Star Love (I)

By NyaHmwePann

1.2M 117K 6K

You don't have to shine, I will shine for you. '' Shine '' I... More

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Epilogue
Announcement

Chapter (10)

22.5K 2.4K 202
By NyaHmwePann

Unicode

***********

Star Begin To Shine Part (1)

ရှိုင်း စက်ဘီးအနီလေးကို အမြန်နင်းကာ စပျစ်စိုက်ခင်းတွေ အဆုံးနားက ဆိုဖီနှင့် ဒန်နီတို့ အိမ်ကို သွားလေသည်။

နွေဦးရာသီဖြစ်တာကြောင့် နေရောင်ခြည်နှင့်အတူ တစ်ဖက်တစ်ချက်တွင် မြင်နေရသော စပျစ်စိုက်ခင်းတွေက အရမ်းကို လှပနေတော့တာ။

မနက်ခင်းရဲ့ လတ်ဆတ်သောလေကို တဝကြီးရှူရှိုက်လိုက်ရင်း စက်ဘီးကို အမြန်နင်းလာမိသည်။

ဆိုဖီနှင့်ဒန်နီတို့ အိမ်ဝရောက်တော့ ခြံဝတွင် ရပ်စောင့်နေကြလေသည်။

ရှိုင်းက စက်ဘီးကို အမြန်နင်းလာရာမှ အမွှာနှစ်ယောက်ရှေ့တွင်ရပ်လိုက်ပြီး စက်ဘီးပေါ်ကဆင်းလိုက်ကာ ဒေါက်ထောက်ရပ်လိုက်ပြီး သူငယ်ချင်းနှစ်ယောက်ကို သွားဖြဲပြလိုက်ရသည်။

ရှိုင်းကိုမြင်တာနှင့် ဒန်နီက လက်သီးချင်းတိုက်ကာ နှုတ်ဆက်သော်လည်း ဆိုဖီကတော့ မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ ပွစိပွစိလုပ်ခြင်းလုပ်ငန်းကို စတင်လေပြီ။

"နင် အခုဘယ်အချိန်ရှိနေပြီလဲဆိုတာ သိလား .. ငါတို့နှစ်ယောက် နင့်ကိုစောင့်နေရတာနဲ့နောက်ကျနေပြီ. ဒီနေ့နောက်ကျလို့မရဘူးဆိုတာ သိရဲ့သားနဲ့"

"အေးပါဟ.. ငါလည်းအခုအမြန်နင်းလာတာဘဲ.. မေမေ့ဆီမှာ ခဏအိပ်ပျော်သွားလို့.."

"နင်ကလေ တွေ့ရာနေရာမှာအိပ်တတ်တဲ့အကျင့်နဲ့ တစ်နေနေ့ ဒုက္ခရောက်မှာဘဲ.."

ဆိုဖီ့စကားကို ဒန်နီက ကြားဖြတ်ဝင်ပြောသည်။

"တော်ပါတော့ ဘဲနှုတ်သီးမရယ်.. နင်ပွမ်နေတာနဲ့ နောက်ကျတော့မယ်.. ဟေ့ကောင် ရှိုင်း.. ရော့.."

ဒန်နီက သူ့လက်ထဲက Skate Board လေးကို ရှိုင်းကို ပစ်ပေးလိုက်သည်။ ရှိုင်းက Skate Board ကိုလှမ်းယူလိုက်ပြီး မြေကြီးပေါ်ကိုချလိုက််သည်။ ပြီးတော့ ကျောပိုးအိတ်ထဲက လျှာထိုးဦးထုပ်လေးကို ထုတ်ကာဆောင်းလိုက်ပြီး အပေါ်က Hoodie ကိုပါ ထပ်ဆောင််းလိုက်သည်။ ရှိုင်း ပုံစံကိုကြည့်ပြီးတော့ ဆိုဖီက ထုံးစံအတိုင်းပွစိပွစိလုပ်ကာ ဆရာကြီးလုပ်ပြန်လေပြီ..။

"လုပ်ပြန်ပြီဒီသူခိုးဒီဇိုင်းကို နင့်ဆံပင်လေးတွေ ဒီလောက်လှတာ ဖုံးမထားစမ်းပါနဲ့လား... ပြီးတော့ နင့်ပုံစံသေးသေးကွေးကွေးနဲ့ ဒီလိုကြီး ဖုံးထားလိုက်တော့ လုံးဝကို သူခိုးနဲ့တူသွားရော.."

ရှိုင်း ဘာမှပြန်ဖြေ။ ပြုံးရုံသာ ပြုံးနေမိသည်။ လူကြားထဲတွင်် အရမ်းကြီးကို Stand Out ဖြစ်နေတဲ့ဒီဆံပင်ငွေရောင်တွေကို ရှိုင်းအရမ်းကို မုန်းပါသည်။ ပြီးတော့ ရှိုင်း မလိုချင််ခဲ့တဲ့ ရှိုင်း ရဲ့ ဖြစ်တည်မှု ကို သိသာစေသော အရာကလည်း ဒီဆံပင်အရောင်တွေဘဲဖြစ်သည်။ အရောင်ဆိုးဖို့ဘယ်လိုဘဲကြိုးစား ကြိုးစား မအောင်မြင်ခဲ့သဖြင့်သာ ဒီအတိုင်းထားထားရတာဖြစ်သည်။

ဆိုဖီရဲ့ စကားကို ဒန်နီကလည်း ခေါင်းငြိမ့်ထောက်ခံသည်။ ရှိုင်းရဲ့ Hoodie ကိုခေါင်းကနေဆွဲချွတ်လိုက်ကာ ပြောသည်။

"ဟုတ်တယ်ကွ.. ဘဲနှုတ်သီးမပြောတာမှန်တယ်.. မင်းက ချောပြီးသားဘဲကွ.. Style ကျကျနေရင် အနားမှာ ၀ိုင်းနေကြမှာကို.."

"ငါ့ကို ဘဲနှုတ်သီးမလို့ မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ.."

ဆိုဖီက အမြဲတမ်းနှုတ်ခမ်းတစ်လံ ပန်းတစ်လံဖြင့် ဆူထော်ပြီး ဆရာကြီးလုပ်တတ်သဖြင့် ဒန်နီက နောက်ပြောင်ပြီးခေါ်ခြင်းဖြစ်သည်။ ဆိုဖီက ထိုနာမည်ပြောင်ကို အရမ်းမုန်းပြီး ရှိုင်းနှင့် ဒန်နီတို့ခေါ်လိုက်တိုင်း ဒေါသထွက်တတ်ပါသည်။

စကားစက အခုထိ မပြတ်သေး ကျောင်းနောက်ကျတော့မည်ဖြစ်သည်မို့ ရှိုင်းကပင် ဝင်တားလိုက်ရလေပြီ။

"တော်ကြတော့ နှစ်ယောက်လုံး..သွားမယ်.."

ရှိုင်းက လောဆော်လိုက်ပြီး Hoodie ကိုပြန်ဆောင်းလိုက်သည်။

ဆိုဖီက စက်ဘီးတစ်စီး နှင့်သွားမည်ဖြစ်ပြီး ဒန်နီက ရှိုင်းရဲ့ စက်ဘီးကို စီးမည်ဖြစ်ကာ ရှိုင်းကတော့ ဒန်နီရဲ့ Skate Board နှင့်ကျောင်းကို အတူတူသွားကြမည်ဖြစ်သည်။ ရှိုင်း Skate စီးရတာ သဘောကျသော်လည်း Skate Board ထက် စက်ဘီးကို ပိုပြီးလိုအပ်နေသောကြောင့် စက်ဘီးကိုဝယ်လိုက်ရခြင်းဖြစ်သည်။

ဒီလိုနဲ့ သုံးယောက်သား စကားတစ်ပြောပြော၊ ငြင်းကြခုန်ကြရင်း ကျောင်းကိုထွက်လာခဲ့လေသည်။

Avalon High ဆိုသော ဆိုင်းဘုတ်အကြီးကြီး စိုက်ထူထားသော အဆောင်အအုံအကြီးကြီးတစ်ခုရှေ့ကိုရောက်တော့ ကျောင်းတက်ချိန်နီးပြီဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေ အများကြီးရှုပ်ယှက်ခတ်နေကြပြီဖြစ်လေသည်။

ရှိုင်းက Skate Board လေးကို ရပ်လိုက်ပြီး ကောက်ယူလိုက်ကာ ကျောင်းထဲကို ဝင်မည့်ဟန်ပြင်လိုက်သည်။

ထိုစဉ် နားယဉ်နေပြီဖြစ်သော လေချွန်သံတစ်ခုကိုကြားလိုက်ရလေသည်။ ထိုအသံကိုကြားလိုက်တာနှင့် ရှိုင်းရဲ့ခေါင်းလေးက ချာခနဲပင် လေချွန်သံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။

ကျောင်းသားတွေအတွက်ထားသော Car Parking နေရာတွင် ဆိုင်ကယ်ကိုမှီကာ ရပ်နေသော လူတစ်ယောက်။ ရှိုင်းကို လက်လှမ်းပြသည်။

ရှိုင်းကလည်း ထိုသူကို မြင်လိုက်တော့ ခုန်ပေါက်ကာ လက်ပြန်ပြလိုက်ပြီး အနားက အမွှာနှစ်ယောက်ကို လှမ်းပြောသည်။

"မင်းတို့ဝင်နှင့်ကြ.. ဟိုမှာ ပါပါးရောက်နေလို့.."

ရှိုင်းပြောလိုက်တော့ ဆိုဖီနှင့် ဒန်နီကလည်း သြဂတ််စ်ရပ်နေရာ ဘက်ကို လက်လှမ်းပြသည်။ သြဂတ်စ်က လည်း ခေါင်းငြိမ့်ပြတာကို မြင်လိုက်ရသည်။

"ဒါဆို ငါတို့သွားတော့မယ်.. အရမ်းနောက်မကျစေနဲ့.."

ရှိုင်း ခေါင်းငြိမ့်ပြလိုက်ပြီး သြဂတ်စ်ရှိနေရာ ဘက်ကို ပြေးထွက်လာခဲ့သည်။ သြဂတ်စ်ကတော့ ရှိုင်းသူ့ဆီပြေးလာတာကို ပြုံးပြီးကြည့်နေလေသည်။ ရှိုင်း သြဂတ်စ်အနားကိုရောက်တော့ ပါးချိုင့်လေးတွေ ခွက်ဝင်သွားအောင်ပြင် ပြုံးလိုက်ပြီး သြဂတ်စ်ကိုပြေးဖက်လေသည်။ ပြီးတော့မှ သြဂတ်စ်ကို မော့ကြည့်ကာ မေးသည်။

"ကျွန်တော့်ဆီ တမင်လာတာလား.. လမ်းကြုံဝင်တာလား"

"စပျစ်ဝိုင်လာဝယ်ရင်း လမ်းကြုံဝင်ကာ.. မင်း လိမ္မာရဲ့လား လာကြည့်တာ"

သြဂတ်စ် အဖြေစကားကြောင့် ရှိုင်း မကျေနပ်ဟန် နှုတ်ခမ်းဆူသွာသည်။

"အမြဲဲတမ်း လမ်းကြုံမှ လာတယ်.. သီးသန့်လာတယ်ဆိုတာ ရှိကိုမရှိဘူး..."

ထိသို့ ပွစိပွစိရေရွတ်ပြီးမှ သြဂတ်စ်ရဲ့လက်မောင်းကို ကိုင်လှုပ်ကာ ထပ်ပြောသည်။

"ကျွန်တော် က စောင့်နေတာ .. ပြောစရာရှိလို့.."

ကိုင်လှုပ်ပြီးပြောလေတော့ သြဂတ်စ်က ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး

"ဘာပြောမလို့လဲ.. ကျောင်းပြေးလို့ မိဘခေါ်ခိုင်းပြန်ပြီလား.."

သြဂတ်စ်ပြောလေတော့ ရှိုင်းက မျက်မှောင်လေးကုတ်လျက် ကိုင်ဆွဲထားသော သြဂတ််စ်လက်မောင်းကို ဆောင့်ချလိုက်ပြီး ငြင်းဆန်သည်။

"မဟုတ်ပါဘူး.. ပါပါးကလည်း ဘယ်လိုဖြစ်လို့ အဲ့လိုကြီးဘဲ ထင်နေရတာလည်း.."

(Author's Note – Some children call Papa to their godfather)

"မသိဘူးလေ.. မင်းမှာ ပြောစရာရှိလာပြီဆိုရင် ကျောင်းပြေးတာမိသွားလို့ မိဘခေါ်ခိုင်းလို့ချည်းဘဲ .. ငါလိုက်လိုက်ပြီးတွေ့နေရတာ ဘယ်နှစ်ခေါက်လဲ.. အဲ့ဒီတော့ ငါလည်း အဲ့ဒီလိုဘဲထင်တာပေါ့ကွ.."

"အခုက အဲ့ဒါမဟုတ်ဘူး.."

"ဒါဖြင့်ဘာလဲ.."

"ကျွန်တော် အခု အလုပ်ရပြီလို့.. မြို ့ထဲက Bar မှာ Bartender ( ဘားကောင်တာမှာ အရက်စပ်ပေးတဲ့လူ) လုပ်ရမှာ..ပြီးတော့ နေစရာအခန်းလည်းပေးတယ် "

"ဟုတ်လား.. ကောင်းတာပေါ့ကွ.."

