Never Ever {β™₯Completedβ™₯}

By CandyBangtan

232K 16.6K 1K

Jeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun More

A
B
C
D
E
F
G
H
I
J
K
L
N
O
P
Q
R
ကြော်​ငြာ
S
T
U
V
W {Final Part}
X - β€‹α€±α€€α€Ία€Έα€‡α€°α€Έα€α€„α€Ήβ€‹α€œα‚Šα€¬

M

6.8K 612 24
By CandyBangtan

Written by: KimTae_Nun

_______________________________

မ​နေ့တစ်​​နေ့က အဖြစ်​အပျက်​​လေးက အခုထက်​ထိ ရင်​ခုန်​​နေတုန်း။
ပြီး​တော့ ​မေးသွားတဲ့ ​မေးခွန်းကြီးက ဘာတဲ့။
Kook Kook ကို ချစ်​လားဆိုပဲ။
သူ့ကိုယ်​သူ Kook Kook တဲ့။ ဘယ်​​လောက်​​တောင်​ ချစ်​ဖို့​ကောင်းရတာလဲ
ကျွန်​​တော့်​ရဲ့ အသည်းကြီး ချစ်​Kookရယ်​။

အိပ်​ရာကနှိုး​နေတာ​တောင်​ မထပဲ သူ့ကို​တွေး​နေတာနဲ့တင်​ လွမ်းလာပြီ။
ဟုတ်​ပြီ message ပို့ရမယ်​။

[Morning ချစ်​Kook ]

ခနကြာ​တော့ သူပြန်​ပို့လာတယ်​။

[Morning ပါ Kook Kook ရဲ့ Tae ​လေး]

အိုက်​စ်​...... ချစ်​လိုက်​တာ အသည်းတုံးရယ်​။
ဖုန်း​လေးကြည့်​လိုက်​ ​အပြစ်​မရှိတဲ့ ​ခေါင်းအုံး​လေးကို ထုလိုက်​ လက်​နှစ်​​ချောင်းကို ပတ်​လိုက်​လိမ်​လိုက်​နဲ့ က​လေးလိုလို ​ခွေးလိုလို ဖြစ်​ပျက်​​နေတာရယ်​။
တစ်​​ယောက်​ထဲ သာယာ​နေတုန်းမှာပဲ

"Kim Tae Hyung"

အ​မေ့ရဲ့ အသံစူးစူးနဲ့အတူ ခွပ်​ခနဲ ​ခေါက်​ချက်​။
လက်​သန်​​ပြောင်​ချက်​က​တော့ဗျာ။

"ဘာတုန်း အ​မေကလည်း မနက်​​စော​စောကို"

"ဘာ​စော​စောလဲ ​နေဖင်​ထိုး​နေပြီဟဲ့ ထ​တော့ အိပ်​ယာထဲမှာ ရွစိထိုးမ​နေနဲ့ နင့်​ထဲ​လောက်​၀င်​​နေလို့လား"

လောက်​၀င်​​နေတာ မဟုတ်​ပါဘူး ​မေ​မေ။
Jeon Jung Kook ဆိုတဲ့ လူကြီး​ကြောင့်​ပါ။
ကိုယ့်​အ​တွေးနဲ့ကိုယ်​ ပြုံး​နေရင်းပဲ။

"အခုလဲကြည့်​ ပြုံးစိစိနဲ့ နင်​မရိုး​တော့ဘူး​နော်​ Kim Tae Hyung"

ပွစိပွစိနဲ့ ​မေ​မေ့အသံကို မခံနိုင်​​တော့လို့ ​ရေချိုးခန်းထဲ တချိုးတည်းဝင်​​ပြေးတာ​ပေါ့။
လွယ်​​တော့မလွယ်​ဘူး လုပ်​တတ်​ရတာ​ပေါ့။
ကျွန်​​တော့်​ ချစ်​Kookလေးကိုလည်း ​တွေးရင်း
သွား​လေးတိုက်​ရင်း။
မေ​မေ သား Kook Kookနဲ့ ယူချင်​ပြီ။

