Star Love (I)

By NyaHmwePann

1.2M 117K 6K

You don't have to shine, I will shine for you. '' Shine '' I... More

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Epilogue
Announcement

Chapter (17)

18.9K 2.1K 123
By NyaHmwePann

Unicode

***********

Star Shines For Flame Part (2)

အသိစိတ်ပျောက်ကာ ရှိုင်းကို သွေးစုပ်လိုက်မိတော့မလိုဖြစ်သွားခဲ့သော မီးလျှံဟာ မျက်စိစုံမှိတ်ကာ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်အောင် ကြောက်လန့်နေသော ရှိုင်းရဲ့ မျက်နှာကို မြင်လိုက်ရပြီးနောက် ရုတ်တရတ် အသိပြန်ဝင်လာမိသည်။

မီးလျှံ ဘာတွေ လုပ်မိလိုက်တာလဲ..။ အသိပြန်ဝင်လာခြင်းနှင့် အတူ ရှိုင်းကို အုပ်မိုးထားလိုက်မိရာမှ ချက်ချင်းဖယ်လိုက်မိသည်။ အားအင်မရှိသော လက်တွေ ခြေထောက်တွေကြောင့် မြေပြင်ပေါ်ကို လဲကျသွားလေတော့သည်။

မီးလျှံ မြေပြင်ပေါ်ကို လဲကျသွားပြီးတော့မှ ရှိုင်း မျက်လုံးကို မရဲတရဲဖွင့်ကြည့်လိုက်မိသည်။

အနားမှာလဲကျနေသော မီးလျှံ ကိုမြင်လိုက်သောအခါ ရှိုင်း ကြောက်စိတ်တွေ ချက်ချင်းပျောက်သွားပြီး စိုးရိမ်စိတ်တွေ ဝင်လာလေတော့သည်။ ယခုမြင်နေရသော မီးလျှံရဲ့ ပုံစံဟာ ရှိုင်း မီးလျှံကို ပထမဆုံးအကြိမ်တွေ့ခဲ့ရတုန်းက အတိိုင်းပင်။

အလွန်အမင်းဆာလောင်နေသော်လည်း သူတစ်ပါးအသက်ကို မထိခိုက်လိုတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်နေရတဲ့ ပုံစံ။ မြေပြင်ပေါ်တွင် လဲကျလျက် အားအင်ကုန်ခမ်းနေသလိုဖြစ်ကာ စိုစွတ်နေသော မြေပြင်မှ ရွှ့ံတွေလည်း ပေကျံနေသည့်အပြင် မျက်စိကို စုံမှတ်ထားပြီး ဆာလောင်မှုကို ချုပ်ထိန်းနေရသော မီးလျှံရဲ့ ပုံစံက တကယ့်ကို သနားစရာ။

ဒါကြောင့် ရှိုင်း မြေပြင်ပေါ်တွင်ထိုင်နေရာမှ တဖြေးဖြေးနှင့် မီးလျှံအနားကို တိုးကပ်သွားမိသည်။ မီးလျှံရဲ့ လက်မောင်းကို ထိကိုင်ဖို့အလုပ်မှာပင်..။

"မလာနဲ့ အနားကို.."

အထိတ်တလန့်တားဆီးလာသော မီးလျှံ..။ ရှိုင်းရဲ့ လည်ပင်း ဒဏ်ရာမှ သွေးနံ့တို့ဟာ မီးလျှံကို အသိစိတ်ပျောက်အောင် လုပ်နေတာကြောင့် မီးလျှံ တားဆီးလိုက်ရတာဖြစ်သည်။

မီးလျှံရဲ့ အသံကြောင့် ရှိုင်း လက်ကလေးတွေ လေထဲမှာတင်တန့်သွားသည်။ တစ်ဆက်တည်းမှာပင် မိမိဆီမှသွေးနံ့ကြောင့် မီးလျှံ တားဆီးလိုက်တာမှန်း သဘောပေါက်လိုက်ခြင်းနှင့်အတူ ရှိုင်း စိုးရိမ်တကြီးမေးလိုက်မိသည်။

"ကျွန်.. ကျွန်တော် ဘာလုပ်ပေးရမလဲ.. "

"ဘာမှမလုပ်ပေးနဲ့ ဝေးဝေးနေ.. ခြံထဲကနေတော့ မထွက်နဲ့.."

ဝေဒနာခံစားနေရသည့် ကြားထဲမှာပင် ရှိုင်းကို ခြံပြင်ကိို မထွက်ဖို့ပြောနေသော မီးလျှံ..။ သွေးဆာနေတာကို သိတာကြောင့် ရှိုင်း မရဲတရဲ ထပ်မေးလိုက်မိသည်။

"ကျွန်တော့်.. ကျွန်တော့ သွေးသောက်မလား.. ဟုတ်ပါတယ်.. ကျွန်တော့်သွေးကို သောက်လိုက်မှဘဲဖြစ်မှာ.."

ရှိုင်းး မီးလျှံကို မေးလည်းမေး.. ကိုယ့်ဘာသာကိုယ်ဘဲပြန်ဖြေလိုက်ပြီး အကျီလက်ကို အပေါ်ထိဆွဲတင်ကာ မီးလျှံအနားကို တိုးကပ်လာပြန်လေသည်။ လက်ဖျံမှသွေးကို တိုက်ဖို့..။

မီးလျှံရဲ့ နီရဲနေသော မျက်လုံးများ ပွင့်လာပြန်ကာ ခေါင်းထောင်လိုက်ပြီး ရှိုင်းကို စူးစူးရဲရဲ ကြည့်လိုက်ပြန်လေသည်။

"အိမ်ထဲကိုသွား.."

"ဗျာ.. "

ရုတ်တရတ်ထွက်လာသော မီးလျှံအသံကြောင့် ရှိုင်း ကြောင်သွားကာ နားမလည်ဟန်ပြန်မေးလိုက်မိသည်။

"အိမ်ထဲကိုသွား အောက်ထပ်လှေကားနားရောက်ရင် ညာဘက်က အခန်းထဲကို ဝင်သွား.. အဲ့ဒိ.. အဲ့ဒီက မဟော်ဂနီရောင် မှန်ဗီရို အပေါ်ဆုံးထပ်မှာ Box တစ်ခုရှိတယ် အဲ့ဒီထဲက သွေးအိတ်တစ်အိတ်ယူလာခဲ့..."

"ဗျာ.. "

မျက်လုံးပြူးလေးနှင့် တဗျာဗျာနှင့်လုပ်နေသော ရှိုင်းကြောင့် မီးလျှံ စိတ်မရှည်ဖြစ်လာသလို ဒေါသလည်းထွက်လာသည်။ ဒါကြောင့် အသံကျယ်ကျယ်ဖြင့်ပင် ဟောက်ပစ်လိုက်သည်။

"မြန်မြန်သွားလေ.. မင်း Vampire အစာဖြစ်ပြီး သေချင်လို့လား.."

မီးလျှံဟောက်လိုက်တော့မှပင် ရှိုင်း ထိုင်နေရာမှ ကမန်းကတန်းထရပ်လိုက်ရကာ အိမ်ကြီးထဲကိို ပြေးဝင်လာမိသည်။

အိမ်ကြီးထဲကိုရောက်တော့ ရှိုင်း ခပ်မြန်မြန်ပင် လှေကားနောက်ဘက်က အခန်းကို ဦးတည်ပြေးသွားမိသည်။ အိမ်ကြီးက အရမ်းကို ကြီးလွန်းတာကြောင့် အိမ်ဝကနေ လှေကားနောက်ကိုရောက်ဖို့ပင် အချိန်တော်တော်ယူရသည်။ အိမ်ကြီးက ရှိုင်းထင်ထားသလို မဟုတ်ဘဲ သူ့နေရာနှင့်သူ သင့်တော်သော ခေတ်မီပစည်းများလည်းရှိနေတာကို တွေ့လိုက်ရလေသည်။

ရှိုင်း အိမ်ကြီးကို သေချာမကြည့်နိုင် ခပ်မြန်မြန်ပင် လှေကားနောက်က အခန်းထဲကိို ပြေးဝင်သွားလိုက်တော့ တော်တော်ကြီးကို ကျယ်သော မီးဖိုခန်းကြီးကိုတွေ့လိိုက်ရလေသည်။ မီးလျှံပြောသော မဟော်ဂနီရောင် ဗီရိုက အခန်းထောင့်တွင်ရှိနေသည်ကိုတွေ့လိုက်ရပြီး မီးလျှံပြောသော Box သည့် ဗီရိုရဲ့ အပေါ်ဆုံးထပ် မှန်ဘောင် နောက်တွင် ထည့်ထားလေသည်။

သို့သော် ရှိုင်း လွယ်လွယ်ကူကူလှမ်းယူနိုင်သော နေရာတွင် မဟုတ်ဘဲ Box ထည့်ထားသော ဗီရိုအပေါ်ဆုံးထပ်က ရှိုင်းအရပ်ထက်ကို အရမ်းမြင့်နေသည်ကိုတွေ့လိုက်ရလေသည်။

ဒါကြောင့် ရှိုင်း မီးဖိုခန်းထဲကို မျက်လုံးဝေ့ကာ ခုတတ်စရာ ခုံကိုရှာသော်လည်း သစ်သားခုံအပုလေးတစ်ခုမှအပ ကျန်တာမတွေ့ရ။ ကြီးမားလှသော အိမ်ကြီးကို ပတ်ပြီးတော့ ခုံအမြင့်ကို ရှာဖို့လည်း အချိန်မရှိိတော့တာကြောင့် ရှိုင်း ထို ခုံအပုလေးကို ပင်ကောက်ယူလိုက်ကာ ခုံလေးပေါ်ကို တက်လိုက်ပြီး ဗီရိုအပေါ်ဆုံးထပ်တွင် တင်ထားသော Box ကို ခေါင်းမော့ပြီး မမှီမကမ်းလှမ်းယူလိုက်သည်။

မမြင်မကမ်းနှင့် Box ကိုဆွဲထုတ်လိုက်ရာ Box က အပြင်ဘက်ကို အနည်းငယ်ခေါင်းပြူထွက်လာလေသည်။ သို့သော် ရှိုင်း ထင်ထားသည်ထက်ကို အရမ်းလေးနေသော Box ကြောင့် ရှိုင်းမှာ ရုတ်တရတ် ကျလာသော Box ကို မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ပြုတ်ကျသွားကာ အထဲက သွေးအိတ်တွေလည်း အပြင်ကို ထွက်ကျသွားလေတော့သည်။

ပိုဆိုးတာက သွေးအိတ်တွေ အပြည့်ထည့်ထားသော Box သည် ဗီရို အပေါ်ထပ်မှ အရှိန်ပြင်းစွာ ကျသွားတာဖြစ်တာကြောင့် သွေးအိတ်တွေက ကြမ်းပြင်ပေါ်ကို ဝုန်းကနဲပြုတ်ကျကာအကုန်ပေါက်ထွက်သွားပြီး သွေးများလည်း ကြမ်းပြင်တွင်အကုန်ပြန့်ကျဲပေကျံသွားလေတော့သည်။

"ဟာ.."

ရှိုင်း အလန့်တကြားရေရွတ်လိုက်မိလေသည်။ ခုံပေါ်ကနေဆင်းလိုက်ကာ ကြမ်းပြင်တွင် ပေကျံနေသော သွေးတွေကို နှမြောတသကြီးစွာ ကြည့်လိုက်မိလေသည်။

ရှိုင်းရဲ့ ငယ်ထိပ်ကို မြွေပေါက်လေပြီ။ သွေးအသည်းအသန်လိုအပ်နေသော မီးလျှံရဲ့ သွေးတွေကို ရှိုင်း အလဟသဖြစ်အောင် လုပ်လိုက်မိလေပြီ။

အခုအချိန်မှာ မီးလျှံ ဆူမှာဟောက်မှာ ဒေါသထွက်မှာကို ကြောက်တာထက် အခုအချိန် သွေးသောက်ဖို့ အသည်းအသန်လိုအပ်နေသော မီးလျှံ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေမိတာဖြစ်သည်။

ကြံရာမရသည့်အဆုံး ရှိုင်း ခြံထဲကို ပြန်ထွက်လာကာ မီးလျှံလဲကျနေရာကို အပြေးပြန်သွားလိုက်မိလေသည်။

မီးလျှံမှာ မြေပြင်ပေါ်တွင် လဲကျနေကာ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တဆတ်ဆတ်တုန်ယင်နေကာ အားလုံးဝမရှိတော့သော ပုံစံမျိုးဖြစ်နေတုန်းပင်။

အိမ်ထဲအကြာကြီး ဝင်သွားပြီး ပြန်ထွက်လာတော့လည်း ဘာမှပါမလာသော ရှိုင်းကိုကြည့်ပြီး မီးလျှံ စိတ်တိုသွားလေသည်။ ဒီမှာ သွေးသောက်ဖို့ အရေးတကြီးလိုအပ်နေပါတယ်ဆိိုနေမှ ခိုင်းလိုက်တဲ့အတိိုင်းသေချာ လုပ်မလာ။ ကြာရင် မီးလျှံ အသိစိတ်တွေ လွတ်ထွက်သွားပြီး ရှိုင်းဆီကသွေးတွေကို သောက်လိုက်မိပါက မလွယ်ပေ။

ရှိုင်းက ထိတ်လန့်နေသော မျက်လုံးပြူးလေးများနှင့်ပြေးလာပြီး လဲကျနေသော မီးလျှံဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။

မီးလျှံ လဲကျနေရာမှ ရှိသမျှအားအင်တွေကို စုစည်းကာ ထထိုင်ဖို့ကြိုးစားလိုက်မိသည်။ မီးလျှံ ထထိုင်ဖို့လုပ်နေတာကိုမြင်တော့ ရိီှုင်းက ကမန်းကတန်းဆွဲထူပေးဖို့လုပ်သည်။

"ဘာလုပ်တာလဲ.. အနားမကပ်နဲ့လို့ပြောထားတယ်မလား.. ဘယ်မှာလည်း ငါယူခိိုင်းလိုက်တာ.."