သြဂတ်စ် ဆီက ကောင်းတယ်ဆိုသော စကားကြားလိုက်ရပြီး ရှိုင်းမျက်နှာလေး ဆူပုုတ်နေရာမှ ကျေနပ်ဟန် ပြုံးစိစိလေးပြန်ဖြစ်သွားသည်။

ထိုစဉ် ကျောင်းက Bell တီးသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့အခါ သြဂတ်စ်က ပြောသည်။

"ကျောင်းထဲဝင်တော့ ငါလည်းသွားတော့မယ်"

သြဂတ်စ် ပြောလိုက်တော့ ရှိုင်း မျက်လုံးလေးပြူးသွားသည်။

"ဟင်.. သွားတော့မလို့လား.. ချက်ချင်းကြီး..ကျွန်တော်ပြောင်းတဲ့အခန်းကို လိုက်မကြည့်တော့ဘူးလား."

"အချိန်မရဘူး.. မင်းကို မတွေ့ရတာကြာလို့ အဆင်ပြေရဲ့လား လာကြည့်တာ.. သွားရတော့မှာ.."

"ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ဆီလာရင် တစ်ရက်နှစ်ရက်နေပြီးမှပြန်တယ်.. အခုကျတော့ ဆယ်မိနစ်တောင် မကြာဘူး ချက်ချင်းပြန်တယ်"

ရှိုင်းက စိတ်မကောင်းဟန်ပြောလေတော့ သြဂတ် တစ်ချက်ပြုံးပြလိုက်ရသည်။

"မင်းက ကလေးမဟုတ်တော့ဘူးလေရှိုင်းရာ.. ကိုယ့်ဘာသာကိုယ် စောင့်ရှောက်နိုင်တဲ့အရွယ်ရောက်နေပြီဘဲကို.."

"ဒါပေမယ့်လည်း မေမေဆုံးပြီးကတည်းက ကျွန်တော်မှာ သိတဲ့လူဆိုလို့ ပါပါးတစ်ယောက်ဘဲ ကျန်တော့တာလေဗျာ.. မေမေ့သူငယ်ချင်းမို့လို့ မေမေအကူအညီတောင်းလို့ ကျွန်တော့်ကို ဒီအရွယ်ထိ ကြည့်ရှူ့ပေးခဲ့တာဆိုပေမယ့်လည်း.. ကျွန်တော့ရဲ့ ဆွေမျိုးတစ်ယောက် Godfather တစ်ယောက်လိုမျိုး သဘောထားခဲ့တာပါဗျာ.."

ရှိုင်းစကားကြောင့် သြဂတ်စ် သက်ပြင်းမောကို ကြိတ်ချရသည်။

"ကဲ.. ကဲ.. သွားတော့နောက်နေ့တွေ အချိန်ရရင် မင်းဆိုင်ကို လာကြည့်မယ်..ကျေနပ်ပြီလား..အခုလည်းနောက်တစ်ခေါက်လာရင် စက်ဘီးအသစ်တစ်စီးဝယ်လာခဲ့မယ်.. "

သြဂတ်စ် တစ်ထစ်လျှော့ကာ အလျှော့ပေးလိုက်တော့မှ ရှိုင်းမျက်နှာလေး ပြုံးသွားသည်။ ဒုတိယ အကြိမ်မြောက် သြဂတ်စ်လည်ပင်းကို လာဖက်ပြန်လေသည်။

"ဒါကြောင့်ပါပါးသြဂတ်စ်ကို ချစ်တာ..."

ဒိန်းခနဲ ထွက်လာသော ရင်ဘတ်ထဲမှ သံစုံတီးဝိုင်းနှင့်အတူ သြဂတ်စ် တစ်ကိုယ်လုံးတုန်ယင်သွားသဖြင့် ငယ်ငယ်တုန်းကလို ပြန်တောင် မဖက်မိဘဲ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်နေမိသည်။

"ရှိုင်းရယ်.. မင်းက ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်မဟုတ်တော့ဘူးလေကွာ..."

သြဂတ်စ် စိတ်ထဲကနေသာ ပြောနေမိသည်။ တကယ့်တကယ်တမ်းကြတော့ ဘာသံမှထွက်မလာ။ သူဖက်ထားတဲ့ စက္ကန့်ပိုင်းအချိန်လေးမှာ သြဂတ်စ် အသက်တောင်ရဲရဲ မရှူရဲ။

သိသိသာသာကို အရောင်ဆိုးခဲ့မိပြီဖြစ်သော ရှိုင်းအတွက်ဖြစ်တည်လာခဲ့တဲ့ သြဂတ်စ်ရဲ့ စိတ်တို့ ဖွင့်ချပြလိုက်ချင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ မဖြစ်သင့်သေးဘူးဆိုတာ ကိုယ်သာလျှင် အသိဆုံးဖြစ်တာကြောင့်။

ရှိုင်းကတော့ ဘာဆိုဘာမှမသိ။ ဖြူစင်စွာပြုံးပြရင်း သြဂတ်စ်ကို လက်ပြရင်းပင် ကျောင်းထဲကို ဝင်သွားလေပြီဖြစ်သည်။

ရှိုင်းရဲ့ ပုံရိပ်လေး မျက်စိရှေ့ကနေ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်အထိ တမေ့တမောကြည့်နေပြီးတော့မှ သြဂတ်စ် သက်ပြင်းချလိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင် သြဂတ်စ်တို့ကို စောင့်ကြည့်နေသော လူတစ်ယောက်ကို ခေါင်းငြိမ့်အချက်ပြလိုက်တော့ ထိုသူက သြဂတ်စ်အနားရောက်လာသည်။

သြဂတ်စ်ကို တစ်ချက် ဦးညွှတ်နှုတ်ဆက်တာကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထိုသူကိုမေးလိုက်သည်။

"ဘယ်လိုလဲ.. ညဘက်ဆိုုရင် အလင်းရောင်တွေ တောက်နေသေးလား.."

"အရင်တုန်းကလောက် မတောက်တော့ဘူး.. ကလေးကလည်း သူ့ဘာသာသူ Control လုပ်တတ်နေပြီဆိုုတော့..တစ်ခါတစ်လေပါဘဲ.. ဖြစ်ရင်လည်း ခဏဘဲ ချက်ချင်းပြန်ပျောက်သွားတယ်..."

"စုန်းကဝေတွေရော.. တွေ့မိသေးလား.."

"တစ်ခါတစ်ခါတော့ တစ်ယောက်စနှစ်ယောက်စ လာလာကြည့်ပေမယ့် ကလေးကို သူ့မှာရှိတဲ့ ငွေဆွဲသီးကြောင့် လုံးဝသတိမထားမိကြပါဘူး.. ကျွန်တော်လည်း သေချာစောင့်ကြည့်နေတာပါ .."

ထိုအခါ သြဂတ်စ်မျက်နှာက စိတ်အေးဟန်ပေါက်သွားပြီးတော့ ထိုသူရဲ့ ပုခုံးကို ဖွဖွဆုပ်ကိုင်လိုက်ပြီးပြောသည်။

" ငါကလည်း ဖေဖေ့ကိုယ်စားအလုပ်တွေများနေတယ်.. ဒီကို ခဏခဏလာနိုင်မှာ မဟုတ်ဘူး.. အခုရှိုှုင်းကလည်း ဘားမှာ အလုပ်လုပ်နေပြီဆိုရင် အိမ်ပြန်အရမ်းနောက်ကျလိမ့်မယ်ထင်တယ်.. ြပြီးတော့ အခု အလုပ်ကပေးထားတဲ့အိမ်ကိိုပြောင်းနေနေတာဆိုတော့ ပိုသတိထားရမယ်.. တစ်ခုခုဖြစ်ရင်ငါ့ကိုချက်ချင်းအကြောင်းကြားပေးကွာ.. ရှိုင်းကိုတော့ လုံးဝမျက်စိအောက်က အပျောက်မခံပါနဲ့.. သေချာဂရုစိုက်ပေးပါ.."

ထိုအခါ ထိုသူက လေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်ပြီးပြောသည်။

"စိတ်ချပါ အစ်ကိုလေး.. ကျွန်တော်လည်း ကလေးကို သံယောဇဉ်ဖြစ်နေတာပါ.. ကိုယ့်သားလေးလိုပါဘဲ.. သေချာစောင့်ကြည့်ထားပါမယ့်..."

"ဒါဆိုရင်..စိတ်ချပါပြီ...."

"ဟုတ်ကဲ့ပါ... ဒါဆိုကျွန်တော့ကိုသွားခွင့်ပြုပါဦး.."

သြဂတ်စ် ခေါင်းငြိမ့်ပြလိုက်တော့ ထိုသူက ကျောင်းနဲ့ နီးရာဘက်ကို ပြန်ထွက်သွားလေသည်။

သြဂတ်စ် ဒုတိယအကြိမ်သက်ပြင်းထပ်ချလိုက်မိသည်။ ရှစ်နှစ်ကျော်ကြာသည်အထိ ရှိုင်းကို ဘယ်သူမှအာရုံမခံမိကြသေးသော်လည်း သြဂတ်စ်အနေနဲ့ကတော့ အချိန်တွေကြာလာလေ ပိုပိုပြီး ရှိုင်းအတွက်စိုးရိမ်လာလေဖြစ်နေသည်။

ကြယ်ကလေးရဲ့ နှလုံးသား တစ်စုံတစ်ဦးအတွက် အရောင်လင်းလက်လာရတော့မည့် အချိန်ကို အရွယ်ရောက်လာပြီမဟုတ်ပါလား။

ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်လာရတဲ့ ကြယ်ကလေး..၊ မသမာသူတွေ လက်ထဲပါသွားမှာလည်းစိုး၊ သက်ဆိုင်သူ့ရဲ့ လက်ထဲကို ရောက်သွားမှာလည်း မလိုလား..ကိုယ်တိုင်လည်း မခူးဆွတ်ရက်တဲ့ အခြေအနေမျိုး...........။

မပိုင်ဆိုင်ရဘူးဆိုတာကို သိနေတာတောင် လောဘကြီးနေမိတာ..။ ကိုယ့်အတွက် မဟုတ်ဘူးဆိုတာ သိနေတာတောင် တန်ဖိုးထားနေမိတာ။

*****************************************************************************

နေ့လည်စာစားချိန် ကျောင်းတွင် ရှိုင်းနှင့် အမွှာနှစ်ယောက်တို့ ကျောင်းက Cafeteria တွင် နေ့လည်စာ ထိုင်စားနေကြသည်။

ရှိုင်းကတော့ စကားနည်းသူ ပီပီ နားကြပ်ကို နားမှာတပ်ကာ သီချင်းနားထောင်ရင်း ထမင်းကို အေးအေးဆေးဆေးငုံ့စားနေသော်လည်း ဒန်နီကတော့ ကျောင်းက ကောင်မလေးလှလှလေးတွေကို လိုက်ငမ်းနေတာကြောင့် အစားထဲစိတ်မရောက်။

ဟိုကောင်မလေးကချောတယ်.. ဒီကောင်မလေးကလှတယ်ဖြင့် လိုက်ပြောနေလေတော့သည်။

မိန်းကလေးဖြစ်သော ဆိုဖီကတော့ ဒန်နီလိုက်ငမ်းနေတာကို မဲ့ရွဲ့ကာ လိုက်ကြည့်နေလေတော့သည်။

ဒန်နီက တစ်ယောက်တည်း ငမ်းရတာ အားမရတော့ဘူးထင်သည်။ ခေါင်းငုံ့ထမင်းစားနေသော ရှိုင်းရဲ့ ခေါင်းကို တစ်ချက် လှမ်းပုတ်သည်။ ရှိုင်းက နားကြပ်ကိုချွတ်လိုက်ကာ ဘာလဲဆိုသော သဘောဖြင့် မေးဆတ်ပြတော့ ဒန်နီက

"ထမင်းကြီးဘဲ စားမနေနဲ့ နည်းနည်းပါးပါးကြည့်ပါဦးကွ.. ပတ်ဝန်းကျင်မှာ အချော အလှလေးတွေ ဒီလောက်ပေါနေတဲ့ဟာကို ဟိုမှာတွေ့လား ဟိုဘက်စားပွဲက Freshman လေးတွေ မင်းကို ကြည့်နေကြတယ်.."

ရှိုင်းကတော့ ဒန်နီညွှန်ပြတာကို နည်းနည်းလေးတောင် စိတ်ဝင်စားဟန်မပြ။ ခေါင်းကိုသာ တစ်ချက်ရမ်းလိုက်ပြီး ပြောသည်။

"စိတ်မဝင်စားဘူးကွာ.. ငါ့ဘာသာငါ တစ်ယောက်တည်း အေးအေးဆေးဆေးနေပါရစေ.."

ရှိုင်းက ထမင်းစားလို့ပြီးသွားပြီဖြစ်သဖြင့် စားပြီးသားဖော့ဘူးတွေကို စားပွဲဘေးက အမှိုက်ပုံးထဲ ထည့်လိုက်ရင်းက ပြောသည်။

ရှိုင်းစကားဆုံးတော့ ဆိုဖီက ဒန်နီခေါင်းကို ဒေါင်ခနဲထုလိုက်ပြီးပြောသည်။

"နင်ကလေ ပေါင်းလာတာ ဒီလောက်နှစ်တွေကြာနေပြီ.. ရှိုင်းအကြောင်း မသိသေးဘူးလား.."

"ဘာအကြောင်းလဲ ..အဲ့ဒိကောင် အကြောင်း ငါတို့မသိတာတွေ အရမ်းကိုများလွန်းနေလို့.. လျှိုု့ဝှက်လွန်းသူ အမောင်ရှိုင်းလေ.. ( Mysterious Mr.Shine)"

ဒန်နီရဲ့ ကြောင်တောင်တောင် အပြောကြောင့် ဒန်နီရဲ့ခေါင်းကိုဆိုဖီက နောက်တစ်ခေါက်ထပ်ခေါက်ပြန်လေသည်။

"ဟ.. နာတယ်ဟ.. ဗလိုင်းကြီးလာရိုက်မနေနဲ့ ပြောစရာရှိတာပြော.."

