Star Love (I)

By NyaHmwePann

1.3M 118K 6.1K

You don't have to shine, I will shine for you. '' Shine '' I... More

Author's Introduction
Sypnosis
Notice
Chapter (1)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
The Destiny
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Epilogue
Announcement

Chapter (2)

32.9K 2.9K 51
By NyaHmwePann

Unicode

**********

The Origin Part 2

ခြောက်ခြားဖွယ်တောနက်ကြီး..။ စုန်းကဝေတွေနှင့် ၄င်းတိို့၏လက်အောက်ခံ သမန်းဝံပုလွေ( Werewolf) တို့ အုပ်စိုးသော တောနက်ကြီးထဲတွင်ဖြစ်သည်။

အချိန်က ညသန်းခေါင်ကျော်ရုံလေး...။

ထိုတောနက်ကြီးထဲတွင် အန္တရာယ်ကို မမူနိုင်ဘဲ တစ်ယောက်လက်ကို တစ်ယောက် ကိုင်ဆွဲကာ ပြေးလွှားနေကြသော အေဗာနှင့် နိကိုလပ်စ်တို့ချစ်သူနှစ်ဦး..။

ယစ်ပူဇော်ခြင်းကို ဖျက်ဆီးလိုက်ပြီးနောက် မြေအောက်ခန်းမှတဆင့် တောနက်ကြီးထဲကို ထွက်ပြေးလာကြတာဖြစ်သည်။

နောက်က မားကပ်စ်နှင့် စုန်းကဝေတွေ လိုက်လာကြသည်ကိုသိသဖြင့် သေလုအောင် မောပန်းနေတာတောင် နှစ်ယောက်လုံး မရပ်နားနိုင်သေး..။

နိကိုလပ်စ်အတွက်က အဆင်ပြေသော်လည်း.. မိန်းကလေးဖြစ်သော ပြီးတော့ ကိုယ်ဝန်သည်ဖြစ်သော အေဗာအတွက်ကတော့ အဆင်မပြေ။ အေဗာကိုယ်တိုင်ကလည်း အားနည်းသူဖြစ်ပြီး ကလေးကိုလည်းထိခိုက်မှာစိုးသောကြောင့် စိတ်ရှိတိုင်းမပြေးနိုင်။ နိကိုလပ်စ်သည်လည်း အေဗာကိုဖေးမနေရသဖြင့် ထင်သလောက် ခရီးကမပေါက်။

ဒါကြောင့် အေဗာ့ကိုပွေ့ချီလိုက်ကာ ဆက်ပြေးသည်။ တောနက်ကြီးထဲက ထွက်နိုင်ပြီဆိုလျှင်တော့ စုန်းကဝေတွေရဲ့ ပိုင်နက်မဟုတ်ဘဲ လူသားတွေကြားထဲကို ရောက်သွားပြီဖြစ်တာကြောင့် အနည်းငယ်တော့ အန္တရာယ်ကင်းနိုင်ပြီဖြစ်လေသည်။

နောက်က မြေခွေးအူသံနှင့်အတူ စုန်းကဝေတို့ရဲ့လက်အောက်ခံ သမန်းဝံပုလွေတို့ရဲ့ အချင်းချင်း အချက်ပေးသံ တို့ကိုကြားလာရတာကြောင့် သမန်းဝံပုလွေတွေလည်း မိမိတို့နှစ်ဦးကိုလိုက်ရှာနေကြပြီဆိုတာ သဘောပေါက်လိုက်ပြီဖြစ်သည်။

ထို့နောက် စုန်းကဝေတို့လည်း နီးကပ်လာနေပြီဆိုတာကို နိကိုလပ်စ်အာရုံခံစားမိလိုက်သည်။

ထို့အပြင် အေဗာ့ခန္ဓာကိုယ်မှ ထွက်နေသော ကြယ်လေးရဲ့ အလင်းရောင်တွေကလည်း အခုအချိန်ထိ မပျောက်သေးပေ။ ဒါကြောင့် အေဗာ့ဆီမှ ကြယ်စွမ်းအင်ကို အာရုံခံနိုင်ကာ မိမိတို့နှစ်ဦးရှိရာနေရာကို မြန်မြန်ခြေရာခံနေနိုင်တာဖြစ်သည်။

အေဗာ့ကိုပွေ့ချီရင်းပြေးနေရသဖြင့် နိကိုလပ်စ်မှာ အသက်ထွက်မတတ်မောပန်းနေပြီဖြစ်သည်။ ခြေလှမ်းတွေကလည်း တဖြေးဖြေးနှင့် နှေးကွေးလာပြီဖြစ်သည်။

ပြီးတော့ တောနက်ကြီးထဲတွင် အလွန်မြင့်မားသော ထင်းရူးပင်တွေမှအပ ပုန်းခိုစရာ ဂူပေါက်များ ခြုံပုတ်များလည်းမရှိပေ။

ဒီအတိုင်းဆက်ပြေးနေလို့ကတော့ နှစ်ယောက်လုံးကို ဖမ်းမိတော့မှာဖြစ်သည်။ ဒါကြောင့် ကလေးလေးနှင့် အေဗာတို့ ဘေးကင်းစေရန် နိကိုလပ်စ်တစ်ယောက် အာရုံလွှဲရတော့မည်ဆိုတာကို နားလည်လိုက်သည်။

ကံကောင်းထောက်မစွာပင် စီတန်းပေါက်ရောက်နေသော ထင်းရှူးပင်များကို ကျော်လွန်ပြီးနောက် ကြီးမားလှသော ညောင်ပင်ကြီးများရှိသော ချိုင့်ဝှမ်းလေးတစ်ခုကိုတွေ့လိုက်ရလေတော့သည်။

ညောင်ပင်ကြီးများမှာ ကြီးမားလွန်းလှပြီး ကြီးမားလှသော သစ်ကိုင်းများနှင့် အရွက်များမှာလည်း အုပ်ဖြာနေသဖြင့် လူတစ်ယောက်ကို ကောင်းကောင်းကာကွယ်ထားနိုင်လေသည်။

ဒါကြောင့် နိကိုလပ်စ်သည် အေဗာကို ပွေ့ချီထားရင်းကပင် အကြီးမားဆုံးသော ညောင်ပင်ကြီးအောက်ကိုသွားလိုက်သည်။

ထို့နောက် အေဗာ့ကို ခဏချထားလိုက်ပြီး ညောင်ပင်ကို မော့ကြည့်ကာ ပါးစပ်က တစ်စုံတစ်ခုကိုရွတ်ဆိုလိုက်သောအခါ ညောင်ပင်ပေါ်မှ အရွက်များစွာ အုပ်ဆိုင်းလျက်ရှိပြီး ကြီးမားလှသော သစ်ကိုင်းကြီးတစ်ကိုင်းက မြေအောက်ကို ရှည်ထွက်ဆင်းသက်လာလေတော့သည်။

ပြီးတော့ မတ်တပ်ရပ်နေသော အေဗာ့ရှေ့တွင်လာရပ်လေသည်။

"နစ်ခ် ဘာလုပ်တာလဲ.."

အေဗာက အထိတ်တလန့်မေးလေသောအခါ နိကိုလပ်စ်သည် အေဗာကို ပြုံးပြလိုက်ပြီး အေဗာမျက်နှာပေါ်ရှိ ချွေးစလေးများကို ယုယစွာသုတ်ပေးလိုက်သည်။ ထို့နောက် ကြောက်လန့်စိတ်ကြောင့် တဆတ်ဆတ်တုန်နေသော အေဗာ့ရဲ့ လက်ဖဝါးလေးနှစ်ဖက်ကို ဆုပ်ကိုင်အားပေးလိုက်ပြီး ပြောလေသည်။

"ကိုယ် မားကပ်စ်တို့ကို အာရုံလွှဲပြီး တစ်ခြားနေရာကိုပြေးမှဖြစ်မယ်... ညောင်ပင်ပေါ်မှာစောင့်နေလိုက်နော်... မင်းကိုသူတို့မမြင်နိုင်အောင် ကိုယ်လုပ်ထားလိုက်မယ်..."

နိကိုလပ်စ်ပြောလိုက််သောအခါ အေဗာ မျက်လုံးလေးတွေ အထိတ်တလန့်ပြူးကျယ်သွားပြီး နိကိုလပ်စ်ရဲ့လက်မောင်းကို လှုပ်ကိုင်လျက် ခေါင်းခါငြင်းဆန်လေတော့သည်။

"ဟင်အင်း.. တစ်ယောက်တည်းသွားရင် သူတို့လက်ထဲမှာတစ်ခါတည်းဖမ်းမိပြီးသေသွားမှာပေါ့.. မသွားနဲ့ တူတူဘဲဆက်ပြေးမယ်... သေရင်လည်း အတူတူဘဲသေမယ်.."

အေဗာပြောနေရင်းမှာပင် မျက်လုံးမှမျက်ရည်များစီးကျလာလေသည်။

နိကိုလပ်စ်က အေဗာ့ရဲ့ မျက်ရည်များကို သုတ်ပေးလိုက်ရင်းမှာပင် ပြောရသည်။

"အဲ့ဒီလိုလုပ််လို့မရဘူးလေ.. အခုနောက်က Werewolf တွေရော မားကပ်စ်တို့ပါအကုန်လိုက်လာကြပြီ.. နှစ်ယောက်လုံးတူတူပြေးနေရင် သူတို့လက်ကလွတ်နိုင်မှာမဟုတ်ဘူး...''

နိကိုလပ်စ်ပြောသောအခါ အေဗာက ခေါင်းကိုသာ တွင်တွင်ခါရမ်းရင်း ငိုချလိုက်လေတော့သည်။ နိကိုလပ်စ်က အေဗာ့ရဲ့ လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်းပြောသည်။

"မငိုရဘူးလေ.. အခုဗိုက်ထဲက ကလေးလေးကို ကာကွယ်နိုင်ဖို့ဆိုရင် မင်းရော ကိုယ်ရောနှစ်ယောက်လုံး ခံနိုင်ရည်ရှိမှဖြစ်မှာ... အားတင်းထားပါ.. ကိုယ်မင်းကိုရော ကလေးလေးကိုရော ဘာမှမဖြစ်အောင်စောင့်ရှောက်မှာ... ဒါကြောင့် ခဏလေးဘဲ.. ဒီအပင်ပေါ်မှာစောင့်နေနော်..."

အေဗာက မျက်ရည်တွေ တတွေတွေကျနေရင်းကပင် ရှိုက်သံတွေကို ကြိုးစားဖြေဖျောက်ရင်း ခေါင်းငြိမ့်ပြရှာသည်။

ထို့နောက် နိကိုလပ်စ်သည် အေဗာ့ကိုယ််ကိုပွေ့ချီကာ အောက်ဖက်ကိုကျနေသော သစ်ကိုင်းကြီးပေါ်ကိုတင်ပေးလိုက်သည်။ ထို့နောက် လည်ပင်းကဆွဲထားသော ဆွဲကြိုးကို ချွတ်လိုက်ပြီး အေဗာ့ လည်ပင်းတွင်ဆွဲပေးလိုက်သည်။ အဝါရောင်သန်းနေသော မိုးရေစက်( Rain Drop) ပုံစံ ပယင်းကျောက်ဆွဲသီးပါသော ဆွဲကြိုးဖြစ်သည်။

"တစ်ခုခုဆိုရင် ဒီကျောက်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ကိုယ်သွားချင်တဲ့နေရာကို ပါးစပ်ကပြောလိုက်တာနဲ့ ရောက်သွားလိမ့်မယ်.. တကယ့်ကို အရေးကြုံတဲ့အချိန်မှ အသုံးဝင်တာမို့လို့ သေချာစဉ်းစားပြီးမှသုံးနော်.."

ထိုဆွဲသီးမှာ စုန်းကဝေတွေသုံးသော Teleportation Jewel လို့ခေါ်သော ဆွဲသီးဖြစ်လေသည်။ ထိုဆွဲကြိုးမှ ပယင်းကျောက်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး မိမိသွားလိုတဲ့နေရာကို စိတ်မှန်းဖြင့်ရေရွတ်လိုက်ပါက ထိုနေရာကို ချက်ချင်းရောက်သွားနိုင်သော ဆွဲသီးဖြစ်လေသည်။

အေဗာ ခေါင်းထပ်ငြိမ့်ပြလိုက်သောအခါ.. နိကိုလပ်စ်က အားပေးပြုံးဖြင့် အေဗာ့ကိုပြုံးပြလိုက်ပြီး အေဗာ့ရဲ့ ဝမ်းဗိုက်ကို လက်ဖြင့် နူးညံ့စွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလေသည်။

"တကယ်လို့များ ကိုယ်တစ်ခုခုဖြစ်သွားခဲ့ရင် ကလေးလေးကို သေချာစောင့်ရှောက်နော်.."

"တောင်းပန်ပါတယ်..အဲ့ဒီလို နမိတ်မရှိတဲ့စကားတွေ မပြောပါနဲ့ နစ်ခ်ရယ်.. ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါ.."

အေဗာက အထိတ်တလန့်ငြင်းဆန်သောအခါတွင် နိကိုလပ်စ်သည် အေဗာရဲ့ လက်နှစ်ဖက်ကို သူရဲ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ရင်ဘတ်တွင် ကပ်လိုက်သည်။ ထို့နောက် လေးနက်စွာဖြင့် ပြောသည် ။

"ကိုယ့်ကိုကိုယ်ဘာမှမဖြစ်အောင် သေချာဂရုစိုက်ပါ... မင်းအန္တရာယ်ကင်းမှ ကလေးလေးလည်း အန္တရာယ်ကင်းမှာ.. ဘယ်လိုနည်းနဲ့မှ မားကပ်စ်တို့လက်ထဲကို အရောက်မခံပါနဲ့.. ကိုယ်တို့ရဲ့ ကလေးလေးကို ဒီအတိုင်းအေးချမ်းပျော်ရွှင်တဲ့ ဘဝလေးကိုဘဲ ဖြတ်သန်းပါစေနော်.."

နိကိုလပ်စ်ရဲ့ စကားတွေက အေဗာ့ကို နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းအတွက် မှာတမ်းခြွေနေသလိုပင်ဖြစ်နေသည်။ အေဗာကိုယ်တိုင်လည်း ချစ်ရသူကို စိတ်မချပါ။ ဒါပေမယ့်လည်း မိခင်တစ်ယောက်အနေနဲ့ ရင်သွေးကို ကာကွယ်နိုင်ဖို့ စိတ်ဓာတ်ကြံခိုင်နေဖို့လိုအပ်သည်။ နိကိုလပ်စ်သည်လည်း ကလေးလေး အန္တရာယ်ကင်းဖို့ကို အလိုရှိနေတာမို့။

"အတတ်နိုင်ဆုံးဂရုစိုက်ပါ နစ်ခ်ရယ်.. အေဗာ့အတွက်လည်းစိတ်ချပါ.. ကလေးလေးကို ဘာမှမဖြစ်စေရအောင် ကြိုးစားမှာပါ..."

အေဗာ့က ကတိပေးလိုက်သောအခါ နိကိုလပ်စ် ကျေနပ်သွားဟန်တစ်ချက်ပြုံးလိုက်ပြီး အေဗာ့ရဲ့ နှဖူးပြင်ကိုတစ်ချက်နမ်းရှိုက်လိုက်ကာ

"ကိုယ်သွားတော့မယ်နော်...ဒီမှာဘဲစောင့်နေ.. မနက်မိုးလင်းလို့မှ ကိုယ်ပြန်မရောက်လာဘူးဆိုရင် မင်းးလုံခြုံတဲ့ တစ်နေရာကို သွားလိိုက်နော်.. ကိုယ်မင်းကို မရရအောင်ပြန်လိုက်ရှာမယ်..ဟုတ်ပြီလား"

ဟုပြောလိုက်လေသည်။

အေဗာမျက်ရည်များကြားမှခေါင်းငြိမ့်ပြလိုက်သောအခါ နိကိုလပ်စ်က အေဗာထိုင်နေသော သစ်ကိုုင်းကြီးကို လက်ဖြင့်ပုတ်လိုက်လေသည်။ ထိုအခါ ညောင်ပင်ကြီးက သစ်ကိုင်းတွေဟာ အေဗာ သက်တောင့်သက်သာ ထိုင်နေနိုင်သော ပုံသဏ္ဌန်ကိုပြောင်းလဲသွားပြီး ညောင်ပင်ထိပ်ဖျားဆီသို့ အေဗာ့ကိုပါ ခေါ်တင်ကာ တက်သွားလေတော့သည်။

အေဗာသည် မျက်ရည်များကြားမှ အားတင်းပြုံးပြရင်း ညောင်ပင်အပေါ်ကို လိုက်သွားလေတော့သည်။ နိကိုလပ်စ်ကို ဆွဲကိုင်ထားသော လက်တို့ကို ဆွဲဖြုတ်ရသည်မှာ ဒီတစ်ခါ အခက်ခဲဆုံးဖြစ်သည်။ အနာကျင်ရဆုံးဖြစ်သည်။ အဆုံးတွင် ဘာရှိမှန်းမသိသော အန္တရာယ်စက်ကွင်းတစ်ခုက နိကိုလပ်စ်နှင့် အေဗာတို့ချစ်သူနှစ်ဦးကို စောင့်ကြိုနေသည်လေ။

အေဗာ့့ ညောင်ပင်အပေါ်ကိုရောက်တော့ သစ်ရွက်တွေက အေဗာ့ကိုယ်ကို သစ်ရွက်များကြား သစ်ကိုင်းများကြားတွင် ပျောက်သွားပြီး ပတ်ဝန်းကျင်က မည်သူမှမမြင်နိုင်အောင် ဖုံးအုပ်လိုက်သည်။