ရှိုင်းလာတွဲတာကို အတွဲမခံဘဲ မျက်မှောင်ကုတ်ကြည့်ကာ မီးလျှံမေးလိုက်တော့ ရှိုင်း ပိုပြီးလန့်သွားမိသည်။ မီးလျှံအတွက် အရေးတကြီးလိုအပ်နေသော သွေးတွေ အကုန်လုံးကို ရှိုင်း ဖျက်ဆီးပစ်လိုက်မိပြီလေ..။

"ဟို..ဟို.. အဲ့ဒါလေ.."

ရှိုင်း စကားလုံးတွေ အထစ်အထစ်ဖြင့် ဘာပြောလို့ပြောရမှန်းမသိ။ မီးလျှံဒေါသထွက်စိတ်ဆိုးမှာကို အရမ်းကြောက်သည်။

"ဘယ်မှာလဲ.. ရှာမတွေ့ဘူးလား.."

မီးလျှံ ပြောရင်းနှင့်ပင် မျက်လုံးက အနီရောင်ကိုပြောင်းသွားကာ ပါးစပ်မှ သွားစွယ်များလည်း ပြန်ထွက်လာပြန်လေသည်။ နောက်ထပ် အချိန်နည်းနည်းကြာရင် မီးလျှံ အသိစိတ်ပျောက်တော့မည်။ ထိုအခါ မျက်စိရှေ့က ရှိုင်းဆိုတဲ့ချာတိတ်လေး တစ်စစီဖြစ်သွားပေလိမ့်မည်။

"ဟို.. တွေ့.. တွေ့တယ်.. ဒါပေမယ့် ကျွန်တော်နဲ့ မမှီဘူးဖြစ်နေလို့ ခုံခုပြီးယူလိုက်တာ အောက်ကိုပြုတ်ကျသွားပြီး အထုပ်တွေ အ..အကုန်ပေါက်သွားတယ်.."

"ဘာ.."

မီးလျှံရဲ့ ကျယ်လောင်သော အာမေဋိတ်အသံကြောင့် ရှိုင်း တစ်ကိုယ်လုံးတုန်ယင်သွားမိသည်။

"မင်း.. မင်း.. တော်တော်ငါ့ကို ဒုက္ခပေးတဲ့ချာတိတ်.. အ.. "

မီးလျှံ ဒေါသတွေ ဂိတ်ဆုံးထိဆောင့်တက်လာကာ စိတ်ရှိလက်ရှိအော်လိုက်ဖို့ကြိုးစားနေတုန်းမှာပင် ဆာလောင်လွန်းအားကြီးသဖြင့် ရင်ဘတ်ထဲကပင် အောင့်တက်လာလေတော့သည်။

ထိိုအခါ မီးလျှံ ထိုင်နေရာမှာ ထရပ်ဖို့ကြိုးစားသော်လည်း မရ။ ချက်ချင်းပြန်လဲကျသွားလေတော့သည်။

"ဘာ..ဘာလုပ်မလို့လဲ.."

မီးလျှံတောထဲမှာ တိရစ္ဆာန်သွေးသောက်ရန်အတွက် အမဲလိုက်ဖို့စဉ်းစားကာ ထရပ်ဖို့ကြိုးစားလိုက်တာဖြစ်သော်လည်း အားမရှိတော့သော ခြေထောက်တွေက ခန္ဓာကိုယ်ကို ထိန်းထားနိုင်စွမး်မရှိတော့..။ လဲပြိုမတတ်ဖြစ်နေကာ ထထိုင်ရန်ပင် အင်အားမရှိတော့။

ထိုအခါ ရှိုင်း အလန့်တကြားပင် သူ့လက်လေးကို မီးလျှံရှေ့ကို တိုးပေးလိုက်လေတော့သည်။

"ကျွန်တော့်သွေးကိုသောက်လိုက်ပါ.."

မီးလျှံ မျက်လုံးပြူးသွားပြီး ချက်ချင်းပင် မျက်စိရှေ့က ရှိုင်းလက်လေးကို ပုတ်ထုတ်လိုက်လေသည်။

"သေချင်နေလား ချာတိတ်..."

"ခင်ဗျားသွေးတွေ ကျွန်တော် ဖျက်ဆီးလိုက်မိတာ ကျွန်တော့်မှာ တာဝန်ရှိပါတယ်.. သောက်လိုက်ပါ.. ခင်ဗျား ဒီလိုဖြစ်နေတာ ကျွန်တော်မကြည့်ရက်တော့ဘူး.."

ရှိုင်းပြောနေသော အချိန်အတွင်းမှာပင် မီးလျှံ အသက်ရှူသံတွေ ပြင်းလာကာ မျက်လုံးတွေလည်းပြာဝေလာလေပြီ။ ရှိုင်းလည်ပင်းက ဒဏ်ရာမှ သွေးစလေးတွေကိိုသာ အကြည့်က ရောက်နေကာ ဆာလောင်မှုက ပိုဆိုးလာလေတော့သည်။

ပိုဆိုးသည်က ရှိုင်းက သူ့အနားကို ကပ်နေသဖြင့် မွှေးပျံ့လှသော သွေးနံ့တွေကြောင့် စိတ်ထိန်းလို့ရ အရမ်းကိုခက်နေပြီ.။

"ငါသူများကို နာကျင်အောင်လုပ်ပြီး သွေးမသောက်ချင်ဘူး ချာတိတ်.."

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး စိတ်ကို ထိန်းချုပ်ကာ ခြံပြင်ကို ထွက်မည့်ဟန်လုပ်နေသော မီးလျှံကို ရှိုင်းက နောက်ကနေလှမ်းဆွဲလိုက်လေသည်။

ထိုအခါ မီးလျှံရဲ့ အသိစိတ်တွေ လုံးဝလွတ်ထွက်သွားပြီး ရှိုင်းကို နောက်တစ်ကြိမ်ခုန်အုပ်လိုက်မိပြန်လေတော့သည်။

မြေကြီးပေါ်ကို ပက်လက်လန်လဲကျသွားသော ရှိုင်းကို အပေါ်ကို အုပ်မိုးထားလိုက်ကာ ချက်ချင်းပင် လည်ပင်းကို ကိုက်ဖောက်ဖို့ ကြိုးစားလိုက်မိချိန်..။

ရှိုင်း အတတ်နိုင်ဆုံးစိတ်လျှော့ထားလိိုက်ကာ မျက်စိကိုသာ စုံမှိတ်ထားလိုက်မိသည်။ သူဆာလောင်နေတာတွေ ဝေဒနာခံစားနေရတာတွေ ပျောက်နိုင်မည်ဆိုလျှင် ရှိုင်းနာကျင်စေရဦးတော့ ကျေနပ်နိုင်ပါသည်။

မီးလျှံ မျက်စိကိုစုံမှတ်ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရှိုင်းကို မြင်လိုက်ရတာနှင့် ဝုန်းခနဲ အသိစိတ်တွေက ပြန်ဝင်လာပြန်လေသည်။ ဘာကြောင့်ရယ်မသိ ရှိုင်းရဲ့ထိတ်လန့်နေသော မျက်နှာကို မြင်လိုက်ရတာနှင့် ချက်ချင်း မီးလျှံ အသိစိတ်လွတ်နေရာမှ ချက်ချင်း ပြန်သတိဝင်လာတတ်သည်ကို သတိထားမိနေတော့တာ။

အသက်ရှူသံပြင်းပြင်းမှ အပ ကျန်တာ မကြားရတာကြောင့် ရှိုင်း မျက်လုံးကို မရဲတရဲ ဖွင့်ကြည့်လိိုက်မိတော့ မီးလျှံ ရှိုင်းကို အုပ်မိုးထားလျက်ကပင် အသည်းအသန်ကို စိတ်ကို ထိန်းချုပ်နေရတဲ့ပုံစံကို သနားစဖွယ်မြင်တွေ့လိုက်ရတော့တာ။

ရှိုင်း လဲကျနေရာကနေ ထထိုင်လိုက်တော့ မီးလျှံက အလန့်တကြားပင်နောက်ကိုဆုတ်သည်။ မီးလျှံ နှုတ်ခမ်းတွေ ကော မျက်နှာတစ်ပြင်လုံးပါ ဖြူဆုတ်နေပြီကို တွေ့လိုက်ရလေတော့သည်။

ရှိုင်း မီးလျှံကို ကြောက်သည်မှန်သော်လည်း ဝေဒနာခံစားနေရတာကို ပျောက်စေချင်တဲ့ စိတ်က ပိုများနေတာကြောင့် မီးလျှံရဲ့ ရင်ဘတ်က အကျီစကို ရဲရဲတင်းတင်းပင် ဆုပ်ကိုင်လိုက်သည်။ အထိတ်တလန့်ပြူးကြည့်ကာ ရှိုင်းလက်ကို ဖယ်ဖို့လုပ်နေသော မီးလျှံရဲ့ မျက်လုံးနီတွေကို ရှိုင်း စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။

"ကျွန်တော့်သွေးကို သောက်လိုက်ပါ.. ကျေးဇူးပြုပြီးတော့.. ခင်ဗျားအရမ်းကို အခြေအနေဆိုးနေပြီ.."

မီးလျှံ သနားစဖွယ် မျက်လုံးများနှင့် ရှိုင်းကို ကြည့်လာသည်။

"ငါ.. ငါ.. သူတစ်ပါးကို နာကျင်အောင် မလုပ်ချင်ဘူး ချာတိတ်.."

မီးလျှံရဲ့စိတ်ကို အပြည့်အဝနားလည််သည်။ ဒါကြောင့် ပင် သူ့ကို လိုလိုလားလား သွေးတိုက်လိုခြင်းဖြစ်လေသည်။ ဒါကြောင့် မီးလျှံကို မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ကာ ပြောလိုက်သည်။

"ကျွန်တော်က မနာဘူးဆိုရင်ကော.. ကျွန်တော်က ခင်ဗျားကို လိိုလိုလားလားသွေးသောက်ခွင့်ပေးတာဆိုရင်ကော.. ခင်ဗျားသောက်မှာလား.. ခင်ဗျား စိတ်မထိန်းနိုင်မှာစိုးလို့ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမယ့် ခင်ဗျား ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်မယ်ဆိုတာကျွန်တော်ယုံတယ်.."