ရှိုင်းကတော့ ဘာမှပြန်မပြော။ ကျောပိုးအိတ်ထဲက Drawing Book ကိုထုတ်လိုက်ပြီး ခဲတံဖြင့် ပုံဆွဲရင်း ပြုံးစိစိဖြင့်သာ နားထောင်နေလေသည်။

ဆိုဖီက လက်နှစ်ဖက်ကို ဟန်ပါပါပိုက်လိုက်ပြီး ဆရာမကြီးပုံစံဖြင့်ပြောသည်။

"လောကမှာ ရှိုင်း စိတ်ဝင်စားတာ နှစ်ခုဘဲရှိိတယ်.. ပန်းချီဆွဲတာရယ်.. နောက်တစ်ခုက သူ့ကို တောထဲကနေကယ်ခဲ့တဲ့ လူကြီးကို လိုက်ရှာတာရယ်..ဒါပဲ.. ......"

ရှိုင်းက သူငယ်ချင်းနှစ်ယောက်ကို နားလည်ရခက်စေမည့် အကြောင်းတွေကို ထိန်ချန်ကာ တချို့အကြောင်းတွေကိုတော့ ပြောပြထားတာကြောင့် သိသင့်သလောက်တော့ သိနေကြတာဖြစ်သည်။

ဆိုဖီ့စကားဆုံးတော့ ဒန်နီက လက်ခုပ်တီး ခေါင်းကိုပါ အကြိမ်ကြိမ်ငြိမ့်ပြပြီးအားရပါးရထောက်ခံသည်။

"ဟုတ်တယ်..ဟုတ်တယ်..ဒါတော့ ငါလည်း ထောက်ခံတယ်.. အားအားရှိ အဲ့ဒီလူကြီးအကြောင်းတွေ စုံစမ်းလိုက် ကျောင်းပြေးပြီး ပန်းချီဆွဲလိုက်နဲ့.. ဆွဲတာတောင် သူဆွဲတဲ့ပုံ တစ်ဝက်ကျော်ကျော်လောက်က အဲ့ဒီလူကြီးပုံတွေဘဲ.."

ဆိတ်ဆိတ်နေ ဝန်ခံဆိုသော သဘောအရ ရှိုင်းဆီမှ အသံလုံးဝထွက်မလာ။ ပြုံးစိစိမျက်နှာပေးလေးကနေ ပါးချိုင့်လေးတွေ ပေါ်အောင်ရယ်လိုက်ပြီး ပုံကိုသာဆက်ဆွဲနေသည်။

"ဟဲ့ ရှိုင်း.. ပြုံးစိစိလုပ်မနေနဲ့.. အခုထိ နင့်ကိုကယ်ခဲ့တဲ့ လူကြီးဘယ်မှာရှိမှန်းမသိသေးဘူးလား.."

ဆိုဖီမေးလေတော့ ရှိုင်းက ခပ််ပြုံးပြုံးမျက်နှာပေးကို မပြောင်းဘဲနဲ့ ခေါင်းလေးကို ဖြေးညှင်းစွာ ခါပြသည်။

"ငါအဲ့ဒီအချိန်တုန်းက သူ့နာမည်ကို လည်းမသိလိုက်ရဘူး.. ငါရောက်သွားတဲ့နေရာကလည်း တောထဲဆိုသော နေရာကို သေချာမသိဘူး.. ငါ့မှာ သူနဲ့ပတ်သက်တဲ့ Information ဆိုလို့ ဘာဆိုဘာမှမရှိတာ.. သူပေးလိုက်တဲ့ဆွဲကြိုးရယ် .. ပြီးတော့ သူ့မျက်နှာ သူ့ပုံစံကို ငါအလွတ်ကျက်ထားသလို မှတ်မိနေတာရယ်ဘဲရှိတယ်.."

"နင် ကျောင်းတွေဒီလောက်ပြေးပြီး ဟိုဒီလိုက်ရှာနေတာ.. အခုထိရှာမတွေ့သေးဘူးလား.."

"ဟင်အင်း.. အဓိကကဟာ.. ငါ့အမေပို့ပေးလိုက်တဲ့နေရာကို ငါပြန်မသွားတတ်တာဘဲ.. ဒါကြောင့်ရှာရခက်နေတာ.."

"ဒီလောက်နှစ်တွေကြာနေပြီဘဲဟယ်.. မေ့လိုက်ပါတော့.. ပြန်တွေ့ပြီးတော့ရော.. ဘာလုပ်လို့ရမှာမို့လို့လဲ.."

ရှိုင်းက မျက်လုံးလေးတွေ တဖျတ်ဖျတ်တောက်လာပြီး စိတ်အားထက်သန်လာဟန်ဖြင့်ပြောသည်။

"ငါအဲ့ဒီလူကြီးကို ပြန်တွေ့ချင်တာတစ်ခုဘဲသိတယ်.. တကယ်လို့ ပြန်တွေ့ခဲ့ရင်တောင် ငါဘာပြောရမလဲ ငါဘာလုပ်ရမလဲ မသိပေမယ့်.. ငါသူ့ကို ပြန်တွေ့ချင်နေတုန်းဘဲ.. ဘာကြောင့်လဲတော့ ငါလည်း မသိဘူး.."

ဆိုဖီက အားပေးလိုသော သဘောဖြင့်ရှိုင်းရဲ့ လက်မောင်းကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီးပြောသည်။

"ပြန်တွေ့ဖို့ ကံကြမ္မာပါလာရင်တော့ ပြန်တွေ့မှာပေါ့ဟ.. ပြီးတော့ နင်ဒီလောက်တွေ့ချင်နေတာဘဲ.. ပြန်တွေ့မှာပါ.."

တစ်ချိန်လုံးငြိမ်နားထောင်နေသော ဒန်နီက ဝင်ပြောသည်။

"သူကျောင်းပြေးတဲ့အကြောင်းရင်းက အဲ့ဒီလူကြီးကို လိိုက်ရှာနေလို့ဆိုတာကို ပါပါးသြဂတ်စ်သာသိရင်် မလွယ်ဘူးသိလား.."

ဒန်နီ့စကားကြောင့် ရှိုင်း မျက်လုံးလေးတွေ ပြူးကျယ်သွားပြီး ဒန်နီ့ကို လက်သီးရွယ်ပြကာ ပြောသည်။

"ဟာ..ဟေ့ကောင် .. ပါပါးကို သွားမပြောနဲ့နော်.. ငါ့ကို အဲ့ဒီလူကြီးအကြောင်းပြောတာကိုတောင် မကြိုက်တာ.. လိုက်ရှာနေမှန်းသာ သိရင် ငါ့ကို အရေခွံဆုတ်ပစ်လိမ့်မယ်.."

"အေးသိတယ်.. မပြောသေးဘူး... မင်းကိုအနိုင်ကျင့်ဖို့အတွက် နိုင်ကွက်တစ်ကွက်အဖြစ်ချန်ထားဦးမယ်... မင်းကိုကြည့်မရတဲ့အချိန်ကျမှသွားပြောမှာ.. ပါပါးမွေးစားသား ဘယ်ကမှန်းမသိတဲ့ ဦးလေးကြီးတစ်ယောက်ကို ကြိတ်ခိုက်နေပါတယ်ဆိုပြီးတော့.."

"ခွေးကောင်.."

ရှိုင်းက ဒန်နီ့ကိုကျိန်ဆဲရင်း သောက်ပြီးသား စက္ကူအအေးဘူးနှင့် ကောက်ပေါက်လိုက်သည်။ ဒန်နီကလက်ဖြင့်ကွယ်လိုက်ရင်း.. တဟားဟားရယ်သည်။

ရှိုင်းရဲ့မျက်နှာက ပန်းနုရောင်မှာ ပန်းဆီရောင်သို့ပင်ပြောင်းသွားသည်။ ပြီးတော့မှ ကမန်းကတန်းပြောရှာသည်။

"ပါပါးသိသွားရင် စိတ်ဆိုးမှာကွ.."

ဆိုဖီက မျက်နှာကိုု မဲ့ရွဲ့ပြီး ပြောသည်။

"ဒါကျကြောက်သား.."

ရှိုင်းက သက်ပြင်းချလိုက်သည်။ ပြီးတော့မှပြောသည်။

"ကြောက်တာထက် ပါပါးမကြိုက်တာ ငါလုပ်နေတာ သိသွားရင် စိတ်ဆင်းရဲမှာစိုးလို့ပါဟ..ပါပါးက ငါ့ရဲ့ကျေးဇူးရှင်ပါ.. ငါ့ကို ငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့တာ.. မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တာလည်း ပါပါးဘဲ.. အခုအချိန်ထိ ငါ့ကို လိုအပ်သမျှဖြည့်စည်းပေးနေတာလဲ ပါပါးဘဲကို.. သူသာမရှိရင်.. ငါလမ်းဘေးမှာ ဘဝပျက်ရင်ပျက်.. မပျက်ရင် သေနေလောက်ပြီ.. ဒါကြောင့် ငါ ဦး ကိုရှာနေတာ တစ်ခုကလွဲရင် ကျန်တဲ့ ပါပါးမကြိုက်တာ ဘာမှမလုပ်ဘူး .."

အလေးအနက်ပြောနေသော ရှိုင်းကြောင့်ဆိုဖီနှင့် ဒန်နီတို့လည်း ငြိမ်သွားကြလေသည်။

"ဒါပေမယ့် ငါ.. ဦးကို ပြန်တွေ့ချင်တဲ့စိတ်ကိုလည်း ထိန်းလို့မရဘူးကွာ.. တစ်ခါလောက် ပြန်တွေ့ရရင်တောင် ကျေနပ်ပါတယ်.."

"တကယ်စိတ်အားထက်သန်နေတယ်ဆိုရင်တော့ ကံကြမ္မာက ဖန်တီးပေးမှာပေါ့ကွာ.. စောင့်နေပေါ့.."

ဒန်နီရဲ့ စကားကို ရှိုင်းက ခေါင်းငြိမ့်ပြလိုက်ရလေသည်။

ဒန်နီပြောသလို ကံကြမ္မာက ဖန်တီးပေးဖို့ကိုသာ မျှော်လင့်ရင်းဘဲ ပြန်တွေ့မယ့် အချိန်ကို စောင့်နေရတော့မည်။

ရှိုင်း သက်ပြင်းတစ်ချက်ချလိုက်ရင်း မိမိဆွဲထားမိသော အပြီး မသတ်သေးသည့်ပုံကိုကြည့်လိုက်မိတော့ လရောင်အောက် ထင်းရှူးပင်တွေကြားမှာ ကလေးတစ်ယောက်ကို ကျောပိုးကာ ပြေးနေဟန်နှင့်လူတစ်ယောက်ပုံ။ ရှိုင်း ထိုပန်းချီလေးကို လက်ဖြင့် ထိကိုင်နေလိုက်ရင်း ခပ်တိုးတိုးရေရွတ်မိသည်။

"အခုအချိန်ဆိုရင် အဲ့ဒီဦး ဘာများလုပ်နေမလဲ မသိဘူးနော်... ပြန်တွေ့ကြရင်.. ငါ့ကို မှတ်မိနေမယ်ဆိုရင် အရမ်းကောင်းမှာ..."

*************************************************************************

Nebbia မြို့။

အုံ့မှိုင်းနေသော မီးခိုးရောင် ကောင်းကင်နှင့် အတူ မိုးရွာခါနီးနေပြီဆိုတာကို အချက်ပေးနေသည့် ကောင်းကင်ကြီး က တိမ်တွေ တအိအိဖြင့် ပြိုကျတော့မလို။

မိုးစက်မိုးပေါက်လေးတွေ ပင်ကျဆင်းနေပြီဖြစ်တာကြောင့် လူသွားလူလာ အနည်းငယ်ရှုပ်သော မြို့လယ်ခေါင်မှာ လူတော်တော် များများ ထီးတွေ ထုတ်ဆောင်းနေကြပြီဖြစ်သည်။

သို့သော် လူတစ်ယောက်ကတော့ ရာသီဥတုကို ဂရုမစိုက်ဘဲ တဖွဲဖွဲကျနေသော မိုးစက်မိုးပေါက်လေးတွေကို သတိမထားဘဲ လျှာထိုးဦးထုပ်တစ်လုံးကိုသာ ခပ်ငိုက်ငိုက်ဆောင်းရင်း မိုးကာ မပါ ထီးမပါဘဲခေါင်းကိုငုံ့လျက် ဒီအတိုင်း လမ်းလျှောက်လာလေသည်။

လမ်းဘေးက ရေကွက်များကို ကားဖြတ်မောင်းသွားသဖြင့်် ထိုသူကို ရေများစင်သွားတာတောင် ထိုသူက ဂရုမစိုက်။

ထိုသူမှာ ခပ်သွက်သွက်ပင် လမ်းလျှောက်လျက်ရှိပြီး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်အတွင်းကို ချိုးကွေ့ဝင်လိုက်လေသည်။

ဆိုင်တံခါးက လူဝင်လာတာကို သတိပေးသော ခေါင်းလောင်းလေးက မြည်ဟီးသွားသဖြင့် ဆိုင်ရှင်က ကောင်တာကနေ အသံပြုသည်။

"ဘာများအလိုရှိပါသလဲခင်ဗျာ.."

ထိုအခါ ထိုသူက ကောင်တာ အနီးသို့သွားလိုက်ပြီး ကောင်တာရှေ့တွင် လက်တစ်ဖက်ကို တင်လိုက်ပြီး ပြောသည်။

"လူသွေးဝယ်ချင်လို့.."

