ာတိတ္ေလး။ ဒီလိုေျမေအာက္ခန္္းမွာ အိပ္ေနရတာ ေမႊ႔ယာေပၚမွာအိပ္ေနရတယ္လို႔မ်ားထင္ေနလားမသိ။ ေခါင္းေလးကို အနည္းငယ္တိုးေ၀ွ႔လိုက္ကာ ျပန္အိပ္ေနေတာ့တာ။ ျပီးေတာ့ ညကတည္းက ဆုပ္ကိုင္ထားမိတဲ့လက္ေလးက အခုထိ မလႊတ္ထားမိေသးဘဲ ေနာက္လက္ေလးတစ္ဖက္က မီးလွ်ံရဲ႕ လက္အေပၚကို လာထိထားေသးသည္။

ဒီေကာင္ေလး ဒီအတိုင္း အိပ္ေပ်ာ္ေနတာ ဘယ္ေလာက္ျကာေနျပီလဲမသိ။ သူထိုင္ေနေသာ အေနအထားက သက္ေတာင့္သက္သာ အေနအထားမဟုတ္တာေျကာင့္ မီးလွ်ံ အားနာသြားမိသည္။

"ခ်ာတိတ္.."

"........."

"ခ်ာတိတ္ ထ.. ထ.."

"အမ္..အင္း... ဘာလဲ.. ဘာျကီးလဲ.."

မီးလွ်ံ လက္ေမာင္းကိုမွီအိပ္ေနေသာ ေငြေရာင္ဆံပင္ေလးေတြကို ဆြဲဖြျပီး ႏႈိးလိုက္ေတာ့မွ ကေယာင္ကတမ္းေတြ ေျပာျပီး ႏိုးလာကာ မပြင့္တပြင့္ မ်က္လံုးေလးေတြနဲ႔ မီးလွ်ံကို ေမာ့ျကည့္သည္။

မီးလွ်ံ ႏိုးေနတာကို ျမင္သြားေတာ့မွ လက္ကေလးတစ္ဖက္က မ်က္နွာကိုလာကိုင္ျပီးေမးသည္။

"ခင္ဗ်ားအဆင္ေျပသြားျပီလား.. ဗိုက္ဆာေသးလား"

မီးလွ်ံေခါင္းခါျပလိုက္ေတာ့မွ ရိႈင္းက သက္ျပင္းတစ္ခ်က္ခ်လိိုက္ျပီး အိပ္ေရးမ၀ေသးဟန္ တစ္ခ်က္သမ္းေ၀လိုက္ျပီး ဘာလိုလိုညာလိိုလိုနွင့္ လက္ေမာင္းကို လာျပန္မွီလိုက္ကာ အိပ္ေနျပန္ေလသည္။

မီးလွ်ံက မသိမသာ တစ္ခ်က္ရယ္လိုက္ျပီးေတာ့မွ မွီထားေသာ လက္ေမာင္းကို လႈပ္လိုက္ျပီး ျပန္ႏိုးရေလသည္။

"ထေတာ့ေလ.. ဒါဇိမ္ခံျပီး အိပ္လို႔ရတဲ့ေနရာ မဟုတ္ဘူး.. ျပီးေတာ့ မင္းမွီအိပ္ေနရေအာင္ ငါလက္ေမာင္းက ေခါင္းအံုးမဟုတ္ဘူး.."

ခပ္ဆတ္ဆတ္ေျပာလိုက္ေသာ မီးလွ်ံရဲ႕ အသံေျကာင့္ ရိႈင္း နွာေခါင္းကိုရွံဳ႕လိုက္မိသည္။ လက္ေမာင္းေလး မွီအိပ္မိတာ အသားပဲ့ပါသြားတာက်ေနတာဘဲ။ သူက်ေတာ့ တစ္ညလံုးလက္ကိုကိုင္ထားျပီးေတာ့ ရိႈင္းျကေတာ့သူ႔ကို နည္းနည္းေလးမွအသားယူခြင့္ေတာင္မရ။

"ထေလ..."

မီးလွ်ံေနာက္တစ္ေခါက္ထပ္ေျပာလိုက္ေတာ့မွ ရိႈင္းက ေခါင္းေထာင္လိုက္ကာ ဆုပ္ကိုင္ထားေသာ မီးလွ်ံလက္မ်ားမွရုန္းထြက္လိုက္ျပီး မ်က္လံုးေလးေတြကို လက္နွင့္ပြတ္ေနသည္။

"ခင္ဗ်ားက ဘယ္လိုလုပ္ျပီး ဒီေနရာျကီးမွာ ကိုယ့္ဘာသာကိုယ္သံျကိုးေတြနဲ႔ခ်ည္ထားရတာလဲ.. ျပီးေတာ့ ခင္ဗ်ား အျကာျကီးေပ်ာက္ေပ်ာက္သြားတာ ဒီမွာ ဘာေတြမ်ားလုပ္ေနလို႔လဲ"

ရိႈင္းရဲ႕ အေမးကို မီးလွ်ံက အျကည့္လႊဲလိုက္ကာ ေျဖသည္။

"မင္းသိစရာ မလိုဘူး.. မင္းနဲ႔မဆိုင္ဘူးခ်ာတိတ္.."

ေျပာေျပာဆိုဆိုနွင့္ မီးလွ်ံက ထိုင္ေနရာမွထျပီး သူ႕လက္တြင္ခ်ည္ေနွာင္ထားေသာ သံျကိုးေတြကို ျဖဳတ္ေနသည္။ ရိႈင္းစိတ္တိုသြားသည္။

"ကၽြန္ေတာ္နဲ႔ မဆိုင္ဘူးဆိုတာ ကၽြန္ေတာ္သိတယ္.. ဒါေပမယ့္ ကၽြန္ေတာ္သိခြင့္ေလးေတာ့ရွိတယ္လို႔ထင္တယ္.. ကၽြန္ေတာ္က ခင္ဗ်ားအိမ္မွာေနေနရတာပါ... ကၽြန္ေတာ္ ဘာမွမသိဘူးဆိုရင္ မေန႔ကလိုခင္ဗ်ားတစ္ခုခုျဖစ္ေနရင္ ဘယ္လိုလုပ္ကူညီႏိုင္မွာလည္း.."

ခ်ာတိတ္ေလးရဲ႕မ်က္နွာနီရဲေနျပီးေတာ့ အသံကလည္း တုန္လာတာကိုသတိထားလိုက္မိျပီး မီးလွ်ံ သနားသြားမိသည္။ ဘာဆိုဘာမွမသိဘဲ Vampire တစ္ေယာက္ရဲ႕ အစာအျဖစ္ ေတာနက္ျကီးထဲမွာေနေနရတဲ့အတြက္ ရိႈင္းအတြက္လြယ္မွာမဟုတ္။ ျပီးေတာ့ မီးလွ်ံက မေန႔ကလို အျဖစ္အပ်က္မ်ိဳးေတြ ခဏခဏျဖစ္ေနတတ္ေတာ့ ေျကာက္ေနရွာလိမ့္မည္။ အေျကာင္းစံုေျပာျပထားလိုက္ရင္ တစ္ေယာက္နွင့္တစ္ေယာက္ ကူညီႏိုင္လိမ့္မည္ဟုေတြးလိုက္မိသည္။ ဒါေျကာင့္ မီးလွ်ံ စိတ္ေလွ်ာ႔လိုက္ကာ သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။

ျပီးေတာ့လက္မွခ်ည္ထားတဲ့ သံျကိုးေတြကို ကိုယ့္ဘာသာကိုယ္ပင္ဆြဲျဖဳတ္လိုက္ျပီး ထရပ္လိုက္သည္။ ျပီးေတာ့ ရိႈင္းကို ဘာဆိုဘာမွမေျပာဘဲ အခန္းအလယ္တြင္ထားထားေသာ စားပြဲေရွ႕တြင္သြားရပ္ကာ တင္ထားေသာ စာအုပ္ေတြကို တစ္ခုခ်င္းျပန္ျကည့္ေနေလေတာ့သည္။

ရိႈင္း ပိုစိတ္တိုသြားသည္။ ဒီလူျကီးဟာ ရိႈင္းကို ဘယ္တုန္းကမွရွိတယ္လို႔ပင္မထင္။ ဒါေျကာင့္ မ်က္နွာကိုဆူပုတ္ထားလိုက္မိကာ ဒူးနွစ္ဖက္ကို လက္ျဖင့္ပိုက္ျပီး ဒီအတိုင္းထိုင္ေနလိုက္မိသည္။

ခဏျကာေတာ့ မီးလွ်ံထံမွ အသံထြက္လာသည္။

"လာေလ..ဒီကို .. အဲ့ဒီမွာထိုင္ျပီးဘာလုပ္ေနတာလဲ.."