အားပေးလိုသော သဘောဖြင့် ရှိုင်းပြောတာကြောင့် မီးလျှံ ငြင်းဆန်နိုင်စွမ်းမရှိတော့..။ ဆာလောင်မှုက မီးတောင်ပေါက်သလိုပင် တော်တော်ကို ဆိုုးရွားနေလေပြီ။

ဒါကြောင့် စိတ်ကို လျှော့လိုက်ကာ ရှိုင်းကို ကြည့်လိုက်သည်။ ရှိုင်းက အားလုံးအဆင်ပြေတယ်ဆိုသော သဘောဖြင့် ခေါင်းကိုငြိမ့်ပြလိုက်သည်။

ထိုအခါ မီးလျှံ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီး ရှေ့တွင်ရှိနေသော ရှိုင်းရဲ့ လက်ကို ရှေ့ကိုဆွဲထူလိုက်ကာ လက်ဖျံနေရာကို ဦးတည်ကာ ငြင်သာစွာပင် သွားစွယ်များဖြင့် ကိုက်ဖောက်လိုက်လေတော့သည်။

( Why taking too much lines just to drink blood?? This author is a total player . cmt by author's sis)

လက်မှ နာကျင်မှုကြောင့် ရှိုင်း နှုတ်ခမ်းကို ကိိုက်ထားလိုက်မိသည်။ သို့သော် မညီးညူရဲပေး။ မိမိညည်းညူလိုက်မိရင် မီးလျှံ ချက်ချင်းသွေးသောက်နေတာကို ရပ်လိုက်မှာကို သိနေသောကြောင့်ပင်။

မီးလျှံ အရသာရှိလှသော ရှိုင်းဆီမှသွေးကို မီးလျှံ အငမ်းမရပင်သောက်သုံးနေမိသည်။ အရမ်းကို စွဲမက်ဖွယ်ကောင်းသည်။ အထူးသဖြင့် ဒီရှိုင်းဆိုသော ကောင်လေးရဲ့ သွေးတို့ဟာ အရသာအရှိဆုံး၊ အမွှေးပျံဆုံးနှင့် အချိုမြိန်ဆုံးဆိုတာ မီးလျှံ အရင်တုန်းကတည်းက သတိထားမိခဲ့တာ။ အလွန်မွှေးပျံ့သော စပျစ်ဝိုင်တစ်ခွက်ကို သောက်နေရသလိုမျိုး။ စွဲမက်ဖွယ်ကောင်းလွန်းနေတာ။

ဒါကြောင့် အချိန်တော်တော်ကြာသည်အထိ မရပ်တန့်နိုင်။ ရှိုင်းကလည်း လုံးဝကို မရုန်းကန်၊ မငြင်းဆန်ဘဲ ခေါင်းလေးကို တစ်ဖက်ကိုစောင်းငဲ့ပြီး မျက်စိစုံမှိတ်ကာ နာကျင်မှုကို ကျိတ်ခံနေတော့တာ။

စွဲမက်ဖွယ်အကောင်းဆုံးဆိုတာ ငြင်းမရသော်လည်း၊ စိတ်ရှိလက်ရှိ တစ်စက်မှမကျန်အောင် သောက်သုံးပစ်လိုက်ချင်သော်လည်း၊ မိမိကြောင့် ဒီကောင်လေး ထိခိိုက်မှာကိုလည်း အဖြစ်မခံနိုင်။ ဒါကြောင့် ရပ်တန့်ရခက်နေသော်လည်း မီးလျှံ စိတ်ကို ထိန်းချုပ်လိုက်ကာ လက်ဖျံကို ကိုက်ဖောက်ထားရာမှ ဖယ်ပေးလိုက်မိသည်။

ခန္ဓာကိုယ်အတွင်းကို လုံလောက်တဲ့သွေးတွေ စီးဝင်သွားမှပင် မီးလျှံရဲ့ မျက်နှာက ပုံမှန်ပြန်ဖြစ်လာလေတော့သည်။ သွားစွယ်တွေလည်း ပြန်ပျောက်သွားကာ မျက်လုံးကလည်း ပုံမှန် အပြာရောင်ကို ပြောင်းလဲသွားပြီဖြစ်သည်။

စောစောက စုန်းကဝေတွေနှင့် တိုက်ခိုက်လိုက်ရတာကြောင့် ကုန်ခမ်းသွားသော အားတွေကလည်း တဖြေးဖြေးချင်းပင် ပြန်လည် တိုးတက်လာသည်။ အပြည့့်အဝကြီးတော့ မဟုတ်သေးပေ။

သို့သော် အသိစိတ်လွတ်ထွက်သွားရလောက်သည့် အခြေအနေမျိုးမဟုတ်တော့။

ရှိုင်းက မီးလျှံရဲ့ မျက်နှာ အခြေအနေကိိုကြည့်နေရင်း အနည်းငယ်သွေးရောင် လွှမ်းလာတာကို မြင်လိုက်ရတော့မှပင် သက်ပြင်းကို ခပ်လေးလေးတစ်ချက်ချလိုက်မိလေသည်။ ထိို့နောက် ဒီအတိုင်းမြေပြင်ပေါ်တွင် ထိိုင်လျက်ရှိနေသေးသော မီးလျှံရဲ့ မျက်နှာကို မျက်လုံးချင်းဆုံအောင်လိုက်ကြည့်ပြီး မေးလိုက်သည်။

"အဆင်ပြေသွားပြီလား.."

လေသံပျော့လေးနဲ့ ရှိုင်းမေးတာကို ခေါင်းငြိမ့်တုန့်ပြန်လိုက်ပြီးတော့ ရှိုင်းလက်ဖျံကို ဆွဲယူကြည့်လိုက်သည် လက်ဖျံဖြူဖြူလေးပေါ်မှာ မီးလျှံရဲ့ သွားကိုက်ရာနှင့်အတူ ရှိုင်းရဲ့သွေးစ တစ်ချို့ရှိနေတုန်းပင်ဖြစ်သည်။ နာကျင်နေတာသိသာနေသော မျက်နှာလေးက ရှုံ့မဲမဲဖြစ်နေသော်လည်း ဘာမှမဖြစ်သလိုဟန်ဆောင်နေရှာလေသည်။

ဒါကြောင့် ရှိုင်းရဲ့လက်ကိုဆွဲယူကာ မိမိရဲ့သွေးတို့ဖြင့် ဒဏ်ရာပျောက်အောင် လုပ်ပေးရန်အတွက် မီးလျှံ ကိုယ့်လက်ကိုယ်ကို ကိုက်ဖောက်ဖို့လုပ်လိုက်တော့ ရှိုင်းက နောက်လက်တစ်ဖက်ဖြင့်တားသည်။

"ကျွန်တော် ဘာမှမဖြစ်ဘူး.. ခင်ဗျားကိုယ့်ဘာသာကိုယ်ဘဲ အဆင်ပြေအောင်လုပ်ပါ.. အခုထလို့ရပြီလား.."

မီးလျှံ ခေါင်းငြိမ့်ပြလိုက်ကာ ဖြေးဖြေးချင်းထထိုင်ဖို့ကြိုးစားမိသည်။ ရှိုင်းက မီးလျှံရဲ့ လက်မောင်းတစ်ဖက်ကို ကိုင်ကာ ဘေးကနေ တွဲပေးသည်။ နှစ်ယောက်သား တွဲထားလျက်ကပင် ဖြေးဖြေးချင်း မီးလျှံတို့ အိမ်ကြီးထဲကို လျှောက်လာခဲ့လေသည်။

အိမ်ထဲကိုရောက်တော့ မီးလျှံက ရှိုင်းတွဲပေးထားသော လက်ကို ဖြုတ်လိုက်သည်။ ပြီးတော့ မျက်နှာထားတင်းတင်းဖြင့် ရှိုင်းဘက်ကို လှည့်လိုက်ကာ အသံမာမာဖြင့်မေးလေသည်။

"ဘယ်မှာလဲ .. ငါ့သွေးတွေ ပေါက်ထွက်သွားတဲ့နေရာ.."

ထိုအခါ ရှိုင်း လန့်သွားပြီး အပြစ်လုပ်ထားသော ကလေးလို့ မျက်နှာငယ်လေးဖြင့် မီးလျှံကိုမော့ကြည့်သည်။ မျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြန်ကာ အိမ်ရဲ့ လှေကားနောက်ဘက်ကို လက်ညှိုးထိုးပြပြီး..

"ဟို .. ဟို.. မီးဖိုခန်းထဲမှာ"

"အကုန်ပေါက်သွားတာလား.. တစ်ထုပ်မှကို သုံးမရတော့ဘူးလား"

"ဟုတ်တယ်.."

မီးလျှံ ရှိုင်းကိုု မျက်မှောင်ကုတ်ကာ စူးခနဲ တစ်ချက်ကြည့်လိုက်မိတော့ ရှိုင်း တစ်ချက်တွန့်ခနဲဖြစ်သွားလေသည်။ ထို့နောက်မှ မီးလျှံ လက်မောင်းကို မရဲတရဲ ဆုပ်ကိုင်လိုက်ကာ ပြောသည်။

"ခင်ဗျား အရမ်းပင်ပန်းနေပြီ.. နားချင်နားလိုက်ပါတော့.. မီးဖိုခန်းထဲက ပေနေတာတွေ ကျွန်တော် အခုသွားရှင်းလိုက်ပါ့မယ်.."

ရှိုင်း ပြောပြောဆိုဆိုနှင့် မီးဖိုးခန်းထဲကို ပြေးသွားတော့မည့်ဟန်လုပ်တော့ မီးလျှံ ရှိုင်းလက်ကိုဆွဲကာ လှမ်းတားသည်။

"မလုပ်နဲ့.."

"ဟင်.. ဘာဖြစ်လို့လဲ.. ကျွန်တော်လုပ်လိုက်တာ ကျွန်တော်ရှင်းပေးရမှာပေါ့.."

မျက်လုံးပြူးလေးနှင့် ပြန်မေးလေတော့ မီးလျှံက ရှိုင်းကို ခြေဆုံးခေါင်းဆုံးသေချာကြည့်လိုက်ကာ ပြောလေသည်။

"မနက်မှရှင်းပေးတော့ .. မင်းလည်း ပင်ပန်းနေပြီ.."

"ဒါပေမယ့်. ခင်ဗျားမီးဖိုခန်းကြီး တစ်ခုလုံးနီးပါး ပေသွားတာ အခုရှင်းမှရမှာပေါ့.."

မီးလျှံ ခေါင်းခါပြလိုက်ကာ

"မနက်မှရှင်းရှင်း အခုရှင်းရှင်း အတူတူဘဲ.. မင်းကိုယ်မင်းလည်း ကြည့်ဦး ဒဏ်ရာတွေနဲ့ လူက မျော့မျော့ဘဲရှိိတော့တာကို ကြမ်းတိုက်ချင်သေးလို့လား.."

"မနက်ကျမှရှင်းရမယ်ဆို သွေးတွေက ခြောက်ပြီး အနံ့တွေလည်းထွက်နေမှာပေါ့.. အဲ့ဒါ ခင်ဗျားခံနိုင်လို့လား"

"ထွက်ပလေ့စေ .. ငါဘာမှမဖြစ်ဘူး.."

"ခင်ဗျား မဖြစ်ပေမယ့် ကျွန်တော်ဖြစ်တယ်. ကျွန်တော် တစ်ခုခုညစ်ပတ်နေရင် မနေတတ်ဘူး.."

"မနေတတ်လည်း ရအောင်နေ.."

"ရမှမရတာ ဘယ်လိုလုပ်ရမှာလဲ.."

မီးလျှံ စိတ်မရှည်တော့ပေ။ ဒီကောင်လေးသည် အရမ်းကို စကားအရစ်ရှည်လွန်းသည်။ အမြဲတမ်း ဒေါသထွက်ရသည်။ ဒါကြောင့် လေသံမာမာဖြင့်ပင် ဘုတောလိုက်ရသည်။

" ဒီိမှာ ချာတိတ်.. မင်းငါပြောတဲ့အတိိုင်း နေရင်နေ.. မနေရင်တော့ ထွက်သွားလိုက်တော့ ခြံထဲက.."

မီးလျှံဟောက်လိုက်တာကြောင့် အသံတိခနဲတိတ်သွားလေတော့သည်။ ခေါင်းလေးငုံ့ကာ ဘာမှဆက်မပြောတော့။ ထိုအခါမှ မီးလျှံ ပြောလိုက်သည်။

"မင်းစောစောက အခန်းမှာဝင်အိပ်လိုက်.. စိတ်ချလက်ချအိပ်လို့ရတယ်.. ရေချိုးပြီး ဗီရိုထဲက ငါ့အဝတ်တွေ ယူဝတ်လို့ရတယ် .. မားကပ်စ်တို့ ဒီအိမ်ထဲကို ခြေတစ်လှမ်းတောင် ချလို့မရဘူး.."

မီးလျှံပြောလိုက်တော့ ရှိုင်းက ခေါင်းငုံ့ထားရာမှ ပြန်မော့ကြည့်ကာ မေးလေသည်။

"ကျွန်တော်က အဲ့ဒီအခန်းမှာ အိပ်တော့ ခင်ဗျားက ဘယ်မှာ အိပ်မှာလဲ.."

"ငါ့ဘာသာငါ ဘယ်မှာ အိပ်အိပ်ပေါ့.."

"ခင်ဗျားအဆင်ပြေတာသေချာလို့လား.. နောက်တစ်ခေါက် ဟိုလို အစွယ်ကြီးတွေ ထပ်တော့ ထွက်မလာလောက်တော့ပါဘူးနော်.."

ရှိုင်းက စိုးရိမ်နေဟန်ဖြင့် မေးလေတော့ မီးလျှံ ရယ်ချင်သွားလေသည်။ ဒီကောင်လေး အခုမှ Vampire ကိုကြောက်ရကောင်းမှန်းသိသည်ထင်သည်။

"မထွက်တော့ပါဘူး.. စိတ်ချပါ.. ကဲသွားတော့.. သွားအိပ်တော့ .."