----------------------

ကျောင်းကို တက်​တက်​ကြွကြွ​ခြေလှမ်း​တို့နှင့်​ ၀င်​ခဲ့သည်​။ Kim Tae တို့ဆို ​ကောင်​မ​လေး​တွေက သိပ်​ကြည်​တာ သိတယ်​ဟုတ်။ ဆံပင်​​လေးကို တစ်​ချက်​သပ်​တိုင်း ၀ူးဝူးဝါးဝါးနဲ့။
ကျွန်​​တော့်​ အကြည့်​တစ်​ချက်​မှာ တဖြုတ်​ဖြုတ်​​ကြွေကျ။
ဒီလို​ပြောရင်​ Jeon Jung Kook ဆိုတဲ့ လူကြီးက ပိုပြီး ​စော်​ကြည်​တာ။
အဲ့လိုဆို ၀မ်းနည်းလာသလိုလို။ သူကျွန်​​တော့်​ကို မချစ်​​တော့မှာကို စိတ်​ပူတယ်​။
အရင်​ကတည်းက တကျက်​ကျက်​ရန်​ဖြစ်​ခဲ့ကြတဲ့ ရန်​ဖက်​​တွေ​လေ။ သူဒါ​တွေပြန်​​တွေးပြီး မချစ်​​တော့ရင်​ ဘယ်​လိုလုပ်​မလဲ။ ကျွန်​​တော်​က​တော့ အဲ့လိုအ​တွေး​တွေ မရှိပါဘူး။
သူ့ကို အရမ်းချစ်​တာပဲ ရှိတယ်​။

"Jung Kook"

အတန်းထဲဝင်​ဖို့ပြင်​​နေတဲ့ သူ့ကို လှမ်း​ခေါ်​တော့
ယုန်​ပြုံးကြီးဖြီးလို့။

"Taeလေး မနက်​စာစားပြီးပြီလား"

"ဟင့်​အင်း...မစားရ​သေးဘူး"

ဘယ်​စားရမလဲ မနက်​နိုးကတည်းက မာတာမိခင်​ကြီးရဲ့ ​ကျေးဇူး​တော်​​ကြောင့်
ကျောပူတာပဲခံနိုင်​ပြီး နားပူတာမခံနိုင်​တဲ့ ကျွန်​​တော်​မျိုးက သိပ်​ကြိုက်​တဲ့ အစားအ​သောက်​​တောင်​ အစွန့်​လွှတ်​ခံခဲ့တာ။

"ဘာလို့ မစားခဲ့တာလဲ"

"အိမ်​က အ​မေ​ပေါ့ မနက်​အိပ်​ရာထကတည်းက ပူညံပူညံ လုပ်​​နေတာနဲ့ မစားခဲ့ဘူး"

သူ ဟက်​ဟက်​ပက်​ပက်​ကို ရယ်​​နေတာ။ ကျွန်​​တော်​​ပြောတဲ့ စကားထဲမှာ ရယ်​စရာများ ပါသွားလို့လား။

"ဟက်​ ဟက်​ က​လေးကျ​နေတာပဲကွာ Taeက"

ကျွန်​​တော့်​​ခေါင်းကို လာဖွ​တော့ ပြုံးလိုက်​ပြီး နှုတ်​ခမ်းကို တမင်​ဆူထားလို​က်​သည်​။

"ဒါနဲ့ပဲ အစာအိမ်​ဖြစ်​​တော့မှာပဲ ကို့Tae​လေး"

"မဖြစ်​ပါဘူး တစ်​ရက်​တ​လေ ​လေးကို"

မျက်​​မှောင်​​လေးကြုတ်​​ပြီး ကျွန်​​တော့်​ကို ကြည့်​ကာ လက်​ဆွဲပြီး centeen သို့ ​ခေါ်သွားသည်​။ Kim Tae Hyung တို့က အခုချိန်​မှာ ဘယ်​သူ​ခေါ်​ခေါ် သွားစားမလို့ပါ။
အချစ်​ကြီးနဲ့ဆို​တော့ ကွက်​တိဖြစ်​သွားတာ။
ဒီလို ဂရုစိုက်​​ပေး​နေတာ​တွေ​ကြောင့်​ ပိုပြီးချစ်​​နေရတာ။

"Tae ရယ်​ ဖြည်းဖြည်းစားပါ ကို မလုစားပါဘူး"