"ဘာလုပ္လုပ္ေပါ့.. ကၽြန္ေတာ့္ဘာသာ ဘာလုပ္လုပ္ခင္ဗ်ားနဲ႔မဆိုင္ဘူး.. မသိခ်င္နဲ႔.. "

မီးလွ်ံ ရိႈင္းပံုစံကိုျကည့္ျပီးေတာ့ရယ္လိုက္မိျပန္သည္။

"မင္းဘဲ ငါဘာလုပ္ေနလဲ သိခ်င္တယ္ဆို.. အခုေျပာျပမလို႔ကို .. မသိခ်င္ေတာ့ဘူးဆိုရင္လည္း ထား.."

မီးလွ်ံ စကားမဆံုးေသး ရိႈင္းက ထိုင္ေနရာကေန ခ်က္ခ်င္းထလိုက္ကာ မီးလွ်ံအနားကိုေစြ႔ခနဲလာရပ္သည္။

ေစာေစာက ဆူပုတ္ေနေသာ မ်က္နွာ မဟုတ္ဘဲ စူးစမ္းလိုဟန္ မ်က္လံုးေလးေတြျဖင့္ မီးလွ်ံကို စပ္ျဖဲျဖဲေမာ့ျကည့္သည္။

"သိခ်င္တယ္... ေျပာျပ.."

"ဒီမွာေရာ.."

မီးလွ်ံ စားပြဲေပၚက ဖြင့္ထားေသာ စာအုပ္ေတြကို ျပလိုက္သည္။ ရိႈင္းယူျကည့္လိုက္ေတာ့ ေမွာ္ပညာကို ေလ့က်င့္သင္ယူျခင္းနွင့္ဆိုင္ေသာ စာအုပ္မ်ားျဖစ္သည္။

နားမလည္ဟန္ျဖင့္ မီးလွ်ံကိုေမာ့ျကည့္ကာ ေမးလိုက္သည္။

"ဘာလဲ.. ခင္ဗ်ားက ေမွာ္ပညာေတြကို ေလ့က်င္ခ်င္လို႔လား.. အဲ့ဒါက စုန္းကေ၀မ်ိဳးႏြယ္ေတြဘဲ ေလ့က်င့္လို႔ရတာေလ.. ခင္ဗ်ားက Vampire ဘဲဟာ.. စုန္းကေ၀ျဖစ္ခ်င္လို႔မွမရတာ. "

"ငါ့အေမက စုန္းကေ၀တစ္ေယာက္ဘဲေလ.."

"ဟင္.."

ရိႈင္း မ်က္လံုးျပဴးေလးျဖင့္ ျကည့္လုိက္မိသည္။

"ငါ့အေမက သူ႔ရဲ႕ စုန္းကေ၀ဘ၀ကိုစြန္႔လႊတ္ျပီး ငါ့အေဖကို လက္ထပ္ခဲ့တာ.. ငါတို႔အရြယ္ေရာက္မွ ငါတို႔တစ္မိသားစုလံုးကို Vampire ေတြအျဖစ္ေျပာင္းေပးလိုက္တာ.. ဒါေျကာင့္ ငါက Hybrid လို႔ေျပာလို႔ရတယ္.. ဒါေျကာင့္ေမွာ္အစြမ္းေတြက ငါ့မွာလည္းရွိတယ္.."

မီးလွ်ံေျပာေသာ စကားေတြကို ရိႈင္း မယံုျကည္ႏိုင္။ ဒီလူျကီး ဒီေလာက္အစြမ္းျကီးတဲ့လူတစ္ေယာက္ျဖစ္ေနမယ္မွန္း မထင္ခဲ့မိတာအမွန္။

"အစတုန္းက က်ေတာ့ ေမွာ္ပညာေတြကို မေလ့က်င့္ဘဲ.. ဘာလို႔အခုမွေလ့က်င့္ေနတာလဲ.."

မီးလွ်ံရုတ္တရတ္ နာက်ည္းဟန္မ်က္နွာအသြင္အျပင္ကိုေျပာင္းလဲသြားျပီး အံကိုတင္းတင္းျကိတ္လိုက္ကာေျပာေလသည္။

"အစကေတာ့ ငါ့ဘ၀က ေပ်ာ္ဖို႔ေကာင္းျပီး ျပည့္စံုေနခဲ့ေတာ့ ေမွာ္ပညာေတြ မလိုအပ္ခဲ့ဘူး.. အခုေတာ့ ငါ ဒီထက္ အင္အားျကီး အစြမ္းျကီးဖို႔လိုအပ္လာတယ္ေလ.. ဒါေျကာင့္ေလ့က်င့္ေနတာ.. ဘယ္အစြမ္းဘဲ ျဖစ္ျဖစ္ Side Effect ေတာ့ရွိတာဘဲေလ.. ငါအျပင္းအထန္ေလ့က်င့္လိုက္တိုင္း ငါက အားေတြနည္း စိတ္ေဖာက္ျပန္လာျပီးေတာ့ လူသတ္ခ်င္စိတ္ေတြ ျဖစ္ျဖစ္လာတတ္တယ္.."

"ေျသာ္..ဒါေျကာင့္ ခင္ဗ်ားက ေျမေအာက္ခန္းမွာ ကိုယ့္လက္ကိုယ္ သံျကိုးေတြခ်ည္ျပီးေတာ့ ေလ့က်င့္ေနတာကိုး.."

မီးလွ်ံေျပာတာကို ရိႈင္းသေဘာေပါက္သြားျပီး ေခါင္းေလးကို တစ္ဆတ္ဆတ္ျငိမ့္ေနလိုက္မိသည္။ မီးလွ်ံမွာ ရိႈင္းမသိေသးတဲ့ နာက်င္စရာ အတိတ္ဆိုးေတြ ဒီထက္မက ရွိေသးတယ္ဆိုတာကို သေဘာေပါက္ေသာ္ျငား ဒီေလာက္အထိေလး ရိႈင္းကိုေျပာတာေပးတာကိုပင္ ရိႈင္းေက်နပ္ပါသည္။

ထို႔ေနာက္ မီးလွ်ံကို ျကည့္လိုက္ကာ ေျပာလိုက္သည္။

"ဒါေျကာင့္ ခင္ဗ်ားေပ်ာက္ေပ်ာက္သြားျပီး ျပန္ေပၚလာတိုင္း အငမ္းမရေသြးဆာတတ္တာကိုး.."

မီးလွ်ံ ေခါင္းဘဲျငိမ့္ျပလိုက္ရပါေတာ့သည္။ အမွန္တကယ္က ေသြးဆာေသာေျကာင့္ မဟုတ္၊ ရိႈင္းက အရိုင္းစိတ္၀င္ေနေသာ မီးလွ်ံရဲ႕ စိတ္တို႔ကို ျပန္လည္ ႏူးညံ့ေစနိုင္တာ ေျကာင့္ဆိုတာကိုေတာ့ မေျပာခ်င္ေတာ့ေပ။

မီးလွ်ံက စားပြဲေပၚမွာတင္ထားေသာ စာအုပ္ေတြကို ေနသားတက်ျပန္စီေနသည္။

ရိႈင္းက စူးစမ္းလိုေသာ အျကည့္ေလးေတြ မေပ်ာက္ေသးဘဲ မီးလွ်ံကို ျကည့္ကာ ေျပာေလသည္။

"ခင္ဗ်ား ကၽြန္ေတာ့္ကို ေမွာ္အစြမ္းတစ္ခုေလာက္ထုတ္ျပပါလား.. ကၽြန္ေတာ္ျကည့္ခ်င္လို႔.."

"ငါက အခုမွ ေလ့က်င္တာ .. သိပ္မျကာေသးေတာ့ ပညာစြမ္းက အရမ္းနုေနေသးတယ္ကြ.. ကေလးကစားသေလာက္ဘဲ တတ္ေသးတယ္.. ငါစုန္းကေ၀ေတြကိုမုန္းေပမယ့္ ေမွာ္ပညာက အရမ္းကိုနက္နဲျပီး နွစ္ေပါင္းမ်ားစြာေလ့က်င့္မွရတယ္ဆိုတာေလာက္ေတာ့ သိပါတယ္.."

"ခင္ဗ်ားက စုန္းကေ၀ေတြကို ဘာေျကာင့္ မုန္းေနတာလဲ ဟင္.."