မီးလျှံ ရှိုင်းကို လက်မောင်းကနေ ဆွဲချုပ်လိုက်ပြီး အပေါ်ထပ်ကို အတင်းခေါ်သွားလိုက်ကာ စောစောက ရှိုင်းကို ထားထားသော မီးလျှံရဲ့ အိပ်ခန်းထဲကို ပို့ပေးလိုက်သည်။ အခန်းထဲကို တွန်းထည့်ပေးလိုက်ကာ တံခါးပိတ်ပေးမလို့လုပ်တော့ ရှိုင်းက အတင်းတံခါးကို ပြန်ဆွဲဖွင့်ကာ မေးပြန်သည်။

"ခင်ဗျား ကျွန်တော်အိပ်ပျော်နေတုန်း ကျွန်တော့ကို လာမကိုက်လောက်ပါဘူးနော်"

မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေပြန်ကာ မေးနေသော ရှိုင်းရဲ့ ခေါင်းကို မနာအောင် ထုလိုက်ပြီး မီးလျှံ ထပ်ဟောက်လိုက်ရပြန်လေပြီ။

"မကိုက်ဘူးဆို မကိုက်ဘူးပေါ့.. ကြောက်ရင် အိမ်ထဲလာမနေနဲ့.."

ဒီလိုပြောလိုက်တော့မှပင် ရှိုင်းတစ်ယောက် ပြာပြာသလဲလဲဖြင့် သွားလေးဖြဲပြကာ ပြောလေသည်။

"ဟီးရတယ်.. ရတယ်.. ခင်ဗျားထက် အပြင်က ပိုကြောက်ဖို့ကောင်းတယ်.. ရပြီိရပြီ.. အိပ်တော့မယ်.. ''

ရှိုင်း အခန်းတံခါးကို ပိတ်တော့မလို လုပ်ပြီးမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် တံခါးကိုပြန်ဆွဲဖွင့်လိုက်လေသည်။

မီးလျှံက ဘာလဲဆိုသော သဘောဖြင့် ကြည့်လိုက်တော့ ရှိုင်းက မီးလျှံကို တည့်တည့်စိုက်ကြည့်ကာ ပါးချိုင့်လေးတွေ ပေါ်အောင်ရယ်ပြပြီး ပြောလေသည်။

''Goodnight Flame .. "

မီးလျှံ ရင်ထဲတွင် အနည်းငယ်လှုပ်ရှားသွားလေတော့သည်။

မီးလျှံ ပြန်နိုးထလာကတည်းက မိသားစုလည်း မရှိတေ့ာဘဲ တစ်ယောက်တည်း နေရသဖြင့် ဒီလို နှုတ်ဆက်စကားမျိုး မကြားရတာ ကြာပြီလေ။ ပြီးတော့ ထိုကောင်လေးရဲ့ နှုတ်ဆက်စကားက ရင်ထဲကလာသော အစစ်အမှန်နွေးထွေးမှုတွေ ပါနေတာကို သေချာ ခံစားလို့ရနိုင်နေတာကြောင့်ပင်ဖြစ်သည်။ ဒါကြောင့် မီးလျှံလည်း ရှိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြန်နှုတ်ဆက်လိုက်မိသည်။

"Goodnight ချာတိတ်.."

မီးလျှံက ထိုသို့ပြောပြီးပြီးချင်းမှာပင် အခန်းဝကနေ ထွက်သွားလေသည်။

မီးလျှံရဲ့ နှုတ်ဆက်စကားက ရှိုင်း ဒီနေ့တစ်နေ့လုံး စိတ်ဆင်းရဲခဲ့သမျှ၊ ကြောက်လန့်ခဲ့့ရသမျှ၊ ပင်ပန်းခဲ့ရသမျှတွေကို အကုန်မေ့ပျောက်သွားနို်င်စေတာ..။ ပြုံးစိစိဖြစ်နေသည့် မျက်နှာကို ပြင်လို့မရ။

ရှိုင်း အခန်းတံခါးကို ပိတ်လိုက်ပြီးတော့ ချက်ချင်းပင် တံခါးမှာ ကျောကပ်လိုက်မိကာ ရင်ဘတ်တွင် လက်ကိုဖိလိုက်မိသည်။ မျက်နှာလေးက ပြုံးနေလျက်။ ပြီးတော့ ရှိုင်းရဲ့ ခန္ဓာကိုယ်မှလည်း အလင်းရောင် အနည်းငယ်တို့တောက်ပနေလျက်။ ရှိုင်း မနည်း စိတ်ထိန်းလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဒီအချိန်ဟာ ရှိုင်းအတွက် ပျော်ရွှင်နေသင့်တဲ့အချိန်မဟုတ်တာကို ကောင်းကောင်းနားလည််နေတာကြောင့်ပင်ဖြစ်သည်။

ကုတင်ပေါ်ကို တက်ပြီး စောင်ကိုခြုံကာ လှဲလိုက်ရင်း မျက်နှာကျက်ပေါ်က မီးဆိုင်းကြီးကို ကြည့်ရင်း ရှိုင်းရဲ့ အတွေးတွေက ဟိုရောက်ဒီရောက်။

တစ်ဖက်တွင်ကျန်ခဲ့သော သြဂတ်စ်တို့ အဆင်မှပြေရဲ့လား ဆိုသော စိုးရိမ်စိတ်တွေက ဝင်လာသည်။ ရှိုင်းကို ကာကွယ်စေလိုတဲ့ စိတ်တစ်ခုတည်းနဲ့တင် စုန်းကဝေတွေရဲ့ အန္တရာယ်ပေးခြင်းကို ခံလိုက်ရတဲ့ သြဂတ်စ်တို့ အခုနေဘယ်လိုများဖြစ်နေမလဲ။ အခုအချိန်တွင် ရှိုင်း ဒီနေရာမှနေပြီး ပါပါးအတွက် စိတ်ပူပေးနေရုံ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးနေရုံမှအပ အခြားမရှိတာကြောင့်။

***********************************************************************************************************

ရှိုင်း အခန်းတံခါးလေး ပိတ်သွားတော့မှ မီးလျှံ ချက်ချင်းပင် ခြံထဲကို ပြန်ထွက်လာမိသည်။ သွေးတွေ ရှိုင်း လုပ်လိုက်သဖြင့် ပျက်ဆီးသွားပြီဆိုတော့ မီးလျှံ ထုံးစံအတိုင်း အမဲလိုက်ဖို့လိုလာပြီလေ။ မီးလျှံ အတွက်က မှော်ပညာတွေ လေ့ကျင်ချင်တယ် မားကပ်စ်ကို အနိုင်တိုက်ချင်တယ်ဆိုရင် အမြဲတမ်းအားပြည့်နေဖို့လိုအပ်သည်လေ။

ခြံထဲက ထွက်၊ ခြံတံခါးကို သေချာ လုံခြုံအောင် ပိိတ်လိုက်သည်။

ညဉ့်ကတော်တော်ကြီးနက်နေပြီ။ လမိုက်ညဖြစ်တာကြောင့် မီးလျှံရဲ့ အိမ်ထဲက မသိမသာ ထွက်ပေါ်နေသော Candle Light များမှအပ ကျန်တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်လျက်။ မိုးရွာပြီးခါစဖြစ်တာကြောင့် Nebbia ရာသီဥတုရဲ့ ထုံးစံအတိိုင်း အေးစိမ့်လာပြန်ကာ မြူတွေ ပိန်းပိန်းပိတ်အောင် ဆိုင်းလာပြန်လေပြီဖြစ်သည်။

တစ်အိမ်လုံး တစ်ခြံလုံးကို လုံခြုံအောင် အိမ်ထဲတွင်ရှိိနေသော ချာတိတ်လေးကို ဘယ်သူမှအာရုံမခံမိအောင် မီးလျှံသေချာ လုပ်ပေးပြီးတော့မှ တောထဲကို အမဲလိုက်ရန်ထွက်သွားလေသည်။

မီးလျှံထွက်သွားတော့မှ မီးလျှံရဲ့ ခြံနံဘေး မြူတွေ ကြားမှ အနက်ရောင် ဝတ်ရုံကို ခေါင်းထိလုံအောင် ခြုံထားသော လူတစ်ယောက် ထွက်ပေါ်လာတာလေသည်။ ထိုသူက အိမ်ကြီးရဲ့ Candle Light လေးအနည်းငယ်လင်းနေသော အပေါ်ထပ် အခန်းတစ်နေရာကို ကြည့်နေလေသည်။ Candle Light များကြားမှ တစ်ချက်တစ်ချက် မသိမသာ ထွက်ပေါ်နေသော ငွေရောင် အလင်းတန်းလေးတွေကို လည်း သေချာကြည့်နေလေသည်။

ခေါင်းထိလုံအောင် ခြုံထားသော အနက်ရောင် ဝတ်ရုံကြီးကြောင့် မျက်လုံးတို့ကိို သေချာမြင်နိုင်မှာ မဟုတ်သော်လည်း ထိုသူရဲ့ နှုတ်ခမ်းတွေကတော့ ကျေနပ်မှု အပြည့်ဖြင့် ပြုံးနေသည်ကို တော့ မြင်နိုင်လေသည်။

Candle Light လေးတွေရှိိနေသော မီးလျှံရဲ့ အိပ်ခန်းထဲမှာတော့ ကြယ်လေးက စိတ်အေးစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီ..။

ပတ်ဝန်းကျင်ကတော့ အရှိန်ကောင်းကောင်းဖြင့် မြူတွေဆိုင်းကာ အေးစက်လျက်ရှိနေတုန်း...။

Background Music - Everything Has Changed by Taylor Swift ft Ed Shreen

*************************************************************************************************************

***********

Zawgyi

************

Star Shines For Flame Part (2)

အသိစိတ္ေပ်ာက္ကာ ရိႈင္းကို ေသြးစုပ္လိုက္မိေတာ့မလိုျဖစ္သြားခဲ့ေသာ မီးလွ်ံဟာ မ်က္စိစံုမွိတ္ကာ ႏႈတ္ခမ္းေလးေတြ တဆတ္ဆတ္တုန္ေအာင္ ေျကာက္လန္႔ေနေသာ ရိႈင္းရဲ႔ မ်က္နွာကို ျမင္လိုက္ရျပီးေနာက္ ရုတ္တရတ္ အသိျပန္၀င္လာမိသည္။

မီးလွ်ံ ဘာေတြ လုပ္မိလိုက္တာလဲ..။ အသိျပန္၀င္လာျခင္းနွင့္ အတူ ရိႈင္းကို အုပ္မိုးထားလိုက္မိရာမွ ခ်က္ခ်င္းဖယ္လိုက္မိသည္။ အားအင္မရွိေသာ လက္ေတြ ေျခေထာက္ေတြေျကာင့္ ေျမျပင္ေပၚကို လဲက်သြားေလေတာ့သည္။

မီးလွ်ံ ေျမျပင္ေပၚကို လဲက်သြားျပီးေတာ့မွ ရိႈင္း မ်က္လံုးကို မရဲတရဲဖြင့္ျကည့္လိုက္မိသည္။

အနားမွာလဲက်ေနေသာ မီးလွ်ံ ကိုျမင္လိုက္ေသာအခါ ရိႈင္း ေျကာက္စိတ္ေတြ ခ်က္ခ်င္းေပ်ာက္သြားျပီး စိုးရိမ္စိတ္ေတြ ၀င္လာေလေတာ့သည္။ ယခုျမင္ေနရေသာ မီးလွ်ံရဲ႕ ပံုစံဟာ ရိႈင္း မီးလွ်ံကို ပထမဆံုးအျကိမ္ေတြ႔ခဲ့ရတုန္းက အတိိုင္းပင္။

အလြန္အမင္းဆာေလာင္ေနေသာ္လည္း သူတစ္ပါးအသက္ကို မထိခိုက္လိုတာေျကာင့္ ဆာေလာင္မႈကို ထိန္းခ်ဳပ္ေနရတဲ့ ပံုစံ။ ေျမျပင္ေပၚတြင္ လဲက်လ်က္ အားအင္ကုန္ခမ္းေနသလိုျဖစ္ကာ စိုစြတ္ေနေသာ ေျမျပင္မွ ရႊ႔ံေတြလည္း ေပက်ံေနသည့္အျပင္ မ်က္စိကို စံုမွတ္ထားျပီး ဆာေလာင္မႈကို ခ်ဳပ္ထိန္းေနရေသာ မီးလွ်ံရဲ႕ ပံုစံက တကယ့္ကို သနားစရာ။

ဒါေျကာင့္ ရိႈင္း ေျမျပင္ေပၚတြင္ထိုင္ေနရာမွ တေျဖးေျဖးနွင့္ မီးလွ်ံအနားကို တိုးကပ္သြားမိသည္။ မီးလွ်ံရဲ႕ လက္ေမာင္းကို ထိကိုင္ဖို႔အလုပ္မွာပင္..။

"မလာနဲ႔ အနားကို.."