ဘယ်​နှနှစ်​ဘယ်​ကာလတည်းက ငတ်​ပြတ်​ခဲ့လည်း မသိ​သော လူပမာ စား​နေ​သောက်​​နေ​သော ကျွန်​​တော့်​ကို ကြည့်​ကာ သူ​ပြောလိုက်​ခြင်းပင်​။
သ​ဘောမကျလို့​ပြော​နေတဲ့ ပုံစံမဟုတ်​သလို
သူက ရယ်​စစ​လေးနဲ့ ​ပြော​နေတာ။
သူလား ကျွန်​​တော့်​ကို စိတ်​ဆိုး​အောင်​လုပ်​မှာ။
ကျွန်​​တော်​ စိတ်​​ကောက်​ရင်​ သူပဲပြန်​​ချော့ရတာ။
ကျွန်​​တော်​ရစ်​လည်း သူပဲခံရတာပဲ​လေ။
အခုလို ကျွန်​​တော်​ဆိုးသမျှကို သည်းခံ​ပေးတဲ့ ချစ်​သူမျိုးရထားတာ ဘယ်​​လောက်​​တောင်​ ကံ​ကောင်းလိုက်​လဲ။
လောကကြီးရယ်​ ​ချစ်​သူအတွက်​ ​ကျေးဇူးပါ။

"က​လေးလဲ မဟုတ်​​ ပေပွ​နေတာပဲ"

နှုတ်​ခမ်း​ထောင့်​မှာ​ပေ​နေ​တဲ့ မုန့်​စတစ်​ချို့ကို သူ့လက်​​လေးနဲ့ အသာအယာ​လေး ပွတ်​သပ်​ဖယ်​​ပေး​​တော့ မြင်းအ​ကောင်​​ရေ တစ်​ရာ​လောက်​ ရင်​ထဲမှာ ဖြတ်​​ပြေးသွားသလို။
ဘာလုပ်​လုပ်​ကို ဆွဲ​ဆောင်​မှု ရှိ​နေပြန်​ပါလား ကျွန်​​တော့်​ချစ်​သူ။ အမြဲတမ်းရင်​ခုန်​​အောင်​ လုပ်​နိုင်​သူကြီးရယ်​ ပိုးစိုးပက်​စက်​ကို ချစ်​တယ်​။
ဒီရင်​ဘတ်​ကြီး တစ်​ခုလုံးနဲ့ မဆံ့​အောင်​ကို ချစ်​တယ်​။ ကျွန်​​တော့်​အချစ်​​တွေကိုသာ​ ​ရောင်းစားလို့ရရင်​ ဘီလီလျံနာ​တော့ အသာ​လေးဖြစ်​တယ်​။

"Kook"

"ဟင်​"

သူ​လေး အံ့သြသွားမှာ​ပေါ့ သူ့နာမည်​​လေးကို အဖျားဆွတ်​ခေါ်တာကိုး။

"ဘာမှ မဟုတ်​ဘူး ​ခေါ်ကြည့်​တာ ဟီး.."

"Tae....ကို က​လေ Taeရဲ့ first love လားဟင်​"

သူ့​မေးခွန်းကြီးကလည်း အဆန်း။

"ဘာလို့လဲ"

"Taeက ကိုယ့်​ကို အရမ်းချစ်​​တော့ ​မေးကြည့်​တာ​ပေါ့"

အမှန်​အတိုင်းပဲ ဟုတ်​တယ်​ လို့ ၀န်​ခံလိုက်​ရမလား။ ဒါ​ပေမယ့်​သူကျ​တော့ ကျွန်​​တော်​က သူ့first love မဟုတ်​ဘူးဆို ဘယ်​လိုလုပ်​မလဲ။ သူ့လို big double big play boy ရုပ်​ကြီးက အချစ်​ဦး​တွေဘာ​တွေ မရှိခဲ့ဘူးဆိုတာ​တော့ မဖြစ်​နိုင်​​လောက်​ဘူး။
ရှိခဲ့တာမှ အ​ယောက်​၁၀၀မ​ကျော်​ရင်​ ကံ​ကောင်း။
မတတ်​နိုင်​ဘူး လိမ့်​ပတ်​​ပြောမှာပဲ။

"မဟုတ်​ပါဘူး"