ရိႈင္းရဲ႕အေမးေျကာင့္ မီးလွ်ံ တစ္ခ်က္ရယ္လိုက္သည္။ ခ်ာတိတ္ေလး ေမးသလို ဘာေျကာင့္မုန္းရသလဲဆိုရင္ အေျကာင္းျပခ်က္က တစ္ခုတည္းျဖစ္သည္။ မိမိရဲ႕မိသားစုတစ္စုလံုးကို ရက္ရက္စက္စက္သတ္ပစ္ျပီး မိမိကိုနွစ္ေပါင္းမ်ားစြာ ပိတ္ေလွာင္ထားခဲ့ေသာေျကာင့္၊ အခုလို တစ္ေယာက္တည္း အထီးက်န္စြာေနရေအာင္ လုပ္ခဲ့တဲ့အတြက္ေျကာင့္ပင္ျဖစ္သည္။

မီးလွ်ံ စိတ္ထဲကသာ ျပန္ေျဖလိုက္ျပီး အျပင္မွာေတာ့ စပ္စုလြန္းေသာ ရိႈင္းရဲ႕ နဖူးကို ခပ္နာနာပင္ထုလိုက္ကာ ေျပာလိုက္သည္။

"ကေလးက ကေလးလိုေနေလ.. လူစဥ္မွီလာတဲ့တစ္ေန႔က်ရင္ေျပာျပမယ္.. ဟုတ္ျပီလား.."

"ကၽြန္ေတာ္ကေလးမဟုတ္ဘူးဗ်.. ခင္ဗ်ားျကီးကသာ အဘိုးျကီး.."

ရိႈင္းမ်က္နွာ မေက်မနပ္ျဖစ္သြားသည္မွာ အသိအသာ။ စိတ္ေပါက္ေပါက္ျဖင့္ မိန္းမဆန္ဆန္ မ်က္ေစာင္းပင္ ထုိးပစ္လိုက္မိသည္။ ရိႈင္းက သူ႔အေပၚကို မရိုးမသားခ်စ္မိေနပါတယ္ဆိုေနမွ သူက မိမိကိုလူစဥ္မမွီဘူးဆိုေတာ့ ေမွ်ာ္လင့္ခ်က္က လံုး၀ကို 0% ပင္။ ျပီးေတာ့ ေယာက္်ားတန္မဲ့ ဒီလိုေျပာခံရတာ မခံခ်င္စရာလည္းေကာင္းလွသည္။

ရိႈင္းးျဖစ္သြားပံုကိုျကည့္ျပီးေတာ့ မီးလွ်ံ ထပ္ျပီးေတာ့ပင္ရယ္လုိက္မိျပန္သည္။ ထို႔ေနာက္ ဆံပင္ေလးေတြကို ထပ္ဖြလိုက္ျပန္ေတာ့ ရိႈင္းးက ခ်က္ခ်င္းလက္ကို ပုတ္ခ်သည္။

မီးလွ်ံက ဘာမွဆက္မေျပာေတာ့ဘဲ လက္နွစ္ဖက္ကို အနည္းငယ္ေျမွာက္လိုက္ကာ လက္ေဖ်ာက္တစ္ခ်က္တီးျပလိုက္သည္။

ထိုအခါ ေျမေအာက္ခန္းထဲတြင္ရွိေသာ မီးတုတ္အေသမ်ားက ရုတ္တရတ္ ၀ုန္းခနဲမီးေတြ ထေတာက္လာသည္ကိုေတြ႔လိုက္ရေလသည္။

ထိုအခါ ခ်ာတိတ္ေလးက ခ်က္ခ်င္းပင္ မ်က္လံုးေလးေတြ ျပဴးသြားကာ တအံ့တျသေငးေမာျကည့္ေနေလေတာ့သည္။ ထို႔ေနာက္ မီးလွ်ံက လက္ဖ၀ါးနွစ္ဖက္ကို ျဖန္႔လိုက္ကာ လက္ဖ၀ါးေပၚတြင္ ေငြေရာင္ အလင္းစက္ေလးေတြ ေပၚေအာင္ လုပ္ျပလိုက္ျပန္ေလသည္။ ထိုိအခါ ရိႈင္းက ၀မ္းသာအားရျဖင့္ လက္ခုပ္တီးေလေတာ့သည္။

"Wow အရမ္းမိုက္တာဘဲ.. ကၽြန္ေတာ္ ဟို စုန္းကေ၀ျကီးေတြ လုပ္တာျမင္ဖူးတယ္.."

ေစာေစာက စိတ္ေကာက္ေနေသာ ပံုစံနွင့္ခ်ာတိတ္က လံုး၀ေပ်ာက္သြားကာ ေပ်ာ္ရႊင္လာျပန္ေသာ ရိႈင္းကိုျကည့္ျပီးေတာ့ မီးလွ်ံ ျပံဳးလိုက္မိျပန္သည္။ ကေလးစိတ္လို႔ေျပာရမလား၊ ျဖဴစင္တယ္လို႔ပင္ေျပာရမလား စိတ္ဆိုးလြယ္ စိတ္ေျပလြယ္ သူတစ္ပါးအတြက္ကိုလည္း ခံစားလြယ္ေသာ ထိုေကာင္ေလးဟာ ဘယ္လိုေကာင္ေလးလဲဆိုတာ အခုထိနားမလည္ႏိုင္ေသးပါ။

"ခင္ဗ်ားက ေနာက္ဆိုရင္ အရမ္းအစြမ္းေတြ ျမင့္လာျပီး ဟိုစုန္းကေ၀ေခါင္းေဆာင္ျကီးကို အနိုင္တိုက္လို႔ရမွာေပါ့.."

မီးလွ်ံ ေျဖးေျဖးခ်င္းေခါင္းခါျပသည္။

"သူတို႔က နွစ္ရာေပါင္းမ်ားစြာ ေလ့က်င့္ေနခဲ့ျကတာ.. သူတို႔ကိုမွီဖို႔က မလြယ္ဘူး.. ငါျမန္ျမန္အနိုင္တိုက္ခ်င္တယ္ဆိုရင္ ငါ့အစြမ္းေတြကို ျမွင့္တင္ေပးတဲ့အရာတစ္ခုလိုတယ္.."

"ဟုတ္လား.. ဘာလဲ.."

"စြမ္းအင္တစ္ခုေပါ့ကြာ.. အျပင္မွာ တကယ္ရွိမရွိေတာင္ မေသခ်ာပါဘူး.. အဲ့ဒီအေျကာင္းကို ငါလည္း ေသခ်ာ စံုစမ္းေနတာဘဲ.. သိရင္ေတာ့ အဲ့ဒီအရာကိုလိုက္ရွာရမွာေပါ့.."

မီးလွ်ံရွင္းျပေတာ့ ရိႈင္းက ေခါင္းေလးတျငိမ့္ျငိမ့္လုပ္ေနေလသည္။ ထို႔ေနာက္ ရိႈင္းရဲ႕ ၀မ္းဗိုက္ထဲမွ ဂြီခနဲ အသံတစ္ခ်ိဳ႔ထြက္လာတာေျကာင့္ ကိုယ့္ဗိုက္ကိုယ္ လက္ကေလးနွင့္ဖံုးအုပ္လိုက္ရေလသည္။

သို႕ေသာ္ နားပါးလွေသာ မီးလွ်ံကေတာ့ ျကားလိုက္ရျပီး ဗိုက္ဆာေနျပီျဖစ္ေသာ ရိႈင္းကို ေျပာလုိက္ရေလသည္။

"ကဲ.. အေပၚျပန္တက္ေတာ့.. ဗိုက္ဆာေနျပီမလား.. လာ..သြားရေအာင္.."

ရိႈင္းက ေခါင္းျငိမ့္ျပျပီးေတာ့ အိမ္ျကီးထဲကိုျပန္သြားရန္ ေလွကားနားကိုသြားေလသည္။ ေနာက္မွ ရုတ္တရတ္ သတိရသြားဟန္ျဖင့္ မီးလွ်ံဘက္ကို ျပန္လွည့္လာကာ ေျပာေလသည္။

"ဟို.. ေနာက္ဆိုရင္ေလ.. ခင္ဗ်ား အျပင္ကိုသြားတာဘဲျဖစ္ျဖစ္.. ဒီေျမေအာက္ခန္းထဲကို လာတာဘဲျဖစ္ျဖစ္ မသြားခင္ ကၽြန္ေတာ့ကို ေျပာသြားလို႔ရလားဟင္?"

ရိႈင္းး ေလသံေပ်ာ့ေလးျဖင့္ေျပာတာကို မီးလွ်ံက ဘာလဲဆိုေသာ သေဘာျဖင့္ မ်က္ေမွာင္ကုတ္ျကည့္သည္။

ရိႈင္းက မ်က္နွာငယ္ေလးျဖင့္ ပုခံုးေလးကိုတြန္႔လိုက္ျပီး မီးလွ်ံကို မရဲတရဲ ျပန္ျကည့္ကာေျပာေလသည္။

"ဟို..ဟို.. ခင္ဗ်ား အျကာျကီး အိမ္မွာမရွိဘူးဆိုရင္ေတာင္ ခင္ဗ်ားဘယ္မွာရွိမွန္း ကၽြန္ေတာ္သိေနရရင္ ပိုေကာင္းလို႔ပါ.. ဟို.. ကၽြန္ေတာ္ ခင္ဗ်ားကို စိတ္ပူေနစရာ မလိုေတာ့ဘူးေပါ့.."