အထိတ္တလန္႔တားဆီးလာေသာ မီးလွ်ံ..။ ရိႈင္းရဲ႕ လည္ပင္း ဒဏ္ရာမွ ေသြးနံ႔တို႔ဟာ မီးလွ်ံကို အသိစိတ္ေပ်ာက္ေအာင္ လုပ္ေနတာေျကာင့္ မီးလွ်ံ တားဆီးလိုက္ရတာျဖစ္သည္။

မီးလွ်ံရဲ႕ အသံေျကာင့္ ရိႈင္း လက္ကေလးေတြ ေလထဲမွာတင္တန္႔သြားသည္။ တစ္ဆက္တည္းမွာပင္ မိမိဆီမွေသြးနံ႔ေျကာင့္ မီးလွ်ံ တားဆီးလိုက္တာမွန္း သေဘာေပါက္လိုက္ျခင္းနွင့္အတူ ရိႈင္း စိုးရိမ္တျကီးေမးလိုက္မိသည္။

"ကၽြန္.. ကၽြန္ေတာ္ ဘာလုပ္ေပးရမလဲ.. "

"ဘာမွမလုပ္ေပးနဲ႔ ေ၀းေ၀းေန.. ျခံထဲကေနေတာ့ မထြက္နဲ႔.."

ေ၀ဒနာခံစားေနရသည့္ ျကားထဲမွာပင္ ရိႈင္းကို ျခံျပင္ကိုိ မထြက္ဖုိ႔ေျပာေနေသာ မီးလွ်ံ..။ ေသြးဆာေနတာကို သိတာေျကာင့္ ရိႈင္း မရဲတရဲ ထပ္ေမးလိုက္မိသည္။

"ကၽြန္ေတာ့္.. ကၽြန္ေတာ့ ေသြးေသာက္မလား.. ဟုတ္ပါတယ္.. ကၽြန္ေတာ့္ေသြးကို ေသာက္လိုက္မွဘဲျဖစ္မွာ.."

ရိႈင္းး မီးလွ်ံကို ေမးလည္းေမး.. ကိုယ့္ဘာသာကိုယ္ဘဲျပန္ေျဖလိုက္ျပီး အက်ီလက္ကို အေပၚထိဆြဲတင္ကာ မီးလွ်ံအနားကို တိုးကပ္လာျပန္ေလသည္။ လက္ဖ်ံမွေသြးကို တိုက္ဖို႔..။

မီးလွ်ံရဲ႕ နီရဲေနေသာ မ်က္လံုးမ်ား ပြင့္လာျပန္ကာ ေခါင္းေထာင္လိုက္ျပီး ရိႈင္းကို စူးစူးရဲရဲ ျကည့္လိုက္ျပန္ေလသည္။

"အိမ္ထဲကိုသြား.."

"ဗ်ာ.. "

ရုတ္တရတ္ထြက္လာေသာ မီးလွ်ံအသံေျကာင့္ ရိႈင္း ေျကာင္သြားကာ နားမလည္ဟန္ျပန္ေမးလိုက္မိသည္။

"အိမ္ထဲကိုသြား ေအာက္ထပ္ေလွကားနားေရာက္ရင္ ညာဘက္က အခန္းထဲကို ၀င္သြား.. အဲ့ဒိ.. အဲ့ဒီက မေဟာ္ဂနီေရာင္ မွန္ဗီရို အေပၚဆံုးထပ္မွာ Box တစ္ခုရွိတယ္ အဲ့ဒီထဲက ေသြးအိတ္တစ္အိတ္ယူလာခဲ့..."

"ဗ်ာ.. "

မ်က္လံုးျပဴးေလးနွင့္ တဗ်ာဗ်ာနွင့္လုပ္ေနေသာ ရိႈင္းေျကာင့္ မီးလွ်ံ စိတ္မရွည္ျဖစ္လာသလို ေဒါသလည္းထြက္လာသည္။ ဒါေျကာင့္ အသံက်ယ္က်ယ္ျဖင့္ပင္ ေဟာက္ပစ္လိုက္သည္။

"ျမန္ျမန္သြားေလ.. မင္း Vampire အစာျဖစ္ျပီး ေသခ်င္လို႔လား.."

မီးလွ်ံေဟာက္လိုက္ေတာ့မွပင္ ရိႈင္း ထိုင္ေနရာမွ ကမန္းကတန္းထရပ္လိုက္ရကာ အိမ္ျကီးထဲကိုိ ေျပး၀င္လာမိသည္။

အိမ္ျကီးထဲကိုေရာက္ေတာ့ ရိႈင္း ခပ္ျမန္ျမန္ပင္ ေလွကားေနာက္ဘက္က အခန္းကို ဦးတည္ေျပးသြားမိသည္။ အိမ္ျကီးက အရမ္းကို ျကီးလြန္းတာေျကာင့္ အိမ္၀ကေန ေလွကားေနာက္ကိုေရာက္ဖို႔ပင္ အခ်ိန္ေတာ္ေတာ္ယူရသည္။ အိမ္ျကီးက ရိႈင္းထင္ထားသလို မဟုတ္ဘဲ သူ႔ေနရာနွင့္သူ သင့္ေတာ္ေသာ ေခတ္မီပစည္းမ်ားလည္းရွိေနတာကို ေတြ႔လိုက္ရေလသည္။

ရိႈင္း အိမ္ျကီးကို ေသခ်ာမျကည့္ႏိုင္ ခပ္ျမန္ျမန္ပင္ ေလွကားေနာက္က အခန္းထဲကိုိ ေျပး၀င္သြားလိုက္ေတာ့ ေတာ္ေတာ္ျကီးကို က်ယ္ေသာ မီးဖိုခန္းျကီးကိုေတြ႔လိုိက္ရေလသည္။ မီးလွ်ံေျပာေသာ မေဟာ္ဂနီေရာင္ ဗီရိဳက အခန္းေထာင့္တြင္ရွိေနသည္ကိုေတြ႔လိုက္ရျပီး မီးလွ်ံေျပာေသာ Box သည့္ ဗီရိုရဲ႕ အေပၚဆံုးထပ္ မွန္ေဘာင္ ေနာက္တြင္ ထည့္ထားေလသည္။

သို႔ေသာ္ ရိႈင္း လြယ္လြယ္ကူကူလွမ္းယူႏိုင္ေသာ ေနရာတြင္ မဟုတ္ဘဲ Box ထည့္ထားေသာ ဗီရိုအေပၚဆံုးထပ္က ရိႈင္းအရပ္ထက္ကို အရမ္းျမင့္ေနသည္ကိုေတြ႔လိုက္ရေလသည္။

ဒါေျကာင့္ ရိႈင္း မီးဖိုခန္းထဲကို မ်က္လံုးေ၀့ကာ ခုတတ္စရာ ခံုကိုရွာေသာ္လည္း သစ္သားခံုအပုေလးတစ္ခုမွအပ က်န္တာမေတြ႔ရ။ ျကီးမားလွေသာ အိမ္ျကီးကို ပတ္ျပီးေတာ့ ခံုအျမင့္ကို ရွာဖို႔လည္း အခ်ိန္မရွိိေတာ့တာေျကာင့္ ရိႈင္း ထို ခံုအပုေလးကို ပင္ေကာက္ယူလိုက္ကာ ခံုေလးေပၚကို တက္လိုက္ျပီး ဗီရိုအေပၚဆံုးထပ္တြင္ တင္ထားေသာ Box ကို ေခါင္းေမာ့ျပီး မမွီမကမ္းလွမ္းယူလိုက္သည္။

မျမင္မကမ္းနွင့္ Box ကိုဆြဲထုတ္လိုက္ရာ Box က အျပင္ဘက္ကို အနည္းငယ္ေခါင္းျပဴထြက္လာေလသည္။ သို႔ေသာ္ ရိႈင္း ထင္ထားသည္ထက္ကို အရမ္းေလးေနေသာ Box ေျကာင့္ ရိႈင္းမွာ ရုတ္တရတ္ က်လာေသာ Box ကို မထိန္းႏိုင္ေတာ့ဘဲ ျကမ္းျပင္ေပၚကို ၀ုန္းခနဲ ျပဳတ္က်သြားကာ အထဲက ေသြးအိတ္ေတြလည္း အျပင္ကို ထြက္က်သြားေလေတာ့သည္။

ပိုဆိုးတာက ေသြးအိတ္ေတြ အျပည့္ထည့္ထားေသာ Box သည္ ဗီရို အေပၚထပ္မွ အရွိန္ျပင္းစြာ က်သြားတာျဖစ္တာေျကာင့္ ေသြးအိတ္ေတြက ျကမ္းျပင္ေပၚကို ၀ုန္းကနဲျပဳတ္က်ကာအကုန္ေပါက္ထြက္သြားျပီး ေသြးမ်ားလည္း ျကမ္းျပင္တြင္အကုန္ျပန္႔က်ဲေပက်ံသြားေလေတာ့သည္။

"ဟာ.."

ရိႈင္း အလန္႔တျကားေရရြတ္လုိက္မိေလသည္။ ခံုေပၚကေနဆင္းလိုက္ကာ ျကမ္းျပင္တြင္ ေပက်ံေနေသာ ေသြးေတြကို နွေျမာတသျကီးစြာ ျကည့္လိုက္မိေလသည္။

ရိႈင္းရဲ႕ ငယ္ထိပ္ကို ေျမြေပါက္ေလျပီ။ ေသြးအသည္းအသန္လိုအပ္ေနေသာ မီးလွ်ံရဲ႕ ေသြးေတြကို ရိႈင္း အလဟသျဖစ္ေအာင္ လုပ္လိုက္မိေလျပီ။

အခုအခ်ိန္မွာ မီးလွ်ံ ဆူမွာေဟာက္မွာ ေဒါသထြက္မွာကို ေျကာက္တာထက္ အခုအခ်ိန္ ေသြးေသာက္ဖို႔ အသည္းအသန္လိုအပ္ေနေသာ မီးလွ်ံ တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္ေနမိတာျဖစ္သည္။

ျကံရာမရသည့္အဆံုး ရိႈင္း ျခံထဲကို ျပန္ထြက္လာကာ မီးလွ်ံလဲက်ေနရာကို အေျပးျပန္သြားလိုက္မိေလသည္။

မီးလွ်ံမွာ ေျမျပင္ေပၚတြင္ လဲက်ေနကာ ခႏၶာကိုယ္တစ္ခုလံုးကလည္း တဆတ္ဆတ္တုန္ယင္ေနကာ အားလံုး၀မရွိေတာ့ေသာ ပံုစံမ်ိဳးျဖစ္ေနတုန္းပင္။

အိမ္ထဲအျကာျကီး ၀င္သြားျပီး ျပန္ထြက္လာေတာ့လည္း ဘာမွပါမလာေသာ ရိႈင္းကိုျကည့္ျပီး မီးလွ်ံ စိတ္တိုသြားေလသည္။ ဒီမွာ ေသြးေသာက္ဖို႔ အေရးတျကီးလိုအပ္ေနပါတယ္ဆိိုေနမွ ခိုင္းလိုက္တဲ့အတိိုင္းေသခ်ာ လုပ္မလာ။ ျကာရင္ မီးလွ်ံ အသိစိတ္ေတြ လြတ္ထြက္သြားျပီး ရိႈင္းဆီကေသြးေတြကို ေသာက္လိုက္မိပါက မလြယ္ေပ။

ရိႈင္းက ထိတ္လန္႔ေနေသာ မ်က္လံုးျပဴးေလးမ်ားနွင့္ေျပးလာျပီး လဲက်ေနေသာ မီးလွ်ံေဘးတြင္ ဒူးေထာက္ထိုင္ခ်လိုက္သည္။

မီးလွ်ံ လဲက်ေနရာမွ ရွိသမွ်အားအင္ေတြကို စုစည္းကာ ထထိုင္ဖို႔ျကိုးစားလိုက္မိသည္။ မီးလွ်ံ ထထိုင္ဖို႔လုပ္ေနတာကိုျမင္ေတာ့ ရိီႈင္းက ကမန္းကတန္းဆြဲထူေပးဖို႔လုပ္သည္။

"ဘာလုပ္တာလဲ.. အနားမကပ္နဲ႔လို႔ေျပာထားတယ္မလား.. ဘယ္မွာလည္း ငါယူခိုိင္းလိုက္တာ.."

ရိႈင္းလာတြဲတာကို အတြဲမခံဘဲ မ်က္ေမွာင္ကုတ္ျကည့္ကာ မီးလွ်ံေမးလိုက္ေတာ့ ရိႈင္း ပိုျပီးလန္႔သြားမိသည္။ မီးလွ်ံအတြက္ အေရးတျကီးလိုအပ္ေနေသာ ေသြးေတြ အကုန္လံုးကို ရိႈင္း ဖ်က္ဆီးပစ္လိုက္မိျပီေလ..။

"ဟို..ဟို.. အဲ့ဒါေလ.."

ရိႈင္း စကားလံုးေတြ အထစ္အထစ္ျဖင့္ ဘာေျပာလို႔ေျပာရမွန္းမသိ။ မီးလွ်ံေဒါသထြက္စိတ္ဆိုးမွာကို အရမ္းေျကာက္သည္။

"ဘယ္မွာလဲ.. ရွာမေတြ႔ဘူးလား.."