မြေပြင်ပေါ်တွင်ကျန်ခဲ့သော နိကိုလပ်စ်မှာ အေဗာ့အတွက်ပိုမိုစိတ်ချရစေရန် သစ်ပင်ပေါ်မှအေဗာနှင့် ဗိုက်ထဲက ကလေးလေးကိုပါ မားကပ်စ်တို့အာရုံမခံနိုင်စေရန် အစီအရင်များ ကိုခပ်မြန်မြန်ပြုလုပ်ပေးလိုက်လေတော့သည်။

နောက်ကထင်းရူးတောဘက်ဆီမှ မီးတုတ်များရဲ့အလင်းရောင် တစ်စွန်းတစ်စတို့နှင့် လူသံတွေကို ကြားနေရပြီဖြစ်သဖြင့် မားကပ်စ်သို့ အနားကိုရောက်လာပြီဆိုတာကို သိလိုက်လေသည်။ နိကိုလပ်စ် အခုပြေးမှဖြစ်တော့သည်။

ထို့ကြောင့် ညောင်ပင်ပေါ်မှ ငုံကြည့်နေသော အေဗာ့ကို တစ်ချက်မော့ကြည့်ကာ ပြုံးပြလိုက်ပြီး တောအုပ်အနောက်ဖက်ကိုပြေးထွက်သွားပါတော့သည်။

အေဗာကလည်း ပြေးထွက်သွားသော နိကိုလပ်စ်ကို စိတ်မချနိုင်စွာ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိလေသည်။

မားကပ်စ်နှင့် ဂျွန်ဦးဆောင်သော စုန်းကဝေတွေဟာ အေဗာရှိနေသော ညောင်ပင်အောက်နားကိုရောက်နေပြီဖြစ်သည်။

သို့သော် နိကိုလပ်စ်က အေဗာနှင့် ကလေးလေးရဲ့ ကြယ်စွမ်းအင်တွေကို မမြင်နိုင်အောင် ပြုလုပ်ထားခဲ့တာကြောင့် မားကပ်စ်တို့သည် အေဗာကိုအာရုံခံလို့မရပေ။

ထိုစဉ် အနောက်ဘက်ကို ထွက်ပြေးသွားသော နိကိုလပ်စ်မှာ နောက်ပြန်ဆုတ်ရင်း တရွေ့ရွေ့ပြန်လာနေတာကိုတွေ့လိုက််ရလေသည်။ မျက်လုံးတွေက ထိတ်လန့်ခြင်းတွေ မရှိသော်လည်း တုန်လှုပ်ခြင်းတွေတော့ ရှိနေသည်။

မျက်နှာချင်းဆိုင် တောအုပ်အနောက်ဘက်က နိကိုလပ်စ်နောက်တွင် ကပ်ပါလာသူက သမန်းဝံပုလွေ(Werewolves) များ။ လပြည့်ညဖြစ်တာကြောင့် အသွင်ပြောင်း သမန်းဝံပုလွေတွေအုပ်လိုက် လိုက်လာကြတာဖြစ်သည်။

နိကိုလပ်စ်မှာ ရှေ့က သမန်းဝံပုလွေများနှင့် နောက်ကလိုက်လာကြသော စုန်းကဝေများကြားတွင် ကြားညပ်ပိတ်မိနေပြီဖြစ်သည်။

အေဗာရှိနေသော ညောင်ပင်ကြီးရဲ့ မလှမ်းမကမ်းတွင် နိကိုလပ်စ်မှာ ပြေးပေါက်မရှိ ပိတ်မိနေပြီဖြစ်သည်ကို အေဗာ ညောင်ပင်ပေါ်ကနေ စိတ်ပူစွာလှမ်းမြင်နေရသည်။ သို့သော် အေဗာ အသံလည်း မထွက်ရဲ၊ လှုပ်လည်းမလှုပ်ရှားရဲပေ။

မျက်ရည်များ တားဆီးမရ စီးကျလျက်ကပင် ထိုထိတ်လန့်ဖွယ်မြင်ကွင်းကိုကြည့်နေရသည်။ နိကိုလပ်စ်မှာ ဘယ်လောက်ဘဲ စွမ်းအားကြီးတဲ့ စုန်းကဝေတစ်ယောက်ဖြစ်နေပါစေ စုန်းကဝေခေါင်းဆောင်ဖြစ်သော မားကပ်စ်နှင့် သမန်းဝံပုလွေတွေကိုတော့ ဘယ်လိုမှတစ်ယောက်တည်း ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို အေဗာကောင်းကောင်းနားလည်နေတာကြောင့်ပါ။

မြေပြင်ပေါ်တွင်တော့ ပြေးပေါက်ပိတ်နေပြီဖြစ်သော နိကိုလပ်ကို သမန်းဝံပုလွေတွေနှင့် စုန်းကဝေတွေက ၀ိုင်းထားလိုက်သည်။ သမန်းဝံပုလွေတွေက နိကိုလပ်စ်ကို ၀ိုင်းထားကြကာ မန်ဖီနေကြရင်း စုန်းကဝေတွေဆီက အမိန့်ကို စောင့်နေကြလေသည်။

"အေဗာ ဘယ်မှာလဲ နစ်ခ်.. မင်းသူ့ကို ဘယ်မှာ ဝှက်ထားလိုက်ပြီလဲ.."

ရှေ့ဆုံးတွင်ရပ်နေသော ဂျွန်ကမေးသောအခါ နိကိုလပ်စ်က မျက်နှာကိုတည်ငြိမ်အောင်ထားလိုက်ရင်းကပင် ခေါင်းခါပြလိုက်သည်။ လာသမျှအန္တရာယ်ကို ရင်ဆိုင်မယ်လို့့ ဆုံးဖြတ်ထားဟန် အသင့်အနေအထားဖြင့်။

နိကိုလပ်စ်နှင့် ၈ျွန်က ငယ်စဉ်ကတည်းက မားကပ်စ်ဘေးတွင် ညာလက်ရုံး ဘယ်လက်ရုံးအဖြစ်နဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ပြီး မှော်ပညာတွေကို လေ့ကျင့်ခဲ့ကြတာကြောင့် အလွန်ခင်မင်ခဲ့ကြသော သူငယ်ချင်းတွေဖြစ်လေသည်။ ဒါကြောင့် ဂျွန်သည်လည်း နိကိုလပ်စ်နှင့် အေဗာတို့ကို ဒုက္ခမရောက်စေချင်ပါ။

ဒါကြောင့် နောက်တစ်ခေါက် ဖျောင်းဖျကြည့်လေသည်။

"မင်းဒီလိုလုပ်လို့ မင်းအတွက်ရော အေဗာ့အတွက်ရော ဘာအကျိုးမှမရှိဘူးသူငယ်ချင်း.. ခေါင်းမမာပါနဲ့ .."

နိကိုလပ်စ်က ခေါင်းကို အကြိမ်ကြိမ်အခါခါ ရမ်းပြရင်းမှပင် ပြောလေသည်။

"လူ့လောကထဲတောင် မရောက်ရသေးဘဲ ငါ့ကလေးကို အရှင်လတ်လတ်နှလုံးကိုခွဲထုတ်ဖို့ ကြံစည်နေတဲ့ မင်းတို့လက်ထဲကို လုံးဝထည့်မပေးနိုင်ဘူး ဂျွန်.. ငါ့ကိုသတ်ရင်သတ်ပစ်လိုက်.. အေဗာ့ကိုရော ကလေးကိုရော ငါရအောင်ကာကွယ်မှာ..."

နိကိုလပ်စ်ရဲ့ ခိုင်မာပြတ်သားသော ငြင်းပယ်စကားတို့ကြောင့် ဂျွန်ရဲ့ နောက်တွင်ရပ်နေသော မားကပ်စ်က ရှေ့ကိုထွက်လာကာ ပြောလေသည်။

"မင်းတစ်ယောက်ထဲအားနဲ့ ငါတို့လက်ထဲက လွတ်အောင်ပြေးနိုင်မယ်ထင်လို့လား.. လွတ်အောင်ပြေးနိုင်တယ်ထားဦး ငါတို့ရှာမတွေ့အောင် ဘယ်လောက်ထိ ပုန်းနေနိုင်မှာမို့လို့လဲ.. အေဗာ့ဗိုက်ထဲမှာရှိတဲ့ ကလေးလေးရဲ့ ကြယ်စွမ်းအင်တွေ အင်အားများလာတဲ့အချိန်ရောက်ရင် မင်းငရဲမှာ သွားဝှက်ထားရင်တောင် မရတော့ဘူး.."

"မရလည်းရအောင် ဝှက်ထားမှာဘဲ.. ခင်ဗျားတို့လက်ထဲကိုတော့ လုံးဝကလေးကို ထည့်မပေးနိုင်ဘူး.. ဘယ်လိုမှဝှက်ထားလို့မရဘူးဆိုရင်လည်း စုန်းကဝေတစ်မျိုးနွယ်လုံးကို ဖျက်ဆီးပစ်ပြီးတော့ကို ကာကွယ်မှာ.."

နိကိုလပ်စ်ရဲ့ စကားကြောင့် မားကပ်စ်က တဟားဟားပင်အော်ရယ်လေတော့သည်။

"မင်းလည်း စုန်းကဝေတစ်ယောက်ဆိုတာကို သတိထားဦးလေ.. မင်းတစ်ယောက်တည်းအားနဲ့ ငါတို့ကိုဖျက်ဆီးမယ်ဆိုတာဖြစ်နိုင်လို့လား နိကိုလပ်စ်.. မင်းက ငါ့ရဲ့ သားလိုတပည့်လိုဖြစ်နေတာမို့လို့ နောက်ဆုံးအခွင့်အရေးပေးမယ်.. အေဗာ့ကို ထုတ်ပေးပါ..ဒါဆိုရင် မင်းကိုရော အေဗာ့ကိုရော အသက်ကိုချမ်းသာပေးမယ်..မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့တော့"

မားကပ်စ်ရဲ့ နောက်ဆုံးခြိမ်းခြောက်စကားသည်ပင် နိကိုလပ်စ်ကို မတုန်လှုပ်စေပါ။ သူသေချင်သေသွားပါစေ အေဗာနှင့်ကလေးလေး အထူးသဖြင့် ကလေးလေး ဘာဆိုဘာမှမဖြစ်စေဖို့ကိုသာ အလိုရှိတာကြောင့်။

နိကိုလပ်စ်ရဲ့ မျက်နှာအနေအထားကိုကြည့်ကာ မားကပ်စ်ဘယ်လိုမှ အနုနည်းနှင့်ဆွေးနွေးကြည့်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို နားလည်လိုက်ပြီဖြစ်သည်။ ဒါကြောင့် ဘေးတွင်ရပ်နေသော ဂျွန်ကို ခေါင်းငြိမ့်အချက်ပြလိုက်လေတော့သည်။

ဂျွန် သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းသော်လည်း မျိုးနွယ်စု အရှင်သခင်ရဲ့ အမိန့်ကိုလည်း မလွန်ဆန်ဝံ့တာကြောင့် နောက်မှာရှိသော စုန်းကဝေတွေနှင့်ရှေ့တွင် အမိန့်ကိုစောင့်နေကြသော သမန်းဝံပုလွေတွေကို ပြောလိုက်သည်။

"နိကိုလပ်စ်ကို ရအောင်ဖမ်းကြ... မင်းတို့က ဒီတောထဲမှာဘဲ အေဗာကိုလိုက်ရှာကြ ဒီအနီးနားမှာဘဲရှိနေမှာ ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး.."

ဂျွန်ရဲ့ အမိန့်သံအဆုံး စုန်းကဝေတစ်ချို့နှင့် သမန်းဝံပုလွေတစ်ချို့က အေဗာ့ကိုရှာဖွေရန်တောထဲကို ထွက်သွားကြပြီး ကျန်လူတွေကတော့ နိကိုလပ်စ်ကို လက်ရဖမ်းရန် နိကိုလပ်စ်အနားကို တိုးကပ်လာကြလေသည်။

ထိုမြင်ကွင်းကို အစအဆုံးထိတ်လန့်စွာကြည့်နေရသူက ညောင်ပင်ပေါ်တွင်ရှိနေသော အေဗာ။

ဒီအတိုင်းသာဆိုရင် နိကိုလပ်စ်ရဲ့ အသက်ကို လုံးဝအာမခံနိုင်တော့မှာ မဟုတ်။ ရင်ဘတ်တစ်နေရာက နာကျင်လာမှုတစ်ခုနှင့်အတူ မျက်လုံးတို့မှ တဖွဲဖွဲ ကျဆင်းလာသော မျက်ရည်တို့ကို လျစ်လျူရှူလိုက်ပြီး စိတ်ကို တင်းနိုင်သမျှတင်းထားလိုက်သည်။ နိကိုလပ်စ်မရှိတော့ရင်တော့ မိမိက ရှိနေရမည်။ ရင်သွေးလေးကို ကာကွယ်နိုင်ရမည်လေ။

အောက်တွင်တော့ သမန်းဝံပုလွေတွေနှင့် စုန်းကဝေတို့သည် နိကိုလပ်စ်အနားကို ဖြေးဖြေးချင်းတိုးသွားနေကြပြီဖြစ်သည်။

သမန်းဝံပုလွေတစ်ကောင်သည် နိကိုလပ်အနားကို ခုန်အုပ်လိုက်သည်။ သို့သော်လည်း နိကိုလပ်စ်ရဲ့ လက်မှ အပြာရောင်မီးတောက်များထွက်လာကာ အနားကို ခုန်အုပ်လိုက်သော သမန်းဝံပုလွေကို မီးတောက်များဖြင့်ပစ်လိုက်ရာ ထိုသမန်းဝံပုလွေရဲ့ ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းပြာကျသွားလေတော့သည်။

ထို့နောက် စုန်းကဝေတစ်ယောက်က ဂါထာတစ်ခုကိုရွတ်ဖတ်ရင်း နိကိုလပ်စ်ကို သွေးကြောများထဲကို အဆိပ်သင့်အောင်လုပ်ရန်ကြိုးပမ်းပြန်လေသည်။ နိကိုလပ်စ်ရဲ့ ခန္ဓာကိုယ်တွင်သွေးကြော အနက်ရောင်များပေါ်လာသော်လည််း နောက်တော့ ချက်ချင်းပြန်ပျောက်သွားလေတော့သည်။

ထို့နောက် နိကိုလပ်စ်ရဲ့ မျက်လုံးများမှာ မီးတောက်ကဲ့သို့ အရောင်တွေတောက်လာပြီး ထိုစုန်းကဝေကို မီးတောက်များဖြင့် ပစ်လိုက်ပြန်လေတော့သည်။

နောက်ထပ်လည်း ဘယ်သူမှ နိကိုလပ်စ်ကို ထိခိုက်အောင်မလုပ်နိုင်။ နိကိုလပ်စ်သည် ပြင်းပြင်းထန်ထန် ခုခံနေလေသည်။

ဂျွန်သည်လည်း နိကိုလပ်စ်ကို တိုက်ခိုက်ဖို့ ရှေ့တိုးသွားသော်လည်း သူငယ်ချင်းဖြစ်သူနှင့် ယှဉ်ပြိုင်လိုစိတ်ရှိမနေတာကြောင့် အခက်တွေ့နေသော မျက်နှာဖြင့် သခင်ဖြစ်သူ မားကပ်စ်ကို လှည့်ကြည့်လေသည်။

စွမ်းအားကြီးလှသော နိကိုလပ်စ်ကို မိမိမှတစ်ပါး ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုတာကို မားကပ်စ်သဘောပေါက်လိုက်သည်။ ထိို့ကြောင့် မားကပ်စ်သည် သမန်းဝံပုလွေများနှင့် စုန်းကဝေများကို တိုက်ခိုက်နေသော နိကိုလပ်စ်အနားကို တိုးကပ်သွားလေသည်။

မားကပ်စ်က လက်ဖဝါးနှစ်ဖက်ကို ပက်လက်လှန်လိုက်သောအခါ မီးတောက်များထွက်လာပြီး နိကိုလပ်ရှေ့ကိုတိုးလိုက်ကာ ဂါထာရွတ်ဖတ်လိုက်လေသည်။

နိကိုလပ်စ်မှာ ရုတ်တရတ် အသက်ရှူကြပ်လာသလိုဖြစ်ကာ ကိုယ်တွင်းကလိစာတွေကို လက်ဖြင့်ဆွဲညှစ်နေသလို ခံစားလာရပြီဖြစ်သည်။

မားကပ်စ်သည် နိကိုလပ်ကို အောက်လမ်းမှော်ပညာ(witchcraft) သုံးပြီး နိကိုလပ်စ်ကို ထွက်မပြေးနိုင်အောင်လုပ်ရန်ကြိုးစားနေတာဖြစ်သည်။

နိကိုလပ်စ်သည်လည်း စွမ်းအားကြီးသော စုန်းကဝေတစ်ယောက် ဖြစ်သော်လည်း စုန်းကဝေခေါင်းဆောင်ဖြစ်သော မားကပ်စ်ကို မယှဉ်နိုင်ပေ။

ဒါကြောင့် နိကိုလပ်စ်ကြိုးစားကာအံတုရင်း ပြန်လည်တိုက်ခိုက်ရန်ကြိုးပမ်းပါသော်လည််း မအောင်မြင်ပေ။

ခန္ဓာကိုယ်အတွင်းက ဆိုးရွားလှသောနာကျင်မှုကြောင့် နိကိုလပ်စ်မှာ အားအင်တွေ အကုန်ကုန်ခမ်းသွားသလိုဖြစ်ကာ မှော်အစွမ်းတွေကိုလည်း ထိရောက်စွာ ထုတ်မသုံးနိုင်တော့သော အခြေအနေကိုရောက်လာလေတော့သည်။

ထို့နောက် နိကိုလပ်စ်ရဲ့မျက်နှာမှာဖြူဆုတ်လာကာ အားအင်တွေလည်း ကုန်ခမ်းသွားပြီး မြေပေါ်ကို ဒူးထောက်ကျသွားလေသည်။

ခေါင်းဆောင်ဖြစ်သော မားကပ်စ်ကို နိကိုလပ်စ် မယှဉ်နို်င်သည်မှာ အဆန်းမဟုတ်ပေ။

နိကိုလပ်စ်ဒူးထောက်ကျသွားအခါ နောက်မှ သမန်းဝံပုလွေနှစ်ကောင်သည် လူပုံစံကိုပြောင်းလိုက်ပြီး ဒူးထောက်ကျနေသော နိကိုလပ်စ်ရဲ့ လက်မောင်းတစ်ဖက်တစ်ချက်ကို ဆွဲချုပ်လိုက်လေသည်။

မှော်အစွမ်းထုတ်သုံးနိုင်ခြင်း မရှိတော့သည်က တစ်ကြောင်း ခွန်အားကြီးလှသော သမန်းဝံပုလွေများလက်မှ မရုန်းနိုင်တာက တစ်ကြောင်းမို့ နိကိုလပ်စ်တစ်ယောက် ငြိမ်သက်သွားရလေပြီဖြစ်လေသည်။ သို့သော် မော့ကြည့်သော မျက်လုံးများကတော့ အရှုံးပေးခြင်းမရှိိ လက်လျှော့ခြင်းမရှိ ဘဲ အားမန်အပြည့်နှင့် တဖျတ်ဖျတ်တောက်လျက်ရှိလေသည်။

ထို့နောက် မားကပ်စ်သည် နိကိုလပ်စ်ရဲ့ အနားကိုတိုးကပ်လာကာ လည်ပင်းကို အားဖြင့် ဆုပ်ကိုင်လိုက်လေသည်။ မှော်အစွမ်းကိုပါသုံးလိုက်တာကြောင့် နိကိုလပ်စ်မှာ လည်ပင်းနားတွင် အစိမ်းရောင်အငွေ့များ ထွက်လာကာ အသက်ရူမဝဖြစ်လာပြီး ပါးစပ်တွေပါ ပွင့်ဟလာသည့်အပြင် တအစ်အစ်အသံတွေပါ ထွက်လာတော့သည်။

"သ..သခင်.. စိတ်လျှော့ပါ.. လက်လွန်လို့မဖြစ်ဘူး.. အေဗာဘယ်မှာရှိတယ်ဆိုတာ..အခုထိမသိရသေးဘူး.."