အေးစက်စက် ခံစားချက်မပါသော အသံတစ်ခု ထိုသူထံမှ ထွက်လာသည်။

ထိုအခါ ဆိုင်ရှင်က တစ်ချက် မျက်နှာထားတစ်မျိုးဖြစ်သွားပြီးမှ ချက်ချင်းပင် ပုံမှန်အနေအထားကို ပြန်ပြင်လိုက််ကာပြောသည်။

"အဲ.. ကျွန်တော်က ရှေးဟောင်းပစ္စည်းဘဲရောင်းတာပါခင်ဗျာ.. လူသွေးရောင်းတဲ့နေရာ မဟုတ်ပါဘူး.. လူကြီးမင်း သွေးလိုတယ်ဆိုရင် ဆေးရုံကို တစ်ချက်လောက်သွားမေးကြည့်ပေါ့ဗျာ.."

ဆိုင်ရှင်ရဲ့ စကားကြောင့် ဦးထုပ်ကို ငိုက်ငိုက်ဆောင်းထားသော ထိုသူမှာ အေးစက်စက်အသံကိ မပြောင်းသေးဘဲ ပိုပြီး အေးစက်အက်ကွဲသော အသံဖြင့် ထပ်ပြောလိုက်သည်။

"အပိုတွေပြောမနေနဲ့ လယ်ရီ (Larry) ... နှစ်တွေ ဘယ်လောက်ကြာကြာ မင်းကို ငါမမှတ်မိတော့ဘူးလို့ ထင်မနေနဲ့.."

ထိုသူရဲ့ စကားကြောင့် ဆိုင်ပိုင်ရှင်လယ်ရီမှာ အံ့သြသွားပြီး မော့ကြည့်လေသည်။

"ခင်ဗျားက ဘယ်သူလဲ.."

ထိုသူက လယ်ရီရဲ့ အမေးကို စကားဖြင့် မဖြေ။ ဆောင်းလာသော လျှာထိုးဦးထုပ်ကို ဆွဲချွတ်ပြလိုက်လေသည်။ ထိုအခါ နီရဲနေသော မျက်လုံးများနှင့်အတူ ဂုတ်ထောက်လုနီးနီးရှည်သော လှိုင်းတွန့်ဆံပင်အညိုရောင်တွေ ပေါ်လာပြီး မေးရိုးကျဉ်းကျဉ်း မျက်နှာရှည်ရှည်နှင့် ထူထဲနက်မှောင်နေသော မျက်ခုံးမွှေးတို့ကို သေချာရှင်းလင်းစွာမြင်လိုက်ရတော့သည်။

မော့ကြည့်လာသောလယ်ရီရဲ့ မျက်လုံးများ လင်းကွင်းလိုပြူးကျယ်သွားကာ ပါးစပ်များပါ ပွင့်ဟလာသည်။ နှုတ်မှလည်း တုန်တုန်ယင်ယင်အသံထွက်လာသည်။

"မီးလျှံ... ခင်ဗျား.. ခင်ဗျား အခုထိအသက်ရှိနေသေးတယ်.. ခင်ဗျားကို မားကပ်စ်တို့ အသေသတ်ပစ်လိုက်ပြီထင်နေတာ.."

မီးလျှံက နှုတ်ခမ်းကို တွန့်ရုံမျှပြုံးလိုက်ပြီး မျက်လုံးအရောင် ပြန်ပြောင်းသွားကာ

"ငါ့ကို သူတို့ သတ်လို့မှမရတာ.. ရင်ဝမှာ သစ်သားငုတ်တိုင်စိုက်ပြီး အခေါင်းထဲထည့်ထားခဲ့တာ..ပြန်နိုးလာတာ ရှစ်နှစ်ရှိပြီ.."

မီးလျှံအဖြေစကားကြားတော့ လယ်ရီက ဝမ်းသာအားရဖြင့် ဆိုင်အတွင်းမှာ ချထားသော ဆိုဖာခုံတွေကို ညွှန်ပြကာ ထိုင်ဖို့ပြောသည်။ မီးလျှံထိုင်လိုက်တော့ လယ်ရီကလည်း မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ပြောသည်။

"ဒီမြို့မှာ ကျန်ခဲ့တဲ့ Vampire ဆိုလို့ ကျွန်တော် တစ်ယောက်ဘဲ ရှိတော့တယ်ထင်တာ .. ခင်ဗျားပါရှိနေတော့ အားရှိိသွားသလိုဘဲ.. ဒါနဲ့ ပြန်နိုးလာတာ ရှစ်နှစ်ရှိပြီဆိုပြီး ဘာကြောင့်ခင်ဗျားကို တစ်ခါမှ မတွေ့ရတာလဲ.."

"ငါ လူသွေးမသောက်ဘဲ တိရစ္ဆာန်သွေးတွေဘဲသောက်ပြီး ငါ့အိမ်မှာဘဲနေနေခဲ့တာ.. ဒါပေမယ့် ဒီအတိုင်းဆိုရင် ငါ အားအရမ်းနည်းလာပြီး အမဲလိုက်ဖို့တောင် ခွန်အားမရှိတော့တဲ့ အခြေအနေရောက်နေလို့.. လူသွေးပုံမှန်သောက်ဖို့လိုလာတယ်.."

မီးလျှံထိုသို့ပြောလိုက်ပြီး စကားကို ခဏရပ်သည်။

"ဒါကြောင့် မင်းကိုလာရှာခဲ့တာ လယ်ရီ.. မင်းအရင်တုန်းကဆိုရင် ငါတို့ သွေးလိုလာပြီဆိုရင် လူသတ်စရာမလိုဘဲ သွေးရှာပေးတတ်တယ်လေ.. အခုလည်း မင်းငါ့အတွက်ရှာပေးနိုင်မလားလို့..."

မီးလျှံ ပြောတော့ လယ်ရီတစ်ချက်သက်ပြင်းချသည်။

"အခုခေတ်က သွေးရှာရတာခက်သွားပြီ မီးလျှံ.. ကျွန်တော်တောင် ကိုယ့်အတွက်ကိုယ်ရှာဖို့ခက်ခဲသွားပြီ... ဒါပေမယ့်.. ကျွန်တော် အခု သွေးအိတ်တွေ ဝယ်ဝယ်နေတဲ့ လူတစ်ယောက်တော့ရှိတယ်.. သူက မှောင်ခိုသဘောမျိုးရောင်းတာပေါ့.. ခင်ဗျားဝယ်ချင်တယ်ဆို ကျွန်တော်သူနဲ့ဆက်သွယ်ပေးမယ်.."

"ဆက်သွယ်ပေးကွာ.. ငါဘယ်လောက် အဖိုးအခပေးရပေးရပါ.."

မီးလျှံတို့အိမ်ကြီးရဲ့ မြေအောက်ခန်းထဲမှာ သိမ်းထားတဲ့ ပန်းချီကားတွေနဲ့ တခြားရှေးဟောင်းပစ္စည်းတွေက တစ်ခုထုတ်ရောင်းလိုက်တာနှင့် တစ်နှစ်လောက် အေးဆေးနေလို့ရတဲ့ ပမာဏအထိ တန််ဖိုးကြီးလွန်းနေတာကြောင့် မီးလျှံထိုသို့ပြောခြင်းဖြစ်သည်။

မီးလျှံအကူအညီတောင်းလေတော့ လယ်ရီကလည်း ခေါင်းငြိမ့်ပြသည်။

ထို့နောက် ဆိုင်နောက်ဖက်က အခန်းဆီကို ဝင်သွားပြီး ပြန်ထွက်လာတော့ ကတ်လေးတစ်ကတ်ပါလာသည်။

အနက်ရောင် ကတ်လေးတစ်ကတ််။ Black ဆိုသော စာလုံးမှလွဲပြီး ဘာမှရေးမထား။

"ဒီ Black ဆိုတဲ့ လူက ရောင်းတာ ...ဖုန်းနဲ့ဆက်သွယ်ပြီး ဝယ်လို့မရဘူး.. သူရှိတဲ့နေရာကိုကိုယ်တိုင်သွားဝယ်မှရတာ.."

မီးလျှံ လယ်ရီပေးသော ကတ်လေးကို ယူကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။

"သူကဘယ်မှာရှိိတာလဲ.."

"သူက Avalon City မှာရှိတာ.. အဲ့ဒီက မိဘမဲ့ဂေဟာတစ်ခုမှာရှှိတဲ့ ဘုရားကျောင််းတစ်ခုမှာ အမြဲချိန်းတယ်.. ခင်ဗျား အဲ့ဒီကိုသွားတွေ့ရင် တွေ့ကြည့်ပေါ့.. ကားနဲ့သွားမှအဆင်ပြေမယ်.. ခင်ဗျား ကားမောင်းလို့ရတယ်မလား.."

လယ်ရီရဲ့ အမေးကို မီးလျှံက ခပ််ဟဟရယ်ကာ ပြန်ဖြေသည်။

"ရတာပေ့ါ.. အခုခေတ်ကို အမှီလိုက်ဖို့က အရမ်းကိုလွယ်တာပါ.. ငါလည်း အခုခေတ်မှီတဲ့လူသားတစ်ယောက်ဖြစ်နေပါပြီ.."

အသက်ငါးရာကျော််နေသော Vampire တစ်ယောက်နဲ့ လုံးဝမတူဘဲ ၂၁ ရာစုလူသားတစ်ယောက်လို ပုံစံနှင့် မီးလျှံကိုကြည့်ပြီး လယ်ရီ သဘောတကျ ရယ်မောလိုက်သည်။

"ယုံပါတယ်ဗျာ.. ဒါဖြင့် ခင်ဗျား Avalon City ကိုသွားပြီး Black ကိုဆက်သွယ်လိုက်ပေါ့.. ကျွန်တော်လည်းပြောထားပေးပါ့မယ်.."

မီးလျှံခေါင်းငြိမ့်ပြလိုက်ရင်း လက်ထဲက ကိုင်ထားမိသော ကတ်လေးကို လက်ဖြင့် လှည့်ကာ ကစားနေလိုက်ရင်း နှုတ်မှလည်း မရပ်မနား ရေရွတ်နေလေတော့သည်။

"Avalon City... Avalon City..."

***********************************************************************************

************

Zawgyi

*************

Star Begin To Shine Part (1)

ရိႈင္း စက္ဘီးအနီေလးကို အျမန္နင္းကာ စပ်စ္စိုက္ခင္းေတြ အဆံုးနားက ဆိုဖီနွင့္ ဒန္နီတို႕ အိမ္ကို သြားေလသည္။

ေႏြဦးရာသီျဖစ္တာေျကာင့္ ေနေရာင္ျခည္နွင့္အတူ တစ္ဖက္တစ္ခ်က္တြင္ ျမင္ေနရေသာ စပ်စ္စိုက္ခင္းေတြက အရမ္းကို လွပေနေတာ့တာ။

မနက္ခင္းရဲ႕ လတ္ဆတ္ေသာေလကို တ၀ျကီးရွဴရွိဳက္လိုက္ရင္း စက္ဘီးကို အျမန္နင္းလာမိသည္။

ဆိုဖီနွင့္ဒန္နီတို႕ အိမ္၀ေရာက္ေတာ့ ျခံ၀တြင္ ရပ္ေစာင့္ေနျကေလသည္။

ရိႈင္းက စက္ဘီးကို အျမန္နင္းလာရာမွ အမႊာနွစ္ေယာက္ေရွ႕တြင္ရပ္လိုက္ျပီး စက္ဘီးေပၚကဆင္းလိုက္ကာ ေဒါက္ေထာက္ရပ္လိုက္ျပီး သူငယ္ခ်င္းနွစ္ေယာက္ကို သြားျဖဲျပလိုက္ရသည္။

ရိႈင္းကိုျမင္တာနွင့္ ဒန္နီက လက္သီးခ်င္းတိုက္ကာ ႏႈတ္ဆက္ေသာ္လည္း ဆိုဖီကေတာ့ မ်က္ေထာင့္နီျကီးျဖင့္ျကည့္ကာ ပြစိပြစိလုပ္ျခင္းလုပ္ငန္းကို စတင္ေလျပီ။

"နင္ အခုဘယ္အခ်ိန္ရွိေနျပီလဲဆိုတာ သိလား .. ငါတို႕နွစ္ေယာက္ နင့္ကိုေစာင့္ေနရတာနဲ႔ေနာက္က်ေနျပီ. ဒီေန႕ေနာက္က်လို႕မရဘူးဆိုတာ သိရဲ႕သားနဲ႕"

"ေအးပါဟ.. ငါလည္းအခုအျမန္နင္းလာတာဘဲ.. ေမေမ့ဆီမွာ ခဏအိပ္ေပ်ာ္သြားလို႔.."

"နင္ကေလ ေတြ႔ရာေနရာမွာအိပ္တတ္တဲ့အက်င့္နဲ႕ တစ္ေနေန႕ ဒုကၡေရာက္မွာဘဲ.."

ဆုိဖီ့စကားကို ဒန္နီက ျကားျဖတ္၀င္ေျပာသည္။

"ေတာ္ပါေတာ့ ဘဲႏႈတ္သီးမရယ္.. နင္ပြမ္ေနတာနဲ႕ ေနာက္က်ေတာ့မယ္.. ေဟ့ေကာင္ ရိႈင္း.. ေရာ့.."