မီးလွ်ံ ေျပာရင္းနွင့္ပင္ မ်က္လံုးက အနီေရာင္ကိုေျပာင္းသြားကာ ပါးစပ္မွ သြားစြယ္မ်ားလည္း ျပန္ထြက္လာျပန္ေလသည္။ ေနာက္ထပ္ အခ်ိန္နည္းနည္းျကာရင္ မီးလွ်ံ အသိစိတ္ေပ်ာက္ေတာ့မည္။ ထိုအခါ မ်က္စိေရွ႕က ရိႈင္းဆိုတဲ့ခ်ာတိတ္ေလး တစ္စစီျဖစ္သြားေပလိမ့္မည္။

"ဟို.. ေတြ႔.. ေတြ႔တယ္.. ဒါေပမယ့္ ကၽြန္ေတာ္နဲ႔ မမွီဘူးျဖစ္ေနလို႔ ခုံခုျပီးယူလိုက္တာ ေအာက္ကိုျပဳတ္က်သြားျပီး အထုပ္ေတြ အ..အကုန္ေပါက္သြားတယ္.."

"ဘာ.."

မီးလွ်ံရဲ႕ က်ယ္ေလာင္ေသာ အာေမဋိတ္အသံေျကာင့္ ရိႈင္း တစ္ကိုယ္လံုးတုန္ယင္သြားမိသည္။

"မင္း.. မင္း.. ေတာ္ေတာ္ငါ့ကို ဒုကၡေပးတဲ့ခ်ာတိတ္.. အ.. "

မီးလွ်ံ ေဒါသေတြ ဂိတ္ဆံုးထိေဆာင့္တက္လာကာ စိတ္ရွိလက္ရွိေအာ္လိုက္ဖို႔ျကိုးစားေနတုန္းမွာပင္ ဆာေလာင္လြန္းအားျကီးသျဖင့္ ရင္ဘတ္ထဲကပင္ ေအာင့္တက္လာေလေတာ့သည္။

ထိုိအခါ မီးလွ်ံ ထိုင္ေနရာမွာ ထရပ္ဖို႔ျကိဳးစားေသာ္လည္း မရ။ ခ်က္ခ်င္းျပန္လဲက်သြားေလေတာ့သည္။

"ဘာ..ဘာလုပ္မလို႔လဲ.."

မီးလွ်ံေတာထဲမွာ တိရစၧာန္ေသြးေသာက္ရန္အတြက္ အမဲလိုက္ဖို႔စဥ္းစားကာ ထရပ္ဖို႔ျကိုးစားလိုက္တာျဖစ္ေသာ္လည္း အားမရွိေတာ့ေသာ ေျခေထာက္ေတြက ခႏၶာကိုယ္ကို ထိန္းထားႏိုင္စြမး္မရွိေတာ့..။ လဲျပိဳမတတ္ျဖစ္ေနကာ ထထိုင္ရန္ပင္ အင္အားမရွိေတာ့။

ထိုအခါ ရိႈင္း အလန္႔တျကားပင္ သူ႕လက္ေလးကို မီးလွ်ံေရွ႕ကို တိုးေပးလိုက္ေလေတာ့သည္။

"ကၽြန္ေတာ့္ေသြးကိုေသာက္လိုက္ပါ.."

မီးလွ်ံ မ်က္လံုးျပဴးသြားျပီး ခ်က္ခ်င္းပင္ မ်က္စိေရွ႕က ရိႈင္းလက္ေလးကို ပုတ္ထုတ္လိုက္ေလသည္။

"ေသခ်င္ေနလား ခ်ာတိတ္..."

"ခင္ဗ်ားေသြးေတြ ကၽြန္ေတာ္ ဖ်က္ဆီးလိုက္မိတာ ကၽြန္ေတာ့္မွာ တာ၀န္ရွိပါတယ္.. ေသာက္လိုက္ပါ.. ခင္ဗ်ား ဒီလိုျဖစ္ေနတာ ကၽြန္ေတာ္မျကည့္ရက္ေတာ့ဘူး.."

ရိႈင္းေျပာေနေသာ အခ်ိန္အတြင္းမွာပင္ မီးလွ်ံ အသက္ရွဴသံေတြ ျပင္းလာကာ မ်က္လံုးေတြလည္းျပာေ၀လာေလျပီ။ ရိႈင္းလည္ပင္းက ဒဏ္ရာမွ ေသြးစေလးေတြကိုိသာ အျကည့္က ေရာက္ေနကာ ဆာေလာင္မႈက ပိုဆိုးလာေလေတာ့သည္။

ပိုဆိုးသည္က ရိႈင္းက သူ႕အနားကို ကပ္ေနသျဖင့္ ေမႊးပ်ံ႕လွေသာ ေသြးနံ႕ေတြေျကာင့္ စိတ္ထိန္းလို႔ရ အရမ္းကိုခက္ေနျပီ.။

"ငါသူမ်ားကို နာက်င္ေအာင္လုပ္ျပီး ေသြးမေသာက္ခ်င္ဘူး ခ်ာတိတ္.."

လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ျပီး စိတ္ကို ထိန္းခ်ဳပ္ကာ ျခံျပင္ကို ထြက္မည့္ဟန္လုပ္ေနေသာ မီးလွ်ံကို ရိႈင္းက ေနာက္ကေနလွမ္းဆြဲလိုက္ေလသည္။

ထိုအခါ မီးလွ်ံရဲ႕ အသိစိတ္ေတြ လံုး၀လြတ္ထြက္သြားျပီး ရိႈင္းကို ေနာက္တစ္ျကိမ္ခုန္အုပ္လိုက္မိျပန္ေလေတာ့သည္။ 

ေျမျကီးေပၚကို ပက္လက္လန္လဲက်သြားေသာ ရိႈင္းကို အေပၚကို အုပ္မိုးထားလိုက္ကာ ခ်က္ခ်င္းပင္ လည္ပင္းကို ကိုက္ေဖာက္ဖို႔ ျကိုးစားလိုက္မိခ်ိန္..။

ရိႈင္း အတတ္ႏိုင္ဆံုးစိတ္ေလွ်ာ႔ထားလိိုက္ကာ မ်က္စိကိုသာ စံုမွိတ္ထားလိုက္မိသည္။ သူဆာေလာင္ေနတာေတြ ေ၀ဒနာခံစားေနရတာေတြ ေပ်ာက္ႏိုင္မည္ဆိုလွ်င္ ရိႈင္းနာက်င္ေစရဦးေတာ့ ေက်နပ္ႏိုင္ပါသည္။

မီးလွ်ံ မ်က္စိကိုစံုမွတ္ထားကာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားေသာ ရိႈင္းကို ျမင္လိုက္ရတာနွင့္ ၀ုန္းခနဲ အသိစိတ္ေတြက ျပန္၀င္လာျပန္ေလသည္။ ဘာေျကာင့္ရယ္မသိ ရိႈင္းရဲ႕ထိတ္လန္႔ေနေသာ မ်က္နွာကို ျမင္လိုက္ရတာနွင့္ ခ်က္ခ်င္း မီးလွ်ံ အသိစိတ္လြတ္ေနရာမွ ခ်က္ခ်င္း ျပန္သတိ၀င္လာတတ္သည္ကို သတိထားမိေနေတာ့တာ။

အသက္ရွဴသံျပင္းျပင္းမွ အပ က်န္တာ မျကားရတာေျကာင့္ ရိႈင္း မ်က္လံုးကို မရဲတရဲ ဖြင့္ျကည့္လိိုက္မိေတာ့ မီးလွ်ံ ရိႈင္းကို အုပ္မိုးထားလ်က္ကပင္ အသည္းအသန္ကို စိတ္ကို ထိန္းခ်ဳပ္ေနရတဲ့ပံုစံကို သနားစဖြယ္ျမင္ေတြ႔လိုက္ရေတာ့တာ။

ရိႈင္း လဲက်ေနရာကေန ထထိုင္လိုက္ေတာ့ မီးလွ်ံက အလန္႔တျကားပင္ေနာက္ကိုဆုတ္သည္။ မီးလွ်ံ ႏႈတ္ခမ္းေတြ ေကာ မ်က္နွာတစ္ျပင္လံုးပါ ျဖဴဆုတ္ေနျပီကို ေတြ႔လိုက္ရေလေတာ့သည္။

ရိႈင္း မီးလွ်ံကို ေျကာက္သည္မွန္ေသာ္လည္း ေ၀ဒနာခံစားေနရတာကို ေပ်ာက္ေစခ်င္တဲ့ စိတ္က ပိုမ်ားေနတာေျကာင့္ မီးလွ်ံရဲ႕ ရင္ဘတ္က အက်ီစကို ရဲရဲတင္းတင္းပင္ ဆုပ္ကိုင္လိုက္သည္။ အထိတ္တလန္႔ျပဴးျကည့္ကာ ရိႈင္းလက္ကို ဖယ္ဖို႔လုပ္ေနေသာ မီးလွ်ံရဲ႕ မ်က္လံုးနီေတြကို ရိႈင္း စူးစိုက္ျကည့္လိုက္ကာ ေျပာလိုက္သည္။

"ကၽြန္ေတာ့္ေသြးကို ေသာက္လိုက္ပါ.. ေက်းဇူးျပဳျပီးေတာ့.. ခင္ဗ်ားအရမ္းကို အေျခအေနဆိုးေနျပီ.."

မီးလွ်ံ သနားစဖြယ္ မ်က္လံုးမ်ားနွင့္ ရိႈင္းကို ျကည့္လာသည္။

"ငါ.. ငါ.. သူတစ္ပါးကို နာက်င္ေအာင္ မလုပ္ခ်င္ဘူး ခ်ာတိတ္.."

မီးလွ်ံရဲ႕စိတ္ကို အျပည့္အ၀နားလည္္သည္။ ဒါေျကာင့္ ပင္ သူ႔ကို လိုလိုလားလား ေသြးတိုက္လိုျခင္းျဖစ္ေလသည္။ ဒါေျကာင့္ မီးလွ်ံကို မ်က္လံုးခ်င္းဆံုေအာင္ ျကည့္လိုက္ကာ  ေျပာလိုက္သည္။

"ကၽြန္ေတာ္က မနာဘူးဆိုရင္ေကာ.. ကၽြန္ေတာ္က ခင္ဗ်ားကို လိုိလုိလားလားေသြးေသာက္ခြင့္ေပးတာဆိုရင္ေကာ.. ခင္ဗ်ားေသာက္မွာလား.. ခင္ဗ်ား စိတ္မထိန္းႏိုင္မွာစိုးလို႔ဆိုတာ ကၽြန္ေတာ္သိပါတယ္.. ဒါေပမယ့္ ခင္ဗ်ား ကိုယ့္စိတ္ကိုယ္ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာကၽြန္ေတာ္ယံုတယ္.." 

အားေပးလိုေသာ သေဘာျဖင့္ ရိႈင္းေျပာတာေျကာင့္ မီးလွ်ံ ျငင္းဆန္ႏိုင္စြမ္းမရွိေတာ့..။ ဆာေလာင္မႈက မီးေတာင္ေပါက္သလိုပင္ ေတာ္ေတာ္ကို ဆုိုးရြားေနေလျပီ။

ဒါေျကာင့္ စိတ္ကို ေလွ်ာ့လိုက္ကာ ရိႈင္းကို ျကည့္လိုက္သည္။ ရိႈင္းက အားလံုးအဆင္ေျပတယ္ဆိုေသာ သေဘာျဖင့္ ေခါင္းကိုျငိမ့္ျပလိုက္သည္။

ထိုအခါ မီးလွ်ံ သက္ျပင္းအရွည္ျကီးတစ္ခ်က္ခ်လိုက္ျပီး ေရွ႕တြင္ရွိေနေသာ ရိႈင္းရဲ႕ လက္ကို ေရွ႕ကိုဆြဲထူလိုက္ကာ လက္ဖ်ံေနရာကို ဦးတည္ကာ ျငင္သာစြာပင္ သြားစြယ္မ်ားျဖင့္ ကိုက္ေဖာက္လိုက္ေလေတာ့သည္။

( Why taking too much lines just to drink blood?? This author is a total player . cmt by author's sis)

လက္မွ နာက်င္မႈေျကာင့္ ရိႈင္း ႏႈတ္ခမ္းကို ကိုိက္ထားလိုက္မိသည္။ သို႕ေသာ္ မညီးညဴရဲေပး။ မိမိညည္းညဴလိုက္မိရင္ မီးလွ်ံ ခ်က္ခ်င္းေသြးေသာက္ေနတာကို ရပ္လိုက္မွာကို သိေနေသာေျကာင့္ပင္။