နောက်မှရပ်ကာ ကြည့်နေသော ဂျွန်က မနေနိုင်တော့သဖြင့် ဝင်တားရလေပြီဖြစ်သည်။

ထိုအခါကျမှပင် မားကပ်စ်သည် ဆုပ်ကိုင်ထားတာကို လွှတ်ပေးလိုက်ကာ နိကိုလပ်စ်ရဲ့မျက်လုံးများကို သေချာစိုက်ကြည့်လိုက်ပြီးပြောလေသည်။

"နောက်ဆုံးတစ်ခေါက် မင်းကိုမေးမယ် နိကိုလပ်စ်.... အေဗာဘယ်မှာလဲ.."

"မပြောဘူး.. သတ်ချင်သတ်ပစ်လိုက်..."

နိကိုလပ်စ်ရဲ့ မထီမဲ့မြင်ပုံစံက မားကပ်စ်ရဲ့ သည်းခံနိုင်စွမ်းတွေကို ပျောက်ဆုံးစေကာ ဒေါသစိတ်တွေ လူသတ်ချင်စိတ်တွေကို အစားထိုးဝင်ရောက်လာစေသည်။

သတ်ပစ်လိုက်ဆိုတော့လည်း သတ်ပစ်လိုက််ရတော့မှာပေါ့။

စိတ်မထိန်းနိုင်တော့သာ မားကပ်စ်မှာ ခါးမှချိတ်ထားသော ဓားမြှောင်ကို ထုတ်ယူလိုက်ကာ နိကိုလပ်စ်ရဲ့ ရင်ဝကိုထိုးစိုက်လိုက်လေတော့သည်။

"နစ်ခ်..............."

နိကိုလပ်စ်ရင်ဝမှ သွေးတွေ ပန်းထွက်လာခြင်းနှင့်အတူ ထိုမြင်ကွင်းကိုမြင်လိုက်ရသော သစ်ပင်ပေါ်မှအေဗာမှာလည်း စိတ်ကိုထိန်းထားသည့်ကြားမှပင် အသံထွက်လိုက်မိလေတော့သည်။

နိကိုလပ်စ်ကတော့ ဓားဒဏ်ရာကြောင့် လဲကျသွားရာမှ ပြန်မထနိုင်တော့။ မားကပ်စ်ရဲ့ ဓားချက်ဆိုရင် အသက်ပါပါသွားမှာဆိုတာကို သေချာသိနေလေသည်။

"နိကိုလပ်စ်ရဲ့ အလောင်းကို တစ်နေရာကိုယူသွားပြီး မြေမြှုပ်လိုက်.."

နိကိုလပ်စ်က အမိန့်ပေးလိုက်လေသည်။

ချစ်သူဖြစ်သူ မျက်စိရှေ့မှာ ဓားထိုးခံလိုက်ရပြီး အသက်ပျောက်သွားတာကို မြင်လိုက်ရတာ ကြောင့် အေဗာဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ အသံထွက်လိုက်မိတာဖြစ်လေသည်။ သွေးတွေ ပန်းထွက်ကာ လဲကျသွားသော နိကိုလပ်စ်ရဲ့ပုံစံက အေဗာ့မျက်လုံးထဲက မထွက်နိုင်ပေ။ ရင်ထဲက ဝမ်းနည်နာကျင်မှုနှင့် အတူ စီးကျလာသော မျက်ရည်များနှင့် ရှိုက်သံတို့ကို တားဆီးနိုင်ခြင်းငှာ မစွမ်းသာတော့။

ပါးစပ်ကိုပိတ်ထားလိုက်ကာ အေဗာ အသံမထွက်နိုင်အောင်ကြိုးစားကာ ရှိုက်ငိုမိလေတော့သည်။

အေဗာ အသံထွက်လိုက်မိတာကြောင့် အေဗာ့အသံကိုကြားသွားသော မြေပေါ်ရှိလူတွေအားလုံးက ပတ်ဝန်းကျင်ကို ကျီးကန်တောင်မှောက် လိုက်ကြည့်လိုက်မိလေတော့သည်။

"အေဗာ့အသံဘဲ... ဒါဆိုဒီနားမှာဘဲရှိမှာ.. နိကိုလပ်စ်က Spell သုံးပြီး မမြင်နိုင်အောင်လုပ်ထားတာဘဲနေမှာ... လိုက်ရှာကြည့်ကြစမ်း.."

မားကပ်စ်ရဲ့ စကားကိုကြားလိုက်ရသော အေဗာမှာ အကြီးအကျယ် ထိတ်လန့်သွားလေတော့သည်။ မိမိပါးစပ်ကိုမိမိ အသံမထွက်နိုင်အောင် ထပ်ပိတ်လိုက်မိလေတော့သည်။

စုန်းကဝေတွေရော သမန်းဝံပုလွေတွေရော သစ်ပင်ကြီးတွေ ရှိသော ချိုင့်ဝှမ်းကို ဖြန့်ကျဲကာ နေရာလပ်မကျန်အောင် အေဗာ့ကိုလိုက်ရှာနေကြပြီဖြစ်လေသည်။

"အသံက အပေါ်ဘက်ကကြားရတာ.. ဒီအပင်ကြီးတွေတစ်ပင်ရဲ့ အပေါ်မှာရှိနေမှာ သေချာတယ်... Spell သုံးထားတဲ့အရိပ်အရောင်ရှိတဲ့ အပင်ပေါ်မှာ သေချာပေါက်ရှိနေမှာ.. သေချာလိိုက်ရှာကြစမ်း.."

"ဟုတ်ကဲ့ပါသခင်..."

မားကပ်စ်အပါအဝင်လူတွေအားလုံးသည် ညောင်ပင်ကြီးတွေ တစ်ပင်တိုင်းဆီကိုလိုက်ကြည့်ကာ Spell သုံးထား မထားကိုလိုက်ပြီးကြည့်နေကြလေသည်။

နောက်ဆုံးမားကပ်စ်သည် အေဗာရှိနေရာ ညောင်ပင်အောက်ကို ရောက်လာပြီဖြစ်လေသည်။

အေဗာ ခြေဖျားလက်ဖျားတွေအေးစက်ကာ နှုတ်ခမ်းတွေပါ တဆတ်ဆတ်တုန်အောင် ကြောက်လန့်နေမိလေသ ည်။

မဖြစ်..မိမိကိုရှာတွေ့သွားလို့မဖြစ်။ ဘယ်နည်းနဲ့မှရှာတွေ့သွားလို့မဖြစ်ပေ။

မားကပ်စ်သည် အေဗာရှိနေသော ညောင်ပင်မှာ နိကိုလပ်စ်လုပ်ထားခဲ့တဲ့အစီအရင်တွေကို အာရုံခံမိသွားပြီဖြစ်လေသည်။

မားကပ်စ်ရဲ့ လက်မှ အစိမ်းရောင်အလင်းတန်းများထွက်လာကာ ညောင်ပင်ကြီးကို ထိလိုက်သောအခါ ချက်ချင်းပင် နိကိုလပ်စ်ရဲ့ အကာအကွယ်တွေက ဖြေးဖြေးချင်းပင် ပျောက်ကွယ်သွားကာ သစ်ရွက်များကြားမှာ ကွယ်ပျောက်နေသော အေဗာကို လှမ်းမြင်လိုက်ရပြီဖြစ်လေသည်။

မားကပ်စ်က အေဗာ့ကိုမြင်သောအခါ ကျေနပ်သွားဟန်ဖြင့် နှုတ်ခမ်းကို တွန့်ရုံလေးပြုံးလိုက်ပြီးနောက်ပြောလေသည်။

"ငါတို့လက်ထဲက လုံးဝပြေးလိို့မလွတ်နိုင်ဘူးဆိုတာ သဘောပေါက်ဖို့ကောင်းနေပြီအေဗာ..နိကိုလပ်စ်ကတော့ ခေါင်းမာလို့အသက်ပါသွားပြီ.. မင်းလည်းခေါင်းမမာသင့်တော့ဘူး.. အေးအေးဆေးဆေး လိုက်ခဲ့တော့.."

"ဟင်အင်း..မလိုက်ဘူး.. လုံးဝမလိုက်ဘူး.. ကျွန်မကလေးကို ရှင်တို့လိုလူတွေ လက်ထဲမထည့်ဘူး.."

နိကိုလပ်စ်နဲ့ တစ်လေသံတည်းလာပြောနေသော အေဗာ့ကို မားကပ်စ် စိတ်မရှည်တော့။ ဒါကြောင့် အေဗာရှိနေသော သစ်ပင်ကိုနောက်တစ်ခေါက် ပုတ်လိုက်သောအခါ အေဗာ့ကိုတင်ထားသော သစ်ကိုင်းကြီးမှာ မြေပြင်ပေါ်ကို ဖြေးဖြေးချင်းဆင်းလာလေတော့သည်။

အေဗာ လည်ပင်က ဆွဲကြိုးမှဆွဲသီးကို ကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်ကာ စဉ်းစားမိလေသည်။ ဒီအတိုင်းဆိုရင်တော့ ဘယ်လိုမှပြေးလို့လွတ်နိုင်မှာ မဟုတ်တော့။

နိကိုလပ်စ်မှာသွားတဲ့အတိုင်း ဒီပယင်းကျောက်ကို ထုတ်သုံးမှကိုဖြစ်တော့မည်.. တကယ့်ကိုအရေးကြုံမှသုံးပါလို့မှာသွားပေမယ့်လည်း ..အခုအခြေအနေက တကယ့်ကို အရေးကြုံနေရတဲ့အခြေအနေတစ်ခု မဟုတ်ပါလား။

အေဗာ သစ်ကိုင်းပေါ်မှတဆင့် မြေပြင်ပေါ်ကို တဖြေးဖြေးရောက်တော့မှာဖြစ်သည်။

စုန်းကဝေများကလည်း အေဗာ မြေပြင်ပေါ်ရောက်တာနဲ့ ဖမ်းကြဖို့ အနားကို ကပ်လာကြပြီဖြစ်သည်။

ထိုအချိန်မှာပင် အေဗာသည် နိကိုလပ်စ်ပေးထားခဲ့သော လည်ပင်းက ဆွဲကြိုးမှ ပယင်းကျောက်ကို ဆုပ်ကိုင်လိုက်ကာ ရင်ဘတ်နားတွင်ကပ်လိုက်သည်။

ထို့နောက် မျက်လုံးများကို မှတ်လိုက်ကာ

"Avalon" ( အယ်ဗာလုံ) ဟုခပ်တိုးတိုးရေရွတ်လိုက်လေတော့သည်။

ထိုကျောက်ကို မြင်တာနဲ့ မားကပ်စ်ကော ဂျွန်ကော မျက်လုံးပြူးသွားကြလေပြီ။

"ဒီ...ဒီဆွဲကြိုး... အေဗာ့ကိုမြန်မြန်ဖမ်းကြစမ်း.."

မားကပ်စ်စကားအဆုံး လူတွေအားလုံး အေဗာ့ကို ဖမ်းချုပ်ရန် အနားကိုပြေးသွားကြပါသော်လည်း နောက်ကျသွားလေပြီ။

ပယင်းကျောက်ကိုကိုင်ထားရင်း မျက်လုံးများကို မှတ်နေသော အေဗာရဲ့ ခန္ဓာကိုယ်အနီးတွင် ပိုးစုန်းကြူးမီးရောင်ကဲ့သို့သော အဝါရောင်အလင်းစက်လေးများ ထွက်ပေါ်လာပြီး အေဗာ့့ကို ဝန်းရံလိုက်လေတော့သည်။

ထို့နောက် ထိုအလင်းစက်လေးများက တဖြေးဖြေး ပိုမိုအရောင်တောက်လာပြီနောက် အရောင်စူးရှလာလေတော့သည်။ စူးရှလာမှုကြောင့် မျက်လုံးများကို လက်ဖြင့်ကွယ်လိုက်မိရာကနေတဆင့် အလင်းရောင်များ ပျောက်ကွယ်သွားချိန်တွင်တော့ မြေပြင်ပေါ်ကိုရောက်နေပြီဖြစ်သော သစ်ကိုင်းပေါ်တွင် အေဗာရှိမနေတော့။အစအနပင်မပေါ်အောင် ပျောက်ကွယ်သွားပြီဖြစ်သည်။

မားကပ်စ် သစ်ကိုင်းနားကို အပြေးသွားလိုက်ကာ အေဗာ့ကို အာရုံခံကြည့်လိုက်သော်လည်း မရတော့။ အေဗာ ပယင်းကျောက်ကို သုံးကာ တစ်ခြားနေရာကို ထွက်ပြေးလွတ်မြောက်သွားလေပြီ။

"အား........"

မားကပ်စ်ရဲ့ ဒေါသတကြီး အော်ဟစ်သံ။ဒေါသဖြင့် သစ်ပင်ကြီးကို လက်သီးဖြင့်ထိုးလိုက်မိတာကြောင့် သစ်ပင်ကြီးသည်ပင် မီးတွေ ထတောက်လာလေတော့သည်။

ဂျွန်အပါအဝင် ကျန်လူများအားလုံး ခေါင်းငုံ့ကာ ငြိမ်နေကြရပြီဖြစ်သည်။

ဒေါသတွေ အနည်းငယ်အရှိန်သေသွားပြီးတဲ့ နောက်မှာတော့ မားကပ်စ်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဝတ်ထားသော ငွေရောင်ဝတ်ရုံကို ပုံစံကျအောင် ပြန်လည်ပြုပြင်လိုက်ပြီးတော့ ဂျွန်ကို လှမ်းပြောလိုက်သည်။

"အေဗာ ပြေးနိုင်ရင်တောင် ဘယ်အချိန်ထိပြေးနိုင်မှာ မို့လို့လဲ.. သူ့ကလေးရဲ့ ကြယ်အစွမ်းတွေ များပြီး အင်အားကြီးလာရင် ဘယ်လောက်ဘဲ ဖွက်ထားဖွက်ထား ငါတို့ရအောင်ရှာနိုင်မှာဘဲ... လွယ်ပါတယ်.. အခုတော့ ပြေးနိုင်တုန်း ပြေးထား ပုန်းနိုင်တုန်း ပုန်းထားလိုက်ဦးပေါ့..."

အကြံစည်အပြည့်ရှိနေသော မျက်နှာ ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာဖြင့်ပင် မားကပ်စ်က ပြောလိုက်လေတော့သည်။

ဂျွန်ကတော့ ရှေ့ဆက် ဖြစ်လာမည့် အကြောင်းအရာပေါင်းများစွာတို့ကို ကြိုတွေးကာ စိတ်မောလျက်....။

************************************************************************************

10 years later, in Avalon City.

"...............နောက်ဆုံးတော့ ကြယ်လေးရဲ့အမေက မားကပ်စ်တို့လက်ထဲကနေ ပယင်းကျောက်ကို သုံးပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာပေါ့ကွယ်.. ကဲ.. ပုံပြင်လေးကတော့ ဒါပါဘဲ"

အိပ်ရာပေါ်တွင် လှဲနေသာ ရှိုင််း(Shine) သည် ကုတင်ပေါ်တွင် နောက်မှီထိုင်ကာ မိမိကို ပုံပြင်ပြောပြနေသော မိခင်ဖြစ်သူကို မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်မိသည်။

"ဒီနေ့တော့ နောက်ထပ်ဘာဆက်ဖြစ်သွားလဲဆိုတာကို ဆက်ပြောပြပေးနော် မေမေ.."