ရိႈင္းရဲ႕ စကားဟာ မီးလွ်ံရဲ႕ ရင္ထဲကို လွ်ပ္စီးလက္သလို သိမ့္ခနဲျဖစ္သြားေစသည္။ ထိုေကာင္ေလးဟာ မိမိလိုသူတစ္ပါးရဲ႕ ေသြးကို မွီခိုေနရတဲ့ ယုတ္ညံ့တဲ့ Vampire တစ္ေကာင္အတြက္ စိတ္ပူပန္ေပးေနသည္ေလ။

"ခ်ာတိတ္ရယ္.. ငါက မင္းစိတ္ပူေပးဖို႔ မထိုက္တန္တဲ့ လူတစ္ေယာက္ပါ.. ေသသြားရင္ေတာင္ ကမ႓ာလာကျကီးအတြက္ ဘာမွဆံုးရွံဳးသြားတာမရွိပါဘူး.."

မီးလွ်ံ စိတ္ထဲကသာထိုသို႔ေျပာလိုက္တာျဖစ္ျပီး အျပင္မွာ တကယ္တမ္းေျပာလိုက္တာကေတာ့ ဆန္႔က်င္ဘက္။

"ငါ့ကိုစိတ္ပူေနရေအာင္ ငါကမင္းလို လူစဥ္မမွီတဲ့ဂ်ပုမဟုတ္ဘူး.. ကိုယ့္ဘာသာကိုယ္အဆင္ေျပတယ္.. မင္းဘာသာမင္းဘဲ စိတ္ပူ.."

ရိႈင္းကို ဘုက်က်ေျပာျပီး ေလွကားထိပ္တြင္ရပ္ေနေသာ ရိႈင္းကို ေက်ာ္ကာ ေလွကားေပၚကို တက္သြားေသာ မီးလွ်ံကို ရိႈင္း ေနာက္ကေန လက္သီးျဖင့္ ရြယ္လိုက္မိျပန္သည္။

ရင္ခုန္စရာေလးေတြ ျကံဳရမယ္ ျကံကာရွိေသး အျမဲတမ္း စိတ္တိုေအာင္လုပ္တယ္။ အဲ့ဒါေျကာင့္ အခုထိ တစ္ေယာက္တည္းျဖစ္ေနတာ။ ဒီလို အဘိုးျကီးကို ခ်စ္မိတဲ့ ရိႈင္းကဘဲ ရူးေနတာေနမွာ။

*************************************************************************************************************

ရိႈင္း ေပါင္မုန္႔တစ္လံုးကို Jam သုတ္ေနရင္ မ်က္စိေရွ႕တည့္တည့္က ကုလားထိုင္တြင္ထိုင္ကာ ၀ိုင္နွင့္ ေတာထဲမွအမဲလိုက္ထားေသာ ေသြးေတြကိုေရာကာ ေသာက္ေနေသာ မီးလွ်ံကို ျကည့္ေနမိသည္။

၀ိုင္တစ္ပုလင္းလံုးကို ေသာက္ေနတာ ေျပာင္ေတာ့မည္။ မနက္အေစာျကီးကို ေသာက္ေနတာ။ ျကာေတာ့ ျမင္မေကာင္းေတာ့။

"ခင္ဗ်ား လူစားတဲ့ အစားအစာေလးနည္းနည္းေလာက္ စမ္းစားျကည့္ဖိို႔ စိတ္ကူးမရွိဘူးလား.."

ရိႈင္းေျပာလိုက္ေတာ့ မီးလွ်ံက မ်က္လံုးတစ္ခ်က္လွန္ကာ ျကည့္ရင္း လက္ထဲမွာ ကိုင္ထားေသာ ၀ိုင္ခြက္ကို ရိႈင္းေရွ႕ကို ထိုးျပလိုက္ကာ ေျပာသည္။

"ဒီမွာ.. လူစားတဲ့အစားအစာ စားေနတာဘဲေလ.."

မီးလွ်ံရဲ႕ ကပ္သီးကပ္ဖဲ့စကားေျကာင့္ စိတ္တိုသြားမိသည္။ မီးလွ်ံ ေတာထဲကေနယူလာေပးေသာ အသားကင္ကို ဓားနွင့္ ေဆာင့္ထိုးခ်လိုက္ျပီး မ်က္ေစာင္းထိုးျကည့္ကာ ေျပာလိုက္သည္။

"ကၽြန္ေတာ္ေျပာတာက အဲ့ဒီအရက္ေသစာေတြ မဟုတ္တဲ့ တျခားလူအစားအစာကို စားျကည့္ပါလားလို႔ေျပာတာ.."

ထိုအခါ မီးလွ်ံက အျမင္ကပ္စရာေကာင္းေလာက္ေအာင္ပင္ ၀ိိုင္ခြက္ကို တစ္ခ်က္လႈပ္လိုက္ကာ အမူအယာမပ်က္ေျပာေလသည္။

"ငါမွမျကိုက္တာ.. စားဖို႔ လိုလည္း မလိုအပ္ဘူး.. ငါလည္း မျကိုက္လို႔မစားတာ.. ဘာျဖစ္သြားလို႔လဲ.."

စကားတတ္လွေသာ အဘိုးျကီးကို ရိႈင္း စကားႏိုင္ေအာင္ မေျပာႏိုင္..။ ဒါေျကာင့္ မ်က္ေစာင္းကိုသာ ေနာက္တစ္ေခါက္ ထပ္ထိုးလိုက္မိသည္။

"မင္းက အျမဲဒီလို စကားအရမ္းမ်ားတာဘဲလား.."

"ဟုတ္တယ္.. အဲ့ဒါဘာျဖစ္လဲ.."

ရိႈင္းက ပင္ကိုအားျဖင့္ စကားနည္းကာ အေနေအးသူျဖစ္ေသာ္လည္း မီးလွ်ံနွင့္က်မွ သာလိကာျဖစ္သြားတာေတာ့ မတတ္ႏိုင္ဘူးေလ။

မီးလွ်ံလည္း ဘာမွမေျပာေတာ့ဘဲ ေျပာင္စင္သြားျပီျဖစ္ေသာ ၀ိုင္ပုလင္းကို အမိႈက္ပံုးထဲထည့္ကာ ၀ိုင္ခြက္ကိုေတာ့ ရိႈင္းေရွ႕ကိုခ်ေပးလိုက္သည္။ ရိႈင္းေဆးရမယ္ဆိိုေသာ သေဘာ။ ျပီးေတာ့ လက္ေနာက္ပစ္ကာ ခပ္ခ်ီခ်ီပင္ ထမင္းစားခန္္းထဲက ထြက္သြားေလေတာ့သည္။

အခန္္း၀ေရာက္ေသာအခါ ေနာက္ကိုရုတ္တရတ္ျပန္လွည့္လိုက္ျပီး ေျပာေလသည္။

"အျပင္ကို ခဏသြားမလို႔.."

"ဗ်ာ.. "

ဘာေတြေျပာေနမွန္းမသိသျဖင့္ နားမလည္သလိုေလး ေမာ့ျကည့္မိေတာ့ ရိႈင္းကိုမ်က္ေမွာင္ကုတ္ကာ ျကည့္ေနေသာ မီးလွ်ံကိုေတြ႔လိုက္ရေလသည္။

"အျပင္ခဏသြားမွာလို႔ေျပာတာေလ.."

"အဲ့ဒါဘာျဖစ္လဲ.."

မီးလွ်ံ က်စ္ခနဲဆုပ္သပ္လိုက္သည္။

"မင္းကို တံုးတယ္လို႔ေျပာရင္လည္း မျကိုက္ဘူး.. မင္းဘဲ ငါသြားတဲ့ေနရာေတြကို မင္းကိုေျပာသြားပါဆို "

မီးလွ်ံရဲ႕ စကားတို႔ေျကာင့္ ရိႈင္း ဘာျပန္ေျပာရမယ္မွန္းမသိျဖစ္ေနကာ ကိုင္ထားေသာ ဓားနွင့္ခက္ရင္းကို ဒီအတိုုင္း ထားကာ ေမာ့ျကည့္ေနမိေတာ့တာ။

"အခု အျပင္ကို ခဏသြားမလုိ႔.. ညက်ရင္ ျပန္လာခဲ့မယ္.. ေစာင့္မေနနဲ႔ ဟုတ္ျပီလား.."