မီးလွ်ံ အရသာရွိလွေသာ ရိႈင္းဆီမွေသြးကို မီးလွ်ံ အငမ္းမရပင္ေသာက္သံုးေနမိသည္။ အရမ္းကို စြဲမက္ဖြယ္ေကာင္းသည္။ အထူးသျဖင့္ ဒီရိႈင္းဆိုေသာ ေကာင္ေလးရဲ႕ ေသြးတို႔ဟာ အရသာအရွိဆံုး၊ အေမႊးပ်ံဆံုးနွင့္ အခ်ိဳျမိန္ဆံုးဆိုတာ မီးလွ်ံ အရင္တုန္းကတည္းက သတိထားမိခဲ့တာ။ အလြန္ေမႊးပ်ံ႕ေသာ စပ်စ္၀ိုင္တစ္ခြက္ကို ေသာက္ေနရသလိုမ်ိဳး။ စြဲမက္ဖြယ္ေကာင္းလြန္းေနတာ။

ဒါေျကာင့္ အခ်ိန္ေတာ္ေတာ္ျကာသည္အထိ မရပ္တန္႔ႏိုင္။ ရိႈင္းကလည္း လံုး၀ကို မရုန္းကန္၊ မျငင္းဆန္ဘဲ ေခါင္းေလးကို တစ္ဖက္ကိုေစာင္းငဲ့ျပီး မ်က္စိစံုမွိတ္ကာ နာက်င္မႈကို က်ိတ္ခံေနေတာ့တာ။

စြဲမက္ဖြယ္အေကာင္းဆံုးဆိုတာ ျငင္းမရေသာ္လည္း၊ စိတ္ရွိလက္ရွိ တစ္စက္မွမက်န္ေအာင္ ေသာက္သံုးပစ္လိုက္ခ်င္ေသာ္လည္း၊ မိမိေျကာင့္ ဒီေကာင္ေလး ထိခိိုက္မွာကိုလည္း အျဖစ္မခံႏိုင္။ ဒါေျကာင့္ ရပ္တန္႔ရခက္ေနေသာ္လည္း  မီးလွ်ံ စိတ္ကို ထိန္းခ်ဳပ္လိုက္ကာ လက္ဖ်ံကို ကိုက္ေဖာက္ထားရာမွ ဖယ္ေပးလိုက္မိသည္။

ခႏၶာကိုယ္အတြင္းကို လံုေလာက္တဲ့ေသြးေတြ စီး၀င္သြားမွပင္ မီးလွ်ံရဲ႕ မ်က္နွာက ပံုမွန္ျပန္ျဖစ္လာေလေတာ့သည္။ သြားစြယ္ေတြလည္း ျပန္ေပ်ာက္သြားကာ မ်က္လံုးကလည္း ပံုမွန္ အျပာေရာင္ကို ေျပာင္းလဲသြားျပီျဖစ္သည္။

ေစာေစာက စုန္းကေ၀ေတြနွင့္ တိုက္ခိုက္လိုက္ရတာေျကာင့္ ကုန္ခမ္းသြားေသာ အားေတြကလည္း တေျဖးေျဖးခ်င္းပင္ ျပန္လည္ တိုးတက္လာသည္။ အျပည့့္အ၀ျကီးေတာ့ မဟုတ္ေသးေပ။ 

သို႔ေသာ္ အသိစိတ္လြတ္ထြက္သြားရေလာက္သည့္ အေျခအေနမ်ိဳးမဟုတ္ေတာ့။

ရိႈင္းက မီးလွ်ံရဲ႕ မ်က္နွာ အေျခအေနကိုိျကည့္ေနရင္း အနည္းငယ္ေသြးေရာင္ လႊမ္းလာတာကို ျမင္လိုက္ရေတာ့မွပင္ သက္ျပင္းကို ခပ္ေလးေလးတစ္ခ်က္ခ်လိုက္မိေလသည္။ ထိုိ႔ေနာက္ ဒီအတိုင္းေျမျပင္ေပၚတြင္ ထိုိင္လ်က္ရွိေနေသးေသာ မီးလွ်ံရဲ႕ မ်က္နွာကို မ်က္လံုးခ်င္းဆံုေအာင္လိုက္ျကည့္ျပီး ေမးလိုက္သည္။

"အဆင္ေျပသြားျပီလား.."

ေလသံေပ်ာ့ေလးနဲ႔ ရိႈင္းေမးတာကို ေခါင္းျငိမ့္တုန္႔ျပန္လိုက္ျပီးေတာ့ ရိႈင္းလက္ဖ်ံကို ဆြဲယူျကည့္လိုက္သည္ လက္ဖ်ံျဖဴျဖဴေလးေပၚမွာ မီးလွ်ံရဲ႕ သြားကိုက္ရာနွင့္အတူ ရိႈင္းရဲ႕ေသြးစ တစ္ခ်ိဳ႕ရွိေနတုန္းပင္ျဖစ္သည္။ နာက်င္ေနတာသိသာေနေသာ မ်က္နွာေလးက ရွံဳ႕မဲမဲျဖစ္ေနေသာ္လည္း ဘာမွမျဖစ္သလိုဟန္ေဆာင္ေနရွာေလသည္။

ဒါေျကာင့္ ရိႈင္းရဲ႕လက္ကိုဆြဲယူကာ မိမိရဲ႕ေသြးတို႔ျဖင့္ ဒဏ္ရာေပ်ာက္ေအာင္ လုပ္ေပးရန္အတြက္ မီးလွ်ံ ကိုယ့္လက္ကိုယ္ကို ကိုက္ေဖာက္ဖို႔လုပ္လိုက္ေတာ့ ရိႈင္းက ေနာက္လက္တစ္ဖက္ျဖင့္တားသည္။

"ကၽြန္ေတာ္ ဘာမွမျဖစ္ဘူး.. ခင္ဗ်ားကိုယ့္ဘာသာကိုယ္ဘဲ အဆင္ေျပေအာင္လုပ္ပါ..  အခုထလို႔ရျပီလား.."

မီးလွ်ံ ေခါင္းျငိမ့္ျပလိုက္ကာ ေျဖးေျဖးခ်င္းထထိုင္ဖို႔ျကိဳးစားမိသည္။ ရိႈင္းက မီးလွ်ံရဲ႕ လက္ေမာင္းတစ္ဖက္ကို ကိုင္ကာ ေဘးကေန တြဲေပးသည္။ နွစ္ေယာက္သား တြဲထားလ်က္ကပင္ ေျဖးေျဖးခ်င္း မီးလွ်ံတို႔ အိမ္ျကီးထဲကို ေလွ်ာက္လာခဲ့ေလသည္။

အိမ္ထဲကိုေရာက္ေတာ့ မီးလွ်ံက ရိႈင္းတြဲေပးထားေသာ လက္ကို ျဖဳတ္လိုက္သည္။ ျပီးေတာ့ မ်က္နွာထားတင္းတင္းျဖင့္ ရိႈင္းဘက္ကို လွည့္လိုက္ကာ အသံမာမာျဖင့္ေမးေလသည္။

"ဘယ္မွာလဲ .. ငါ့ေသြးေတြ ေပါက္ထြက္သြားတဲ့ေနရာ.."

ထိုအခါ ရိႈင္း လန္႔သြားျပီး အျပစ္လုပ္ထားေသာ ကေလးလို႔ မ်က္နွာငယ္ေလးျဖင့္ မီးလွ်ံကိုေမာ့ျကည့္သည္။ မ်က္လံုးေလးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ျပန္ကာ အိမ္ရဲ႕ ေလွကားေနာက္ဘက္ကို လက္ညွိဳးထိုးျပျပီး..

"ဟို .. ဟို.. မီးဖိုခန္းထဲမွာ"

"အကုန္ေပါက္သြားတာလား.. တစ္ထုပ္မွကို သံုးမရေတာ့ဘူးလား"

"ဟုတ္တယ္.."

မီးလွ်ံ ရိႈင္းကိုု မ်က္ေမွာင္ကုတ္ကာ စူးခနဲ တစ္ခ်က္ျကည့္လိုက္မိေတာ့ ရိႈင္း တစ္ခ်က္တြန္႔ခနဲျဖစ္သြားေလသည္။ ထို႔ေနာက္မွ မီးလွ်ံ လက္ေမာင္းကို မရဲတရဲ ဆုပ္ကိုင္လိုက္ကာ ေျပာသည္။

"ခင္ဗ်ား အရမ္းပင္ပန္းေနျပီ.. နားခ်င္နားလိုက္ပါေတာ့.. မီးဖိုခန္းထဲက ေပေနတာေတြ ကၽြန္ေတာ္ အခုသြားရွင္းလိုက္ပါ့မယ္.."

ရိႈင္း ေျပာေျပာဆိုဆိုနွင့္ မီးဖိုးခန္းထဲကို ေျပးသြားေတာ့မည့္ဟန္လုပ္ေတာ့ မီးလွ်ံ ရိႈင္းလက္ကိုဆြဲကာ လွမ္းတားသည္။

"မလုပ္နဲ႔.."

"ဟင္.. ဘာျဖစ္လို႔လဲ.. ကၽြန္ေတာ္လုပ္လိုက္တာ ကၽြန္ေတာ္ရွင္းေပးရမွာေပါ့.."

မ်က္လံုးျပဴးေလးနွင့္ ျပန္ေမးေလေတာ့ မီးလွ်ံက ရိႈင္းကို ေျခဆံုးေခါင္းဆံုးေသခ်ာျကည့္လိုက္ကာ ေျပာေလသည္။

"မနက္မွရွင္းေပးေတာ့ .. မင္းလည္း ပင္ပန္းေနျပီ.."

"ဒါေပမယ့္. ခင္ဗ်ားမီးဖိုခန္းျကီး တစ္ခုလံုးနီးပါး ေပသြားတာ အခုရွင္းမွရမွာေပါ့.."

မီးလွ်ံ ေခါင္းခါျပလိုက္ကာ

"မနက္မွရွင္းရွင္း အခုရွင္းရွင္း အတူတူဘဲ.. မင္းကိုယ္မင္းလည္း ျကည့္ဦး ဒဏ္ရာေတြနဲ႔ လူက ေမ်ာ႔ေမ်ာ့ဘဲရွိိေတာ့တာကို ျကမ္းတိုက္ခ်င္ေသးလို႔လား.."

"မနက္က်မွရွင္းရမယ္ဆို ေသြးေတြက ေျခာက္ျပီး အနံ႔ေတြလည္းထြက္ေနမွာေပါ့.. အဲ့ဒါ ခင္ဗ်ားခံႏိုင္လို႔လား"

"ထြက္ပေလ့ေစ .. ငါဘာမွမျဖစ္ဘူး.."

"ခင္ဗ်ား မျဖစ္ေပမယ့္ ကၽြန္ေတာ္ျဖစ္တယ္. ကၽြန္ေတာ္ တစ္ခုခုညစ္ပတ္ေနရင္ မေနတတ္ဘူး.."

"မေနတတ္လည္း ရေအာင္ေန.."

"ရမွမရတာ ဘယ္လိုလုပ္ရမွာလဲ.."

မီးလွ်ံ စိတ္မရွည္ေတာ့ေပ။ ဒီေကာင္ေလးသည္ အရမ္းကို စကားအရစ္ရွည္လြန္းသည္။ အျမဲတမ္း ေဒါသထြက္ရသည္။ ဒါေျကာင့္ ေလသံမာမာျဖင့္ပင္ ဘုေတာလိုက္ရသည္။

" ဒီိမွာ ခ်ာတိတ္.. မင္းငါေျပာတဲ့အတိုိင္း ေနရင္ေန.. မေနရင္ေတာ့ ထြက္သြားလိုက္ေတာ့ ျခံထဲက.."

မီးလွ်ံေဟာက္လိုက္တာေျကာင့္ အသံတိခနဲတိတ္သြားေလေတာ့သည္။ ေခါင္းေလးငံု႔ကာ ဘာမွဆက္မေျပာေတာ့။ ထိုအခါမွ မီးလွ်ံ ေျပာလိုက္သည္။ 

"မင္းေစာေစာက အခန္းမွာ၀င္အိပ္လိုက္.. စိတ္ခ်လက္ခ်အိပ္လို႔ရတယ္.. ေရခ်ိဳးၿပီး ဗီ႐ိုထဲက ငါ့အဝတ္ေတြ ယူဝတ္လို႔ရတယ္ .. မားကပ္စ္တို႔ ဒီအိမ္ထဲကို ေျခတစ္လွမ္းေတာင္ ခ်လို႔မရဘူး.."

မီးလွ်ံေျပာလိုက္ေတာ့ ရိႈင္းက ေခါင္းငံု႔ထားရာမွ ျပန္ေမာ့ျကည့္ကာ ေမးေလသည္။

"ကၽြန္ေတာ္က အဲ့ဒီအခန္းမွာ အိပ္ေတာ့ ခင္ဗ်ားက ဘယ္မွာ အိပ္မွာလဲ.."

"ငါ့ဘာသာငါ ဘယ္မွာ အိပ္အိပ္ေပါ့.."