ရှိုင်း မျှော်လင့်တကြီး မေးလိုက်မိသောအခါ အေဗာက ရှိုင်းရဲ့ နှဖူးပေါ်တွင်ကျသော ငွေရောင်နှင့် အနက်ရောင်ရောနေသော ဆံနွယ်ပျော့ပျော့လေးတွေကို သပ်တင်ပေးလိုက်ရင်း ပြောလေသည်။

"ပြောပြလို့မရသေးဘူး ကလေးရဲ့ အချိန်တန်ရင် သိရမှာပေါ့.."

ရှိုင်းမျက်နှာလေး ဆူပုတ်ပုတ်ဖြစ်သွားလေသည်။

လူမှန်းစသိတဲ့အရွယ်ကတည်းက ညစဉ်ညတိုင်းပုံပြင်ပြောသောအခါတွင် ကြယ်လေးနဲ့ ထိုကြယ်လေးကိုလိုက်ရှာနေတဲ့ စုန်းကဝေတွေအကြောင်း..၊ ပြီးတော့ ထိုကြယ်လေးရဲ့ အမေနဲ့ အဖေတို့ရဲ့ အချစ်ဇာတ်လမ်း တွေကို အမြဲပြောပြတတ်သည်။ ပြီးတော့လည်း ဘယ်တော့မှပုံပြင်ကိုဆုံးအောင်မပြော။ ကြယ်လေးအမေပျောက်သွားတဲ့နေရာမှတင် အဆုံးသတ်လိုက်မြဲ။ နောက်ပိုင်းဘာဆက်ဖြစ်လဲမေးသော်လည်း အချိန်တန်ရင်သိရမှာပေါ့ ဆိုတာချည်းဘဲပြောနေကြ။

"မေမေ ပြောပြောနေတဲ့ စုန်းကဝေတွေ သမန်းဝံပုလွေတွေ သွေးစုတ်ဖုတ်ကောင်တွေက အပြင်မှာ တကယ်ရှိလို့လား..."

ပုံပြင်ကို အဆုံးထိနားမထောင်လိုက်ရတာကြောင့် မကျေနပ်သေးတဲ့ ရှိုင်းက ထပ်မေးပြန်သည်။

"ရှိတာပေါ့....."

အေဗာ့ရဲ့ အဖြေအဆုံး ရှိုင်းက မျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နောက်တစ်ခု ထပ်မေးပြန်လေသည်။

"ဒါဖြင့် ဘာဖြစ်လို့ သားသူတို့ကို တစ်ခါမှမတွေ့ဖူးရတာလဲ.."

"သူတို့တွေက လူတွေကြားထဲမှာ ရောပြီးနေတော့ မတွေ့ဖူးတာဖြစ်မှာပေါ့ ကလေးရဲ့"

"သူတို့ကို တွေ့ဖူးချင်တယ်... မေမေကော တွေ့ဖူးလားဟင်.."

အေဗာ တစ်ချက်ပြုံးလိုက်ရင်း ပြန်ဖြေသည်။

"တွေ့ဖူးတာပေါ့.."

"ဒါဖြင့် သားလည်း သူတို့ကိုတွေ့ဖူးချင်တယ်.. မေမေတစ်ယောက်လောက်ခေါ်ပြီး သားကိုပြပါလား"

"သူတို့တွေက ကလေးတွေနဲ့ မတွေ့ချင်ဘူးတဲ့.. ဒါကြောင့် ခေါ်ပြလို့မရဘူး.."

"မေမေကလည်း..."

ရှိုင်းတစ်ယောက် ကလေးပီပီမကျေနပ်သော်လည်း ငြိမ်နေလိုက်ရမြဲ။

မကျေမနပ်မျက်နှာလေးနှင့် ငြိမ်သွားရှာသောသားဖြစ်သူကို အေဗာ ချစ်မြတ်နိုးစွာကြည့်လိုက်မိသည်။ ထို့နောက် နံရံမှ တိုင်ကပ်နာရီကိုကြည့်ကာ ပြောလိုက်သည်။

"ကိုးနာရီထိုးပြီ အိပ်ရတော့မယ်.. အိပ်တော့.. ဟုတ်ပြီလား.."

လိမာသော ရှိုင်းကတော့ ခေါင်းငြိမ့်ပြကာ မျက်လုံးများကို မှိတ်လိုက်ပြီးအိပ်ဖို့ကြိုးစားနေပြီဖြစ်သည်။

အေဗာက ရှိုင်းရဲ့ တင်ပါးလေးကို ပုတ်ပုတ်ပေးရင်း အိပ်ပျော်သွားသည်အထိ ထိုင်စောင့်နေမိသည်။ ခဏကြာတော့ အသက်ရူသံမျှင်မျှင်လေးကို ကြားရပြီး ရှိုင်းရဲ့ နှုတ်ခမ်းလေးတွေ ပြုံးယောင်ယောင်ဖြစ်လာတာကို တွေ့လိုက်ရတာကြောင့် ရှိုင်းတစ်ယောက် အိပ်ပျော်သွားပြီဆိုတာကို သိလိုက်သည်။

ရှိုင်းက စမွေးလာကတည်းက အိပ်ပျော်သွားပြီဆိုရင် ဒီလိုဘဲ နှုတ်ခမ်းလေးတွေက ပြုံးယောင်ယောင်ဖြစ်လာမြဲ။ စမွေးကတည်းက မိခင်ကိုဒုက္ခမပေးဘဲ ရှောရှောရူရူမွေးဖွားနိုင်ခဲ့သည့်အပြင် အနေအေးကာ လိမ္မာလှသော ကလေးပါ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သော ရှိုင်းကတော့ အိမ်မက်ထဲတွင် ပျော်စရာတွေ ကြုံနေရလို့လားမသိ.. ပြုံးနေရာကနေ တစ်ချက်တစ်ချက် ပါးချိုင့်လေးတွေ ပေါ်အောင်တောင် ရယ်နေတတ်သေးတာ။

အေဗာတစ်ယောက် ရှိုင်းနှင့်အတူ ကုတင်ပေါ်တွင် လှဲအိပ်နေရာမှ ရှိုင်းကို ရင်ဘတ်ထိလုံအောင် စောင်ခြုံပေးလိုက်ပြီး အခန်းမီးကိုပိတ်လိုက်လေသည်။ထို့နောက် အခန်းတံခါးတွေကို ပိတ်လိုက်ကာ အခန်းထဲရှိမှန်များအားလုံးကိုလည်း အဝတ်ဖြင့် ဖုံးအုပ်လိုက်လေတော့သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ထားရင်း တစ်စုံတစ်ခုသော ဂါထာကိုရွတ်ဆိုနေကာ ရှိုင်းရဲ့ အခန်းပတ်ပတ်လည်ကို စည်းချထားလိုက်လေသည်။

ထို့အပြင် ရှိုင်းအိပ်ပျော်နေသော ကုတင်ပတ်ပတ်လည်ကိုပါ Spell ဖြင့် စည်းချထားလိုက်သည်။

စိတ်ချရသော အခြေအနေရောက်မှပင် အခန်းထဲက စာကြည့်စားပွဲရှေ့လေးတွင် ထိုင်ချကာ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သားဖြစ်သူကို ကြည့်နေလိုက်မိသည်။

ခဏကြာသောအခါ အိပ်ပျော်နေသော ရှိုင်းရဲ့ ခန္ဓာကိုယ်မှ ငွေရောင် အလင်းတန်း အနည်းငယ်တို့ စတင်ထွက်ပေါ်လာလေတော့သည်။

ငွေရောင်အလင်းတန်းများဟာ ခပ်မှိန်မှိန််အနေအထားမှ တဖြေးဖြေးချင်း အလင်းရောင် ပိုမိုတောက်ပလာလေတော့သည်။

ဒီအခြေအနေဟာ ရှိုင်းမွေးကင်းစအရွယ်ကတည်းက အခုဆယ်နှစ်အရွယ်အထိ ညစဉ်ဖြစ်ပျက်နေကြ အဖြစ်အပျက်ပင်ဖြစ်လေသည်။

သန္ဓေသားဘဝမှာတင် အေဗာ့ထံမှကြယ်စွမ်းအင်တွေကို လွဲပြောင်းရယူခဲ့ရတဲ့ ရှိုင်းဟာ မွေးကင်းစအရွယ်ကတည်းက အစွမ်းသတ္တိတွေ ပြနေခဲ့တာဖြစ်လေသည်။

သန့်စင်သော ကြယ်ဖြစ်လာသူ ရှိုင်းမှာ ညတိုင်းအိပ်ပျော်သွားချိန်တွင် ခန္ဓာကိုယ်မှ အလင်းရောင်တွေ လင်းလက်လာမြဲပင်ဖြစ်သည်။

ကြယ်လေးတွေက အရင်ကတည်းက ပျော်နေချိန်ဆိုရင် ခန္ဓာကိုယ်က အရောင်တောက်လာတတ်မြဲဖြစ်တာကြောင့် မိခင်ဖြစ်သူနှင့် အေးချမ်းပျော်ရွှင်စွာ နေရလေသဖြင့် ပျော်ရွှင်နေရသူ ရှိုင်းက အလင်းရောင်တွေ တောက်လာတယ်ဆိုတာ အဆန်းတော့ မဟုတ်ပေ။

သို့သော်လည်း အလင်းရောင်တွေ တစ်ခါထွက်လာတိုင်း မားကပ်စ်တို့ စုန်းကဝေတွေ ရှိုင်းဆီက ကြယ်စွမ်းအင်တွေကို အာရုံခံမိသွားမှာ စိုးရိမ်လှတာကြောင့် Spell ဖြင့် ကာကွယ်ရမြဲပင်ဖြစ်သည်။

စောစောက ဂါထာဖြင့် စည်းချထားသည်မှာ ရှိုင်းဆီမှထွက်လာသော ကြယ်စွမ်းအင်များကို မားကပ်စ်တို့ အာရုံမခံမိအောင် တားထားတာဖြစ်လေသည်။

ထိုကြယ်အလင်းရောင်တွေ မပျောက်မချင်း အေဗာ့မှာ မအိပ်နိုင်။ မားကပ်စ်တို့အာရုံခံမိသွားတာနဲ့ ချက်ချင်းရောက်လာကာ ရှိုင်းကို ခေါ်သွားမှာ စိုးတာကြောင့်ပါ။

သားဖြစ်သူကို အေးချမ်းပျော်ရွှင်စွာ နေစေလိုတာကြောင့် နိကိုလပ်စ်သည်ပင် အသက်ပေးကာ ကာကွယ်သွားခဲ့သည်မဟုတ်ပါလား။ အေဗာသည်လည်း သားလေးကို အရှင်လတ်လတ် နှလုံးခွဲထုတ်ကာ ယစ်ပူဇော်မယ့်လူတွေ လက်ထဲကို လုံးဝမထည့်ပေးနိုင်ပါ။

ဒီအကြောင်းအရာတွေကိုလည်း မသိစေချင်ဘဲ အေးအေးဆေးဆေးပင် ဘဝကိုဖြတ်သန်းစေချင်တာကြောင့် ဘာတွေဘဲလုပ်ရလုပ်ရ အဆုံးထိကာကွယ်ပေးဖို့ဆုံးဖြတ်ထားတာကြောင့်ပါ။

သို့သော်လည်း ရှိုင်းဆီမှာရှိနေတဲ့ ကြယ်စွမ်းအင်တွေက တဖြေးဖြေးနှင့် အင်အားကြီးလာလေသည်။ မွေးကင်းစအရွယ်တုန်းက မည်းနက်နေသော ဆံနွယ်တွေက ဆယ်နှစ်အရွယ်တွင်မူ ငွေရောင်တစ်ဝက် အနက်တစ်ဝက်ဖြစ်နေတာက သက်သေတစ်ခုဖြစ်သည်။

ညဘက် အလင်းရောင်တောက်တဲ့ ကြာချိန်ကလည်း ပိုပိုများလာနေသည်။

ပျော်ရွှင်နေပြီဆိုတိုင်း ဒီလိုအလင်းရောင်တောက်လာတတ်တာကြောင့် အေဗာ့အတွက် ကာကွယ်ရခက်နေသော်လည်း ကလေးရဲ့ ပျော်ရွှင်မှုတွေကိုတော့ မပိတ်ပင်ရက်ဘူးလေ။ ပျော်နေသော ကလေး ပျော်နေပါစေ။ မိခင်ဖြစ်တဲ့ မိမိက သေချာကာကွယ်နိုင်ရမှာပေါ့။

အိပ်ပျော်နေသော သားဖြစ်သူကို ကြည့်နေရင်းမှပင် အေဗာသက်ပြင်းမောကိုချမိလေသည်။

ခဏကြာတော့ ရှိုင်းဆီမှထွက်နေသော အလင်းရောင်တွေ ဖြေးဖြေးချင်း မှိန်လာကာ နောက်ဆုံးတော့ပျောက်ကွယ်သွားလေတော့သည်။

ထိုအခါမှပင် အေဗာတစ်ယောက် သက်ပြင်းချနိုင်တော့လေသည်။

ကုတင်ပေါ်က ရှိုင်းကတော့ ဘာဆိိုဘာမှမသိ နှစ်ခြိုက်စွာ အိပ်မောကျလျက်။ အေဗာသည်လည်း ကိုယ့်အခန်းကို ကိုယ်သွားကာ ကုတင်ပေါ်တွင် ဝင်လှဲလိုက်ကာ အိပ်ပျော်ဖို့ကြိုးစားလိုက်မိလေတော့သည်။ အေးချမ်းစွာ အန္တရာယ်ကင်းစွာနဲ့ တစ်နေ့တာကို ဖြတ်ကျော်နိုင်ခဲ့ပြီမဟုတ်ပါလား။

*****************************************************************************

**********

Zawgyi

***********

The Origin Part 2

ေျခာက္ျခားဖြယ္ေတာနက္ျကီး..။ စုန္းကေ၀ေတြနွင့္ ၄င္းတိို႔၏လက္ေအာက္ခံ သမန္း၀ံပုေလြ( Werewolf) တို႔ အုပ္စိုးေသာ ေတာနက္ျကီးထဲတြင္ျဖစ္သည္။

အခ်ိန္က ညသန္းေခါင္ေက်ာ္ရံုေလး...။

ထိုေတာနက္ျကီးထဲတြင္ အႏၲရာယ္ကို မမူႏိုင္ဘဲ တစ္ေယာက္လက္ကို တစ္ေယာက္ ကိုင္ဆြဲကာ ေျပးလႊားေနျကေသာ ေအဗာနွင့္ နိကိုလပ္စ္တို႕ခ်စ္သူနွစ္ဦး..။

ယစ္ပူေဇာ္ျခင္းကို ဖ်က္ဆီးလိုက္ျပီးေနာက္ ေျမေအာက္ခန္းမွတဆင့္ ေတာနက္ျကီးထဲကို ထြက္ေျပးလာျကတာျဖစ္သည္။

ေနာက္က မားကပ္စ္နွင့္ စုန္းကေ၀ေတြ လိုက္လာျကသည္ကိုသိသျဖင့္ ေသလုေအာင္ ေမာပန္းေနတာေတာင္ နွစ္ေယာက္လံုး မရပ္နားႏိုင္ေသး..။

နိကိုလပ္စ္အတြက္က အဆင္ေျပေသာ္လည္း.. မိန္းကေလးျဖစ္ေသာ ျပီးေတာ့ ကိုယ္၀န္သည္ျဖစ္ေသာ ေအဗာအတြက္ကေတာ့ အဆင္မေျပ။ ေအဗာကိုယ္တိုင္ကလည္း အားနည္းသူျဖစ္ျပီး ကေလးကိုလည္းထိခိုက္မွာစိုးေသာေျကာင့္ စိတ္ရွိတိုင္းမေျပးႏိုင္။ နိကိုလပ္စ္သည္လည္း ေအဗာကိုေဖးမေနရသျဖင့္ ထင္သေလာက္ ခရီးကမေပါက္။

ဒါေျကာင့္ ေအဗာ့ကိုေပြ႔ခ်ီလိုက္ကာ ဆက္ေျပးသည္။ ေတာနက္ျကီးထဲက ထြက္ႏိုင္ျပီဆိုလွ်င္ေတာ့ စုန္းကေ၀ေတြရဲ႕ ပိုင္နက္မဟုတ္ဘဲ လူသားေတြျကားထဲကို ေရာက္သြားျပီျဖစ္တာေျကာင့္ အနည္းငယ္ေတာ့ အႏၲရာယ္ကင္းႏိုင္ျပီျဖစ္ေလသည္။

ေနာက္က ေျမေခြးအူသံနွင့္အတူ စုန္းကေ၀တို႔ရဲ႕လက္ေအာက္ခံ သမန္း၀ံပုေလြတို႔ရဲ႕ အခ်င္းခ်င္း အခ်က္ေပးသံ တို႔ကိုျကားလာရတာေျကာင့္ သမန္း၀ံပုေလြေတြလည္း မိမိတုိ႔နွစ္ဦးကိုလိုက္ရွာေနျကျပီဆိုတာ သေဘာေပါက္လိုက္ျပီျဖစ္သည္။

ထို႕ေနာက္ စုန္းကေ၀တို႔လည္း နီးကပ္လာေနျပီဆိုတာကို နိကိုလပ္စ္အာရံုခံစားမိလိုက္သည္။

ထို႔အျပင္ ေအဗာ့ခႏၶာကိုယ္မွ ထြက္ေနေသာ ျကယ္ေလးရဲ႕ အလင္းေရာင္ေတြကလည္း အခုအခ်ိန္ထိ မေပ်ာက္ေသးေပ။ ဒါေျကာင့္ ေအဗာ့ဆီမွ ျကယ္စြမ္းအင္ကို အာရံုခံႏိုင္ကာ မိမိတုိ႕နွစ္ဦးရွိရာေနရာကို ျမန္ျမန္ေျခရာခံေနႏိုင္တာျဖစ္သည္။