ဒန္နီက သူ႕လက္ထဲက Skate Board ေလးကို ရိႈင္းကို ပစ္ေပးလိုက္သည္။ ရိႈင္းက Skate Board ကိုလွမ္းယူလိုက္ျပီး ေျမျကီးေပၚကိုခ်လိုက္္သည္။ ျပီးေတာ့ ေက်ာပိုးအိတ္ထဲက လွ်ာထိုးဦးထုပ္ေလးကို ထုတ္ကာေဆာင္းလိုက္ျပီး အေပၚက Hoodie ကိုပါ ထပ္ေဆာင္္းလိုက္သည္။ ရိႈင္း ပံုစံကိုျကည့္ျပီးေတာ့ ဆိုဖီက ထံုးစံအတိုင္းပြစိပြစိလုပ္ကာ ဆရာျကီးလုပ္ျပန္ေလျပီ..။

"လုပ္ျပန္ျပီဒီသူခိုးဒီဇိုင္းကို နင့္ဆံပင္ေလးေတြ ဒီေလာက္လွတာ ဖံုးမထားစမ္းပါနဲ႕လား... ျပီးေတာ့ နင့္ပံုစံေသးေသးေကြးေကြးနဲ႕ ဒီလိုျကီး ဖုံးထားလိုက္ေတာ့ လံုး၀ကို သူခုိးနဲ႔တူသြားေရာ.."

ရိႈင္း ဘာမွျပန္ေျဖ။ ျပံဳးရံုသာ ျပံဳးေနမိသည္။ လူျကားထဲတြင္္ အရမ္းျကီးကို Stand Out ျဖစ္ေနတဲ့ဒီဆံပင္ေငြေရာင္ေတြကို ရိႈင္းအရမ္းကို မုန္းပါသည္။ ျပီးေတာ့ ရိႈင္း မလိုခ်င္္ခဲ့တဲ့ ရိႈင္း ရဲ႕ ျဖစ္တည္မႈ ကို သိသာေစေသာ အရာကလည္း ဒီဆံပင္အေရာင္ေတြဘဲျဖစ္သည္။ အေရာင္ဆိုးဖို႕ဘယ္လိုဘဲျကိုးစား ျကိဳးစား မေအာင္ျမင္ခဲ့သျဖင့္သာ ဒီအတိုင္းထားထားရတာျဖစ္သည္။

ဆိုဖီရဲ႕ စကားကို ဒန္နီကလည္း ေခါင္းျငိမ့္ေထာက္ခံသည္။ ရိႈင္းရဲ႕ Hoodie ကိုေခါင္းကေနဆြဲခၽြတ္လိုက္ကာ ေျပာသည္။

"ဟုတ္တယ္ကြ.. ဘဲႏႈတ္သီးမေျပာတာမွန္တယ္.. မင္းက ေခ်ာျပီးသားဘဲကြ.. Style က်က်ေနရင္ အနားမွာ ၀ိုင္းေနျကမွာကို.."

"ငါ့ကို ဘဲႏႈတ္သီးမလို႔ မေခၚပါနဲ႕လို႕  ဘယ္နွစ္ခါေျပာရမလဲ.."

ဆိုဖီက အျမဲတမ္းႏႈတ္ခမ္းတစ္လံ ပန္းတစ္လံျဖင့္ ဆူေထာ္ျပီး ဆရာျကီးလုပ္တတ္သျဖင့္ ဒန္နီက ေနာက္ေျပာင္ျပီးေခၚျခင္းျဖစ္သည္။ ဆိုဖီက ထိုနာမည္ေျပာင္ကို အရမ္းမုန္းျပီး ရိႈင္းနွင့္ ဒန္နီတို႕ေခၚလိုက္တိုင္း ေဒါသထြက္တတ္ပါသည္။

စကားစက အခုထိ မျပတ္ေသး ေက်ာင္းေနာက္က်ေတာ့မည္ျဖစ္သည္မို႕ ရိႈင္းကပင္ ၀င္တားလိုက္ရေလျပီ။

"ေတာ္ျကေတာ့ နွစ္ေယာက္လံုး..သြားမယ္.."

ရိႈင္းက ေလာေဆာ္လိုက္ျပီး Hoodie ကိုျပန္ေဆာင္းလိုက္သည္။

ဆိုဖီက စက္ဘီးတစ္စီး နွင့္သြားမည္ျဖစ္ျပီး ဒန္နီက ရိႈင္းရဲ႕ စက္ဘီးကို စီးမည္ျဖစ္ကာ ရိႈင္းကေတာ့ ဒန္နီရဲ႕ Skate Board နွင့္ေက်ာင္းကို အတူတူသြားျကမည္ျဖစ္သည္။ ရိႈင္း Skate စီးရတာ သေဘာက်ေသာ္လည္း Skate Board ထက္ စက္ဘီးကို ပိုျပီးလိုအပ္ေနေသာေျကာင့္ စက္ဘီးကို၀ယ္လိုက္ရျခင္းျဖစ္သည္။

ဒီလိုနဲ႕ သံုးေယာက္သား စကားတစ္ေျပာေျပာ၊ ျငင္းျကခုန္ျကရင္း ေက်ာင္းကိုထြက္လာခဲ့ေလသည္။

Avalon High ဆိုေသာ ဆိုင္းဘုတ္အျကီးျကီး စိုက္ထူထားေသာ အေဆာင္အအံုအျကီးျကီးတစ္ခုေရွ႕ကိုေရာက္ေတာ့ ေက်ာင္းတက္ခ်ိန္နီးျပီျဖစ္တဲ့အတြက္ ေက်ာင္းသားေက်ာင္းသူေတြ အမ်ားျကီးရွဳပ္ယွက္ခတ္ေနျကျပီျဖစ္ေလသည္။

ရိႈင္းက Skate Board ေလးကို ရပ္လိုက္ျပီး ေကာက္ယူလိုက္ကာ ေက်ာင္းထဲကို ၀င္မည့္ဟန္ျပင္လိုက္သည္။

ထိုစဥ္ နားယဥ္ေနျပီျဖစ္ေသာ ေလခၽြန္သံတစ္ခုကိုျကားလိုက္ရေလသည္။ ထိုအသံကိုျကားလိုက္တာနွင့္ ရိႈင္းရဲ႕ေခါင္းေလးက ခ်ာခနဲပင္ ေလခၽြန္သံလာရာဘက္ကုိ လွည့္ျကည့္လိုက္သည္။

ေက်ာင္းသားေတြအတြက္ထားေသာ Car Parking ေနရာတြင္ ဆိုင္ကယ္ကိုမွီကာ ရပ္ေနေသာ လူတစ္ေယာက္။  ရိႈင္းကို လက္လွမ္းျပသည္။

ရိႈင္းကလည္း ထိုသူကို ျမင္လိုက္ေတာ့ ခုန္ေပါက္ကာ လက္ျပန္ျပလိုက္ျပီး အနားက အမႊာနွစ္ေယာက္ကို လွမ္းေျပာသည္။

"မင္းတို႕၀င္နွင့္ျက.. ဟိုမွာ ပါပါးေရာက္ေနလို႕.."

ရိႈင္းေျပာလိုက္ေတာ့ ဆိုဖီနွင့္ ဒန္နီကလည္း ျသဂတ္္စ္ရပ္ေနရာ ဘက္ကို လက္လွမ္းျပသည္။ ျသဂတ္စ္က လည္း ေခါင္းျငိမ့္ျပတာကို ျမင္လိုက္ရသည္။

"ဒါဆို ငါတို႕သြားေတာ့မယ္.. အရမ္းေနာက္မက်ေစနဲ႕.."

ရိႈင္း ေခါင္းျငိမ့္ျပလိုက္ျပီး ျသဂတ္စ္ရွိေနရာ ဘက္ကို ေျပးထြက္လာခဲ့သည္။ ျသဂတ္စ္ကေတာ့ ရိႈင္းသူ႕ဆီေျပးလာတာကို ျပံဳးျပီးျကည့္ေနေလသည္။ ရိႈင္း ျသဂတ္စ္အနားကိုေရာက္ေတာ့ ပါးခ်ိဳင့္ေလးေတြ ခြက္၀င္သြားေအာင္ျပင္ ျပံဳးလိုက္ျပီး ျသဂတ္စ္ကိုေျပးဖက္ေလသည္။ ျပီးေတာ့မွ ျသဂတ္စ္ကို ေမာ့ျကည့္ကာ ေမးသည္။

"ကၽြန္ေတာ့္ဆီ တမင္လာတာလား.. လမ္းျကံဳ၀င္တာလား"

"စပ်စ္၀ိုင္လာ၀ယ္ရင္း လမ္းျကံဳ၀င္ကာ.. မင္း လိမၼာရဲ႕လား လာျကည့္တာ"

ျသဂတ္စ္ အေျဖစကားေျကာင့္ ရိႈင္း မေက်နပ္ဟန္ ႏႈတ္ခမ္းဆူသြာသည္။

"အျမဲဲတမ္း လမ္းျကံုမွ လာတယ္.. သီးသန္႔လာတယ္ဆိုတာ ရွိကိုမရွိဘူး..."

ထိသို႔ ပြစိပြစိေရရြတ္ျပီးမွ ျသဂတ္စ္ရဲ႕လက္ေမာင္းကို ကိုင္လႈပ္ကာ ထပ္ေျပာသည္။

"ကၽြန္ေတာ္ က ေစာင့္ေနတာ .. ေျပာစရာရွိလို႔.."

ကိုင္လႈပ္ျပီးေျပာေလေတာ့ ျသဂတ္စ္က ဟက္ခနဲတစ္ခ်က္ရယ္လိုက္ျပီး

"ဘာေျပာမလို႔လဲ.. ေက်ာင္းေျပးလို႕ မိဘေခၚခိုင္းျပန္ျပီလား.."

ျသဂတ္စ္ေျပာေလေတာ့ ရိႈင္းက မ်က္ေမွာင္ေလးကုတ္လ်က္ ကိုင္ဆြဲထားေသာ ျသဂတ္္စ္လက္ေမာင္းကို ေဆာင့္ခ်လိုက္ျပီး ျငင္းဆန္သည္။

"မဟုတ္ပါဘူး.. ပါပါးကလည္း ဘယ္လိုျဖစ္လို႕ အဲ့လိုျကီးဘဲ ထင္ေနရတာလည္း.."

(Author's Note – Some children call Papa to their godfather)

"မသိဘူးေလ.. မင္းမွာ ေျပာစရာရွိလာျပီဆိုရင္ ေက်ာင္းေျပးတာမိသြားလို႔ မိဘေခၚခိုင္းလို႕ခ်ည္းဘဲ .. ငါလိုက္လိုက္ျပီးေတြ႔ေနရတာ ဘယ္နွစ္ေခါက္လဲ.. အဲ့ဒီေတာ့ ငါလည္း အဲ့ဒီလိုဘဲထင္တာေပါ့ကြ.."

"အခုက အဲ့ဒါမဟုတ္ဘူး.."

"ဒါျဖင့္ဘာလဲ.."

"ကၽြန္ေတာ္ အခု အလုပ္ရျပီလို႕.. ျမိဳ ့ထဲက Bar မွာ Bartender ( ဘားေကာင္တာမွာ အရက္စပ္ေပးတဲ့လူ)  လုပ္ရမွာ..ျပီးေတာ့ ေနစရာအခန္းလည္းေပးတယ္ "

"ဟုတ္လား.. ေကာင္းတာေပါ့ကြ.."

ျသဂတ္စ္ ဆီက ေကာင္းတယ္ဆိုေသာ စကားျကားလိုက္ရျပီး ရိႈင္းမ်က္နွာေလး ဆူပုုတ္ေနရာမွ ေက်နပ္ဟန္ ျပံဳးစိစိေလးျပန္ျဖစ္သြားသည္။

ထိုစဥ္ ေက်ာင္းက Bell တီးသံ က်ယ္ေလာင္စြာ ထြက္ေပၚလာေလေတာ့အခါ ျသဂတ္စ္က ေျပာသည္။

"ေက်ာင္းထဲ၀င္ေတာ့ ငါလည္းသြားေတာ့မယ္"

ျသဂတ္စ္ ေျပာလိုက္ေတာ့ ရိႈင္း မ်က္လံုးေလးျပဴးသြားသည္။

"ဟင္.. သြားေတာ့မလို႔လား.. ခ်က္ခ်င္းျကီး..ကၽြန္ေတာ္ေျပာင္းတဲ့အခန္းကို လိုက္မျကည့္ေတာ့ဘူးလား."

"အခ်ိန္မရဘူး.. မင္းကို မေတြ႔ရတာျကာလို႔ အဆင္ေျပရဲ႕လား လာျကည့္တာ.. သြားရေတာ့မွာ.."

"ငယ္ငယ္တုန္းကဆိုရင္ ကၽြန္ေတာ့္ဆီလာရင္ တစ္ရက္နွစ္ရက္ေနျပီးမွျပန္တယ္.. အခုက်ေတာ့ ဆယ္မိနစ္ေတာင္ မျကာဘူး ခ်က္ခ်င္းျပန္တယ္"

ရိႈင္းက စိတ္မေကာင္းဟန္ေျပာေလေတာ့ ျသဂတ္ တစ္ခ်က္ျပံဳးျပလိုက္ရသည္။

"မင္းက ကေလးမဟုတ္ေတာ့ဘူးေလရိႈင္းရာ.. ကိုယ့္ဘာသာကိုယ္ ေစာင့္ေရွာက္ႏိုင္တဲ့အရြယ္ေရာက္ေနျပီဘဲကို.."