ထိုသို႔ေျပာျပီးေတာ့ မီးလွ်ံ ျပန္ထြက္သြားေလေတာ့ ရိႈင္းကလည္း ရုတ္တရတ္သတိရသြားကာ လက္ထဲက ဓားနွင့္ခက္ရင္းကို ခ်ျပီး ေနာက္က အေျပးလိုက္သြားကာ မီးလွ်ံလက္ကိုဆြဲလိုက္မိသည္။

"ခဏ.. ခဏေလး.."

"ဘာလဲ.. ဘာျဖစ္ခ်င္ျပန္ျပီလဲ.."

ရိႈင္း မီးလွ်ံကို မ်က္နွာငယ္ေလးျဖင့္ ေမာ့ျကည့္လိုက္ျပန္ေလသည္။ ျပီးေတာ့မွ မရဲတရဲေျပာလိုက္သည္။

"ကၽြန္ေတာ္ ခင္ဗ်ားနဲ႔ အျပင္ကို လိုက္လို႔ရမလား.."

"ဘာ.."

မီးလွ်ံရဲ႕ က်ယ္ေလာင္လွေသာ တုန္႔ျပန္သံေျကာင့္ ရိႈင္း တုန္ခနဲျဖစ္သြားမိသည္။ ထို႔ေနာက္ မ်က္လံုးေလးေတြ ပုတ္ခတ္ပုတ္ခတ္ျဖင့္ ေမာ့ျကည့္လိုက္ကာ

"ကၽြန္ေတာ္ ကၽြန္ေတာ့္ပါပါး အဆင္ေျပရဲ႕လား သြားျကည့္ခ်င္လို႔ပါ.. ကၽြန္ေတာ့္ကို ဒီကိုပို႔လိုက္တုန္းက သူက စုန္းကေ၀ေတြနဲ႔ က်န္ခဲ့တာ.. တစ္ခုခုျဖစ္သြားမွာစိုးလို႔.."

"စုန္းကေ၀ေတြနဲ႔ က်န္ခဲ့တာဆိုရင္ေတာ့ သြားျကည့္မေနနဲ႔ေတာ့ .. အခုအခ်ိန္ မင္းပါပါး အရိုးေတာင္က်န္ေတာ့မွာ မဟုတ္ဘူး.."

မီးလွ်ံစကားေျကာင့္ ရိႈင္း မ်က္လံုးေလးေတြ ပိုျပဴးသြားသည္။ မီးလွ်ံလက္ကို ကိုင္ထားတာကို မလႊတ္ေသးဘဲ ဆက္ေျပာသည္။

"ဘယ္လုိဘဲျဖစ္ျဖစ္ အေျခအေနကို လံုး၀မသိတာထက္စာရင္ ကိုယ္တိုင္သြားျကည့္ခ်င္လို႔ပါ... ျပီး.. ျပီးေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္းေတြကိုလည္း ဆက္သြယ္ခ်င္လို႔ ... ကၽြန္ေတာ္ ေက်ာင္းမတက္တာ အရမ္းျကာေနျပီ.. အလုပ္ကလည္း မသြားတာျကာေနျပီ.."

တုန္တုန္ယင္ယင္ျဖင့္ရိႈင္း ရွင္းျပရွာေသာ္လည္း မီးလွ်ံရဲ႕ ကုတ္ထားေသာ မ်က္ေမွာင္တို႔က ေျပက်မသြားေသး.။

"မင္း ေပ်ာက္သြားရင္ မင္းေသျပီးဘဲမွတ္ျကမွာေပါ့.. ျပီးေတာ့ ေက်ာင္းမတက္ရင္ ေက်ာင္းထုတ္ခံရ.. အလုပ္မသြားရင္ အလုပ္ထုတ္ခံရ.. ဒါဘဲျဖစ္မွာေလ. အျပင္သြားစရာလိုလို႔လား.."

ရိႈင္းမ်က္နွာေလး ငိုမဲ့မဲ့ျဖစ္သြားသည္။

"ကၽြန္ေတာ္ ဒီအိမ္ထဲမွာ အျပင္လည္း လံုး၀ မထြက္ရဘူး.. အျပင္ကိုခဏထြက္ျပီး အေျခအေနေလးဘာေလး ျကည့္ခ်င္လို႔ပါ.."

"ဒီမွာခ်ာတိတ္.. ငါမင္းကိုေျပာထားျပီးသား .. မင္းဒီျခံျပင္ကိုထြက္လိုက္တာနဲ႔ ငါ့ခြင့္ျပဳခ်က္မပါဘဲ ျပန္၀င္လို႔မရသလို.. ငါကလည္း မင္းကို ေနာက္တစ္ျကိမ္ ျပန္၀င္ခြင့္ေပးခ်င္မွေပးမွာ.. ဒါေျကာင့္ မင္းဘာသာ မင္းစဥ္းစား.. ဒီအိမ္မွာဘဲ ေအးေအးခ်မ္းခ်မ္းေနမလား.. ငါနဲ႔ အျပင္လိုက္ျပီး အျပင္မွာဘဲ တစ္သက္လံုးေနမလား.. ဒါဆိုရင္ေတာ့ မင္းလည္ပင္းက ပယင္းေက်ာက္ကို မားကပ္စ္တို႔က လာလုမွာဘဲ.."

မီးလွ်ံ ရိႈင္းကို ေနာက္ခ်င္သျဖင့္ ထိုသို႔ေျပာလိုက္တာျဖစ္ေသာ္လည္း ရိႈင္းမ်က္နွာေလးကေတာ့ ျပိဳေတာ့မည့္မိုးလိုျဖစ္သြားေလသည္။ ခ်က္ခ်င္းပင္ မ်က္ရည္ေတြ ၀ဲတက္လာကာ မီးလွ်ံလက္ကို ကိုင္ထားတာကို ခ်က္ခ်င္းလႊတ္ခ်လိုက္သည္။

"မသြားေတာ့ပါဘူး.. ကၽြန္ေတာ္ သေဘာေပါက္ပါျပီ.."

ထိုသို႔ေျပာလိုက္ျပီးေတာ့ ထမင္းစားစားပြဲကိုျပန္သြားကာ မနက္စာျပန္စားေနေလသည္။

မီးလွ်ံေျပာသလိုပင္ ရိႈင္းရဲ႕ အေျခအေနက မီးလွ်ံဆီက ေလာဘတျကီးေတာင္းဆိုခ်င္တာေတြမ်ားလို႔ရတဲ့အေျခအေနမဟုတ္။ မီးလွ်ံအနားမွာဘဲ ျငိမ္ကုပ္ေနသင့္တဲ့အေျခအေနမ်ိဳး။ ျပီးေတာ့ ကိုယ္တိုင္ကလည္း အခုအခ်ိန္မွာ ထိုလူျကီးနဲ႔ အေ၀းမွာေနႏိုင္ေသးတာမဟုတ္။ ပါပါးကိုစိတ္ပူေပမယ့္ ရိႈင္းဘက္က ဘာမွတတ္ႏိုင္တာမရွိ..။ ပါပါးနားကိုမဆင္မျခင္သြားလိုက္လို႔ ပါပါးတစ္ခုခုျဖစ္မွာလည္းေၾကာက္သည္။

မီးလွ်ံေျပာလိုက္ေသာ စကားေတြက ရိႈင္းရင္ကို ၀မ္းနည္းေစေသာ္လည္း သူေျပာေသာ စကားေတြက အမွန္ပင္။ ကိုယ့္အေျခအေနကိုယ္ေမ့ေနမိတာ။ ၀ဲတက္လာေသာ မ်က္ရည္စေတြကို မက်ေအာင္ မ်က္လံုးကိုသာ ပုတ္ခတ္ပုတ္ခတ္လုပ္ေနလိုက္ရင္း အသားကိုသာ ဓားနွင့္လွီးကာ ကိုက္စားေနလိုက္မိသည္။

မိးလွ်ံ ရိႈင္းျဖစ္သြားေသာ အေျခအေနကို ျကည့္သည္။ ျပီးေတာ့ ထမင္းစားခန္းအေပါက္၀ကေန အသံထပ္ေပးသည္။

"လိုက္ခ်င္လည္း လိုက္လို႔ရတယ္ေနာ္.."

"မလိုက္ေတာ့ဘူး.."

ရိႈင္းက အသံစူးစူးေလးနဲ႔ေအာ္ေျပာေလသည္။ စိတ္ေကာက္သြားတာသိေသာ္လည္း ျပန္ေရာက္ေတာ့မွ တစ္ခုခု၀ယ္လာေပးေတာ့မည္။ ဒီခ်ာတိတ္ေလးက ျကာျကာ စိတ္ဆိုးတတ္တဲ့လူမွ မဟုတ္တာ။

ထိုသို႔ေတြးလိုက္မိရင္း မီးလွ်ံ ထပ္ေျပာလိုက္သည္။

"ဒါဆို ငါသြားျပီ.. ေကာင္းေကာင္းေနခဲ့.. "

************************************************************************************************************

"ခ်ာတိတ္.."