"ခင္ဗ်ားအဆင္ေျပတာေသခ်ာလို႔လား.. ေနာက္တစ္ေခါက္ ဟိုလို အစြယ္ျကီးေတြ ထပ္ေတာ့ ထြက္မလာေလာက္ေတာ့ပါဘူးေနာ္.."

ရိႈင္းက စိုးရိမ္ေနဟန္ျဖင့္ ေမးေလေတာ့ မီးလွ်ံ ရယ္ခ်င္သြားေလသည္။ ဒီေကာင္ေလး အခုမွ Vampire ကိုေျကာက္ရေကာင္းမွန္းသိသည္ထင္သည္။

"မထြက္ေတာ့ပါဘူး.. စိတ္ခ်ပါ.. ကဲသြားေတာ့.. သြားအိပ္ေတာ့ .."

မီးလွ်ံ ရိႈင္းကို လက္ေမာင္းကေန ဆြဲခ်ဳပ္လိုက္ျပီး အေပၚထပ္ကို အတင္းေခၚသြားလိုက္ကာ ေစာေစာက ရိႈင္းကို ထားထားေသာ မီးလွ်ံရဲ႕ အိပ္ခန္းထဲကို ပို႔ေပးလိုက္သည္။ အခန္းထဲကို တြန္းထည့္ေပးလိုက္ကာ တံခါးပိတ္ေပးမလို႔လုပ္ေတာ့ ရိႈင္းက အတင္းတံခါးကို ျပန္ဆြဲဖြင့္ကာ ေမးျပန္သည္။

"ခင္ဗ်ား ကၽြန္ေတာ္အိပ္ေပ်ာ္ေနတုန္း ကၽြန္ေတာ့ကို လာမကိုက္ေလာက္ပါဘူးေနာ္"

မ်က္လံုးေလးေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ျပေနျပန္ကာ ေမးေနေသာ ရိႈင္းရဲ႕ ေခါင္းကို မနာေအာင္ ထုလိုက္ျပီး မီးလွ်ံ ထပ္ေဟာက္လိုက္ရျပန္ေလျပီ။

"မကိုက္ဘူးဆို မကိုက္ဘူးေပါ့.. ေျကာက္ရင္ အိမ္ထဲလာမေနနဲ႔.."

ဒီလိုေျပာလိုက္ေတာ့မွပင္ ရိႈင္းတစ္ေယာက္ ျပာျပာသလဲလဲျဖင့္ သြားေလးျဖဲျပကာ ေျပာေလသည္။

"ဟီးရတယ္.. ရတယ္.. ခင္ဗ်ားထက္ အျပင္က ပိုေျကာက္ဖို႔ေကာင္းတယ္.. ရျပီိရျပီ.. အိပ္ေတာ့မယ္.. ''

ရိႈင္း အခန္းတံခါးကို ပိတ္ေတာ့မလို လုပ္ၿပီးမွ တစ္စံုတစ္ခုကို သတိရဟန္ျဖင့္ တံခါးကိုျပန္ဆြဲဖြင့္လိုက္ေလသည္။

မီးလွ်ံက ဘာလဲဆိုေသာ သေဘာျဖင့္ ၾကည့္လိုက္ေတာ့ ရိႈင္းက မီးလွ်ံကို တည့္တည့္စိုက္ျကည့္ကာ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ရယ္ျပျပီး ေျပာေလသည္။

''Goodnight Flame .. "

မီးလွ်ံ ရင္ထဲတြင္ အနည္းငယ္လႈပ္ရွားသြားေလေတာ့သည္။

မီးလွ်ံ ျပန္ႏိုးထလာကတည္းက မိသားစုလည္း မရွိေတ့ာဘဲ တစ္ေယာက္တည္း ေနရသျဖင့္ ဒီလို ႏႈတ္ဆက္စကားမ်ိဳး မျကားရတာ ျကာျပီေလ။ ျပီးေတာ့ ထိုေကာင္ေလးရဲ႕ ႏႈတ္ဆက္စကားက ရင္ထဲကလာေသာ အစစ္အမွန္ေႏြးေထြးမႈေတြ ပါေနတာကို ေသခ်ာ ခံစားလို႔ရႏိုင္ေနတာေျကာင့္ပင္ျဖစ္သည္။ ဒါေျကာင့္ မီးလွ်ံလည္း ရိႈင္းကို ရင္ထဲကေန လိႈက္လိႈက္လွဲလွဲ ျပန္ႏႈတ္ဆက္လိုက္မိသည္။

"Goodnight ခ်ာတိတ္.."

မီးလွ်ံက ထိုသို႔ေျပာျပီးျပီးခ်င္းမွာပင္ အခန္း၀ကေန ထြက္သြားေလသည္။

မီးလွ်ံရဲ႕ ႏႈတ္ဆက္စကားက ရိႈင္း ဒီေန႔တစ္ေန႔လံုး စိတ္ဆင္းရဲခဲ့သမွ်၊ ေျကာက္လန္႔ခဲ့့ရသမွ်၊ ပင္ပန္းခဲ့ရသမွ်ေတြကို အကုန္ေမ့ေပ်ာက္သြားႏို္င္ေစတာ..။  ျပံဳးစိစိျဖစ္ေနသည့္ မ်က္နွာကို ျပင္လို႔မရ။ 

ရိႈင္း အခန္းတံခါးကို ပိတ္လိုက္ျပီးေတာ့ ခ်က္ခ်င္းပင္ တံခါးမွာ ေက်ာကပ္လိုက္မိကာ ရင္ဘတ္တြင္ လက္ကိုဖိလိုက္မိသည္။ မ်က္နွာေလးက ျပံဳးေနလ်က္။ ျပီးေတာ့ ရိႈင္းရဲ႕ ခႏၶာကိုယ္မွလည္း အလင္းေရာင္ အနည္းငယ္တို႔ေတာက္ပေနလ်က္။ ရိႈင္း မနည္း စိတ္ထိန္းလိုက္ရသည္။ အဘယ္ေျကာင့္ဆုိေသာ္ ဒီအခ်ိန္ဟာ ရိႈင္းအတြက္ ေပ်ာ္ရႊင္ေနသင့္တဲ့အခ်ိန္မဟုတ္တာကို ေကာင္းေကာင္းနားလည္္ေနတာေျကာင့္ပင္ျဖစ္သည္။

ကုတင္ေပၚကို တက္ျပီး ေစာင္ကိုျခံဳကာ လွဲလိုက္ရင္း မ်က္နွာက်က္ေပၚက မီးဆိုင္းျကီးကို ျကည့္ရင္း ရိႈင္းရဲ႕ အေတြးေတြက ဟိုေရာက္ဒီေရာက္။

တစ္ဖက္တြင္က်န္ခဲ့ေသာ ျသဂတ္စ္တို႔ အဆင္မွေျပရဲ႕လား ဆိုေသာ စိုးရိမ္စိတ္ေတြက ၀င္လာသည္။ ရိႈင္းကို ကာကြယ္ေစလိုတဲ့ စိတ္တစ္ခုတည္းနဲ႔တင္ စုန္းကေ၀ေတြရဲ႕ အႏၲရာယ္ေပးျခင္းကို ခံလိုက္ရတဲ့ ျသဂတ္စ္တို႔ အခုေနဘယ္လိုမ်ားျဖစ္ေနမလဲ။ အခုအခ်ိန္တြင္ ရိႈင္း ဒီေနရာမွေနျပီး ပါပါးအတြက္ စိတ္ပူေပးေနရံု အႏၲရာယ္ကင္းေစဖို႔ ဆုေတာင္းေပးေနရံုမွအပ အျခားမရွိတာေျကာင့္။

***********************************************************************************************************

ရိႈင္း အခန္းတံခါးေလး ပိတ္သြားေတာ့မွ မီးလွ်ံ ခ်က္ခ်င္းပင္ ျခံထဲကို ျပန္ထြက္လာမိသည္။ ေသြးေတြ ရိႈင္း လုပ္လိုက္သျဖင့္ ပ်က္ဆီးသြားျပီဆုိေတာ့ မီးလွ်ံ ထံုးစံအတိုင္း အမဲလုိက္ဖို႔လိုလာျပီေလ။ မီးလွ်ံ အတြက္က ေမွာ္ပညာေတြ ေလ့က်င္ခ်င္တယ္ မားကပ္စ္ကို အနိုင္တိုက္ခ်င္တယ္ဆိုရင္ အျမဲတမ္းအားျပည့္ေနဖို႔လိုအပ္သည္ေလ။

ျခံထဲက ထြက္၊ ျခံတံခါးကို ေသခ်ာ လံုျခံဳေအာင္ ပိိတ္လိုက္သည္။

ညဥ့္ကေတာ္ေတာ္ျကီးနက္ေနျပီ။ လမိုက္ညျဖစ္တာေျကာင့္ မီးလွ်ံရဲ႕ အိမ္ထဲက မသိမသာ ထြက္ေပၚေနေသာ Candle Light မ်ားမွအပ က်န္တဲ့ ပတ္၀န္းက်င္တစ္ခုလံုးေမွာင္မိုက္လ်က္။ မိုးရြာျပီးခါစျဖစ္တာေျကာင့္ Nebbia ရာသီဥတုရဲ႕ ထံုးစံအတိိုင္း ေအးစိမ့္လာျပန္ကာ ျမဴေတြ ပိန္းပိန္းပိတ္ေအာင္ ဆိုင္းလာျပန္ေလျပီျဖစ္သည္။

တစ္အိမ္လံုး တစ္ျခံလံုးကို လံုျခံဳေအာင္ အိမ္ထဲတြင္ရွိိေနေသာ ခ်ာတိတ္ေလးကို ဘယ္သူမွအာရံုမခံမိေအာင္ မီးလွ်ံေသခ်ာ လုပ္ေပးျပီးေတာ့မွ ေတာထဲကို အမဲလိုက္ရန္ထြက္သြားေလသည္။

မီးလွ်ံထြက္သြားေတာ့မွ မီးလွ်ံရဲ႕ ျခံနံေဘး ျမဴေတြ ျကားမွ  အနက္ေရာင္ ၀တ္ရံုကို ေခါင္းထိလံုေအာင္ ျခံဳထားေသာ လူတစ္ေယာက္ ထြက္ေပၚလာတာေလသည္။ ထိုသူက အိမ္ျကီးရဲ႕  Candle Light ေလးအနည္းငယ္လင္းေနေသာ အေပၚထပ္ အခန္းတစ္ေနရာကို ျကည့္ေနေလသည္။ Candle Light မ်ားျကားမွ တစ္ခ်က္တစ္ခ်က္ မသိမသာ ထြက္ေပၚေနေသာ ေငြေရာင္ အလင္းတန္းေလးေတြကို လည္း ေသခ်ာျကည့္ေနေလသည္။

ေခါင္းထိလံုေအာင္ ျခံဳထားေသာ အနက္ေရာင္ ၀တ္ရံုျကီးေျကာင့္ မ်က္လံုးတို႔ကိုိ ေသခ်ာျမင္ႏိုင္မွာ မဟုတ္ေသာ္လည္း ထိုသူရဲ႕ ႏႈတ္ခမ္းေတြကေတာ့ ေက်နပ္မႈ အျပည့္ျဖင့္ ျပံဳးေနသည္ကို ေတာ့ ျမင္ႏိုင္ေလသည္။

Candle Light ေလးေတြရွိိေနေသာ မီးလွ်ံရဲ႕ အိပ္ခန္းထဲမွာေတာ့ ျကယ္ေလးက စိတ္ေအးစြာျဖင့္ နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနေလျပီ..။

ပတ္၀န္းက်င္ကေတာ့ အရွိန္ေကာင္းေကာင္းျဖင့္ ျမဴေတြဆိုင္းကာ ေအးစက္လ်က္ရွိေနတုန္း...။ 

Background Music - Everything Has Changed by Taylor Swift ft Ed Shreen

*************************************************************************************************************

Continue Reading

You'll Also Like

245K 27.7K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
264K 32.7K 50
Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမွ မိမိႏွစ္သက္ရာအေရာင္ကို ေဆးျခယ္ပါ။
543K 45.9K 36
အခ်စ္ဆိုတဲ့အရာကို လူသားေတြဟာ အဓိပၸာယ္ အမ်ဳိးမ်ဳိး ဖြင့္ဆိုၾကတယ္။ကိုယ္ကေတာ့ အခ်စ္ဆိုတာ ကိုယ့္ခ်စ္သူရဲ႕ ေပ်ာ္ရႊင္မႈ၊ စိတ္ခ်မ္းသာမႈ လို႔ဖြင့္ဆိုခ်င္တယ္။...
617K 48.2K 16
သူပေါ့.. မခေါ်ပါဘဲ ကျွန်တော့်ရင်ထဲလာပြီး မွှေနှောက်သွားသူလေ..... ============================== သူေပါ့.. မေခၚပါဘဲ ကြၽန္ေတာ့္ရင္ထဲလာၿပီး ေမႊေႏွာက္သြ...