"ဒါေပမယ့္လည္း ေမေမဆံုးျပီးကတည္းက ကၽြန္ေတာ္မွာ သိတဲ့လူဆိုလို႔ ပါပါးတစ္ေယာက္ဘဲ က်န္ေတာ့တာေလဗ်ာ.. ေမေမ့သူငယ္ခ်င္းမို႔လို႕ ေမေမအကူအညီေတာင္းလို႔ ကၽြန္ေတာ့္ကို ဒီအရြယ္ထိ ျကည့္ရွဴ႕ေပးခဲ့တာဆိုေပမယ့္လည္း.. ကၽြန္ေတာ့ရဲ႕ ေဆြမ်ိဳးတစ္ေယာက္ Godfather တစ္ေယာက္လိုမ်ိဳး သေဘာထားခဲ့တာပါဗ်ာ.."

ရိႈင္းစကားေျကာင့္ ျသဂတ္စ္ သက္ျပင္းေမာကို ျကိတ္ခ်ရသည္။

"ကဲ.. ကဲ.. သြားေတာ့ေနာက္ေန႕ေတြ အခ်ိန္ရရင္ မင္းဆိုင္ကို လာျကည့္မယ္..ေက်နပ္ျပီလား..အခုလည္းေနာက္တစ္ေခါက္လာရင္ စက္ဘီးအသစ္တစ္စီး၀ယ္လာခဲ့မယ္.. "

ျသဂတ္စ္ တစ္ထစ္ေလွ်ာ႔ကာ အေလွ်ာ႔ေပးလိုက္ေတာ့မွ ရိႈင္းမ်က္နွာေလး ျပံဳးသြားသည္။ ဒုတိယ အျကိမ္ေျမာက္ ျသဂတ္စ္လည္ပင္းကို လာဖက္ျပန္ေလသည္။

"ဒါေျကာင့္ပါပါးျသဂတ္စ္ကို ခ်စ္တာ..."

ဒိန္းခနဲ ထြက္လာေသာ ရင္ဘတ္ထဲမွ သံစံုတီး၀ိုင္းနွင့္အတူ ျသဂတ္စ္ တစ္ကိုယ္လံုးတုန္ယင္သြားသျဖင့္ ငယ္ငယ္တုန္းကလို ျပန္ေတာင္ မဖက္မိဘဲ ေက်ာက္ရုပ္တစ္ရုပ္လို ေတာင့္ေတာင့္ျကီး ရပ္ေနမိသည္။

"ရိႈင္းရယ္.. မင္းက ဆယ္နွစ္အရြယ္ ကေလးေလးတစ္ေယာက္မဟုတ္ေတာ့ဘူးေလကြာ..."

ျသဂတ္စ္ စိတ္ထဲကေနသာ ေျပာေနမိသည္။ တကယ့္တကယ္တမ္းျကေတာ့ ဘာသံမွထြက္မလာ။ သူဖက္ထားတဲ့ စကၠန္႔ပိုင္းအခ်ိန္ေလးမွာ ျသဂတ္စ္ အသက္ေတာင္ရဲရဲ မရွဴရဲ။

သိသိသာသာကို အေရာင္ဆိုးခဲ့မိျပီျဖစ္ေသာ ရိႈင္းအတြက္ျဖစ္တည္လာခဲ့တဲ့ ျသဂတ္စ္ရဲ႕ စိတ္တို႕ ဖြင့္ခ်ျပလိုက္ခ်င္ေသာ္လည္း ကိုယ့္၀မ္းနာ ကိုယ္သာသိ မျဖစ္သင့္ေသးဘူးဆိုတာ ကိုယ္သာလွ်င္ အသိဆံုးျဖစ္တာေျကာင့္။

ရိႈင္းကေတာ့ ဘာဆိုဘာမွမသိ။ ျဖဴစင္စြာျပံဳးျပရင္း ျသဂတ္စ္ကို လက္ျပရင္းပင္ ေက်ာင္းထဲကို ၀င္သြားေလျပီျဖစ္သည္။

ရိႈင္းရဲ႕ ပံုရိပ္ေလး မ်က္စိေရွ႕ကေန တေရြ႕ေရြ႕ ေပ်ာက္ကြယ္သြားသည္အထိ တေမ့တေမာျကည့္ေနျပီးေတာ့မွ ျသဂတ္စ္ သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ မလွမ္းမကမ္းတြင္ ျသဂတ္စ္တို႕ကို ေစာင့္ျကည့္ေနေသာ လူတစ္ေယာက္ကို ေခါင္းျငိမ့္အခ်က္ျပလိုက္ေတာ့ ထိုသူက ျသဂတ္စ္အနားေရာက္လာသည္။

ျသဂတ္စ္ကို တစ္ခ်က္ ဦးညႊတ္ႏႈတ္ဆက္တာကို ေခါင္းျငိမ့္ျပလိုက္ျပီးေနာက္ ထိုသူကိုေမးလုိက္သည္။

"ဘယ္လိုလဲ.. ညဘက္ဆိုုရင္ အလင္းေရာင္ေတြ ေတာက္ေနေသးလား.."

"အရင္တုန္းကေလာက္ မေတာက္ေတာ့ဘူး.. ကေလးကလည္း သူ႕ဘာသာသူ Control လုပ္တတ္ေနျပီဆိုုေတာ့..တစ္ခါတစ္ေလပါဘဲ.. ျဖစ္ရင္လည္း ခဏဘဲ ခ်က္ခ်င္းျပန္ေပ်ာက္သြားတယ္..."

"စုန္းကေ၀ေတြေရာ.. ေတြ႔မိေသးလား.."

"တစ္ခါတစ္ခါေတာ့ တစ္ေယာက္စနွစ္ေယာက္စ လာလာျကည့္ေပမယ့္ ကေလးကို သူ႕မွာရွိတဲ့ ေငြဆြဲသီးေျကာင့္ လံုး၀သတိမထားမိျကပါဘူး.. ကၽြန္ေတာ္လည္း ေသခ်ာေစာင့္ျကည့္ေနတာပါ .."

ထိုအခါ ျသဂတ္စ္မ်က္နွာက စိတ္ေအးဟန္ေပါက္သြားျပီးေတာ့ ထိုသူရဲ႕ ပုခံုးကို ဖြဖြဆုပ္ကိုင္လိုက္ျပီးေျပာသည္။

" ငါကလည္း ေဖေဖ့ကိုယ္စားအလုပ္ေတြမ်ားေနတယ္.. ဒီကို ခဏခဏလာႏိုင္မွာ မဟုတ္ဘူး.. အခုရိႈႈင္းကလည္း ဘားမွာ အလုပ္လုပ္ေနျပီဆိုရင္ အိမ္ျပန္အရမ္းေနာက္က်လိမ့္မယ္ထင္တယ္.. ျျပီးေတာ့ အခု အလုပ္ကေပးထားတဲ့အိမ္ကိိုေျပာင္းေနေနတာဆိုေတာ့ ပိုသတိထားရမယ္.. တစ္ခုခုျဖစ္ရင္ငါ့ကိုခ်က္ခ်င္းအေျကာင္းျကားေပးကြာ.. ရိႈင္းကိုေတာ့ လံုး၀မ်က္စိေအာက္က အေပ်ာက္မခံပါနဲ႕.. ေသခ်ာဂရုစိုက္ေပးပါ.."

ထိုအခါ ထိုသူက ေလးေလးနက္နက္ေခါင္းျငိမ့္ျပလိုက္ျပီးေျပာသည္။

"စိတ္ခ်ပါ အစ္ကိုေလး.. ကၽြန္ေတာ္လည္း ကေလးကို သံေယာဇဥ္ျဖစ္ေနတာပါ.. ကိုယ့္သားေလးလိုပါဘဲ.. ေသခ်ာေစာင့္ျကည့္ထားပါမယ့္..."

"ဒါဆိုရင္..စိတ္ခ်ပါျပီ...."

"ဟုတ္ကဲ့ပါ... ဒါဆိုကၽြန္ေတာ့ကိုသြားခြင့္ျပဳပါဦး.."

ျသဂတ္စ္ ေခါင္းျငိမ့္ျပလိုက္ေတာ့ ထိုသူက ေက်ာင္းနဲ႕ နီးရာဘက္ကုိ ျပန္ထြက္သြားေလသည္။

ျသဂတ္စ္ ဒုတိယအျကိမ္သက္ျပင္းထပ္ခ်လိုက္မိသည္။ ရွစ္နွစ္ေက်ာ္ျကာသည္အထိ ရိႈင္းကို ဘယ္သူမွအာရံုမခံမိျကေသးေသာ္လည္း ျသဂတ္စ္အေနနဲ႕ကေတာ့ အခ်ိန္ေတြျကာလာေလ ပိုပုိျပီး ရိႈင္းအတြက္စိုးရိမ္လာေလျဖစ္ေနသည္။

ၾကယ္ကေလးရဲ႕ ႏွလံုးသား တစ္စံုတစ္ဦးအတြက္ အေရာင္လင္းလက္လာရေတာ့မည့္ အခ်ိန္ကို အရြယ္ေရာက္လာၿပီမဟုတ္ပါလား။

ငယ္စဥ္ကတည္းက အရိပ္တျကည့္ျကည့္နဲ႕ ေစာင့္ျကည့္လာရတဲ့ ျကယ္ကေလး..၊ မသမာသူေတြ လက္ထဲပါသြားမွာလည္းစိုး၊ သက္ဆိုင္သူ႕ရဲ႕ လက္ထဲကို ေရာက္သြားမွာလည္း မလိုလား..ကိုယ္တိုင္လည္း မခူးဆြတ္ရက္တဲ့ အေျခအေနမ်ိဳး...........။

မပိုင္ဆိုင္ရဘူးဆိုတာကို သိေနတာေတာင္ ေလာဘျကီးေနမိတာ..။ ကိုယ့္အတြက္ မဟုတ္ဘူးဆိုတာ သိေနတာေတာင္ တန္ဖိုးထားေနမိတာ။

*****************************************************************************

ေန႔လည္စာစားခ်ိန္ ေက်ာင္းတြင္ ရိႈင္းနွင့္ အမႊာနွစ္ေယာက္တို႕ ေက်ာင္းက Cafeteria တြင္ ေန႔လည္စာ ထိုင္စားေနျကသည္။

ရိႈင္းကေတာ့ စကားနည္းသူ ပီပီ နားျကပ္ကို နားမွာတပ္ကာ သီခ်င္းနားေထာင္ရင္း ထမင္းကို ေအးေအးေဆးေဆးငံု႕စားေနေသာ္လည္း ဒန္နီကေတာ့ ေက်ာင္းက ေကာင္မေလးလွလွေလးေတြကို လိုက္ငမ္းေနတာေျကာင့္ အစားထဲစိတ္မေရာက္။

ဟိုေကာင္မေလးကေခ်ာတယ္.. ဒီေကာင္မေလးကလွတယ္ျဖင့္ လိုက္ေျပာေနေလေတာ့သည္။

မိန္းကေလးျဖစ္ေသာ ဆိုဖီကေတာ့ ဒန္နီလိုက္ငမ္းေနတာကို မဲ့ရြဲ႕ကာ လိုက္ျကည့္ေနေလေတာ့သည္။

ဒန္နီက တစ္ေယာက္တည္း ငမ္းရတာ အားမရေတာ့ဘူးထင္သည္။ ေခါင္းငံု႕ထမင္းစားေနေသာ ရိႈင္းရဲ႕ ေခါင္းကို တစ္ခ်က္ လွမ္းပုတ္သည္။ ရိႈင္းက နားျကပ္ကိုခၽြတ္လိုက္ကာ ဘာလဲဆိုေသာ သေဘာျဖင့္ ေမးဆတ္ျပေတာ့ ဒန္နီက

"ထမင္းျကီးဘဲ စားမေနနဲ႕ နည္းနည္းပါးပါးျကည့္ပါဦးကြ.. ပတ္၀န္းက်င္မွာ အေခ်ာ အလွေလးေတြ ဒီေလာက္ေပါေနတဲ့ဟာကို ဟိုမွာေတြ႕လား ဟိုဘက္စားပြဲက Freshman ေလးေတြ မင္းကို ျကည့္ေနျကတယ္.."

ရိႈင္းကေတာ့ ဒန္နီညႊန္ျပတာကို နည္းနည္းေလးေတာင္ စိတ္၀င္စားဟန္မျပ။ ေခါင္းကိုသာ တစ္ခ်က္ရမ္းလိုက္ျပီး ေျပာသည္။

"စိတ္မ၀င္စားဘူးကြာ.. ငါ့ဘာသာငါ တစ္ေယာက္တည္း ေအးေအးေဆးေဆးေနပါရေစ.."

ရိႈင္းက ထမင္းစားလို႕ျပီးသြားျပီျဖစ္သျဖင့္ စားျပီးသားေဖာ့ဘူးေတြကို စားပြဲေဘးက အမိႈက္ပံုးထဲ ထည့္လိုက္ရင္းက ေျပာသည္။

ရိႈင္းစကားဆံုးေတာ့ ဆိုဖီက ဒန္နီေခါင္းကို ေဒါင္ခနဲထုလိုက္ျပီးေျပာသည္။

"နင္ကေလ ေပါင္းလာတာ ဒီေလာက္နွစ္ေတြျကာေနျပီ.. ရိႈင္းအေျကာင္း မသိေသးဘူးလား.."

"ဘာအေျကာင္းလဲ ..အဲ့ဒိေကာင္ အေျကာင္း ငါတို႕မသိတာေတြ အရမ္းကိုမ်ားလြန္းေနလို႔.. လွ်ိဳဳ႕၀ွက္လြန္းသူ အေမာင္ရိႈင္းေလ.. ( Mysterious Mr.Shine)"

ဒန္နီရဲ႕ ေျကာင္ေတာင္ေတာင္ အေျပာေျကာင့္ ဒန္နီရဲ႕ေခါင္းကိုဆိုဖီက ေနာက္တစ္ေခါက္ထပ္ေခါက္ျပန္ေလသည္။

"ဟ.. နာတယ္ဟ.. ဗလိုင္းျကီးလာရိုက္မေနနဲ႕ ေျပာစရာရွိတာေျပာ.."