ဒုန္း ဒုန္း ဒုန္း..

"ခ်ာတိတ္.. အိပ္ျပီလား.."

ညေနေစာင္းအခ်ိန္ မီးလွ်ံ အျပင္က ျပန္ေရာက္ေတာ့ အျမဲတမ္း ေစာင့္ေပးေနျက ခ်ာတိတ္ေလးက အခုေတာ့ ေစာင့္မေန။ အခုမွညေနေစာင္းသာရွိေသးတာေျကာင့္ အိပ္ခ်ိန္လည္း မဟုတ္ေသး။ အျမဲ အျပန္ေနာက္က်တိုင္း ျပန္လာတဲ့အထိ ေစာင့္ေနတတ္ကာ အသံစူးစူးေလးနဲ႔ ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာတတ္ေသာ ခ်ာတိတ္ေလးက အခုေစာင့္မေနေတာ့ မီးလွ်ံစိတ္ထဲ တစ္မ်ိဳးပင္။ အိမ္မွာ တစ္ခုုခုလိုအပ္ေနသလိုမ်ိဳးျကီး..။

မနက္က အျပင္ေခၚမသြားလို႔ စိတ္မေကာင္းျဖစ္သြားသည္တူသည္။

မီးလွ်ံ ဂရုမစိုက္ဘဲေနလိုက္ေတာ့ မလို႔ စိတ္ကူးမိေသာ္လည္း အခုထက္ထိ ဘာသံမွမျကားရေတာ့ မီးလွ်ံ မေနႏိုင္ေတာ့။

အေပၚထပ္က ပိတ္ထားေသာ ရိႈင္းရဲ႕ အခန္းတံခါးေရွ႕ကိုတက္လာကာ တံခါးေခါက္မိသည္အထိ ဘာဆိုဘာမွတုန္႔ျပန္သံ မျကားရေသးပါ။ တကယ္ျကီးကို စိတ္ေကာက္ေနသည္ထင္သည္။

ဒါေျကာင့္ ေနာက္ထပ္တစ္ေခါက္ တံခါးထပ္ေခါက္ျကည့္မိသည္။

ဒုန္းဒုန္းဒုန္း..

"ခ်ာတိတ္.. မင္းအိပ္ခ်င္ေယာင္ေဆာင္မေနနဲ႔ မင္းႏို္းေနတာ ငါသိတယ္.."

အခုအခ်ိန္ထိ အခန္းတံခါးေလးက ပြင့္မလာေသး..။ မီးလွ်ံ စိတ္မရွည္ေတာ့။ ဒီခ်ာတိတ္ေလး လူျကီးကို မေလးမစားလုပ္တာေတြ အရမ္းကိုမ်ားေနျပီ။

"ခ်ာတိတ္.. ငါတံခါးဖြင့္လာမွာေနာ္.."

မီးလွ်ံထိုသို႔ေျပာလိုက္ျပီး ခ်က္ခ်င္းပင္ တံခါးဖြင့္၀င္သြားလိုက္ေတာ့ ေစာင္ကို ေခါင္းျမီးျခံဳကာ တစ္ဖက္ကိုလွည့္ျပီး အိပ္ခ်င္ေယာင္ေဆာင္ေနေသာ ရီႈင္းကို ေတြ႔လိုက္ရေလသည္။

မီးလွ်ံက ကုုတင္နားကို သြားလိုက္ျပီး ျခံဳထားေသာေစာင္ကို ေအာက္ကိုဆြဲခ်လိုက္ေတာ့ မ်က္ေမွာင္ကုတ္ကာ ေမာ့ျကည့္ျပီး ထထိုင္ေလသည္။

"ဘာလဲ.. အိပ္ေနတာကို ဘာလု႔ိေနွာင့္ယွက္တာလဲ.."

"မင္းက မျကီးမငယ္နဲ႔စိတ္ေကာက္ျပေနတာလား.."

"ေကာက္စရာလား.. ျပီးေတာ့ ခင္ဗ်ားဘဲ ကၽြန္ေတာ့္ကို လူစဥ္မမွီဘူးဆိုျပီး အခုက်ဘာလို႔ မျကီးမငယ္လို႔ေျပာေသးလဲ.."

ရွံဳ႔မဲ႔ေနေသာ ရီႈင္းရဲ႕မ်က္နွာကို ျကည့္ျပီး မနက္က အျပင္မေခၚသြားတဲ့ကိစၥ အခုထိ မေက်နပ္ေသးဘူးဆိုတာသိလိုက္သည္။

မီးလွ်ံ မေခၚသြားခ်င္လိုု႔မဟုတ္ပါ။ အခု Nebbia ျမိဳ႕ထဲတြင္ စုန္းကေ၀ေတြ ေျခခ်င္းလိမ္ေနတာ။ ဘာအေျကာင္းေျကာင့္လဲဆိုတာေတာ့ ေသခ်ာမသိေသးေပမယ့္ တကယ့္တကယ္တမ္း မီးလွ်ံနွင့္ မားကပ္စ္တို႔ တစ္ခုခုျဖစ္မည္ဆိုလွ်င္ ရိႈင္းကိုေသခ်ာကာကြယ္ႏိုင္မွာမဟုတ္ေပ။ အိမ္ထဲမွာ ဘယ္သူမွသတိိမထားမိေအာင္ေနတာကဘဲ အေကာင္းဆံုးလို႔ ထင္ထားတာေျကာင့္ပါ။ ဒါကိုခ်ာတိတ္ေလးက နားမလည္ေပ။ မီးလွ်ံ နားလည္ေအာင္လည္း ခ်ိဳခ်ိဳသာသာ မေျပာတတ္။ ေျပာလည္း မေျပာခ်င္။

"ငါ.. Drawing Book အသစ္၀ယ္လာတယ္ Water Color ေတြလည္း ပါတယ္.. ေအာက္ထပ္မွာ.."

မီးလွ်ံစကားကိုျကားေတာ့ မ်က္လံုးလွန္ျကည့္သည္။

"မနက္က်မွျကည့္မယ္ ထားထားလိုက္.."

အရင္က တစ္ခုခုနဲ႔ေခ်ာ့လိုက္တိုင္း ခ်က္ခ်င္းစိတ္ေျပသြားတတ္တဲ့ ရိႈင္းက အခုထိ စိတ္ေျပေသးဟန္မတူ။

"ဘာလဲ.. မင္းက မနက္က ကိစၥအခုထိ အခဲမေက်ေသးတာလား.."

မီးလွ်ံေမးလိုက္မိေတာ့ ရိႈင္းက မ်က္လံုးေလးေတြ ပုတ္ခတ္ပုတ္္ခတ္ျဖင့္ ေခါင္းခါျပသည္။

"အခဲမေက်တာမဟုတ္ပါဘူး.. ကၽြန္ေတာ္က ခင္ဗ်ားအိမ္မွာကပ္ေနရတာပါ.. ခင္ဗ်ားအေပၚမွာ မေက်မနပ္ျဖစ္ခြင့္မရွိိပါဘူး.."

"ဒါျဖင့္ မင္းကဘာလို႔ဒီလိုပံုစံျဖစ္ေနရတာလဲ.."

အျမဲတမ္း စကားမ်ားျပီး ျပံဳးရႊင္ေနတတ္တဲ့ ေကာင္ေလးက ဒီလိုပံုစံမ်ိဳးျဖစ္ေနေတာ့ မီးလွ်ံ မေနတတ္ေတာ့ဘူးေလ။ ေျပာရမယ္ဆိုရင္ ရိႈင္းနဲ႔ တစ္အိမ္တည္းမွာ အတူတူေနရတာကို အသားက်လာျပီဆိုတဲ့သေဘာပင္။

ရိႈင္းက မီးလွ်ံကို ေမာ့မျကည့္လာဘဲ ေလသံေပ်ာ့ေလးနဲ႔ေျပာေလသည္။

"ကၽြန္ေတာ္ ကိုယ့္အေျခအေနကိုယ့္ေမ့ျပီး ခင္ဗ်ားဆီက ေလာဘတျကီး ေတာင္းဆိုတာေတြ အရမ္းကို မ်ားေနမိတာကို ကိုယ့္ဘာသာကိုယ္ သတိထားမိသြားလို႔ပါ.."