ေအဗာ့ကိုေပြ႔ခ်ီရင္းေျပးေနရသျဖင့္ နိကိုလပ္စ္မွာ အသက္ထြက္မတတ္ေမာပန္းေနျပီျဖစ္သည္။ ေျခလွမ္းေတြကလည္း တေျဖးေျဖးနွင့္ ေနွးေကြးလာျပီျဖစ္သည္။

ျပီးေတာ့ ေတာနက္ျကီးထဲတြင္ အလြန္ျမင့္မားေသာ ထင္းရူးပင္ေတြမွအပ ပုန္းခိုစရာ ဂူေပါက္မ်ား ျခံဳပုတ္မ်ားလည္းမရွိေပ။

ဒီအတိုင္းဆက္ေျပးေနလို႔ကေတာ့ နွစ္ေယာက္လံုးကို ဖမ္းမိေတာ့မွာျဖစ္သည္။ ဒါေျကာင့္ ကေလးေလးနွင့္ ေအဗာတို႔ ေဘးကင္းေစရန္ နိကိုလပ္စ္တစ္ေယာက္ အာရံုလႊဲရေတာ့မည္ဆိုတာကို နားလည္လိုက္သည္။

ကံေကာင္းေထာက္မစြာပင္ စီတန္းေပါက္ေရာက္ေနေသာ ထင္းရွဴးပင္မ်ားကို ေက်ာ္လြန္ျပီးေနာက္ ျကီးမားလွေသာ ေညာင္ပင္ျကီးမ်ားရွိေသာ ခ်ိဳင့္၀ွမ္းေလးတစ္ခုကိုေတြ႔လိုက္ရေလေတာ့သည္။

ေညာင္ပင္ျကီးမ်ားမွာ ျကီးမားလြန္းလွျပီး ျကီးမားလွေသာ သစ္ကိုင္းမ်ားနွင့္ အရြက္မ်ားမွာလည္း အုပ္ျဖာေနသျဖင့္ လူတစ္ေယာက္ကို ေကာင္းေကာင္းကာကြယ္ထားႏိုင္ေလသည္။

ဒါေျကာင့္ နိကိုလပ္စ္သည္ ေအဗာကို ေပြ႕ခ်ီထားရင္းကပင္ အျကီးမားဆံုးေသာ ေညာင္ပင္ျကီးေအာက္ကိုသြားလိုက္သည္။

ထို႔ေနာက္ ေအဗာ့ကို ခဏခ်ထားလိုက္ျပီး ေညာင္ပင္ကို ေမာ့ျကည့္ကာ ပါးစပ္က တစ္စံုတစ္ခုကိုရြတ္ဆိုလိုက္ေသာအခါ ေညာင္ပင္ေပၚမွ အရြက္မ်ားစြာ အုပ္ဆိုင္းလ်က္ရွိျပီး ျကီးမားလွေသာ သစ္ကိုင္းျကီးတစ္ကိုင္းက ေျမေအာက္ကို ရွည္ထြက္ဆင္းသက္လာေလေတာ့သည္။

ျပီးေတာ့ မတ္တပ္ရပ္ေနေသာ ေအဗာ့ေရွ႕တြင္လာရပ္ေလသည္။

"နစ္ခ္ ဘာလုပ္တာလဲ.."

ေအဗာက အထိတ္တလန္႔ေမးေလေသာအခါ နိကိုလပ္စ္သည္ ေအဗာကို ျပံဳးျပလိုက္ျပီး ေအဗာမ်က္နွာေပၚရွိ ေခၽြးစေလးမ်ားကို ယုယစြာသုတ္ေပးလိုက္သည္။ ထို႔ေနာက္ ေျကာက္လန္႔စိတ္ေျကာင့္ တဆတ္ဆတ္တုန္ေနေသာ ေအဗာ့ရဲ႕ လက္ဖ၀ါးေလးနွစ္ဖက္ကို ဆုပ္ကိုင္အားေပးလိုက္ျပီး ေျပာေလသည္။

"ကိုယ္ မားကပ္စ္တို႔ကို အာရံုလႊဲျပီး တစ္ျခားေနရာကိုေျပးမွျဖစ္မယ္... ေညာင္ပင္ေပၚမွာေစာင့္ေနလိုက္ေနာ္... မင္းကိုသူတို႕မျမင္ႏိုင္ေအာင္ ကိုယ္လုပ္ထားလိုက္မယ္..."

နိကိုလပ္စ္ေျပာလိုက္္ေသာအခါ ေအဗာ မ်က္လံုးေလးေတြ အထိတ္တလန္႔ျပဴးက်ယ္သြားျပီး နိကိုလပ္စ္ရဲ႕လက္ေမာင္းကို လႈပ္ကိုင္လ်က္ ေခါင္းခါျငင္းဆန္ေလေတာ့သည္။

"ဟင္အင္း.. တစ္ေယာက္တည္းသြားရင္ သူတို႕လက္ထဲမွာတစ္ခါတည္းဖမ္းမိျပီးေသသြားမွာေပါ့.. မသြားနဲ႔ တူတူဘဲဆက္ေျပးမယ္... ေသရင္လည္း အတူတူဘဲေသမယ္.."

ေအဗာေျပာေနရင္းမွာပင္ မ်က္လံုးမွမ်က္ရည္မ်ားစီးက်လာေလသည္။

နိကိုလပ္စ္က ေအဗာ့ရဲ႕ မ်က္ရည္မ်ားကို သုတ္ေပးလိုက္ရင္းမွာပင္ ေျပာရသည္။

"အဲ့ဒီလုိလုပ္္လို႔မရဘူးေလ.. အခုေနာက္က Werewolf ေတြေရာ မားကပ္စ္တို႔ပါအကုန္လိုက္လာျကျပီ.. နွစ္ေယာက္လံုးတူတူေျပးေနရင္ သူတို႕လက္ကလြတ္ႏိုင္မွာမဟုတ္ဘူး...''

နိကိုလပ္စ္ေျပာေသာအခါ ေအဗာက ေခါင္းကိုသာ တြင္တြင္ခါရမ္းရင္း ငိုခ်လိုက္ေလေတာ့သည္။ နိကိုလပ္စ္က ေအဗာ့ရဲ႕ လက္ေမာင္းနွစ္ဖက္ကိုဆုပ္ကိုင္လိုက္ရင္းေျပာသည္။

"မငိုရဘူးေလ.. အခုဗိုက္ထဲက ကေလးေလးကို ကာကြယ္ႏိုင္ဖို႔ဆိုရင္ မင္းေရာ ကိုယ္ေရာနွစ္ေယာက္လံုး ခံႏိုင္ရည္ရွိမွျဖစ္မွာ... အားတင္းထားပါ.. ကိုယ္မင္းကိုေရာ ကေလးေလးကိုေရာ ဘာမွမျဖစ္ေအာင္ေစာင့္ေရွာက္မွာ... ဒါေျကာင့္ ခဏေလးဘဲ.. ဒီအပင္ေပၚမွာေစာင့္ေနေနာ္..."

ေအဗာက မ်က္ရည္ေတြ တေတြေတြက်ေနရင္းကပင္ ရွိဳက္သံေတြကို ျကိဳးစားေျဖေဖ်ာက္ရင္း ေခါင္းျငိမ့္ျပရွာသည္။

ထို႔ေနာက္ နိကိုလပ္စ္သည္ ေအဗာ့ကိုယ္္ကိုေပြ႕ခ်ီကာ ေအာက္ဖက္ကိုက်ေနေသာ သစ္ကိုင္းျကီးေပၚကိုတင္ေပးလိုက္သည္။ ထို႔ေနာက္ လည္ပင္းကဆြဲထားေသာ ဆြဲျကိုးကို ခၽြတ္လိုက္ျပီး ေအဗာ့ လည္ပင္းတြင္ဆြဲေပးလိုက္သည္။ အ၀ါေရာင္သန္းေနေသာ မိုးေရစက္( Rain Drop) ပံုစံ ပယင္းေက်ာက္ဆြဲသီးပါေသာ ဆြဲျကိုးျဖစ္သည္။

"တစ္ခုခုဆိုရင္ ဒီေက်ာက္ကို လက္နွစ္ဖက္နဲ႔ကိုင္ျပီး ကိုယ္သြားခ်င္တဲ့ေနရာကို ပါးစပ္ကေျပာလိုက္တာနဲ႔ ေရာက္သြားလိမ့္မယ္.. တကယ့္ကို အေရးျကံဳတဲ့အခ်ိန္မွ အသံုး၀င္တာမို႕လို႕ ေသခ်ာစဥ္းစားျပီးမွသံုးေနာ္.."

ထိုဆြဲသီးမွာ စုန္းကေ၀ေတြသံုးေသာ Teleportation Jewel လို႕ေခၚေသာ ဆြဲသီးျဖစ္ေလသည္။ ထိုဆြဲျကိဳးမွ ပယင္းေက်ာက္အား လက္နွစ္ဖက္ျဖင့္ဆုပ္ကိုင္ျပီး မိမိသြားလုိတဲ့ေနရာကို စိတ္မွန္းျဖင့္ေရရြတ္လိုက္ပါက ထိုေနရာကို ခ်က္ခ်င္းေရာက္သြားႏိုင္ေသာ ဆြဲသီးျဖစ္ေလသည္။

ေအဗာ ေခါင္းထပ္ျငိမ့္ျပလိုက္ေသာအခါ.. နိကိုလပ္စ္က အားေပးျပံဳးျဖင့္ ေအဗာ့ကိုျပံဳးျပလိုက္ျပီး ေအဗာ့ရဲ႕ ၀မ္းဗိုက္ကို လက္ျဖင့္ ႏူးညံ့စြာ ပြတ္သပ္ေပးလိုက္ျပီး ေျပာေလသည္။

"တကယ္လို႕မ်ား ကိုယ္တစ္ခုခုျဖစ္သြားခဲ့ရင္ ကေလးေလးကို ေသခ်ာေစာင့္ေရွာက္ေနာ္.."

"ေတာင္းပန္ပါတယ္..အဲ့ဒီလို နမိတ္မရွိတဲ့စကားေတြ မေျပာပါနဲ႕ နစ္ခ္ရယ္.. ဘာမွမျဖစ္ေစရဘူးလို႔ ကတိေပးပါ.."

ေအဗာက အထိတ္တလန္႔ျငင္းဆန္ေသာအခါတြင္ နိကိုလပ္စ္သည္ ေအဗာရဲ႕ လက္နွစ္ဖက္ကို သူရဲ႕လက္နွစ္ဖက္ျဖင့္ဆုပ္ကိုင္လိုက္ျပီး ရင္ဘတ္တြင္ ကပ္လိုက္သည္။ ထို႔ေနာက္ ေလးနက္စြာျဖင့္ ေျပာသည္ ။

"ကိုယ့္ကိုကိုယ္ဘာမွမျဖစ္ေအာင္ ေသခ်ာဂရုစိုက္ပါ... မင္းအႏၲရာယ္ကင္းမွ ကေလးေလးလည္း အႏၲရာယ္ကင္းမွာ.. ဘယ္လိုနည္းနဲ႕မွ မားကပ္စ္တို႕လက္ထဲကို အေရာက္မခံပါနဲ႔.. ကိုယ္တို႔ရဲ႕ ကေလးေလးကို ဒီအတိုင္းေအးခ်မ္းေပ်ာ္ရႊင္တဲ့ ဘ၀ေလးကိုဘဲ ျဖတ္သန္းပါေစေနာ္.."

နိကိုလပ္စ္ရဲ႕ စကားေတြက ေအဗာ့ကို ေနာက္ဆံုးအျကိမ္ေတြ႔ဆံုျခင္းအတြက္ မွာတမ္းေျခြေနသလိုပင္ျဖစ္ေနသည္။ ေအဗာကိုယ္တိုင္လည္း ခ်စ္ရသူကို စိတ္မခ်ပါ။ ဒါေပမယ့္လည္း မိခင္တစ္ေယာက္အေနနဲ႔ ရင္ေသြးကို ကာကြယ္ႏိုင္ဖို႔ စိတ္ဓာတ္ျကံခိုင္ေနဖို႔လိုအပ္သည္။ နိကိုလပ္စ္သည္လည္း ကေလးေလး အႏၲရာယ္ကင္းဖို႔ကို အလိုရွိေနတာမို႔။

"အတတ္ႏိုင္ဆံုးဂရုစိုက္ပါ နစ္ခ္ရယ္.. ေအဗာ့အတြက္လည္းစိတ္ခ်ပါ.. ကေလးေလးကို ဘာမွမျဖစ္ေစရေအာင္ ျကိုးစားမွာပါ..."

ေအဗာ့က ကတိေပးလိုက္ေသာအခါ နိကိုလပ္စ္ ေက်နပ္သြားဟန္တစ္ခ်က္ျပံဳးလိုက္ျပီး ေအဗာ့ရဲ႕ နွဖူးျပင္ကိုတစ္ခ်က္နမ္းရွိဳက္လိုက္ကာ

"ကိုယ္သြားေတာ့မယ္ေနာ္...ဒီမွာဘဲေစာင့္ေန.. မနက္မိုးလင္းလို႔မွ ကိုယ္ျပန္မေရာက္လာဘူးဆိုရင္ မင္းးလံုျခံဳတဲ့ တစ္ေနရာကို သြားလိိုက္ေနာ္.. ကိုယ္မင္းကို မရရေအာင္ျပန္လိုက္ရွာမယ္..ဟုတ္ျပီလား"

ဟုေျပာလိုက္ေလသည္။

ေအဗာမ်က္ရည္မ်ားျကားမွေခါင္းျငိမ့္ျပလိုက္ေသာအခါ နိကိုလပ္စ္က ေအဗာထိုင္ေနေသာ သစ္ကိုုင္းျကီးကို လက္ျဖင့္ပုတ္လိုက္ေလသည္။ ထိုအခါ ေညာင္ပင္ျကီးက သစ္ကိုင္းေတြဟာ ေအဗာ သက္ေတာင့္သက္သာ ထိုင္ေနႏိုင္ေသာ ပံုသဏၭန္ကိုေျပာင္းလဲသြားျပီး ေညာင္ပင္ထိပ္ဖ်ားဆီသို႔ ေအဗာ့ကိုပါ ေခၚတင္ကာ တက္သြားေလေတာ့သည္။

ေအဗာသည္ မ်က္ရည္မ်ားျကားမွ အားတင္းျပံဳးျပရင္း ေညာင္ပင္အေပၚကို လိုက္သြားေလေတာ့သည္။ နိကိုလပ္စ္ကို ဆြဲကိုင္ထားေသာ လက္တို႔ကို ဆြဲျဖဳတ္ရသည္မွာ ဒီတစ္ခါ အခက္ခဲဆံုးျဖစ္သည္။ အနာက်င္ရဆံုးျဖစ္သည္။ အဆံုးတြင္ ဘာရွိမွန္းမသိေသာ အႏၲရာယ္စက္ကြင္းတစ္ခုက နိကိုလပ္စ္နွင့္ ေအဗာတို႔ခ်စ္သူနွစ္ဦးကို ေစာင့္ျကိဳေနသည္ေလ။

ေအဗာ့့ ေညာင္ပင္အေပၚကိုေရာက္ေတာ့ သစ္ရြက္ေတြက ေအဗာ့ကိုယ္ကို သစ္ရြက္မ်ားျကား သစ္ကိုင္းမ်ားျကားတြင္ ေပ်ာက္သြားျပီး ပတ္၀န္းက်င္က မည္သူမွမျမင္ႏိုင္ေအာင္ ဖံုးအုပ္လိုက္သည္။

ေျမျပင္ေပၚတြင္က်န္ခဲ့ေသာ နိကိုလပ္စ္မွာ ေအဗာ့အတြက္ပိုမိုစိတ္ခ်ရေစရန္ သစ္ပင္ေပၚမွေအဗာနွင့္ ဗိုက္ထဲက ကေလးေလးကိုပါ မားကပ္စ္တို႔အာရံုမခံႏိုင္ေစရန္ အစီအရင္မ်ား ကိုခပ္ျမန္ျမန္ျပဳလုပ္ေပးလိုက္ေလေတာ့သည္။

ေနာက္ကထင္းရူးေတာဘက္ဆီမွ မီးတုတ္မ်ားရဲ႕အလင္းေရာင္ တစ္စြန္းတစ္စတို႕နွင့္ လူသံေတြကို ျကားေနရျပီျဖစ္သျဖင့္ မားကပ္စ္သို႕ အနားကိုေရာက္လာျပီဆိုတာကို သိလိုက္ေလသည္။ နိကိုလပ္စ္ အခုေျပးမွျဖစ္ေတာ့သည္။

ထို႔ေျကာင့္ ေညာင္ပင္ေပၚမွ ငံုျကည့္ေနေသာ ေအဗာ့ကို တစ္ခ်က္ေမာ့ျကည့္ကာ ျပံဳးျပလိုက္ျပီး ေတာအုပ္အေနာက္ဖက္ကိုေျပးထြက္သြားပါေတာ့သည္။

ေအဗာကလည္း ေျပးထြက္သြားေသာ နိကိုလပ္စ္ကို စိတ္မခ်ႏိုင္စြာ မ်က္စိတစ္ဆံုးလိုက္ျကည့္ေနမိေလသည္။

မားကပ္စ္နွင့္ ဂၽြန္ဦးေဆာင္ေသာ စုန္းကေ၀ေတြဟာ ေအဗာရွိေနေသာ ေညာင္ပင္ေအာက္နားကိုေရာက္ေနျပီျဖစ္သည္။

သို႕ေသာ္ နိကိုလပ္စ္က ေအဗာနွင့္ ကေလးေလးရဲ႕ ျကယ္စြမ္းအင္ေတြကို မျမင္ႏိုင္ေအာင္ ျပဳလုပ္ထားခဲ့တာေျကာင့္ မားကပ္စ္တို႔သည္ ေအဗာကိုအာရံုခံလို႔မရေပ။