ရိႈင္းကေတာ့ ဘာမွျပန္မေျပာ။ ေက်ာပိုးအိတ္ထဲက Drawing Book ကိုထုတ္လိုက္ျပီး ခဲတံျဖင့္ ပံုဆြဲရင္း ျပံဳးစိစိျဖင့္သာ နားေထာင္ေနေလသည္။ 

ဆိုဖီက လက္နွစ္ဖက္ကို ဟန္ပါပါပိုက္လိုက္ျပီး ဆရာမျကီးပံုစံျဖင့္ေျပာသည္။

"ေလာကမွာ ရိႈင္း စိတ္၀င္စားတာ နွစ္ခုဘဲရွိိတယ္.. ပန္းခ်ီဆြဲတာရယ္.. ေနာက္တစ္ခုက သူ႕ကို ေတာထဲကေနကယ္ခဲ့တဲ့ လူျကီးကို လိုက္ရွာတာရယ္..ဒါပဲ.. ......"

ရိႈင္းက သူငယ္ခ်င္းနွစ္ေယာက္ကို နားလည္ရခက္ေစမည့္ အေျကာင္းေတြကို ထိန္ခ်န္ကာ တခ်ိဳ႕အေျကာင္းေတြကိုေတာ့ ေျပာျပထားတာေျကာင့္ သိသင့္သေလာက္ေတာ့ သိေနျကတာျဖစ္သည္။

ဆိုဖီ့စကားဆံုးေတာ့ ဒန္နီက လက္ခုပ္တီး ေခါင္းကိုပါ အျကိမ္ျကိမ္ျငိမ့္ျပျပီးအားရပါးရေထာက္ခံသည္။

"ဟုတ္တယ္..ဟုတ္တယ္..ဒါေတာ့ ငါလည္း ေထာက္ခံတယ္.. အားအားရွိ အဲ့ဒီလူျကီးအေျကာင္းေတြ စံုစမ္းလိုက္ ေက်ာင္းေျပးျပီး ပန္းခ်ီဆြဲလိုက္နဲ႕.. ဆြဲတာေတာင္ သူဆြဲတဲ့ပံု တစ္၀က္ေက်ာ္ေက်ာ္ေလာက္က အဲ့ဒီလူျကီးပံုေတြဘဲ.."

ဆိတ္ဆိတ္ေန ၀န္ခံဆိုေသာ သေဘာအရ ရိႈင္းဆီမွ အသံလံုး၀ထြက္မလာ။ ျပံဳးစိစိမ်က္နွာေပးေလးကေန ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ရယ္လိုက္ျပီး ပံုကိုသာဆက္ဆြဲေနသည္။

"ဟဲ့ ရိႈင္း.. ျပံဳးစိစိလုပ္မေနနဲ႕.. အခုထိ နင့္ကိုကယ္ခဲ့တဲ့ လူျကီးဘယ္မွာရွိမွန္းမသိေသးဘူးလား.."

ဆိုဖီေမးေလေတာ့ ရိႈင္းက ခပ္္ျပံဳးျပံဳးမ်က္နွာေပးကို မေျပာင္းဘဲနဲ႕ ေခါင္းေလးကို ေျဖးညွင္းစြာ ခါျပသည္။

"ငါအဲ့ဒီအခ်ိန္တုန္းက သူ႔နာမည္ကို လည္းမသိလိုက္ရဘူး.. ငါေရာက္သြားတဲ့ေနရာကလည္း ေတာထဲဆိုေသာ ေနရာကို ေသခ်ာမသိဘူး.. ငါ့မွာ သူနဲ႕ပတ္သက္တဲ့ Information ဆိုလို႔ ဘာဆိုဘာမွမရွိတာ.. သူေပးလိုက္တဲ့ဆြဲျကိုးရယ္ .. ျပီးေတာ့ သူ႔မ်က္နွာ သူ႔ပံုစံကို ငါအလြတ္က်က္ထားသလို မွတ္မိေနတာရယ္ဘဲရွိတယ္.."

"နင္ ေက်ာင္းေတြဒီေလာက္ေျပးျပီး ဟိုဒီလိုက္ရွာေနတာ.. အခုထိရွာမေတြ႔ေသးဘူးလား.."

"ဟင္အင္း.. အဓိကကဟာ.. ငါ့အေမပို႔ေပးလိုက္တဲ့ေနရာကို ငါျပန္မသြားတတ္တာဘဲ.. ဒါေျကာင့္ရွာရခက္ေနတာ.."

"ဒီေလာက္နွစ္ေတြျကာေနျပီဘဲဟယ္.. ေမ့လိုက္ပါေတာ့.. ျပန္ေတြ႔ျပီးေတာ့ေရာ.. ဘာလုပ္လို႔ရမွာမို႕လို႕လဲ.."

ရိႈင္းက မ်က္လံုးေလးေတြ တဖ်တ္ဖ်တ္ေတာက္လာျပီး စိတ္အားထက္သန္လာဟန္ျဖင့္ေျပာသည္။

"ငါအဲ့ဒီလူျကီးကို ျပန္ေတြ႕ခ်င္တာတစ္ခုဘဲသိတယ္.. တကယ္လို႔ ျပန္ေတြ႔ခဲ့ရင္ေတာင္ ငါဘာေျပာရမလဲ ငါဘာလုပ္ရမလဲ မသိေပမယ့္.. ငါသူ႕ကို ျပန္ေတြ႔ခ်င္ေနတုန္းဘဲ.. ဘာေျကာင့္လဲေတာ့ ငါလည္း မသိဘူး.."

ဆိုဖီက အားေပးလိုေသာ သေဘာျဖင့္ရိႈင္းရဲ႕ လက္ေမာင္းကို ခပ္ဖြဖြ ဆုပ္ကိုင္ျပီးေျပာသည္။

"ျပန္ေတြ႔ဖို႔ ကံျကမၼာပါလာရင္ေတာ့ ျပန္ေတြ႔မွာေပါ့ဟ.. ျပီးေတာ့ နင္ဒီေလာက္ေတြ႔ခ်င္ေနတာဘဲ.. ျပန္ေတြ႔မွာပါ.."

တစ္ခ်ိန္လံုးျငိမ္နားေထာင္ေနေသာ ဒန္နီက ၀င္ေျပာသည္။

"သူေက်ာင္းေျပးတဲ့အေျကာင္းရင္းက အဲ့ဒီလူျကီးကို လိိုက္ရွာေနလို႕ဆိုတာကို ပါပါးျသဂတ္စ္သာသိရင္္ မလြယ္ဘူးသိလား.."

ဒန္နီ႕စကားေျကာင့္ ရိႈင္း မ်က္လံုးေလးေတြ ျပဴးက်ယ္သြားျပီး ဒန္နီ႕ကို လက္သီးရြယ္ျပကာ ေျပာသည္။

"ဟာ..ေဟ့ေကာင္ .. ပါပါးကို သြားမေျပာနဲ႕ေနာ္.. ငါ့ကို အဲ့ဒီလူျကီးအေျကာင္းေျပာတာကိုေတာင္ မျကိုက္တာ.. လိုက္ရွာေနမွန္းသာ သိရင္ ငါ့ကို အေရခြံဆုတ္ပစ္လိမ့္မယ္.."

"ေအးသိတယ္.. မေျပာေသးဘူး... မင္းကိုအနိုင္က်င့္ဖို႔အတြက္ ႏိုင္ကြက္တစ္ကြက္အျဖစ္ခ်န္ထားဦးမယ္... မင္းကိုျကည့္မရတဲ့အခ်ိန္က်မွသြားေျပာမွာ.. ပါပါးေမြးစားသား ဘယ္ကမွန္းမသိတဲ့ ဦးေလးျကီးတစ္ေယာက္ကို ျကိတ္ခိုက္ေနပါတယ္ဆိုျပီးေတာ့.."

"ေခြးေကာင္.."

ရိႈင္းက ဒန္နီ႕ကိုက်ိန္ဆဲရင္း ေသာက္ျပီးသား စကၠဴအေအးဘူးနွင့္ ေကာက္ေပါက္လိုက္သည္။ ဒန္နီကလက္ျဖင့္ကြယ္လိုက္ရင္း.. တဟားဟားရယ္သည္။

ရိႈင္းရဲ႕မ်က္နွာက ပန္းနုေရာင္မွာ ပန္းဆီေရာင္သို႔ပင္ေျပာင္းသြားသည္။ ျပီးေတာ့မွ ကမန္းကတန္းေျပာရွာသည္။

"ပါပါးသိသြားရင္ စိတ္ဆိုးမွာကြ.."

ဆိုဖီက မ်က္နွာကိုု မဲ့ရြဲ႔ျပီး ေျပာသည္။

"ဒါက်ေျကာက္သား.."

ရိႈင္းက သက္ျပင္းခ်လိုက္သည္။ ျပီးေတာ့မွေျပာသည္။

"ေျကာက္တာထက္ ပါပါးမျကိုက္တာ ငါလုပ္ေနတာ သိသြားရင္ စိတ္ဆင္းရဲမွာစိုးလို႕ပါဟ..ပါပါးက ငါ့ရဲ႕ေက်းဇူးရွင္ပါ..  ငါ့ကို ငယ္ငယ္ေလးတည္းက ေစာင့္ေရွာက္ခဲ့တာ.. မိဘမဲ့ေဂဟာကို ပို႔ေပးခဲ့တာလည္း ပါပါးဘဲ.. အခုအခ်ိန္ထိ ငါ့ကို လိုအပ္သမွ်ျဖည့္စည္းေပးေနတာလဲ ပါပါးဘဲကို.. သူသာမရွိရင္.. ငါလမ္းေဘးမွာ ဘ၀ပ်က္ရင္ပ်က္.. မပ်က္ရင္ ေသေနေလာက္ျပီ.. ဒါေျကာင့္ ငါ ဦး ကိုရွာေနတာ တစ္ခုကလြဲရင္ က်န္တဲ့ ပါပါးမျကိုက္တာ ဘာမွမလုပ္ဘူး .."

အေလးအနက္ေျပာေနေသာ ရိႈင္းေျကာင့္ဆုိဖီနွင့္ ဒန္နီတို႕လည္း ျငိမ္သြားျကေလသည္။ 

"ဒါေပမယ့္ ငါ.. ဦးကို ျပန္ေတြ႔ခ်င္တဲ့စိတ္ကိုလည္း ထိန္းလို႕မရဘူးကြာ.. တစ္ခါေလာက္ ျပန္ေတြ႕ရရင္ေတာင္ ေက်နပ္ပါတယ္.."

"တကယ္စိတ္အားထက္သန္ေနတယ္ဆိုရင္ေတာ့ ကံျကမၼာက ဖန္တီးေပးမွာေပါ့ကြာ.. ေစာင့္ေနေပါ့.."

ဒန္နီရဲ႕ စကားကို ရိႈင္းက ေခါင္းျငိမ့္ျပလိုက္ရေလသည္။

ဒန္နီေျပာသလို ကံျကမၼာက ဖန္တီးေပးဖို႔ကိုသာ ေမွ်ာ္လင့္ရင္းဘဲ ျပန္ေတြ႕မယ့္ အခ်ိန္ကို ေစာင့္ေနရေတာ့မည္။

ရိႈင္း သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း မိမိဆြဲထားမိေသာ အျပီး မသတ္ေသးသည့္ပံုကိုျကည့္လိုက္မိေတာ့ လေရာင္ေအာက္ ထင္းရွဴးပင္ေတြျကားမွာ ကေလးတစ္ေယာက္ကို ေက်ာပိုးကာ ေျပးေနဟန္နွင့္လူတစ္ေယာက္ပံု။ ရိႈင္း ထိုပန္းခ်ီေလးကို လက္ျဖင့္ ထိကိုင္ေနလိုက္ရင္း ခပ္တိုးတိုးေရရြတ္မိသည္။

"အခုအခ်ိန္ဆိုရင္ အဲ့ဒီဦး ဘာမ်ားလုပ္ေနမလဲ မသိဘူးေနာ္... ျပန္ေတြ႕ျကရင္.. ငါ့ကို မွတ္မိေနမယ္ဆိုရင္ အရမ္းေကာင္းမွာ..."

*************************************************************************

Nebbia ျမိဳ႕။

အံု႕မိႈင္းေနေသာ မီးခိုးေရာင္ ေကာင္းကင္နွင့္ အတူ မိုးရြာခါနီးေနျပီဆိုတာကုိ အခ်က္ေပးေနသည့္ ေကာင္းကင္ျကီး က တိမ္ေတြ တအိအိျဖင့္ ျပိဳက်ေတာ့မလို။

မိုးစက္မိုးေပါက္ေလးေတြ ပင္က်ဆင္းေနျပီျဖစ္တာေျကာင့္ လူသြားလူလာ အနည္းငယ္ရႈပ္ေသာ ျမိဳ႕လယ္ေခါင္မွာ လူေတာ္ေတာ္ မ်ားမ်ား ထီးေတြ ထုတ္ေဆာင္းေနျကျပီျဖစ္သည္။

သို႕ေသာ္ လူတစ္ေယာက္ကေတာ့ ရာသီဥတုကို ဂရုမစိုက္ဘဲ တဖြဲဖြဲက်ေနေသာ မိုးစက္မိုးေပါက္ေလးေတြကို သတိမထားဘဲ လွ်ာထိုးဦးထုပ္တစ္လံုးကိုသာ ခပ္ငိုက္ငိုက္ေဆာင္းရင္း မိုးကာ မပါ ထီးမပါဘဲေခါင္းကိုငံု႕လ်က္ ဒီအတိုင္း လမ္းေလွ်ာက္လာေလသည္။

လမ္းေဘးက ေရကြက္မ်ားကို ကားျဖတ္ေမာင္းသြားသျဖင့္္ ထိုသူကို ေရမ်ားစင္သြားတာေတာင္ ထိုသူက ဂရုမစိုက္။

ထိုသူမွာ ခပ္သြက္သြက္ပင္ လမ္းေလွ်ာက္လ်က္ရွိျပီး ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္တစ္ဆိုင္အတြင္းကို ခ်ိဳးေကြ႕၀င္လိုက္ေလသည္။

ဆိုင္တံခါးက လူ၀င္လာတာကို သတိေပးေသာ ေခါင္းေလာင္းေလးက ျမည္ဟီးသြားသျဖင့္ ဆိုင္ရွင္က ေကာင္တာကေန အသံျပဳသည္။

"ဘာမ်ားအလိုရွိပါသလဲခင္ဗ်ာ.."