ရိႈင္းက ေျပာရင္းေျပာရင္း မ်က္ရည္ေတြ ၀ဲတက္လာသည္။ ရွည္လ်ားေကာ့ညြတ္ေနေသာ မ်က္ေတာင္ရည္ျကီးေတြမွာ မ်က္ရည္အခ်ိဳ႕စိုစြတ္ခ်င္လာတာကို မ်က္ေတာင္ေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ျပီး ထိန္းခ်ဳပ္လိုက္ကာ ခါးထိျခံဳထားေသာ ေစာင္အစကို လက္နွစ္ဖက္ျဖင့္ ဆုပ္ကိုင္ထားျပီးေျပာေလသည္။

"ကၽြန္ေတာ့္အေျခအေနက အခု ဘာျဖစ္ခ်င္တယ္ ညာျဖစ္္ခ်င္တယ္ ေတာင္းဆိုလို႔ရတဲ႔ အေနအထားမွာမွမရွိိတာ.. ကၽြန္ေတာ့္ေျကာင့္ ကၽြန္ေတာ္နဲ႔ပတ္သက္တဲ့လူေတြ အားလံုးဒုကၡေရာက္ေနတဲ့အခ်ိန္မွာ.."

ဒီလိုေျပာလိုက္ေတာ့လည္း စိတ္မေကာင္း။ မနက္က မီးလွ်ံေနာက္ျပီး ေျပာလိုက္မိတဲ့ ခပ္ေပါ့ေပါ့စကားေတြက ရိႈင္းကို ဒီေလာက္ထိ စိတ္မေကာင္းျဖစ္္သြားေစလိမ့္မယ္လို႔မထင္မိခဲ့.. ။ ဒါေျကာင့္ ေလသံကိုတစ္ခ်က္ေလွ်ာ့လိုက္ကာ ေျပာလိုက္ရသည္။

"မဟုတ္ပါဘူး.. မနက္က ငါေျပာလိုက္တာက.."

မီးလွ်ံစကားမဆံုးေသး ရိႈင္းက ေခါင္းခါျပလိုက္ကာ စကားကိုျဖတ္ေျပာသည္။

"မဟုတ္ပါဘူး.. ခင္ဗ်ားေျပာတာမွန္ပါတယ္.. ကၽြန္ေတာ့္ကို ဒီလိုေျပာပိုင္ခြင့္လည္းရွိပါတယ္.. ကၽြန္ေတာ္က ခင္ဗ်ားနဲ႔ဘဲေနခ်င္ေနေသးေတာ့ အျပင္ကိုမထြက္ရဘူးဆိုရင္လည္း မထြက္ပါဘူး.. ခင္ဗ်ားကၽြန္ေတာ့္ကို ျပန္လက္မခံေတာ့မွာ ေျကာက္တယ္.. "

ထုိ႔သို႔ေျပာလိုက္ရင္း အခုတိုင္ အနည္းငယ္စိုစြတ္ေနေသးေသာ မ်က္ေတာင္ဖ်ားေလးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ျပကာ မီးလွ်ံကို ေမာ့ျကည့္ေလသည္။

ထိုပံုစံေလးကို ျမင္လိုက္ရေလေတာ့ မီးလွ်ံ စိတ္ေတြ ႏူးညံ့သြားရျပန္ေလျပီ။

အျကာျကီးခြဲေနရျပီး အႏရာယ္လည္း ျကံဳခဲ့ရတဲ့အတြက္ မိသားစုကို စိတ္ပူေနရွာေတာ့မည္။ အျပင္ကို ကိုယ္တိုင္ေစာင့္ေရွာက္ေပးဖို႔လိုအပ္တယ္လို႔ တစ္လက္စတည္းပင္ ဆံုးျဖတ္ခ်က္ခ်လိုက္မိျပီ..။ ဒါေျကာင့္ ကုတင္ေပၚတြင္ ထိုင္ေနေသးေသာ ရိႈင္းရဲ႕ လက္ကို လွမ္းဆြဲကာ ထခိုိင္းလိုက္သည္။

"ထ.."

"ဗ်ာ.."

မ်က္လံုးျပဴးေလးျဖင့္ ေမာ့ျကည့္လာေသာ ရိႈင္းကို လ်စ္လ်ဴရွဴကာ အတင္းထထိုင္ခိုင္းလိုက္သည္။

"ထေလ.. မင္းဘဲ အျပင္သြားခ်င္တယ္ဆို.."

"မသြားေတာ့ပါဘူးဆို.. ကၽြန္ေတာ္ ဒီမွာေနမွျဖစ္မွာမို႔လို႔ပါဆို.. ခင္ဗ်ားဘဲ အျပင္ထြက္ျပီးရင္ ျပန္လက္မခံေတာ့ဘူးဆို.."

မီးလွ်ံစိတ္မရွည္သျဖင့္ က်စ္ခနဲဆုပ္သပ္လိုက္မိကာ ေခါင္းကိုလည္း ခါရမ္းလိုက္မိသည္။ လက္ေမာင္းနွစ္ဖက္မွဆြဲမကာ ထထိုင္ခုိင္းလိုက္မိသည္။

"ဘာ.. ဘာလုပ္တာလဲဗ်.."

"မင္းကို အျပင္ကိုလိုက္ပို႔ေပးမယ္ေလ.. မင္းအေဖနဲ႔ေတြ႔ခ်င္တယ္ဆို."

"ခင္ဗ်ားဘဲ..ကၽြန္ေတာ့ကို.."

"ကၽြတ္ စကားက အရမ္းရွည္တာဘဲ.. ငါကိုယ္တိုင္ လိုက္ပို႔ေပးမယ္.. အိမ္မွာလည္း ျပန္ေနခြင့္ေပးမယ္ စိတ္ခ်..ဟုတ္ျပီလား.. အခုသြားမယ္လာ.."

မီးလွ်ံေျပာရင္ ရိႈင္းကို အခန္းျပင္ကို အတင္းဆြဲေခၚေတာ့ တြန္႔ဆုတ္တြန္႔ဆုတ္ လုပ္ေနကာ မ်က္လံုးျပဴးေလးျဖင့္ ေျပာေလသည္။

"ဒါ..ဒါေပမယ့္ အခုက မိုးခ်ဳပ္ေတာ့မယ္ေလ.."

"မိုးခ်ဳပ္လည္း ဘာျဖစ္လည္း.. လုပ္ရမယ့္ အလုပ္ကို အခုလုပ္ပါလား.."

ေျပာေျပာဆိုဆိုနွင့္ မီးလွ်႕ံ ရိႈင္းကို အိမ္ေအာက္ကို အတင္းလက္ဆြဲေခၚေနေလေတာ့ ရိႈင္း ယက္ကန္ယက္ကန္ျဖင့္ပင္ ပါလာရေလေတာ့သည္။ စိတ္ထဲက ေပ်ာ္သြားမိေသာ္လည္း မီးလွ်ံဟာ ရိႈင္းကိုဆို အျမဲ စကားအေကာင္းမေျပာသျဖင့္ သိိပ္မေက်နပ္.။ အခုလည္း္ ျကည့္ေလ.. မပို႔ဘူးဆိုေတာ့လည္း မပို႔လို႔။ ပို႔မယ္ဆိုေတာ့လည္း ခ်က္ခ်င္းျကီး..။

မီးလွ်ံကို ရိႈင္းက ေလွကားေနာက္ကေနဆင့္ ေျမေအာက္ခန္းဘက္ကိုေခၚသြားေလသည္။ ထို႔ေနာက္ ေျမေအာက္ခန္းအတြင္းဘက္က တံခါးတစ္ခုေရွ႕ကိုေရာက္သြားေလသည္။ ထို႔ေနာက္ ထိုတံခါးကိုဆြဲဖြင့္လိုက္ေလေသာ အခါ ေျမေအာက္လိုဏ္ေခါင္းတစ္ခုကိုေတြ႔လိုက္ရေလရာ ရိႈင္း မ်က္လံုးျပဴးသြားေလသည္။

"ခင္ဗ်ား ျခံေပါက္၀က မထြက္ဘဲ ဘာလို႔ ဒီကထြက္တာလဲ.."

မီးလွ်ံ တံခါးေပါက္မွတဆင့္ လိုဏ္ေခါင္းထဲကို ၀င္သြားရင္း ေျပာေလသည္။

"အျမဲျခံထဲကထြက္ေနရင္ ေစာင့္ျကည့္ေနတဲ့ စုန္းကေ၀ေတြ ရိပ္မိကုန္မွာေပါ့. ဒီကထြက္ရင္ ဘယ္သူမွမသိႏိုင္ဘူး.."