ထိုစဥ္ အေနာက္ဘက္ကို ထြက္ေျပးသြားေသာ နိကိုလပ္စ္မွာ ေနာက္ျပန္ဆုတ္ရင္း တေရြ႕ေရြ႕ျပန္လာေနတာကိုေတြ႔လိုက္္ရေလသည္။ မ်က္လံုးေတြက ထိတ္လန္႕ျခင္းေတြ မရွိေသာ္လည္း တုန္လႈပ္ျခင္းေတြေတာ့ ရွိေနသည္။

မ်က္နွာခ်င္းဆိုင္ ေတာအုပ္အေနာက္ဘက္က နိကိုလပ္စ္ေနာက္တြင္ ကပ္ပါလာသူက သမန္း၀ံပုေလြ(Werewolves) မ်ား။ လျပည့္ညျဖစ္တာေျကာင့္ အသြင္ေျပာင္း သမန္း၀ံပုေလြေတြအုပ္လိုက္ လိုက္လာျကတာျဖစ္သည္။

နိကိုလပ္စ္မွာ ေရွ႕က သမန္း၀ံပုေလြမ်ားႏွင့္ ေနာက္ကလိုက္လာျကေသာ စုန္းကေ၀မ်ားျကားတြင္ ျကားညပ္ပိတ္မိေနျပီျဖစ္သည္။

ေအဗာရွိေနေသာ ေညာင္ပင္ျကီးရဲ႕ မလွမ္းမကမ္းတြင္ နိကိုလပ္စ္မွာ ေျပးေပါက္မရွိ ပိတ္မိေနျပီျဖစ္သည္ကို ေအဗာ ေညာင္ပင္ေပၚကေန စိတ္ပူစြာလွမ္းျမင္ေနရသည္။ သို႕ေသာ္ ေအဗာ အသံလည္း မထြက္ရဲ၊ လႈပ္လည္းမလႈပ္ရွားရဲေပ။

မ်က္ရည္မ်ား တားဆီးမရ စီးက်လ်က္ကပင္ ထိုထိတ္လန္႔ဖြယ္ျမင္ကြင္းကိုျကည့္ေနရသည္။ နိကိုလပ္စ္မွာ ဘယ္ေလာက္ဘဲ စြမ္းအားျကီးတဲ့ စုန္းကေ၀တစ္ေယာက္ျဖစ္ေနပါေစ စုန္းကေ၀ေခါင္းေဆာင္ျဖစ္ေသာ မားကပ္စ္နွင့္ သမန္း၀ံပုေလြေတြကိုေတာ့ ဘယ္လိုမွတစ္ေယာက္တည္း ရင္ဆိုင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာကို ေအဗာေကာင္းေကာင္းနားလည္ေနတာေျကာင့္ပါ။

ေျမျပင္ေပၚတြင္ေတာ့ ေျပးေပါက္ပိတ္ေနျပီျဖစ္ေသာ နိကိုလပ္ကို သမန္း၀ံပုေလြေတြနွင့္ စုန္းကေ၀ေတြက ၀ိုင္းထားလိုက္သည္။ သမန္း၀ံပုေလြေတြက နိကိုလပ္စ္ကို ၀ိုင္းထားျကကာ မန္ဖီေနျကရင္း စုန္းကေ၀ေတြဆီက အမိန္႕ကို ေစာင့္ေနျကေလသည္။

"ေအဗာ ဘယ္မွာလဲ နစ္ခ္.. မင္းသူ႕ကို ဘယ္မွာ ၀ွက္ထားလိုက္ျပီလဲ.."

ေရွ႕ဆံုးတြင္ရပ္ေနေသာ ဂၽြန္ကေမးေသာအခါ နိကိုလပ္စ္က မ်က္နွာကိုတည္ျငိမ္ေအာင္ထားလိုက္ရင္းကပင္ ေခါင္းခါျပလိုက္သည္။ လာသမွ်အႏၲရာယ္ကို ရင္ဆိုင္မယ္လို႕႔ ဆံုးျဖတ္ထားဟန္ အသင့္အေနအထားျဖင့္။

နိကိုလပ္စ္နွင့္ ၈ၽြန္က ငယ္စဥ္ကတည္းက မားကပ္စ္ေဘးတြင္ ညာလက္ရံုး ဘယ္လက္ရံုးအျဖစ္နဲ႕ နွစ္ေပါင္းမ်ားစြာ အတူေနခဲ့ျပီး ေမွာ္ပညာေတြကို ေလ့က်င့္ခဲ့ျကတာေျကာင့္ အလြန္ခင္မင္ခဲ့ျကေသာ သူငယ္ခ်င္းေတြျဖစ္ေလသည္။ ဒါေျကာင့္ ဂၽြန္သည္လည္း နိကိုလပ္စ္နွင့္ ေအဗာတို႔ကို ဒုကၡမေရာက္ေစခ်င္ပါ။

ဒါေျကာင့္ ေနာက္တစ္ေခါက္ ေဖ်ာင္းဖ်ျကည့္ေလသည္။

"မင္းဒီလိုလုပ္လို႔ မင္းအတြက္ေရာ ေအဗာ့အတြက္ေရာ ဘာအက်ိဳးမွမရွိဘူးသူငယ္ခ်င္း.. ေခါင္းမမာပါနဲ႕ .."

နိကိုလပ္စ္က ေခါင္းကို အျကိမ္ျကိမ္အခါခါ ရမ္းျပရင္းမွပင္ ေျပာေလသည္။

"လူ႔ေလာကထဲေတာင္ မေရာက္ရေသးဘဲ ငါ့ကေလးကို အရွင္လတ္လတ္နွလံုးကိုခြဲထုတ္ဖို႔ ျကံစည္ေနတဲ့ မင္းတို႔လက္ထဲကို လံုး၀ထည့္မေပးႏိုင္ဘူး ဂၽြန္.. ငါ့ကိုသတ္ရင္သတ္ပစ္လိုက္.. ေအဗာ့ကိုေရာ ကေလးကိုေရာ ငါရေအာင္ကာကြယ္မွာ..."

နိကိုလပ္စ္ရဲ႕ ခိုင္မာျပတ္သားေသာ ျငင္းပယ္စကားတို႔ေျကာင့္ ဂၽြန္ရဲ႕ ေနာက္တြင္ရပ္ေနေသာ မားကပ္စ္က ေရွ႕ကိုထြက္လာကာ ေျပာေလသည္။

"မင္းတစ္ေယာက္ထဲအားနဲ႔ ငါတို႕လက္ထဲက လြတ္ေအာင္ေျပးႏိုင္မယ္ထင္လို႔လား.. လြတ္ေအာင္ေျပးႏိုင္တယ္ထားဦး ငါတို႕ရွာမေတြ႔ေအာင္ ဘယ္ေလာက္ထိ ပုန္းေနႏိုင္မွာမို႕လို႕လဲ.. ေအဗာ့ဗိုက္ထဲမွာရွိတဲ့ ကေလးေလးရဲ႕ ျကယ္စြမ္းအင္ေတြ အင္အားမ်ားလာတဲ့အခ်ိန္ေရာက္ရင္ မင္းငရဲမွာ သြား၀ွက္ထားရင္ေတာင္ မရေတာ့ဘူး.."

"မရလည္းရေအာင္ ဝွက္ထားမွာဘဲ.. ခင္ဗ်ားတို႔လက္ထဲကိုေတာ့ လံုး၀ကေလးကို ထည့္မေပးႏိုင္ဘူး.. ဘယ္လိုမွ၀ွက္ထားလို႔မရဘူးဆိုရင္လည္း စုန္းကေ၀တစ္မ်ိဳးႏြယ္လံုးကို ဖ်က္ဆီးပစ္ျပီးေတာ့ကို ကာကြယ္မွာ.."

နိကိုလပ္စ္ရဲ႕ စကားေျကာင့္ မားကပ္စ္က တဟားဟားပင္ေအာ္ရယ္ေလေတာ့သည္။

"မင္းလည္း စုန္းကေ၀တစ္ေယာက္ဆိုတာကို သတိထားဦးေလ.. မင္းတစ္ေယာက္တည္းအားနဲ႔ ငါတို႔ကိုဖ်က္ဆီးမယ္ဆိုတာျဖစ္ႏိုင္လို႕လား နိကိုလပ္စ္.. မင္းက ငါ့ရဲ႕ သားလိုတပည့္လိုျဖစ္ေနတာမို႔လို႔ ေနာက္ဆံုးအခြင့္အေရးေပးမယ္.. ေအဗာ့ကို ထုတ္ေပးပါ..ဒါဆိုရင္ မင္းကိုေရာ ေအဗာ့ကိုေရာ အသက္ကိုခ်မ္းသာေပးမယ္..မဟုတ္ရင္ေတာ့ ငါ့အဆိုးမဆိုနဲ႔ေတာ့"

မားကပ္စ္ရဲ႕ ေနာက္ဆံုးျခိမ္းေျခာက္စကားသည္ပင္ နိကိုလပ္စ္ကို မတုန္လႈပ္ေစပါ။ သူေသခ်င္ေသသြားပါေစ ေအဗာနွင့္ကေလးေလး အထူးသျဖင့္ ကေလးေလး ဘာဆုိဘာမွမျဖစ္ေစဖို႕ကိုသာ အလိုရွိတာေျကာင့္။

နိကိုလပ္စ္ရဲ႕ မ်က္နွာအေနအထားကိုျကည့္ကာ မားကပ္စ္ဘယ္လိုမွ အနုနည္းနွင့္ေဆြးေနြးျကည့္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာကို နားလည္လိုက္ျပီျဖစ္သည္။ ဒါေျကာင့္ ေဘးတြင္ရပ္ေနေသာ ဂၽြန္ကို ေခါင္းျငိမ့္အခ်က္ျပလိုက္ေလေတာ့သည္။

ဂၽြန္ သူငယ္ခ်င္းျဖစ္သူအတြက္ စိတ္မေကာင္းေသာ္လည္း မ်ိဳးႏြယ္စု အရွင္သခင္ရဲ႕ အမိန္႔ကိုလည္း မလြန္ဆန္၀ံ့တာေျကာင့္ ေနာက္မွာရွိေသာ စုန္းကေ၀ေတြနွင့္ေရွ႕တြင္ အမိန္႔ကိုေစာင့္ေနျကေသာ သမန္း၀ံပုေလြေတြကို ေျပာလိုက္သည္။

"နိကိုလပ္စ္ကို ရေအာင္ဖမ္းျက... မင္းတို႕က ဒီေတာထဲမွာဘဲ ေအဗာကိုလိုက္ရွာျက ဒီအနီးနားမွာဘဲရွိေနမွာ ေ၀းေ၀းေျပးႏိုင္မွာ မဟုတ္ဘူး.."

ဂၽြန္ရဲ႕ အမိန္႔သံအဆံုး စုန္းကေ၀တစ္ခ်ိဳ႕နွင့္ သမန္း၀ံပုေလြတစ္ခ်ိဳ႕က ေအဗာ့ကိုရွာေဖြရန္ေတာထဲကို ထြက္သြားျကျပီး က်န္လူေတြကေတာ့ နိကိုလပ္စ္ကို လက္ရဖမ္းရန္ နိကိုလပ္စ္အနားကို တိုးကပ္လာျကေလသည္။

ထိုျမင္ကြင္းကို အစအဆံုးထိတ္လန္႔စြာျကည့္ေနရသူက ေညာင္ပင္ေပၚတြင္ရွိေနေသာ ေအဗာ။

ဒီအတိုင္းသာဆိုရင္ နိကိုလပ္စ္ရဲ႕ အသက္ကို လံုး၀အာမခံႏိုင္ေတာ့မွာ မဟုတ္။ ရင္ဘတ္တစ္ေနရာက နာက်င္လာမႈတစ္ခုနွင့္အတူ မ်က္လံုးတို႔မွ တဖြဲဖြဲ က်ဆင္းလာေသာ မ်က္ရည္တို႕ကို လ်စ္လ်ဴရွဴလိုက္ျပီး စိတ္ကို တင္းႏိုင္သမွ်တင္းထားလိုက္သည္။ နိကိုလပ္စ္မရွိေတာ့ရင္ေတာ့ မိမိက ရွိေနရမည္။ ရင္ေသြးေလးကို ကာကြယ္ႏိုင္ရမည္ေလ။

ေအာက္တြင္ေတာ့ သမန္း၀ံပုေလြေတြနွင့္ စုန္းကေ၀တို႔သည္ နိကိုလပ္စ္အနားကို ေျဖးေျဖးခ်င္းတိုးသြားေနျကျပီျဖစ္သည္။

သမန္း၀ံပုေလြတစ္ေကာင္သည္ နိကိုလပ္အနားကို ခုန္အုပ္လိုက္သည္။ သို႕ေသာ္လည္း နိကိုလပ္စ္ရဲ႕ လက္မွ အျပာေရာင္မီးေတာက္မ်ားထြက္လာကာ အနားကို ခုန္အုပ္လိုက္ေသာ သမန္း၀ံပုေလြကို မီးေတာက္မ်ားျဖင့္ပစ္လိုက္ရာ ထိုသမန္း၀ံပုေလြရဲ႕ ခႏၶာကိုယ္မွာ မီးေလာင္ကၽြမ္းျပာက်သြားေလေတာ့သည္။

ထို႔ေနာက္ စုန္းကေ၀တစ္ေယာက္က ဂါထာတစ္ခုကိုရြတ္ဖတ္ရင္း နိကိုလပ္စ္ကို ေသြးေျကာမ်ားထဲကို အဆိပ္သင့္ေအာင္လုပ္ရန္ျကိုးပမ္းျပန္ေလသည္။ နိကိုလပ္စ္ရဲ႕ ခႏၶာကိုယ္တြင္ေသြးေျကာ အနက္ေရာင္မ်ားေပၚလာေသာ္လည္္း ေနာက္ေတာ့ ခ်က္ခ်င္းျပန္ေပ်ာက္သြားေလေတာ့သည္။

ထို႔ေနာက္ နိကိုလပ္စ္ရဲ႕ မ်က္လံုးမ်ားမွာ မီးေတာက္ကဲ့သို႔ အေရာင္ေတြေတာက္လာျပီး ထိုစုန္းကေ၀ကို မီးေတာက္မ်ားျဖင့္ ပစ္လိုက္ျပန္ေလေတာ့သည္။

ေနာက္ထပ္လည္း ဘယ္သူမွ နိကိုလပ္စ္ကို ထိခိုက္ေအာင္မလုပ္ႏိုင္။ နိကိုလပ္စ္သည္ ျပင္းျပင္းထန္ထန္ ခုခံေနေလသည္။

ဂၽြန္သည္လည္း နိကိုလပ္စ္ကို တိုက္ခိုက္ဖို႕ ေရွ႕တိုးသြားေသာ္လည္း သူငယ္ခ်င္းျဖစ္သူနွင့္ ယွဥ္ျပိဳင္လိုစိတ္ရွိမေနတာေျကာင့္ အခက္ေတြ႕ေနေသာ မ်က္နွာျဖင့္ သခင္ျဖစ္သူ မားကပ္စ္ကို လွည့္ျကည့္ေလသည္။

စြမ္းအားျကီးလွေသာ နိကိုလပ္စ္ကို မိမိမွတစ္ပါး ဘယ္သူမွ မယွဥ္ႏိုင္ဘူးဆိုတာကို မားကပ္စ္သေဘာေပါက္လိုက္သည္။ ထိို႔ေျကာင့္ မားကပ္စ္သည္ သမန္း၀ံပုေလြမ်ားနွင့္ စုန္းကေ၀မ်ားကို တိုက္ခိုက္ေနေသာ နိကိုလပ္စ္အနားကို တိုးကပ္သြားေလသည္။

မားကပ္စ္က လက္ဖ၀ါးနွစ္ဖက္ကို ပက္လက္လွန္လိုက္ေသာအခါ မီးေတာက္မ်ားထြက္လာျပီး နိကိုလပ္ေရွ႕ကိုတိုးလိုက္ကာ ဂါထာရြတ္ဖတ္လိုက္ေလသည္။

နိကိုလပ္စ္မွာ ရုတ္တရတ္ အသက္ရွဴျကပ္လာသလိုျဖစ္ကာ ကိုယ္တြင္းကလိစာေတြကို လက္ျဖင့္ဆြဲညွစ္ေနသလို ခံစားလာရျပီျဖစ္သည္။

မားကပ္စ္သည္ နိကိုလပ္ကို ေအာက္လမ္းေမွာ္ပညာ(witchcraft) သံုးျပီး နိကုိလပ္စ္ကို ထြက္မေျပးႏိုင္ေအာင္လုပ္ရန္ျကိုးစားေနတာျဖစ္သည္။

နိကိုလပ္စ္သည္လည္း စြမ္းအားျကီးေသာ စုန္းကေ၀တစ္ေယာက္ ျဖစ္ေသာ္လည္း စုန္းကေ၀ေခါင္းေဆာင္ျဖစ္ေသာ မားကပ္စ္ကို မယွဥ္ႏိုင္ေပ။

ဒါေျကာင့္ နိကိုလပ္စ္ျကိုးစားကာအံတုရင္း ျပန္လည္တိုက္ခိုက္ရန္ျကိုးပမ္းပါေသာ္လည္္း မေအာင္ျမင္ေပ။

ခႏၶာကိုယ္အတြင္းက ဆိုးရြားလွေသာနာက်င္မႈေျကာင့္ နိကိုလပ္စ္မွာ အားအင္ေတြ အကုန္ကုန္ခမ္းသြားသလိုျဖစ္ကာ ေမွာ္အစြမ္းေတြကိုလည္း ထိေရာက္စြာ ထုတ္မသံုးႏိုင္ေတာ့ေသာ အေျခအေနကိုေရာက္လာေလေတာ့သည္။