ထိုအခါ ထိုသူက ေကာင္တာ အနီးသို႕သြားလိုက္ျပီး ေကာင္တာေရွ႕တြင္ လက္တစ္ဖက္ကုိ တင္လိုက္ျပီး ေျပာသည္။

"လူေသြး၀ယ္ခ်င္လို႕.."

ေအးစက္စက္ ခံစားခ်က္မပါေသာ အသံတစ္ခု ထိုသူထံမွ ထြက္လာသည္။

ထိုအခါ ဆိုင္ရွင္က တစ္ခ်က္ မ်က္နွာထားတစ္မ်ိဳးျဖစ္သြားျပီးမွ ခ်က္ခ်င္းပင္ ပံုမွန္အေနအထားကို ျပန္ျပင္လိုက္္ကာေျပာသည္။

"အဲ.. ကၽြန္ေတာ္က ေရွးေဟာင္းပစၥည္းဘဲေရာင္းတာပါခင္ဗ်ာ.. လူေသြးေရာင္းတဲ့ေနရာ မဟုတ္ပါဘူး.. လူျကီးမင္း ေသြးလိုတယ္ဆိုရင္ ေဆးရံုကို တစ္ခ်က္ေလာက္သြားေမးျကည့္ေပါ့ဗ်ာ.."

ဆိုင္ရွင္ရဲ႕ စကားေျကာင့္ ဦးထုပ္ကို ငိုက္ငိုက္ေဆာင္းထားေသာ ထိုသူမွာ ေအးစက္စက္အသံကိ မေျပာင္းေသးဘဲ ပိုျပီး ေအးစက္အက္ကြဲေသာ အသံျဖင့္ ထပ္ေျပာလိုက္သည္။

"အပိုေတြေျပာမေနနဲ႕ လယ္ရီ (Larry) ... နွစ္ေတြ ဘယ္ေလာက္ျကာျကာ မင္းကို ငါမမွတ္မိေတာ့ဘူးလို႔ ထင္မေနနဲ႕.."

ထိုသူရဲ႕ စကားေျကာင့္ ဆိုင္ပိုင္ရွင္လယ္ရီမွာ အံ့ျသသြားျပီး ေမာ့ျကည့္ေလသည္။

"ခင္ဗ်ားက ဘယ္သူလဲ.."

ထိုသူက လယ္ရီရဲ႕ အေမးကို စကားျဖင့္ မေျဖ။ ေဆာင္းလာေသာ လွ်ာထိုးဦးထုပ္ကို ဆြဲခၽြတ္ျပလိုက္ေလသည္။ ထိုအခါ နီရဲေနေသာ မ်က္လံုးမ်ားနွင့္အတူ ဂုတ္ေထာက္လုနီးနီးရွည္ေသာ လိႈင္းတြန္႕ဆံပင္အညိဳေရာင္ေတြ ေပၚလာျပီး ေမးရိုးက်ဥ္းက်ဥ္း မ်က္နွာရွည္ရွည္နွင့္ ထူထဲနက္ေမွာင္ေနေသာ မ်က္ခံုးေမႊးတို႕ကို ေသခ်ာရွင္းလင္းစြာျမင္လိုက္ရေတာ့သည္။

ေမာ့ျကည့္လာေသာလယ္ရီရဲ႕ မ်က္လံုးမ်ား လင္းကြင္းလိုျပဴးက်ယ္သြားကာ ပါးစပ္မ်ားပါ ပြင့္ဟလာသည္။ ႏႈတ္မွလည္း တုန္တုန္ယင္ယင္အသံထြက္လာသည္။

"မီးလွ်ံ... ခင္ဗ်ား.. ခင္ဗ်ား အခုထိအသက္ရွိေနေသးတယ္.. ခင္ဗ်ားကို မားကပ္စ္တို႔ အေသသတ္ပစ္လိုက္ျပီထင္ေနတာ.."

မီးလွ်ံက ႏႈတ္ခမ္းကို တြန္႕ရံုမွ်ျပံဳးလိုက္ျပီး မ်က္လံုးအေရာင္ ျပန္ေျပာင္းသြားကာ

"ငါ့ကို သူတို႕ သတ္လို႕မွမရတာ.. ရင္၀မွာ သစ္သားငုတ္တိုင္စိုက္ျပီး အေခါင္းထဲထည့္ထားခဲ့တာ..ျပန္ႏိုးလာတာ ရွစ္နွစ္ရွိျပီ.."

မီးလွ်ံအေျဖစကားျကားေတာ့ လယ္ရီက ၀မ္းသာအားရျဖင့္ ဆိုင္အတြင္းမွာ ခ်ထားေသာ ဆိုဖာခံုေတြကို ညႊန္ျပကာ ထိုင္ဖို႔ေျပာသည္။ မီးလွ်ံထိုင္လိုက္ေတာ့ လယ္ရီကလည္း မ်က္နွာခ်င္းဆိုင္ထိုင္ခံုတြင္ ၀င္ထိုင္လိုက္ျပီး ေျပာသည္။

"ဒီျမိဳ႕မွာ က်န္ခဲ့တဲ့ Vampire ဆိုလို႕ ကၽြန္ေတာ္ တစ္ေယာက္ဘဲ ရွိေတာ့တယ္ထင္တာ .. ခင္ဗ်ားပါရွိေနေတာ့ အားရွိိသြားသလိုဘဲ.. ဒါနဲ႕ ျပန္ႏိုးလာတာ ရွစ္နွစ္ရွိျပီဆိုျပီး ဘာေျကာင့္ခင္ဗ်ားကို တစ္ခါမွ မေတြ႕ရတာလဲ.."

"ငါ လူေသြးမေသာက္ဘဲ တိရစၧာန္ေသြးေတြဘဲေသာက္ျပီး ငါ့အိမ္မွာဘဲေနေနခဲ့တာ.. ဒါေပမယ့္ ဒီအတိုင္းဆိုရင္ ငါ အားအရမ္းနည္းလာျပီး အမဲလိုက္ဖို႕ေတာင္ ခြန္အားမရွိေတာ့တဲ့ အေျခအေနေရာက္ေနလို႕.. လူေသြးပံုမွန္ေသာက္ဖို႕လိုလာတယ္.."

မီးလွ်ံထိုသို႔ေျပာလိုက္ျပီး စကားကို ခဏရပ္သည္။

"ဒါေျကာင့္ မင္းကိုလာရွာခဲ့တာ လယ္ရီ.. မင္းအရင္တုန္းကဆိုရင္ ငါတို႕ ေသြးလိုလာျပီဆိုရင္ လူသတ္စရာမလိုဘဲ ေသြးရွာေပးတတ္တယ္ေလ.. အခုလည္း မင္းငါ့အတြက္ရွာေပးႏိုင္မလားလို႕..."

မီးလွ်ံ ေျပာေတာ့ လယ္ရီတစ္ခ်က္သက္ျပင္းခ်သည္။

"အခုေခတ္က ေသြးရွာရတာခက္သြားျပီ မီးလွ်ံ.. ကၽြန္ေတာ္ေတာင္ ကိုယ့္အတြက္ကိုယ္ရွာဖို႕ခက္ခဲသြားျပီ... ဒါေပမယ့္.. ကၽြန္ေတာ္ အခု ေသြးအိတ္ေတြ ၀ယ္၀ယ္ေနတဲ့ လူတစ္ေယာက္ေတာ့ရွိတယ္.. သူက ေမွာင္ခိုသေဘာမ်ိဳးေရာင္းတာေပါ့.. ခင္ဗ်ား၀ယ္ခ်င္တယ္ဆို ကၽြန္ေတာ္သူနဲ႕ဆက္သြယ္ေပးမယ္.."

"ဆက္သြယ္ေပးကြာ.. ငါဘယ္ေလာက္ အဖိုးအခေပးရေပးရပါ.."

မီးလွ်ံတို႔အိမ္ျကီးရဲ႕ ေျမေအာက္ခန္းထဲမွာ သိမ္းထားတဲ့ ပန္းခ်ီကားေတြနဲ႕ တျခားေရွးေဟာင္းပစၥည္းေတြက တစ္ခုထုတ္ေရာင္းလိုက္တာနွင့္ တစ္နွစ္ေလာက္ ေအးေဆးေနလို႔ရတဲ့ ပမာဏအထိ တန္္ဖိုးျကီးလြန္းေနတာေျကာင့္ မီးလွ်ံထိုသို႕ေျပာျခင္းျဖစ္သည္။

မီးလွ်ံအကူအညီေတာင္းေလေတာ့ လယ္ရီကလည္း ေခါင္းျငိမ့္ျပသည္။

ထို႔ေနာက္ ဆိုင္ေနာက္ဖက္က အခန္းဆီကို ၀င္သြားျပီး ျပန္ထြက္လာေတာ့ ကတ္ေလးတစ္ကတ္ပါလာသည္။

အနက္ေရာင္ ကတ္ေလးတစ္ကတ္္။ Black ဆိုေသာ စာလံုးမွလြဲျပီး ဘာမွေရးမထား။

"ဒီ Black ဆိုတဲ့ လူက ေရာင္းတာ ...ဖုန္းနဲ႕ဆက္သြယ္ျပီး ၀ယ္လို႔မရဘူး.. သူရွိတဲ့ေနရာကိုကိုယ္တိုင္သြား၀ယ္မွရတာ.."

မီးလွ်ံ လယ္ရီေပးေသာ ကတ္ေလးကို ယူျကည့္လိုက္ျပီး ေမးခြန္းထုတ္သည္။

"သူကဘယ္မွာရွိိတာလဲ.."

"သူက Avalon City မွာရွိတာ.. အဲ့ဒီက မိဘမဲ့ေဂဟာတစ္ခုမွာရွွိတဲ့ ဘုရားေက်ာင္္းတစ္ခုမွာ အျမဲခ်ိန္းတယ္.. ခင္ဗ်ား အဲ့ဒီကိုသြားေတြ႕ရင္ ေတြ႕ျကည့္ေပါ့.. ကားနဲ႕သြားမွအဆင္ေျပမယ္.. ခင္ဗ်ား ကားေမာင္းလို႔ရတယ္မလား.."

လယ္ရီရဲ႕ အေမးကို မီးလွ်ံက ခပ္္ဟဟရယ္ကာ ျပန္ေျဖသည္။

"ရတာေပ့ါ.. အခုေခတ္ကို အမွီလိုက္ဖို႕က အရမ္းကိုလြယ္တာပါ.. ငါလည္း အခုေခတ္မွီတဲ့လူသားတစ္ေယာက္ျဖစ္ေနပါျပီ.."

အသက္ငါးရာေက်ာ္္ေနေသာ Vampire တစ္ေယာက္နဲ႔ လံုး၀မတူဘဲ ၂၁ ရာစုလူသားတစ္ေယာက္လို ပံုစံနွင့္ မီးလွ်ံကိုျကည့္ျပီး လယ္ရီ သေဘာတက် ရယ္ေမာလိုက္သည္။

"ယံုပါတယ္ဗ်ာ.. ဒါျဖင့္ ခင္ဗ်ား Avalon City ကိုသြားျပီး Black ကိုဆက္သြယ္လိုက္ေပါ့.. ကၽြန္ေတာ္လည္းေျပာထားေပးပါ့မယ္.."

မီးလွ်ံေခါင္းျငိမ့္ျပလိုက္ရင္း လက္ထဲက ကိုင္ထားမိေသာ ကတ္ေလးကို လက္ျဖင့္ လွည့္ကာ ကစားေနလိုက္ရင္း ႏႈတ္မွလည္း မရပ္မနား ေရရြတ္ေနေလေတာ့သည္။

"Avalon City... Avalon City..."

***********************************************************************************

Continue Reading

You'll Also Like

142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
56.2K 3.1K 42
Intro Sing; လက္ထဲက ဖေယာင္းတိုင္ေလးကို မီးညွိျပီး ''ေဘဘီလြန္ ေဘဘီလြန္ Candleေလး ၾကယ္ေၾကြေလးဆီ ပို႔ေဆာင္ေပး'' လို႔ က်ေနာ္ရြတ္လိုက္တာနဲ႔ ရုတ္တရက္ေလဟာနယ...
139K 5.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
617K 48.2K 16
သူပေါ့.. မခေါ်ပါဘဲ ကျွန်တော့်ရင်ထဲလာပြီး မွှေနှောက်သွားသူလေ..... ============================== သူေပါ့.. မေခၚပါဘဲ ကြၽန္ေတာ့္ရင္ထဲလာၿပီး ေမႊေႏွာက္သြ...