မီးလွ်ံနွင့္ထို အိိမ္ျကီးတြင္ ရိိႈင္းမသိေသာ လွ်ို႕၀ွက္ခ်က္ေတြ အရမ္းကို မ်ားပါလားဟု ေတြးလိုက္မိျပီးေတာ့မွ တံခါးဖြင့္ကာ လိုဏ္ေခါင္းထဲကို ၀င္သြားေသာ မီးလွ်ံေနာက္ကို ကမန္းကတန္းလိုက္သြားမိေလေတာ့သည္။

လိုဏ္ေခါင္းက အရမ္းျကီးမက်ယ္ေသာ္လည္း ကားတစ္စီးေတာ့ ေကာင္းေကာင္းေမာင္း၀င္လိို႔ေတာ့ရေလသည္။ ျပီးေတာ့ လွ်ပ္စစ္မီးသီးေတြလည္း ေသခ်ာတပ္ဆင္ထားသည္ကိုေတြ႔လိုက္ရေလသည္။

မီးလွ်ံရဲ႕ ေသခ်ာစဥ္းစားတတ္ပံုကိုေတာ့ ရိႈင္း အထင္မျကီးမိဘဲ မေနႏိုင္ေတာ့။

မီးလွ်ံက လိုဏ္ေခါင္းထဲကို လမ္းေလွ်ာက္၀င္လာလိုက္ျပီးေတာ့မွ တစ္စံုတစ္ခုကို သတိရသြားဟန္ျဖင့္ ေနာက္က ခပ္ကုတ္ကုတ္လိုက္လာေသာ ရိႈင္းဘက္ကို ျျပန္လွည့္ျကည့္ကာေျပာလုိက္သည္။

"အရင္တုန္းက ငါက ဒီိလိုဏ္ေခါင္းကေန အျပင္ဘက္ကို ကားေမာင္းျပီးသြားေနျက..ဒါေပမယ့္ အဲ့ဒီကားကပ်က္ေနေတာ့ ငါဒီအတိုင္းေျပးသြားေနရတာ.. ငါကေျပးသြားရတာ နာရီ၀က္ေလာက္ဘဲျကာႏိုင္ေလာက္ေပမယ့္.. မင္းကေတာ့ နွစ္နာရီသံုးနာရီေလာက္ျကာမယ္ထင္တယ္.."

မီးလွ်ံစကားေျကာင့္ ရိႈင္း မ်က္လံုးျပဴးသြားမိသလို စိတ္လည္း ပ်က္သြားမိေလသည္။ ရိႈင္းေတာ့ အျပင္ထြက္ဖို႔ ကံမပါလာဘူးထင္သည္။

စိတ္ပ်က္လက္ပ်က္ျဖင့္ေရရြတ္လိုက္မိသည္။

"ထားလိုက္ပါေတာ့ဗ်ာ.. ကၽြန္ေတာ္ မသြားေတာ့့ပါဘူး.. ကၽြန္ေတာ္နဲ႔အတူေတာ့ ခင္ဗ်ားကို သံုးနာရီေလာက္ လမ္းေလွ်ာက္မခိုင္းခ်င္ေတာ့ပါဘူး.. အားနာပါတယ္.."

ရိႈင္းက ထိုသို႔ေျပာလိုက္ကာ ေျမေအာက္ခန္းထဲကို ျပန္၀င္ဖိို႔ ျပင္ေနေလေသာ အခါ မီးလွ်ံက လက္ဆြဲကာ တားျပန္ေလသည္။

"ငါက မင္းကိုလိုက္ပို႔ေပးမယ္ဆိုရင္ ရေအာင္ကိုလိုက္ပို႔ေပးမွာေပါ့ .. ေယာက္်ားေလးျဖစ္ျပီး လက္ေလွ်ာ႔တာ ျမန္လိုက္တာ.."

မီးလွ်ံစကားေျကာင့္ရိႈင္း နားမလည္သလိုေလး ေမာ့ျကည့္ရွာေလသည္။

"ဒါျဖင့္.. ခင္ဗ်ားက ကၽြန္ေတာ္နဲ႔ တစ္ညလံုးလမ္းေလွ်ာက္ေပးမယ္ေပါ့ ..ဟုတ္လား.."

မီးလွ်ံက ေခါင္းခါျပကာ

"ငါ့မွာ အဲ့ဒီေလာက္ အခ်ိန္မရွိသလို ..စိတ္လည္းမရွည္ဘူး.."

"ဒါျဖင့္ ဘယ္လိုသြားမွာလဲ မိုးေပၚက ပ်ံသြားရမွာလား စုန္းကေ၀ေတြ မေတြ႔ေအာင္."

စိတ္ေပါက္ေပါက္ျဖင့္ ရိႈင္း ဘုေတာလိုက္မိေတာ့ မီးလွ်ံက တစ္ခ်က္ျပံဳးလိုက္ကာ ေျပာသည္။

"မလိုပါဘူးကြာ..အဲ့ဒီေလာက္.. ျမန္ျမန္ေရာက္ဖို႔က လြယ္ပါတယ္.."

မီးလွ်ံ ထိုသို႔ေျပာလိုက္ျပီး နားမလည္သလိုေလး ေမာ့ျကည့္ေနရွာေသာ ရိႈင္းကို လက္နွစ္ဖက္မွ ဆြဲမကာ ေက်ာေပၚကို တင္ကာ ေက်ာပိုးလိုက္ေလသည္။

ရိႈင္းတစ္ေယာက္ ဘာမွကို ျပန္ေျပာခ်ိန္မရလိုက္ဘဲ ငွက္ေမႊးေလးတစ္ခုလို ဖတ္ခနဲ မီးလွ်ံေက်ာေပၚကိုေရာက္သြားေလေတာ့သည္။ ရုတ္တရတ္မို႔လန္႔သြားျပီး လက္နွစ္ဖက္ေကာ ေျခေတာက္နွစ္ဖက္ကိုပါ မီးလွ်ံရဲ႕ ခႏာကိုယ္ကို ဖက္တြယ္ထားလိုက္မိေလေတာ့တာ။

ျပီးေတာ့ လြန္ခဲ့ေသာရွစ္နွစ္ခန္႔က မီးလွ်ံ ရိႈင္းကို ေက်ာပိုးခဲ့ဖူးတာကို သတိရသြားမိသလို မီးလွ်ံရဲ႕ ဒီလို ရွားရွားပါးပါးျပတတ္တဲ့ အျကင္နာကြက္က်ားမိုးေျကာင့္ သူ႔ကိုစြဲလန္းခဲ့ရတာကိုလည္း ကိုယ့္ဘာသာကိုယ္သိလိုက္မိေနေတာ့တာ။

အခုလည္း ဒီလူျကီး တစ္ဖက္လူရဲ႕ စိတ္ထဲ ဘာျဖစ္သြားႏိုင္တယ္ဆိုတာကို ဂရုမစိုက္။ သူလုပ္ခ်င္ရာလုပ္ေနျပန္ျပီ။

"ေသခ်ာကိုင္ထား ျပဳတ္က်မွာေျကာက္ရင္.. ျပီးေတာ့ မ်က္လံုးလည္း မွိတ္ထား.."

မီးလွ်ံရဲ႕လည္ပင္းကိုဖက္ထားေသာ ရိႈင္းရဲ႕ကလက္ကေလးေတြကို ေသခ်ာကိုင္ခုိင္းထားလိုက္ျပီး သူကေတာ့ ခါးကိုဖက္တြယ္ထားေသာ ရိႈင္းရဲ႕ ေျခေတာက္ေလးေတြကို ေသခ်ာ ကိုင္ထားလိုက္ကာ လ်င္ျမန္ေသာ အရွိန္ျဖင့္ ေျပးေလေတာ့သည္။

ရိႈင္းကေတာ့ ေခါင္းေလးကို မီးလွ်ံရဲ႕ေနာက္ဘက္တြင္ မွီတင္ထားရင္း ေျကာက္ေနမိသည္။ ေခၽြးေစးေတြ ျပန္ကာ မ်က္လံုးကိုလည္း စံုမွိတ္ထားမိသည္။ ရိႈင္း ကိုယ္ေပၚက ျပဳတ္က်မွာေျကာက္တာမဟုတ္ သူ႕ေက်ာျပင္နွင့္ကပ္ေနေသာ မိမိရဲ႕ ရင္ဘတ္ထဲမွ ၀ုန္းဒိုင္းျကဲနွလံုးခုန္သံေတြကို ျကားသြားမွာေျကာက္ေနမိတာျဖစ္သည္။

Background Music - Stay With Me By Chanyeol and Punch ( Goblin Ost)

*************************************************************************************************************

Weiterlesen

Das wird dir gefallen

390K 27.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
264K 32.7K 50
Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမွ မိမိႏွစ္သက္ရာအေရာင္ကို ေဆးျခယ္ပါ။
804K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
270K 26.2K 49
- မျဉ်းပြိုင်နှစ်ကြောင်းကဆုံချင်ရင် ဘာလုပ်ရမလဲသိလား???? သေချာတာပေါ့။သူတို့ထဲကတစ်ကြောင်းမဟုတ် တစ်ကြောင်းကတော့ကွေးပေးရမှာပေါ့😎 - မ်ဥ္းၿပိ...