ထို႔ေနာက္ နိကိုလပ္စ္ရဲ႕မ်က္နွာမွာျဖဴဆုတ္လာကာ အားအင္ေတြလည္း ကုန္ခမ္းသြားျပီး ေျမေပၚကို ဒူးေထာက္က်သြားေလသည္။

ေခါင္းေဆာင္ျဖစ္ေသာ မားကပ္စ္ကို နိကိုလပ္စ္ မယွဥ္ႏို္င္သည္မွာ အဆန္းမဟုတ္ေပ။

နိကိုလပ္စ္ဒူးေထာက္က်သြားအခါ ေနာက္မွ သမန္း၀ံပုေလြနွစ္ေကာင္သည္ လူပံုစံကိုေျပာင္းလိုက္ျပီး ဒူးေထာက္က်ေနေသာ နိကိုလပ္စ္ရဲ႕ လက္ေမာင္းတစ္ဖက္တစ္ခ်က္ကို ဆြဲခ်ဳပ္လိုက္ေလသည္။

ေမွာ္အစြမ္းထုတ္သံုးႏိုင္ျခင္း မရွိေတာ့သည္က တစ္ေျကာင္း ခြန္အားျကီးလွေသာ သမန္း၀ံပုေလြမ်ားလက္မွ မရုန္းႏိုင္တာက တစ္ေျကာင္းမို႔ နိကိုလပ္စ္တစ္ေယာက္ ျငိမ္သက္သြားရေလျပီျဖစ္ေလသည္။ သို႕ေသာ္ ေမာ့ျကည့္ေသာ မ်က္လံုးမ်ားကေတာ့ အရွံဳးေပးျခင္းမရွိိ လက္ေလွ်ာ႔ျခင္းမရွိ ဘဲ အားမန္အျပည့္နွင့္ တဖ်တ္ဖ်တ္ေတာက္လ်က္ရွိေလသည္။

ထို႔ေနာက္ မားကပ္စ္သည္ နိကိုလပ္စ္ရဲ႕ အနားကိုတိုးကပ္လာကာ လည္ပင္းကို အားျဖင့္ ဆုပ္ကိုင္လိုက္ေလသည္။ ေမွာ္အစြမ္းကိုပါသံုးလိုက္တာေျကာင့္ နိကိုလပ္စ္မွာ လည္ပင္းနားတြင္ အစိမ္းေရာင္အေငြ႔မ်ား ထြက္လာကာ အသက္ရူမ၀ျဖစ္လာျပီး ပါးစပ္ေတြပါ ပြင့္ဟလာသည့္အျပင္ တအစ္အစ္အသံေတြပါ ထြက္လာေတာ့သည္။

"သ..သခင္.. စိတ္ေလွ်ာ႔ပါ.. လက္လြန္လို႔မျဖစ္ဘူး.. ေအဗာဘယ္မွာရွိတယ္ဆိုတာ..အခုထိမသိရေသးဘူး.."

ေနာက္မွရပ္ကာ ျကည့္ေနေသာ ဂၽြန္က မေနနိုင္ေတာ့သျဖင့္ ၀င္တားရေလျပီျဖစ္သည္။

ထိုအခါက်မွပင္ မားကပ္စ္သည္ ဆုပ္ကိုင္ထားတာကို လႊတ္ေပးလိုက္ကာ နိကိုလပ္စ္ရဲ႕မ်က္လံုးမ်ားကို ေသခ်ာစုိက္ျကည့္လိုက္ျပီးေျပာေလသည္။

"ေနာက္ဆံုးတစ္ေခါက္ မင္းကိုေမးမယ္ နိကိုလပ္စ္.... ေအဗာဘယ္မွာလဲ.."

"မေျပာဘူး.. သတ္ခ်င္သတ္ပစ္လိုက္..."

နိကိုလပ္စ္ရဲ႕ မထီမဲ့ျမင္ပံုစံက မားကပ္စ္ရဲ႕ သည္းခံႏိုင္စြမ္းေတြကို ေပ်ာက္ဆံုးေစကာ ေဒါသစိတ္ေတြ လူသတ္ခ်င္စိတ္ေတြကို အစားထိုး၀င္ေရာက္လာေစသည္။

သတ္ပစ္လိုက္ဆိုေတာ့လည္း သတ္ပစ္လိုက္္ရေတာ့မွာေပါ့။

စိတ္မထိန္းႏိုင္ေတာ့သာ မားကပ္စ္မွာ ခါးမွခ်ိတ္ထားေသာ ဓားေျမွာင္ကို ထုတ္ယူလိုက္ကာ နိကိုလပ္စ္ရဲ႕ ရင္၀ကိုထိုးစိုက္လိုက္ေလေတာ့သည္။

"နစ္ခ္..............."

နိကိုလပ္စ္ရင္၀မွ ေသြးေတြ ပန္းထြက္လာျခင္းနွင့္အတူ ထိုျမင္ကြင္းကိုျမင္လိုက္ရေသာ သစ္ပင္ေပၚမွေအဗာမွာလည္း စိတ္ကိုထိန္းထားသည့္ျကားမွပင္ အသံထြက္လိုက္မိေလေတာ့သည္။

နိကိုလပ္စ္ကေတာ့ ဓားဒဏ္ရာေျကာင့္ လဲက်သြားရာမွ ျပန္မထႏိုင္ေတာ့။ မားကပ္စ္ရဲ႕ ဓားခ်က္ဆိုရင္ အသက္ပါပါသြားမွာဆိုတာကို ေသခ်ာသိေနေလသည္။

"နိကိုလပ္စ္ရဲ႕ အေလာင္းကို တစ္ေနရာကိုယူသြားျပီး ေျမျမွဳပ္လိုက္.."

နိကိုလပ္စ္က အမိန္႔ေပးလိုက္ေလသည္။

ခ်စ္သူျဖစ္သူ မ်က္စိေရွ႕မွာ ဓားထိုးခံလိုက္ရျပီး အသက္ေပ်ာက္သြားတာကို ျမင္လိုက္ရတာ ေျကာင့္ ေအဗာဘယ္လုိမွစိတ္မထိန္းႏိုင္ေတာ့ဘဲ အသံထြက္လိုက္မိတာျဖစ္ေလသည္။ ေသြးေတြ ပန္းထြက္ကာ လဲက်သြားေသာ နိကိုလပ္စ္ရဲ႕ပံုစံက ေအဗာ့မ်က္လံုးထဲက မထြက္ႏိုင္ေပ။ ရင္ထဲက ၀မ္းနည္နာက်င္မႈနွင့္ အတူ စီးက်လာေသာ မ်က္ရည္မ်ားနွင့္ ရိႈက္သံတို႔ကို တားဆီးႏိုင္ျခင္းငွာ မစြမ္းသာေတာ့။

ပါးစပ္ကိုပိတ္ထားလိုက္ကာ ေအဗာ အသံမထြက္ႏိုင္ေအာင္ျကိုးစားကာ ရိႈက္ငိုမိေလေတာ့သည္။

ေအဗာ အသံထြက္လိုက္မိတာေျကာင့္ ေအဗာ့အသံကိုျကားသြားေသာ ေျမေပၚရွိလူေတြအားလံုးက ပတ္၀န္းက်င္ကို က်ီးကန္ေတာင္ေမွာက္ လိုက္ျကည့္လိုက္မိေလေတာ့သည္။

"ေအဗာ့အသံဘဲ... ဒါဆိုဒီနားမွာဘဲရွိမွာ.. နိကိုလပ္စ္က Spell သံုးျပီး မျမင္ႏိုင္ေအာင္လုပ္ထားတာဘဲေနမွာ... လိုက္ရွာျကည့္ျကစမ္း.."

မားကပ္စ္ရဲ႕ စကားကိုျကားလိုက္ရေသာ ေအဗာမွာ အျကီးအက်ယ္ ထိတ္လန္႔သြားေလေတာ့သည္။ မိမိပါးစပ္ကိုမိမိ အသံမထြက္ႏိုင္ေအာင္ ထပ္ပိတ္လိုက္မိေလေတာ့သည္။

စုန္းကေ၀ေတြေရာ သမန္း၀ံပုေလြေတြေရာ သစ္ပင္ျကီးေတြ ရွိေသာ ခ်ိဳင့္၀ွမ္းကို ျဖန္႔က်ဲကာ ေနရာလပ္မက်န္ေအာင္ ေအဗာ့ကိုလိုက္ရွာေနျကျပီျဖစ္ေလသည္။

"အသံက အေပၚဘက္ကျကားရတာ.. ဒီအပင္ျကီးေတြတစ္ပင္ရဲ႕ အေပၚမွာရွိေနမွာ ေသခ်ာတယ္... Spell သံုးထားတဲ့အရိပ္အေရာင္ရွိတဲ့ အပင္ေပၚမွာ ေသခ်ာေပါက္ရွိေနမွာ.. ေသခ်ာလိိုက္ရွာျကစမ္း.."

"ဟုတ္ကဲ့ပါသခင္..."

မားကပ္စ္အပါအ၀င္လူေတြအားလံုးသည္ ေညာင္ပင္ျကီးေတြ တစ္ပင္တိုင္းဆီကိုလိုက္ျကည့္ကာ Spell သံုးထား မထားကိုလိုက္ျပီးျကည့္ေနျကေလသည္။

ေနာက္ဆံုးမားကပ္စ္သည္ ေအဗာရွိေနရာ ေညာင္ပင္ေအာက္ကို ေရာက္လာျပီျဖစ္ေလသည္။

ေအဗာ ေျခဖ်ားလက္ဖ်ားေတြေအးစက္ကာ ႏႈတ္ခမ္းေတြပါ တဆတ္ဆတ္တုန္ေအာင္ ေျကာက္လန္႔ေနမိေလသ ည္။

မျဖစ္..မိမိကိုရွာေတြ႔သြားလို႔မျဖစ္။ ဘယ္နည္းနဲ႔မွရွာေတြ႕သြားလို႔မျဖစ္ေပ။

မားကပ္စ္သည္ ေအဗာရွိေနေသာ ေညာင္ပင္မွာ နိကိုလပ္စ္လုပ္ထားခဲ့တဲ့အစီအရင္ေတြကို အာရံုခံမိသြားျပီျဖစ္ေလသည္။

မားကပ္စ္ရဲ႕ လက္မွ အစိမ္းေရာင္အလင္းတန္းမ်ားထြက္လာကာ ေညာင္ပင္ျကီးကို ထိလိုက္ေသာအခါ ခ်က္ခ်င္းပင္ နိကိုလပ္စ္ရဲ႕ အကာအကြယ္ေတြက ေျဖးေျဖးခ်င္းပင္ ေပ်ာက္ကြယ္သြားကာ သစ္ရြက္မ်ားျကားမွာ ကြယ္ေပ်ာက္ေနေသာ ေအဗာကို လွမ္းျမင္လိုက္ရျပီျဖစ္ေလသည္။

မားကပ္စ္က ေအဗာ့ကိုျမင္ေသာအခါ ေက်နပ္သြားဟန္ျဖင့္ ႏႈတ္ခမ္းကို တြန္႕ရံုေလးျပံဳးလိုက္ျပီးေနာက္ေျပာေလသည္။

"ငါတို႕လက္ထဲက လံုး၀ေျပးလိို႔မလြတ္ႏိုင္ဘူးဆိုတာ သေဘာေပါက္ဖို႔ေကာင္းေနျပီေအဗာ..နိကိုလပ္စ္ကေတာ့ ေခါင္းမာလို႔အသက္ပါသြားျပီ.. မင္းလည္းေခါင္းမမာသင့္ေတာ့ဘူး.. ေအးေအးေဆးေဆး လိုက္ခဲ့ေတာ့.."

"ဟင္အင္း..မလိုက္ဘူး.. လံုး၀မလိုက္ဘူး.. ကၽြန္မကေလးကို ရွင္တို႔လိုလူေတြ လက္ထဲမထည့္ဘူး.."

နိကိုလပ္စ္နဲ႔ တစ္ေလသံတည္းလာေျပာေနေသာ ေအဗာ့ကို မားကပ္စ္ စိတ္မရွည္ေတာ့။ ဒါေျကာင့္ ေအဗာရွိေနေသာ သစ္ပင္ကိုေနာက္တစ္ေခါက္ ပုတ္လိုက္ေသာအခါ ေအဗာ့ကိုတင္ထားေသာ သစ္ကိုင္းျကီးမွာ ေျမျပင္ေပၚကို ေျဖးေျဖးခ်င္းဆင္းလာေလေတာ့သည္။

ေအဗာ လည္ပင္က ဆြဲျကိုးမွဆြဲသီးကို က်စ္က်စ္ပါေအာင္ကိုင္ထားလိုက္ကာ စဥ္းစားမိေလသည္။ ဒီအတိုင္းဆိုရင္ေတာ့ ဘယ္လိုမွေျပးလို႔လြတ္ႏိုင္မွာ မဟုတ္ေတာ့။

နိကိုလပ္စ္မွာသြားတဲ့အတိုင္း ဒီပယင္းေက်ာက္ကို ထုတ္သံုးမွကိုျဖစ္ေတာ့မည္.. တကယ့္ကိုအေရးျကံုမွသံုးပါလုိ႔မွာသြားေပမယ့္လည္း ..အခုအေျခအေနက တကယ့္ကို အေရးျကံုေနရတဲ့အေျခအေနတစ္ခု မဟုတ္ပါလား။

ေအဗာ သစ္ကိုင္းေပၚမွတဆင့္ ေျမျပင္ေပၚကို တေျဖးေျဖးေရာက္ေတာ့မွာျဖစ္သည္။

စုန္းကေ၀မ်ားကလည္း ေအဗာ ေျမျပင္ေပၚေရာက္တာနဲ႕ ဖမ္းျကဖို႕ အနားကို ကပ္လာျကျပီျဖစ္သည္။

ထိုအခ်ိန္မွာပင္ ေအဗာသည္ နိကိုလပ္စ္ေပးထားခဲ့ေသာ လည္ပင္းက ဆြဲျကိုးမွ ပယင္းေက်ာက္ကို ဆုပ္ကိုင္လိုက္ကာ ရင္ဘတ္နားတြင္ကပ္လိုက္သည္။

ထို႔ေနာက္ မ်က္လံုးမ်ားကို မွတ္လိုက္ကာ

"Avalon" ( အယ္ဗာလံု) ဟုခပ္တိုးတိုးေရရြတ္လိုက္ေလေတာ့သည္။

ထိုေက်ာက္ကို ျမင္တာနဲ႕ မားကပ္စ္ေကာ ဂၽြန္ေကာ မ်က္လံုးျပဴးသြားျကေလျပီ။

"ဒီ...ဒီဆြဲျကိဳး... ေအဗာ့ကိုျမန္ျမန္ဖမ္းျကစမ္း.."

မားကပ္စ္စကားအဆံုး လူေတြအားလံုး ေအဗာ့ကို ဖမ္းခ်ဳပ္ရန္ အနားကိုေျပးသြားျကပါေသာ္လည္း ေနာက္က်သြားေလျပီ။

ပယင္းေက်ာက္ကိုကိုင္ထားရင္း မ်က္လံုးမ်ားကို မွတ္ေနေသာ ေအဗာရဲ႕ ခႏၶာကိုယ္အနီးတြင္ ပုိးစုန္းျကဴးမီးေရာင္ကဲ့သို႕ေသာ အ၀ါေရာင္အလင္းစက္ေလးမ်ား ထြက္ေပၚလာျပီး ေအဗာ့့ကို ၀န္းရံလိုက္ေလေတာ့သည္။

ထို႔ေနာက္ ထိုအလင္းစက္ေလးမ်ားက တေျဖးေျဖး ပိုမိုအေရာင္ေတာက္လာျပီေနာက္ အေရာင္စူးရွလာေလေတာ့သည္။ စူးရွလာမႈေျကာင့္ မ်က္လံုးမ်ားကို လက္ျဖင့္ကြယ္လိုက္မိရာကေနတဆင့္ အလင္းေရာင္မ်ား ေပ်ာက္ကြယ္သြားခ်ိန္တြင္ေတာ့ ေျမျပင္ေပၚကိုေရာက္ေနျပီျဖစ္ေသာ သစ္ကိုင္းေပၚတြင္ ေအဗာရွိမေနေတာ့။အစအနပင္မေပၚေအာင္ ေပ်ာက္ကြယ္သြားျပီျဖစ္သည္။

မားကပ္စ္ သစ္ကိုင္းနားကို အေျပးသြားလိုက္ကာ ေအဗာ့ကို အာရံုခံျကည့္လိုက္ေသာ္လည္း မရေတာ့။ ေအဗာ ပယင္းေက်ာက္ကို သံုးကာ တစ္ျခားေနရာကို ထြက္ေျပးလြတ္ေျမာက္သြားေလျပီ။

"အား........"

မားကပ္စ္ရဲ႕ ေဒါသတျကီး ေအာ္ဟစ္သံ။ေဒါသျဖင့္ သစ္ပင္ျကီးကို လက္သီးျဖင့္ထိုးလိုက္မိတာေျကာင့္ သစ္ပင္ျကီးသည္ပင္ မီးေတြ ထေတာက္လာေလေတာ့သည္။

ဂၽြန္အပါအ၀င္ က်န္လူမ်ားအားလံုး ေခါင္းငံု႕ကာ ျငိမ္ေနျကရျပီျဖစ္သည္။

ေဒါသေတြ အနည္းငယ္အရွိန္ေသသြားျပီးတဲ့ ေနာက္မွာေတာ့ မားကပ္စ္သည္ တည္တည္ျငိမ္ျငိမ္ျဖင့္ပင္ ၀တ္ထားေသာ ေငြေရာင္၀တ္ရံုကို ပံုစံက်ေအာင္ ျပန္လည္ျပဳျပင္လိုက္ျပီးေတာ့ ဂၽြန္ကို လွမ္းေျပာလိုက္သည္။

"ေအဗာ ေျပးႏိုင္ရင္ေတာင္ ဘယ္အခ်ိန္ထိေျပးႏိုင္မွာ မို႔လို႔လဲ.. သူ႕ကေလးရဲ႕ ျကယ္အစြမ္းေတြ မ်ားျပီး အင္အားျကီးလာရင္ ဘယ္ေလာက္ဘဲ ဖြက္ထားဖြက္ထား ငါတို႔ရေအာင္ရွာႏိုင္မွာဘဲ... လြယ္ပါတယ္.. အခုေတာ့ ေျပးႏိုင္တုန္း ေျပးထား ပုန္းႏိုင္တုန္း ပုန္းထားလိုက္ဦးေပါ့..."