"တကယ်​လား"

"အင်း ငါ့မှာ အရင်​က noona ရှိတယ်​​လေ"

အဲ့လို​ပြော​တော့ Jung Kook တစ်​​ယောက်​ မျက်​နှာကြီးက လငပုတ်​ဖမ်းသွားလိုက်​တာ။
မထူးပါဘူး လိမ့်​တာနဲ့ပဲ ဆက်​ပြီးလိမ့်​မယ်​။
နောက်​ဆက်​​ပြောရင်​ သူ သ၀န်​တိုလာ​တော့မှာ။
အဲ့ရုပ်​ကြီးကို မြင်​ချင်​လိုက်​တာ။

"ငါတို့က ကွဲခဲ့တာမဟုတ်​ဘူး ​ဝေးသွားတာ သူက အီတလီ သွားခဲ့တာကွ အခုချိန်​ထိတွဲ​နေတုန်းဆို 3th year anni ​တောင်​ ရှိ​ရော​ပေါ့"

သူကဘာ​မှ မ​ပြောဘဲ စားပွဲ​ပေါ်က ​ရေခွက်​ကိုသာ ​မော့တိုက်​လိုက်​သည်​။ ကျွန်​​တော့်​ကို​တောင်​ မကြည့်​​တော့ မျက်​နှာကြီးလွှဲလို့။ ပါး​စောင်း​ကိုလည်း လျှာကြီးနဲ့ထိုးလို့။

"ဒါနဲ့ မင်း​ရော ငါက မင်းရဲ့first love လား"

ဟုတ်​တယ်​ လို့​ဖြေရင်​​တော့ ​သေ​ပျော်​ပြီ။
ဒီလိုဆို ခုနက ​ပြောခဲ့တာ​တွေက စတာပါလို့ ပြန်​​ပြောပြီး ​ချော့ယုံပဲ။

"ဖြစ်​စရာလား ငါကဘယ်​​လောက်​​တောင်​ ​စော်​ကြည်​လဲ မင်းလည်း သိတာပဲကို ငါ့လို​ကောင်​က ရည်းစားမထားဖူးပဲ​နေမလား"

အဲ့လိုကြီး​ပြော​တော့ ကျွန်​​တော်​ ငို​တောင်​ငိုချင်​သွားတယ်​။ ကျွန်​​တော်​က သူ့ကို စယုံ​လေးပါ။ သူက​တော့ အမှန်​တိုင်း​ပြောတဲ့ပုံပါ​လေ။ သူက သိပ်​​ချောတာကိုး ဟုတ်​မှာ​ပေါ့။
ပြောလိုက်​တာများ 'ဖြစ်​စရာလား'တဲ့။
ရင်​ထဲမှာ ဘယ်​​လောက်​ထိ ဆို့တက်​သွားလဲ သူမသိဘူး။

"တကယ်​လား"

မယုံချင်​​သေးလို့ ​ပေးပါရ​စေ။ ငါကစတာလို့​ ​ဖြေ​ပေးလိုက်​ရင်​ ဘယ်​​လောက်​​တောင်​ ​ပျော်​သွားမလဲ။

"တကယ်​​ပေါ့ ငါက ၁​​ယောက်​​တောင်​ မဟုတ်ဘူး ၂​ယောက်​ ၂​ယောက်​"

လက်​နှစ်​​ချောင်းကို ​ထောင်​​ထောင်​ပြီး ​ပြော​နေတာ။ ကျွန်​​တော်​က သူ့ရဲ့ second love​တောင်​ မကဘဲ third love တဲ့။
ဟက်​....သိရဲ့သားနဲ့ကို မဖြစ်​နိုင်​ဘဲနဲ့ ​မျှော်​လင့်​​နေ​သေးတယ်​။ Kim Tae Hyung ​ရေ မင်းက သူ့လို play boy ကိုမှ ရည်းစား​တော်​ထားတာကိုး။