အျကံစည္အျပည့္ရွိေနေသာ မ်က္နွာ ယံုျကည္မႈအျပည့္ရွိေနေသာ မ်က္နွာျဖင့္ပင္ မားကပ္စ္က ေျပာလိုက္ေလေတာ့သည္။

ဂၽြန္ကေတာ့ ေရွ႕ဆက္ ျဖစ္လာမည့္ အေျကာင္းအရာေပါင္းမ်ားစြာတို႕ကို ျကိုေတြးကာ စိတ္ေမာလ်က္....။

************************************************************************************

10 years later, in Avalon City.

"...............ေနာက္ဆံုးေတာ့ ျကယ္ေလးရဲ႕အေမက မားကပ္စ္တို႔လက္ထဲကေန ပယင္းေက်ာက္ကို သံုးျပီးေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတာေပါ့ကြယ္.. ကဲ.. ပံုျပင္ေလးကေတာ့ ဒါပါဘဲ"

အိပ္ရာေပၚတြင္ လွဲေနသာ ရိႈင္္း(Shine) သည္ ကုတင္ေပၚတြင္ ေနာက္မွီထိုင္ကာ မိမိကို ပံုျပင္ေျပာျပေနေသာ မိခင္ျဖစ္သူကို ေမွ်ာ္လင့္ခ်က္ျကီးစြာျဖင့္ ေမးလိုက္မိသည္။

"ဒီေန႕ေတာ့ ေနာက္ထပ္ဘာဆက္ျဖစ္သြားလဲဆိုတာကို ဆက္ေျပာျပေပးေနာ္ ေမေမ.."

ရိႈင္း ေမွ်ာ္လင့္တျကီး ေမးလိုက္မိေသာအခါ ေအဗာက ရိႈင္းရဲ႕ နွဖူးေပၚတြင္က်ေသာ ေငြေရာင္နွင့္ အနက္ေရာင္ေရာေနေသာ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကို သပ္တင္ေပးလိုက္ရင္း ေျပာေလသည္။

"ေျပာျပလို႔မရေသးဘူး ကေလးရဲ႕ အခ်ိန္တန္ရင္ သိရမွာေပါ့.."

ရိႈင္းမ်က္နွာေလး ဆူပုတ္ပုတ္ျဖစ္သြားေလသည္။

လူမွန္းစသိတဲ့အရြယ္ကတည္းက ညစဥ္ညတိုင္းပံုျပင္ေျပာေသာအခါတြင္ ျကယ္ေလးနဲ႕ ထိုျကယ္ေလးကိုလုိက္ရွာေနတဲ့ စုန္းကေ၀ေတြအေျကာင္း..၊ ျပီးေတာ့ ထိုျကယ္ေလးရဲ႕ အေမနဲ႕ အေဖတို႔ရဲ႕ အခ်စ္ဇာတ္လမ္း ေတြကို အျမဲေျပာျပတတ္သည္။ ျပီးေတာ့လည္း ဘယ္ေတာ့မွပံုျပင္ကိုဆံုးေအာင္မေျပာ။ ျကယ္ေလးအေမေပ်ာက္သြားတဲ့ေနရာမွတင္ အဆံုးသတ္လိုက္ျမဲ။ ေနာက္ပိုင္းဘာဆက္ျဖစ္လဲေမးေသာ္လည္း အခ်ိန္တန္ရင္သိရမွာေပါ့ ဆုိတာခ်ည္းဘဲေျပာေနျက။

"ေမေမ ေျပာေျပာေနတဲ့ စုန္းကေ၀ေတြ သမန္း၀ံပုေလြေတြ ေသြးစုတ္ဖုတ္ေကာင္ေတြက အျပင္မွာ တကယ္ရွိလို႔လား..."

ပံုျပင္ကို အဆံုးထိနားမေထာင္လိုက္ရတာေျကာင့္ မေက်နပ္ေသးတဲ့ ရိႈင္းက ထပ္ေမးျပန္သည္။

"ရွိတာေပါ့....."

ေအဗာ့ရဲ႕ အေျဖအဆံုး ရိႈင္းက မ်က္လံုးေလးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေနာက္တစ္ခု ထပ္ေမးျပန္ေလသည္။

"ဒါျဖင့္ ဘာျဖစ္လို႔ သားသူတို႔ကို တစ္ခါမွမေတြ႕ဖူးရတာလဲ.."

"သူတို႕ေတြက လူေတြျကားထဲမွာ ေရာျပီးေနေတာ့ မေတြ႔ဖူးတာျဖစ္မွာေပါ့ ကေလးရဲ႕"

"သူတို႔ကို ေတြ႔ဖူးခ်င္တယ္... ေမေမေကာ ေတြ႔ဖူးလားဟင္.."

ေအဗာ တစ္ခ်က္ျပံဳးလိုက္ရင္း ျပန္ေျဖသည္။

"ေတြ႕ဖူးတာေပါ့.."

"ဒါျဖင့္ သားလည္း သူတို႕ကိုေတြ႔ဖူးခ်င္တယ္.. ေမေမတစ္ေယာက္ေလာက္ေခၚျပီး သားကိုျပပါလား"

"သူတို႕ေတြက ကေလးေတြနဲ႔ မေတြ႔ခ်င္ဘူးတဲ့.. ဒါေျကာင့္ ေခၚျပလို႔မရဘူး.."

"ေမေမကလည္း..."

ရိႈင္းတစ္ေယာက္ ကေလးပီပီမေက်နပ္ေသာ္လည္း ျငိမ္ေနလိုက္ရျမဲ။

မေက်မနပ္မ်က္နွာေလးနွင့္ ျငိမ္သြားရွာေသာသားျဖစ္သူကို ေအဗာ ခ်စ္ျမတ္ႏိုးစြာျကည့္လိုက္မိသည္။ ထို႔ေနာက္ နံရံမွ တိုင္ကပ္နာရီကိုျကည့္ကာ ေျပာလိုက္သည္။

"ကိုးနာရီထိုးျပီ အိပ္ရေတာ့မယ္.. အိပ္ေတာ့.. ဟုတ္ျပီလား.."

လိမာေသာ ရိႈင္းကေတာ့ ေခါင္းျငိမ့္ျပကာ မ်က္လံုးမ်ားကို မွိတ္လိုက္ျပီးအိပ္ဖို႔ျကိုးစားေနျပီျဖစ္သည္။

ေအဗာက ရိႈင္းရဲ႕ တင္ပါးေလးကို ပုတ္ပုတ္ေပးရင္း အိပ္ေပ်ာ္သြားသည္အထိ ထိုင္ေစာင့္ေနမိသည္။ ခဏျကာေတာ့ အသက္ရူသံမွ်င္မွ်င္ေလးကို ျကားရျပီး ရိႈင္းရဲ႕ ႏႈတ္ခမ္းေလးေတြ ျပံဳးေယာင္ေယာင္ျဖစ္လာတာကို ေတြ႔လိုက္ရတာေျကာင့္ ရိႈင္းတစ္ေယာက္ အိပ္ေပ်ာ္သြားျပီဆိုတာကို သိလိုက္သည္။

ရိႈင္းက စေမြးလာကတည္းက အိပ္ေပ်ာ္သြားျပီဆိုရင္ ဒီလိုဘဲ ႏႈတ္ခမ္းေလးေတြက ျပံဳးေယာင္ေယာင္ျဖစ္လာျမဲ။ စေမြးကတည္းက မိခင္ကိုဒုကၡမေပးဘဲ ေရွာေရွာရူရူေမြးဖြားႏိုင္ခဲ့သည့္အျပင္ အေနေအးကာ လိမၼာလွေသာ ကေလးပါ။

နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနျပီျဖစ္ေသာ ရိႈင္းကေတာ့ အိမ္မက္ထဲတြင္ ေပ်ာ္စရာေတြ ျကံဳေနရလို႕လားမသိ.. ျပံဳးေနရာကေန တစ္ခ်က္တစ္ခ်က္ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ေတာင္ ရယ္ေနတတ္ေသးတာ။

ေအဗာတစ္ေယာက္ ရိႈင္းနွင့္အတူ ကုတင္ေပၚတြင္ လွဲအိပ္ေနရာမွ ရိႈင္းကို ရင္ဘတ္ထိလံုေအာင္ ေစာင္ျခံဳေပးလိုက္ျပီး အခန္းမီးကိုပိတ္လိုက္ေလသည္။ထို႔ေနာက္ အခန္းတံခါးေတြကို ပိတ္လိုက္ကာ အခန္းထဲရွိမွန္မ်ားအားလံုးကိုလည္း အ၀တ္ျဖင့္ ဖံုးအုပ္လိုက္ေလေတာ့သည္။ ထို႔ေနာက္ လက္နွစ္ဖက္ကို ျဖန္႔ထားရင္း တစ္စံုတစ္ခုေသာ ဂါထာကိုရြတ္ဆိုေနကာ ရိႈင္းရဲ႕ အခန္းပတ္ပတ္လည္ကို စည္းခ်ထားလိုက္ေလသည္။

ထို႔အျပင္ ရိႈင္းအိပ္ေပ်ာ္ေနေသာ ကုတင္ပတ္ပတ္လည္ကိုပါ Spell ျဖင့္ စည္းခ်ထားလိုက္သည္။

စိတ္ခ်ရေသာ အေျခအေနေရာက္မွပင္ အခန္းထဲက စာျကည့္စားပြဲေရွ႕ေလးတြင္ ထိုင္ခ်ကာ ကုတင္ေပၚတြင္ နွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေနေသာ သားျဖစ္သူကို ျကည့္ေနလိုက္မိသည္။

ခဏျကာေသာအခါ အိပ္ေပ်ာ္ေနေသာ ရိႈင္းရဲ႕ ခႏၶာကိုယ္မွ ေငြေရာင္ အလင္းတန္း အနည္းငယ္တို႕ စတင္ထြက္ေပၚလာေလေတာ့သည္။

ေငြေရာင္အလင္းတန္းမ်ားဟာ ခပ္မွိန္မွိန္္အေနအထားမွ တေျဖးေျဖးခ်င္း အလင္းေရာင္ ပိုမိုေတာက္ပလာေလေတာ့သည္။

ဒီအေျခအေနဟာ ရိႈင္းေမြးကင္းစအရြယ္ကတည္းက အခုဆယ္နွစ္အရြယ္အထိ ညစဥ္ျဖစ္ပ်က္ေနျက အျဖစ္အပ်က္ပင္ျဖစ္ေလသည္။

သေႏၶသားဘ၀မွာတင္ ေအဗာ့ထံမွျကယ္စြမ္းအင္ေတြကို လြဲေျပာင္းရယူခဲ့ရတဲ့ ရိႈင္းဟာ ေမြးကင္းစအရြယ္ကတည္းက အစြမ္းသတိၲေတြ ျပေနခဲ့တာျဖစ္ေလသည္။

သန္႔စင္ေသာ ျကယ္ျဖစ္လာသူ ရိႈင္းမွာ ညတိုင္းအိပ္ေပ်ာ္သြားခ်ိန္တြင္ ခႏၶာကိုယ္မွ အလင္းေရာင္ေတြ လင္းလက္လာျမဲပင္ျဖစ္သည္။

ျကယ္ေလးေတြက အရင္ကတည္းက ေပ်ာ္ေနခ်ိန္ဆိုရင္ ခႏၶာကိုယ္က အေရာင္ေတာက္လာတတ္ျမဲျဖစ္တာေျကာင့္ မိခင္ျဖစ္သူနွင့္ ေအးခ်မ္းေပ်ာ္ရႊင္စြာ ေနရေလသျဖင့္ ေပ်ာ္ရႊင္ေနရသူ ရိႈင္းက အလင္းေရာင္ေတြ ေတာက္လာတယ္ဆိုတာ အဆန္းေတာ့ မဟုတ္ေပ။

သို႕ေသာ္လည္း အလင္းေရာင္ေတြ တစ္ခါထြက္လာတိုင္း မားကပ္စ္တို႔ စုန္းကေ၀ေတြ ရိႈင္းဆီက ျကယ္စြမ္းအင္ေတြကို အာရံုခံမိသြားမွာ စိုးရိမ္လွတာေျကာင့္ Spell ျဖင့္ ကာကြယ္ရျမဲပင္ျဖစ္သည္။

ေစာေစာက ဂါထာျဖင့္ စည္းခ်ထားသည္မွာ ရိႈင္းဆီမွထြက္လာေသာ ျကယ္စြမ္းအင္မ်ားကို မားကပ္စ္တို႔ အာရံုမခံမိေအာင္ တားထားတာျဖစ္ေလသည္။

ထိုျကယ္အလင္းေရာင္ေတြ မေပ်ာက္မခ်င္း ေအဗာ့မွာ မအိပ္ႏိုင္။ မားကပ္စ္တို႔အာရံုခံမိသြားတာနဲ႔ ခ်က္ခ်င္းေရာက္လာကာ ရိႈင္းကို ေခၚသြားမွာ စိုးတာေျကာင့္ပါ။

သားျဖစ္သူကို ေအးခ်မ္းေပ်ာ္ရႊင္စြာ ေနေစလိုတာေျကာင့္ နိကိုလပ္စ္သည္ပင္ အသက္ေပးကာ ကာကြယ္သြားခဲ့သည္မဟုတ္ပါလား။ ေအဗာသည္လည္း သားေလးကို အရွင္လတ္လတ္ နွလံုးခြဲထုတ္ကာ ယစ္ပူေဇာ္မယ့္လူေတြ လက္ထဲကို လံုး၀မထည့္ေပးႏိုင္ပါ။

ဒီအေျကာင္းအရာေတြကိုလည္း မသိေစခ်င္ဘဲ ေအးေအးေဆးေဆးပင္ ဘ၀ကိုျဖတ္သန္းေစခ်င္တာေျကာင့္ ဘာေတြဘဲလုပ္ရလုပ္ရ အဆံုးထိကာကြယ္ေပးဖို႔ဆံုးျဖတ္ထားတာေျကာင့္ပါ။

သို႕ေသာ္လည္း ရိႈင္းဆီမွာရွိေနတ့ဲ ျကယ္စြမ္းအင္ေတြက တေျဖးေျဖးနွင့္ အင္အားျကီးလာေလသည္။ ေမြးကင္းစအရြယ္တုန္းက မည္းနက္ေနေသာ ဆံႏြယ္ေတြက ဆယ္နွစ္အရြယ္တြင္မူ ေငြေရာင္တစ္၀က္ အနက္တစ္၀က္ျဖစ္ေနတာက သက္ေသတစ္ခုျဖစ္သည္။

ညဘက္ အလင္းေရာင္ေတာက္တဲ့ ျကာခ်ိန္ကလည္း ပိုပိုမ်ားလာေနသည္။

ေပ်ာ္ရႊင္ေနျပီဆိုတိုင္း ဒီလိုအလင္းေရာင္ေတာက္လာတတ္တာေျကာင့္ ေအဗာ့အတြက္ ကာကြယ္ရခက္ေနေသာ္လည္း ကေလးရဲ႕ ေပ်ာ္ရႊင္မႈေတြကိုေတာ့ မပိတ္ပင္ရက္ဘူးေလ။ ေပ်ာ္ေနေသာ ကေလး ေပ်ာ္ေနပါေစ။ မိခင္ျဖစ္တဲ့ မိမိက ေသခ်ာကာကြယ္ႏိုင္ရမွာေပါ့။

အိပ္ေပ်ာ္ေနေသာ သားျဖစ္သူကို ျကည့္ေနရင္းမွပင္ ေအဗာသက္ျပင္းေမာကိုခ်မိေလသည္။

ခဏျကာေတာ့ ရိႈင္းဆီမွထြက္ေနေသာ အလင္းေရာင္ေတြ ေျဖးေျဖးခ်င္း မွိန္လာကာ ေနာက္ဆံုးေတာ့ေပ်ာက္ကြယ္သြားေလေတာ့သည္။

ထိုအခါမွပင္ ေအဗာတစ္ေယာက္ သက္ျပင္းခ်ႏိုင္ေတာ့ေလသည္။

ကုတင္ေပၚက ရိႈင္းကေတာ့ ဘာဆိိုဘာမွမသိ နွစ္ျခိဳက္စြာ အိပ္ေမာက်လ်က္။ ေအဗာသည္လည္း ကိုယ့္အခန္းကို ကိုယ္သြားကာ ကုတင္ေပၚတြင္ ၀င္လွဲလိုက္ကာ အိပ္ေပ်ာ္ဖုိ႔ျကိုးစားလိုက္မိေလေတာ့သည္။ ေအးခ်မ္းစြာ အႏၲရာယ္ကင္းစြာနဲ႔ တစ္ေန႕တာကို ျဖတ္ေက်ာ္ႏိုင္ခဲ့ျပီမဟုတ္ပါလား။

*****************************************************************************

Continue Reading

You'll Also Like

753K 58.4K 107
Original author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix
590K 64.7K 64
Zawgyiသမားေတြအတြက္ေအာက္ဆြဲခ်ၿပီးဖတ္ၾကည့္ပါေနာ္ ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...
4.6M 359K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
1.3M 118K 51
You don't have to shine, I will shine for you. '' Shine '' I hate your Love but I love you. ...