ဒီအ​ကြောင်း​တွေကို အစ​ဖော်​မိပြီးထဲက သူ့မျက်​နှာက ချက်​ချင်းကြီးကို ​ပြောင်းလဲသွားတာ။ ရယ်​ရယ်​ပြုံးပြုံး မရှိ​တော့ဘဲ ရုပ်​တည်​ကြီးနဲ့။ ကျွန်​​တော်​ပြောတဲ့ စကား​တွေ​ကြောင့်​လား ဒါမှမဟုတ်​ အရင်​က သူ့ရဲ့ အတိတ်​ကို ​မေးမိလိုက်​လို့များလား။
ဟုတ်​တာ​ပေါ့ အချစ်​ဦးဆို​တော့ ဘယ်​​မေ့နိုင်​မလဲ။ Jung Kook ရဲ့ အချစ်​ဦး​လေးက​တော့ ကံ​ကောင်းလိုက်​တာ။
ကျွန်​​တော်​ ဘာ​တွေဖြစ်​​နေမှန်းကို မသိ​တော့ဘူး။
ရင်​ထဲမှာ ​အောင့်​သက်​သက်​ကြီး။ ရင်​ဘတ်​ရဲ့ဝဲယာက ဆူးနဲ့ထိုးသလို တဆစ်​ဆစ်​နဲ့။ ကျချင်​လာတဲ့ မျက်​ရည်​​တွေကို မျက်​​တောင်​နဲ့ ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး မကျလာ​အောင်​ ထိန်းထားလိုက်​သည်​။

သူ့ဘက်​​က​တော့ အမှန်​တိုင်း​ပေါ့​လေ။ ကျွန်​​တော့်​ဘက်​ကမှ မဟုတ်​တာ။ ဘယ်​​လောက်​​တောင်​ ခံစားလိုက်​ရလဲ သိရဲ့လား။ သူ့​စကား​တွေက ရည်​ရွယ်​ရှိရှိ​ပြောတာ မဟုတ်​​ပေမယ့်​ အရှိုက်​ထိတယ်​။ သူက ကျွန်​​တော့်​ရဲ့ အချစ်​ဆုံး ချစ်​သူမို့။

တကယ်​​တော့ ကျွန်​​တော်​က စကားလုံး​တွေနဲ့ပဲ ထိုးနှက်​တာ​တောင်​ ​သေလု​မျောပါး ဖြစ်​သွားတဲ့​ကောင်​။ Jung Kookရယ်​ ငါရဲ့ ပထမဦးဆုံး ရင်​ခုန်​သံက မင်း​ကြောင့်​ ဖြစ်​တည်​ခဲ့ရတာကို မင်းမှမသိခဲ့တာ။
ငါမင်းကို အရမ်းအမြင်​ကပ်​တယ်
Jeon Jung Kook။
မင်းကငါ့ရဲ့ချစ်​သူထက်​ ရန်​သူအ​နေနဲ့ ပိုလိုက်​ဖက်​လွန်းတယ်​။

__________________________TBC

ပထမဦးဆုံး ​ပြောချင်​တာ​ပေါ့​နော်

တောင်းပန်​ပါတယ်​လို့

တော်​​တော်​​နောက်​ကျသွားတယ်

Up ​ပေးဖို့ ပြော​နေတာကို မသိလိုက်​လို့ပါ

candy အု ​ပြောမှ သိတာ

Love You All❤❤❤❤❤

*Nun
[12.June.2017]

Continue Reading

You'll Also Like

20K 1.9K 56
"Los ΓΊnicos con el poder de derrotar al seΓ±or tenebroso se acercan...." Todos los personajes y el mundo de Harry no me pertenecen, todos los derecho...
74K 3.7K 85
how we came to be | ❝ you were nothing I ever expected, but ended up being everything I ever wanted ❞ This is the story of how Monse and Latrelle cam...
34.6K 2.3K 12
"𝐊𝐈𝐌 : π‘³π’Šπ’Œπ’† π‘¬π’—π’†π’π’Šπ’π’ˆ" 'π‘‡β„Žπ‘’ π‘™π‘Žπ‘ π‘‘ π‘π‘Žπ‘Ÿπ‘‘ π‘œπ‘“ π‘šπ‘¦ π‘™π‘œπ‘£π‘’, π‘‡β„Žπ‘’ π‘’π‘Žπ‘Ÿπ‘™π‘¦ π‘™π‘œπ‘£π‘’ π‘œπ‘“ π‘šπ‘¦ 𝑙𝑖𝑓𝑒'
605K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...